← Chapters

ကျွန်မ ရှင့်ကို ပြောပြစရာရှိတယ်

Vol. 24 Ch. 351

ကျွန်မ ရှင့်ကို ပြောပြစရာရှိတယ်

Vol. 24 Ch. 351

အမှန်တကယ်တွင်လည်း စူးချင်း၏အတွေးများ မှန်ကန်နေခဲ့ပြီး ကျိ‌ရွှေရှန့်တစ်ယောက် တာ့ထန်သို့လာရာလမ်းတွင် မတော်တဆမှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။

သူ ‌တာ့ချန်သို့ မရောက်မီတွင် မင်းသမီးယဲ့လွီဆိုင့်ယာက တာ့ချန်ဘက်မှ မြင်းစီးကာ သူ့ရှိနေသည့်ဘက်ဆီသို့ အပြေးအလွှား ခရီးနှင်လာသည်ကို သူ တွေ့လိုက်ရသည်။

သူမ ငိုနေပုံရပြီး သူမက မြင်းကို ကြာပွတ်ဖြင့် အားကုန် ရိုက်လိုက်သော‌ကြောင့် သူမအောက်မှ မြင်းက နာကျင်စွာ အော်ဟစ်ရင်း အရှိန်ထပ်တင်ကာ ပြေးလွှားနေပြန်သည်။ နှင်းများက ထူးထပ်လွန်းနေပြီး မြင်းက အလွန် မြန်မြန်ဆန်ဆန် ပြေးနေသောကြောင့် နောက်ဆုံးတွင် မြင်းက ခြေချော်သွားပုံရပြီး လဲကျသွားကာ မင်းသမီးယဲ့လွီဆိုင့်ယာကိုလည်း သူ့ကိုယ်ပေါ်မှ ခါချပစ်လိုက်သည်။

ကျိ‌ရွှေရှန့်က မင်းသမီးယဲ့လွီဆိုင့်ယာ လေထဲသို့ မြှောက်တက်သွားပြီး တောင်ကုန်းတစ်ခုပေါ်သို့ ပြန်ပြုတ်ကျသွားကာ နှင်းများထဲသို့ လှိမ့်ဆင်းသွားရင်း ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။

ကျိ‌ရွှေရှန့်က အခြားသူများ၏ကိစ္စများအား ဝင်ရောက်စွက်ဖက်လိုခြင်း မရှိသောကြောင့် သူ့မြင်းပေါ်မှပင် မဆင်းခဲ့သော်လည်း သူမနောက်သို့ အပြေးအလွှား ထပ်လိုက်လာကြသည့် နန်းတွင်းအစေခံများက သူ့ကို မြင်သွားပြီး မထွက်ခွာရန် တားမြစ်ခဲ့ကြသည်။ သူတို့က မြေကြီးပေါ်မှာ ဒူးထောက်နေကြပြီး သူတို့၏မင်းသမီးကို ကယ်တင်ပေးရန် တောင်းပန်နေကြသည်။

ကျိ‌ရွှေရှန့်ဘက်ကလည်း မင်းသမီးယဲ့လွီဆိုင့်ယာကို ကယ်သင့် မကယ်သင့် လွန်ဆွဲနေခဲ့သည်။

သူ အနာဂတ်မှာ ကြီးကျယ်တဲ့အရာတွေကို လိုချင်ရင် သူ တာ့ထန်ပြည်ထောင်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ရမယ်။ မဟုတ်ရင် သူက သူ့တပ်တွေကို ဦးဆောင်ပြီး မြို့တော်ကို ဝင်တိုက်နေတဲ့အချိန် တာ့ထန်ပြည်ထောင်က အနောက်ကနေ သူတို့ရဲ့နယ်မြေတွေကို ဝင်သိမ်းပိုက်ရင် အားလုံးဒုက္ခဖြစ်သွားလိမ့်မယ်။

ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ချင်ရင် ဒီထိန်းမနိုင်သိမ်းမရ သောင်းကျန်းလွန်းတဲ့ မင်းသမီးကို ကယ်တင်ရတော့မယ်။ ဒီလိုမှမဟုတ်ရင် သူ့က သူတို့ကို ကူညီဖို့ ငြင်းဆန်တဲ့အကြောင်း ဒီနန်းတွင်းအစေခံတွေက ဧကရာဇ်ကို သွားပြန်ပြောကြလိမ့်မယ်။

နောက်ဆုံးတွင် ကျိ‌ရွှေရှန့်က မင်းသမီးယဲ့လွီဆိုင့်ယာကို ကယ်တင်ပေးရန် တွန်းအားပေးခြင်းခံခဲ့ရသည်။ ထိုမင်းသမီး နှင်းများကြားထဲသို့ ပြုတ်ကျသွားသည်ဟု သူ ထင်ထားခဲ့သော်လည်း အောက်တွင် ကြီးမားသော အက်ကြောင်းတစ်ခု ရှိနေမည်ဟုတော့ သူလည်း မမျှော်လင့်ထားခဲ့ပေ။ ယဲ့လွီဆိုင့်ယာက ထိုအက်ကြောင်းထဲသို့ မတော်တဆ ပြုတ်ကျသွားခဲ့သည်။

နန်းတွင်းအစေခံများ အော်ဟစ်ငိုယိုတောင်းပန်မှုများကို ရင်ဆိုင်နေရသော ကျိ‌ရွှေရှန့်က ကြိုးတစ်ချောင်းကို သူ့ခါးတွင် ချည်ကာ အောက်ဆင်းရန်မှတပါး ‌ရွေးချယ်စရာ မရှိတော့ပေ။ သူက ကြိုး၏အခြားတစ်စကို ကျောက်ဆောင်ကြီးတစ်ခုနှင့် ချည်ကာ ယဲ့လွီဆိုင့်ယာကို ကယ်တင်ရန် အက်ကွဲကြောင်းအတွင်းသို့ ဆင်းသွားခဲ့သည်။

ထိုနေရာက မှောင်လွန်းနေပြီး ကျိ‌ရွှေရှန့်က မီးစာတိုင်တစ်ခုကို ထုတ်ကာ မီးထွန်းလိုက်သည်။ မှိန်ဖျော့ဖျော့ဖျော့ အလင်းရောင်ကြောင့် ဤအက်ကြောင်းက မြေအောက်နန်းတော်တစ်ခုဖြစ်ကြောင်း သူ သိလိုက်ရသည်။ သင်္ချိုင်းဂူကြီးက အလွန်ကြီးမားပြီး အဖိုးတန် ပူဇော်ပစ္စည်း အများအပြား ရှိနေသောကြောင့် အထဲတွင် မြှုပ်နှံခံထားရသူက တော်ဝင်မိသားစုမှ လူတစ်ယောက် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်သည်။

ယဲ့လွီဆိုင့်ယာက ပင်မသင်္ချိုင်းထဲသို့ ပြုတ်ကျသွားခဲ့ပြီ ခေါင်းတလားဘေးတွင် လဲကျနေကာ သူမ၏နဖူးတစ်ပြင်လုံး သွေးများ ဖုံးလွှမ်းနေလေသည်။ သူမ၏မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးများကလည်း မှိတ်ကျနေခဲ့သည်။ ကျိ‌ရွှေရှန့်က သူမ သေဆုံးနေမည်ကို စိုးရိမ်သဖြင့် သူမကို အလျင်အမြန် သွားစစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် သူမ သတိလစ်နေရုံမျှသာ ဖြစ်ပြီး အန္တရာယ်မရှိကြောင်း သူ သိလိုက်ရသည်။

သို့သော်လည်း သူမ၏ဘယ်ဘက်လက်က ပျော့တွဲကျနေသောကြောင့် သူ ထပ်စစ်ဆေးလိုက်ရာ သူမ၏လက်မောင်း ကျိုးသွားပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။

ကျိ‌ရွှေရှန့်က သံသယများကို ရှောင်ရှားရန် ယဲ့လွီဆိုင့်ယာကို အပေါ်သို့ တိုက်ရိုက် မသယ်သွားရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့ခါးမှ ကြိုးကို ဖြည်လိုက်ပြီး ထိုကြိုးဖြင့် ယဲ့လွီဆိုင့်ယာကို ချည်နှောင်လိုက်တယ်။ ထို့နောက် ကြိုးကို အားပြုကာ အပေါ်သို့ ပြန်တက်ပြီးမှ ယဲ့လွီဆိုင့်ယာကို အပေါ်မှ ပြန်ဆွဲတင်လိုက်သည်။

"မင်းသမီးလေးကို မြင်းပေါ်တင်ပေးကြပါဦး!"

ကျိ‌ရွှေရှန့်က ယဲ့လွီဆိုင့်ယာကို လုံးဝမထိဘဲ သူမကို မြင်းပေါ်သို့ တင်ပေးရန် နန်းတွင်းအစေခံများအား လှမ်းပြောလိုက်သည်။ သူက သူမကို ကယ်တင်ပေးရုံဖြင့် လုံလောက်နေပြီ ဖြစ်ပြီး သိမ်ဖျင်းသည့်လူအဖြစ် သတ်မှတ်ခံရမည်ကိုတော့ မလိုလားပေ။

သူက စူးချင်းအတွက် သူ့ရဲ့နူးညံ့သိမ်မွေ့မှုတွေနဲ့ သည်းခံမှုတွေ အားလုံး ပေးထားခဲ့ပြီးပြီ။ သူမှာ ယဲ့လွီဆိုင့်ယာကို သနားကြင်နာတာမျိုး မလုပ်ချင်ပဲ သူမနဲ့ ဝေးဝေးပဲ နေချင်တယ်။ အခုတောင် သူက ဘယ်မှာမှန်း မသိတဲ့ ဇနီးလောင်းကြောင့် စူးချင်းကို ဒေါသထွက်စေခဲ့ပြီး သူမက သူ့ကို ထားရစ်ခဲ့တယ်။

တကယ်လို့ သူ့သာ ယဲ့လွီဆိုင့်ယာနဲ့ပတ်သတ်ပြီး အတင်းအဖျင်းတွေ အပြောခံရရင် စူးချင်းက သူ့ဆီကို တစ်သက်လုံး ပြန်လာတော့မှာ မဟုတ်ဘူး။

စူးချင်းသာ ကျိ‌ရွှေရှန့်က အလွန်ဖြူစင်ပြီး သူမကို ချစ်မြတ်နိုးလွန်းသောကြောင့် အလှလေးကိုပင် မတုန်မလှုပ် ဆက်ဆံနေကြောင်း သိနိုင်ခဲ့ပါက သူမက သူ့ကို အနမ်းများဖြင့် ဆုချပေလိမ့်မည်။

နန်းတွင်းအစေခံများက ကျိ‌ရွှေရှန့်၏အေးစက်သော သဘောထားကို မကျေမနပ် ဖြစ်နေကြသော်လည်း သူက သူမတို့၏မင်းသမီးကို ကယ်ဆယ်ပေးခဲ့သောကြောင့် အခြားဘာမျှ ထပ်မပြောနိုင်ကြတော့ပေ။ သူမတို့ထဲမှ အချို့က ယဲ့လွီဆိုင့်ယာကို မြင်းပေါ်သို့ တင်ရန် အပြင်းအထန် အားထုတ်ကြိုးပမ်းနေကြသည်။

ယဲ့လွီဆိုင့်ယာက သတိလစ်နေသည့်အတွက် မြင်းပေါ်တွင်လိုက်ပါနေခြင်းက သူမအတွက် အန္တရာယ်ရှိနေဆဲဖြစ်သည်။ နန်းတွင်းအစေခံများက ကျိ‌ရွှေရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်ကြပြီး သူက ကျောက်ဆောင်တွင် ချည်ထားသည့်ကြိုးကို ပြန်ဖြုတ်နေကြောင်း သူမတို့ တွေ့လိုက်ရသည်။ သူက သူမတို့ကိုပင် မကြည့်ဘဲ ပြန်ထွက်သွားတော့မည်ကို မြင်လိုက်ရသောကြောင့် "လူကြီးမင်း၊ ကျွန်မတို့ကို ကြိုးငှားပေးပါဦး"

နန်းတွင်းအစေခံတစ်ယောက်က သူမ၏သတ္တိကို စုစည်းလိုက်ပြီး ကျိရွှေရှန့်ထံမှ ကြိုးလာငှားခဲ့သည်။

ကျိရွှေရှန့်ကလည်း စူးချင်း ပြုလုပ်ပေးထားခဲ့သည့် ဤကြိုးအား မည်သူကိုမျှ ပေးမသုံးချင်ခဲ့ပေ။

“မင်းတို့ထဲက တစ်ယောက်က မင်းသမီးနဲ့အတူ မြင်းစီးပြီး မင်းသမီးကို ခါးပတ်ကြိုးနဲ့ တွဲချည်ထားလို့ ရတယ်"

ကျိ‌ရွှေရှန့်က သူတို့ကို လုံးဝ ကြိုးမငှားဘဲ သူ့ကြိုးကို မြင်းကုန်းနှီး၏နောက်တွင် ပြန်ချည်ပြီး ထွက်သွားရန် ပြန်လိုက်သည်။ သူက နန်းတွင်းအစေခံများကို လက်ခုပ်အုပ် နှုတ်ဆတ်လိုက်သည်။

“ဒီလူက မင်းတို့ရဲ့မင်းသမီးကို ကယ်တင်ပေးပြီးပြီ။ ကျုပ်မှာ လုပ်စရာတွေ ရှိသေးတယ် ဆိုတော့ ကျုပ်ကို ခွင့်ပြုပါဦး"

“တာ့ချန်မှာ ပထမမင်းသားရဲ့အကြွင်းအကျန်တွေ ရှိနေသေးပါတယ်။ လူကြီးမင်းက မင်းသမီးရဲ့ လုံခြုံရေးကို စဥ်းစားပေးပြီး ကျွန်မတို့ကို ကာကွယ်ပေးပါဦး”

ကောင်းပြီ၊ နောက်ဆုံးတော့ သူကို ဆက်ပြီး အားကိုးချင်နေကြတုန်းပဲ။

ကျိ‌ရွှေရှန့်၏မျက်နှာတွင် စိတ်မရှည်မှုများ ပြည့်နှက်လာပြီး ယဲ့လွီဆိုင့်ယာက ကပ်ဘေးနတ်ဘုရားဖြစ်သည်ဟု သူ ခံစားလာရသည်။

သူမက ရမ်းကားပြီးရင်း ရမ်ကားလွန်းတယ်။ သူမရဲ့မယ်တော်နဲ့ ဒုတိယအစ်ကိုက အာဏာဆုံးရှုံးခဲ့ရတာတောင် သူမက သူမကိုယ်သူမ ဘယ်လို ထိန်းထိန်းသိမ်းသိမ်း နေရမယ်ဆိုတာကို မသိသေးဘူး။

အကြီးဆုံးမင်းသားရဲ့လူတွေက သူမကို လုပ်ကြံချင်နေတာကို သိနေရက်နဲ့ သူမက ဘာကြောင့် မပြင်ကို ပြေးထွက်လာရသေးတာလဲ?

နောက်ဆုံးတွင် ကျိ‌ရွှေရှန့်လည်း သူမတို့နောက်မှ ဖြည်းညှင်းစွာ လိုက်သွားရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ သို့သော်လည်း ခရီးဆက်နေလေလေ၊ သူ စိတ်အနှောက်အယှက်ဖြစ်လေလေ ဖြစ်နေခဲ့သည်။

မိုးလင်းမှ နေဝင်ရီတရောအထိ ခရီးဆက်ခဲ့ကြပြီး နောက်ဆုံးတွင် တာ့ချန်သို့ ရောက်လာခဲ့ကြသည်။ ထိုအချိန်တွင် မင်းသမီးက ပြန်သတိရလာပြီး ကျိ‌ရွှေရှန့် သူမကို ကယ်တင်လိုက်ကြောင်း သိသွားသည်အခါ ငိုနေရင်းဖြင့် ကျိ‌ရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။

ကျိ‌ရွှေရှန့်ကတော့ အနားသို့ပင် တိုးမသွားဘဲ မြင်းပေါ်တွင် ထိုင်နေလျှက်သားဖြင့် အေးတိအေးစက် ပြန်နှုတ်ဆက်လိုက်သည်။

"မင်းသမီး၊ တစ်ခုခု အမိန့်ပေးစရာရှိလို့လား?"

“ကျေးဇူးပြုပြီး ကျွန်မကို နန်းတော်ထဲအထိ ပြန်လိုက်ပို့ပေးပါ။ ညဘက်ဆိုတော့ လမ်းခရီးက မလုံခြုံဘူး”

ခပ်ဝေးဝေးမှ မြင်နေရသော ကျိ‌ရွှေရှန့်၏ အသွင်အပြင်ကို ကြည့်နေရင်း ယဲ့လွီဆိုင့်ယာက အလွန်ဝမ်းနည်းနေခဲ့သည်။ သို့သော်လည်း နန်းတော်သို့ ပြန်ရောက်လျှင် သူမ ကြုံတွေ့ရမည့်အရာကို တွေးကာ ကျိ‌ရွှေရှန့်ကို ပြန်လိုက်ပို့ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

“ကောင်းပါပြီ”

ကျိ‌ရွှေရှန့်ကတော့ အားကိုးရာမဲ့နေပြီး ဗုဒ္ဓကို အနောက်အရပ်သို့ ပို့ပေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ဘာပဲဖြစ်ဖြစ် သူလည်း တာ့ထန်ကို ရောက်နေပြီလေ။ သူမကို နန်းတော်ထဲ လိုက်ပို့ပေးလိုက်ရင် ဧကရာဇ်အိုကြီးက သူ့ကို ကျေးဇူးဆပ်ပြန်ဆပ်နိုင်သေးတယ်။

သူတို့ကြားက ကျေးဇူးကြွေးတွေ ပိုများလေလေ နောင်မှာ နယ်စပ်ဒေသရဲ့တည်ငြိမ်ရေးအတွက် ပိုအကျိုးရှိလေလေပဲ။

ကျိ‌ရွှေရှန့်က သဘောတူလိုက်သည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီဆိုင့်ယာက သူမ၏ဒဏ်ရာများကို လျစ်လျူရှုပြီး ကျိ‌ရွှေရှန့်ကို ပြုံးပြလိုက်သည်။ ကံမကောင်းစွာဖြင့် ကျိ‌ရွှေရှန့်ကတော့ သူမကိုပင် ကြည့်မ‌နေခဲ့ပေ။

ကျိ‌ရွှေရှန့်က ယဲ့လွီဆိုင့်ယာကို နန်းတော်သို့ လိုက်ပို့ပေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်း ဧကရာဇ်က သူ့သမီး၏အသက်ကို ကယ်တင်ပေးခဲ့ခြင်းအတွက် ကျိ‌ရွှေရှန့်ကို အလွန်ကျေးဇူးတင်နေခဲ့ပြီး သူ့ကို ဧည့်ခံရန် စားသောက်ပွဲတစ်ခုကျင်းပရန်ပင် တောင်းဆိုခဲ့သည်။

သူ၏ကယ်တင်ခြင်းက အချည်းနှီးမဖြစ်ခဲ့ဘဲ ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်ကို ရွှေလျန်တစ်ရာဖြင့် ဆုချီးမြှင့်ခဲ့ပြီး မော့ချန်၏စစ်ရေးအသုံးစရိတ်လည်း သိသိသာသာ တိုးလာခဲ့သည်။

စားသောက်ပြီးနောက်တွင် ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်အား အပြင်ဘက်မှ တည်းခိုဆောင်တွင် မနေစေချင်ခဲ့ပေ။ သူက ကျိ‌ရွှေရှန့်အား ဧည့်သည်တော်များအတွက် ပြင်ဆင်ထားသည့် တဲနန်းသို့ ခေါ်သွားပေးရန် မိန်းမစိုးတစ်ယောက်အား အမိန့်ပေးလိုက်သည်။ သူက ထိုတဲနန်းတွင် တစ်ညတာ ညအိပ်ခစားရန် အစေခံတစ်ယောက် လွှတ်ပေးရမလားဟုပင် လေးလေးနက်နက် တွေးနေသေးသည်။

ဧကရာဇ်အိုကြီးက ဧည့်သည်တော်များအား ဧည့်ခံပေးရသည့်နည်းလမ်းများကို အသားကျနေပြီ ဖြစ်သည်။ အများအားဖြင့် တိုင်းတပါးမှ သံတမန်များ ရောက်လာလျှင် သူတို့နှင့် အတူနေပေးရန် မိန်းကလေးများကို တောင်းဆိုတတ်ကြသည်။ နောက်ဆုံးတွင် ကျိ‌ရွှေရှန့်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပြီး ဧကရာဇ်မင်းကြီး၏ သူ့အပေါ် အထင်ကြီးလေးစားမှုကလည်း ထပ်တိုးလာခဲ့သည်။

သူတို့ စားသောက်ရင်း စကားစမြည်ပြောနေချိန်တွင် ဤလူငယ်လေးက စာပေရော သိုင်းပညာပါ ကျွမ်းကျင်သည့်အပြင် ကဏ္ဍပေါင်းစုံတွင် ထူးချွန်သည်ဟု သူ ခံစားခဲ့ရသည်။ ထို့အပြင် သူ့၏မျက်ခုံးများကြားမှ မောက်မာမှုများလည်း လျှော့တွက်၍ မရနိုင်လောက်သည့် အရှိန်အဝါတစ်ခု ရှိနေခဲ့သည်။ ဤလူက အချိန်တစ်ခုအတွင်း ကောင်းကင်သို့ ပျံတက်သွားပေလိမ့်မည်။

ယခုအချိန်တွင် တာ့ရှားပြည်ထောင်က ပရမ်းပတာဖြစ်နေပြီး ဧကရာဇ်နှင့် ဝန်ကြီးချုပ်ဝမ်တို့၏ တိုက်ပွဲက အမြင့်ဆုံး တောက်လောင်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နေရာတိုင်းတွင် ပုန်ကန်မှုများ ရှိနေခဲ့ပြီး ဟူလူမျိူးများက မြို့သုံးမြို့ကို သိမ်းပိုက်ထားပြီးဖြစ်ကာ ရည်မှန်းချက်နှင့် စွမ်းရည်ရှိသော အခြားတိုင်းပြည်များကလည်း တာ့ရှားပြည်ထောင်ကို ဆန့်ကျင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

စစ်သူကြီးရှောင်းဟမ် သက်ရှိထင်ရှား ရှိနေခဲ့စဥ် ကြီးကျယ်ခမ်းနားခဲ့သည့် တာ့ရှားပြည်ထောင်၏ ငြိမ်းချမ်းမှုများနှင့် သာယာဝပြောမှုများအားလုံး ဆုံးရှုံးသွားခဲ့သည်မှာ ကာလအတော်ကြာနေပြီ ဖြစ်သည်။ ယခုအခါ တာ့ရှားပြည်ထောင်က အပေါက်များ အပြည့် ဖုံးလွှမ်းနေပြီး ပြိုကျလုနီးဖြစ်နေလေသည်။

တာ့ထန်ဧကရာဇ်သည်လည်း ရည်မှန်းချက်မရှိသော ဧကရာဇ်တစ်ပါး မဟုတ်ပေ။ ရှောင်းမိသားစုစစ်တပ် တည်ရှိနေသရွေ့ သူက တာ့ရှားပြည်ထောင်ကို ဘယ်တော့မှ ကျူးကျော်မည် မဟုတ်ဟု အရှေ့ဘက်မှ ထွန်းသစ်စ နေမင်းကို မျက်နှာမူကာ ရှောင်းဟမ်၏ရှေ့တွင် တိုင်တည်ခဲ့သည်။

ဤကျိန်ဆိုချက်က ဧကရာဇ်အိုကြီးက တာ့ထန်၏ ပရမ်းပတာအခြေအနေအပေါ် အခွင့်ကောင်းမယူနိုင်ခဲ့ပေ။ သို့သော်လည်း သူက သူ့၏သားအကြီးဆုံး မော့ချန်နှင့် ကျင့်ရှီလျိုမြောင်အား တိုက်ခိုက်ရန် ရည်ရွယ်နေသည်ကို မျက်ကွယ်ပြုပေးထားခဲ့သည်။

ကျိ‌ရွှေရှန့်နှင့် စကားစမြည် ပြောနေစဉ်တွင် ဧကရာဇ်အိုကြီးက ကျိ‌ရွှေရှန့်၏မျက်လုံးများထဲမှ ကမ္ဘာကြီးကို အုပ်စိုးလိုသည့် ရည်မှန်းချက်ကို မြင်တွေ့နိုင်ခဲ့သည်။ သူ့အ‌ရှေ့တွင် စစ်သူကြီးရှောင်းဟမ် လာရပ်နေသလို မြင်ယောင်မိစေသည့် အခိုက်အတန့်များပင် ရှိနေခဲ့သေးသည်။

ယခင်က သူ ကျိရှောင်ယင်ကို ယဲ့လွီချွမ်း၏ ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခွင့်ပေးခဲ့ခြင်းအတွက် အနည်းငယ် နောင်တရခဲ့ဖူးသည်။ သို့သော် ကျိ‌ရွှေရှန့်နှင့် စကားပြောပြီးနောက် ဧကရာဇ်အိုကြီးက သူ့သားတော်၏ဆုံးဖြတ်ချက် မဆိုးရွားကြောင်း ခံစားလာခဲ့ရသည်။ ထိုသို့သော အစွမ်းထွက်လွန်းသည့် ယောက်မတစ်ယောက် ရှိနေခြင်းက သူ့သားတော်ကို မထိခိုက်စေဘဲ အကူအညီဖြစ်လာပေလိမ့်မည်။

ကျိ‌ရွှေရှန့်က မိန်းမစိုးနှင့်အတူ တဲနန်းကြီးတစ်ခုဆီသို့ လိုက်ပါသွားခဲ့သည်။ မိန်းမစိုးက သူ့အတွက် ရေနွေး ယူလာပေးပြီး ကျိ‌ရွှေရှန့်က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ထိုမိန်းမစိုး ပြန်ထွက်သွားပြီးနောက် သူက တဲနန်း၏တံခါးကို အတွင်းမှ မင်းတုန်းထိုးထားလိုက်သည်။ ထို့နောက်မှသာ သူက သူ့အဝတ်အစားများကို ချွတ်ပြီး ရေချိုးရန် ရေချိုးကန်ထဲသို့ ဝင်သွားခဲ့သည်။

သူက သူ့လက်များကို ရေချိုးစည်ဘေးတွင် တင်တားပြီး သူ့ခေါင်းကို နောက်သို့ အနည်းငယ်မှီကာ ပျင်းရိဟန်ဖြင့် အနားယူနေရင်း မျက်လုံးများကို မှိတ်ထားကာ သက်တောင့်သက်သာ ရေစိမ်နေခဲ့သည်။

သူ့စိတ်ထဲတွင် စူးချင်းနှင့် သူ နောက်ထပ် အတူလုပ်ကြမည့် ကြီးမားသောအရာများ ပြည့်နှက်နေလေသည်။

"သခင်လေးကျိ၊ ကျွန်မ ဆိုင့်ယာပါ။ ကျွန်မ ရှင့်ကို ပြောစရာ ရှိတယ်"

All Chapters