သော့ရဲ့လျှို့ဝှက်ချက်
Vol. 27 Ch. 400
"မင်း အရင် ပြန်သွားလိုက်ပါ။ ကိုယ် သော့လုပ်နိုင်မယ့် လက်မှုပညာရှင်ကို ရှာတွေ့နိုင်မလားလို့ တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ကျိရွှေရှန့်က စူးချင်းကို အရင် အိမ်ပြန်ခိုင်းလိုက်ပြီး သူက သော့အတွက် ကြိုးစားပြီးမှ သူမ နောက်သို့ လိုက်လာမည့်အကြောင်းပြောပြလိုက်သည်။
စူးချင်းက အဖြူရောင် မြေခွေးသားမွေး ၀တ်စုံကို ၀တ်ဆင်ထားပြီး တာ့ဟေးကို စီးနှင်ထားခဲ့သည်။ လေက သူမ၏ဆံပင်များကို လွင့်ပျံနေစေပြီး သူမက သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့သည့် နတ်သမီးလေးကဲ့သို့ လှပနေလေသည်။ သူမ၏အေးစက်သော အမူအရာကပင် လမ်းသွားလမ်းလာများကို ပိုစွဲဆောင်နိုင်ခဲ့ပြန်သည်။
"ကျွန်မနဲ့အတူ အိမ်ကို အရင်ပြန်လိုက်ခဲ့ပါ။ ရှင် လိုချင်တာကို ရှာတွေ့နိုင်မှာပါ”
သူမက ရေခဲနှင့် နှင်းကမ္ဘာတွင် ပွင့်လန်းနေသည့် ပျိုနီပန်းကလေးကဲ့သို့သော အပြုံးဖြင့် ကျိရွှေရှန့်ကို စိုက်ကြည့်နေခဲ့သည်။
စူးချင်း၏ ထိုအပြုံးကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်တစ်ယောက် လုံးဝ တောင့်မခံနိုင်တော့ဘဲ သူမဘေးနားတွင်သာ နာနာခံခံ လိုက်ပါလာတော့သည်။
သူ လိုချင်သည့်အရာကို ရှာတွေ့နိုင်သည်ဟု စူးချင်း ပြောလိုက်သည့်အတွက် ကျိရွှေရှန့်က သူမ၏အိမ်မှ ကျွမ်းကျင်သော လက်မှုပညာသည်တစ်ဦးက သော့လုပ်နည်းကို သိသည်ဟု ကျိရွှေရှန့်က ထင်သွားခဲ့သည်။
"ချင်းအာ၊ ကိုယ့်ကို ခဏစောင့်ပါဦး"
သူတို့ မုန့်ဆိုင်ရှေ့မှ ဖြတ်သွားချိန်တွင် ကျိရွှေရှန့်က စူးချင်းကို လှမ်းတားလိုက်သည်။
သူ သူ့ရဲ့အနာဂတ် ယောက္ခမအိမ်ကို လက်ဗလာနဲ့ သွားလို့ မဖြစ်ဘူးလေ။ လက်ဆောင်တချို့တော့ ဝယ်သွားသင့်တယ်။
စူးချင်းက ခေါင်းညိတ်ပြလိုက်ပြီး ကျိမြင်းပေါ်မှ ဆင်းလာခဲ့သော်လည်း မုန့်ဆိုင်အပြင်ဘက်တွင်သာ ရပ်နေပြီး ကျိရွှေရှန့်ကို စောင့်နေခဲ့သည်။
"သခင်မလေးစူး"
သူမ ကျိရွှေရှန့်အား စောင့်ဆိုင်းနေစဥ်တွင် သူမနောက်မှ ပျော်ရွှင်မှုအပြည့်ဖြင့် လှမ်းခေါ်လိုက်သည့် အသံတစ်သံကို စူးချင်း ကြားလိုက်ရပြီး သူမ ထိုအသံ၏ပိုင်ရှင်ကို ချက်ချင်း ခန့်မှန်းနိုင်လိုက်သည်။ သူမက နောက်သို့ လှည့်ကြည့်လိုက်ပြီး ရောက်လာသည့်လူကို ခေါင်းညိတ်ပြလိုက်ကာ ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။
"သခင်လေးချူး၊ ရှင် အစစအရာရာ အဆင်ပြေရဲ့လား?"
"ငါ ဘယ်လို အဆင်ပြေနိုင်မှာလဲ? ငါ နေမကောင်းဘူး"
ချူကျင်းဖုန်းက စူးချင်းကို မကျေမနပ်ဖြစ်နေသည့်မျက်လုံးများဖြင့် ပြန်ကြည့်နေရင်း ပလီပလာ ပြန်ဖြေလိုက်သည်။ သူ့၏အသံက နူးညံ့ပျော့ပျောင်းနေသော်လည်း သူ့၏နှင်းဆီရောင်တောက်ပနေသည့် ပါးပြင်များက သူ နေကောင်းနေကြောင်း ဖော်ထုတ်နေလေသည်။
စူးချင်းက သူ့ကို ဂရုမစိုက်ဘဲ တစ်ချက်သာ ကြည့်လိုက်ပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
“ရှင် နေမကောင်း မဖြစ်ပါဘူး။ ရှင်ကြည့်ရတာ နေကောင်းလွန်နေပုံပဲ"
"မင်းက ဒါကိုတောင် ပြောနိုင်တယ်လား?"
ချူကျင်းဖုန်းက သူ နေမကောင်းဖြစ်နေသလို ဟန်ဆောင်နေခြင်းအား ရပ်လိုက်ပြီး သူ့၏မူပိုင် အပြုံးကို ပြန်ဖော်ထုတ်လိုက်သည်။
စူးချင်းက သူ့ကို အာရုံစိုက်ရန်ပင် စိတ်မ၀င်စားဘဲ မုန့်ဆိုင်ထဲသို့သာ ဆက်ကြည့်နေခဲ့သည်။ ချူကျင်းဖုန်းက စိတ်မဆိုးဘဲ စူးချင်း၏အကြည့်နောက်သို့ လိုက်ကာ ဆိုင်ထဲသို့ လိုက်ကြည့်လိုက်သည်။ ထို့နောက် သူက နွေဦးလေပြေကဲ့သို့ ပြုံးလိုက်ရင်း စူးချင်းကို လှမ်းပြောလိုက်သည်။
"သခင်မလေးစူး၊ မုန့်စားချင်လို့လား? ငါ မင်းကို ခေါ်သွားပြီး မင်းကြိုက်တာကို ရွေးခိုင်းပေးမယ်လေ"
စူးချင်းက သူ့ကို စိုက်ကြည့်လိုက်ပြီး "မလိုပါဘူး၊ ကျွန်မရဲ့ခင်ပွန်းလောင်းက ကျွန်မအတွက် သွားဝယ်နေပြီ။ ကျေးဇူးတင်ပါတယ်"
ခင်ပွန်းလောင်းလား?
ချူကျင်းဖုန်း၏ မျက်နှာပေါ်ရှိ အပြုံးက အလျင်အမြန် တောင့်တင်းသွားခဲ့သည်။
ဒီရက်အနည်းငယ်အတွင်းမှာ ဘယ်လို စေ့စပ်လိုက်ကြတာလဲ?
သူက သူ့ရင်ဘတ်ကို ကိုင်ကာ စူးချင်းကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေရင်း "ငါ့ကို အခွင့်အရေး မပေးချင်ဘူးလား? ငါက သူ့ထက် မင်းနဲ့ ပိုပြီး သင့်တော်တယ်ဆိုတာ မင်း သိလာလိမ့်မယ်"
စူးချင်း၏ မျက်နှာက အေးစက်မြဲ အေးစက်နေပြီး ချူကျင်းဖုန်းအတွက် မျှော်လင့်ချက်တစ်စုံတစ်ရာ မရှိကြောင်း သိသာနေသည်။
"မလိုပါဘူး"
ထို မထီမဲ့မြင်ပြုမှုက ချူကျင်းဖုန်း၏မာနကို များစွာ ထိခိုက်စေခဲ့သည်။ စူးချင်း၏မျက်လုံးထဲမှ သူက ဧကရာဇ်မင်းဖြစ်နေလျှင်ပင် သူမအတွက် အသုံးမဝင်ဘူးဟု ပြောနေသည့်အရိပ်အယောင်များကို သူ ခံစားနေမိသည်။
ထို့ကြောင့် စူးချင်း၏နှလုံးသားအား အနိုင်ယူနိုင်ခဲ့သည်လူကို သူ မနာလိုဖြစ်နေခဲ့သည်။
ဒီလို ပြီးပြည့်စုံတဲ့ မိန်းခလေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ထိုက်တန်အောင် သူ ဘာလုပ်ခဲ့လို့လဲ?
ကျိရွှေရှန့်က မုန့်လေးထုတ်နှင့်အတူ မုန့်ဆိုင်မှ ပြန်ထွက်လာခဲ့သည်။ သူ ထွက်လာစဥ်အထိ ပြုံးနေဆဲ ဖြစ်သော်လည်း စူးချင်း၏အနားတွင် ရပ်နေသည့် ပန်းနုရောင်ကျောက်စိမ်းမျက်နှာနှင့် မိန်းမတစ်ယောက်ထက်ပင် ပိုစွဲမက်စရာကောင်းနေသော ချုကျင်းဖုန်းကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ့မျက်နှာကလည်း ချက်ချင်း အေးစက်သွားကာ သူက စူးချင်း၏လက်ထဲမှ မြင်းဇက်ကြိုးကို ယူရန် လမ်းလျှောက်လာရင်း သူမကို လှမ်းပြောလိုက်သည်။
"သွားကြရအောင်"
“အင်း”
စူးချင်းက ခေါင်းညိတ်ပြီး ချူကျင်းဖုန်းကို နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ် သခင်လေးချူ"
မည်သို့ပင်ဖြစ်စေ ဤသခင်လေးက သူမ ကျင့်ရှီလျိုမြောင်သို့ ပထမဆုံးရောက်ရှိခဲ့စဉ်အတွင်း သူမကို ကူညီပေးခဲ့သောကြောင့် စူးချင်းက သူမ၏ယဉ်ကျေးသိမ်မွေ့သော သဘောထားကို ထိန်းသိမ်းထားဆဲဖြစ်သည်။
"ငါ မင်းနဲ့ ပြိုင်ချင်တယ်"
မထင်မှတ်ပဲ ချူကျင်းဖုန်းက ရှေ့တိုးလာပြီး ကျိရွှေရှန့်ကို တားဆီးကာ လေးနက်သည့် အပြုအမူဖြင့် စိန်ခေါ်လိုက်သည်။
"တိုက်ခိုက်ဖို့လား?"
ကျိရွှေရှန့်က သူ့ကို အရူးတစ်ယောက်လို ပြန်ကြည့်လိုက်ပြီး သူက ချူကျင်းဖုန်းအပေါ်ထားသည့် ရှုတ်ချသောလေသံကို လုံးဝ မဖုံးကွယ်ထားခဲ့ပေ။
"မင်း ငါ့ဆီကနေ အသားအနှစ်ဖြစ်တဲ့အထိ အရိုက်ခံချင်နေတာ သေချာလား?"
"မင်း ဒီစိန်ခေါ်မှုကို လက်ခံရဲလို့လား? မင်းမှာ ဒီလို သတ္တိမရှိရင် စူးချင်းကို လက်ထပ်ဖို့ မထိုက်တန်ဘူး"
ချူကျင်းဖုန်းက ကျိရွှေရှန့်ကို အထင်အမြင်သေးစွာ ပြန်ကြည့်နေပြီး သူက ကျိရွှေရှန့်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီး ဖြစ်ကာ သူ့လေသံတွင် ဒေါသငွေ့များ ပြည့်နှက်နေလေသည်။
သူတို့တိုင်းပြည်မှာ ယောက်ျားတစ်ယောက်က အခြားလူတစ်ယောက်ရဲ့မိန်းခလေးကို သဘောကျရင် အဲ့လူကို အနိုင်တိုက်ခိုက်ပြီး မိန်းခလေးကို အိမ်ပြန်ခေါ်သွားနိုင်တယ်။
သူက အခု သူ့တို့မျိုးနွယ်စုရဲ့ ဓလေ့ထုံးစံကို လိုက်နာဖို့ ဆုံးဖြတ်လိုက်ပြီ၊ သူ ကျိရွှေရှန့်ကို အနိုင်ယူပြီး စူးချင်းကို ပြန်လုယူရမယ်။
ကျိရွှေရှန့်က ကောင်းကင်နှင့်မြေကြီး၏ ကြီးကျယ်မှုကို မသိသော ဤလူချောလေးကို ကြည့်ကာ လှောင်ပြောင်ရယ်မောလိုက်ပြီး "ကောင်းပြီ မင်းရဲ့စိန်ခေါ်မှုကို ငါ လက်ခံတယ်"
စူးချင်းက သူမအတွက် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် သူတို့နှစ်ယောက်ကို ကြည့်ကာ သူတို့ကလေးဆန်လွန်းသည်ဟု ခံစားနေရသည်။ ထို့ကြောင့် သူမက ကျိရွှေရှန့်ကို အေးစက်စွာ လှမ်းပြောလိုက်သည်။
"အလုပ်ကိစ္စက ပိုအရေးကြီးတယ်"
ကျိရွှေရှန့်က သူ့လက်ဖဝါးများကို အချိန်အတော်ကြာ ပွတ်တိုက်နေခဲ့သော်လည်း စူးချင်း၏ စကားများကြောင့် ချက်ချင်း ပြန်ငြိမ်သွားခဲ့သည်။
ချင်းအာပြောတာ မှန်တယ်၊ အလုပ်က ပိုအရေးကြီးတယ်။ ဒီရူးသွပ်နေတဲ့ ကောင်လေးကို ရန်ဖက်ဖြစ်နေစရာ မလိုဘူး။
ကျိရွှေရှန့်က တိုက်ခိုက်ရန် အဆင့်သင့် ဖြစ်နေပုံရသည့် ချူကျင်းဖုန်းကို ဘေးစောင်းကြည့်ကာ မထီမဲ့မြင်အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
"ငါ မင်းအတွက်နဲ့ ငါ့အလုပ်တွေကို အနှောက်အယှက် အဖြစ်မခံနိုင်ဘူး"
"ရပ်စမ်း။ မင်းက ယောက်ျားမဟုတ်ဘူးလား? မင်း တစ်ခုခုကို ပြောပြီးရင် အဲ့စကားကို စောင့်ထိန်းရမယ်။ မင်း ငါ့ရဲ့စိန်ခေါ်မှုကို လက်မခံရဲရင် မင်းက သူရဲဘောကြောင်ပြီး စူးချင်းနဲ့ အတူ ရှိနေဖို့ မထိုက်တန်ဘူးလို့ ဝန်ခံရမယ်"
ချူကျင်းဖုန်းက ကျိရွှေရှန့်၏မြင်းရှေ့တွင် ဝင်ရပ်လိုက်ပြီး ကျိရွှေရှန့်၏လမ်းကို ပိတ်ဆို့လိုက်သည်။ သူ့၏ ဓားနှင့်တူသော မျက်ခုံးနှစ်ဖက်က ပင့်တက်နေပြီး သူ့ခန္ဓာကိုယ်တွင် သတ်ဖြတ်ခြင်းရောင်ဝါများ ပြည့်နှက်လာသည်။ သူက နွေဦးလေညင်းကဲ့သို့ ပြုံးနေတတ်သည့် သခင်ငယ်လေးနှင့် လုံးဝ မတူတော့ဘဲ ပကတိခြားနားသော လူတစ်ယောက် ဖြစ်သွားခဲ့သည်။ သူ့၏မက်မွန်ပွင့်သဏ္ဍန်မျက်လုံးများကလည်း ကျိရွှေရှန့်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။
သူတို့ မျိုးနွယ်ထဲမှာ ကတိတစ်ခု ပေးပြီးတာနဲ့ ကောင်းကင်ကြီး ပြိုကျနေရင်တောင် သူတို့ရဲ့ကတိကို ဖြည့်ဆည်းပေးရတယ်။
ကျိရွှေရှန့်က ထွက်သွားရင် သူ့မျက်လုံးထဲမှာ ဒီလူက သူရဲဘောကြောင်တဲ့သူပဲ။
“ကောင်းပြီလေ၊ တိုက်ကြရအောင်”
ထိုကောင်လေးက ကျိရွှေရှန့်ကိ အပြည့်အဝ ရန်စနိုင်ခဲ့ပြီး ကျရွှေရှန့်လည်း ဒေါသထွက်သွားခဲ့သည်။ သူက စူးချင်းဆီသို့ မုန့်ထုပ်များ လှမ်းပေးလိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
နောက်ဆုံးတွင် ဤချူကျင်းဖုန်းက သေလုမျောပါး အရိုက်မခံရမချင်း ရပ်တန့်မည်မဟုတ်ကြောင်း စူးချင်း နားလည်သွားခဲ့သည်။ ထို့အပြင် ကျိရွှေရှန့်ဆီမှ အရိုက်ခံရပြီးနောက်တွင် ထိုလူက ကျိရွှေရှန့်၏ရှေ့၌ သူမကို သူ၏ချစ်ခင်မှုများ ပြသရဲတော့မည် မဟုတ်ပေ။
"ဒါဆို ကျွန်မ အရင်ပြန်လိုက်မယ်။ ရှင်တို့ တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်ဖို့ နေရာ အရင်ရှာကြဦး။ သူများတွေရဲ့ လုပ်ငန်းကို မနှောင့်နှေးစေနဲ့”
စူးချင်းက ကျိရွှေရှန့်ထံမှ မြင်းဇက်ကြိုးကို ပြန်ယူကာ အနီးနားတွင် ဘယ်သူမှ မရှိသော နေရာကို ရှာဖွေပြီး တိုက်ခိုက်ရန် အကြံပေးလိုက်သည်။
စူးချင်း၏စကားကို ကြားသောအခါ ချူကျင်းဖုန်းက တောက်ပစွာ ပြုံးလိုက်ပြီး မျက်ခုံးပင့်ကာ ထပ်ပြောလာပြန်သည်။
“ငါက ဒီဆိုင်ပိုင်ရှင်ပါ။ သခင်မလေးစူး မုန့်စားချင်ရင် ဒီကိုသာ လာခဲ့ပါ"
သူ့စကားကြောင့် ကျိရွှေရှန့်က ထိုမုန့်များ မမွှေးတော့ဘူးဟု ချက်ချင်း ခံစားလိုက်ရသည်။ သူက စူးချင်းထံမှ မုန့်များကို ပြန်ယူလိုက်ပြီး လမ်းဘေးရှိ သူတောင်းစားတစ်ယောက်အား ပေးလိုက်သည်။ ထို့နောက် သူက နောက်သို့ ပြန်လှည့်လိုက်ပြီး ချူကျင်းဖုန်းအား အေးစက်ပြီး အဓိပ္ပါယ်ပါသော အကြည့်များဖြင့် ကြည့်နေလိုက်သည်။
ချူကျင်းဖုန်းက ကျိရွှေရှန့်၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားပြီ သူ့နှာခေါင်းကို တွန့်မိလုနီးပါး ဖြစ်သွားရသည်။
ဒီကောင်က သူ့ဆိုင်က ရောင်းတဲ့မုန့်တွေကို သူတောင်းစားတွေ စားဖို့ပဲ သင့်တော်တယ်လို့ ဆိုလိုချင်နေတာ မဟုတ်ဘူးလား?
စူးချင်းက သူတို့ကြားရှိ လျှို့ဝှက်တိုက်ခိုက်မှုများကို ဂရုမစိုက်တော့ပေ။
ဘာပဲဖြစ်ဖြစ် ရွှေရှန့်ရဲ့အရည်အချင်းက သူမ စိတ်ပူဖို့ လိုတာမျိုး မဟုတ်ဘူး။
ထို့ကြောင့် စူးချင်းက ချစ်ခြင်းမေတ္တာအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်နေသော လူနှစ်ယောက်ကို ထားခဲ့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။
ကျိရွှေရှန့်က ချူကျင်းဖုန်းကို ဘေးတိုက် တစ်ချက် ကြည့်လိုက်ပြီး "သွားကြရအောင်!"
ချူကျင်းဖုန်းက သူ့၏ ဖြူစင်သန့်ရှင်းသော မျက်နှာပေါ်မှ ဆန်းပြားပြီး ပြေပြစ်သော အမူအရာကို လုံးဝ ဖယ်ရှားထားပြီး ဖြစ်သည်။ သူ့မျက်နှာက အေးစက်နေပြီး အမြဲပြုံးနေတတ်သည့် သူ့၏မက်မွန်ပွင့်သဏ္ဍန်မျက်လုံးများတွင် လူသတ်ရောင်ဝါများ ပြည့်နှက်နေလေသည်။
"ငါ့နောက်ကို လိုက်ခဲ့"
ချူကျင်းဖုန်း နောက်သို့ ပြန်လှည့်လိုက်ပြီး အနောက်ဘက်သို့ လျှောက်သွားခဲ့သည်။ ထိုနေရာတွင် စွန့်ပစ်ခံထားရသည် သိုင်းလေ့ကျင့်ရေးကွင်းပြင်တစ်ခု ရှိနေပြီး အများအားဖြင့် မည်သူကမျှ ထိုနေရာကို မသွားသည့်အတွက် သူတို့ပြိုင်ပွဲအတွက် ပြီးပြည့်စုံသောနေရာ ဖြစ်သည်။
စူးချင်းက သူတို့နှစ်ယောက်ကို လျစ်လျူရှုကာ သူတို့နှင့် လမ်းခွဲပြီးနောက် သူမက စူးအိမ်တော်သို့ ပြန်လာခဲ့သည်။ လမ်းတွင် သူမတို့ အသစ်ဝယ်ထားသည့် စားသောက်ဆိုင်၏ ပြုပြင်မွမ်းမံမှုက ပြီးဆုံးနေပြီကို သူမ တွေ့လိုက်ရသည်။ တံခါးနားမှ ကမ္ဗည်းပြားကို အနီရောင်အထည်စကြီးဖြင့် ဖုံးအုပ်ထားပြီး ဆိုင်ဖွင့်ရန်သာ ကျန်နေတော့သည်။
စူးချင်းက အထဲသို့ ဝင်သွားပြီး တစ်ချက်ကြည့်လိုက်သည်။ ထိုနေရာရှိ လူများက စူးချင်းကို မသိသလို မည်သူကမျှလည်း သူမကို ဘာမှ လာမမေးကြပေ။ သူတို့အားလုံးက သူတို့အလုပ်နှင့် သူတို့ ရှုပ်နေကာ သူမကို သတိမမူမိပုံရသည်။
စူးချင်းက ပတ်ပတ်လည်ကို လိုက်ကြည့်နေပြီး အလွန် ကျေနပ်နေခဲ့သည်။ အလှဆင်မှုက ယခုခေတ်တွင် ရေပန်းစားနေသည့် အပြင်အဆင့်မျိုး ဖြစ်ပြီး အဆင့်မြင့်စားသောက်ဆိုင်တစ်ခုဟု မြင်သာနိုင်သည်အထိ ခန်းနားလွန်းလှသည်။
စူးချင်းက စားသောက်ဆိုင်ထဲမှ ထွက်လာပြီး စျေးဝယ်ရာမှ ပြန်လာပုံရသော လွမ်ဟုန်ကို တွေ့လိုက်ရသည်။ သူမက မောပန်းနွမ်းနယ်နေပုံရသော်လည်း လူငယ်လေးတစ်ယောက်ကဲ့သို့ တက်ကြွနေဆဲ ဖြစ်ကာ သူမ၏လက်နှစ်ဖက်လုံးတွင် ပစ္စည်းများ ကိုင်ဆောင်ထားသည်။ ထိုပစ္စည်းများက အလွန်လေးသောကြောင့် သူမ အားစိုက်သယ်နေရပြီး စူးချင်းကို မမြင်ဘဲ ခေါင်းငိုက်စိုက်ဖြင့် အိမ်ထဲသို့ ဝင်သွားနေသည်။
စူးချင်းက သူမကို အော်ပြောလိုက်သည်။ “ခနနေဦး ငါ ကူသယ်ပေးမည်။ အဲ့ဒါတွေက အရမ်းလေးနေပုံပဲ"
"ငါ့ကိုပေး!"
စူးချင်းက လွမ်ဟုန်၏လက်ထဲမှ ပစ္စည်းများကို လှမ်းဆွဲလိုက်သည်။ သူမ၏ဝမ်းကွဲကို တွေ့လိုက်ရသောကြောင့် လွမ်ဟုန်က အလွန်ပျော်ရွှင်သွားပြီး စူးချင်း၏ဘေးနားတွင် ခုန်ပေါက်နေကာ သူမထံတွင် ပြောစရာစကားများ မကုန်နိုင်တော့ဘဲ စကားများကို တတွတ်တွတ် ပြောနေခဲ့သည်။
“အစ်မဝမ်းကွဲ၊ အစ်မ ဒီတစ်ခေါက် ဘယ်နှစ်ရက်နေမှာလဲ? စားသောက်ဆိုင်ဖွင့်ပွဲမှာ ရှိနေပေးမှာလား?"
.....။........။...........