ယောက်ျားတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်ကြားက ချစ်ခြင်းမေတ္တာ
Vol. 24 Ch. 350
“အစ်မစူးချင်း၊ အစ်ကိုကြီးက ဒီမှာ မရှိဘူးလား?"
ကျိရှောင်ယင်က အိမ်တော်ထိန်း ထွက်သွားသည်ကို စောင့်ဆိုင်းနေပြီးမှ စူးချင်းကို စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါဆို သူ ဘယ်သွားတာလဲ?"
“အရမ်း စိတ်လောမနေပါနဲ့။ တတိယမင်းသား ပြန်လာတာကို စောင့်ကြရအောင်၊ သူ ပြန်လာမှ တည်းခိုဆောင်တိုင်းကို ရှာဖွေကြည့်ဖို့ လူတွေ စေလွှတ်ပေးနိုင်မလားလို့ အကူအညီတောင်း ကြည့်ရအောင်။ မင်းရဲ့အစ်ကိုကြီးက တတိယမင်းသားကို ဒုက္ခမပေးချင်လို့ တည်းခိုဆောင်မှာ သွားနေတာလည်း ဖြစ်နိုင်သေးတယ်”
ကျိရွှေရှန့်က တခြားသူများကို ဒုက္ခပေးရန် မလိုလားသောသူ ဖြစ်ကြောင်း တွေးလိုက်မိသောကြောင့် စူးချင်းက ထိုသို့ပြန်ပြောလိုက်ခြင်းပင်။
သူ တည်းခိုခန်းမှာ သူမကို စောင့်နေတာလည်း ဖြစ်နိုင်သေးတယ်။
အဲ့လိုဆိုရင်တောင် သူမ သူ့ကို ဘယ်တည်းခိုဆောင်မှာ သွားရှာရမှာလဲ? တာ့ထန်မှာ တည်းခိုဆောင် ဘယ်လောက်ရှိတယ်ဆိုတာ သူမလည်း မသိဘူး။ သူ့ကို ကြုံရာကျပန်း လိုက်ရှာတာက အချိန်ဖြုန်းသလို ဖြစ်စေလိမ့်မယ်။ အဲ့ဒါကြောင့် တတိယမင်းသားကို အကူအညီ တောင်းလိုက်တာက အကောင်းဆုံးပဲ။
"ကျွန်မလည်း အဲ့လို ဖြစ်ဖို့ မျှော်လင့်တယ်"
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးအတွက် အလွန်စိုးရိမ်နေသေးသည်။ သူမက သူမ၏အစ်ကိုကြီး အန္တရာယ်ဖြစ်နေမည်ကို ကြောက်နေခဲ့သည်။
အိမ်တော်ထိန်းက ညစာ အလျင်အမြန် ပြင်ဆင်စေပြီး သူ့လူများကို လာပို့ပေးခိုင်းခဲ့သည်။ တာ့ထန်က သိုးကို အဓိက အစားအစာအဖြစ် အသုံးပြုလေ့ရှိကြပြီး ဧည့်သည်တော်များကိုလည်း သိုးသားဖြင့် တည်ခင်းဧည့်ခံလေ့ရှိသည်။ ယခုအခါ အိမ်တော်ထိန်းက သိုးသားအပြင် သူတို့၏ အကောင်းဆုံး စားစရာအဖြစ် သတ်မှတ်ထားသည့် နို့လက်ဖက်ရည်နှင့် ဒိန်ခဲတို့ကိုလည်း ပြင်ဆင်ပေးခဲ့သည်။
“သခင်မလေးတို့ ဖြည်းဖြည်းသုံးဆောင်ကြပါ။ သခင်မလေးတို့ တစ်ခုခု လိုအပ်ရင် တံခါးအပြင်ဘက်က စစ်သည်တွေကို လှမ်းခေါ်လို့ရပါတယ်"
အိမ်တော်ထိန်းက အစေခံများအား စားစရာများ တည်ခင်းပေးစေပြီး စူးချင်းကို ဦးညွှတ်ရင်း လှမ်းပြောလိုက်သည်။ စူးချင်းက သူမအား နန်းတွင်းအစေခံများ ခစားနေသည်ကို မကြိုက်ကြောင်း သူ သိထားခဲ့သည်။ ထို့ကြောင့် သူက နန်းတွင်းအစေခံများကိုလည်း မချန်ထားခဲ့ပေ။
“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်”
စူးချင်းက သူ့ကို ကျေးဇူးတင်စကား ပြန်ပြောလိုက်သည်။ အိမ်တော်ထိန်းက တလေးတစား အမူအရာဖြင့် ပြန်ထွက်သွားခဲ့သည်။
“အစ်မစူးချင်း၊ နို့လက်ဖက်ရည်သောက်လိုက်ပါဦး"
အလွန်အေးနေသောကြောင့် ကျိရှောင်ယင်က ပန်းကန်လုံးနှစ်လုံးထဲသို့ နို့လက်ဖက်ရည်များ လောင်းထည့်လိုက်ပြီး စူးချင်းကို တစ်ပန်းကန် အရင်ပေးလိုက်သည်။ ထို့နောက် သူမက ကျန်နေသည့် ပန်းကန်လုံးကို ကောက်ယူလိုက်ပြီး ဖြည်းဖြည်းချင်း သောက်နေခဲ့သည်။
စူးချင်းနှင့်မတူဘဲ သူမက ထိုနို့လက်ဖက်ရည်၏အရသာကို အလွန်နှစ်သက်သည်။
ကျိရှောင်ယင်တစ်ယောက် နို့လက်ဖက်ရည်အား မြိန်ရေရှက်ရေ သောက်နေသည်ကို မြင်လိုက်သဖြင့် စူးချင်းက သူမအတွက် ပန်းကန်လုံးကို ကောက်ယူပြီး ဖြည်းဖြည်းချင်း သောက်ကြည့်လိုက်သည်။ သူမက အပေါ်ယံတွင် ခပ်အေးအေး ပုံစံ ရှိနေခဲ့သော်လည်း သူမ၏ရင်ထဲတွင်တော့ စိတ်ရှည်မှုများ မရှိတော့ပေ။
သူမက တာ့ထန်ကို ရောက်နေပြီး ရွှေရှန့်နဲ့ တစ်မြို့ထဲမှာ ရှိနေပေမယ့် ရွှေရှန့်ကို မတွေ့ရသေးဘူး။ အခုအချိန်ဆို သူ ဘာလုပ်နေမလဲ? သူလည်း သူမကို လွမ်းနေမလား?
သူမတို့ ညစာ စားပြီးသွားချိန်တွင် အိမ်တော်ထိန်းက ရေနွေးပုံးနှစ်ပုံးနှင့် သန့်ရှင်းသောအဝတ်အစားများကို ထပ်ပို့ပေးခဲ့သောကြောင့် စူးချင်းနှင့် ကျိရှောင်ယင်တို့ သက်တောင့်သက်သာ ရေချိုးနိုင်ခဲ့ကြသည်။
ကျိရှောင်ယင်ကတော့ အလွန်ပျော်ရွှင်နေခဲ့သည်။
အိမ်မှာ ဆိုရင် ရေနွေးလေးနဲ့ပဲ တစ်ကိုယ်လုံးကို သုတ်ရတယ်။ အခု တစ်ကိုယ်လုံးကို ရေထဲမှာ စိမ်ထားရတော့ အရမ်းအဆင်ပြေတယ်။
ရေချိုးပြီးနောက် စူးချင်းနှင့် ကျိရှောင်ယင်တို့က အိမ်တော်ထိန်းပေးပို့ခဲ့သော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ထိုအဝတ်များအားလုံးက တာ့ထန်၏ရိုးရာအဝတ်အစားများဖြစ်ပြီး ထိုအဝတ်များကို ဝတ်ပြီးနောက် ကျိရှောင်ယင်က အလွန်သဘောကျနေခဲ့သည်။ သူမက နှင်းဆီနီရောင် ဝါဂွမ်းချည်အင်္ကျီကို ဝတ်ဆင်ထားပြီး ခါးပတ်ကြိုးပြားကြီးကို ချည်ကာ သားရေဖိနပ်သေးသေးလေးကို ၀တ်ဆင်ထားသည်။ သူမ အင်္ကျီ၏လည်ပင်းအနားကွပ်မှ အဖြူရောင်မြေခွေးသားမွေးက သူမ၏မျက်နှာလေး ပန်းပွင့်ကဲ့သို့ လှပနေစေရန် ပံ့ပိုးပေးထားခဲ့သည်။
စူးချင်း၏အဝတ်အစားများက အစိမ်းရောင်ဖျော့ဖျော့ ဖြစ်သည်။ သူမ၏နဂိုအသားအရည်က ဖြူစင်နေသောကြောင့် ထိုအရောင်ကို ၀တ်ဆင်လိုက်ခြင်းက သူမကို ပိုပိုပြီး လှပစေခဲ့သည်။ ဤသစ်လွင်သောအရောင်က သူမ၏အေးစက်သောစိတ်ထားကို အနည်းငယ် ပို၍ သိမ်မွေ့လာစေသည်။
သူမက သူမနှင့် ကျိရှောင်ယင်တို့ အိမ်မှ ဝတ်ဆင်လာသည့် အဝတ်ဟောင်းများကို သေသေချာချာ ခေါက်ကာ ခဏ သိမ်းထားလိုက်သည်။ သူမတို့ ပြန်သွားချိန်တွင် သူမတို့၏ဝတ်ဆင်လာသည့် အဝတ်များကို ပြန်လဲသွားမည် ဖြစ်သည်။ အခြားအဝတ်အစားများကိုတော့ နန်းတွင်းအစေခံများ လျှော်ဖွပ်နိုင်ရန် ပြန်ပေးခဲ့မည် ဖြစ်သည်။
သူမတို့ ရေချိုးပြီး သိပ်မကြာခင်မှာပင် တတိယမင်းသားက နန်းတော်မှ ပြန်ရောက်လာခဲ့သည်။ စူးချင်းနှင့် ကျိရှောင်ယင်တို့ ရောက်လာကြောင်း ကြားလိုက်ချိန်တွင် သူက အနားပင် မယူနိုင်ဘဲ ပေါ့ပေါ့ပါးပါး အ၀တ်အစားများကို ချက်ချင်း လဲဝတ်ကာ သူမတို့ကို တွေ့ရန် ထွက်လာခဲ့သည်။
"သခင်မလေးစူး"
တတိယမင်းသားက ခြံအပြင်ဘက်တွင် ရပ်နေပြီး စိတ်လှုပ်ရှားနေကာ နောက်ကျောပစ်ထားသည့် သူ့လက်နှစ်မှ လက်သီးများကို ခပ်တင်းတင်းဆုပ်ထားခဲ့သည်။ သူက သူ နေ့ရောညပါ လွမ်းဆွတ်နေသည့်သူကို တွေ့နိုင်ရန် စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့သည်။
"တတိယမင်းသား၊ ကျေးဇူးပြုပြီး ဝင်ပါ"
စူးချင်းက တဲအတွင်းမှ ပြန်ပြောလိုက်သည်။ တတိယမင်းသားက ခြံတံခါးကို တွန်းဖွင့်ပြီး ခြေလှမ်းမစခင် သူ့အဝတ်အစားများကို သပ်ရပ်အောင် ပြန်ပြင်ဆင်လိုက်သေးသည်။
"အစ်ကိုယဲ့လွီ"
ကျိရှောင်ယင်ကလည်း ယဲ့လွီချွမ်းကို တွေ့ရသည့်အတွက် အလွန်ပျော်ရွှင်နေပြီး ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေကာ သူ့ကို ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ရှောင်ယင်"
ခြံထဲသို့ ဝင်လာကတည်းက ယဲ့လွီချွမ်း၏မျက်လုံးများက ကျိရှောင်ယင်၏မျက်နှာမှ မခွာနိုင်တော့ပေ။ ကျိရှောင်ယင်က သူ့အမည်ကို ရွှင်မြူးစွာ ခေါ်လိုက်ချိန်တွင် ပုံမှန် လေးနက်ပြီး တည်ကြည်နေမြဲဖြစ်သည့် သူ့မျက်နှာပေါ်တွင် နူးညံ့သောအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ကျိရှောင်ယင်က တာ့ထန်မိန်းကလေးများ၏ အဝတ်အစားများဖြင့်လည်း ကြည့်ကောင်းနေပြန်သည်။ ယဲ့လွီချွမ်းက သူ့မျက်လုံးများကို သူမဆီမှ အမှန်တကယ် ပြန်မခွာနိုင်ခဲ့ပေ။
ထိုကဲ့သို့ စိတ်အားထက်သန်သော အကြည့်များက ကျိရှောင်ယင်၏ မျက်နှာကို နီရဲသွားစေခဲ့သည်။ သူမက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး သူမ၏နှလုံးသားက သမင်လေးတစ်ကောင်ကဲ့သို့ ခုန်ပေါက်နေလေသည်။
စူးချင်းက လူငယ်နှစ်ယောက်၏ချစ်စဖွယ် တုံ့ပြန်မှုများကို မြင်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။ သူမက ကျိရှောင်ယင်ကို တော်ဝင်မိသားစုတွင် လက်မထပ်စေချင်ပေ။ တော်ဝင်မိသားစုတွင် စည်းမျဥ်းများစွာနှင့် လျှို့ဝှက်အန္တရာယ်များ အလွန် များပြားလှသည်။ ကျိရှောင်ယင်က အပြစ်ကင်းလွန်းပြီး အကြံအစည် မရှိသလို သူတပါး၏အကြံအစည်ကိုလည်း နားမလည်နိုင်ပေ။ သူမ တော်ဝင်မိသားစုထဲသို့ အိမ်ထောင်ပြုဝင်ရောက်သွားလျှင် သူမ ရှင်သန်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် စူးချင်းက ချောင်းတစ်ချက်ဟန့်ပြီး တတိယမင်းသား၏အာရုံကို ကျိရှောင်ယင်ထံမှ ပြန်ဆွဲထုတ်လိုက်သည်။
"တတိယမင်းသား ရွှေရှန့် ဒီကို ရောက်လာတယ်။ တတိယမင်းသား၊ သူနဲ့ တွေ့ပြီးပြီလား?"
"ဟင့်အင်၊ အစ်ကိကျိကို မတွေ့ရသေးဘူး"
တတိယမင်းသားကလည်း ကျိရွှေရှန့် ရောက်လာကြောင်း သိသွားပြီး သူတော်တော်ပျော်သွားခဲ့သည်။ သူက သူ ကျိရှောင်ယင်ကို သဘောကျနေကြောင်း သူ့ကိုယ်သူ သေချာသွားခဲ့ပြီ ဖြစ်သည်။ တောင်တန်းပြာစုဝေးပွဲအပြီး သူတို့ လမ်းခွဲစဥ်ကတည်းက သူက သူမအကြောင်းကို နေ့ရောညပါ တွေးနေခဲ့သည်။
ဧကရာဇ်မင်းနှင့် သူ့၏မယ်တော်တို့က သူ့ကို စေ့စပ်ထိမ်မြားပေးချင်သောကြောင့် မြင့်မြတ်သောမိသားစုများမှ မိန်းမပျိုလေးများ၏ ပုံများစွာကို ပြသခဲ့ကြသည်။ သို့သော် တတိယမင်းသားက သူမတို့အားလုံးကို ငြင်းဆန်ခဲ့ပြီး သူ့စိတ်ထဲတွင်ရှိနေသည့်လူကို ပြောပြခဲ့သည်။
ဧကရာဇ်မင်းက အနည်းငယ် ဆန့်ကျင်ချင်ခဲ့သော်လည်း သူ့မယ်တော်ကတော့ အလွန်ထောက်ခံခဲ့သည်။ သူမက ကျိရှောင်ယင်ကို အလွန်နှစ်သက်သည်။
လက်ရှိတွင် တာ့ထန်က တည်ငြိမ်နေပြီး သာယာဝပြောနေသောကြောင့် သူတို့ကို ထောက်ပံ့ပေးနိုင်မည့် ခမည်းခမက်ကို မလိုအပ်ပေ။ စီးပွားရေးတွင်လည်း အတူတူသာ ဖြစ်ပြီး ကျိရွှေရှန့်နှင့် စူးချင်းတို့ကလည်း သူတို့ကို ကျေးဇူးပြုခဲ့ကြသောကြောင့် ဤအိမ်ထောင်ရေးက မဖြစ်နိုင်သည်လည်း မဟုတ်ပေ။
မိခင်ဖြစ်သူ၏ ပံ့ပိုးမှုဖြင့် ဧကရာဇ်၏သဘောထားက မတည်မငြိမ် ဖြစ်လာခဲ့သည်။
သို့ရာတွင် ဧကရာဇ်၏ဆိုလိုရင်းတွင် တော်ဝင်မင်းသားတစ်ပါးအတွက် နန်းဆောင်သုံးခုနှင့် ခြံဝင်းခြောက်ခုရှိခြင်းက ပုံမှန်သာ ဖြစ်သည်။ သူက တတိယမင်းသားအနေဖြင့် ကျိရှောင်ယင်ကို လက်ထပ်ထိမ်းမြားရန် သဘောတူပေးခဲ့သော်လည်း သူမက ကိုယ်လုပ်တော်သာ ဖြစ်နိုင်ပြီး ကြင်ယာတော်မင်းသမီး၏နေရာအတွက်မူ တာ့ထန်တိုင်းပြည်၏မြင့်မြတ်သော မိသားစုမှ မိန်းကလေးကို ရွေးချယ်ရမည် ဖြစ်သည်။
ထိုအရာကပင် ဧကရာဇ်အတွက် ကြီးမားသည့် လိုက်လျောမှုတစ်ခု ဖြစ်နေလေသည်။ တော်ဝင်မိသားစုတွင် တိုင်းတပါးမှ သာမာန်မိန်းကလေးတစ်ဦးကို လက်ထပ်ဝင်ရောက်ခွင့်ပြုခဲ့ခြင်းမျိုး တစ်ခါမှ မရှိခဲ့ပေ။
ဧကရာဇ်မင်းမြတ်၏ သဘောတူညီချက်ကို ရရှိသည့်အတွက် တတိယမင်းသားက ကျေနပ်နေခဲ့သည်။ သူက ကျိရွှေရှန့် တာ့ထန်သို့ ရောက်လာမည့်အချိန်ကို စောင့်နေခဲ့ပြီး လက်ထပ်ခွင့်တောင်းရန် ပြင်ဆင်ထားခဲ့သည်။ ယခု ကျိရွှေရှန့်ရောက်လာသည်ကို ကြားလိုက်ရချိန်တွင် တတိယမင်းသားက သူ့ကို တွေ့ရန် မစောင့်နိုင်တော့ပေ။
သူ နေ့ရောညပါ လိုချင်တောင့်တခဲ့သော မိန်းကလေးက သူ၏ ကိုယ်လုပ်တော် ဖြစ်လာတော့မည်ကို စဉ်းစားရင်း တတိယမင်းသားက ကျိရှောင်ယင်ကို ပို၍ပင် စိတ်အားထက်သန်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ကျိရှောင်ယင်ကတော့ ခေါင်းပင် မမော့ဝံ့တော့ပေ။
စူးချင်းကလည်း တတိယမင်းသား ဘာတွေတွေးနေသည်ကို မသိပေ။ သူမက တာ့ထန်သို့ တစ်စုံတစ်ဦးကို ရှာဖွေရန် ရောက်လာခဲ့ပြီး တတိယမင်းသား၏အကူအညီကို လိုအပ်နေသောကြောင့် သူမက တတိယမင်းသားကို တိုက်ရိုက် အကူအညီတောင်းလိုက်သည်။
"ရွှေရှန့်က ကျွန်မတို့ထက်အရင် ဒီကို ထွက်သွားခဲ့တာ။ တတိယမင်းသားအနေနဲ့ သူ့ကို လိုက်ရှာပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးဖို့ ကျွန်မ ဒုက္ခပေးပါရစေ။ သူ အနီးနားက တည်းခိုဆောင်တွေမှာ တည်းခိုနေလားလို့ ရှာကြည့်ပေးပါ။ မင်းသား သူ့ကို ရှာတွေ့ရင် ရှောင်ယင်နဲ့ ကျွန်မက ဒီမှာရှိနေတယ်လို့ သူ့ကို ပြောပေးပါ"
“သခင်မလေးစူး၊ စိတ်မပူပါနဲ့။ ဒီမင်းသားက သူ့ကို လိုက်ရှာဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးပါ့မယ်။ မင်းတို့ အေးအေးဆေးဆေး အနားယူပါ၊ မင်းတို့ တစ်ခုခု လိုအပ်ရင် အပြင်က အစောင့်တပ်သားတွေကို လှမ်းခေါ်လိုက်ပါ"
စူးချင်း၏တောင်းဆိုမှုကို ကြားလိုက်သည်နှင့် တတိယမင်းသားက ချက်ချင်း သဘောတူလိုက်သည်။ တစ်ဖက်တွင် သူက စူးချင်းအတွက် တစ်စုံတစ်ဦးကို ရှာဖွေပေးရန် ကူညီပေးချင်သလို တစ်ဖက်ကလည်း သူ၏တစ်သက်တာ ပျော်ရွှင်မှုအတွက် ကျိရွှေရှန့်ကို သူ တွေ့ချင်နေခဲ့သည်။
တတိယမင်းသားက ကျိရွှေရှန့်ကို အမြန်ရှာနိုင်လိမ့်မည်ဟု စူးချင်း ထင်ထားခဲ့သော်လည်း ညဉ့်နက်သည်အထိ တတိယမင်းသားက ပြန်ရောက်မလာသေးပေ။
"အစ်မစူးချင်း၊ အစ်ကိုကြီးက ဘာလို့ ရောက်မလာသေးတာလဲ? အန္တရာယ် တစ်ခုခု တွေ့နေတာ ဖြစ်နိုင်လား?”
ကျိရှောင်ယင်က ထိုင်မနေနိုင်တော့ဘဲ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။
အခုက တိုင်းတစ်ပါးမှာ ဖြစ်နေပြီး သူမ အစ်ကိုကြီးရဲ့အနားမှာ ဘယ်သူမှ မရှိဘူး။ အစ်ကိုကြီး အန္တရာယ်ကြုံနေရင် ဘယ်သူက သူ့ကို ကူညီပေးမှာလဲ?
“မဖြစ်နိုင်ပါဘူး”
သူမ၏ပါးစပ်က ထိုသို့ ပြောခဲ့သော်လည်း စူးချင်းကိုယ်တိုင်လည်း အလွန်စိုးရိမ်နေခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူမလည်း မတည်ငြိမ်နိုင်တော့ပေ။
ရွှေရှန့်က တာ့ထန်ကို လုံးဝ မရောက်လာခဲ့တာ ဖြစ်နိုင်လား?
ဒါမှမဟုတ် တာတန်ကို လာတဲ့လမ်းမှာ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့နေခဲ့တာလား?
နောက်ဆုံးတွင် စူးချင်းလည်း ထိုင်မနေနိုင်တော့ပေ။
"အစ်မစူးချင်း၊ တတိယမင်းသား ပြန်လာပြီလားလို့ အရင် မေးကြည့်ရအောင်"
ကျိရှောင်ယင်က လုံးဝ မနေနိုင်တာ့ဘဲ ခြံအပြင်ဘက်တွင် ရပ်နေသော အစောင့်တပ်သားကို သွားမေးရန် ပြင်လိုက်သည်။
စူးချင်းကတော့ တတိယမင်းသား၏ အေးဆေးတည်ငြိမ်သော စရိုက်လက္ခဏာအရ ကျိရွှေရှန့်ကို ရှာတွေ့ပါက သူမတို့ကို အကြောင်းကြားရန် တစ်စုံတစ်ဦးအား စေလွှတ်မည်ဟု ခံစားနေရသည်။
ဘယ်သူမှ သတင်းပိုဖို့ ရောက်မလာကတည်းက သူတို့ ရွှေရှန့်ကို မတွေ့သေးတာပဲ ဖြစ်နိုင်တယ်။
ပြီးတော့ ရွှေရှန့်က သူမနဲ့ ရှောင်ယင် သူကို ရှာဖို့ တာ့ထန်ကို ရောက်နေတာကို သိသွားတာနဲ့ သူလည်း သူမတို့ကို တွေ့ဖို့ အမြန်ရောက်လာလိမ့်မယ်။
ဒါပေမယ့် ရွှေရှန့်က မော့ချန်ကို အရင် ထွက်ခွာလာခဲပြီး သူမနဲ့ ရှောင်ယင်တို့က တစ်ရက်ကြာပြီးမှ ထွက်လာခဲ့ကြတယ်။ သူမတို့တောင် တာ့ထန်ကို ရောက်နေပြီဆိုတော့ ရွှေရှန့်ကမရောက်လာနိုင်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။