အချည်းနှီးဖြစ်စေမယ့် အရာကို လုပ်ခဲ့မိတယ်
Vol. 24 Ch. 353
ဧကရာဇ်အိုကြီးက နောက်ဆုံးလျှောက်တင်လွှာကို အတည်ပြုခဲ့ပြီး အနားယူရန် အဆင်သင့်ဖြစ်နေခဲ့သည်။ ကြင်ယာတော်လီက ဧကရာဇ်မင်းမြတ်၏အဝတ်အစားများကို ကူညီဖယ်ရှားပေးခဲ့ပြီး ဧကရာဇ်မင်းမြတ်၏ မောပန်းနွမ်းနယ်မှု သက်သာစေရန် ဧကရာဇ်မင်းမြတ် ရေချိုးဖို့ ရေနွေးပြင်ဆင်ပေးထားရန် နန်းတွင်းအစေခံများအား ညွှန်ကြားလိုက်သည်။
ကြင်ယာတော်လီ ဤနှစ်များအတွင်း ဒုက္ခရောက်ခဲ့ရသည်ကို သိရှိပြီးကတည်းက ဧကရာဇ်ကြီးက သူမကို ပို၍ သနားလာခဲ့ပြီး သူ ပို၍ အပြစ်မကင်းသလို ခံစားခဲ့ရသည်။ သူက အခြားမောင်းမမိဿံများကို ထပ်မရှာတော့ဘဲ ကြင်ယာတော်လီနှင့်အတူ သူ့ဘဝ ဆုံးခန်းတိုင်သည်အထိ နေထိုင်ရန် ဆုံးဖြတ်ထားခဲ့သည်။
"လီဖေး၊ မင်းက ကျန်းအတွက် မင်းသားကောင်းတစ်ပါး မွေးပေးနိုင်ခဲ့တယ်"
ဧကရာဇ်အိုကြီးက ကြင်ယာတော်လီ၏လက်ကို ဆုပ်ကိုင်ထားရင်း သက်ပြင်းချနေခဲ့သည်။
သူ့သားသုံးယောက်ထဲက နှစ်ယောက်က မျှော်လင့်ချက်တွေ ကြီးမားလွန်းပြီး တာ့ထန်ပြည်ထောင်ကို ဖျက်ဆီးလုနီးပါးဖြစ်ခဲ့တယ်။ သူတောင်မှ သူ့သားနှစ်ယောက်ရဲ့ လက်ထဲမှာ သေလုနီးပါးဖြစ်ခဲ့ရတယ်။ တတိယမင်းသားတစ်ပါးတည်းကပဲ တိုင်းပြည်အပေါ် သစ္စာရှိပြီး သူ့အပေါ် သားသမီးဝတ်ကျေပွန်ခဲ့တယ်။ သူရဲ့တတိယသားတော်က တိုင်းပြည်ကို ကပ်ဘေးကနေ ကယ်တင်ပေးရုံသာမက သူရဲ့ရောဂါကို ကုသပေးဖို့ စူးချင်းကိုလည်း အကူအညီ သွားတောင်းခဲ့တယ်။
ဧကရာဇ်အိုကြီးက ဤအရာအားလုံးကို ကြင်ယာတော်လီ ကောင်းမွန်စွာ သွန်သင်ပေးခဲ့သောကြောင့်ဟု သတ်မှတ်ခဲ့သည်။
"ဧကရာဇ်မင်းမြတ်က သားတော်ကို ကောင်းကောင်းသင်ကြားပေးခဲ့လို့ပါ"
ကြင်ယာတော်လီက အခွင့်အရေး မယူခဲ့ပေ။ ဧကရာဇ်မင်းနှင့်အတူ နေထိုင်ရခြင်းက ကျားနှင့်အတူ နေထိုင်ရသည်နှင့်တူညီကြောင်း သူမ နားလည်နေခဲ့သည်။ အအေးနန်းဆောင်၌ ဆယ်နှစ်ကြာနေထိုင်ခဲ့ပြီးနောက် သူမ၏ဧကရာဇ်မင်းမြတ်အပေါ် ထားရှိသော နှလုံးသားက ဗလာသွားခဲ့ပြီး အကြင်လင်မယားကြားမှ ချစ်ခြင်းမေတ္တာမျိုး မရှိတော့ပေ။ ယခု သူမ သူ့ကို ဂရုစိုက်ပေးပြီ အလွန်အမင်း စိတ်ပူပေးနေခြင်းက သူမ၏သား မျက်နှာသာရရန် ကြိုးစားပေးနေခြင်းသာ ဖြစ်သည်။
ဧကရာဇ်မင်းမြတ်က စကားကောင်း ကြားလိုလျှင် သူမက ကောင်းသောစကားကို ပြောပေးနိုင်သည်။
"ဟား ဟား၊ လီဖေးက တကယ့်ကို မွန်မြတ်တဲ့ကြင်ယာတော်တစ်ပါးပဲ။ ဧကရီကို ရာထူးကနေ ဖြုတ်ချခဲ့တာ ရက်တော်တော်ကြာနေပြီဆိုတော့ ကျန်း မင်းကို ဧကရီအဖြစ် အပ်နှင်းဖို့ လက်အောက်ငယ်သားတွေကို ပြောထားပြီးပြီ၊ နေ့ကောင်းရက်မြတ် ရွေးချယ်ဖို့လည်း အမိန့်ပေးထားခဲ့တယ်။
ဧကရာဇ်က အလွန်ဝမ်းမြောက်နေပြီး ကြင်ယာတော်လီအတွက် သတင်းကောင်းကို ပြောပြလာခဲ့သည်။
ကြင်ယာတော်လီကလည်း အလွန်ပျော်ရွှင်နေခဲ့သည်။
တကယ်လို့ သူမ ဧကရီ ဖြစ်လာရင် သူမရဲ့သားတော်က အိမ်ရှေ့စံမင်းသား ဖြစ်လာလိမ့်မယ်။ အဲ့လုဆိုရင် သူမက ဧကရာဇ်အပေါ် ရိုးရိုးသားသားနဲ့ ပိုဂရုစိုက်ပေးနိုင်တယ်။
နှစ်ယောက်သား အိပ်ယာဝင်ခါနီးတွင် ဆံပင်များရှုပ်ပွနေသည့် ယဲ့လွီဆိုင့်ယာက နန်းတော်ထဲသို့ ပြေးဝင်လာခဲ့သည်။ သူမနောက်တွင် တော်ဝင်သက်တော်စောင့်များ ရှိနေသော်လည်း ယဲ့လွီဆိုင့်ယာ မတားနိုင်ကြပုံပေါ်သည်။ သူတို့က သူမကို မတားနိုင်ဘူးလို့ ပြောရမည့်အစား မတားရဲကြဘူးဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။ မင်းသမီးက အရူးတစ်ယောက်လို ဖြစ်နေသောကြောင့် သူတို့ သူမကို လုံးဝ မထိရဲကြပေ။
"ဆိုင့်ယာ... အိန္ဒြေကို ထိန်းစမ်း"
ဧကရာဇ်အိုကြီးက သမီးတော်၏ လျော့ရဲနေသောအဝတ်အစားများနှင့် ရှုပ်ပွနေသော ဆံပင်များကို မြင်သွားပြီး ဒေါသတကြီး မျက်မှောင်ကြုတ်လိုက်သည်။
ယဲ့လွီဆိုင့်ယာက ဂရုမစိုက်ဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်သည်။
"ခမည်းတော်ဧကရာဇ်၊ ခမည်းတော်က ဒီမင်းသမီးအတွက် ရပ်တည်ပေးရမယ်!"
“မင်းတို့ အရင် ထွက်သွားကြ”
ကြင်ယာတော်လီက တစ်ခုခု လွဲချော်နေသည်ကို ရိပ်မိသွားခဲ့ပြီး သက်တော်စောင့်များကို အမြန် ပြန်နှင်ထုတ်လိုက်သည်။
ဧကရာဇ်အိုကြီးက ကြင်ယာတော်လီ၏အကင်းပါးမှုအတွက် ကျေနပ်သွားပြီး သူမကို ခေါင်းညိတ်ပြလိုက်သည်။ ယဲ့လွီဆိုင့်ယာကို ပြန်လှည့်ကြည့်ချိန်တွင်တော့ သူက မျက်မှောင်ကြုတ်သွားပြန်သည်။
"ဘာတွေဖြစ်နေတာလဲ?"
"ခမည်းတော်၊ ကျိရွှေရှန့်က သမီတော်ကို အနိုင်ကျင့်ခဲ့ပါတယ်။ သူက သမီးတော်ရဲ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် သမီးတော်က သူ့ကို ကျေးဇူးတင်ဖို့ သူ့တဲနန်းကို သွားခဲ့ပါတယ်၊ ဒါပေမယ့် သူက… သူက လူမဆန်ဘဲ… သမီးတော်ကို မသင့်တော်တဲ့အရာတစ်ခု ကျူးလွန်ခဲ့ပါတယ်။ ခမည်းတော် ကျေးဇူးပြုပြီး သမီးတော်ကို ကူညီပေးပါဦး၊ သမီးတော် တောင်းပန်ပါတယ်!”
ယဲ့လွီဆိုင့်ယာ၏ မျက်လုံးများက သူမ၏ရူးသွပ်မှုများကြောင့် တောက်ပနေခဲ့သည်။ သူမက ကျိရွှေရှန့်၏တဲနန်းအပြင်ဘက်မှ အစောင့်များကို လာဘ်ထိုးခဲ့ပြီးဖြစ်ကာ သူတို့က သူမအတွက် သက်သေခံပေးမည်ဖြစ်သည်။
သူမ မရနိုင်ရင် ဖျက်ဆီးပစ်လိုက်မယ်။ ပြီးတော့ သူမ မရနိုင်တာတော့ မဟုတ်သေးဘူး။ ကျိရွှေရှန့်က သူမရဲ့အပြစ်ကင်းစင်မှုကို ဖျက်ဆီးလိုက်တာလို့ သူမ ပြောလိုက်တာကြောင့် ခမည်းတော်က သူမတို့ကို လက်ထပ်ခိုင်းမှာ သေချာတယ်။ အဲ့အချိန်ရောက်လာရင် သူမက ဘယ်သူနဲ့မှ တန်းတူဇနီးဖြစ်နေစရာ မလိုတော့ဘူး။ ကျိရွှေရှန့်က သူ့အသက်ကို သူ ကယ်တင်ချင်သေးရင် အဲ့အမျိုးသမီးကို ကွာရှင်းပြီး သူမကို လက်ထပ်ရတော့မှာ သေချာတယ်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ? ကျန်းက သူ့ကို ဧည့်သည်တစ်ယောက်လို သဘောထားခဲ့တယ်။ ကျန်းက သူ့ဆီကို မိန်းခလေးတစ်ယောက် ပေးခဲ့ပေမယ့် သူက မလိုချင်ခဲ့ဘူး။ သူ တကယ်ပဲ မင်းသမီးကို အနိုင်ကျင့်ရဲတယ်ပေါ့”
ဧကရာဇ်အိုကြီး ထံတွင် ဤသမီးတော်တစ်ပါးသာရှိပြီး သူက သူ့သမီးတော်ကို ပုလဲလုံးလေးကဲ့သို့ တန်ဖိုးထားခဲ့သည်။ ဧကရီနှင့် ဒုတိယမင်းသားတို့ ပုန်ကန်ကြသည့်တိုင် ဧကရာဇ်၏ဒေါသက ယဲ့လွီဆိုင့်ယာအပေါ်သို့ မကျရောက်ခဲ့ပေ။ ဤသမီးလေးအပေါ် သူ မည်မျှ အလေးထားသည်ကို လူတိုင်း မြင်နိုင်ကြသည်။
ထို့အပြင် မည်သည့်အမျိုးသမီးက သူမတို့၏ အပြစ်ကင်းစင်မှုကို အသုံးချပြီး အခြားသူများကို ချောက်တွန်းမည်မဟုတ်ပေ။ ယဲ့လွီဆိုင့်ယာက သူ အလွန်ဂုဏ်ယူရသည့် သူ့သမီးတော် ဖြစ်ပြီး သူမက သူတို့မြက်ခင်းလွင်ပြင်၏ ရတနာလေး ဖြစ်သည်။ မျိုးနွယ်စုအသီးသီးမှ မင်းညီမင်းသားများက သူမကို လက်ထပ်နိုင်ရန် လက်ထပ်ခွင့်တောင်းခံလေ့ရှိကြပြီး သူမက ကြယ်များဝန်းရံထားသော လမင်းလေးနှင့်တူသည့် မိန်းမပျိုလေးဖြစ်သည်။ သူမက သာမန်လူတစ်ဦးအား ချောက်ချရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။
ထို့ကြောင့် ဧကရာဇ်အိုကြီးက သူ့သမီးတော်ကို ချက်ချင်း ယုံကြည်သွားခဲ့သည်။ သူက ချက်ချင်း ဒေါသထွက်သွားပြီး ကျိရွှေရှန့်ကို သတ်ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"ခမည်းတော်၊ ခမည်းတော် သူ့ကို သတ်လိုက်ရင် သမီးတော်က ဘာဖြစ်သွားမလဲ။ အဲ့ဒါဆို ဒီသမီးတော်မှာ သေဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပါဘူး... ဟင့်...”
သူမ၏အကြံအစည် အောင်မြင်သွားသည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီဆိုင့်ယာ၏မျက်လုံးများက မာနတရားဖြင့် တောက်ပလာခဲ့သော်လည်း ဧကရာဇ်က ကျိရွှေရှန့်အား သတ်ရန် အမိန့်ပေးလိုက်သည်ကို ကြားလိုက်ချိန်တွင် သူမ အလွန်ထိတ်လန့်သွားပြီး အလောတကြီး ငိုချလိုက်သည်။ သူမက ကျိရွှေရှန့်ကို သတ်ချင်နေခြင်း မဟုတ်ပဲ သူ့ကို လက်ထပ်ချင်နေဆဲ ဖြစ်သည်။
ဧကရာဇ်အိုကြီးက အလွန်ဒေါသထွက်နေပြီး စားပွဲကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။ သူက ဘာကိုမှ ဂရုမစိုက်ဘဲ ကျိရွှေရှန့်ကို သတ်ချင်နေသော်လည်း ယဲ့လွီဆိုင့်ယာ၏စကားအရ သူ ကျိရွှေရှန့်ကို သတ်လိုက်လျှင် သူမ အသက်ရှင်တော့မည် မဟုတ်ပေ။
တစ်ဖက်မှ ကြင်ယာတော်လီကလည်း အလွန်စိုးရိမ်နေခဲ့သည်။ ကျိရွှေရှန့်က မင်းသမီးကို ထိုကဲ့သို့ လုပ်လိမ့်မည်ဟု သူမ မယုံနိုင်ပေ။ ထို့အပြင် ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို ချောက်ချရန် ဤကိစ္စကို အသုံးပြုနေသည်ဟုလည်း သူမ မထင်ရက်ပြန်ပေ။ သိုသော်လည်း ယဲ့လွီဆိုင့်ယာ လိမ်ညာနေခြင်းလည်း ဖြစ်နိုင်နေသေးသည်။
ဧကရာဇ်အိုကြီးက ဒေါသအမျက်ထွက်နေပြီး အခြားအသံများကို နားမထောင်ချင်ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမက သူမ၏သံသယများကို ထုတ်ဖော်ဝံ့ခြင်း မရှိပေ။ ကျိရွှေရှန့်၏အသက်ကို ကာကွယ်ပေးနိုင်ရန် မင်းသမီးနှင့် လက်ထပ်ခွင့်ပေးလိုက်ခြင်းက သူမ ကူညီပေးနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သည်။
"ဧကရာဇ်မင်းမြတ်၊ ကျေးဇူးပြုပြီး စိတ်လျှော့ပါ။ မင်းသမီး ပြောတာ မှန်ပါတယ်။ ချန်ချဲ့တို့ ကျိရွှေရှန့်ကို သတ်လိုက်ရင် ဘာတွေဖြစ်လာမလဲ?"
"ဟင်း!"
ဧကရာဇ်အိုကြီးက ဒေါသတကြီးဖြင့် စားပွဲကို လက်ဖဝါးဖြင့် ထပ်ရိုက်လိုက်ပြန်သည်။
ဒါ ပထမဆုံးအကြိမ် သူ စိတ်လျော့ပေးလိုက်ခြင်းပဲ။
ဧကရာဇ်က ကျိရွှေရှန့်ကို သတ်ရန် ရည်ရွယ်ချက် မရှိတော့ကြောင်း နားလည်လိုက်သောကြောင့် ကြင်ယာတော်လီက သက်ပြင်းချကာ ယဲ့လွီဆိုင့်ယာကို နှစ်သိမ့်ပေးရန် သူမဆီသို့ လျောက်သွားလိုက်သည်။
ယဲ့လွီဆိုင့်ယာက ကြင်ယာတော်လီ၏ နှစ်သိမ့်ပေးမှုကို အထင်အမြင် သေးနေခဲ့သည်။ သူမ၏မျက်လုံးထဲတွင် သူမ၏အမေကသာ တရားဝင်ဇနီး ဖြစ်ပြီး ကြင်ယာတော်လီက ကိုယ်လုပ်တော်သာ ဖြစ်သည်။ သူမက မင်းသမီးဖြစ်သောကြောင့် သခင်ဖြစ်ပြီး မောင်းမမိဿံများက သူမတို့၏ကျေးကျွန်များသာ ဖြစ်ကြသည်။
ဧကရီက ထိုစကားများကို သူမ၏သမီးလေးထံ နားသွင်းလေ့ရှိသည်။ ဧကရီ၏မျက်လုံးထဲတွင် ဧကရာဇ်၏မောင်းမမိဿံများအားလုံးက စျေးပေါသည့်သူများ ဖြစ်ပြီး ဧကရာဇ်၏ကစားစရာများထက် ဘာမှ မပိုခဲ့ပေ။
ယခု ဤအကျင့်ပျက်မက သူမမိခင်၏နေရာကို အစားထိုးဝင်ယူလိုက်သောကြောင့် ယဲ့လွီဆိုင့်ယာက ကြင်ယာတော်လီကို အလွန်မုန်းတီးနေခဲ့သည်။ ကြင်ယာတော်လီက ဧကရာဇ် နှစ်သက်စေရန် ဟန်ဆောင်နေသည်ဟု သူမ ခံစားမိသောကြောင့် သူမက ကြင်ယာတော်လီ၏နှစ်သိမ့်မှုကို လက်မခံခဲ့ပေ။
ကြင်ယာတော်လီက ယဲ့လွီဆိုင့်ယာ၏ မလေးမစားလုပ်မှု စိတ်ဆိုးခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မင်းမြတ်က အလုံးစုံကို သိမြင်နိုင်နေပြီး သူမက မင်းသမီးလေးကို ဂရုစိုက်ပေးခဲ့သော်လည်း ယဲ့လွီဆိုင့်ယာကသာ သူမအပေါ် မလေးမစား ပြူမူနေခြင်း ဖြစ်သည်။ ထို့ကြောင် သူမ နောက်ထပ် ဂရုမစိုက်ပေးတော့လျှင်ပင် ဧကရာဇ်က သူမကို အပြစ်ပြောတော့မည် မဟုတ်ပေ။
ဧကရာဇ်က ယဲ့လွီဆိုင့်ယာ ကြင်ယာတော်လီအား တွန်းတိုက်လိုက်ပြီး ပုတ်ခတ်စော်ကားနေသည်ကို မြင်လိုက်သော်လည်း သူ့သမီးတော် စိတ်မကောင်းဖြစ်နေသောကြောင့်ဟု ထင်သွားပြီး သူမကို အပြစ်မတင်ဘဲ နေလိုက်သည်။ ကြင်ယာတော်လီ နစ်နာရသည်ကိုတော့ သူ မြင်လိုက်ပြီး သူမ ကုလားထိုင်ပေါ် ပြန်ထိုင်ရန် ကြင်ယာတော်လီကို နောက်သို့ ပြန်ဆွဲခေါ်လိုက်ပြီး နှစ်သိမ့်ပေးသည့်အနေဖြင့် သူမ၏လက်ကို ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။ ကြင်ယာတော်လီက သူမ အဆင်ပြေကြောင်း ပြသရန် ဧကရာဇ်အိုကြီးကို ညင်ညင်သာသာ ပြုံးပြလိုက်သည်။
ဧကရာဇ်အိုကြီးက ကြင်ယာတော်လီ ပို၍ ဉာဏ်ကောင်းလာသည်ဟု ခံစားမိလိုက်သော်လည်း ယခုအချိန်တွင် ၎င်းကို အာရုံစိုက်နိုင်ရန် အချိန်မရှိသေးပေ။ သူ့သမီးတော်လေး အလွန်အကျွံ ငိုနေသည်ကို မြင်နေရသောကြောင့် ဧကရာဇ်အိုကြီးက အလွန်စိတ်မကောင်းဖြစ်နေပြီး သားရဲကောင် ကျိရွှေရှန့်ကိုသာ ချက်ချင်း သတ်ပစ်ချင်နေခဲ့သည်။
သူက မှုန်မှိုင်းသော မျက်လုံးများဖြင့် နန်းတော်၏ဝင်ပေါက်ကို မှောင်မိုက်စွာ စိုက်ကြည့်နေပြီး "မင်းချင်းတို့ လာကြစမ်း၊ ကျိရွှေရှန့်ကို သွားဖမ်းလာခဲ့"
ဧကရာဇ်အိုကြီးက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကျိရွှေရှန့်ကို ဖမ်းဆီးရန် သူ့၏သက်တော်စောင့်များအား အမိန့်ပေးလိုက်သည်။
ယဲ့လွီဆိုင့်ယာက သူမ၏အကြံအစည် အောင်မြင်သွားကြောင်း နားလည်လိုက်ပြီး ထိုင်ဖုံပေါ်တွင် ဒူးထောက်နေကာ ခေါင်းငုံ့ထားရင်း ရံဖန်ရံခါ ငိုကြွေးနေသော်လည်း ယခုနလောက် ဝမ်းပမ်းတနည်း ငိုမနေတော့ပေ။
ကြင်ယာတော်လီက ယဲ့လွီဆိုင့်ယာကို သံသယဖြင့် ကြည့်နေခဲ့ပြီး ဤအရာများက မရိုးရှင်းကြောင်း သူမ ခံစားလာရသည်။
မကြာခင်မှာပင် နန်းတော်အပြင်ဘက်မှ အစောင့်များက သတင်းပို့လာခဲ့သည်။
"ဧကရာဇ်မင်းမြတ်ကို အစီရင်ခံပါတယ်၊ ကျိရွှေရှန့်ကို ခေါ်လာခဲ့ပါပြီ"
“သူ့ကို ခေါ်လာစမ်း”
ကျိရွှေရှန့် ရောက်လာကြောင်း ကြားလိုက်ချိန်တွင် ဧကရာဇ်၏အမူအရာက ပို၍ပင် မည်းမှောင်သွားခဲ့သည်။ သူ၏အေးစက်သော အသံတွင် ဒေါသရိပ်များ ပြည့်နှက်နေခဲ့သည်။
ကျိရွှေရှန့်၏လက်များကို ကြိုးချည်ထားပြီး သူ့ကို တွန်းထိုးခေါ်ဆောင်လာခဲ့ကြသည်။ ယခင်က သူက ဧကရာဇ်မင်းမြတ်၏ ဧည့်သည်တော် ဖြစ်ခဲ့သော်လည်း ယခုအခါ သူက အကျဉ်းသားတစ်ဦး ဖြစ်လာခဲ့သည်။ အမှန်တကယ်တွင် ကျိရွှေရှန့်လည်း ဒေါသထွက်နေခဲ့သည်။ သို့သော် သူက သူ့ဒေါသကို ပြန်ထိန်းထားခဲပြီး သူ သူ့ဒေါသကို မထိန်းနိုင်လျှင် ထိုသက်တော်စောင့်များက သူ့ကို မည်သို့မျှ ဖမ်းနိုင်ကြမည် မဟုတ်ပေ။
အတွင်းခန်းထဲသို့ ဝင်လာပြီးနောက် သက်တော်စောင့်များက ကျိရွှေရှန့်ကို ဒူးထောက်ရန် ဖိအားပေးနေကြပြီး သူတို့ မည်မျှပင် ပင်ပင်ပန်းပန်း ကြိုးစားနေပါစေကာမူ ကျိရွှေရှန့်က လှုပ်ပင်မလှုပ်ပေ။ ကျိရွှေရှန့်က ဒေါသကြောင့် ပူလောင်နေသည့် မျက်လုံးများဖြင့် ဧကရာဇ်ကို စိုက်ကြည့်လိုက်ပြီး ရှင်းလင်းသော အသံဖြင့် လှမ်းမေးလိုက်သည်။
"ဧကရာဇ်၊ ဘာလို့ ဒီလိုလုပ်နေတာလဲဆိုတာ သိလို့ရမလား?"
ကျိရွှေရှန့်၏ သဘောထားကို မြင်လိုက်ရချိန်တွင် ဧကရာဇ်အိုကြီးက ဒေါသထွက်နေပြီဖြစ်ကာ သူ့၏မေးခွန်းထုတ်သံကို ကြားလိုက်ရသောအခါ ဧကရာဇ်အိုကြီးက သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ သူက စားပွဲကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ ကျိရွှေရှန့်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်ရင်း "မင်းက ကျန်းကို မေးရဲသေးတယ်လား?"
"ကျုပ် မသိဘူး။ ရှင်းရှင်း လင်းလင်း ပြောပါ"
ကျိရွှေရှန့်က လုံးဝ နှိမ်ချခြင်း မရှိတော့ဘဲ ဧကရာဇ်ကိ ပြတ်ပြတ်သားသား ပြန်မေးလိုက်သည်။
သူ ဝင်လာကတည်းက ထိုင်ဖုံပေါ်တွင် ထိုင်ပြီး ငိုနေတဲ့ ယဲ့လွီဆိုင့်ယာကို တွေ့ပြီးနေပြီ၊ သူမက သူ့ဆီမှာ အရှက်ရခဲ့တာကြာင့် ဧကရာဇ်ဆီကို တိုင်တန်းဖို့ ရောက်လာခဲ့တာ ဖြစ်နိုင်တယ်။
ဒါပေမယ့် သူကတော့ သူ မှားတယ်လို့ မထင်ဘူး။ မင်းသမီးတစ်ပါးအနေနဲ့ ကိုယ့်ကိုယ်ကို လေးစားရကောင်းမှန်း မသိတဲ့အတွက် သူများတွေဆီက ကဲ့ရဲ့ခံရတဲ့အတွက် သူများကို အပြစ်မတင်သင့်ဘူး။
ဧကရာဇ်အိုကြီးက အစောင့်များကို နှင်ထုတ်ပြီး သူ့ကိုယ်တိုင် ထိုသားရဲကို ကန်ရန် ကျိရွှေရှန့်ထံသို့ လျှောက်သွားလိုက်သည်။
"မင်းက မင်းသမီးကို စော်ကားခဲ့တယ်။ မင်းက သေဖို့တောင် ထိုက်တန်နေသေးတယ်..."
(T/N: ခေါင်းစဥ်တွေက စောနေသလိုပဲ)