← Chapters

ခွင့်လွှတ်ပေးပါ

Vol. 7 Ch. 633

ခွင့်လွှတ်ပေးပါ

Vol. 7 Ch. 633

ဝူကျိချန်းသည် ချန်းဖန်နှင့် ရဲ့ချင်စန်းတို့ တိုက်ခိုက်စဉ်က ရန်တောင်၌ ရှိနေခဲ့သူ ဖြစ်သည်။ သူသည် ဝူမိသားစု၏ နိမ့်ကျသော အဆင့်အတန်းကြောင့် အဝေးမှသာ ကြည့်ရသော်လည်း မည်ကဲ့သို့ ချန်းဖန်အား မမှတ်မိပဲ နေမည်နည်း။

ထိုအရာကား ချန်းပေ့ရွှမ်း ဖြစ်သည်။ ကမ္ဘာ၏ အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်။

"အစ်ကိုချန်း ... အဲဒီ ခွေးမကို အပြစ်ပေးသင့်တယ်လို့ ကျွန်မ ထင်တယ်"

မော်ဒယ်မလေးက ပြောလိုက်၏။

ရှု့ယုံဖေးသည် နှစ်တိုအတွင်း ရုပ်ရှင်လောက၌ အလွန်အမင်း အောင်မြင်လာသူ ဖြစ်ရာ သူမအား မနာလိုသူများကလည်း မနည်းမနောချေ။

"ဖောင်း ..."

ဝူကျိချန်းက သူမ၏ မျက်နှာအား ဖြတ်ရိုက်လိုက်၏။

"အစ်ကိုချန်း ... ကျွန်မကို ဘာလို့ ရိုက်ရတာလဲ"

သူမက ပါးကို ပွတ်ရင်း မယုံကြည်နိုင်စွာ မေးလိုက်သည်။

"နောက်တစ်ခါ ရှု့ယုံဖေးရဲ့ မကောင်းကြောင်း ထပ်ပြောကြည့် ... ငါနင့်ကို သတ်ပစ်မယ်"

ဝူကျိချန်းက မော်ဒယ်မလေးကို ခြိမ်းခြောက်လိုက်၏။ သို့သော်လည်း သူကိုယ်တိုင်၏ ခြေလက်များမှာ ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်နေခဲ့သည်။

ရှု့ယုံဖေး၏ ချစ်သူက ချန်းပေ့ရွှမ်း ဖြစ်နေမည်ဟု သူတစ်ကြိမ်မျှပင် မတွေးမိချေ။

ဝူကျိချန်းသည် မကြာသေးခင်က ကျင်းပခဲ့သော ချန်းဖန်၏ စေ့စပ်ပွဲကို သိသည့်တိုင် ချန်းဖန်ကဲ့သို့သော ပုဂ္ဂိုလ်၌ မိန်းကလေး တစ်ယောက်မက ရှိခြင်းမှာ မထူးဆန်းကြောင်း နားလည်ထားသည်။

"ရှု့ယုံဖေးမှာ ဒီလို နောက်ခံရှိလိမ့်မယ်လို့ ငါ လုံးဝ မထင်ခဲ့မိဘူး ... ငါ သူနဲ့ အိပ်ဖို့ မကြိုးစားမိတာ ကံကောင်းတာပဲ ... မဟုတ်ရင် ချန်းပေ့ရွှမ်း လက်ချက်နဲ့ ဝူတစ်မျိုးလုံး မျိုးပြုတ်မှာ သေချာတယ်"

ဝူကျိချန်းက ကြောက်ကြောက် လန့်လန့်နှင့် တွေးလိုက်မိသည်။

ရှု့ယုံဖေးသည် ယခုနှစ်ပိုင်း အတွင်း၌ အထွန်းတောက်ဆုံး ကြယ်ပွင့် တစ်ပွင့်ဖြစ်ပြီး "နတ်ဘုရားမလေး" ဟု သတ်မှတ် ခံထားရသူလေး ဖြစ်သည်။

သို့သော်လည်း သူမသည် "ရုပ်ရှင် ကုမ္ပဏီတိုင်း၏ မပြောပဲ သိရမည့် စည်းမျဉ်း" ကို တစ်ခါမျှ လိုက်နာခြင်း မပြုခဲ့ချေ။ အမြဲတမ်း မောက်မာစွာဖြင့် မင်းသမီး တစ်ပါးအလား နေထိုင်ခဲ့သည်။

"သူ့ကိုသာ လီရှင်းရုက ကာကွယ်ပေး မထားရင် ငါသူ့ကို အလုပ်ထုတ်လိုက်တာ ကြာပြီ"

ထိုအရာက ဝူကျိချန်း၏ ဖခင်ကိုယ်တိုင် ပြောခဲ့သော စကားဖြစ်သည်။

သို့သော်လည်း ယခုတွင်မူ ဝူကျိချန်းသည် ရှု့ယုံဖေးအား နားလည်ခဲ့ပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်း ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ နောက်ခံရှိရာ သူမ၏ မောက်မာမှုက မလွန်ကဲလှချေ။

"သူက ချန်းပေ့ရွှမ်းရဲ့ မိန်းကလေး ဆိုတာ ဘာလို့ ငါတို့ကို မပြောခဲ့တာလဲ"

ဝူကျိချန်းမှာ တွေးနေရင်း သူ၏ ညီဖြစ်သူအား ရုတ်တရက် သတိရလိုက်သည်။ သူက ချက်ချင်းပင် ဖုန်းကို ထုတ်ကာ တစ်စုံတစ်ယောက်ကို ခေါ်လိုက်သည်။

"ဘာ ... သူက ရန်ကျင်း ရုပ်ရှင် အကယ်ဒမီမှာ ဟုတ်လား ... သူ့ကို မြန်မြန် သွားပြီး ပြောလိုက် ... ရှု့ယုံဖေးကို မနှောင့်ယှက် မိစေနဲ့လို့"

ဝူကျိချန်းက ဖုန်းကို ချပြီးနောက် အခန်း အပြင်သို့ ကပျာကယာ ပြေးထွက် သွားတော့သည်။

တစ်ချိန်တည်းတွင်ပင် အင်တာနက်ပေါ်၌ ရှု့ယုံဖေး အကြောင်း ဆွေးနွေးမှုများက အရှိန်အဟုန် မြင့်နေဆဲ ဖြစ်သည်။

"ရှု့ယုံဖေးက ကောလာဟလတွေနဲ့ အမြဲတမ်း ကင်းအောင်နေပြီး သူ့ပုံရိပ်ကို ထိန်းသိမ်းထားတာ ... သူ့မှာ ရည်းစားရှိတယ် ဆိုတာသာ အမှန်ဆိုရင် သူ့ရဲ့ အနာဂတ်ကို ထိခိုက်သွားစေနိုင်တယ်"

"ဟုတ်တယ် ... ငါ ကြားရသလောက်ဆို ရှု့ယုံဖေးနဲ့ သူ့ကုမ္ပဏီကြားမှ ဆက်ဆံရေးက သိပ်မကောင်းဘူးတဲ့ ..."

"အင်း ... ဒီလိုဆို ခုအဖြစ်အပျက်က သူ့ကို မနာလိုနေတဲ့ သူတွေအတွက် တိုက်ခိုက်စရာ ဖြစ်လာမှာ သေချာတယ်"

လူအများ ဆွေးနွေး နေကြချိန်တွင်ပင် ရှု့ယုံဖေး၏ မန်နေဂျာ အစ်မလီက သူမအား ဖုန်းခေါ်လာသည်။

"ဖေးဖေး ... အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ ပုံတွေက အမှန်လား"

"ဘာပုံတွေလဲ ... ကျွန်မက အခု အစ်ကိုချန်းဖန်နဲ့ နေ့လယ်စာ စားနေတာလေ"

ရှု့ယုံဖေးက နားမလည်စွာဖြင့် ပြန်ဖြေသည်။

"အာ ... ဘယ်လို ပြောရပါ့"

အစ်မလီက သက်ပြင်းတစ်ချက် ချရင်း ရှု့ယုံဖေးအား သေချာ မှာကြားလိုက်သည်။

"ဖေးဖေး ... ပါပါရာဇီတွေ လာရင် ဘာမှ မပြောနဲ့နော် ... ဒီကိစ္စကို ငါ့ဘာသာ ဖြေရှင်းလိုက်မယ်"

ထို့နောက် အစ်မလီက အင်တာနက်ပေါ်၌ ပြန့်နေသော အရာများကို ဖျက်ချရန် အတွက် သက်ဆိုင်ရာ ဝပ်ဆိုက်များကို ဖုန်းဆက် မှာကြားကာ သူမ ကိုယ်တိုင်လည်း ထိုပုံများမှာ အတုဖြစ်ကြောင်း ပို့စ်တင်ကာ ဖြေရှင်းလိုက်သည်။

ထိုအချိန်၌ ချန်းဖန်၊ ရှု့ယုံဖေးနှင့် သူမ၏အခန်းဖော် နင်ရှင်းတို့မှာ ရုပ်ရှင် ကောလိပ် အနီးအနားရှိ စားသောက်ဆိုင် တစ်ခုတွင် ထိုင်ကာ နေ့လယ်စာ စားသောက် နေခဲ့သည်။

နင်ရှင်းမှာ ပူးကပ်၍ စကားတွတ်ထိုး ပြောဆိုနေသော ချန်းဖန်နှင့် ရှု့ယုံဖေးတို့အား မကျေမနပ်ဖြင့် စောင်းကာ ကြည့်လိုက်မိ၏။

"ဘာမှားနေလို့လဲ ..."

ချန်းဖန်က ပြုံး၍ ထိုမိန်းကလေးအား မေးလိုက်သည်။

"အခု ရှင်တို့ ပုံတွေက အင်တာနက်မှာ ပြန့်နေပြီ ... အခုဆို ဖေးဖေးမှာ ရည်းစား ရှိတယ် ဆိုတာ တစ်နိုင်ငံလုံး သိနေလောက်ပြီ ထင်တယ်"

နင်ရှင်းက ဆိုလိုက်သည်။

"ဟမ် ... အစ်ကိုချန်းဖန် အဆင်ပြေပါ့မလား ... တော်ကြာ အစ်မဖန့်ချုံးက ငါတို့ကို အထင်လွဲနေဦးမယ်"

ရှု့ယုံဖေးက စိတ်ပူစွာ ပြောလိုက်သည်။

"ငါစေ့စပ်ပြီးသွားတာကို သိတယ်လား"

ချန်းဖန်ကလည်း အံ့အားသင့်စွာ မေးလိုက်သည်။

"အင်း ..."

ရှု့ယုံဖေးက ခေါင်းအား အနည်းငယ် ငုံ့လိုက်၏။ သူမ၏ မျက်လုံးများတွင်မူ ဝမ်းနည်းမှု အရိပ်အယောင် အချို့က ဖြတ်ပြေး သွားသည်။

"ဘယ်လို ... ရှင်က စေ့စပ်ထားပြီးသားလား"

နင်ရှင်းမှာ အံ့ဩမှုကြောင့် ထ၍ပင် ခုန်လိုက်မိသည်။

"ရတယ် ... ရှောင်ချုံးက ကိစ္စမရှိဘူး ... စိတ်မပူနဲ့"

ချန်းဖန်က ရှု့ယုံဖေးအား ပြုံးပြရင်း ဆိုလိုက်သည်။

"အင်း ..."

ရှု့ယုံဖေးက စိတ်သက်သာရာ ရဟန် ခေါင်းညိတ်လိုက်သည်။

သို့သော်လည်း နင်ရှင်း တစ်ယောက်မှာမူ ချန်းဖန်အား ကျေနပ်ခြင်း အလျှင်းမရှိချေ။ သူမက ချန်းဖန်အား ဒေါသတကြီး ကြည့်ရင်း ရန်တွေ့လိုက်၏။

"ရှင့်မှာ အရှက် မရှိဘူးလား ... ရှင်က ရုပ်လေး ချောရုံနဲ့ လုပ်ချင်တာ လုပ်လို့ရပြီ ထင်တာလား"

"ရှင်က စေ့စပ်ပြီးသားဆိုရင် ဘာလို့ ဖေးဖေးကို လာတွေ့နေသေးလဲ ... ရှင့်ရဲ့ လုပ်ရပ်က ဖေးဖေးနဲ့ အနာဂတ်ကို ပြောင်းလဲ သွားစေနိုင်တာ သိရဲ့လား ... နောက်ပြီး ထျန်းဟယ် ကုမ္ပဏီက လူတိုင်းက ဖေးဖေး ဘာမှားမလဲ စောင့်ကြည့် နေကြတာ"

နင်ရှင်းက စက်သေနတ်ပစ် သကဲ့သို့ ချန်းဖန်အား မရပ်မနားဆက်၍ ရန်တွေ့ရန် ဟန်ပြင်လိုင်သည်။ သို့သော်လည်း ရှု့ယုံဖေးက သူမ၏ အခန်းဖော်အား တားကာ ချန်းဖန်ကို တောင်းပန် လိုက်သည်။

ချန်းဖန်က နင်ရှင်း၏ ရန်တွေ့မှုကို စိတ်ထဲ မထားချေ။ သူ့အား စိတ်တိုစေသည်က နင်ရှင်း၏ စကားထဲမှ အကြောင်းအရာ တစ်ခု ဖြစ်သည်။

"ဖေးဖေး ... နင့်ရဲ့ကုမ္ပဏီက နင့်ကို တစ်ခုခု ခက်ခဲအောင် လုပ်သေးလား"

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

"ထွေထွေးထူးထူးတော့ မရှိပါဘူး ... ငါက သူတို့ရဲ့ ရောရောထွေးထွေး မနေတော့ ငါ့ကို သိပ်မကြည်ကြတာ"

ရှု့ယုံဖေးက ညင်သာစွာဖြင့် ပြန်ဖြေ လိုက်သည်။

"စိတ်မပူနဲ့ ... အဲဒီပြဿနာကို ငါ ဖြေရှင်းပေးမယ် ... အလုပ် တစ်ခုတည်းကိုပဲ အာရုံစိုက်ထား"

ချန်းဖန်က ပြောလိုက်၏။ ထိုခဏတွင်ပင် မျက်လုံးအတွင်း၌ အေးစက်မှု တစ်ခုက ရုတ်ခြည်း နေရာယူ လာခဲ့သည်။

နင်ရှင်းမှာမူ သူမ ကြားလိုက်ရသည့် စကားကြောင့် ဆွံ့အ၍ သွားမိ၏။

"ရှင်က ရှင့်ကိုရှင် ဘယ်သူ ထင်နေတာလဲ ... ပြောနေတဲ့ပုံက ထျန်းဟယ် ဖျော်ဖြေရေး ကုမ္ပဏီတောင် ရှင့်ကို ကြောက်ရတဲ့ အတိုင်းပဲ ... ရှင့်ကိုရှင် ဝမ်မိသားစုက သခင်လေး ထင်နေတာလား"

နင်ရှင်းက ထိုစကားများကို စိတ်အတွင်း၌သာ သိမ်းဆည်းထားလိုက်၏။ သူမအနေဖြင့် ဖေးဖေး စိတ်ဆင်းရဲမည်ကို မမြင်ချင်ပေ။

ထိုအချိန်၌ ရှု့ယုံဖေးမှာမူ ချန်းဖန်အား တစိမ့်စိမ့် ကြည့်ရင်း စားသောက် နေခဲ့သည်။ သူမသည် ချန်းဖန်နှင့် မတွေ့ရသည်မှာ နှစ်ချီ၍ ကြာခဲ့ပြီ ဖြစ်ရာ အမှန်ပင် သတိရ နေမိသည်။

"ဖေးဖေး ... ငါ ရန်ကျင်းမှာ ခုရက်ပိုင်းအတွင်း နေဦးမယ် ... နင် ငါ့ကို တွေ့ချင်ရင် မြောက်အရပ် တောင်တန်းကို လာခဲ့နော် ... ရှောင်ချုံးနဲ့ အခြား ကောင်မလေးတွေက နင့်ကို အရမ်း ကြိုက်ကြတာ ... သူတို့က ငါ့ကို နင်နဲ့ မိတ်ဆက်ပေးဖို့ အမြဲ ပူဆာနေတာ"

ချန်းဖန်က ပြောလိုက်သည်။

"အင်း...လာရမှာပေါ့"

ရှု့ယုံဖေးက ခေါင်းညိတ်လိုက်သည်။

နင်ရှင်းမှာမူ ဒေါသ ထွက်နေသော်လည်း ဘာမှ ဝင်မပြောပဲ တိတ်ဆိတ်၍သာ နေခဲ့သည်။

ချန်းဖန်တို့ သုံးယောက် စားသောက် ပြီးစီး၍ စားသောက်ဆိုင် အတွင်းမှ ထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ချောမော ခန့်ညားသော လူငယ် တစ်ဦးက စားသောက်ဆိုင် အတွင်း ဝင်လာခဲ့သည်။ သူက တန်းတန်းမတ်မတ်ပင် ချန်းဖန်တို့ ရှိရာသို့ လျှောက်လာခဲ့သည်။

"ဝူကျိဖန်း ... ရှင် ဘာလာလုပ်တာလဲ"

ရှု့ယုံဖေးက လူငယ်အား တွေ့သည်နှင့် မေးလိုက်၏။

"ဖေးဖေး ... နင်တော့ ဒုက္ခရောက်ပြီ ... အစ်မလီက ဖုန်းခေါ်ပြီး ငါ့ကို လှမ်းပြောတယ် ... နင့်အနေနဲ့ ရည်းစား ရှိတယ်ဆိုတာကို ထုတ်ပြောလို့ မရဘူးတဲ့ ... မဟုတ်ရင် နင့်ရဲ့ ပုံရိပ် ထိခိုက်လိမ့်မယ်တဲ့"

ဝူကျိဖန်းက ရေးကြီးသုတ်ပျာ ပုံစံဖြင့် ပြောလိုက်သည်။

"ဒါနဲ့ မင်းက ဖေးဖေးရဲ့ ရည်းစား ဖြစ်ရမယ် ... မင်းသာ ဖေးဖေးရဲ့ ဘဝကို မြင့်မား စေချင်တယ် ဆိုရင် ဖေးဖေးက မင်းရဲ့ ရိုးရိုးတန်းတန်း အတန်းဖော်ဟောင်းလို့ ပြောပေးပါ ... မဟုတ်ရင် ကောလာဟလကြောင့် ဖေးဖေးရဲ့ အနာဂတ်က ယိမ်းယိုင် သွားလိမ့်မယ်"

ဝူကျိဖန်းက ချန်းဖန်တို့ အပေါ်၌ စေတနာ ထားသယောင် ပုံစံဖြင့် ကြည့်လိုက်သည်။

"ဝူကျိဖန်း ... ဒါက ရှင့်ကိစ္စ မပါဘူး ... နောက်ပြီး ကျွန်မကို ဖေးဖေးလို့ မခေါ်ပါနဲ့"

ရှု့ယုံဖေးက ခံစားချက်မဲ့သော မျက်နှာဖြင့် တုံ့ပြန်လိုက်သည်။

"ဖေးဖေး ... နင်က ငါတို့ ထျန်းဟယ် ကုမ္ပဏီနဲ့ ငါးနှစ် စာချုပ်ထားတာလေ ... ငါးနှစ် အတွင်း ငါတို့က နင့်ကို ထိန်းချုပ်ခွင့် ရှိတယ် ... ကုမ္ပဏီ စည်းမျဉ်းတွေကို ဖောက်ဖျက်မယ် ဆိုရင် အကျိုးဆက်ကို နင်သိတယ် မလား"

ဝူကျိဖန်း၏ အသံက ခြိမ်းခြောက်မှု တစ်စွန်းတစ်စ ရောစွက်လာ၏။

ဝူကျိဖန်း၏ စကားကြောင့် ရှု့ယုံဖေးနှင့် နင်ရှင်းတို့မှာ အနည်းငယ် စိုးရိမ်မိ သွားကြသည်။

စာချုပ် စတင် ချုပ်ဆိုသည့် အချိန်က ရှု့ယုံဖေးမှာ အသစ်ကလေးသာ ဖြစ်ရာ စာချုပ်၏ တစ်ဖက်သတ် တင်းကျပ်မှုကို သတိမပြုမိခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ ဝူကျိချန်းက ထိုစာချုပ်အား အသုံးပြု၍ သူမအား ခြိမ်းခြောက် နေခဲ့ပြီ ဖြစ်သည်။

ချန်းဖန်က တစ်ခုခုပြောရန် ဟန်ပြင် လိုက်စဉ်မှာပင် စားသောက်ဆိုင်၏ တံခါး ပွင့်လာပြီး အခြားပုံရိပ် တစ်ခု ဝင်ရောက် လာခဲ့၏။ ထိုပုံရိပ်အား ဝူကျိဖန်း၏ အစ်ကို ဝူကျိချန်းပင် ဖြစ်သည်။

"အစ်ကို ... ဘယ်လို ရောက်လာတာလဲ"

ဝူကျိဖန်းက အံ့အားသင့်စွာဖြင့် လှမ်းမေးလိုက်သည်။

သို့သော်လည်း ဝူကျိချန်းက သူ၏ စကားကို ပြန်မဖြေပဲ ချန်းဖန်၏ အရှေ့သို့ သွားကာ ဒူးအား ကြမ်းပြင်သို့ ထောက်ချလိုက်သည်။

"နှုတ်ဆက်ပါတယ် အရှင်ချန်း ... ကျွန်တော်က ဝူမိသားစုက ဝူကျိချန်းပါ ခင်ဗျာ"

"ကျေးဇူးပြုပြီး ကျုပ်တို့ မိသားစုကို ခွင့်လွှတ်ပေးပါ"

တိတ်ဆိတ်မှုက အခန်းတစ်ခုလုံး စိုးမိုး သွားတော့၏။ လူတိုင်းကား သူတို့၏ အရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိကြတော့သည်။

***

All Chapters