← Chapters

အနန္တတာအိုသဂြိုဟ်ခြင်း

Vol. 126 Ch. 1636

အနန္တတာအိုသဂြိုဟ်ခြင်း

Vol. 126 Ch. 1636

တာအိုသိုင်းပညာရှင်များ၏ ပုံရိပ်များစွာက နန်းဆောင်များ ရှေ့တွင် ရပ်နေကြသည်။ သူတို့မှာ စွမ်းအားကြီးလွန်း၏။ သူတို့၏ ပုံရိပ်များသည် စကြဝဠာ၏ အချိန်နှင့် အာကာသကို ဖြတ်သန်းနေကြပြီး အဆုံးမရှိသော အချိန်နှင့် နေရာ၏ ဖျက်စီးမှုအား မခံရသကဲ့သို့ ရပ်နေကြသည်။

သူတို့၏ မဟာတာအိုသည် ထာဝရတည်ရှိနိုင်ပြီး ဘယ်တော့မှ ဖျက်ဆီးမခံရနိုင်သည့်အလားပင်။ စကြဝဠာ ပျက်စီးသွားလျှင်တောင်မှ၊ မဟာခြုံလွှမ်းကောင်းကင်ဘုံ ပျက်စီးသွားလျှင်တောင်မှ သူတို့၏တာအိုက ထာဝရတည်ရှိနိုင်မည့်အလားပင်။

သူတို့၏စွမ်းအားသည် ပျက်စီးခြင်းကပ်ဘေးကြီးများ တစ်ခုပြီးတစ်ခုကို ကျော်ဖြတ်ကာ ဤခေတ်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ သူတို့အတွက် ကြားခံနယ်တစ်ခု လိုအပ်သည်။ မီလော့နန်းတော်၏ သခင်လေးများပင်လျှင် သူတို့၏ စွမ်းအား အနာဂတ်သို့ ရောက်ရှိနိုင်ရန် ကြားခံနယ်တစ်ခု လိုအပ်၏။

မီလော့နန်းတော်၏ သခင်လေးလေး ခိုင်ဧကရာဇ်ကို သတ်ဖြတ်ခဲ့တုန်းက ကြားခံနယ်မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင် ယခင်စကြ၀ဠာမှ ယူ၍ ဖန်ဆင်းခြင်းကောင်းကင်လက်နက်တွင် ချည်ထားခဲ့သော သူ၏ ဗျပ်စောင်းကြိုး ဖြစ်ခဲ့သည်။ ၎င်းနည်းဖြင့် မီလော့နန်းတော် သခင်လေးလေး၏ ကောင်းကင်နတ်သိုင်းက ယိုတုသို့ ဆင်းသက်လာကာ ခိုင်ဧကရာဇ်အား သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ချင်မူက သူတို့၏ ပလ္လင်ခန်းမများအား ကျင့်ကြံ၍ ဖွဲ့တည်လိုက်သောအခါ ၎င်းတို့သည် တာအိုသိုင်းပညာရှင် ၇၂ ယောက်၏ ကြားခံနယ်များ ဖြစ်လာကြ၏။

ပလ္လင်ခန်းမ ၇၂ ခုက သူတို့၏စွမ်းအားကို ဆင်းသက်လာနိုင်ရန်နှင့် ချင်မူ၏ တာအိုလမ်းစဉ်ကို ဖျက်ဆီးနိုင်ရန် ခွင့်ပြုပေးသည်။

သို့သော်…

“ဒါက ကျုပ်ရဲ့ ကောင်းကင်ရတနာစကြ၀ဠာပဲ… ခင်ဗျားတို့အားလုံးက မြေဆီတွေ… ခင်ဗျားတို့အားလုံးက ကျုပ်အောင်မြင်ဖို့ လမ်းမှာ နင်းခြေခံမယ့်အရာတွေပဲ”

ချင်မူ့အသံက ထွက်ပေါ်လာသည့်အခါ အလွန်ပြင်းထန်လှ‌သော ပုံပျက်လှိုင်းဂယက်များ ထွက်ပေါ်လာသည်။ လေးယောက်မြောက် တာအိုသိုင်းပညာရှင်၏ အရိပ်မှာ သူ၏ကောင်းကင်နတ်သိုင်းကြောင့် ရှုံ့တွလိမ်ဖယ်သွားပြီး အဆုံးသတ်မြို့ပျက်ထဲသို့ စုပ်ယူခံလိုက်ရသည်။ ထို့နောက် အဆုံးသတ်မြို့ပျက်အသူရာချောက်နက်၏ ဖျက်ဆီးဝါးမြိုခြင်း ခံစားလိုက်ရချေပြီ။

သူ၏ တာအိုသစ်ပင်ပုံရိပ်မှာလည်း အပိုင်းပိုင်း ဖျက်ဆီးခံလိုက်ရပြီး ချင်မူ့လောကသစ်ပင်၏ စုပ်ယူခြင်းခံလိုက်ရသည်။

ချင်မူ့မူလဝိညာဉ်က ဝတ်ရုံကို ပြင်ဝတ်၍ ရှေ့သို့ ဆက်လျှောက်သွားသည်။

မည်သည့်အမှားအယွင်းမှ မရှိပေ။

သူ၏မျက်လုံးထဲတွင် သူ့ကို လမ်းပိတ်ရပ်နေကြသည့် တာအိုသိုင်းပညာရှင်အားလုံးမှာ သူ တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်လာရန်အတွက် ရင်ဆိုင်ရမည့်အရာများ၊ နင်းခြေရမည့် ပိုးမွှားများထက် မပို။

သူသည် ထိုတာအိုသိုင်းပညာရှင်တို့၏ စွမ်းအားကို အသုံးပြု၍ ပလ္လင်ခန်းမ ၇၂ ခုကို ကျင့်ကြံခဲ့ပြီး တာအိုသိုင်းပညာရှင် ၇၂ ယောက် အခွင့်ကောင်းယူနိုင်ရန် အခွင့်အရေး ပေးခဲ့သော်လည်း ယင်းက သူ့အတွက် ကောင်းမွန်သော အခွင့်ကောင်းတစ်ခုလည်း ဖြစ်နေသေးသည်။

ထိုတာအိုသိုင်းပညာရှင်တို့၏ ပုံရိပ်များ၊ တာအိုသစ်ပင်များနှင့် ကျောက်စိမ်းမြို့တော်ရှိ ပလ္လင်ခန်းမ ၇၂ ခုကို စုပ်ယူနိုင်သရွေ့ သူ့အတွက် ထောင်ချောက်ဖြစ်လာမည် မဟုတ်ပေ။

ကျောက်စိမ်းမြို့တော် ပလ္လင်ခန်းမ ၇၂ ခု၏ စွမ်းအားကို အပြည့်အဝ ထိန်းချုပ်၍ မည်သည့်စိုးရိမ်စရာမှမရှိဘဲ သူ၏စွမ်းအားအဖြစ် ပြောင်းလဲနိုင်မည် ဖြစ်သည်။

ဤသို့စမ်းသပ်ခြင်းက အလွန်တရာ အရေးကြီးပြီး မည်သို့ပင် ဖြစ်စေပါစေ အောင်မြင်ရလိမ့်မည်။

“သခင်လေးခုနစ်၊ ဒါက မင်းအတွက် စမ်းသပ်သင်ယူနေတာဆိုပေမယ့် ငါတို့အတွက်တော့ ငါတို့ရဲ့အနာဂတ်၊ ကျောက်စိမ်းမြို့တော် ရှင်သန်နိုင်မှုနဲ့ စကြ၀ဠာ ၁၆ စင်းရဲ့ သက်ရှိသတ္တဝါတွေ ဆက်လက်ရှင်သန်နိုင်ဖို့နဲ့ ဆက်စပ်နေတယ်”

ကျောက်ယန်ခန်းမအရှေ့တွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက ချင်မူ့အရှေ့၌ ပေါ်လာသည်။ သူသည် ဆရာတစ်ဦးကဲ့သို့ သိမ်မွေ့တည်ငြိမ်နေ၏။ သူ၏ တာအိုသစ်ပင်တွင် တာအိုသစ်သီးနှစ်လုံးနှင့် အပွင့်ပွင့်နေသော တာအိုပန်းပွင့်တစ်ပွင့်တို့က နေရာယူထားသည်။

တာအိုပန်းပင်သည် အသီး,သီး မလာသေးပေ။

ချင်မူသည် သူ၏ရုပ်ကို မမြင်ရသော်လည်း မည်သူဖြစ်သည်ကိုတော့ သိရှိပေသည်။

သူသည် မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင် ၊ ကျောက်ယန်ခန်းမ၏ အရှင်သခင်ဖြစ်၏။

မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင်သည် ကောင်းကင်နတ်အရှင်ဆယ်ပါး၏လက်ထဲတွင် သေဆုံးခဲ့ရပြီးဖြစ်သည်။ ချင်မူ့ရှေ့ရှိ ပုံရိပ်က အတိတ်စကြ၀ဠာမှ ကမ္ဘာဦးတန်ခိုးရှင် ဖြစ်၏။ ထိုအချိန်က သူ အသက်ရှင်နေခဲ့သေးသည်။

စကြ၀ဠာ ၃ ခုအထိ ဖြတ်သန်းရှင်သန်နိုင်ခဲ့သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလျောက် သူ၏စွမ်းဆောင်ရည်များက ပေါ့သေးသေး မဟုတ်ပေ။ ၁၆ စင်းမြောက် စကြ၀ဠာမှ လာသောကြောင့် သူ၏ပုံရိပ်က ဝေဝါးနေသည်။ ၎င်းက စွမ်းအားကြီးလွန်းသဖြင့် အချိန်နှင့် နေရာကိုပင် ပုံပျက်နေစေသည်။

မီလော့နန်းတော်၏ ကမ္ဘာဦးတန်ခိုးရှင်က ဦးညွှတ်အရိုအသေပေးလိုက်ပြီး သူ၏ အသံက ဟိန်းထွက်လာ၏။ “ကမ္ဘာဦးတန်ခိုးရှင် သခင်လေးခုနစ်ကို ဂါဝရပြုပါတယ်… အတိတ်တုန်းက သခင်လေးခုနစ်ကို မတားဆီးနိုင်ခဲ့ပေမယ့် ဒီသေချာ မသိရသေးတဲ့အနာဂတ်မှာတော့ ဘာပဲဖြစ်ဖြစ် ငါတို့ ကြိုးစားကြည့်ရပါမယ်”

သူကား တာအိုသိုင်းပညာရှင်တစ်ဦး ဖြစ်လေရာ ဤဦးညွတ်အရိုအသေပေးမှုမှာ ချင်မူသည် သခင်လေးခုနစ်ဖြစ်သည့်အတွက် လေးစားမှုပြသခြင်းလည်း ဖြစ်သလို ချင်မူ့အသက်အတွက် လေးစားမှုပြသခြင်းလည်း ဖြစ်၏။

သူ၏တာအိုသစ်ပင်၊ တာအိုပန်းပွင့်နှင့် တာအိုသစ်သီးတို့က မရေမတွက်နိုင်သော တာအိုအမှတ်အသားများနှင့် တဟုန်းဟုန်း တောက်လောင်ဆူပွက်နေသည့် သံကြိုးများဖြင့် ပေါက်ကွဲထွက်လာသည်။ သူ ချင်မူ့ကို ဦးညွန့်အရိုအသေပေးလိုက်သောအခါတွင် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်နတ်သိုင်းများအဖြစ် ပြောင်းလဲကာ တိုက်ခိုက်တော့သည်။

သူ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် မူလဝိညာဉ်ကို အဓိကပစ်မှတ်ထားကြသည်။ ချင်မူ တစ်ချိန်တုန်းက သူ၏တာအိုသစ်ပင်မှ သန့်စင်ထားသော ကြာပွတ်ကို ရရှိခဲ့၏။ ရန်သူတွင် မူလဝိညာဉ်ရှိနေသရွေ့ ကြာပွတ်တစ်ချက်တည်းဖြင့် သေချာပေါက် ထိခိုက်နိုင်စေခဲ့သည်။

ချင်မူမှာ ဤနောက်ကွယ်ရှိ နိယာမများကိုလည်း လေ့လာခဲ့သည်။ ကမ္ဘာဦးတန်ခိုးရှင်၏ ကောင်းကင်နတ်သိုင်းများ သူ့ကို တစ်ချက်တည်းဖြင့် ထိတွေ့နိုင်ခြင်းမှာ ကမ္ဘာဦးတန်ခိုးရှင်၏ တာအိုသည် ယဇ်ပူဇော်ခြင်းတာအိုဖြစ်နေသည့်အတွက်ပင်။

ယဇ်ပူဇော်ခြင်းစွမ်းအားမှာ အလွန်တရာထူးဆန်းသည်။ ပြိုင်ဘက်ကင်းပြီး ပုံစံမရှိပေ။ သက်ရှိအားလုံး၏ စိတ်ဆန္ဒဖြစ်ပြီး ကာကွယ်နိုင်ရန် နည်းလမ်း မရှိချေ။

ဝုန်း….

ချင်မူ့မူလဝိညာဉ်သည် ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး ပြန်လည်ကျဆင်းလာ၏။ ၎င်းမှာ တိုက်ကွက်ကို ခံယူလိုက်ရသည့်အချိန်တွင် နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားသည်။

မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်၏ မူလဝိညာဉ်က ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီး သူ့အနောက်ရှိ တာအိုသစ်ပင်ကလည်း ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။ တာအိုသံကြိုးများနှင့် အမှတ်အသားများက ကောင်းကင်တွင် နှိုင်းယှဉ်မရနိုင်အောင် ရှုပ်ထွေးသော ရှေးဟောင်းယဇ်ပလ္လင်တစ်ခုကို ဖွဲ့တည်လိုက်၏။

မဟာဧကရာဇ်ထံသို့ သူ လွှဲပြောင်းပေးခဲ့သည့် ယဇ်ပူဇော်ခြင်းလမ်းစဉ်တွင် ကွယ်ဝှက်နေသော ပြစ်ချက်များ ရှိနေခဲ့သဖြင့် မဟာဧကရာဇ်မှာ အစစ်အမှန် တာအိုသိုင်းပညာရှင်တစ်ယောက် ဖြစ်မလာနိုင်ခဲ့ပေ။ သူကိုယ်တိုင်၏ လမ်းစဉ်တွင်တော့ မည်သည့်ပြစ်ချက်မှ မရှိပေ။

ချင်မူ့မူလဝိညာဉ်က ရုတ်တရက် လေလယ်တွင် ရပ်တန့်သွားပြီး နှစ်ခြမ်းကွဲနေခြင်းမှာလည်း ရပ်တန့်သွားသည်။ ၎င်းက ဓားအဖြစ် စုစည်းသွားပြီး မီလော့နန်းတော် ကမ္ဘာဦးတန်ခိုးရှင်ထံ ထိပ်တိုက်ပြေးဝင်သွား၏။

ကမ္ဘာဦးတန်ခိုးရှင်က ဟိန်းဟောက်လိုက်ရာ တာအိုသစ်သီးနှစ်လုံးက လှည့်ပတ်ပျံ့ကားထွက်လာရင်း တာအိုအလင်းရောင်တို့ ထွန်းလင်းတောက်ပလာကြသည်။ ကောင်းကင်တာအိုအဆင့် ကောင်းကင်ဘုံ ၃၆ ဘုံက ချင်မူ့ကို တစ်လွှာခြင်း လွှမ်းခြုံသွားတော့သည်။

သူ၏ တာအိုသစ်သီးနှစ်လုံးတွင် ကောင်းကင်တာအိုဆင့် ကောင်းကင်ဘုံ ၃၆ ဘုံစီ ကိန်းဝပ်နေကြပြီး ချင်မူကို တာအိုသစ်သီးများထဲသို့ စုပ်ယူနေသည်။

ထို့နောက် တာအိုပန်းပွင့်က ပျံ့တက်လာပြီး တာအိုသစ်သီးနှစ်လုံးကို အထဲသို့ ငုံလိုက်၏။ တာအိုပန်းပွင့်က လှည့်ပတ်၍ တာအိုသစ်ပင်ဆီသို့ ပြန်ရောက်သွားသည်။

တာအိုသစ်ပင်က ယဇ်ပလ္လင်ပေါ်တွင် မားမားမတ်မတ် မြောလွင့်ရပ်တည်နေသည်။ ကမ္ဘာဦးတန်ခိုးရှင်က ယဇ်ပလ္လင်အောက်တွင် ထိုင်လျက် ခက်ထန်စွာအော် ဟစ်လိုက်သည်။ သူ၏ဦးခေါင်းပေါ်ရှိ ဆံပင်များက ပျံ့လွင့်သွားပြီး အနက်ရောင်ဆံပင်တို့က လေထဲတွင် ဖြာဆင်းနေတော့သည်။

“သခင်လေးခုနှစ်၊ အတိတ်စကြ၀ဠာက သက်ရှိသတ္တဝါတွေအားလုံးရဲ့ အတွေးတွေကို ခံစားကြည့်လိုက်ပါ… အထွဋ်အထိပ်ယဇ်ပူဇော်ခြင်း”

သူက ဦးညွှတ်အရိုအသေပေးလိုက်သည့်အခါ ယဇ်ပုလ္လင်ပေါ်ရှိ တာအိုပန်းပွင့်ထဲမှ တာအိုမှတ်အသားများနှင့် သံကြိုးများက အုံကြွလာသည်။

ကောင်းကင်တာအိုအဆင့်၏ ကောင်းကင်ဘုံ ၇၂ ဘုံက တုန်ခါ၍ လှုပ်ရမ်းသွား၏။ သူသည် ချင်မူ့မူလဝိညာဥ်ကို အသုံးပြု၍ အတိတ်စကြ၀ဠာပျက်စီးခြင်းတွင် သေဆုံးခဲ့ရသည့် မရေမတွက်နိုင်သော သက်ရှိများကို ပူဇော်လိုခြင်း ဖြစ်လေသည်။

ခွမ်း…

ကမ္ဘာဦးတန်ခိုးရှင် ဦးညွှတ်အရိုအသေပေးလိုက်သည်နှင့် ဓားရောင်တစ်ချက်က ကောင်းကင်ဘုံ ၇၂ ခု နှင့် တာအိုပန်းပွင့်၊ တာအိုသစ်သီးပုံရိပ်များကို ဖောက်ထွက်သွားသည်။ ၎င်းက တာအိုသစ်ပင်ကို နှစ်ပိုင်းခုတ်၍ ယဇ်ပလ္လင်အား ကွဲသွားစေ၏။

ကမ္ဘာဦးတန်ခိုးရှင် ထရပ်လိုက်သည့်အချိန် ဓားဒဏ်ရာတစ်ခုက သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် ထွက်ပေါ်လာသည်။ ဓားဒဏ်ရာက သူ၏နှာခေါင်း၊ မေးစေ့၊ လည်ပင်း၊ ရင်ဘတ်နှင့် ဗိုက်သို့ ရောက်သည်အထိ ဆက်လက်ကျဆင်းသွားသည်။

ကမ္ဘာဦးတန်ခိုးရှင်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး ဤဓား၏စွမ်းအားကို တားဆီးရန် သူ၏ကိုယ်ပိုင်တာအိုကို အတင်းအကြပ် ထုတ်သုံးလိုက်ရသည်။

ယဇ်ပလ္လင်ပေါ်တွင် များပြားလျှံကျနေသော တာအိုအလင်းရောင်များကြားထဲတွင် ချင်မူ့ပုံရိပ်ကို မြင်ရနိုင်၏။

“ကမ္ဘာဦးတန်ခိုးရှင်၊ မဟာဧကရာဇ်က ခင်ဗျားရဲ့ ယဇ်ပူဇော်ခြင်းလမ်းစဉ်ကြောင့် ထိခိုက်ခံခဲ့ရပြီး ဖန်ဆင်းရှင်မျိုးနွယ်ကို မျိုးသုဉ်းသတ်ဖြတ်ခဲ့လို့ ဒီစကြဝဠာရဲ့ ပထမဆုံးကပ်ဘေး ဖြစ်ခဲ့ရတယ်… အဲဒီနောက်ပိုင်းကပ်ဘေးတွေဟာလည်း ဒီဖြစ်ရပ်ကြောင့် ပေါ်ပေါက်လာခဲ့ရတာ”

ချင်မူ သူ၏ ဓားကို ခါလိုက်ရာ သူ့လက်ထဲရှိ ဓားမှာ တုန်ရီသွားသည်။ “ခင်ဗျားတို့အားလုံးက ဒီလုပ်ရပ်တွေကို ခင်ဗျားတို့ရဲ့ မျိုးနွယ်နဲ့ သက်ရှိသတ္တဝါတွေအတွက် လုပ်နေတာလို့ ပြောပေမယ့် ခင်ဗျားတို့သာ ခိုးဝင်မလာဘူးဆိုရင် ၁၆ စင်းမြောက် စကြ၀ဠာက နှစ် ၁၆ သန်း အကြာမှာ ပျက်စီးခဲ့ရမှာ မဟုတ်ဘူးလေ… ကပ်ပါးကောင်တွေ”

ဓားသံနှင့်အတူ ကြောက်မက်ဖွယ်ရာ ဓားရောင်က ကမ္ဘာဦးတန်ခိုးရှင်အား အလယ်မှ ပိုင်းဖြတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကို နှစ်ခြမ်းကွဲသွားစေသည်။

“ရှင်သန်ဖို့ ကြိုးစားနေကြတဲ့ ခင်ဗျားတို့ တာအိုသိုင်းပညာရှင်တွေက ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ဘာမှမကွာဘူး…. ရေသာခိုအချောင်လိုက်ပြီး အလကား အမြတ်ယူနေကြတဲ့သူတွေပဲ”

ချင်မူက ချာခနဲလှည့်၍ နောက်ထပ်ခန်းမတစ်ခုဆီသို့ ထွက်ခွာသွားတော့သည်။

သူ့အနောက်တွင် ကမ္ဘာဦးတန်ခိုးရှင်၏ ပုံရိပ်မှာ အသူရာချောက်နက်၏ ဝါးမြိုခံလိုက်ရပြီး တာအိုသစ်ပင်၊ တာအိုသစ်သီးနှင့် တာအိုပန်းပွင့်တို့မှာတော့ လောကသစ်ပင်၏ စုပ်ယူခြင်း ခံလိုက်ရချေပြီ။

လောကသစ်ပင်က တဂျိန်းဂျိန်း မြည်လျက် အဆက်မပြတ် ကြီးထွားနေပြီး ကောင်းကင်ရတနာစကြ၀ဠာအား ပို၍မြင့်မားကျယ်ပြန့်လာနေစေသည်။

တစ်ချိန်တည်းမှာပင် တုန်ခါမှုတစ်ခုက ဟင်းလင်းပြင်ထဲမှ ပျံ့နှံ့လာသည်။ ဟင်းလင်းပြင်အလွှာ ၃၂ လွှာမြောက် ထွက်ပေါ်လာပြီး ချင်မူ့တာအိုအား ၎င်းတွင် တံဆိပ်ခတ်နှိပ်လိုက်၏။

“သခင်လေးခုနစ်ရဲ့ အတွေးအခေါ်အမှားတွေက လူတွေရဲ့ နှလုံးသားတွေကို လှည့်စားတဲ့နေရာမှာ သိပ်တော်တာပဲ”

ခန်းမများ တုန်ခါနေကြပြီး ကျန်ရှိသော တာအိုသိုင်းပညာရှင် ၆၇ ယောက်က သူတို့၏ခန်းမများအရှေ့တွင် ရပ်နေကြသည်။ သူတို့၏ မျက်နှာများက ဝေဝါးနေကြလေသည်။

သူတို့သည် ချင်မူ့မျက်နှာကို မမြင်ရသလို ချင်မူကလည်း သူတို့၏မျက်နှာကို မမြင်ရပေ။

သူတို့ ပြိုင်တူစကားပြောလိုက်ကြသည့်အခါ သူတို့၏အသံများက ကောင်းကင်ရတနာစကြ၀ဠာတလျှောက် ပဲ့တင်ထပ်သွားသည်။

“ငါတို့က သခင်လေးခုနစ်ကို စကားရည်လုပွဲမှာ အနိုင်ယူနိုင်လောက်တဲ့အထိ ပါရမီမထူးချွန်ကြပါဘူး… သတ်ဖို့ပဲ ရှိပါတော့တယ်”

ခန်းမ ၆၇ ခု၏ အနောက်ရှိ တာအိုသစ်ပင်တို့မှ သစ်ကိုင်းသစ်ခက်များက လေထဲတွင် ကခုန်နေကြပြီး အမြစ်များသည်လည်း ပြင်းထန်ကြမ်းတမ်းစွာ လှုပ်ရှားနေကြ၏။

အတိတ်စကြ၀ဠာ၏ တာအိုသိုင်းပညာရှင် ၆၇ ယောက်၏ ပုံရိပ်များက သူတို့၏ ကိုယ်ပိုင်စွမ်းအားများကို အသက်သွင်းလိုက်ကြရာ တာအိုသစ်ပင်များ၊ တာအိုပန်းပွင့်များနှင့် တာအိုသစ်သီးအားလုံးက ကျောက်စိမ်းမြို့တော်တစ်ခုလုံးကို အုံ့ကြွလာစေတော့သည်။

ဤအခိုက်အတန့်၌ အတိတ်စကြာဝဠာမှ တာအိုသိုင်းပညာရှင်များသည် သူတို့၏ မဟာတာအိုမှင့် တာအိုအဆင့် ကောင်းကင်နတ်သိုင်းများကို ပြီးပြည့်စုံစွာ ပေါင်းစည်းထားကြသလို ချင်မူ့ကျောက်စိမ်းမြို့တော်၏ စွမ်းအားကလည်း အထွတ်အထိပ်အထိ လှုပ်ရှားလျက်ရှိပေသည်။

“သခင်လေးခုနစ်ကို နောက်ဆုံးခရီး ပို့ပေးကြတာပေါ့”

အသံ ၆၇ သံက အချိန်နှင့် အာကာသကို ဖြတ်သန်းစီးဆင်းလာပြီး ချင်မူ့စိတ်ထဲ ဝင်ရောက်ကာ သူ၏ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ပေါက်ကွဲသွားကြသည်။

“အနန္တတာအို သဂြိုဟ်ခြင်း”

ဤစွမ်းအားက ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးလိုက်ပြီး နောက်တစ်ခဏတွင် ချင်မူ့မူလဝိညာဉ်အား တိုက်ခိုက်လိုက်သည်။

ဤတိုက်ကွက်က ကောင်းကင်ဘုံများအား ဖျက်ဆီးတိုက်ချသွားရင်း ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်နမ်းဆောင်များ၊ ရွှမ်တု၊ ယွမ်တုနှင့် ယိုတုတို့အားလုံးကို မြှပ်နှံသဂြိုဟ်ပစ်၏။

ဟင်းလင်းပြင်အလွှာတစ်ခုပြီးတစ်ခု ပြိုလဲပျောက်ကွယ်သွားကြသည်။ ဘိုးဘေးနန်းတော်ပင်လျှင် ဤတိုက်ကွက်ကြောင့် အက်ကွဲဖျက်ဆီးခံရပြီး ဖရိုဖရဲဖြစ်လာသည်။

ချင်မူ့မူလဝိညာဥ်က မည်မျှပင် စွမ်းအားကြီးပါစေ အနန္တတာအိုသဂြိုဟ်ခြင်း၏ တိုက်ခိုက်မှုလေးတစ်ချက်ကိုပင် ခံနိုင်ရည်မရှိချေ။

ဝုန်း

ချင်မူ့ကောင်းကင်ရတနာစကြ၀ဠာ လုံးဝဖျက်ဆီးခံလိုက်ရချေပြီ။ မရဏလေပူက တဝှီးဝှီး တိုက်ခတ်လာပြီး အရာအားလုံးကို ဖရိုဖရဲချီများအဖြစ် ပြောင်းလဲကာ ချင်မူ့ကျောက်စိမ်းမြို့တော်တစ်ခုတည်းသာ ကျန်ရစ်ခဲ့စေတော့သည်။

ဤကျောက်စိမ်းမြို့တော်မှာ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အလားပင်။ ရှေးခေတ်များကတည်းက တည်ရှိခဲ့ပြီး စကြ၀ဠာပျက်စီးခြင်းမဟာကပ်ဘေးကြီးကို ကျော်လွှားရှင်သန်နိုင်ခဲ့သည်။

တာအိုသိုင်းပညာရှင် ၆၇ ယောက်၏ အရိပ်များက ကျောက်စိမ်းမြို့တော်ထဲတွင် ရပ်နေကြပြီး ဟိုဟိုသည်သည်် ကြည့်နေကြသည်။ ဖရိုဖရဲချီများက အရာအားလုံးကို ဝါးမြိုနေပြီး အဆုံးသတ်မြို့ပျက်သည် လှည့်ပတ်လျက် ဖရိုဖရဲချီတို့အား ဝါးမြိုနေသည်ကို တွေ့မြင်နေရ၏။

မနီးမဝေးတွင် လောကသစ်ပင်တစ်ပင်က ဖရိုဖရဲချီများအလယ်တွင် ရပ်တည်နေသည်။ ၎င်းသည် ကပ်ဘေးကြီး၏ သက်ရောက်မှုကို လုံးလုံးလျားလျား မခံရပေ။

“သူ့ရဲ့ ကမ္ဘာဦးဖရိုဖရဲခန်းမက ရှိနေသေးတယ်” တာအိုသိုင်းပညာရှင်တစ်ယောက်က ရေရွတ်လိုက်သည်။

ကျောက်စိမ်းမြို့တော်အလယ်ဗဟိုတွင် ဖရိုဖရဲစွမ်းအင်တို့က လေထဲသို့ ပြည့်နှက်၀င်ရောက်သွားသည်။ ကြီးမားသော ခန်းမတစ်ခုက အထဲတွင် မြောလွင့်နေပြီး လုံးဝလှုပ်ရှားမှု မရှိပေ။။

တာအိုသစ်ပင်တစ်ပင်တွင် ဗလတောင့်တောင့် တာအိုသိုင်းပညာရှင်တစ်ယောက်သည် ဝိုးတဝါးမျက်နှာဖြင့် ရပ်နေ၏။ အလင်းတန်းများက သူ၏ဦးခေါင်းအနောက်တွင် လှည့်ပတ်တောက်ပနေပြီး သူက ခပ်ဩဩ လေသံဖြင့် ပြောသည်။ “ကမ္ဘာဦးဖရိုဖရဲခန်းမက သူ့ရဲ့ မဟာတာအိုကနေ ဖွဲ့တည်ထားတာ… ငါတို့ ဒီခန်းမကို ဖျက်ဆီးပစ်ရမယ်.. သူ ပြန်လာလို့ မဖြစ်ဘူး”

တာအိုသိုင်းပညာရှင်တစ်ယောက်မှာ ဇဝေဇဝါ ဖြစ်နေသည်။ “သခင်လေးခုနစ်ကို ငါတို့ အသေရိုက်ခဲ့ပြီးပြီလေ… ဘယ်လိုလုပ်ပြန်လာနိုင်ဦးမှာလဲ”

အဆုံးသတ်မြို့ပျက်က ဖရိုဖရဲစွမ်းအင်အားလုံးကို ဝါးမြိုနေ၏။ ကျောက်စိမ်းမြို့တော်တစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် အဆုံးသတ်မြို့ပျက်လှိုင်းက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး အမြွှာကြာပန်းပွင့်သည် အလင်းတန်းများထဲမှ ဖြည်းဖြည်းချင်း မြင့်တက်လာ၏။ အမြွှာကြာပန်းပွင့်ဆီမှ ပန်းဖူးငုံများလည်း တစ်ခုပြီးတစ်ခု ပွင့်လန်းလာကြ၏။

“ဒုက္ခပဲ… စကြဝဠာရဲ့ အသက်မွေးဖွားခြင်းကပ်ဘေးကြီးပဲ”

ရုတ်တရက် တစ်စုံတစ်ယောက်က ခက်ထန်စွာ အော်ဟစ်လိုက်သည်။ “ငါတို့ရဲ့ တာအိုသစ်ပင်တွေနဲ့ တာအိုသစ်သီးတွေက ပျက်စီးခြင်းမဟာကပ်ဘေးကြီးကို ခံနိုင်ရည်ရှိပေမယ့် မွေးဖွားခြင်းကပ်ဘေးကြီးကို ရှောင်တိမ်းလို့ မရနိုင်ဘူး”

သူ စကားမဆုံးခင်မှာပင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲမှ ခေါင်းလောင်းသံနှင့် ဆင်တူသော အသံတစ်သံ ပျံ့လွင့်လာသည်။ ၎င်းက အထွတ်အထိပ်တာအို၏ တာအိုအသံနှင့်လည်း ဆင်တူ၏။ အသံနှင့်အတူ အဆုံးသတ်မြို့ပျက်ထဲမှ စကြ၀ဠာအသစ်စက်စက်တစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။

မရေမတွက်နိုင်သော ကမ္ဘာလောကများ အဆုံးသတ်မြို့ပျက်ထဲမှ ထွက်ပေါ်လာကြသည့်အခါ အချိန်နှင့် အာကာသတွင် ပုံသဏ္ဍာန်တစ်ခု ပေါ်လာ၏။ ၎င်းက စကြဝဠာခေါင်းလောင်းတစ်လုံးကဲ့သို့ အသွင်ရှိနေပြီး ခေါင်းလောင်းနံရံများက ဆက်လက်ပျံ့ကားနေသည်။ အလယ်ဗဟိုတွင်တော့ ဘိုးဘေးနန်းတော်က နေရာယူထား၏။

မရေမတွက်နိုင်သော ကမ္ဘာလောကများ၊ မရေမတွက်နိုင်သော ကြယ်တာရာများနှင့် ကြက်တာရာကောင်းကင်များ ထွက်ပေါ်လာကြသည်။ အရေအတွက်က ပိုပို၍တိုးပွားလာပြီး စကြ၀ဠာကလည်း ကျယ်ပြန့်လာနေသည်။

မွေးဖွားခြင်းကပ်ဘေးကြီးအား ကျောက်စိမ်းမြို့တော်ထဲ၌ပင်လျှင် ရှောင်တိမ်း၍ မရနိုင်ပေ။ တာအိုသိုင်းပညာရှင်တို့၏ ပုံရိပ်များမှာ သူတို့၏ ခန္ဓာကိုယ်များ၊ တာအိုသစ်ပင်များ၊ တာအိုပန်းပွင့်များနှင့် တာအိုသစ်သီးများဆီမှ ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာနေသည်ကို ခံစားရ၏။

ဝုန်း… ဝုန်း… ဝုန်း

တာအိုသစ်သီးများ အက်ကွဲပေါက်ကွဲသွားပြီး တာအိုပန်းပွင့်များ လှုပ်ရမ်းကာ ညှိုးခြောက်သွားသည်။ တာအိုသစ်ပင်များကတော့ ခြောက်သွေ့ပြိုလဲကုန်ကြသည်။

သူတို့၏တာအိုများမှာ မွေးဖွားခြင်းမဟာကပ်ဘေးကြီးထဲတွင် ပြိုလဲပျက်စီးကုန်ကြပြီး ဤကမ္ဘာလောကအသစ်အတွက် အာဟာရဓာတ် ဖြစ်လာကြသည်။

ဒေါင်…

ခေါင်းလောင်းသံက သတိပေးသံနှင့် တူသော်လည်း ဖန်ဆင်းခြင်းအသံနှင့်လည်း တူပေသည်။ ၎င်းက သူတို့၏စိတ်အစဉ်နှင့် အသိစိတ်များကို ရှုပ်ထွေး‌ယောက်ယက်ခတ်နေစေ၏။

ခေါင်းလောင်း ပျောက်ကွယ်သွားသည့်အချိန်တွင် ကျောက်စိမ်းမြို့တော်မှာ ရှုပ်ထွေးပျက်စီးလျက် ကျန်ရစ်ခဲ့သည်။

တချိုသူများက မသေကြသေးသော်လည်း မည်သည့်ခွန်အားမှ မကျန်တော့ပေ။

သူတို့မှာ ခန်းမများအရှေ့တွင် လဲကျနေကြ၏။

ထိုစဉ် လောကသစ်ပင်အောက်မှ တဖြည်းဖြည်း လျှောက်လှမ်းလာနေသော ပုံရိပ်တစ်ခုကို ဝိုးတဝါး တွေ့မြင်နေရ၏။ ထိုပုံရိပ်က ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်ကာ သူတို့အရှေ့မှ ဖြတ်သန်းလျှောက်သွားသည်။

မြေပေါ်သို့ လဲကျနေကြသည့် တာအိုသိုင်းပညာရှင်တို့၏ ပုံရိပ်များမှာ တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားကြပြီး အဆုံးသတ်မြို့ပျက်အသူရာ‌ချောက်နက်၏ ဝါးမြိုခြင်းခံ‌နေကြရသည်။ ညှိုးခြောက် လဲပြိုနေသော တာအိုသစ်ပင်များ၊ တာအိုသစ်သီးများနှင့် တာအိုပန်းပွင့်များက ကမ္ဘာလောကအတွက် အာဟာရဓာတ်် ဖြစ်လာကြ၏။

ရုတ်တရက် လက်တစ်ဖက်က ချင်မူ့မူလဝိညာဉ်၏ ခြေကျင်း၀တ်ကို လှမ်းဆွဲလိုက်သည်။

ချင်မူက ရပ်ကာ ငုံ့ကြည့်လိုက်သည်။ တာအိုသိုင်းပညာရှင်တစ်ဦး၏ အသံက အက်ကွဲစွာ ထွက်ပေါ်လာသည်။ “သခင်လေးခုနစ်၊ ငါတို့မှာလည်း အသက်ရှင်ခွင့် ရှိတယ်…”

ချင်မူက သူမအား ခါထုတ်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

“ခင်ဗျားတို့မှာ အသက်ရှင်ခွင့် ရှိပေမယ့် ခင်ဗျားတို့ အသက်ရှင်ဖို့အတွက် ကျုပ်တို့ရဲ့ အသက်တွေကို စတေးပြီး ခင်ဗျားတို့ရဲ့ ဆန္ဒကိုတော့ ဖြည့်ခွင့်မပေးနိုင်ဘူး”

သူ၏ပုံရိပ်က ရှေ့ဆက်လျှောက်သွားနေစဉ် ကမ္ဘာဦးတာအိုသိုင်းပညာရှင်၏ ပုံရိပ်ကာ ပေါက်ကွဲကာ အဆုံးသတ်မြို့ပျက်၏ ဝါးမြိုခြင်းခံလိုက်ရသော တာအိုအလင်းရောင်အဖြစ် ပြောင်းလဲသွား၏။

ချင်မူက ကျောက်စိမ်းမြို့တော်၏ အလယ်ဗဟိုအထိ ဆက်လက်လျှောက်သွားပြီး တာအိုသိုင်းပညာရှင် ၇၂ ယောက်နှင့် သူတို့တာအိုသစ်ပင်အားလုံးမှာ ပျောက်ကွယ်နေကြသည်။ ကျောက်စိမ်းမြို့တော်ကား အသစ်စက်စက် ဖြစ်လာချေပြီ။

သူက ရပ်လိုက်ပြီး ကျောက်စိမ်းမြို့တော်အလယ်ဗဟိုရှိ ဖရိုဖရဲချီများကို ကြည့်လိုက်သည်။ ယင်းအထဲတွင် သူ့ဘဝတစ်လျှောက် ကျင့်ကြံထားသော မဟာတာအိုဖြင့် ဖွဲ့တည်ထားသည့် ဖရိုဖရဲခန်းမတစ်ခု ရှိနေ၏။

ထိုတာအိုသိုင်းပညာရှင်အားလုံး၏ စွမ်းအားများနှင့် တာအိုသစ်ပင်များ၊ တာအိုပန်းပွင့်များနှင့် တာအိုသစ်သီးအားလုံးသည် သူ၏စွမ်းအားအဖြစ် ပြောင်းလဲကာ သူ့အား ဖရိုဖရဲထဲသို့ ဝင်ရောက်နိုင်ရန် ခွန်အားအလုံအလောက် ပိုင်ဆိုင်စေခဲ့သည်။

ချင်မူက အသက်တစ်ရှိုက် ရှုသွင်းလျက် ဖရိုဖရဲချီများထဲသို့ ၀င်ရောက်သွားတော့၏။

All Chapters