← Chapters

လက်ထပ်ဖို့က အခြေအနေတချို့ လိုအပ်တယ်

Vol. 26 Ch. 379

လက်ထပ်ဖို့က အခြေအနေတချို့ လိုအပ်တယ်

Vol. 26 Ch. 379

ချွီတာ့ကလည်း ကျိ‌ရွှေရှန့်၏သံသယများကို သဘောတူထောက်ခံနေခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ယောက် တောင်ပေါ်သို့ ရောက်လာပြီး သံရိုင်းတွင်းနှင့် သူတို့ လက်နက်ထုလုပ်နေသည်ကို ရှာတွေ့သွားပြီဟု သတ်မှတ်ရန်ကလည်း ကျိ‌ရွှေရှန့် တပ်ဆင်ထားသည့်ထောင်ချောက်များက အရာမယွင်းရှိနေသေးသည်။

“ထားလိုက်ပါတော့။ ဒီပစ္စည်းတွေ အရင်ပြန်ရွှေ့ကြမယ်။ နောက်မှ ထောင်ချောက်တစ်ချို့ ထပ်ပြီး တပ်ဆင်ထားလိုက်မယ်"

ကျိရွှေရှန့်က ညတာရှည်လျှင် အိမ်မက်ဆိုးများ ပိုမက်နေမည်ကို စိုးရိမ်နေပြီး ချွီတာ့တို့ကို ပစ္စည်းများ အရင်ရွှေ့ခိုင်းကာ ပြန်သယ်သွားခိုင်းလိုက်သည်။ ဤနေရာတွင် အန္တရာယ်ရှိနေမှန်း သူ သိသော်လည်း ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိထားခဲ့သော သံရိုင်းတွင်းကို လက်မလျှော့နိုင်ပေ။ ထို့ကြောင့် သူ ချက်ချင်း ပြန်မထွက်သွားသေးဘဲ ကြာကြာနေရန် တွေးလိုက်ပြီး သံရိုင်းတွင်း ဘေးကင်းစေရန် နောက်ထပ် ထောင်ချောက်အချို့ကို တပ်ဆင်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမ ကျိ‌ရွှေရှန့်အတွက် စေတနာဖြင့် ပြင်ဆင်ပေးထားခဲ့သည့် စစ်တပ်ရန်ပုံငွေများက ကျိရွှေရှန့်အတွက် မဟာရန်သူကြီးနှင့် ရင်ဆိုင်ရသလို ခံစားနေရသည်ကို စူးချင်းကတော့ လုံးဝ မသိပေ။

သူမက စခန်းသို့ ပြန်ရောက်လာကတည်းက ချက်ပြုတ်ရင်း အလုပ်ရှုပ်နေခဲ့သည်။ သူမ၏ ဟင်းချက်ကျွမ်းကျင်မှု အဆင့်ကိုးသို့ တက်လာပြီးနောက် သူမအတွက် အပိုဆုအဖြစ် ဟင်းချက်လက်ရာတိုးတတ်လာသောကြောင့် သူမချက်ပြုတ်သည့် မည်သည့်ဟင်းမဆို ပုံမှန်ထက် အရသာရှိနေမည်ဖြစ်သည်။ ကျိရှောင်ယင်က သူမနောက်တွင် ကူညီပေးနေရင်း သူမထံမှ သင်ယူနေခဲ့သည်။

ကျိရှောင်ယင်က အမှန်တကယ် ကြိုးစားပမ်းစား သင်ယူနေခဲ့ပြီး စူးချင်း ချက်ပြုတ်သည့်နည်းလမ်းများအတိုင်း အလေးအနက် လိုက်ချက်ပြုတ်ခဲ့သော်လည်း သူမ ချက်ပြုတ်သည့် ဟင်းလျာများက စူးချင်းချက်သည့်ဟင်းများလောက် အရသာ မရှိပေ။ တူညီသောဟင်းခတ်အနှစ်များနှင့် တူညီသောဟင်းပွဲများကို ချက်ပြုတ်ခဲ့သော်လည်း ကွာခြားချက်က ကြီးမားလွန်းလှသည်။

“အစ်မစူးချင်း၊ ကျွန်မ အစ်မရဲ့နည်းအတိုင်း လိုက်ချက်တာပဲ။ ဒါပေမယ့် ဘာလို့ အစ်မချက်သလို အရသာ မရှိရတာလဲ?"

ကျိရှောင်ယင်က မှုန်ကုပ်ကုပ် ဖြစ်နေပြီး သံသယများ ပြည့်နှက်နေသည့် မျက်နှာဖြင့် စူးချင်းကို မေးလာခဲ့သည်။

"လူတိုင်းက ထူးခြားတဲ့အရသာတွေကို ချက်ပြုတ်တတ်ကြတယ်"

စူးချင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်သည်။

သူမရဲ့ဟင်းချက်ကျွမ်းကျင်မှုက အဆင့်ကိုးကို ရောက်နေပြီး ကျိရှောင်ယင်က သာမန်လူတစ်ယောက်ဆိုတော့ သူမကို ဘယ်လို နှိုင်းယှဉ်နိုင်မှာလဲ?

“အစ်မစူးချင်း၊ ကျွန်မ မနေ့ညက မွေးစားအမေကို အိပ်မက်မက်တယ်။ မွေးစားအမေက သူ(မ) စိတ်မအေးနိုင်သေးဘူးလို့ ပြောခဲ့တယ်၊ သူ့(မ)ကို ထိခိုက်စေတဲ့လူကို မဖမ်းမိသေးဘူးတဲ့”

ကျိရှောင်ယင်က မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး မီးဖိုထဲသို့ ထင်းထည့်နေရင်း သူမ မနေ့ညက မက်ခဲ့သည့် အိပ်မက်ကို ပြန်တွေးကာ သူမ၏မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်လာပြန်သည်။

မွေးစားအမေရဲ့အသွင်အပြင်က အရမ်းသနားစရာကောင်းလွန်းတယ်။ သူမရဲ့မျက်နှာတစ်ခုလုံး သွေးတွေ ပြည့်နေတာပဲ။

"မွေးစားအမေကို အရမ်းလွမ်းတယ်"

စူးချင်း၏လက်များကလည်း ခေတ္တတုံ့ဆိုင်းသွားခဲ့သည်။ ကျိရှောင်ယင်၏စကားများက သူမကိုလည်း ဝမ်းနည်းစေခဲ့သည်။ သူမက ကျိရှောင်ယင်ကို အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးလိုက်ပြီး အိပ်မက်က အိမ်မက်သာ ဖြစ်ပြီး အစွဲအလန်း မထားရန် ထပ်ပြောလိုက်သည်။

မွေးစားအမေကို ထိခိုက်စေတဲ့လူက အပိုင်းပိုင်း စုတ်ပြတ်ပြီး ပြာတောင် ဖြစ်သွားပြီ၊ သူ့ကို မဖမ်းမိသေးတာက ဘယ်လို ဖြစ်နိုင်မှာလဲ?

"ချင်းအာ"

ကျိရွှေရှန့်၊ ချွီတာ့နှင့် အခြားသူများက ဂူထဲမှ အရာအားလုံးကို ပြန်ယူလာခဲ့ကြသည်။ သူတို့ စခန်းသို့ ပြန်ရောက်လာချိန်တွင် စူးချင်းက မီးဘေးတွင်ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူမရှေ့မှ အိုးကြီးထဲမှ မွှေးကြိုင်သော အသားရနံ့များ လျှံထွက်နေသည်။ သူမ၏အေးစက်သော မျက်နှာလေးတွင် မီးရောင်ဟပ်နေပြီး ခင်ပွန်းဖြစ်သူ အိမ်ပြန်လာချိန်ကို ချက်ပြုတ်ရင်း စောင့်နေသည့် ဇနီးလေးနှင့် တူနေသောကြောင့် ကျိရွှေရှန့်က သူမနာမည်ကို ခပ်တိုးတိုး လှမ်းခေါ်လိုက်သည်။

စူးချင်းက မတ်တပ်ထရပ်ပြီး ဂူထဲမှ ပစ္စည်းများကို ရွှေ့လာသည်ကို မြင်လိုက်သော်လည်း သေချာအောင် ထပ်မေးလိုက်သည်။

"အဲဒါတွေ အားလုံးကို ရွှေ့လာခဲ့ပြီလား?"

"အင်း ကိုယ်တို့ သူတို့အတွက် ဒါတွေကို ထားခဲ့လို့ရပြီ"

ကျိ‌ရွှေရှန့်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

သူ့ရဲ့ချင်းအာက သူရဲ့ကံကောင်းစေတဲ့ကြယ်ပွင့်လေးပဲ။ သူမ တောင်ပေါ်ကို လိုက်လာတာနဲ့ စားနပ်ရိက္ခာနဲ့ စစ်တပ်အတွက်အသုံးစရိတ်တွေကို ရှာတွေ့ခဲ့တယ်။

"လက်ဆေးကြတော့လေ၊ စားဖို့ အဆင်သင့်ဖြစ်နေပြီ!"

စူးချင်းက ခေါင်းညိတ်ပြီး သူတို့ကို လက်ဆေးခိုင်းကာ ညစာစားရန် လောဆော်လိုက်သည်။

အဓိကအစားအစာက ဆန်လုံးညိုသာ ဖြစ်ပြီး ဟင်းပွဲများက ဆန်မှုန်နှင့်ပေါင်းထားသော အသားပေါင်း၊ အသားပြုတ်တို့ ဖြစ်သည်။ သူမ အသားချိုချဥ်ချက်ရန် တွေးမိခဲ့သော်လည်း ပါဝင်ပစ္စည်းများ မလုံလောက်သောကြောင့် နောက်ဆုံးမိနစ်တွင် ၎င်းကို ဝက်သားပြုတ်အဖြစ် ပြောင်းလဲလိုက်ရသည်။

"စူးချင်း ရောက်လာတာနဲ့ နှစ်သစ်ကူး ကျင်းပနေရသလို ခံစားနေရတယ်"

ချွီတာ့နှင့် ကျန်းချန်တို့က စူးချင်းကို ကြည့်နေပြီး ရယ်ရယ်မောမော နောက်ပြောင်နေကြသည်။ သူတို့ ဗိုက်ပြည့်လောက်အောင် စားနိုင်မည့် ဆန်အိုးကြီးတစ်လုံး ရှိနေသည့်အပြင် စူးချင်း၏ဟင်းလျာများကလည်း လူတိုင်းစားနိုင်လောက်အောင် လုံလောက်နေသည်။ ထို့အပြင် ဟင်းပွဲများ၏ အရောင်နှင့် အနံ့က စားသောက်ဆိုင်တွင် စားရသည့် ဟင်းပွဲများကဲ့သို့ စွဲမက်ဖွယ် ဖြစ်နေပြီး အရသာကလည်း ကောင်းမွန်းလှသည်။

“ဦးလေးကျန်း၊ ဦးလေးချွီ၊ ကျွန်တော် ဦးလေးတို့အတွက် သေရည်ကောင်းကောင်းတစ်အိုး ယူလာပေးတယ်။ လူတိုင်းက ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေဖို့ သောက်လို့ ရတယ်နော်”

ကျိ‌ရွှေရှန့်က သူ ယူလာသည့် ကျန့်နန်ချွမ်ကို ထုတ်ယူပေးလိုက်သည်။ ပါးဝမ်စွေ့က ပြင်းထန်လွန်းသဖြင့် တစ်ခါတရံ ဗိုက်ထဲတွင် မသက်မသာ ဖြစ်စေသည်။ သို့သော်၊ ကျန့်နန်ချွမ်ကတော့ ပျော့ပျောင်းသောအရသာရှိပြီး သောက်လိုက်သည်နှင့် နွေးထွေးသွားစေကာ သက်တောင့်သက်သာဖြစ်သွားသလို ခံစားရနိုင်သည်။။

"အိုက်ယား၊ သေရည်တောင် ရှိသေးတာလား? ဒါက တကယ့်ကို နှစ်သစ်ကူးပဲ”

ကျန်းချန်တစ်ယောက် အကျေနပ်ကြီး ကျေနပ်သွားသည်။

သူ ဒီသံရိုင်းတွင်းကို ရောက်ကတည်းက သေရည် မသောက်ရတော့ဘူး။ အခု သေရည်နံ့ကို ရလိုက်တော့ သူ သရေတောင် မထိန်းနိုင်တော့ဘူး။

"ဒီဟင်းတွေကို ဘာလို အရင် မမြည်းကြည့်ကြတာလဲ?"

စူးချင်းက ကျိ‌ရွှေရှန့်အတွက် ဝက်သားပေါင်းတစ်ပိုင်းကို ထည့်ပေးလိုက်သည်။ ထိုဟင်းက ကျန့်နန် အရသာဖြစ်ပြီး နူးညံ့ကာ အရသာရှိသည်။ အဆီမပါသည့် ဝမ်းဗိုက်သားကို နှပ်ထားသောကြောင့် အဆီမပြန်နေသော်လည်း ကိုက်လိုက်သည်နှင့် ခံတွင်းထဲတွင် ပျော်ဝင်သွားကာ ပါးစပ်တစ်ခုလုံး အသားနံ့များ ပြည့်နှက်လာစေမည် ဖြစ်သည်။

“အရမ်း အရသာရှိတယ်”

ကျိ‌ရွှေရှန့်က ၎င်းကို လှမ်းယူရန် သူတူ့ကိုပင် မသုံးတော့ဘဲ ထိုအစား သူ့မျက်နှာကို မော့ပေးလိုက်ပြီး စူးချင်းကို ခွံ့ကျွေးခိုင်းလိုက်သည်။ သူ၏နက်ရှိုင်းသော မျက်လုံးများက စူးချင်းကိုသာ ကြည့်နေခဲ့ပြီး သူ့အသံတွင်လည်း ချစ်ခြင်းမေတ္တာအရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

သူတို့နှစ်ဦးက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ချစ်ခင်တွယ်တာမှုကို ပြသနေကာ ခွေးစာများ ကျဲဖြန့်နေသော်လည်း ဘေးတွင် ရှိနေကြသည့် ချွီတာ့နှင့် ကျန်းချန်ကတော့ ပျော်နေကြပုံရသည်။

သခင်လေးက စူးချင်းလို ထက်မြက်တဲ့ အမျိုးသမီးလေးတစ်ဦးကို ဇနီးအဖြစ် ယူနိုင်ရင် သခင်လေး လုပ်ချင်တဲ့ ကြီးကျယ်မြင့်မြတ်တဲ့အလုပ် မအောင်မြင်မှာကို ဘာကြောင့် စိုးရိမ်နေရမှာလဲ?

ညစာစားပြီးနောက် စူးချင်းက ကျိရှောင်ယင်ကို အိပ်ရန် ခေါ်သွားပေးခဲ့သည်။ သစ်သားတဲက နေရာတိုင်းမှ လေများ တိုးဝင်နေပြီး စောင်များ ဖုံးအုပ်ထားသည့်တိုင် အအေးဒဏ်က လူများကို ချမ်းတုန်နေစေသည်။

စူးချင်းက ကျိရှောင်ယင် အအေးဒဏ်ကြောင့် ခြုံစောင်ထဲတွင် ကွေးကွေးလေးအိပ်နေသည်ကို မြင်သွားပြီး မီးဖိုထဲသို့ မီးထပ်ထည့်ရန် အပြင်သို့ ထွက်လာခဲ့သည်။ သူမ ထင်မှတ်မထားဘဲ ကျိ‌ရွှေရှန့်က မီးပုံဘေးတွင် ထိုင်နေပြီး ထင်းထည့်နေသည်ကို သူမ တွေ့လိုက်ရသည်။

"ဘာလို့ မအိပ်သေးတာလဲ?"

စူးချင်းက ကျိ‌ရွှေရှန့်ဆီသို့ လျှောက်သွားပြီး ဘေးနားတွက် ဝင်ထိုင်လိုက်သည်။ သူမက သူမ၏ဒူးနှစ်ဖက်ကို သူမ၏လက်နှစ်ဖက်ဖြင့် ပြန်ပွေ့ဖက်ထားရင်း သူမ၏ခေါင်းလေးကို စောင်းငဲ့ကာ ကျိရွှေရှန့်ကို လှမ်းကြည့်နေခဲ့သည်။ ကျိ‌ရွှေရှန့်က မီးရောင်အောက်တွင် ထိုင်နေရင်း တစ်စုံတစ်ခုကြောင့် အနှောက်အယှက်ဖြစ်နေပုံဖြင့် အနည်းငယ် မျက်မှောင်ကြုတ်နေခဲ့သည်။

ကျိ‌ရွှေရှန့်က သံရိုင်းတွင်း ဘေးကင်းစေရန် မည်သည့်ထောင်ချောက်များ ထပ်ထည့်ရမည်ကို တွေးတောနေခြင်း ဖြစ်ပြီ စူးချင်း၏အသံကို ကြားလိုက်သောကြောင့် သူက သူမကို လှည့်ကြည့်ကာ နွေးထွေးသောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“မင်းတို့အတွက် မီး မငြိမ်းအောင် ကြည့်ပေးနေတာလေ။ ရာသီဥတုက အရမ်းအေးတော့ မင်းတို့ အအေးမိမှာကို ကိုယ် စိုးရိမ်တယ်"

စူးချင်းက သူ့ကို တိတ်တဆိတ်သာ ဆက်ကြည့်နေခဲ့သည်။

ကျိ‌ရွှေရှန့်က စူးချင်းကို ပြန်ကြည့်နေရင်း သဘောတကျ ရယ်မောလိုက်သည်။

"ဟား ဟား၊ ချင်းအာရဲ့မျက်လုံးတွေကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရဘူးပဲ"

သူမ မှန်းဆနိုင်ခဲ့သည်မှာ သေချာသွား‌ကြောင့် စူးချင်းက ကျိ‌ရွှေရှန့်ကို ထပ်မေးလိုက်သည်။

"ရှင် ဘာတွေ စဥ်းစားနေတာလဲ? ကျွန်မ ကူညီနိုင်မလား သိရအောင် ကျွန်မကို ပြောပြလေ”

“ဦးလေးချွီက နန်းတွင်း ဒါမှမဟုတ် ဝမ်မိသားစုစစ်တပ်က တစ်ယောက်ယောက်က ကိုယ်တို့ကို ရှာတွေ့သွားမှာကို စိုးရိမ်နေတယ်။ အော်... ကိုယ့်ကလည်း ကြည့်စမ်းပါဦး၊ သူတို့ကို ဘာလို့ ခွဲပြောနေမိတာလဲ? ဝမ်ရှန်းချန်က ဧကရာဇ်ကို ဖြုတ်ချပြီး သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေငြာပြီးပြီ။ အခု ဝမ်မိသားစုတပ်တပ်က တော်ဝင်ရုံးနေတော်ရဲ့စစ်တပ် ဖြစ်သွားပြီ”

ကျိ‌ရွှေရှန့်၏မျက်လုံးများမှ နူးညံ့မှုများက ချက်ချင်း ပျောက်ကွယ်သွားပြီး အေးစက်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒါက အချိန်အတိုင်းအတာတစ်ခု အထိပဲ ဖြစ်နိုင်တာပါ၊ ဒီလိုမျိုး လောကကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်နေတဲ့အချိန်မှာ ရှင် အခွင့်အရေး ရှာတွေ့မှာ သေချာပါတယ်"

စူးချင်းက သစ်ကိုင်းခြောက်တုတ်တုတ်တစ်ချောင်းကို မီးထဲသို့ ပစ်ထည့်ရင်း ပြန်ပြောလိုက်သည်။

သူမအတွက်ကတော့ လက်ရှိဧကရာဇ်က ဘယ်သူဆိုတာကို ဂရုမစိုက်ဘူး။ အရင်ဧကရာဇ် ကျဆုံးသွားတာက ဝမ်မိသားစုစစ်တပ်ကို အားနည်းသွားစေယ့် အရေးပါတဲ့ စွမ်းအားတစ်ခု ပျောက်ဆုံးသွားရုံလေးပဲလို့ သူမ သတ်မှတ်တယ်။

ကျိ‌ရွှေရှန့်ကတော့ သာမန်ပြည်သူများအတွက် တွေးကာ စိတ်မကောင်းဖြစ်နေခဲ့သည်။

“ဝမ်ရှန်းချန် ထီးနန်းကို သိမ်းပိုက်လိုက်တာက တရားမျှတမှု မရှိဘူး။ အဲ့ဒါကြောင့် ပုန်ကန်သူတွေ ပိုများလာလိမ့်မယ်၊ လူတိုင်းက အဲ့နေရာကို အစားထိုးဝင်ချင်ကြလိမ့်မယ်။ နယ်စပ်မှာရှိတဲ့ တိုင်းပြည်ငယ်လေးတွေတောင် ဝေစု လိုချင်ပြီး ပြသနာ ရှာကြလိမ့်မယ်။ ကြားထဲက ပြည်သူတွေပဲ ဒုက္ခရောက်ရမှာ သေချာတယ်”

“မိုးမလင်းခင်အချိန်က အမြဲတမ်း အမှောင်ဆုံးပဲ။ ရှင်က အမှောင်ထုကို ဖြိုခွင်းပေးမယ့် သံလက်သီးတစ်စုံ ဖြစ်အောင် ကြိုးစားရမယ်”

စူးချင်း၏ မျက်လုံးများက အေးစက်တင်းမာနေခဲ့သည်။

သူမတို့ တည်ငြိမ်ပြီး ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့ သူ့ရဲ့သံလက်သီးတွေပေါ်မှာပဲ မူတည်တော့တယ်။

ရှေးယခင်က ဧကရာဇ်တွေမှာလည်း အဓိကအချက်အချို့ ရှိနေသေးတယ်။ ရာဇပလ္လင်ကို သိမ်းပိုက်ထားနိုင်ရင်တောင် သူတို့မှာ နာမည်ကောင်းနဲ့ ဂုဏ်ပုဒ်‌တွေ လိုအပ်နေတုန်းပဲ။

ဝမ်မိသားစုကတော့ မောက်မာလွန်းတဲ့အပြင် ရက်စက်ကြမ်းကြုတ်မှုကလည်း အပြည့်ပဲ။ ဝမ်ရှန်းချန်က စုန်းအတတ်ကို ယုံကြည်နေပြီး သူအတွက် မသေဆေးကို သန့်စင်ဖို့အတွက် ကလေးတွေကို အသုံးချနေခဲ့တယ်။ ယင်နဲ့ယန်ကို အားဖြည့်ဖို့ အပျိုစင်မိန်းခလေးတွေကို ဖမ်းဆီးတယ်။ ပြည်သူတွေအပေါ် သစ္စာရှိတဲ့ လူကောင်းတွေကို ထိခိုက်စေခဲ့တယ်။ အဲ့လိုလူတစ်ယောက် ဧကရာဇ်ဖြစ်လာရင် ဘယ်သူမှ ငြိမ်းချမ်းတဲ့ဘ၀နဲ့ မနေထိုင်နိုင်လောက်တော့ဘူး။ နောက်ဆုံးမှာ အားလုံးက ပုန်ကန်ထကြွဖို့ ရွေးချယ်ရလိမ့်မယ်။

သူမကလည်း ဒေါသကြီးသူ ဖြစ်ပြီး သူမကို စော်ကားတဲ့သူတွေကို ဘယ်တော့မှ အလွှတ်ပေးလေ့မရှိဘူး။

ဒီဝမ်ရှန်းချန်က ရှောင်ချန်ကို မသေဆေးအတွက် မီးဖိုထဲကို ထည့်လုနီးပါး ဖြစ်ခဲ့သေးတယ်။ သူမ အဲ့စာရင်းကို မှတ်ထားပြီးပြီ၊ အဲ့စာရင်းကတော့ သူမကိုယ်တိုင် ဖြေရှင်းရလိမ့်မယ်။

ကျိ‌ရွှေရှန့်က စူးချင်း၏ လက်များကို ကိုင်ထားပြီး သူမ၏ကြည်လင်နေသည့် ဖီးနစ်မျက်လုံးလေးများ‌ကို ကြည့်နေပြန်သည်။ သူ၏အသံက တိုးနေဆဲဖြစ်သော်လည်း လေးနက်သော ကတိကို သယ်ဆောင်လာခဲ့သည်။

"ချင်းအာ၊ ကိုယ် ဒီအင်ပါယာကြီးကို သိမ်းပိုက်ပြီးရင် မင်းကို ကိုယ်ရဲ့ဧကရီအဖြစ် လက်ထပ်ဖို့ ဒီအင်ပါယာကြီးကို ထိမ်းမြားလက်ထပ်လက်ဆောင်အဖြစ် သုံးမယ်"

"ကျွန်မကို လက်ထပ်ဖို့က တချို့အခြေအနေတွေ လိုအပ်နေသေးတယ်"

စူးချင်းက ကျိ‌ရွှေရှန့်ကို လေးလေးနက်နက် ပြန်စိုက်ကြည့်လိုက်သည်။

ပွင့်ပွင့်လင်းလင်းပြောရရင် သူမက ရိုးသားတဲ့ သာမန်အမျိုးသားတစ်ဦးကို လက်ထပ်ပြီး လယ်သမားနဲ့ သာမန်ဇနီးသည်အဖြစ် တည်ငြိမ်တဲ့ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုချင်ခဲ့တယ်။ ဒါပေမယ့် သူမ နဂါးတစ်ကောင်ကို မတော်တဆ ရွေးချယ်မိသွားခဲ့တယ်။ “ကြက်ကို လက်ထပ်ရင် ကြက်နောက်ကို လိုက်ရမယ်” ဆိုတဲ့ စကားအတိုင်း သူမ နဂါးတစ်ကောင်ကို လက်ထပ်မိတာနဲ့ သူနဲ့အတူ ပျံသန်းရမှာ သေချာနေပြီ။

ဒါပေမယ့် သူမ လုံးဝ သည်းမခံနိုင်တဲ့ အရာတစ်ခု ရှိနေသေးတယ်။ သူ ဧကရာဇ်မင်း ဖြစ်ခဲ့ရင်တောင် သူ့ဘက်က သူမလိုချင်တဲ့ အိမ်ထောင်ရေးအခြေအနေတွေကို လိုက်လျောပေးနိုင်ရမယ်။

ကျိ‌ရွှေရှန့်က ပြုံးလိုက်သည်။

သူရဲ့ချင်းအာက သူ့ကို လွယ်လွယ်နဲ့ သဘောမတူမှာကို သူ သိပြီးသားပါ။

ကျိ‌ရွှေရှန့်က စူးချင်း၏နဖူးလေးကို ခပ်ဖွဖွ ငုံ့နမ်းလိုက်ပြီး တိုးလျသော လေသံချိုချိုဖြင့် ပြန်မေးလိုက်သည်။

"ဘယ်လိုအခြေအနေတွေလဲ? ချင်းအာက ကိုယ့်ကို ပြောပြလေ”

All Chapters