← Chapters

ရောက်လာတာ အရမ်းမြန်လွန်းတယ်

Vol. 26 Ch. 382

ရောက်လာတာ အရမ်းမြန်လွန်းတယ်

Vol. 26 Ch. 382

စူးချင်းက ခြေရာလက်ရာများ စစ်ဆေးနေသည်ကို တွေ့လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်နှင့် ချန်ယွိတို့က သူမ အနှောက်အယှက်မဖြစ်စေရန် အလိုအလျောက် နောက်ပြန်ဆုတ်သွားကြသည်။

စူးချင်းက စနစ်ကို လှမ်းအမိန့်ပေးလိုက်သည်။

“ငါ ဆုတစ်ခု လိုချင်တယ်”

ဒီစနစ်က သူမကို ဆုတွေ အကြွေးတင်နေမှတော့ အသုံးလိုတဲ့အချိန်တောင်းရမှာပေါ့။

“Host ဘာဆု လိုချင်လဲ?”

စနစ်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်မေးလာခဲ့သည်။

အခြား Host တွေက ဆုလာဘ်တွေကို ချက်ချင်း ယူကြပေမယ့် သူ့ Host ကတော့ ဆုတွေကို သိမ်းထားတက်တယ်။ လိုလာရင်လည်း ဆုတွေကို အများကြီး တောင်းတက်သေးတယ်။ နောက်ဆုံးမှာ ဆုတွေအားလုံးကို ပေးပြီးသွားရင် သူ့ Host က သူ့ကို နှင်ထုတ်မှာကိုတောင် သူ ကြောက်နေမိတယ်။

“ငါ့ကို ခြေရာ လက်ရာတွေ ဖတ်နိုင်မယ့် လက်ဗွေစကင်နာတစ်ခု ပေး”

စူးချင်းက မှုခင်းစုံစမ်းစစ်ဆေးရန်အတွက် လိုအပ်သော အထူးကိရိယာကို တောင်းဆိုလိုက်သည်။

“ကောင်းပါပြီ၊ Host ရဲ့ ဆုကို ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်”

စနစ်ကို ဝမ်းသာအားရ သဘောတူလိုက်သည်။

ဒီဆုလာဘ်က သူ့အတွက် မခက်ခဲဘူးလေ။ အဲ့တော့ Host ကို ချက်ချင်း လွှဲပေးပြီး ဂုဏ်ပြု‌ပေးရမှာပေါ့။

“ရှင်တို့ ပြန်သွားကြတော့။ တိတ်ဆိတ်နေမှ ကျွန်မ တစ်ချို့အရာတွေကို ရှာတွေ့နိုင်မှာ ဆိုတော့ ဒီနားမှာနေပြီး ကျွန်မကို မနှောက်ယှက်နဲ့တော့”

စူးချင်းက စက်ပစ္စည်းကို ချက်ချင်းမထုတ်သေးဘဲ ထိုအစား သူမက ကျိ‌ရွှေရှန့်နှင့် ချန်ယွိကို သူတို့၏လူများနှင့်အတူ ပြန်ထွက်သွားရန် တောင်းဆိုလိုက်ပြီး သူမ တစ်ယောက်တည်း နေခဲ့ချင်ကြောင်း ပြောလိုက်သည်။

"ကိုယ် မင်းနဲ့အတူ နေခဲ့လို့ မရဘူးလား?"

ကျိ‌ရွှေရှန့်က စူးချင်းအတွက် စိတ်ပူနေပြီး သူမနှင့်အတူ နေခဲ့ချင်နေသည်။

အခုက လူသတ်လက်နက်ကြီးတွေတောင် ပျောက်ဆုံးသွားခဲ့တာလေ။ ခိုးတဲ့သူက ဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို ဘယ်သူက သိနိုင်မှာလဲ? အဲ့အရာတွေ ပေါက်ကွဲသွားတာနဲ့ ကြီးကျယ်မြင့်မြတ်တဲ့ မသေမျိုးတွေတောင် တစ်ယောက်တစ်လေမှ ရှောင်တိမ်းနိုင်မှာ မဟုတ်ဘူး။

“မဟုတ်ဘူး၊ လုံးဝ တိတ်ဆိတ်နေမှ ဖြစ်မယ်။ အသက်ရှူသံတောင် ကြားရလို့ မဖြစ်ဘူး"

စူးချင်းက သူ့ကို မဆိုင်းမတွ နှင်ထုတ်လိုက်သည်။

ကျိ‌ရွှေရှန့်က မျက်တောင်ပေကလပ်ပေကလပ် လုပ်နေပြန်သည်။

သူမက ဘာလို့ သူ့ကို မကြိုက်တော့သလို သူ ခံစားနေရတာလဲ?

"ကောင်းပြီလေ၊ ဒါဆို ကိုယ် လူတချို့ကိုခေါ်သွားပြီး တခြားနေရာတွေကို သွား စစ်ဆေးလိုက်ဦးမယ်"

လူသတ်လက်နက်ကြီးကို မြို့ပြင်သို့ မထုတ်သွားနိုင်စေရန် လှည့်ကင်းများကို သေသေချာချာ ကြပ်မတ်ရမည် ဖြစ်ပြီး သူခိုးမျးအတွက် အခွင့်အရေးတစ်ခုပင် မရစေရန် စီမံထားရမည် ဖြစ်သည်။ ထို့အပြင် သတင်းပေါက်ကြားခြင်းမှ ကာကွယ်ရန် လျှို့ဝှက်ထားဖို့လည်း လိုအပ်ပြီး တစ်ဖက်ကို ကြိုတင်အခွင့်ကောင်းယူနိုင်ရန်လည်း ကြိုးစားရမည် ဖြစ်သည်။

ချန်ယွိက သူ့စစ်သည်များအား မြို့ရိုးကို အမြဲစောင့်ကြပ်နေစေပြီး ကင်းလှည့်အဖွဲ့တစ်ဒါဇင်ကျော်ကို စီစဉ်ထားခဲ့သည်။ ယခုအချိန်တွင် မော့ချန်မှ ယင်ကောင်တစ်ကောင်ပင် ပျံသွားနိုင်မည် မဟုတ်ပေ။

ကျိ‌ရွှေရှန့်နှင့် ချန်ယွိတို့ ထွက်သွားပြီးနောက် စူးချင်းတစ်ယောက်သာ ကျန်နေခဲ့တော့သည်။ ထိုအချိန်မှသာ သူမက ခြေရာနှင့် လက်ဗွေရာများကို ဖတ်နိုင်သည့် စကင်နာကို ထုတ်ယူပြီး စတင်စစ်ဆေးလိုက်သည်။ ဤကိရိယာက ကြီးကြီးမားမား မဟုတ်သော်လည်း အဆင့်မြင့်ဆုံးစွမ်းဆောင်ရည် ပါဝင်သည့် ကိရိယာတစ်စုံ ဖြစ်ပြီး ကိုယ်ပိုင်အလင်းရောင်ပါရှိသောကြောင့် အမှောင်ထဲမှာပင် မြေပြင်ပေါ်ရှိ ခြေရာများကို ဖော်ထုတ်နိုင်သည်။

စူးချင်းက ခြေရာနှင့် လက်ရာများကို လိုက်စစ်ဆေးနေပြီး တံခါးသို့ မရောက်မီ လူဆယ်ဦးကျော်၏ခြေရာများကို တွေ့ခဲ့ရသည်။ သူမက ကျွမ်းကျင်သော စုံစမ်းစစ်ဆေးမှူးကဲ့သို့ အလွန်အလေးအနက် စစ်ဆေးနေခဲ့သည်။

အမှောင်ထဲတွင် သူမကို တိတ်တဆိတ် စောင့်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေပြီး စူးချင်းက တောက်ပြောင်သော အရာတစ်ခုကို ကိုင်ဆောင်ထားပြီး တံခါးကို စုတ်တံသေးသေးဖြင့် ပွတ်နေသည်ကို မြင်လိုက်ရသောကြောင့် သူ အလွန်တုန်လှုပ်သွားပုံရသည်။

ထိုအချိန်တွင် စူးချင်းက တံခါးပေါ်မှ လက်ဗွေရာများကို စစ်ဆေးပြီး တံခါးကို တွန်းဖွင့်ကာ အခန်းအတွင်းသို့ ဝင်သွားပြီ ဖြစ်သည်။ သူမ ပြုလုပ်ထားသည့် ဖောက်ခွဲရေးပစ္စည်းများကို စားသောက်ဆိုင်၏ ပထမထပ်ရှိ အခန်းတစ်ခုထဲတွင် သိမ်းထားခဲ့ပြီး ထိုအခန်းမှ ခန်ကုတင်၏အောက်တွင် လျှို့ဝှက်လမ်းကြောင်းတစ်ခု ရှိသည်။

စူးချင်းက ကြမ်းခင်းပေါ်သို့ ပုံဖော်အမှုန့်များ ဖြန်းချလိုက်သည်။ ကြမ်းပြင်ပေါ်တွင် အနည်းဆုံး လူငါးဦး သို့မဟုတ် ခြောက်ဦး၏ ခြေရာများ ရှိနေပြီး လျှို့ဝှက်လမ်းကြောင်းကို ဖွင့်သည့်အချိန်တွင် လူသုံးယောက်သာ ကျန်နေတော့သည်။

သူမက ခြေရာများအားလုံးကို မှတ်သားကာ လက်ဗွေရာများကိုလည်း ရှာဖွေခဲ့သည်။ ယခုခေတ်က လူများက လက်ဗွေရာနှင့် ပုံဖော်သည့်နည်းလမ်းများကို နားမလည်ကြသည့်အတွက် အခင်းဖြစ်သည့်နေရာ၏ခြေရာလက်ရာများကို မဖျက်ဆီးသွားကြပေ။

လက်ဗွေရာများနှင့် ခြေရာများကို ရှာဖွေ မှတ်သားပြီးနောက် စူးချင်းက လိုဏ်ခေါင်းအဖုံးကို ဖွင့်ကာ မီးထွန်းလိုက်သည်။ အထဲတွင် ဘာမှ မရှိတော့သောကြောင့် သူမက လျှို့ဝှက်လမ်းထဲသို့ ခုန်ဆင်းကာ ခြေရာများနှင့် လက်ဗွေရာများကို အရင် စစ်ဆေးလိုက်သည်။ ထိုနေရာမှ သဲလွန်စများ အားလုံးကို စုဆောင်းပြီးနောက် စူးချင်းက လျှို့ဝှက်လမ်းကြောင်း၏နံရံများကိုပါ စစ်ဆေးနေခဲ့သည်။

အားလုံး စစ်ဆေးပြီးနောက် လျှို့ဝှက်လမ်းကြောင်းကို မည်သူမျှ မတူးဖောက်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုလူများက တံခါးပေါက်မှ ဝင်လာခဲ့ခြင်းသာ ဖြစ်သည်။

လျှို့ဝှက်လမ်းကြောင်းကို စစ်ဆေးပြီးနောက် စူးချင်းက စစ်သည်လေးဦး၏ ရုပ်အလောင်းများကို စစ်ဆေးရန် ရင်ခွဲရုံသို့ သွားခဲ့သည်။ ချန်ယွိက ဤအလောင်းများကို နာရေးခန်းမသို့ မပို့သေးပဲ ခွဲစိပ်စစ်ဆေးနိုင်ရန် ဤနေရာတွင် ထားရန် အမိန့်ပေးထားခဲ့သည်။

စူးချင်းက အလောင်းများကို ဖုံးအုပ်ထားသည့် အဖြူရောင်အ၀တ်စကို ရုတ်သိမ်းလိုက်ပြီး စတင်စစ်ဆေးလိုက်ရာ အလောင်းလေးလောင်းလုံး၏မျက်နှာများက အပြာရောင်ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနှင့် နားတို့တွင် သွေးယိုစိမ့်ထားသော လက္ခဏာများ ရှိနေသည်။ သူတို့ အဆိပ်ခတ်ခံခဲ့ရသည်မှာ သေချာနေသော်လည်း သူမက သူတို့စားမိခဲ့သည့်အဆိပ်အမျိုးအစားကို သိချင်နေခြင်း ဖြစ်သည်။

သူမ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုက အဆင့်ကိုးသို့ ရောက်ရှိပြီးနောက်တွင် ထိုရုပ်အလောင်းများ၏အနံ့နှင့် မျက်နှာအ‌ရောင်များ၊ အစက်အပြောက်များမှ တဆင့် မည်ကဲ့သို့သော အဆိပ်ဖြစ်ကြောင်း သူမ အကြမ်းဖျင်း ဆုံးဖြတ်နိုင်နေပြီ ဖြစ်သည်။

ထိုလူများအားလုံးက ကြိုးကြာနီအဆိပ်ကြောင့် အဆိပ်သင့်ခဲ့ကြသေည်လည်း သူတို့ အဘယ်ကြောင့် ထိုအဆိပ်ကို မသွားခဲ့ကြောင်းတော့ သူမ မသိနိုင်သေးပေ။ ထိုအခြေအနေမျိုးတွင် သူမက အလောင်းများကို ခွဲစိပ်က သူတို့ ဝမ်းဗိုက်ရှိ အစာများကို ကြည့်ရတော့မည် ဖြစ်သည်။

စူးချင်းက သူမ စနစ်ထံတွင် သိမ်းဆည်းထားသော ဆုလာဘ်များကို မသုံးချင်သော်လည်း အတွင်းသစ္စာဖောက်က မည်သူဖြစ်သည်ကို သိရှိနိုင်ရန် အလောင်းခွဲစိတ်စစ်ဆေးနိုင်မည့် အထူးကိရိယာများနှင့် အဆိပ်စမ်းသပ်နိုင်မည့်ကိရိယာများကို စနစ်ထံမှ တောင်းလိုက်ရတော့သည်။

စနစ်က သူမထံသို့ ဆုသုံးခု တစ်ပြိုင်နက် ပေးလိုက်ရသည့်အတွက် ပိုပြီး သက်တောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။

(t/n: အေးဟယ် မဟုတ်ရင် ဘယ်အချိန် ဘာထတောင်းမယ်မသိ... မပေးရင်လည်း ဖောက်ခွဲခံရမှာကို ကြောက်ရ... စနစ်ဖြစ်ရတာလည်း လွယ်ကူမနေဘူး)

စူးချင်းက အလောင်းများကို ပိုမြင်နိုင်စေရန်အတွက် ရှာဖွေရေးမီးကို တပ်ဆင်လိုက်ပြီး ခွဲစိပ်မှုစတင်ရန် သူမ၏ခေါင်းကို ငုံလိုက်သည်။

ထိုအခိုက်အတန့်တွင် ရုတ်တရက် ဆိုသလို ပြတင်းပေါက်မှတဆင့် အိမ်ထဲသို့ မီးပွားများ ကျရောက်လာခဲ့သည်။ စူးချင်းက အန္တရာယ်ကို ကြိုမြင်နိုင်သည့် ပင်ကိုဗီဇ ရှိနေပြီး အာရုံခံမှု စူးရှလွန်းသောကြောင့် ထိုအရာ အိမ်ထဲကို ဝင်လာသည်နှင့် သူမက ပြတင်းပေါက်မှ ခုန်ထွက်သွားပြီ ဖြစ်သည်။

အုံး!

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စားသောက်ဆိုင်တစ်ခုလုံး ပြိုကျသွားခဲ့ပြီး စစ်သည်လေးဦး၏ ရုပ်အလောင်းများက ထိုအောက်၌ မြှုပ်နှံခံလိုက်ရသည်။ စူးချင်းပင်လျှင် ပေါက်ကွဲမှု၏အပူလှိုင်းကြောင့် လွင့်ပျံသွားရသည်။ သို့သော်လည်း ထိုနေရာမှ အနက်ရောင်အရိပ်တစ်ခု ချက်ချင်း ထွက်ပြေးသွားသည်ကို သူမ မြင်လိုက်ရသည်။ စူးချင်းက လွင့်သွားသော အရှိန်နှင့်အတူ လေထဲသို့ အလိုက်သင့် ပျံတက်သွားလိုက်ပြီး မြေပြင်ပေါ်သို့ အလွယ်တကူ ပြန်ဆင်းသက်လာခဲ့သည်။ ထိုနောက် သူမက အရိပ်မည်းနောက်သို့ ပြေးလိုက်သွားတော့သည်။

"ဘယ်သူလဲ?"

ရှောင်းမိသားစုစစ်တပ်မှ ကင်းသမားများက သူမကို ဝန်းရံလိုက်သောကြောင့် စူးချင်းက ထိုအရိပ်မည်းနောက်သို့ ဆက်မလိုက်နိုင်တော့ဘဲ ရပ်တန့်လိုက်သည်။ သူတို့က သူမကို လက်နက်များ ချိန်ရွယ်ထားပြီး ညဥ့်နက်ချိန်အတွင်း ကျယ်လောင်သော ပေါက်ကွဲသံက သူတို့ကို ဆွဲဆောင်နိုင်ခဲ့ပုံရသည်။

"ငါပါ၊ စူးချင်း၊ ဘေးဖယ်ပေး"

စူးချင်းက ကင်းလှည့်တပ်သားများကို ဘေးဖယ်ခိုင်းလိုက်သည်။

"သခင်မလေးစူး၊ ဘာဖြစ်တာလဲ?"

"တစ်ယောက်ယောက်က ငါ့ကို ဖောက်ခွဲပစ်ချင်နေတာ"

စူးချင်း၏ အမူအရာက လုံးဝ အေးစက်နေခဲ့သည်။

အခြားဘယ်သူမဆို အဲ့နေရာမှာတင် အပိုင်းပိုင်း အစစဖြစ်အောင် ပေါက်ကွဲသွားလိမ့်မယ်။ ဒီလူက သူမကို သတ်ချင်နေတာပဲ။

စူးချင်းက ထိုအရိပ်မည်း ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို ညွှန်ပြရင်း အမိန့်ပေးလိုက်သည်။

“အဲ့လမ်းအတိုင်း လိုက်သွားကြ”

စစ်သည်များက စူးချင်းညွှန်ပြသည့်လမ်းကြောင်းအတိုင်း အမြန်လိုက်သွားကြာသော်လည်း ဘာမှ မတွေ့ရတော့ပေ။ စူးချင်းက ပတ်ပတ်လည်ကို လှမ်းကြည့်နေပြီး ထိုလူက အဝေးသို့ မရောက်သွားသေးကြောင်း သူမ ကောက်ချက်ချလိုက်သည်။

"ချင်းအာ၊ ဘာဖြစ်တာလဲ?"

ကျိ‌ရွှေရှန့်က ပေါက်ကွဲသံကို ကြားကြားချင်း အမြန်ပြေးလာခဲ့ပြီး စူးချင်း အန္တရာယ်မရှိသည်ကို တွေ့လိုက်ရမှ သူ စိတ်သက်သာရာရသွားခဲ့သည်။ သို့သော် ပြိုကျနေသော စားသောက်ဆိုင်ကို မြင်လိုက်ရချိန်တွင် သူ ကြောက်လန့်သွားရပြန်သည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်းက အထဲတွင် မပါသွားခဲ့ပေ။ ထိုသို့မဟုတ်လျှင် လူသတ်လက်နက်ကြီး၏ ပေါက်ကွဲမှုကြောင့် သူမ အသက်ရှင်သန်နိုင်တော့မည် မဟုတ်ပေ။

စူးချင်းက အေးစက်စွာ တုံ့ပြန်လိုက်သည်။

“ဖောက်ခွဲရေးပစ္စည်းတွေက မြို့ထဲမှာ ရှိနေတုန်းပဲ။ တစ်ယောက်ယောက်က အမှန်တရား ပေါ်သွားမှာကို ကြောက်နေပြီး ဖောက်ခွဲရေးပစ္စည်းနဲ့ ကျွန်မ သတ်ပစ်ချင်နေတာ၊ ဒီလူက ကျွန်မတို့ရဲ့ အတွင်းလူပဲ”

သူတို့စကားပြောနေစဉ် ရှင်းရုဟိုင်လည်း အပြေးရောက်လာခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က သူ ကောင်းကောင်းမအိပ်ခဲ့ရဘဲ ပေါက်ကွဲသံကြောင့် သူ လန့်နိုးလာချိန်သူ သူ အိပ်ပျော်ခါစဖြစ်သည်။

ပျက်စီးသွားသည့် စားသောက်ဆိုင်ကို မြင်လိုက်ရချိန်တွင် ရှင်းရုဟိုင်က လူသတ်လက်နက်ကြီး မည်မျှ အစွမ်းထက်သည်ကို ပထမဆုံးအကြိမ် သိလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ?"

ချိုးယုံခန်းကလည်း အပြေးရောက်လာပြီး စူးချင်းကို စိုးရိမ်တကြီး မေးလိုက်သည်။

"ရှင် ရောက်လာတာ အရမ်း မြန်သားပဲ”

စူးချင်းက ချိုးယုံခန်းကို သံသယမျက်ဝန်းဖြင့် ကြည့်နေခဲ့သည်။

သူ့အိမ်နဲ့ ဒီစားသောက်ဆိုင်ရဲ့ အကွားအဝေးကို တွက်ကြည့်ရင် သူ အမြန်ပြေးလာတာတောင် ဒီအချိန် မရောက်သင့်သေးဘူး။

"ငါ ရွှေရှန့်ကို ပြောစရာရှိသေးတဲ့အကြောင်း တွေးမိတာနဲ့ အိမ်မရောက်ခင် လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့တာ"

ချိုးယုံခန်းက စူးချင်း သူ့ကို သံသယရှိနေသည်အား ရိပ်မိနေပြီး စိတ်တိုနေသော်လည်း သူ့ဒေါသကို ထိန်းရင်း ပြန်ဖြေလိုက်သည်။

"မနက်ဖြန်မှ ပြောလို့မရတဲ့ အကြောင်းလား?"

စူးချင်းက သူ့စကားကို မယုံတော့ဘဲ ချိုးယုံခန်း၏မျက်လုံးများကို စိုက်ကြည့်ရင်း သူ ရှောင်ထွက်သွားနိုင်မည့် အခွင့်အရေးကို လုံးဝ မပေးတော့ပေ။

ရွှေရှန့်က သူမကို ရှာရန် တာ့ထန်သို့ သွားနေကြောင်း မပြောပြခဲ့သည့် နောက်ဆုံးအကြိမ်ကတည်းက စူးချင်းက သူ့ကို သတိထားနှင့် ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။

မော့ချန်မှာ ဘယ်သူက သူမကို အမုန်းဆုံးလဲ? အဲဒါ ချိုးယုံခန်းပဲ ဖြစ်ရမယ်။

သူမ ချိုးယွဲ့ကို သတ်ပစ်လိုက်တာကို ချိုးယုံခန်းက သူမျက်လုံးနဲ့ ကိုယ်တိုင် တွေ့ခဲ့တယ်။ အဲ့ဒါတောင်မှ သူက ဖြောင့်မတ်သလို တရားမျှတသလို ပြုမူနေတုန်းပဲ။ သူက မုန်းတီးတာမျိုး ဒါမှမဟုတ် ဒေါသကို ထုတ်ပြတာမျိုးဆိုရင် ဒါက သာမန်တုံ့ပြန်မှုတစ်ခုပဲ။ ဒါပေမယ့် သူက အဲ့တာမျိုးတွေ မလုပ်ခဲ့ဘူး။ သူ ချိုးယွဲ့ကိုပဲ အမြဲတမ်းကို အပြစ်တင်နေခဲ့ပြီး သူမကို ဘယ်တော့မှ စောဒက မတက်ခဲ့ဘူး။

စူးချင်းက သူ အရမ်းလိမ္မာပါးနပ်တယ်လို့ ခံစားရတယ်။ ပြီးတော့ သူက လွမ်ဟုန် အရက်ချက်တာကို ကြည့်ဖို့ သူမ မရှိတဲ့အချိန်မှာ အခွင့်ကောင်းယူဖို့ အကြံအစည်ခဲ့သေးတယ်။ ဒါက သူမအတွေးတွေ မှန်ကန်ကြောင်း သက်သေပြနေတယ်။

အခုမှပဲ သူမကို ထိုးနှက်ဖို့ အခွင့်အရေး ယူလိုက်တာ ဖြစ်နိုင်တယ်!

ချိုးယုံခန်းက စူးချင်း၏ ပြင်းထန်သော မေးခွန်းများကို စိတ်ဆိုးပုံမရဘဲ သူက စူးချင်းကို ကူကယ်ရာမဲ့ ပြန်ဖြေလိုက်သည်။

“ဒါက မင်းအကြောင်းဆိုတော့ ပြောဖို့ နောက်ကျသွားမှာကို ငါ စိုးရိမ်လို့ပါ..."

All Chapters