မွေးစားအမေရဲ့လျှို့ဝှက်ချက်
Vol. 24 Ch. 347
"အစ်ကိုကြီးက အစ်မကို ရှာဖို့ တာ့ထန်ကို သွားနေတာ။ အစ်မက ချက်ပြီးတဲ့ အရက်တွေကို တာ့ထန်မှာ လာရောင်းလိမ့်မယ်လို အစ်ကိုကြီးက ပြောခဲ့တယ်။ သူက အစ်မကို ဟိုမှာ သွားစောင့်နေတာ"
ကျိရှောင်ယင်က သူမ အစ်ကိုကြီး ထွက်မသွားခင် ပြောခဲ့သည့်စကားများကို စူးချင်းအား ပြန်ပြောပြလိုက်သည်။
သူမက သူမရဲ့အစ်ကိုကြီးကို တကယ်လေးစားတယ်။ သူက အစ်မစူးချင်းအတွက် အရမ်းစိတ်ပူနေပြီး သွေးအန်နေပေမယ့် အစ်မစူးချင်းကို ဘယ်မှာ ရှာရမယ်ဆိုတာ အေးအေးဆေးဆေး ခွဲခြမ်းစိတ်ဖြာနိုင်သေးတယ်။
"ကောင်းပြီ၊ ငါ သူ့ကို ရှာဖို့ တာ့ထန်ကို လိုက်သွားလိုက်မယ်"
ကျိရွှေရှန့်၏ခွဲခြမ်းစိတ်ဖြာချက်ကို ကြားလိုက်ရချိန်တွင် စူးချင်း၏မျက်လုံးများ၌ အပြုံးရိပ်များ ပေါ်လာခဲ့သည်။
သူမ အရက်ရောင်းဖို့ တာ့ထန်ကို လာမယ်ဆိုတာကို သူ တွေးနိုင်ပြီး အဲ့နေရာမှာ သူမကို သွားစောင့်နေတယ်။ သူက သူမကို ဦးတည်ချက်ရာမဲ့ လိုက်ရှာနေခဲ့တာ မဟုတ်ဘူး။
ကျိရွှေရှန့်က တာ့ထန်သို့ သွားနေကြောင်း သိလိုက်ရသောကြောင့် စူးချင်းက အချိန်မဖြုန်းဘဲ သူ့ကို ရှာရန် ချက်ချင်း လိုက်သွားချင်နေခဲ့သည်။
“စူးချင်း၊ အပြင်မှာ မှောင်နေပြီ၊ ပြီးတော့ နှင်းတွေလည်း အရမ်းထူနေတယ်။ တာ့ထန်မှာက နှင်းတွေ ပိုထူတယ်လို့ မွေးစားအမေ ကြားဖူးတယ်။ ညဘက် အပြင်ထွက်တာက အရမ်းအန္တရာယ်များတယ်၊ မိုးလင်းမှ သွားတာ ပိုကောင်းလိမ့်မယ်”
အမျိုးသမီးလီက စူးချင်း၏အသံကို ကြားသွားပြီး အိမ်ထဲမှ ထွက်လာခဲ့သည်။ သူမက ထောင်ဟွားဝူအဖွဲ့သို့ စတင်ရောက်ရှိစဉ်ကနှင့် လုံးဝ မတူသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူမ ထောင်ဟွားဝူအဖွဲ့သို့ ပထမဆုံးစရောက်လာစဥ်တွင် သူမ၏ညှိုးငယ်သောမျက်နှာပေါ်မှ အဝါရောင်မျက်လုံးများက ဗလာဖြစ်နေပြီး အသက်မဲ့နေသလို ဖြစ်နေခဲ့သည်။
ယခု သူမ၏မျက်လုံးများက ကြည်လင်နေသည့် စမ်းရေကဲ့သို့ တောက်ပနေသည်။ သက်တောင့်သက်သာနေရပြီး စားဖို့လည်း အဆင်ပြေနေသောကြောင့် သူမ၏ကိုယ်အလေးချိန်လည်း တက်လာခဲ့သည်။ ယခု သူမက ချည်သားအ၀တ်အစားတွေကိုသာ ၀တ်ဆင်ထားသော်လည်း သူမ၏ကျက်သရေရှိပြီး ကျော့ရှင်းသည့် အပြုအမူများကို ဖုံးကွယ်ထားရန် ခက်ခဲနေပြီ ဖြစ်သည်။ စူးချင်းက သူမ သားလေး၏ရောဂါကို ပျောက်ကင်းအောင် ကုသပေးခဲ့သည့်အတွက် သူမထံတွင် နောက်ထပ်စိုးရိမ်စရာ လုံးဝ မရှိတော့ပေ။ ထို့ကြောင့် သူမ၏မျက်နှာပေါ်တွင် ကျေနပ်နေသည့်အပြုံးတစ်ခု အမြဲ ရှိနေခဲ့သည်။
ယခု သူမ ပိုင်ဆိုင်နေသည့် ပျော်ရွှင်သောဘဝလေးကို ကျိရွှေရှန့်နှင့် စူးချင်းတို့က သူမထံ ယူဆောင်လာပေးခဲ့ခြင်း ဖြစ်ပြီး အမျိုးသမီးလီက စူးချင်းနှင့် ကျိရွှေရှန့်ကို အထူး ကျေးဇူးတင်နေခဲ့သည်။ သူမက ထိုနှစ်ယောက်ကို စုံတွဲအဖြစ် သတ်မှတ်ထားပြီး စူးချင်း ခမ်းနားစွာ လက်ထပ်နိုင်ရန် ခန်းဝင်ပစ္စည်းများကို စတင်စုဆောင်းထားသည်မှာ ကြာနေပြီ ဖြစ်သည်။
သို့သော် စူးချင်း ရုတ်တရက် ထွက်သွားမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။ ကျိရွှေရှန့်က အလွန်စိတ်မကောင်း ဖြစ်ပြီး သွေးအန်ခဲ့သောကြောင့် အမျိုးသမီးလီတစ်ယောက် အလွန်အကျွံ ထိတ်လန့်ခဲ့ရသည်။
အဲ့အချိန်တုန်းက ရွှေရှန့်ရဲ့မျက်နှာက စက္ကူလိုမျိုး ဖြူဖျော့နေပြီး သတိလစ်နေတဲ့အပြင် အဖျားတွေလည်း တက်နေတယ်။ အဲ့တာတောင်မှ သူက စူးချင်းရဲ့နာမည်ကိုပဲ ဆက်တိုက် ခေါ်နေခဲ့တယ်။
တစ်စုံတစ်ယောက်ကို လွမ်းဆွတ်ရခြင်းက လူကို သေနိုင်လောက်သည်အထိ ခံစားရကြောင်း သိထားဖူးသည့် အမျိုးသမီးလီက ကျိရွှေရှန့်၏ခံစားချက်ကို ကောင်းကောင်း နားလည်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် စူးချင်း ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် အမျိုးသမီးလီက ကလေးနှစ်ယောက်အတွက် ပျော်ရွှင်နေခဲ့သည်။
“စူးချင်း၊ နောင်မှာ မင်း စိတ်ထဲမှာ ရှိတာကို ရှင်းရှင်းလင်းလင်း ဖွင့်ပြောလိုက်ပါ။ ရင်ထဲမှာပဲ သိမ်းမထားနဲ့"
အမျိုးသမီးလီက သူမ၏မွေးစားသမီးကို နှစ်သိမ့်ပေးရန် စူးချင်း၏လက်ကို ဆုပ်ကိုင်ထားခဲ့သည်။
စူးချင်းက အရာရာမှာ ကောင်းမွန်ပေမယ့် သူမက မာနကြီး လွန်းတယ်။ ပြဿနာတစ်ခုခု ကြုံလာတဲ့အခါ သူမရဲ့မာနက သူမကို မေးခွန်းတွေ မေးဖို့ ခွင့်မပြုတော့ဘူး။ အဲ့တော့ သူမက အဲ့တာတွေကို သူမရဲ့နှလုံးသားထဲမှာပဲ သိမ်းထားလိုက်တယ်။ ဒီကလေးနှစ်ယောက် နားလည်မှုမလွဲမှပဲ ထူးဆန်းနေလိမ့်မယ်။
“မွေးစားအမေ၊ ကျွန်မ နားလည်ပါပြီ”
စူးချင်းက ခေါင်းညိတ်လိုက်သည်။
သူမ ဒီတကြိမ် ပြန်လည်မွေးဖွားလာပြီးနောက်မှာ အများကြီး သင်ယူခဲ့တယ်ဆိုပေမယ့် သူမရဲ့အရင်ဘဝက အကျင့်ဆိုးတွေက ရှိနေတုန်းပဲ။ သူမ သူမရဲ့မာနကြီးတဲ့ စရိုက်ကို ပြောင်းလဲပြီး အရာအားလုံးကို နားထောင်တတ်ဖို့ သင်ယူရဦးမယ်။
"ဒီည မင်း ထွက်သွားခွင့် မရှိဘူး"
အမျိုးသမီးလီက စူးချင်းကို မှောင်မိုက်နေသောည၏ နှင်းမုန်တိုင်းအလယ်တွင် လျှောက်သွားနေခွင့်မပေးနိုင်ပေ။ နောက်ဆုံးတွင် စူးချင်းက သူမ၏မွေးစားအမေကိ မစည်းရုံနိုင်တော့ဘဲ မွေးစားအမေ၏အိမ်တွင် တစ်ညအိပ်ရန် ဆုံးဖြတ်လိုက်ရသည်။
ကျုံးယုံက သိုးတစ်ကောက် သတ်ပြီး ပြန်ရောက်လာကာ စူးချင်းကို လှမ်းပြောလိုက်သည်။
“ဆရာ၊ ခဏစောင့်ဦးနော်။ ကျွန်တော် ဆရာအတွက် အသားကင်ပေးမယ်"
“အင်း”
စူးချင်းက ခပ်လွယ်လွယ် ခေါင်းငြိမ့်ပြလိုက်သည်။
သူ့တပည့်ရဲ့ ဟင်းချက်လက်ရာကို မြည်းစမ်းရတော့မှာပေါ့၊ ကျုံးယုံက ဟင်းချက်နည်းတွေ သင်ယူထားပြီးပြီလားတော့ သူမလည်း မသိသေးဘူး။ အရင်တုန်းကတော့ သူက ဟင်းချက်နည်းတွေကို လုံးဝ မသိခဲ့ဘူး။
ကျုံးယုံက ချက်ပြုတ်ရန် ပြင်ဘက်ခန်းသို့ ပျော်ပျော်ရွှင်ရွှင် ထွက်သွားခဲ့ပြီး ကျိရှောင်ယင်ကတော့ စူးချင်း၏ နံဘေးတွင် ကပ်နေကာ ထွက်ခွာသွားရန် ဆန္ဒရှိပုံမပေါ်ပေ။ အမျိုးသမီးလီက သူမကို ငုံ့ကြည့်ပြီး ညင်သာစွာ လှမ်းပြောလိုက်သည်။
"ကျိရှောင်ယင်၊ မင်းရဲ့အစ်ကိုကျုံးယုံကို သွားကူပေးလိုက်ဦးလေ"
“ဟုတ်ကဲ့”
ကျိရှောင်ယင်က ဝမ်းသာအားရ သဘောတူလိုက်ပြီးမှ စူးချင်းအား စိတ်မချပုံဖြင့် လှမ်းပြောလိုက်သေးသည်။
"အစ်မစူးချင်း၊ ဒီမှာပဲ ထိုင်နေနော်။ အစ်ကိုကျုံးယုံကို သွားကူပေးလိုက်ဦးမယ်၊ ညစာစားပြီးရင် ကျွန်မတို့ စကားပြောကြမယ်"
“ကောင်းပါပြီ”
စူးချင်း၏မျက်လုံးများတွင် အရောင်တချို့ တောက်ပလာပြန်သည်။
မွေးစားအမေက ရှောင်ယင်နဲ့ ကျုံးယုံကို တမင်သက်သက် အလုပ်အတူတူ လုပ်ခိုင်းနေတယ်လို့ သူမ ဘာကြောင့် ခံစားနေရတာလဲ?
ကျိရှောင်ယင် ထွက်သွားပြီးနောက် အမျိုးသမီးလီက စူးချင်း၏လက်ကို ကိုင်ထားရင်း ထပ်မေးလိုက်သည်။
"စူးချင်း၊ မင်းနဲ့ မင်းမိဘတွေက ဘယ်ကို ပြောင်းသွားကြတာလဲ?"
"ကျင့်ရှိလျိုမြောင်၊ အဲနေရာက အရမ်းလုံခြုံတယ်"
ယခုတစ်ကြိမ်တွင် စူးချင်းက သူမ၏မွေးစားအမေထံမှ ဘာကိုမှ ဖုံးကွယ်မထားတော့ပေ။ ယခင်က ကျိရွှေရှန့်က သူမကို မတွေ့သွားစေချင်သော်လည်း ယခု သူမကိုယ်တိုင် ကျိရွှေရှန့်ကို လာရှာနေပြီ ဖြစ်သောကြောင့် သူမ၏မွေးစားအမေအား ဘာမှ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
"ကျင့်ရှိလျိုမြောင်? အစက ငါတို့ အဲဒီနေရာကို သွားမယ်လို့ ပြောခဲ့ကြတာ မဟုတ်ဘူးလား?"
အမျိုးသမီးလီ၏မျက်နှာပေါ်တွင် တမ်းတရိပ်များ ပေါ်လာခဲ့သည်။ လမ်းတစ်လျှောက်လုံး သူမတို့ ကျင့်ရှီလျိုမြောင်အကြောင်း ပြောခဲ့ကြသည်။ ၎င်းက သူမ၏ခင်ပွန်းဖြစ်သူနှင့် စစ်သူကြီးရှောင်းဟမ်တို့ စောင့်ကြပ်ရသည့် နယ်စပ်ဒေသ ဖြစ်ပြီး ထိုမြို့တွင် သူမခင်ပွန်းသည်၏ အရိပ်များ ရှိနေလေသည်။
“ဟုတ်တယ်၊ တကယ်ကို ပြည့်စုံတယ်။ အဲ့မှာ အရာအားလုံး ရှိတယ်၊ ကျွန်မ လာမယ့်နွေဦးရာသီမှာ လယ်မြေတွေ ဖွင့်ပြီး စိုက်ပျိုးဖို့ စီစဉ်ထားတယ်”
စူးချင်းက ခေါင်းညိတ်ပြရင်း ထပ်ပြောပြလိုက်သည်။
အဲ့တုန်းက ထောင်ဟွားဝူက လူတွေက ဒီနေရာကနေ ပြန်မထွက်သွားချင်ကြဘူး။ ပြီးတော့ ရွှေရှန့်ကလည်း ရှောင်းမိသားစုစစ်တပ်က လူတွေကို ဒီနေရာမှာ ပြန်တွေ့ခဲ့ပြီး သူက သူတို့ကို ဆက်ပြီး ကာကွယ်ပေးချင်ခဲ့တယ်။ မဟုတ်ရင် အခုလောက်ဆို သူတို့အားလုံး ကျင့်ရှီလျိုမြောင်ကို ရောက်ပြီးတာ ကြာနေလို့ အလုပ်တောင် လုပ်နေကြလောက်ပြီ။
ထပ်ခါတလဲလဲ အန္တရာယ်တွေလည်း ဘယ်မှာရှိလာနိုင်ပါ့မလဲ?
“မွေးစားအမေလည်း ကျင့်ရှီလျိုမြောင်ကို သွားချင်တယ်။ နွေဦးပေါက်လာတဲ့အခါ ယုံအာကို ခေါ်ပြီး မင်းဆီကို လာခဲ့မယ်"
အမျိုးသမီးလီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေပြီး သူမ၏မျက်လုံးများတွင် နူးညံ့မှုများ ပြည့်နှက်နေလေသည်။
မြင်းစီးနေတဲ့ ခင်ပွန်းဖြစ်သူက သူမတို့ သားအမိကို ပြုံးပြုံးရွှင်ရွှင်နဲ့ ကြည့်နေသလို သူမ ခံစားနေရတယ်။ သူက အဲ့နေရာမှာ သူမကို စောင့်နေတာလည်း ဖြစ်နိုင်သေးတယ်။
"ကောင်းပြီလေ၊ နွေဦးပေါက်ရင် ကျွန်မ မွေးစားအမေကို လာခေါ်မယ်"
စူးချင်းက မွေးစားအမေဖြစ်သူ၏မျက်လုံးများထဲမှ တမ်းတရိပ်များကို ကြည့်နေရင်း အပြုံးဖြင့် သဘောတူလိုက်သည်။
ကျုံးယုံနဲ့ သူမရဲ့မွေးစားအမေက သူမတို့ အိမ်မှာ နေလို့ရတယ်။ သူမတို့အိမ်က အရမ်းကျယ်တယ်လေ။ တကယ်လို့ သူတို့က သူမတို့ရဲ့အိမ်မှာ မနေချင်ဘူးဆိုရင်လည်း မွေးစားအမေ သူ့ဘာသာသူ နေနိုင်အောင် ခြံဝင်းငယ်တစ်ခုပါတဲ့ ဝင်းငယ်လေးတစ်ခုကို ဝယ်နိုင်အောင် ကူညီပေးလိုက်မယ်။
"အစ်မစူးချင်း ကျွန်မလည်း သွားချင်တယ်"
ကျိရှောင်ယင်က သူမ၏ခေါင်းကို ငုံကာ အခန်းထဲသို့ ဝင်လာရင်း စူးချင်းကို စိတ်အားထက်သန်စွာ လှမ်းကြည့်နေခဲ့သည်။ စူးချင်းက သူမ၏ ချစ်စဖွယ်အမူအရာကို မငြင်းဆန်နိုင်ပေ။
"ကောင်းပြီ ငါ မင်းကိုလည်း အဲဒီကို ခေါ်သွားပေးမယ်"
စူးချင်းက အပြုံးဖြင့် သဘောတူလိုက်သည်။ သူမလည်း ပူနွေးသော နွေဦးနှင့် ပန်းပွင့်များ ပွင့်ဖူးချိန်ကို ရုတ်တရက် မျှော်လင့်သွားမိသည်။
သူမတို့ မိသားစုက မြေလွတ်မြေရိုင်းတွေကို ဝယ်ပြီး မြေပြန်ပြင်ကြမယ်၊ ပြီးရင် ပြုပြင်ပြီးသား လယ်မြေတွေ ပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ထွန်ယက်စိုက်ပျိုး ကြမယ်။
အခုလို တွေးလိုက်မှ နောက်တစ်ခါ တာတန်ကို အရက်ရောင်းဖို့ သွားရင် လယ်လုပ်ဖို့အတွက် နွားနှစ်ကောင် ပြန်ခေါ်လာရမယ်။ လယ်လုပ်ဖို့ဆိုရင် အသက်အရွယ်ရနေတဲ့ နွားတွေ လိုတယ်။ အဲ့နွားတွေကမှ သန်မာပြီး မပျင်းမရိ အလုပ်လုပ်ကြတယ်။
စူးချင်း၏ခွင့်ပြုချက်ကို ရပြီးနောက် ကျိရှောင်ယင်က ပျော်ရွှင်သွားပြိး ကျုံးယုံကို ကူညီရန် မီးဖိုချောင်သို့ ပြန်ပြေးသွားတော့သည်။ ယခုအချိန်တွင် ကျုံးယုံက သိုးသားကင်ရာတွင် အတော်အသင့် ကျွမ်းကျင်နေပြီ ဖြစ်သည်။ သူက အသားကို ဆား၊ငရုတ်သီးမှုန့်တို့ဖြင့် ပထမဆုံး နှပ်ထားခဲ့သည်။ ထို့နောက် မီးသွေးဖို ဖိုရန် ခြံထဲသို့ ထွက်သွားတော့သည်။ မီးသွေးနှင့် ကင်သည့် သိုးသားက အမွှေးဆုံး ဖြစ်သည်။
အမျိုးသမီးလီက အလွန် အလုပ်လုပ်နိုင်သူ ဖြစ်သည်။ သူမက နေ့စဥ် ကလေး အယောက် ၂၀ ကို ပြုစုစောင့်ရှောက်ပေးရပြီး သူတို့အတွက် ချုပ်ပေးစရာ အဝတ်များက များပြားလွန်းလှသည်။ စူးချင်းနှင့် စကားပြောနေချိန်မှာပင် သူမက ကလေးများ၏အဝတ်အစားများကို ချုပ်နေခဲ့သည်။ ထိုအရာကို မြင်လိုက်ချိန်တွင် စူးချင်းကလည်း အပ်နှင့် အပ်ချည် ယူကာ သူမကို ကူညီပေးနေခဲ့သည်။
"မွေးစားအမေ၊ ကလေးတွေကို ဘယ်သူ သင်ကြားပေးနေလဲ?"
စူးချင်းက အ၀တ်အစား သေးသေးလေးများကို ကြည့်နေရင်း ကျောင်းရှိ ကလေးများကို တွေးမိသွားခဲ့သည်။
အမျိုးသမီးလီက သူမကို မော့ကြည့်ပြီး ပြန်ဖြေလိုက်သည်။
“ယုံခန်းက သူတို့ကို နေ့တိုင်း ခဏလောက် သင်ပေးတယ်။ ရှင်းရူဟိုင်ကတော့ သူတို့ကို သင်ပေးဖို့ အချိန်တော် အများကြီး ယူထားတက်ပေမယ့် ကလေးတွေက မင်းရဲ့အဖေနဲ့ ဦးလေးကို အရမ်းလွမ်းနေကြတယ်။ မင်းတို့ ဘယ်တော့ပြန်လာမှာလဲလို့တောင် မေးနေကြသေးတယ်"
ယခင်က အမျိုးသမီးလီနှင့် ကျိရှောင်ယင်တို့က ညဘက်တွင် ကလေးများနှင့်အတူ နေပေးရန် ကလေးများ၏နေရာသို့ သွားလေ့ရှိကြသည်။ ယခု သူတို့အားလုံး အိမ်မှာနေကြသည်ကို မြင်နေရသောကြောင့် စူးချင်းက ထပ်မေးလိုက်ပြန်သည်။
"ဒါဆို ဒီည ဘယ်သူက အိပ်ဆောင်မှာ ကလေးတွေနဲ့ အတူနေပေးမှာလဲ?"
“ရှင်းရူဟိုင်နဲ့ သူ့မိန်းမက သူတို့ကလေးတွေကို ကျောင်းမှာ ထားလိုက်ကြပြီ။ သူတို့က ရုံးတော်မှာ မနေချင်ဘူးဆိုတော့ ကလေးတွေနဲ့အတူ ကျောင်းမှာ လိုက်နေကြတယ်”
ထိုအဖြေကို ကြားလိုက်ချိန်တွင် စူးချင်းက ခေါင်းညိတ်လိုက်သည်။
ရှင်းရူဟိုင်ရဲ့မိသားစုနဲ့အတူ ရှိနေရင် ကလေးတွေအတွက် အများကြီး စိတ်ပူစရာ မလိုတော့ဘူး။
သိုးသားကင်၏ရနံ့က အိမ်ထဲသို့ တိုးဝင်လာသည်။ အပြင်တွင် အေးနေသောကြောင့် ကျုံးယုံက ကျိရှောင်ယင်ကို ငဲ့ညှာပေးပြီး စူးချင်းနှင့် စကားသွားပြောခိုင်းလိုက်သည်။
"ရှောင်ယင်၊ အပြင်မှာ အရမ်းအေးတယ်။ အိမ်ထဲကို သွားပြီး ဆရာနဲ့ စကားသွားပြောလေ။ ငါ့အသားက အရမ်းကြမ်းပြီး ထူထဲတော့ ငါက အအေးဒဏ်ကို ခံနိုင်တယ်"
“ဟုတ်”
ကျိရှောင်ယင်က ချောင်၏စခန်းတွင် ရှိသော်လည်း နှလုံးသားက ဟန်စခန်းတွင် ရှိနေခဲ့သူ ဖြစ်သည်။ ကျုံးယုံ၏စကားကို ကြားလိုက်သည်နှင့် သူမက မျက်တောင်တစ်ခတ်စာပင် နှောင့်နှေးမနေဘဲ အိမ်ထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
"အစ်မစူးချင်း"
ကျိရှောင်ယင်၏နှာခေါင်းက အအေးဒဏ်ကြောင့် နီရဲနေလေသည်။ သူမက သူမ၏လက်လေးများကို ပွတ်သပ်ပြီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။ စူးချင်းက သူမကို ခန်ပေါ်သို့ အမြန်တက်ခိုင်းလိုက်သည်။ ကျိရှောင်ယင်က သူမ၏ဖိနပ်ကို ချွတ်လိုက်ပြီး ပူနွေးနေသည့် ခန်(အုတ်ကုတင်)ပေါ်သို့ တက်လိုက်ပြီး ခန်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေလိုက်သည်။ သူမက သူမ၏လက်များ နွေးထွေးစေရန် သူမ၏လက်လေးများကိုပင် သူမ၏ခြေထောက်များအောက်သို့ ထိုးထည့်ထားပြီး အပြစ်ကင်းစင်သောအမူအရာ အပြည့်ဖြင့် ချစ်ဖို့ကောင်းလှသည်။
"မင်းတို့နှစ်ယောက် စကားဆက်ပြောကြဦး။ မွေးစားအမေက မင်းတို့နှစ်ယောက်အတွက် ဟင်းချိုနည်းနည်း သွားချက်ပေးမယ်”
အမျိုးသမီးလီက သူမ၏ဖိနပ်ကို ဝတ်လိုက်ပြီး ခန်ပေါ်မှ ဆင်းလိုက်သည်။ သူမက သူမ၏အဝတ်အစားများပေါ်မှ အတွန့်ရာများကို ဆွဲဆန့်နေရင်း မိန်းမပျိုနှစ်ယောက်အား လှမ်းပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် မွေးစားအမေ၊ မွေးစားအမေ ချက်ပေးတဲ့ ဟင်းရည်က အရမ်းအရသာရှိတယ်”
ကျိရှောင်ယင်က အရွယ်မရောက်သေးသော ကလေးတစ်ယောက်ကဲ့သို့ သူမ၏မွေးစားအမေကို ချွဲချွဲနွဲ့နွဲ့ ပြုမူနေခဲ့သည်။
အမျိုးသမီးလီက သူမကို ကြည့်လေ သဘောကျလေ ဖြစ်နေပုံရပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့် အခန်းထဲမှ ထွက်သွားတော့သည်။
မီးဖိုချောင်ထဲသို့ ရောက်သွားချိန်တွင် သူမ ဟင်းချိုကို အရင် မချက်သေးဘဲ အပြင်ဘက်သို့ ပြန်ထွက်သွားပြီး သားဖြစ်သူကို မေးမြန်းနေခဲ့သည်။
"ကျုံးယုံ၊ ရှောင်ယင်က မင်းကို ဘယ်လိုဆက်ဆံလဲ?"