← Chapters

ပိုက်ဆံအိတ် ပျောက်နေတယ်

Vol. 25 Ch. 364

ပိုက်ဆံအိတ် ပျောက်နေတယ်

Vol. 25 Ch. 364

“အိမ်ပြန်ပြီး ဘာတွေ ပျောက်နေလဲ သွားကြည့်မလို့”

ကျိရှောင်ယင်က စူးချင်း ပြောခဲ့သည့်စကားကို ပြန်ပြောပြလိုက်သည်။ ချိုးယုံခန်းက စူးချင်း၏ဥာဏ်ရည်ဥာဏ်သွေးကို ချီးကျူးလိုက်သည်။

"စူးချင်း တွေးတာ မှန်တယ်။ ပိုက်ဆံအတွက် လူသတ်တာလည်း ဖြစ်နိုင်တယ်”

“သွားကြလေ၊ ငါ ဒီမှာ စောင့်နေပေးမယ်"

"ကျေးဇူးတင်ပါတယ်"

စူးချင်းက ချိုးယုံခန်းကို ကြည့်ကာ ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

သူက သူမတို့ အလျင်စလို မဖြစ်ရအောင် မွေးစားအမေရဲ့နာရေးအတွက် အစစအရာရာ စဉ်းစားပေးပြီး ပြင်ဆင်ပေးထားခဲ့တယ်။

ချိုးယုံခန်းက စူးချင်းဆီမှ ကျေးဇူးတင်စကားကို မျှော်လင့်ထားပုံမရဘဲ ခဏလောက် မှင်သက်နေပြီးမှ ခေါင်းယမ်းပြလိုက်သည်။

"ဘာအတွက်လဲ ကျေးဇူးတင်ရမှာလဲ? ဒါက ငါ လုပ်ပေးသင့်တဲ့ ကိစ္စပါ”

စူးချင်းက သူ့ကို ထပ်ကြည့်လိုက်ပြီး တခြားဘာမှ မပြေတော့ပေ။ သူမက ကျိရှောင်ယင်ကို ခေါ်လိုက်ပြီး မွေးစားအမေ၏အိမ်ဆီသို့ အမြန် ထွက်လာခဲ့သည်။

ခြံဝင်းထဲသို့ ဝင်လိုက်ပြီး မှောင်မည်းနေသည့် အိမ်အလွတ်ကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်က ထပ်ငိုနေပြန်သည်။

အရင်တုန်းက အိမ်ပြန်ရောက်ချိန် ဘယ်လောက်ပဲနောက်ကျနေပါစေ၊ သူမတို့အတွက် သူမတို့ရဲ့မွေးစားအမေ ထွန်းပေးထားတဲ့ အလင်းရောင်ကို အမြဲမြင်နေရတယ်။ အခုတော့ သူမတို့အတွက် အလင်းရောင်ချန်ပေးမယ့်သူ မရှိတော့ဘူး၊ ညကြီးသန်းခေါင် သူမ စောင်လွှတ်နေလား ထကြည့်ပြီး စောင်ပြန်ချုံပေးမယ်သူလည်းရှိတော့မှာ မဟုတ်ဘူး။

စူးချင်းလည်း အလွန်ဝမ်းနည်းနေခဲ့သည်။

နေရာတိုင်းမှာ မွေးစားအမေရဲ့ အရိပ်တွေ ရှိတယ်။ သူမက သူမအခန်းမှာ နေရတာထက် မွေးစားအမေဆီမှာ နေရတာကို ပိုသဘောကျခဲ့ဖူးတယ်။ မွေးစားအမေ မီးရောင်အောက်မှာ အဝတ်ချုပ်နေတာကို ကြည့်နေရာတာကိုက သူမအတွက် နွေးထွေးမှုကို ပေးနိုင်တယ်။ ကြည့်နေရရင်ကို ကြည်နူးနေပြီ။ စကားတစ်​ခွန်းမှ မ​ပြောကြရင်တောင်​ နှလုံးသားက​ နွေး​ထွေးမှုကို ခံစားနိုင်သေးတယ်​။

အခုတော့ အေးစက်နေတဲ့ မီးဖိုနဲ့ အိုးကြီးပဲ ရှိတော့တယ်။ သူမ ‘ဗိုက်ဆာနေလား?’ 'အေးနေလား?' လို့ ဘယ်သူက လာမေးတော့မှာလဲ?

သို့သော်လည်း စူးချင်းက အသက်ကို ပြင်းပြင်းရှူနေရင်း သူမ၏မျက်ရည်များကို ထိန်းထားခဲ့သည်။

အခုက ငိုရမယ့်အချိန် မဟုတ်တော့ဘူး။ မွေးစားအမေအတွက် လက်စားချေနိုင်ဖို့က အရေးအကြီးဆုံးပဲ။

"ရှောင်ယင်၊ ပိုက်ဆံတွေ ပျောက်နေလား သွားကြည့်လိုက်ဦး"

စူးချင်းက ဆီမီးခွက်ကို မီးညှိလိုက်ပြီး ကျိရှောင်ယင် အလင်းရောင်ရစေရန် ကိုင်ထားပေးလိုက်သည်။

ကျိရှောင်ယင်က အမျိုးသမီးလီ၏ မပြီးဆုံးသေးသော ပန်းထိုးစကို ကိုင်ထားရင်း ငိုနေခဲ့သည်။ ဤအနီရောင်ဝတ်စုံက သူမအတွက် မွေးစာအမေ ပန်းထိုးနေခဲ့ခြင်း ဖြစ်သည်။

"မငိုနဲ့တော့"

စူးချင်းက အေးစက်စွာ ဆူငေါက်လိုက်သည်။ သူမ ကျိရှောင်ယင်အပေါ် ဤမျှ ကြမ်းတမ်းသော လေသံမျိုး တစ်ခါမှ မသုံးဖူးသောကြောင့် ကျိရှောင်ယင်က အလွန်ထိတ်လန့်သွားပြီး အငိုရပ်သွားခဲ့သည်။

"ဘာတွေ ပျောက်နေလဲ သွားကြည့်စမ်း"

စူးချင်းက ခန်ပေါ်သို့ တက်လိုက်ပြီး ကျိရှောင်ယင် စစ်ဆေးနိုင်ရန် ဗီရိုနှစ်လုံးလုံးကို အဆင်သင့် ဆွဲဖွင့်ပေးလိုက်သည်။

ကျိရှောင်ယင်က ထိုနေရာသို့ ရောက်လာပြီး တစ်စုံတစ်ခု ပျောက်ဆုံးသွားခြင်း ရှိ မရှိ စစ်ဆေးရန် ဗီရိုအတွင်းမှ အရာအားလုံးကို ထုတ်ယူလိုက်သည်။

“ဟင့်အင်း၊ ဘာမှ မပျောက်ဘူး”

“ဆက်ရှာကြည့်”

စူးချင်းက အေးတိအေးစက် ထပ်ပြောလိုက်သည်။ သူမက သူမ၏လက်အောက်ငယ်သားများကို ထိုကဲ့သို့ အမိန့်ပေးလေ့ရှိပြီး သူမ၏စကားလုံးများကို တွန့်တိုတတ်ကာ အများကြီး ပြောလေ့မရှိပေ။

စူးချင်းက ကျိရှောင်ယင် ထုတ်ယူနေသည့်အရာများကို လိုက်ကြည့်နေခဲ့ပြီး ငွေနှင့် ကြေးဒင်္ဂါးအနည်းငယ်ကိုသာ တွေ့လိုက်ရသည်။

ကျုံးယုံက ဒီအတောအတွင်း ငွေတွေ အများကြီးရှာနိုင်ခဲ့တာ မဟုတ်ဘူးလား? ဘာလို့ ငွေက နည်းနည်းပဲ ရှိနေရတာလဲ?

"ပိုက်ဆံက ဒါအကုန်ပဲလား?"

စူးချင်းက ကျိရှောင်ယင်ကို ထပ်မေးလိုက်ရာ ကျိရှောင်ယင်က ထိုအချိန်မှ ပြန်မှတ်မိသွားပုံဖြင့် "မွေးစားအမေက ပိုက်ဆံကို ဘူးထဲမှာ အိုးထဲမှာ ဝှက်ထားတာ"

သူမက မီးဖိုချောင်ထဲမှ ဗီဒိုလေးဆီသို့ ပြေးသွားခဲ့သည်။ မွေးစားအမေက ထိုနေရာတွင် ပိုက်ဆံများ ဝှက်နေသည်ကို သူမ မြင်ဖူးခဲ့ပြီး ဘာကြောင့် ထိုနေရာတွင် ပိုက်ဆံ ဝှက်ရသည်ကိုပင် သူမ စပ်စုခဲ့ဖူးသည်။

သူခိုးများ လာလျှင် အတွင်းခန်းထဲမှ ဗီဒိုများကိုသာ ဖောက်ထွင်းမည်ဖြစ်ပြီး ငွေကို ဤနေရာတွင် ဝှက်ထားကြောင်း မည်သူမျှ တွေးမိမည်မဟုတ်ကြောင်း ‌မွေးစားအမေက သူမကို ပြောပြခဲ့ဖူးသည်။

ကျိရှောင်ယင်က သူမ၏‌မွေးစားအမေ ဝှက်ထားသော အိုးတစ်လုံးကို ရှာထုတ်လာခဲ့ပြီး ထိုအချိန်မှပင် သူမ၏ ‌မွေးစားအမေ ပိုက်ဆံထည့်လေ့ရှိသည့် ပိုက်ဆံအိတ် ပျောက်ဆုံးသွားသည်ကို တွေ့လိုက်ရသည်။

"မွေးစားအမေ ပိုက်ဆံတွေ ထည့်ထားတတ်တဲ့ ပိုက်ဆံအိတ် မရှိတော့ဘူး"

ကျိရှောင်ယင်က ခေါင်းမော့လိုက်ပြီး စူးချင်းကို လှမ်းပြောလိုက်သည်။

"အိတ်က ဘယ်လိုပုံစံလဲ? မင်း မှတ်မိလား?"

စူးချင်းက အမုန်းတရား အပြည့်ဖြင့် လက်သီး ဆုပ်ထားလိုက်သည်။

တကယ်ကို ပိုက်ဆံကြောင့် အသတ်ခံရတာပဲ။

"မှတ်မိတယ်၊ မွေးစားအမေရဲ့ပိုက်ဆံအိတ်မှာ သစ်တော်ပွင့်ပုံလေးတွေ ပန်းထိုးထားတယ်၊ အဲ့ဒါက အရမ်းလှတယ်"

ကျိရှောင်ယင်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။

အဲ့ပိုက်ဆံအိတ်ကို မြင်တုန်းက သူမ အရမ်းသဘောကျခဲ့တာကိုတောင် သူမ မှတ်မိနေသေးတယ်။ မွေးစားအမေက သူမအတွက် အသစ်တစ်လုံး ပန်းထိုးပေးမယ်လို့တောင် ပြောခဲ့သေးတယ်။

"ကောင်းပြီ၊ သွားကြရအောင်"

စူးချင်းက ကျိရှောင်ယင်ကို ခေါ်ပြီး ချန်ယွိကို ရှာရန် ထွက်လာခဲ့သည်။ တရားခံရှာဖွေခြင်းက ကျယ်ပြန့်သော လုပ်ငန်းစဥ်တစ်ခုဖြစ်ပြီး လူအင်အား မလုံလောက်ပါက တရားခံများကို သတိပေးလို ဖြစ်သွားပြီး အထောက်အထားများ ဖျက်ဆီးရန် အချိန်ရသွားမည်ကို စိုးရိမ်သည်။

စူးချင်းက တစ်မြို့လုံးရှိ ဒုက္ခသည်များကို ရှာဖွေလိုကြောင်း ကြားလိုက်ရချိန်တွင် ချန်ယွိက သူ့လက်အောက်မှ အဖွဲ့နှစ်ဖွဲ့ကို ချက်ချင်းစေလွှတ်ပေးခဲ့ပြီး ထိုလူများအား စူးချင်း စိတ်ကြိုက် အမိန့်ပေးနိုင်ကြောင်း ပြောလာခဲ့သည်။

စူးချင်းက ကျိ‌ရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို ခေါ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့သည်။ ကျိ‌ရွှေရှန့်တို့နှစ်ယောက်က မော့ချန်မှ ဒုက္ခသည်များ နေထိုင်သည့်နေရာကို ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြသည်။

"ယုံခန်း၊ ဒီကာလမှာ မြို့ထဲဝင်လာတဲ့ ဒုက္ခသည်တွေကို စာရင်းသွင်းခိုင်းထားပြီးပြီလား?"

စူးချင်းက မျက်စိစုံမှိတ် လိုက်မရှာဘဲ ချိုးယုံခန်းကို အရင်ဆုံးမေးလိုက်သည်။

"အင်း၊ သူလျှိုတွေ မော့ချန်ထဲ ခိုးဝင်တာကို တားဆီးဖို့ စာရင်းသွင်းခိုင်းထားတယ်။ မော့ချန်ကို ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေအားလုံး မှတ်ပုံတင်ထားကြပြီး စာရင်းကတော့ ရှင်းရုဟိုင်ရဲ့လက်ထဲမှာပဲ ရှိလိမ့်မယ်"

ချိုးယုံခန်းက စူးချင်းက ဘာကြောင့် စာရင်းကို တောင်းနေမှန်း မသိသော်လည်း သူက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

"ငါ အဲ့စာရင်းကို သွားယူလိုက်မယ်"

ကျိ‌ရွှေရှန့်က ထိုစာရင်းကို ယူရန် ရှင်းရုဟိုင်ကို ချက်ချင်းသွားရှာခဲ့သည်။ ရုံးတော်၏အပြင်ဘက်တွင် မီးရှူးတိုင်များ ထွန်းညှိထားပြီး အားလုံး ငြိမ်သက်နေကြသည်။ စူးချင်းက အေးစက်သောမျက်နှာဖြင့် ရှေ့တွင်ရပ်နေကာ လေက သူမ၏ဆံပင်များဆီသို့ တိုးဝင်နေပြီး သူမ၏ဆံပင်များအောက်မှ သူမ၏မျက်လုံးများက အောက်ခြေမရှိသည့် ရေတွင်းဟောင်းကဲ့သို့ အေးစက်နက်နဲနေလေသည်။ သူမက ပြင်းထန်သော လူသတ်ရောင်ဝါကို ဖြန့်ကျက်ထားပြီး ချန်ယွိ လွှတ်ပေးထားသည့်လူများကလည်း သူမနားသို့ ချဉ်းကပ်ရန် မဝံ့ရဲကြဘဲ သူမ၏အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့ကြသည်။

ဤကဲ့သို့ ကြီးမားသော မြင်ကွင်းကို မြင်ပြီးနောက် ချိုးယုံခန်းက စူးချင်းကို မမေးဘဲမနေနိုင်တော့ပေ။

"မင်း ဘာတွေလုပ်နေတာလဲ?"

"ရှာဖွေရေး"

စူးချင်းက အေးစက်စွာ ပြန်ဖြေလိုက်ပြီး ယခင်ကကဲ့သို့ပင် သူမ၏စကားလုံးများကို ချွေတာနေပြီး အများကြီး မရှင်းပြခဲ့ပေ။

ချိုးယုံခန်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားမိသည်။

ဒီလိုကြီးမားတဲ့ လှုပ်ရှားမှုက မော့ချန်တမြို့လုံးကို ထိတ်လန့်သွားစေမှာ မဟုတ်ဘူးလား?

သူက စူးချင်းကို အလေးအနက် ပြန်ပြောလိုက်သည်။

“ဒီလို ကြီးမားတဲ့ ရှာဖွေမှုက လူတွေကို အထိတ်တလန့် ဖြစ်စေမှာ မဟုတ်ဘူးလား?”

“နှစ်ရက်အတွင်း လူသုံးဦး သေခဲ့တယ်၊ အဲ့တာတောင်မှ လူတွေက အထိတ်တလန့် မဖြစ်ကြသေးဘူးလား?”

စူးချင်းက ချိုးယုံခန်းကို ကြည့်ကာ မေးခွန်းပြန်ထုတ်လိုက်သည်။

သူမရဲ့မွေးစားအမေတောင် သေသွားရသေးတယ်၊ သူမက ဘာလို့ တခြားလူတွေရဲ့ထိတ်လန့်မှုကို ဂရုစိုက်ရမှာလဲ?

"အဲ့တာတော့ ဟုတ်ပါတယ်"

စူးချင်း၏ ထောက်ပြခြင်းကို ခံလိုက်ရသော်လည်း ချိုးယုံခန်းက စိတ်ဆိုးခြင်း မရှိပေ။ စူးချင်း စိတ်အခြေအနေမကောင်းကြောင်း သူ သိနေသည့်အတွက် ခေါင်းညိတ်ပြီး တခြားဘာမှ ထပ်မပြောဘဲ နောက်ပြန်ဆုတ်သွားခဲ့သည်။

"ချင်းအာ၊ ကိုယ် နာမည်စာရင်း ယူလာပြီ"

ကျိ‌ရွှေရှန့်က ရှင်းရူဟိုင်ထံမှ ဒုက္ခသည်စာရင်းကို ရလာခဲ့ပြီး ရှင်းရူဟိုင်ကလည်း ကျိ‌ရွှေရှန့်နောက်မှ လိုက်ပါလာခဲ့သည်။ သူလည်း အလွန်ပင်ပန်းနေပုံရပြီး သူ့မျက်လုံးများပင် သွေးရောင်လွှမ်းနေခဲ့သည်။

ရှင်းရူဟိုင်နှင့် ချိုးယုံခန်းတို့က လွန်ခဲ့သော နှစ်ရက်လုံးလုံး ကောင်းကောင်းမအိပ်ခဲ့ကြရပေ။ ယနေ့ညတွင်ပင် အစည်းအဝေး ရှိနေပြီး ညနက်မှ အိပ်ရာဝင်ခဲ့ကြရသည်။ ကျိ‌ရွှေရှန့် သူကို လာနှိုးချိန်တွင် သူ အိပ်ရာဝင်စဖြစ်ပြီး မအိပ်ပျော်သေးပေ။ မြို့ကို ရှာဖွေမည်ဟု ကြားသောအခါ သူလည်း လိုက်လာခဲ့သည်။

“အဖွဲ့လေးဖွဲ့ ခွဲမယ်။ ကျွန်မ အရှေ့ဘက်ကိုသွားပြီး အဖွဲ့တစ်ဖွဲ့ ခေါ်သွားမယ်၊ အနောက်ဘက်ကို ရွှေရှန့်၊ တောင်ဘက်မှာ လူကြီးမင်းရှင်းနဲ့ ယုံခန်းက မြောက်ဘက်ကို တာဝန်ယူပေးပါ၊ အဖြူရောင်သစ်တော်သီးပွင့်တွေ ပန်းထိုးထားတဲ့ ပိုက်ဆံအိတ်ကို တွေ့အောင် ရှာရမယ်"

စူးချင်းက စာရင်းကို တစ်ချက်ကြည့်လိုက်ရာ ရှင်းရုဟိုင် ပြုလုပ်ထားသည့် အိမ်ထောင်စုစာရင်းက အလွန်အသေးစိတ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူက လူတိုင်း ခတ္တနေထိုင်သည့်နေရာကိုပင် မှတ်တမ်းတင်ထားခဲ့သည်။ သူမတို့ထံတွင် လူ လေးယောက်ရှိသောကြောင့် တစ်ဖွဲ့စီခေါ်သွားပြီး တစ်ပြိုင်နက် ရှာဖွေလျှင် သတင်းပေါက်ကြားမည် မဟုတ်သလို တရားခံလည်း ပုန်းနိုင်မည် မဟုတ်တော့ပေ။

“ကောင်းပြီလေ”

ကျိ‌ရွှေရှန့်က ချက်ချင်း သဘောတူလိုက်ပြီး လူဆယ်ဦးကို မြို့အနောက်ဘက်သို့ ထွက်ခွာရန် အမိန့်ပေးလိုက်သည်။ ရှင်းရုဟိုင်ကလည်း ကန့်ကွက်ခြင်းမရှိဘဲ သူ့၏လူများကို မြို့၏တောင်ဘက်သို့ ချက်ချင်း စေလွှတ်လိုက်သည်။ ချိုးယုံခန်းက သူတို့ ထွက်သွားသည်ကို ကြည့်နေပြီးမှ စစ်သည်ဆယ်ယောက်ကို ခေါ်ဆောင်ကာ မြို့၏မြောက်ဘက်သို့ ထွက်သွားခဲ့သည်။

စူးချင်းက ကျန်စစ်သည်များကို ဦးဆောင်ပြီး မြို့၏အရှေ့ဘက်သို့ ရောက်လာကာ စာရင်းထဲမှ မှတ်တမ်းများအတိုင်း တစ်နေရာချင်း စတင်ရှာဖွေနေခဲ့သည်။ ညနက်သန်းခေါင်တွင် ရုတ်တရက် ရှာဖွေခံလိုက်ရသောကြောင့် ဒုက္ခသည်များက ထိတ်လန့်သွားကြပြီး အချင်းချင်း ပွေ့ဖက်ကာ တုန်ယင်နေကြသည်။

ရှောင်းမိသားစုစစ်တပ်က တိုင်းသူပြည်သားများကို သူတို့၏ သားသမီးများကဲ့သို့ ချစ်ခင်ကြသည်။ သူတို့က စေ့စေ့စပ်စပ် ရှာဖွေနေကြသည့်တိုင် ဒုက္ခသည်များ၏ ပစ္စည်းများကို မပျက်စီးစေခဲ့ပေ။ သို့သော် အခြားသူများကို ရှောင်းတိမ်းရန် အော်ဟစ်သတိပေးခြင်းမျိုးကိုတော့ လုံးဝ ခွင့်မပြုခဲ့ကြပေ။

စူးချင်းက သူမ၏လူများကို ဦးဆောင်ပြီး အရှေ့ဘက်ခြမ်းရှိ ဒုက္ခသည်များ အားလုံးကို ရှာဖွေခဲ့သည်။ သူမ ညဉ့်နက်မှ မိုးလင်းသည်ထိ ရှာဖွေခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပေ။

စူးချင်းက အခြားအဖွဲ့သုံးဖွဲ့ထံမှ သတင်းကို စောင့်ရန် သူမ၏လူများကို ရုံးတော်သို့ ပြန်သွားခွင့် ပြုလိုက်သည်။ သူမ တစ်ညလုံး မအိပ်ခဲ့သောကြောင့် သူမ၏မျက်လုံးများလည်း နီရဲနေခဲ့သည်။ သူမက မြောက်ဘက်မှ တိုက်ခတ်နေသည့် လေပြင်းထဲတွင် ရပ်နေခဲ့ပြီး နံနက်ခင်း၏နှင်းခဲများက သူမ၏ဆံပင်များကို ဖြူဖွေးသွားစေခဲ့သည်။ သို့သော်လည်း သူမက သူမ၏နှုတ်ခမ်းကို တင်းတင်းကျပ်ကျပ် စေ့ပိတ်ထားပြီး သူမ၏အနားသို့ မည်သူမျှကပ်မလာစေနိုင်မည့် ဖိအားတစ်ခုကို ထုတ်လွှတ်ထားခဲ့သည်။

မကြာခင်မှာပင် ရှင်းရူဟိုင်က သူ့အဖွဲ့နှင့်အတူ ပြန်ရောက်လာခဲ့ပြီး စူးချင်းက သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သော်လည်း ရှင်းရူဟိုင်က စိတ်ပျက်လက်ပျက် ခေါင်းခါပြလာခဲ့သည်။

"မတွေ့ခဲ့ဘူး"

စူးချင်းက စိတ်ပျက်လက်ပျက်ဖြင့် အကြည့်ပြန်လွှဲသွားခဲ့သည်။ ကျိရွှေရှန့်က သတင်းကောင်း ပြန်ယူလာရန် မျှော်လင့်နေရင်း စူးချင်းက သူမ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားမိပြန်သည်။

မကြာခင်မှာပင် ချိုးယုံခန်းက သူ့လူများနှင့် ပြန်ရောက်လာခဲ့သည်။ နှစ်ညဆက်တိုက် ကောင်းကောင်း မအိပ်ရသောကြောင့် သူ ပင်ပန်းလွန်းနေပြီး လမ်းပင် ကောင်းကောင်းမလျှောက်နိုင်တော့ပေ။ သူ့မျက်လုံးများက မှိုင်းဝေနေပြီး အမြဲတမ်း နူးညံ့သိမ်မွေ့နေတတ်သည့် လူငယ်လေးက ပထမဆုံးအကြိမ် ညှင်းသိုးသိုး ဖြစ်နေခဲ့သည်။

စူးချင်းက ချိုးယုံခန်း ပြန်‌ရောက်လာသည်ကို မြင်သွားပြီး သူမ၏လက်များကို နောက်ကျောပစ်ထားရင်းမှ တိုးညှင်းသောလေသံဖြင့် လှမ်းမေးလိုက်သည်။

"တွေ့ခဲ့လား?"

All Chapters