← Chapters

ကံကောင်းစေတဲ့ကြယ်ပွင့်လေး

Vol. 26 Ch. 380

ကံကောင်းစေတဲ့ကြယ်ပွင့်လေး

Vol. 26 Ch. 380

“ကျွန်မက ကျွန်မရဲ့ခင်ပွန်းကို ဘယ်မိန်းမနဲ့မှ မျှဝေပေးနိုင်မှာ မဟုတ်ဘူး။ ရှင် ကျွန်မကို လက်ထပ်လိုက်တာနဲ့ ရှင့်မှာ နန်းဆောင်သုံးဆောင်နဲ့ ခြံဝင်းခြောက်ခုအတွက် ကံကြမ္မာ မရှိနိုင်တော့ဘူး၊ ရှင့်ရဲ့မောင်းမဆောင်ထဲမှာ ကျွန်မ တစ်ယောက်ပဲ ရှိရမယ်”

စူးချင်းက ကျိ‌ရွှေရှန့်၏ မျက်လုံးများကို စိုက်ကြည့်နေရင်း စကားလုံးတိုင်းကို လေးလေးနက်နက် ရှင်းရှင်းလင်းလင်း ပြောနေခဲ့သည်။

သူမက သူမရဲ့မျက်လုံးထဲကို ဝင်လာမယ့်သဲတွေကို သည်းခံနိုင်မှာ မဟုတ်ဘူး။ သူမ ကျိ‌ရွှေရှန့်ကို အရမ်းချစ်တယ်ဆိုရင်တောင် သူ ဒီဆက်ဆံရေးကို သစ္စာဖောက်ရဲတာနဲ့ သူ့ကို သူမလက်နဲ့ သူမကိုယ်တိုင်း ဖျက်ဆီးပစ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူး။

ကျိ‌ရွှေရှန့်က စူးချင်းကို ချစ်မြတ်နိုးစွာ စိုက်ကြည့်နေရင်း ပြန်ပြောလာခဲ့သည်။

"ဒီလောကတစ်ခွင်မှာ ကိုယ့်ရဲ့ချင်းအာကသာ အကောင်းဆုံးအမျိုးသမီးပါ။ တခြားမိန်းမတွေက မင်းရဲ့ဖီးနစ်အမွေးတွေနဲ့ ချီလင်ဦးချိုတွေကို နှိုင်းယှဉ်နိုင်ပါ့မလား? ကိုယ့်ဘဝမှာ မင်းရှိနေရင် လုံလောက်ပါပြီ”

စူးချင်း သူ့ကို ယုံကြည်စေရန်အတွက် ကျိ‌ရွှေရှန့်က ကောင်းကင်မှ တောက်ပနေသည့် လမင်းကို မေ့ကြည့်ကာ ကျိန်ဆိုလိုက်သည်။

"ကျွန်တော် ရှောင်းကျဲယွိက အနာဂတ်မှာ ကျွန်တော့်ရဲ့ကိုယ်ပိုင် ဝိသေသလက္ခဏာက ဘယ်လိုပဲဖြစ်နေပါစေ ချင်းအာက အမြဲတမ်း ကျွန်တော့်ရဲ့တစ်ဦးတည်းသောဇနီးဖြစ်ရမယ်လို့ လနတ်ဘုရားမကို တိုင်တည်ပြီး ကတိပေးပါတယ်။ အကယ်၍ ကျွန်တော် ဒီကတိကို ချိုးဖောက်ခဲ့ရင် ဘယ်တော့မှ ပြန်လည်မွေးဖွားခွင့် မရပါစေနဲ့”

"တော်ပြီ၊ ရှင် လာဖြစ်လို့ ဒီလောက် လွယ်လွယ်နဲ့ ကျိန်ဆိုနေရတာလဲ?"

စူးချင်းက ကျိ‌ရွှေရှန့်၏လက်ကို လှမ်းဆွဲကာ အောက်ပြန်ချစေလိုက်သည်။ သူ့၏လက်ဖဝါးကြီးက ကြီးမားကျယ်ပြန့်သည့်အပြင် နွေးထွေးလွန်းလှသည်။ သူ့လက်ဖဝါးပေါ်ရှိ ပါးလွှာသော အသားမာများနှင့် သူမ၏ နူးညံ့ပျော့ပျောင်းသော လက်ဖဝါးတို့ ပွတ်တိုက်မိခြင်းက လျှပ်စစ်စီးကြောင်းများ ပေါက်ကွဲထွက်လာလို ခံစားရစေသည်။

"မင်း ကိုယ့်ကို ယုံကြည်ပေးနိုင်လား?"

ကျိ‌ရွှေရှန့်က သူ့မျက်နှာကို စူးချင်း၏မျက်နှာဆီသို့ ပီတီတီ ချဥ်းကပ်လာသောကြောင့် သူတို့နှစ်ယောက် မရေရာသော အနေအထားဖြင့် အတူတူ ပူးကပ်သွားကြပြန်သည်။ သူ့ချင်းအာ၏ မျက်နှာလေးက အကောင်းမွန်ဆုံး သိုးဆီ သုတ်လိမ်းထားသည့် ထိပ်တန်း ကျောက်စိမ်းကဲ့သို့ ချောမွေ့နေသောကြောင့် ကျိရွှေရှန့်တစ်ယောက် သူမအနားမှ ပြန်ခွာရန် တွန့်ဆုတ်နေမိသည်။ နောက်ဆုံးတွင် ကျိ‌ရွှေရှန့်က သူမ၏ မျက်နှာသေးသေးလေးကို သူ့၏မုတ်ဆိတ်မွှေးများဖြင့် ပွတ်သပ်လိုက်ပြီး သူမ၏ ခါးသေးသေးလေးကို ကြည်ကြည်နူးနူး ပွေ့ဖက်ထားလိုက်သည်။

သူ ကြားဖူးတာက အမျိုးသမီးတစ်ယောက်ရဲ့ခါးက လူသတ်နိုင်တဲ့ဓားတစ်ချောင်းနဲ့ အတူတူပဲတဲ့။ မိန်းမကောင်းတစ်ယောက်ရဲ့ခါးက သေးငယ်သွယ်လျတဲ့အပြင် နူးညံ့မှုတွေလည်း ပြည့်နေတတ်တယ်တဲ့။ အဲ့လို ခါးလေးတွေက နူးညံ့ပျော့ပျောင်းလွန်းပြီး အရိုးမရှိသလို ဖြစ်နေတာကြောင့် တစ်ဖက်လူကို အသက်မရှူနိုင်တဲ့အထိ မှင်သက်သွားစေတယ်လို့ သူ ကြားဖူးသေးတယ်။

စူးချင်း၏ခါးလေးကလည်း သေးသွယ်ပါးလျာနေပြီး နူးညံ့လွန်းလှသည်။ ကျိ‌ရွှေရှန့်က သူမကို ပွေ့ဖက်ထားရင်း သူ့နှလုံးခုန်သံများ မြန်ဆန်လာကာ သူ စိတ်မထိန်းနိုင်တော့ပဲ ချယ်ရီသီးမှည့်လေးကဲ့သို့ နီရဲနေသော သူမ၏နှုတ်ခမ်းလေးကို ညင်ညင်သာသာ နမ်းရှိုက်လိုက်သည်။

စူးချင်းက သူ၏နူးညံ့သောအနမ်းများ ရှောင်တိမ်းချင်းမရှိသလို သူမကိုယ်တိုင်လည်း ထိုနူးညံ့မှုများအတွင်း ပျော်ဝင်နေမိသည်။ ထို့ကြောင့် နှစ်ယောက်သား သတိလက်လွတ်ဖြင့် မီးပုံဘေးတွင် မက်မက်မောမော နမ်းရှိုက်နေမိကြသည်။ လေအေးများ တိုက်ခတ်နေသော်လည်း ချစ်သူနှစ်ယောက်ဦးကတော့ တပ်မက်စိတ်များဖြင့် ပူလောင်နေကာ အေးမှန်းပင် မသိနိုင်ကြတော့ပေ။

ကျိရှောင်ယင်ကတော့ အေးစက်သောည၏ အ‌အေးဒဏ်ကို အပြင်းအထန် ခံစားနေရသည်။ သူမက အေးစက်မှုကြောင့် ရုတ်တရက် လန့်နိုးလာကာ ထထိုင်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း အမှောင်ထုကိုသာ မြင်နေရပြီး သူမ၏အစ်မစူးချင်းကို မတွေ့ရတော့ပေ။ သူမ၏ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေပြီး လေတိုးသံ တရွှီရွှီများကိုသာ ကြားနေရသောကြောင့် သူမ ထိတ်လန့်တုန်လှုပ်သွားပြီး တဲထဲမှ အမြန်ပြေးထွက်လာကာ စူးချင်းကို အသံအုပ်အုပ်ဖြင့် အော်ခေါ်လိုက်သည်။

"အစ်မစူးချင်း၊ အစ်မ ဘယ်သွားနေတာလဲ?"

မီးပုံဘေးတွင် ပြင်းပြင်းထန်ထန် နမ်းရှုံ့နေကြသော လူနှစ်ယောက်က ကမန်းကတန်း လူချင်းခွာလိုက်ကြသည်။ စူးချင်း၏ရင်ဘတ်က တုန်ခါနေပြီး တဟုန်ထိုး မြည်ဟီးနေကာ သူမ၏မျက်နှာလေးက နီရဲနေပြီး သူမ၏မျက်လုံးများတွင် စိမ့်စမ်းရေကဲ့သို့ အရည်ကြည်လေးများ ပြည့်လျှံနေသည်။ ကျိ‌ရွှေရှန့်၏မျက်လုံးများကလည်း ရီဝေနေပြီး သူ့ညီလေးကလည်း နာခံမှု မရှိတော့ပေ။ သူက သူ့ညီမလေး မြင်သွားမည်ကို အလွန် စိုးရိမ်သွားပြီး သူ့ခြေထောက်များကို သေသေချာချာ လိမ်ညှပ်ထားကာ သူ့၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် မီးထဲသို့ ထင်းချောင်းများ ပစ်ချနေလိုက်သည်။

အမှန်တကယ်တွင် ကျိရှောင်ယင်က သူတို့နှစ်ယောက်၏ပူးကပ်နေသော အပြုအမူများကို မမြင်လိုက်ပေ။ သူမက အလွန်ကြောက်လန့်နေသောကြောင့် ဘာကိုမှ သတိမထားမိခဲ့ခြင်း ဖြစ်သည်။ မီးပုံဘေးမှာ ထိုင်နေသည့် လူနှစ်ဦးကို မြင်လိုက်ရချိန်တွင် ကျိရှောင်ယင်က သူတို့ထံသို့ အမြန်ပြေးသွားလိုက်သည်။

"ဦးလေးချွီနဲ့ တခြားသူတွေက ဘယ်လိုများ ဒီလိုနေရာမှာ နေနိုင်ကြတာလဲ?"

ကျိရှောင်ယင်က သူမ၏လက်နှစ်ဖက်ဘက်ကို ကျုံထားရင်း လက်ပိုက်ထားကာ ချွီတာ့နှင့် ကျန်းချန်အတွက် စိတ်မကောင်း ဖြစ်နေပြန်သည်။

"ယောက်ျားသားတွေရဲ့ခန္ဓာကိုယ်က အပူချိန်ပိုမြင့်တယ်လေ၊ အဲ့ဒါကြောင့် သူတို့က အရမ်းအေးတယ်လို့ မခံစားကြရဘူး"

စူးချင်းက ပုံမှန်ပြန်ဖြစ်သွားပြီး ကျိရှောင်ယင်နှင့် အေးအေးဆေးဆေး စကားပြောနိုင်နေပြီ ဖြစ်သည်။

ကျိ‌ရွှေရှန့်က စူးချင်းကို မကျေမနပ် လှမ်းကြည့်လိုက်သည်။

သူက သံချောင်းလို မာနေပေမယ့် သူမက ချက်ချင်း ပြန်တည်ငြိမ်သွားပြီတဲ့လား?

စူးချင်းကလည်း ကျိ‌ရွှေရှန့်၏မကျေမနပ် အကြည့်ကို မြင်သွားပြီး သူမ၏ ပါးစပ်ထောင့်လေးများက ထိန်းမနိုင်သိမ်းမရ တွန့်ကွေးသွားကာ သူမ၏မျက်လုံးများထဲတွင် အပြုံးရိပ်များ ပေါ်လာခဲ့သည်။

"ရှောင်ယင်၊ မင်း အပေါ့အပါး သွားချင်လား? အတူတူ သွားကြရအောင်!"

စူးချင်းက မတ်တပ်ထရပ်ပြီး ကျိရှောင်ယင်ကို ခေါ်ထုတ်သွားကာ ကျိ‌ရွှေရှန့်အတွက် သီးသန့်အချိန် ချန်ထားပေးလိုက်သည်။

နောက်တစ်နေ့တွင် ကျိ‌ရွှေရှန့်က အလုပ်များလာပြီး မနက်တိုင်း အပြင်ထွက်သွားကာ ညဘက်မှ ပြန်ရောက်လာတတ်သည်။

ချွီတာ့ကလည်း လုံခြုံရေးအတွက် စိတ်ပူစရာ မလိုစေရန် သူတို့ ထုလုပ်ပြီးသော လက်နက်များကို ဂူထဲသို့ ရွှေ့ထားလိုက်သည်။

စူးချင်းကလည်း နေ့တိုင်း လက်နက်အသစ်များ ဖန်တီးရန် အလုပ်များနေခဲ့သည်။ သူမက ကွမ်ယွိ၏ ဒဏ္ဍာရီလာလက်နက်ဖြစ်သည့် နဂါးလခြမ်းဓားနှင့် ဝှေ့ယမ်းနိုင်သော သံဆူးလုံးများကဲ့သို့သော မတူညီသည့် လက်နက်တစ်ခုစီချင်းကို ဖန်တီးထုလုပ်နေခဲ့သည်။

သူမ လက်နက်များ ဖန်တီးနေချိန်အတွင်း သူမ၏ ပန်းပဲစွမ်းရည် အဆင့်မြှင့်တင်မှုဘားတန်းက အလွန်လျင်မြန်စွာ ထိုးတက်လာသောကြောင့် မကြာမီအချိန်လေးအတွင်း သူမ၏ပန်းပဲစွမ်းရည်က အဆင့် ၇ သို့ ရောက်သွားပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၅၉ အထိ တိုးလာခဲ့သည်။

အဆင့်နှစ်ဆင့် ဆက်တိုက် မြှင့်တင်နိုင်ပြီးနောက် စူးချင်းက သူမတို့၏တဲအတွင်း နွေးထွေးနေစေရန် စနစ်ထံမှ လျှပ်စစ်အပူပေးတံတစ်ခု တောင်းဆိုလိုက်သည်။ သူမက ၎င်းကို တဲထဲတွင် ထားထားပြီး ညဘက်အိပ်သည့်အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။ သို့သော်လည်း ၎င်းက အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်သော သေးငယ်သော အပူပေးတံလေးသာ ဖြစ်သည်။

သို့တိုင်အောင် ကျိရှောင်ယင်က ထူးဆန်းမှုကို သတိပြုမိသွားသေးသည်။

အရင်တုန်းက အရမ်းအေးနေခဲ့ပြီး ဒီရက်အနည်းငယ်အတွင်းမှာ ဘာလို့ မအေးတော့တာလဲ?

စူးချင်း နောက်ထပ်တောင်းဆိုခဲ့သည့် အခြားဆုက အနက်ရောင်ယမ်းမှုန့် ဖြစ်သည်။ သူမက သံရိုင်းတွင်းကို ဖောက်ခွဲရန် ဖောက်ခွဲရေးပစ္စည်းများကို ပြုလုပ်ခဲ့သည်။ ၎င်းက လိုအပ်သော အတိုင်းအတာတစ်ခုအထိသာ ပြုလုပ်ရန် လိုအပ်ပြီး စံနှုန်းထက် ကျော်လွန်သွားပါက သံရိုင်းတွင်းကြီးတစ်ခုလုံး အလွယ်တကူ ပေါက်ကွဲသွားနိုင်သည်။

ထို့ကြောင့် စူးချင်းက ဖောက်ခွဲရေးပစ္စည်းမျာကို အထုတ်ငယ်လေးများအဖြစ် အများကြီးခွဲကာ ပြုလုပ်ထားခဲ့ပြီး ချွီတာ့နှင့် အခြားသူများကိုခေါ်ကာ သံရိုင်းဆီသို့ ရောက်လာခဲ့သည်။ စူးချင်းက ဖောက်ခွဲရေးပစ္စည်းများကို ကိုင်ကာ သံရိုင်းတွင်းထဲသို့ ဝင်သွားခဲ့ပြီး တချို့နေရာများတွင် ထိုအထုတ်ငယ်လေးများ တစ်ခုစီ ချထားလိုက်သည်။ ထို့နောက် သူမ အပြင်ဘက်သို့ ပြန်ထွက်လာပြီး စနက်တံကို မီးညှိလိုက်သည်။ မီးပွားများက ဂူထဲသို့ ပျံနှံသွားပြီး လူတိုင်း၏မျက်လုံးများက ၎င်းကိုသာ စိုက်ကြည့်နေကြသည်။

စူးချင်းက ဘာတွေ လုပ်နေပြန်တာလဲ?

သူတို့ စူးစမ်းချင်စိတ်ဖြင့် ကြည့်နေစဥ်မှာပင် ဂူထဲမှ ပေါက်ကွဲသံများ ကြားလိုက်ရပြီး သူတို့ခြေဖဝါးအောက်မှ မြေပြင်ပါ တုန်ခါသွားသည်ကို သူတို့ ခံစားလိုက်ရသည်။

ထိုအချိန်တွင် ကျိ‌ရွှေရှန့်က ယန္တရားတစ်ခု တပ်ဆင်နေခဲ့ပြီး မြေပြင်နှင့် တောင်များ လှုပ်ခါသွားသည်ကို သူ ခံစားလိုက်ရသည်။ သူက မြေနဂါးကြီး နောက်တစ်ကြိမ် ပြန်လှည့်သွားသည်ဟု ထင်သွားပြီး စူးချင်းနှင့် ကျိရှောင်ယင်ကို ရှာရန် အမြန် ပြန်ပြေးသွားတော့သည်။

သို့သော်လည်း သူ စခန်းနားသို့ ပြန်ရောက်လာချန်တွင် ဝမ်းသာအားရ အော်ဟစ်နေသည့် အသံများကို ကြားလိုက်ရသည်။

"ဒါက... အရမ်းကောင်းလွန်းတယ်။ ဒီသံရိုင်းတွေနဲ့ဆိုရင် နောက်တစ်လလောက်က သံရိုင်းတူးဖို့ မလိုတော့ဘူး”

"ဟုတ်တယ်... ငါတို့ရဲ့ အင်အားတွေနဲ့ အချိန်ကို အများကြီး သက်သာစေတယ်"

"စူးချင်း မင်းက အံ့သြစရာပဲ"

ထိုအသံများကို ကြားလိုက်ရချိန်တွင် ကျိ‌ရွှေရှန့်က တစ်ခုခုမှားနေပြီဟု ခံစားမိသွားပြီး သူ့၏အရှိန်ကို ပိုမြှင့်လိုက်သည်။ သူ သံရိုင်းတွင်းသို့ ရောက်သွားသည်နှင့်တပြိုင်နက် သူ့ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားရသည်။

ထိုနေရာတွင် သံရိုင်းတုံးများ တောင်ငယ်တစ်ခုကဲ့သို့ စုပုံနေပြီး ချွီတာ့က သူ့လူများကို ဦးဆောင်ကာ သံရိုင်းများကို အဆက်မပြတ် သယ်ယူနေကြသည်။

သံရိုင်းတွေကို တူးရတာ မလွယ်ဘူးလေ။ သူတို့ တစ်နေ့ကို အများကြီး မတူးနိုင်ခဲ့ကြဘူး။ အခု တခါတည်းနဲ့ ဒီလောက်အများကြီး ဘယ်လိုရလာတာလဲ?

ကျိ‌ရွှေရှန့် ပြန်လာသည်ကို မြင်လိုက်ရချိန်တွင် ချွီတာ့က သူ့ကို ဆွဲခေါ်သွားရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"သခင်လေး စူးချင်းက သခင်လေးအတွက် ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ။ သူ(မ) သံရိုင်းတွင်းထဲကို ဘာထည့်လိုက်လဲတော့ မသိဘူး။ ကျယ်လောင်တဲ့ ဆူညံသံတွေကို ကြားလိုက်ရပြီး ဂူထဲကို ဝင်ကြည့်တော့ သံရိုင်းတွေက ဂူကြမ်းပြင်အနှံ့ ပြိုကျနေပြီ။ အခု ခြင်းတောင်းနဲ့ ကောက်ထည့်ပြီး ပြန်သယ်သွားဖို့ပဲ လိုတော့တယ်။ တကယ်ပဲ အင်အားတွေကို ချွေတာနိုင်ခဲ့ပြီ။ ဒီပမာဏက တစ်လလုံးတူးတဲ့ ပမာဏနဲ့အတူတူပဲ”

"ချင်းအာ၊ မင်းက နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်တစ်ခုကို လုပ်နိုင်ခဲ့ပြီပဲ"

ထိုစကားကို ကြားလိုက်ရခြင်းက ကျိ‌ရွှေရှန့်ကိုလည်း အလွန်ဝမ်းသာသွားစေခဲ့သည်။ သူက စူးချင်းဆီသို့ လျှောက်သွားလိုက်ပြီး စိတ်လှုပ်ရှားပျော်ရွှင်မှုများနှင့်အတူ သူမကို ချီးကျူးလိုက်သည်။

စူးချင်းက သူ့ကို ကြည့်နေပြီး ဘာမှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေခဲ့သည်။ သူမ၏အာရုံစူးစိုက်မှုက စနစ်၏ကြေငြာချက်အပေါ်တွင်သာ ရှိနေခဲ့သည်။

[ဂုဏ်ယူပါတယ် Host…. Host ရဲ့ သတ္တုတူးဖော်ခြင်း စွမ်းရည်က သုံးကြိမ်ဆက်တိုက် အဆင့်တက်သွားခဲ့ပြီး သတ္တုတူးဖော်ခြင်းက အဆင့်ငါးအထိ ရောက်သွားပါပြီ၊ စစ်နတ်ဘုရားစွမ်းရည်ကလည်း အဆင့် ၆၂ ကို ရောက်ရှိသွားခဲ့ပါပြီ]

စနစ်၏အသံတွင် မယုံကြည်နိုင်မှုများ ရောပါနေခဲ့သည်။

သူရဲ့Hostက သံရိုင်းတွင်း တူးဖော်ဖို့ လိုအပ်တဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ပြုလုပ်ဖို့ သူဆီက ဆုကြေးဖြစ်တဲ့ အနက်ရောင်ယမ်းမှုန့်ကို အသုံးပြုခဲ့တယ်။ ဒါပေမယ့် ဒါက အခြေခံတောင်းဆိုမှုဆိုတော့ လှည့်စားတယ်လို့ မယူဆနိုင်ဘူး။ ပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေကို သတ္ထုတူးဖော်တဲ့နေရာမှာ သုံးတာကလည်း ခေတ်သစ်မှာ ပုံမှန်ပဲ။

ဒါပေမယ့် ဘာလို့ Host က သူ့ကို ကစားနေတယ်လို့ သူ ခံစားနေရတာလဲ? အဆင့်တက်ဖို့ ဆုလာဘ်ကို အသုံးပြုပြီး အဆင့်တက်လာ‌တော့ အဲ့ဆုကိုပဲ ထပ်တောင်းမှာ သေချာတယ်။

ဒါဆို သူမအတွင် အဆင့်တက်ရတာက ကလေး ကစားသလောက်ကို လွယ်ကူနေတာ မဟုတ်ဘူးလား?

“ငါ့ကို အနက်ရောင်ယမ်းမှုန့် အရင်ပေးထာလိုက်။ နင် နောက်မှ ငါ့ကို အခြားဆုနှစ်ဆု ထပ်ထုတ်ပေးလို့ရတယ်။ ငါ လိုတာကို စဉ်းစားပြီးမှ နင့်ဆီကနေ လာတောင်းတော့မယ်"

စူးချင်းက စနစ်ကို သေချင်ယောင်ဆောင်ခွင့် လုံးဝ မပေးခဲ့ပေ။ သူ တွေးထားသည့်အတိုင်း အနက်ရောင်ယမ်းမှုန့်ကိုသာ ထပ်တောင်းနေပြန်သည်။

သူမ သူမရဲ့သတ္တုတူးဖော်တဲ့ စွမ်းရည်ကို တတ်နိုင်သမျှ အမြန်ဆုံး အဆင့်တက်အောင် ကြိုးစားရမယ်လေ။

“အိုး”

စနစ်က အားမရှိသလို ပြန်ဖြေလိုက်ပြီး အမှန်တကယ် ထိတ်လန့်နေခဲ့သည်။

ဒီ Host က အရမ်းသန်မာလွန်းတယ်။ သူမ မကြာခင် အဆင့် ၁၀၀ ကို ရောက်သွားတော့မှာလား? သူမ အဆင့် ၁၀၀ ကို ရောက်တာနဲ့ သူမရဲ့မူလစစ်နတ်ဘုရားစွမ်းရည်ကို ပြန်ရသွားပြီး သူမ ဆန္ဒရှိတာမှန်သမျှ စိတ်ကြိုက်လုပ်နိုင်တော့မှာ မဟုတ်ဘူးလား?

ထိုအတွေးကပင် စနစ်ကို သူ့၏၏ကျောရိုးအောက်ခြေအထိ အေးစက်သွားသလို ခံစားရစေခဲ့သည်။

ဒီသွေးအေးပြီး အကြင်နာမဲ့တဲ့ Host က ဘာမဆို လုပ်နိုင်စွမ်းရှိတယ်လေ။

စူးချင်းက သံရိုင်းတွင်းတွင် ဆယ်ရက်ကြာနေထိုင်ခဲ့ပြီး သူမ၏ သတ္ထုတူးဖော်ခြင်းစွမ်းရည်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ရန် ကြိုးစားနေခဲ့သည်။ သူမ၏သတ္ထုတူးဖော်ခြင်းစွမ်းရည် အမြင့်ဆုံးသို့ ရောက်သွားချိန်တွင် ပန်းပဲစွမ်းရည်ကလည်း အဆင့် ၇ အထိ မြှင့်တင်လာသောကြောင့် သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို စုစုပေါင်း အဆင့် ၆၈ အထိ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ လက်ရှိတွင် သူမ ဒုံးပျံစီးနေသလို ခံစားနေရသည်။

ဤဆယ်ရက်အတွင်း ကျိ‌ရွှေရှန့်ကလည်း ဘာမှမလုပ် ထိုင်နေခြင်းမျိုး မရှိခဲ့ပေ။ သူက အားလုံး ဘေးကင်းစေရန်အတွက် သံရိုင်းတွင်း၏ပတ်လည်တွင် နောက်ထပ် ထောင်ချောက်သုံးလွှာ ထပ်တပ်ဆင်နေခဲ့သည်။

အချိန်အတော်ကြာအောင် အပြင်ထွက်လာပြီးနောက် သူတို့ ဤနေရာတွင် အမြဲတမ်း နေထိုင်ရန် မဖြစ်နိုင်တော့ပေ။ ကျိ‌ရွှေရှန့် စူးချင်း အသစ်ထုထားသော လက်နက်လှည်း သုံးစီးစာကို သေသေချောချာ ထုပ်ပိုးပြီး စူးချင်းနှင့် ကျိရှောင်ယင်တို့ကို ခေါ်ကာ မော့ချန်သို့ ပြန်လာခဲ့ကြသည်။

သူတို့ မော့ချန်သို့ ပြန်ရောက်လာချိန်တွင် သူတို့ ဝေးကွာနေခဲ့သော ဆယ်ရက်တာအတွင်း မော့ချန်၌ ကြီးကြီးမားမား အဖြစ်အပျက်များ ရှိခဲ့သည်ကို သိလိုက်ရပြန်သည်။

All Chapters