ဖရိုဖရဲတာအိုခန်းမမှ မေးခွန်း
Vol. 126 Ch. 1637
“အနန္တတာအိုသဂြိုဟ်ခြင်း သိုင်းကွက်က သူတို့ မီလော့နန်းတော် ဒါမှမဟုတ် ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေရဲ့ တာအိုအမှတ်အသားတွေကနေ နားလည်ထားတဲ့ ပူးပေါင်းတိုက်ကွက်တစ်ခု ဖြစ်ရမယ်”
ချင်မူက ဖရိုဖရဲများထဲသို့ ဝင်လာသော်လည်း သူ၏စိတ်အစဉ်ကတော့ တာအိုသိုင်းပညာရှင် ၆၇ ယောက်၏ ပူးပေါင်းတိုက်ကွက်ကို ပြန်လည်တွေးတောနေဆဲ ဖြစ်သည်။
ထိုတိုက်ကွက်သည် သူ့ကို အထူးပြုပစ်မှတ်ထားသည့် ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်ပေလိမ့်မည်။ သူ အနန္တတာအိုသဂြိုဟ်ခြင်း သိုင်းကွက်ကို ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များ အားလုံး လုံးလုံးလျားလျား အသုံးမဝင်တော့ကြောင်း သိခဲ့ရသည်။ ယင်းတို့အားလုံးက ထိန်းချုပ်ထားခံရသည့်အလား သူ့တွင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
အခြားနေရာတွင်သာဆိုပါက ချင်မူအနေဖြင့် သေဆုံးသွားမည် မဟုတ်သော်လည်း ပြင်းထန်သည့် ဒဏ်ရာများကိုတော့ ရှောင်တိမ်းနိုင်ခဲ့မည် မဟုတ်ပေ။ နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်အတွင်းတွင်ပင် သက်သာကောင်း သက်သာလိမ့်မည် မဟုတ်ချေ။
သို့သော် သူတို့၏ တိုက်ကွက်မှာ ချင်မူ၏ကောင်းကင်ရတနာစကြ၀ဠာထဲတွင် ဖြစ်နေခဲ့သည်။ ဤနေရာတွင် သူတို့သည် ချင်မူ့ကို ထိခိုက်အောင် လုပ်ပိုင်ခွင့်ပင် မရှိချေ။
မှန်ပါသည်။ သူသည် အဆုံးသတ်မြို့ပျက်ကြာစေ့ကို ဦးစွာစိုက်ပျိုးခဲ့၍သာ သူ၏ကျင့်စဉ်မှာ သေခြင်းရှင်ခြင်းကို ပေါင်းစည်းနိုင်ခဲ့ခြင်းဟု ဆိုရမည်။
မဟုတ်လျှင် သူ ကောင်းကင်ရတနာစကြ၀ဠာထဲတွင် မသေဆုံးလျှင်တောင်မှ ပြင်းထန်သော ဒဏ်ရာများတော့ ရရှိပေလိမ့်မည်။
“အတိတ်စကြ၀ဠာတွေမှာ ဘာကြောင့် ငါ့ကို မကြိုဆိုနိုင်ဖြစ်နေတာပါလိမ့်”
ချင်မူ မျက်မှောင်ကြုတ်နေမိသည်။ “ကျောက်စိမ်းမြို့တော်ရဲ့ ဘိုးဘေးနန်းတော်မှာ ပလ္လင်ခန်းမ ၇၂ ခုပဲ ရှိတယ်…. ဒါပေမဲ့ ခန်းမအရှင်သခင် ၇၂ ယောက်လုံးက ငါ့ကို အမြင်မကြည်ကြဘဲ သတ်ဖို့ ပူးပေါင်းနေကြတယ်”
သူ့မှာ ခေါင်းခါရမ်းလိုက်မိသည်။
လူတကာ၏ ချစ်ခင်လေးစားခြင်းကို ခံရသည့် ခံ့ညားတင့်တယ်သော ကောင်းကင်နတ်အရှင်မူကား ဘယ်သို့ ရောက်သွားပြီနည်း။
အတိတ်စကြ၀ဠာတွင် အားလုံးက သွေးဆာ၍ အော်ဟစ်တိုက်ခိုက်ကြရန်သာ ဆန္ဒရှိသည်လော။
ဤအခိုက်အတန့်တွင် သူက ဖရိုဖရဲခန်းမထဲသို့ ရောက်လာသည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ သူ၏အရှေ့တွင် ဘာကိုမှ မမြင်ရပေ။ ယင်းက အန္တိမဟင်းလင်းပြင်ကဲ့သို့ ဖြစ်၏။
ဖရိုဖရဲခန်းမတွင် မည်သည့်ကျောက်သားလှေကားထစ်မှ မရှိပေ။ ဟင်းလင်းပြင်ထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး မည်သို့တက်သွားရမည်လဲ မသိနိုင်။
ချင်မူလည်း တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ခြေတစ်လှမ်း တက်လိုက်သည်။ သူ၏ခြေထောက် ဆန့်တန်းလိုက်သည့် တစ်ချိန်တည်းမှာပင် ကျောက်သားလှေကားထစ်တစ်ခုက သူ၏ခြေဖဝါးအောက်တွင် ဖွဲ့တည်လာသည်။
ကျောက်သားနံရံမှာ ဖရိုဖရဲကျောက်တုံးဖြင့် ထွင်းထုထားပုံရပြီး ဟင်းလင်းပြင်တွင် ဘွားခနဲထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ချင်မူ့ခြေထောက် ကျောက်သားပေါ်သို့ ချလိုက်သည့်အခိုက်အတန့်မှာပင် ခန့်မှန်း၍မရနိုင်သော ဖိအားတစ်ရပ်က သူထံသို့ အရပ်လေးမျက်နှာမှ ဖိချလိုက်၏။
ဖိအားမှာ အလွန်တရာ သန်မာအားကောင်းသည်။ ဖိအား၏ အရင်းအမြစ်က ခန်းမကိုယ်တိုင်၏ စွမ်းအား ဖြစ်ပုံရသော်လည်း ချင်မူ၏ ကိုယ့်ကိုယ်ကို ဖိနှိပ်ရန် စွမ်းအားနှင့်လည်း တူပေသည်။
ပို၍ပင် ထူးဆန်းသည်က သူ၏နားထဲတွင် ကြားနေရသော တာအိုဘာသာစကားသံ ဖြစ်သည်။ ၎င်းက တာအိုမေးခွန်းတစ်ခုနှင့် တူပြီး နားကန်းတစ်ယောက်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။ လူတိုင်းကို နက်နက်နဲနဲ တွေးတောသွားစေနိုင်သည်။
ဤတာအိုဘာသာစကားက ဖရိုဖရဲခန်းမမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က မဟာတာအိုဖြင့် သူ့ကို မေးခွန်းများ ထုတ်နေသည့်အလားပင်။
ဤအသံမှာ သူကိုယ်တိုင်၏အသံ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြားနေရသဖြင့် ချင်မူမှာ ဇဝေဇဝါ ဖြစ်နေမိသည်။
“ခန်းမထဲမှာ ဘာများ ရှိနေတာလဲ… နောက်ထပ်ငါ တစ်ယောက်များလား… တခြားပုဂ္ဂိုလ်တစ်ယောက်များလား”
ချင်မူလည်း ဤတာအိုမေးခွန်းကို မဖြေပေ။ ဖိအားကို အတင်းအကြပ် တောင့်ခံ၍ နောက်ထပ်ခြေထောက်တစ်ဖက်ကို မြောက်ကာ ရှေ့သို့ ခြေတစ်လှမ်း ဆက်လှမ်းလိုက်သည်။
ဖိအားမှာ ချက်ချင်း တိုးမြင့်လာသည်။
“ငါ ခန်းမထဲက တာအိုမေးခွန်းကို မဖြေတာကြောင့် ဒီလိုပြောင်းလဲမှု ဖြစ်သွားတာဖြစ်မယ်”
ချင်မူက ခြေထောက်ကို ပြန်ရုတ်လိုက်ရာ ထိုတာအိုမေးခွန်းက နောက်တစ်ကြိမ် ထွက်ပေါ်လာ၍ မေးမြန်းလိုက်ပြန်သည်။
သူသည် ဤတာအိုမေးခွန်းအကြောင်း အလုံးစုံ အာရုံစိုက်ကာ စဉ်းစားနေ၏။ တာအိုမေးခွန်းမှာ သာမညဘာသာစကားဖြင့် ဖော်ပြနိုင်ရန် ခက်ခဲသည်။ နတ်ဘုရားဘာသာစကားဖြစ်စေ မိစ္ဆာဘာသာစကားဖြစ်စေ တာအို အဓိပ္ပာယ်အစိတ်အပိုင်း တချို့ကိုသာ ဖော်ပြနိုင်ပြီး အလုံးစုံ ဘာသာပြန်နိုင်စွမ်း မရှိပေ။
တာအိုဒဿတက္ကသိုလ်သည် တာအိုဘာသာစကားကို အသုံးပြု၏။ ၎င်းသည် မည်သည့်အထင်လွဲမှားမှုမှ မရှိနိုင်သည့် အတိအကျဆုံးဘာသာစကားတစ်ခု ဖြစ်ပြီး အားလုံးနှင့် ပြောဆိုဆက်သွယ်ရနိုင်သည့် ဘုံဘာသာစကားတစ်ခုလည်း ဖြစ်ချေသည်။
မှန်ပါသည်။ ဤသို့ဘုံဘာသာစကားမှာ တာအိုသိုင်းပညာရှင်များနှင့် လမ်းစဉ်၊ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသော ပုဂ္ဂိုလ်တချို့အတွက်သာ ဖြစ်လေသည်။
တာအိုဘာသာစကားနှင့် ပြောဆိုဆက်ဆံရာတွင် မည်သည့်ဆူးငြောင့်ခလုတ်မှ မရှိသလို၊ အချင်းချင်း အထင်လွဲမှားမှုလည်း မရှိပေ။ ဤအကြောင်းကြောင့် ချင်မူသည် အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များနှင့် ပြောဆိုဆက်သွယ်နိုင်ခြင်းလည်း ဖြစ်၏။
အလားတူ တာအိုမေးခွန်းတစ်ခုမှာလည်း ကောင်းကင်နတ်သိုင်းတစ်ခု၊ အလွန်ကောင်းမွန်သော အသတ်အဖြတ်လက်နက်တစ်ခု ဖြစ်သည်။ တစ်ဖက်သူ၏ ကျင့်ကြံခြင်းအခြေခံသာ သူ့အောက် နိမ့်ကျပြီး တာအိုနှလုံးသား၌ ပြစ်ချက် ရှိနေပါလျှင် တာအိုမေးခွန်းက တစ်ဖက်ရန်သူအား မိမိကိုယ်ကို ယုံမှားသံသယများနှင့် အထင်လွဲမှားမှုများ ဖြစ်စေနိုင်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချင်မူ့ကို ထိခိုက်စေရန် ဤတိုက်ကွက်ကို တစ်ကြိမ် အသုံးပြုခဲ့ဖူး၏။
သို့သော် ဖရိုဖရဲခန်းမထဲမှ ထွက်ပေါ်လာသည့် တာအိုမေးခွန်းကတော့ ထိုမျှ မရိုးရှင်းပေ။ ချင်မူ့တာအိုနှလုံးသားကို တိုက်ရိုက် တိုက်ခိုက်နေသည့်အပြင် မေးခွန်းကလည်း သူ ကျင့်ကြံရာတွင် တွေ့ကြုံရသည့် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သည်။
“ငါ့ကို ဘယ်သူ မေးနေတာလဲ”
ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုးတက်လာနေသောဖိအားကို ခုခံရင်း ဤတာအိုမေးခွန်းအတွက် အဖြေကို အလေးအနက် စဉ်းစားနေရသည်။
သူ တာအိုကို သိမြင်နားလည်ခဲ့သည့် အတိတ်အချိန်တုန်းက ဤပြဿနာကို သိမြင်နားလည်၍ ဖြေရှင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုအချိန်တုန်းက ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် ဤပြဿနာကို ဘေးချိတ်ထားကာ အခြားလမ်းစဉ်များနှင့် ကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့လေသည်။
တစ်စုံတစ်ယောက်က သူသည် ရူးကြောင်ကြောင် သမင်ငယ်လေးတစ်ကောင်နှင့် တူသည်ဟု ပြောခဲ့ဖူးသည်။ ယင်းဖော်ပြချက်က အတော်လေး မှန်ကန်၏။
သမင်ငယ်သည် အရာရာကို စပ်စုတတ်ပြီး အခြားသူများ မရှာတွေ့နိုင်သည့် လျှို့ဝှက်ချက်အားလုံးကို ရှာတွေ့နိုင်သည်။ သို့သော် သမင်ငယ်သည် အရာအားလုံးကို နှံ့နှံ့စပ်စပ်သိမြင်နိုင်သည်အထိ စိတ်ရှည်မှု မရှိပေ။ ထို့ကြောင့် ချင်မူမှာ ဖြေရှင်း၍ ရနိုင်သော်လည်း ပြဿနာအားလုံးကို ချန်ထားရစ်ခဲ့သည်။
အမှန်တကယ်အတွင်း သူ၏ လက်ရှိအသိပညာနှင့် ဗဟုသုတများဖြင့်သာ ဆိုလျှင် ပြန်လှည့်ပါက ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် မခက်ခဲတော့ပေ။
သူက ဦးနှောက်ကို အလုပ်ပေး၍ တာအိုမေးခွန်းအား ဖြေနိုင်ရန် ကြိုးစားနေသည်။ ထိုအခိုက်အတန့်တွင် သူ၏ ခြေထောက်အောက်ရှိ ကျောက်သားလှေကားထစ်မှ အက်ကွဲသံများ ထွက်ပေါ်လာပြီး အက်ကြောင်းရာများ ပေါ်လာ၏။
ရုတ်တရက် ကျောက်သားလှေကားထစ်၏ မျက်နှာပြင်က ပြိုလဲအက်ကွဲကာ ဖရိုဖရဲကျောက်တုံးများ ပဲ့ကျကုန်သည်။
ဖရိုဖရဲကျောက်တုံးများက ဆက်လက်ကျဆင်းနေပြီး ချက်ချင်းဆိုသလို ဗလာနတ္ထိဖြစ်ကာ ကွယ်ပျောက်သွားကြ၏။
ချင်မူလည်း အသက်အောင့်၍ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ သူက မျက်လုံးများမှိတ်ကာ အရာအားလုံးကို လျစ်လျူရှု၍ ဆက်လက်တွေးတောနေ၏။
သူ့တွင် ရပ်စရာနေရာ မရှိတော့သည်ကို တွေ့မြင်လိုက်ရသည့်အခါတွင် ချင်မူက ချက်ချင်း မျက်လုံးဖွင့်ပြီး တာအိုဘာသာစကားဖြင့် မေးခွန်းအား ဖြေလိုက်သည်။
သူ့ခြေထောက်အောက်ရှိ ကျောက်သားလှေကားထစ်မှာ ပြိုလဲနေခြင်း တုံ့ခနဲ ရပ်တန့်သွား၏။
ချင်မူ တာအိုမေးခွန်းအား ဖြေကြားပြီးသည့်အချိန်တွင် သူ့ခြေထောက်အောက်ရှိ လှေကားထစ်မှာ သူပင် မသိလိုက်ပဲ အကောင်းပကတိအတိုင်း ဖြစ်သွားလေသည်။
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်မြှောက်၍ ချွေးစေးများ သုတ်လိုက်၏။ ထို့နောက်မှသာ မူလဝိညာဉ်အခြေအနေ ဖြစ်နေသောကြောင့် မည်သည့်ချွေးမှ မထွက်သည်ကို သတိရသွားသည်။ သူ၏ရုပ်ခန္ဓာရှိမှသာ ချွေးစေးများ ထွက်နေပေလိမ့်မည်။
သူသည် ဖရိုဖရဲခန်းမသို့ တက်ရန် အလုံးစုံ အာရုံစိုက်ထားလေရာ မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်အပြင်ရှိ သူ၏ရုပ်ခန္ဓာတွင် ချွေးများ စီးကျ၍ ခြေကျင်း၀တ်အထိ ရောက်ကာ ရေအိုင်တစ်ခုကဲ့သို့ ဖြစ်နေသည်ကိုပင် သတိမထားမိခဲ့ပေ။
ပထမဆုံး တာအိုမေးခွန်းကို ဖြေကြားပြီးနောက် ချင်မူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သက်သောင့်သက်သာ ဖြစ်သွားပြီး ဖိအားက အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ထိုမျှသာမက သူ၏တာအိုနှလုံးသားသည် ပို၍ ရှင်းလင်းကြည်လင်လာသလို ခံစားရပြီး သူ၏လမ်းစဉ်သည်လည်း မသိလိုက်ဘာသာ အနည်းငယ် တိုးတက်လာ၏။
သူ ရှေ့သို့ ခြေတစ်လှမ်း တက်လာရာ ဒုတိယမြောက် ဖရိုဖရဲကျောက်သားလှေကားထစ်က သူ၏ခြေထောက်အောက်၌ အလိုအလျောက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ချင်မူ့အသံက ဖရိုဖရဲခန်းမထဲမှ ဟိန်းထွက်လာ၍ နောက်ထပ်တာအိုမေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
ဤတာအိုမေးခွန်းမှာ ချင်မူ ကျင့်ကြံခဲ့တုန်းက တွေ့ကြုံခဲ့ရသည့် အရာတစ်ခု ဖြစ်သော်လည်း ခက်ခဲသော ပြဿနာဖြစ်သဖြင့် ဘေးဖယ်ထားမိကာ ယခုအချိန်အထိ မဖြေရှင်းရသေးပေ။
‘စိတ်ဝင်စားစရာပဲ’
ချင်မူ့မူလဝိညာဥ်၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာပြီး ဖရိုဖရဲခန်းမထဲတွင် မည်သည့်အရာ ရှိသည်ကို ပို၍ စိတ်ဝင်စားလာမိသည်။ ‘ခန်းမထဲမှာ နောက်ထပ်ငါ တစ်ယောက်များ ရှိနေတာလား…. ဒါမှမဟုတ် ငါ့ရဲ့တာအိုနှလုံးသားက မေးခွန်းတွေ မေးနေတာလား… အထဲဝင်ပြီး ကြည့်ချင်နေပြီ” အပိုင်း ၁၆၃၇ ဖရိုဖရဲတာအိုခန်းမမှ မေးခွန်း
“အနန္တတာအိုသဂြိုဟ်ခြင်း သိုင်းကွက်က သူတို့ မီလော့နန်းတော် ဒါမှမဟုတ် ကမ္ဘာဦးဖရိုဖရဲသင်္ကေတတွေရဲ့ တာအိုအမှတ်အသားတွေကနေ နားလည်ထားတဲ့ ပူးပေါင်းတိုက်ကွက်တစ်ခု ဖြစ်ရမယ်”
ချင်မူက ဖရိုဖရဲများထဲသို့ ဝင်လာသော်လည်း သူ၏စိတ်အစဉ်ကတော့ တာအိုသိုင်းပညာရှင် ၆၇ ယောက်၏ ပူးပေါင်းတိုက်ကွက်ကို ပြန်လည်တွေးတောနေဆဲ ဖြစ်သည်။
ထိုတိုက်ကွက်သည် သူ့ကို အထူးပြုပစ်မှတ်ထားသည့် ကြောက်မက်ဖွယ်ရာ ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်ပေလိမ့်မည်။ သူ အနန္တတာအိုသဂြိုဟ်ခြင်း သိုင်းကွက်ကို ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ ကောင်းကင်နတ်သိုင်းများ၊ လမ်းစဉ်များနှင့် ကျင့်စဉ်များ အားလုံး လုံးလုံးလျားလျား အသုံးမဝင်တော့ကြောင်း သိခဲ့ရသည်။ ယင်းတို့အားလုံးက ထိန်းချုပ်ထားခံရသည့်အလား သူ့တွင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
အခြားနေရာတွင်သာဆိုပါက ချင်မူအနေဖြင့် သေဆုံးသွားမည် မဟုတ်သော်လည်း ပြင်းထန်သည့် ဒဏ်ရာများကိုတော့ ရှောင်တိမ်းနိုင်ခဲ့မည် မဟုတ်ပေ။ နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင်အတွင်းတွင်ပင် သက်သာကောင်း သက်သာလိမ့်မည် မဟုတ်ချေ။
သို့သော် သူတို့၏ တိုက်ကွက်မှာ ချင်မူ၏ကောင်းကင်ရတနာစကြ၀ဠာထဲတွင် ဖြစ်နေခဲ့သည်။ ဤနေရာတွင် သူတို့သည် ချင်မူ့ကို ထိခိုက်အောင် လုပ်ပိုင်ခွင့်ပင် မရှိချေ။
မှန်ပါသည်။ သူသည် အဆုံးသတ်မြို့ပျက်ကြာစေ့ကို ဦးစွာစိုက်ပျိုးခဲ့၍သာ သူ၏ကျင့်စဉ်မှာ သေခြင်းရှင်ခြင်းကို ပေါင်းစည်းနိုင်ခဲ့ခြင်းဟု ဆိုရမည်။
မဟုတ်လျှင် သူ ကောင်းကင်ရတနာစကြ၀ဠာထဲတွင် မသေဆုံးလျှင်တောင်မှ ပြင်းထန်သော ဒဏ်ရာများတော့ ရရှိပေလိမ့်မည်။
“အတိတ်စကြ၀ဠာတွေမှာ ဘာကြောင့် ငါ့ကို မကြိုဆိုနိုင်ဖြစ်နေတာပါလိမ့်”
ချင်မူ မျက်မှောင်ကြုတ်နေမိသည်။ “ကျောက်စိမ်းမြို့တော်ရဲ့ ဘိုးဘေးနန်းတော်မှာ ပလ္လင်ခန်းမ ၇၂ ခုပဲ ရှိတယ်…. ဒါပေမဲ့ ခန်းမအရှင်သခင် ၇၂ ယောက်လုံးက ငါ့ကို အမြင်မကြည်ကြဘဲ သတ်ဖို့ ပူးပေါင်းနေကြတယ်”
သူ့မှာ ခေါင်းခါရမ်းလိုက်မိသည်။
လူတကာ၏ ချစ်ခင်လေးစားခြင်းကို ခံရသည့် ခံ့ညားတင့်တယ်သော ကောင်းကင်နတ်အရှင်မူကား ဘယ်သို့ ရောက်သွားပြီနည်း။
အတိတ်စကြ၀ဠာတွင် အားလုံးက သွေးဆာ၍ အော်ဟစ်တိုက်ခိုက်ကြရန်သာ ဆန္ဒရှိသည်လော။
ဤအခိုက်အတန့်တွင် သူက ဖရိုဖရဲခန်းမထဲသို့ ရောက်လာသည်။
သူ ခေါင်းမော့ကြည့်လိုက်ရာ သူ၏အရှေ့တွင် ဘာကိုမှ မမြင်ရပေ။ ယင်းက အန္တိမဟင်းလင်းပြင်ကဲ့သို့ ဖြစ်၏။
ဖရိုဖရဲခန်းမတွင် မည်သည့်ကျောက်သားလှေကားထစ်မှ မရှိပေ။ ဟင်းလင်းပြင်ထဲတွင် မားမားမတ်မတ် ရပ်တည်နေပြီး မည်သို့တက်သွားရမည်လဲ မသိနိုင်။
ချင်မူလည်း တစ်ခဏ တုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ခြေတစ်လှမ်း တက်လိုက်သည်။ သူ၏ခြေထောက် ဆန့်တန်းလိုက်သည့် တစ်ချိန်တည်းမှာပင် ကျောက်သားလှေကားထစ်တစ်ခုက သူ၏ခြေဖဝါးအောက်တွင် ဖွဲ့တည်လာသည်။
ကျောက်သားနံရံမှာ ဖရိုဖရဲကျောက်တုံးဖြင့် ထွင်းထုထားပုံရပြီး ဟင်းလင်းပြင်တွင် ဘွားခနဲထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ချင်မူ့ခြေထောက် ကျောက်သားပေါ်သို့ ချလိုက်သည့်အခိုက်အတန့်မှာပင် ခန့်မှန်း၍မရနိုင်သော ဖိအားတစ်ရပ်က သူထံသို့ အရပ်လေးမျက်နှာမှ ဖိချလိုက်၏။
ဖိအားမှာ အလွန်တရာ သန်မာအားကောင်းသည်။ ဖိအား၏ အရင်းအမြစ်က ခန်းမကိုယ်တိုင်၏ စွမ်းအား ဖြစ်ပုံရသော်လည်း ချင်မူ၏ ကိုယ့်ကိုယ်ကို ဖိနှိပ်ရန် စွမ်းအားနှင့်လည်း တူပေသည်။
ပို၍ပင် ထူးဆန်းသည်က သူ၏နားထဲတွင် ကြားနေရသော တာအိုဘာသာစကားသံ ဖြစ်သည်။ ၎င်းက တာအိုမေးခွန်းတစ်ခုနှင့် တူပြီး နားကန်းတစ်ယောက်ကိုပင် တုန်လှုပ်သွားစေနိုင်သည်။ လူတိုင်းကို နက်နက်နဲနဲ တွေးတောသွားစေနိုင်သည်။
ဤတာအိုဘာသာစကားက ဖရိုဖရဲခန်းမမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က မဟာတာအိုဖြင့် သူ့ကို မေးခွန်းများ ထုတ်နေသည့်အလားပင်။
ဤအသံမှာ သူကိုယ်တိုင်၏အသံ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြားနေရသဖြင့် ချင်မူမှာ ဇဝေဇဝါ ဖြစ်နေမိသည်။
“ခန်းမထဲမှာ ဘာများ ရှိနေတာလဲ… နောက်ထပ်ငါ တစ်ယောက်များလား… တခြားပုဂ္ဂိုလ်တစ်ယောက်များလား”
ချင်မူလည်း ဤတာအိုမေးခွန်းကို မဖြေပေ။ ဖိအားကို အတင်းအကြပ် တောင့်ခံ၍ နောက်ထပ်ခြေထောက်တစ်ဖက်ကို မြောက်ကာ ရှေ့သို့ ခြေတစ်လှမ်း ဆက်လှမ်းလိုက်သည်။
ဖိအားမှာ ချက်ချင်း တိုးမြင့်လာသည်။
“ငါ ခန်းမထဲက တာအိုမေးခွန်းကို မဖြေတာကြောင့် ဒီလိုပြောင်းလဲမှု ဖြစ်သွားတာဖြစ်မယ်”
ချင်မူက ခြေထောက်ကို ပြန်ရုတ်လိုက်ရာ ထိုတာအိုမေးခွန်းက နောက်တစ်ကြိမ် ထွက်ပေါ်လာ၍ မေးမြန်းလိုက်ပြန်သည်။
သူသည် ဤတာအိုမေးခွန်းအကြောင်း အလုံးစုံ အာရုံစိုက်ကာ စဉ်းစားနေ၏။ တာအိုမေးခွန်းမှာ သာမညဘာသာစကားဖြင့် ဖော်ပြနိုင်ရ န်ခက်ခဲသည်။ နတ်ဘုရားဘာသာစကားဖြစ်စေ မိစ္ဆာဘာသာစကားဖြစ်စေ တာအို အဓိပ္ပာယ်အစိတ်အပိုင်း တချို့ကိုသာ ဖော်ပြနိုင်ပြီး အလုံးစုံ ဘာသာပြန်နိုင်စွမ်း မရှိပေ။
တာအိုဒဿတက္ကသိုလ်သည် တာအိုဘာသာစကားကို အသုံးပြု၏။ ၎င်းသည် မည်သည့်အထင်လွဲမှားမှုမှ မရှိနိုင်သည့် အတိအကျဆုံးဘာသာစကားတစ်ခု ဖြစ်ပြီး အားလုံးနှင့် ပြောဆိုဆက်သွယ်ရနိုင်သည့် ဘုံဘာသာစကားတစ်ခုလည်း ဖြစ်ချေသည်။
မှန်ပါသည်။ ဤသို့ဘုံဘာသာစကားမှာ တာအိုသိုင်းပညာရှင်များနှင့် လမ်းစဉ်၊ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများတွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသော ပုဂ္ဂိုလ်တချို့အတွက်သာ ဖြစ်လေသည်။
တာအိုဘာသာစကားနှင့် ပြောဆိုဆက်ဆံရာတွင် မည်သည့်ဆူးငြောင့်ခလုတ်မှ မရှိသလို၊ အချင်းချင်း အထင်လွဲမှားမှုလည်း မရှိပေ။ ဤအကြောင်းကြောင့် ချင်မူသည် အတိတ်စကြ၀ဠာမှ တာအိုသိုင်းပညာရှင်များနှင့် ပြောဆိုဆက်သွယ်နိုင်ခြင်းလည်း ဖြစ်၏။
အလားတူ တာအိုမေးခွန်းတစ်ခုမှာလည်း ကောင်းကင်နတ်သိုင်းတစ်ခု၊ အလွန်ကောင်းမွန်သော အသတ်အဖြတ်လက်နက်တစ်ခု ဖြစ်သည်။ တစ်ဖက်သူ၏ ကျင့်ကြံခြင်းအခြေခံသာ သူ့အောက် နိမ့်ကျပြီး တာအိုနှလုံးသား၌ ပြစ်ချက် ရှိနေပါလျှင် တာအိုမေးခွန်းက တစ်ဖက်ရန်သူအား မိမိကိုယ်ကို ယုံမှားသံသယများနှင့် အထင်လွဲမှားမှုများ ဖြစ်စေနိုင်သည်။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချင်မူ့ကို ထိခိုက်စေရန် ဤတိုက်ကွက်ကို တစ်ကြိမ် အသုံးပြုခဲ့ဖူး၏။
သို့သော် ဖရိုဖရဲခန်းမထဲမှ ထွက်ပေါ်လာသည့် တာအိုမေးခွန်းကတော့ ထိုမျှ မရိုးရှင်းပေ။ ချင်မူ့တာအိုနှလုံးသားကို တိုက်ရိုက် တိုက်ခိုက်နေသည့်အပြင် မေးခွန်းကလည်း သူ ကျင့်ကြံရာတွင် တွေ့ကြုံရသည့် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်သည်။
“ငါ့ကို ဘယ်သူ မေးနေတာလဲ”
ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုးတက်လာနေသောဖိအားကို ခုခံရင်း ဤတာအိုမေးခွန်းအတွက် အဖြေကို အလေးအနက် စဉ်းစားနေရသည်။
သူ တာအိုကို သိမြင်နားလည်ခဲ့သည့် အတိတ်အချိန်တုန်းက ဤပြဿနာကို သိမြင်နားလည်၍ ဖြေရှင်းရန် ကြိုးစားခဲ့ဖူးသည်။ သို့သော် ထိုအချိန်တုန်းက ကိစ္စများစွာ ဖြစ်ပျက်ခဲ့သဖြင့် ဤပြဿနာကို ဘေးချိတ်ထားကာ အခြားလမ်းစဉ်များနှင့် ကျင့်စဉ်များကိုသာ ကျင့်ကြံခဲ့လေသည်။
တစ်စုံတစ်ယောက်က သူသည် ရူးကြောင်ကြောင် သမင်ငယ်လေးတစ်ကောင်နှင့် တူသည်ဟု ပြောခဲ့ဖူးသည်။ ယင်းဖော်ပြချက်က အတော်လေး မှန်ကန်၏။
သမင်ငယ်သည် အရာရာကို စပ်စုတတ်ပြီး အခြားသူများ မရှာတွေ့နိုင်သည့် လျှို့ဝှက်ချက်အားလုံးကို ရှာတွေ့နိုင်သည်။ သို့သော် သမင်ငယ်သည် အရာအားလုံးကို နှံ့နှံ့စပ်စပ်သိမြင်နိုင်သည်အထိ စိတ်ရှည်မှု မရှိပေ။ ထို့ကြောင့် ချင်မူမှာ ဖြေရှင်း၍ ရနိုင်သော်လည်း ပြဿနာအားလုံးကို ချန်ထားရစ်ခဲ့သည်။
အမှန်တကယ်အတွင်း သူ၏ လက်ရှိအသိပညာနှင့် ဗဟုသုတများဖြင့်သာ ဆိုလျှင် ပြန်လှည့်ပါက ထိုပြဿနာများကို ဖြေရှင်းနိုင်ရန် မခက်ခဲတော့ပေ။
သူက ဦးနှောက်ကို အလုပ်ပေး၍ တာအိုမေးခွန်းအား ဖြေနိုင်ရန် ကြိုးစားနေသည်။ ထိုအခိုက်အတန့်တွင် သူ၏ ခြေထောက်အောက်ရှိ ကျောက်သားလှေကားထစ်မှ အက်ကွဲသံများ ထွက်ပေါ်လာပြီး အက်ကြောင်းရာများ ပေါ်လာ၏။
ရုတ်တရက် ကျောက်သားလှေကားထစ်၏ မျက်နှာပြင်က ပြိုလဲအက်ကွဲကာ ဖရိုဖရဲကျောက်တုံးများ ပဲ့ကျကုန်သည်။
ဖရိုဖရဲကျောက်တုံးများက ဆက်လက်ကျဆင်းနေပြီး ချက်ချင်းဆိုသလို ဗလာနတ္ထိဖြစ်ကာ ကွယ်ပျောက်သွားကြ၏။
ချင်မူလည်း အသက်အောင့်၍ စိတ်ကိုတည်ငြိမ်အောင် ထားလိုက်သည်။ သူက မျက်လုံးများမှိတ်ကာ အရာအားလုံးကို လျစ်လျူရှု၍ ဆက်လက်တွေးတောနေ၏။
သူ့တွင် ရပ်စရာနေရာ မရှိတော့သည်ကို တွေ့မြင်လိုက်ရသည့်အခါတွင် ချင်မူက ချက်ချင်း မျက်လုံးဖွင့်ပြီး တာအိုဘာသာစကားဖြင့် မေးခွန်းအား ဖြေလိုက်သည်။
သူ့ခြေထောက်အောက်ရှိ ကျောက်သားလှေကားထစ်မှာ ပြိုလဲနေခြင်း တုံ့ခနဲ ရပ်တန့်သွား၏။
ချင်မူ တာအိုမေးခွန်းအား ဖြေကြားပြီးသည့်အချိန်တွင် သူ့ခြေထောက်အောက်ရှိ လှေကားထစ်မှာ သူပင် မသိလိုက်ပဲ အကောင်းပကတိအတိုင်း ဖြစ်သွားလေသည်။
ချင်မူက စိတ်အေးသက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး လက်မြှောက်၍ ချွေးစေးများ သုတ်လိုက်၏။ ထို့နောက်မှသာ မူလဝိညာဉ်အခြေအနေ ဖြစ်နေသောကြောင့် မည်သည့်ချွေးမှ မထွက်သည်ကို သတိရသွားသည်။ သူ၏ရုပ်ခန္ဓာရှိမှသာ ချွေးစေးများ ထွက်နေပေလိမ့်မည်။
သူသည် ဖရိုဖရဲခန်းမသို့ တက်ရန် အလုံးစုံ အာရုံစိုက်ထားလေရာ မာန်ဟုန်မြစ်ကောင်းကင်နန်းဆောင်အပြင်ရှိ သူ၏ရုပ်ခန္ဓာတွင် ချွေးများ စီးကျ၍ ခြေကျင်း၀တ်အထိ ရောက်ကာ ရေအိုင်တစ်ခုကဲ့သို့ ဖြစ်နေသည်ကိုပင် သတိမထားမိခဲ့ပေ။
ပထမဆုံး တာအိုမေးခွန်းကို ဖြေကြားပြီးနောက် ချင်မူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ သက်သောင့်သက်သာ ဖြစ်သွားပြီး ဖိအားက အစအနပင် မကျန်အောင် ပျောက်ကွယ်သွားတော့သည်။
ထိုမျှသာမက သူ၏တာအိုနှလုံးသားသည် ပို၍ ရှင်းလင်းကြည်လင်လာသလို ခံစားရပြီး သူ၏လမ်းစဉ်သည်လည်း မသိလိုက်ဘာသာ အနည်းငယ် တိုးတက်လာ၏။
သူ ရှေ့သို့ ခြေတစ်လှမ်း တက်လာရာ ဒုတိယမြောက် ဖရိုဖရဲကျောက်သားလှေကားထစ်က သူ၏ခြေထောက်အောက်၌ အလိုအလျောက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ချင်မူ့အသံက ဖရိုဖရဲခန်းမထဲမှ ဟိန်းထွက်လာ၍ နောက်ထပ်တာအိုမေးခွန်းတစ်ခုကို မေးမြန်းလိုက်၏။
ဤတာအိုမေးခွန်းမှာ ချင်မူ ကျင့်ကြံခဲ့တုန်းက တွေ့ကြုံခဲ့ရသည့် အရာတစ်ခု ဖြစ်သော်လည်း ခက်ခဲသော ပြဿနာဖြစ်သဖြင့် ဘေးဖယ်ထားမိကာ ယခုအချိန်အထိ မဖြေရှင်းရသေးပေ။
‘စိတ်ဝင်စားစရာပဲ’
ချင်မူ့မူလဝိညာဥ်၏ မျက်လုံးများက တဖျတ်ဖျတ် တောက်ပလာပြီး ဖရိုဖရဲခန်းမထဲတွင် မည်သည့်အရာ ရှိသည်ကို ပို၍ စိတ်ဝင်စားလာမိသည်။ ‘ခန်းမထဲမှာ နောက်ထပ်ငါ တစ်ယောက်များ ရှိနေတာလား…. ဒါမှမဟုတ် ငါ့ရဲ့တာအိုနှလုံးသားက မေးခွန်းတွေ မေးနေတာလား… အထဲဝင်ပြီး ကြည့်ချင်နေပြီ”
ချင်မူ၏ လက်ရှိအဆင့်သည် ကျောက်စိမ်းမြို့တော်အဆင့် ပြီးနောက် နတ်ကောင်းကင်ခန်းမအဆင့်နှင့် ထပ်တူညီမျှနေချေပြီ။
နတ်ကောင်းကင်ခန်းမအဆင့်နှင့် ဧကရာဇ်ပလ္လင်အဆင့်တို့မှာ သမာရိုးကျ သိုင်းအဆင့်များ ဖြစ်သဖြင့် ချင်မူမှာ ၎င်းတို့နှင့်ပတ်သက်၍ လေးလေးနက်နက် နားမလည်ထားပေ။
သူ့တွင် နတ်ကောင်းကင်ခန်းမ မရှိသော်လည်း သူ၏ကျင့်စဉ်ကို အသုံးပြု၍ ဖရိုဖရဲခန်းမတစ်ခုအဖြစ် ပြောင်းလဲထားခဲ့သည်။ သူ ၎င်းထဲသို့ ဝင်ရောက်သွားပါက မည်သည့်အရာကို တွေ့ကြုံရမည်လဲ မသိသလို အထဲ၌ မည်သည်တို့ ရှိနေမည်ကိုလည်း မသိပါချေ။
နတ်ကောင်းကင်ခန်းမအဆင့်အထိ ကျင့်ကြံခဲ့ကြသည့် အခြားသူများအပေါ် အလားတူဖြစ်ရပ် ဖြစ်ပွားခြင်းရှိ၊ မရှိကိုလည်း သူ မသိပေ။
ဆင်တူသော အဆင့်တစ်ဆင့်ကို ကျင့်ကြံသူအတိုင်းသည် တူညီသော စမ်းသပ်ချက်ကို ဖြတ်ကျော်ရသည်လော။
သူတို့ နတ်ကောင်းကင်ခန်းမအရှေ့တွင် ရပ်နေစဉ် တာအိုကို ရှာဖွေခဲ့တုန်းက လက်လျှော့ခဲ့သည့် ပြဿနာများကို ပြန်လည်မေးခွန်းထုတ်သည့် တာအိုမေးခွန်းများကို ဖြေကြားရသည်လော။
သူတို့၏ တာအိုမေးခွန်းများက တာအိုနှလုံးသားများကို တိုက်ရိုက်တိုက်ခိုက်ကြသည်လော။
သို့သော် သူ့တွင် ထိုသို့စဉ်းစားနေရန် အချိန် မရှိ။
သူ၏ ခြေထောက်အောက်ရှိ ဖရိုဖရဲကျောက်သားလှေကားထစ်က အက်ကွဲ ပြိုကျလာနေပြီ ဖြစ်သည်။ သူ့အပေါ် ကျရောက်နေသည့် ဖိအားကလည်း အဆက်မပြတ် တိုးလာနေ၏။ ကျောက်သားလှေကားထစ် အပြည့်အဝ ပြိုကျမသွားခင် ယခင်က ရှောင်ကွင်းသွားခဲ့သော ပြဿနာကို ဖြေရှင်းရလိမ့်မည်။
သူက ဦးနှောက်ကို အသုံးပြု၍ ဒုတိယမြောက် တာအိုမေးခွန်းကို ဖြေနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။
နောက်ဆုံးတွင် လှေကားထစ် လုံးဝပြိုလဲမသွားခင် ဖြေရှင်းနိုင်ခဲ့ပြီး တာအိုဘာသာစကားဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
တတိယမြောက် လှေကားထစ် ပေါ်ထွက်လာပြီး ချင်မူ့အသံက ဖရိုဖရဲခန်းမထဲမှ ပျံ့လွင့်လာသည်။ ၎င်းသည်လည်း ယခင်က သူ ကျော်သွားခဲ့သော ပြဿနာအတွက် တာအိုမေးခွန်းပင် ဖြစ်သည်။
ချင်မူ့စိတ်မှာ တည်ငြိမ်သွားပြီး အလောတကြီး ရှေ့တက်မသွားတော့ပေ။ ထိုအစား ဖရိုဖရဲခန်းမအရှေ့ရှိ ကျောက်သားလှေကားထစ်တွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး သူ ကျင့်ကြံရာတွင် ရှောင်ဖယ်သွားခဲ့သည့် ပြဿနာအားလုံးကို ဖြေရှင်းနေသည်။
အချို့ပြဿနာများက အပျင်းတက်ပြီး မဖြေရှင်းခဲ့ခြင်း ဖြစ်ကာ အချို့ပြဿနာများကတော့ မဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖြေရှင်းရန် မေ့သွားခဲ့သော ပြဿနာများလည်း ရှိ၏။
ယခုတွင် ထိုပြဿနာအားလုံးက ဖရိုဖရဲခန်းမအရှေ့တွင် သူ့ကို ပိတ်ကာထားပြီး ခန်းမထဲသို့ ဝင်ရောက်၍ ပလ္လင်ပေါ်သို့ တက်ရန် တားဆီးနေသည့် အကြီးမားဆုံး ပြဿနာ ဖြစ်လာချေပြီ။
သူ ယခင်က အနေချောင်ရန်အတွက် တင်ခဲ့သော အကြွေးများကို အနှေးနှင့် အမြန် ပြန်ဆပ်ရပေလိမ့်မည်။
ယခုက အကြွေးပြန်ဆပ်နေသည့် အချိန်သာ မဟုတ် လိုအပ်ချက်များကို ဖြည့်တင်းနေသည့် ကိစ္စရပ်လည်း ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှ ပြစ်ချက်များကို ပြုပြင်ရန်လည်း ဖြစ်သည််။
ဖြည်းဖြည်းချင်း တာအိုမေးခွန်းတစ်ခုပြီးတစ်ခု ဖြေကြားနေသည်နှင့်အမျှ သူ၏တာအိုနှလုံးသားမှာလည်း ပိုပို၍ ပြီးပြည့်စုံလာသည်။ သူ့တာအိုလမ်းစဉ်မှာလည်း တဖြည်းဖြည်း တိုးတက်လာသည်။ လိုအပ်ချက်များကို ဖြည့်တင်းရာတွင် ရရှိသည့် တာအိုလမ်းစဉ်တိုးတက်မှုက များများစားစား မဟုတ်သော်လည်း လှေကားထစ် တစ်ထစ်ပြီးတစ်ထစ် တက်လာပြီးနောက် တိုးတက်မှုတို့က စုစည်းသွားပြီး တာအိုလမ်းစဉ်မှာလည်း အလွန်တရာ သိသာစွာ တိုးတက်လာခဲ့တော့သည်။
သူသည် လှေကားထစ်တစ်ရာအထိ တက်လာပြီးချေပြီ။ ဖရိုဖရဲခန်းမက သူ၏အရှေ့တည့်တည့်တွင် ရှိနေသော်လည်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ဖရိုဖရဲကျောက်သားလှေကားထစ်က ဆက်လက် ထွက်ပေါ်လာဆဲ ဖြစ်သည်။
ထိုမျှသာမက ဖရိုဖရဲခန်းမထဲမှ တာအိုမေးခွန်းများက ပို၍နားလည်ရခက်လာသည်။ သူ ဖြေကြားနိုင်ရန် ခက်ခဲလာစေ၏။
‘တာအိုမေးခွန်းတွေက မကြာခင် ပြီးတော့မှာပါ… ဒီခန်းမထဲ အနှေးနဲ့ အမြန် ဝင်ရောက်နိုင်လိမ့်မယ်’
ချင်မူလည်း သူ့ကိုယ်သူ စိတ်တည်ငြိမ်စေလိုက်ပြီး ရှေ့သို့ တစ်စိုက်မတ်မတ် ဆက်လျှောက်နေသည်။ အချိန်တစ်ခုကြာပြီးနောက် ဖရိုဖရဲခန်းမထဲသို့ မဝင်နိုင်သေးပေ။
သူ ခေါင်းလှန်ကြည့်လိုက်ရာ ဖရိုဖရဲခန်းမသည် ဆယ်မိုင်ကျော် အဝေးတွင် တည်ရှိနေပြီး ကျောက်စိမ်းမြို့တော်ထဲသို့ ဝင်ရောက်နေသည့် အဖြူရောင်မျဉ်းကြောင်းတစ်ခုအလားပင်။ သို့သော် ခေါင်းမော့ကြည့်လိုက်သည့်အခါတွင်တော့ ဖရိုဖရဲခန်းမမှာ သူနှင့် မနီးမဝေးတွင် ရှိနေသည်။ သူ့မှာ မရောက်ရှိနိုင် ဖြစ်နေ၏။
ချင်မူက စိတ်ထိန်းထားသည်။ ဤအဆင့်ကား နတ်ကောင်းကင်ခန်းမအဆင့်နှင့် ထပ်တူ မဟုတ်လော။ ဤအချိန်မှသာ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်များစွာ ရှိသော်လည်း ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ကတော့ အနည်းငယ်သာ ရှိရသည့် အကြောင်းရင်းကို သဘောပေါက်သွားတော့သည်။
နတ်ကောင်းကင်ခန်းမအဆင့် အင်အားကြီးမားသော သိုင်းပညာရှင်အားလုံးသည် ဤအဆင့်၌ သူတို့၏ တာအိုနှလုံးသားထဲရှိ တာအိုမေးခွန်းမျိုးစုံကို တွေ့ကြုံခဲ့ရခြင်းဖြစ်ပေလိမ့်မည်။ သူတို့တွေ့ကြုံရသည့် တာအိုမေးခွန်းများနှင့် ဖိအားက ချင်မူ့လောက် ထူးခြားမည် မဟုတ်သော်လည်း နတ်ကောင်းကင်ခန်းမအရှေ့တွင် ပိတ်မိနေစေရန် လုံလောက်လိမ့်မည်။
ထိုအခိုက်အတန့်တွင် ဖရိုဖရဲခန်းမက ထိုက်ကျိတာအိုနှင့် ပက်သက်သည့် ခက်ခဲသောမေးခွန်းတစ်ခုကို မေးလိုက်သည်။ ၎င်းက ထိုက်ကျိယင်နှင့်ယန်လှည့်ပတ်ခြင်း နိယာမနှင့် သက်ဆိုင်၏။
ချင်မူ မျက်မှောင်ကြုတ်သွားပြီး အချိန်အတော်ကြာသည့်အထိ အလေးအနက် စဉ်းစားနေရသည်။ သူ၏ခြေထောက်အောက်ရှိ လှေကားထစ်မှာ ခြေထောက်တစ်ဖက်တည်းသာ ရပ်ထားနိုင်သည်အထိ ပြိုကျသွားပြီဖြစ်သော်လည်း အဖြေ မရှာနိုင်သေးပေ။
သူ့မှာ သက်ပြင်းချ၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်၍ လှေကားထစ်ပေါ် ခြေချလိုက်သည်။
‘တာအိုမေးခွန်းတွေ… အနာဂတ်မှာ ဖြေလို့ရတယ်… ဒီခက်ခဲတဲ့ မေးခွန်းကို ဖြည်းဖြည်းချင်း စဉ်းစားလို့ရနိုင်တာပဲ… ငါ ဒီနေရာမှာ ရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ… အပြင်လောကမှာ ဘာတွေဖြစ်နေပြီလဲ မသိဘူး’’
သူ၏ရုပ်ခန္ဓာက ဖြည်းဖြည်းချင်း နိုးထလာသည်။ သူ၏အရှေ့တွင် အရိပ်ထဲ၌ ထိုင်နေသော နွားအိုကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။ ၎င်းက ပက်လက်လှန်၍ ဆေးတံမှုတ်နေသည်။ ခွေ့နဂါးတချို့ကလည်း သူ၏ဘေးတွင် ထိုင်၍ မျှော်လင့်နေသောမျက်လုံးများဖြင့် သူ့ကို ကြည့်နေကြသည်။
နွားအိုကြီးက ဆေးတံကို ပေးလိုက်သည်။ ခွေ့နဂါးများက အလျင်အမြန် ယူ၍ နှစ်ဖွာရှိုက်ပြီးနောက် အခြားခွေ့နဂါးများထံ လက်ဆင့်ကမ်းလိုက်၏။
အဝေးရှိ ကောင်းကင်နတ်မြစ်တွင် ကျားနက်တစ်ကောင် ရှိနေသည်။ ၎င်းက အမြှီးဖြင့် ကောင်းကင်နတ်မြစ်ထဲမှ အနီရောင်ခွန်ငါးကို ငါးမျှားနေ၏။ ရုတ်တရက် ဇွပ်ခနဲ အသံတစ်ချက် ကြားလိုက်ရပြီး ကျားနက်က သူ၏အမြှီးကို မြစ်ထဲမှ ကပျာကယာ မြှောက်တင်လိုက်သည်။ အမြှီးသည် ယခင်ကထက် တိုနေပြီး အနီရောင်ခွန်ငါးက တစ်ကိုက်မျှ ကိုက်ဖြတ်ထားလေသည်။
ကျားနက်မှာ ပူဆွေးဝမ်းနည်းနေသည်။ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်ရာ သူ၏အမြှီးက ဖြည်းဖြည်းချင်း ပြန်ပေါက်လာသည်။
အဝေးရှိ တောအုပ်ထဲမှ အော်သံတစ်သံက ပဲ့တင်ထပ်လျက် ဟိန်းထွက်လာသည်။ မြည်းတစ်ကောင်၏ နားမဆံ့ဖွယ်အသံအား ကြားလိုက်ရ၏။ “တစ်ကိုက်ပဲ ကိုက်မှာပါ… မင်းကို အကုန် မစားပစ်ပါဘူး… တစ်ကိုက်လေးပါပဲ”
ချင်မူလည်း မယုံသင်္ကာစွာဖြင့် မေးလိုက်သည်။ “နောင်တော်စန်းသွော၊ ဒီမှာ ဘာလုပ်နေကြတာလဲဗျ”
နွားကြီးက သူ့ကိုမြင်လျှင် ငေါက်ခနဲ ထရပ်လိုက်၏။ “ကောင်းကင်နတ်အရှင်၊ ကောင်းကင်ဆရာသခင်လေးပါးလုံး ရောက်နေတယ်… မင်း ကျင့်ကြံနေတာ တွေ့တဲ့အတွက် အနှောင့်အယှက် မပေးပေမယ့် အခု နန်းဆောင်ထဲမှာ စောင့်နေကြတယ်”
“ကောင်းကင်ဆရာသခင်လေးပါးလုံး ဒီကိုရောက်နေကြတာလား”
ချင်မူမှာ အံ့သြသွားပြီး နန်းဆောင်ဆီသို့ ချက်ချင်း လျှောက်သွားတော့သည်။ ရွာလူကြီးနှင့် ဆေးဆရာမှာ နန်းဆောင်မုခ်၀အရှေ့ရှိ ဧရာမသစ်ပင်ကြီးအောက်တွင် လက်ဖက်ရည်ကြမ်း သောက်နေကြ၏။ သူတို့နှစ်ယောက်က ကုလားထိုင်ပေါ်တွင် ပျင်းရိပျင်းတွဲ ထိုင်နေကြပြီး ချင်မူ့အား ကြည့်နေကြသည်။ ဆေးဆရာက ပြုံး၏။ “မူအာ၊ မင်း လေးလကျင့်ကြံနေရာကနေ နိုးလာပြီပေါ့လေ”
“လေးလတောင် ရှိသွားပြီလားဗျ”
ချင်မူမှာ အံ့အားသင့်နေမိတော့သည်။ သူ့အတွက် တာအိုသိုင်းပညာရှင် အရိပ် ၇၂ ခု ကို အနိုင်ယူနိုင်ရန် အချိန်မကြာခဲ့ပေ။ ဖရိုဖရဲခန်းမအရှေ့ရှိ တာအိုမေးခွန်းများကို ဖြေကြားနေခဲ့ရခြင်းက လေးလနီးပါး အချိန်ကုန်ဆုံးခဲ့စေခြင်း ဖြစ်ပေလိမ့်မည်။
“ဘိုးဘိုးဆေးဆရာ၊ ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက ညှိနှိုင်းဆွေးနွေးမှုတွေရဲ့ သတင်းကိုရော ကြားမိသေးလား” ချင်မူက အလောတကြီး မေးလိုက်၏။
“ယွီချိန်ကျစ်က မင်းကို တစ်ခေါက် လာရှာသေးတယ်… မင်း မနိုးသေးတာတွေ့တော့ အလောတကြီး ပြန်ထွက်သွားတာပဲ”
ဆေးဆရာက စဉ်းစားပြီး ပြော၏။ “ကောင်းကင်နတ်ဘုံနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကြားက ညှိနှိုင်းဆွေးနွေးမှုတွေ ပြိုကွဲတော့မယ်လို့ ပြောနေတာ ကြားမိသလားလို့”