← Chapters

ဒါဆို မင်းမှာ ဘယ်လို အစီအစဉ်ကောင်းတွေ ရှိလဲ?

Vol. 27 Ch. 395

ဒါဆို မင်းမှာ ဘယ်လို အစီအစဉ်ကောင်းတွေ ရှိလဲ?

Vol. 27 Ch. 395

ယခုအချိန်တွင် သူ အခြားမိန်းခလေးတစ်ယောက်နှင့် လက်ထပ်လိုက်ပါက ကျိရှောင်ယင်ကို ထာဝရ ဆုံးရှုံးရမည်အား ယဲ့လွီချွမ်း သိထားပြီး ဖြစ်သည်။ သူတို့ မဆုံဆည်းနိုင်တော့ဘဲ ကျိရှောင်ယင်က အခြားလူတစ်ဦးနှင့် လက်ထပ်တော့မည်ကို တွေးလိုက်ရုံဖြင့် ထိုကြမ္မာကို သူ လက်မခံနိုင်ဘဲ သူ့နှလုံးသားကို ဓားဖြင့်ထိုးမွှေနေသလို ခံစားနေရသည်။

“သားတော်၊ ဒီခမည်းတော်က မင်းကို အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းချင်နေပြီ။ အိမ်ရှေ့မင်းသားတစ်ပါးအနေနဲ့ အိမ်ရှေ့စံကြင်ယာတော် မရှိတာက မတင့်တယ်ဘူး။ ဒီမင်းသမီး ယွင်သိက အိမ်ရှေ့စံကြင်ယာတော် ဖြစ်ဖို့ ထိုက်တန်လို့ မင်းရဲ့ မယ်တော်နဲ့ ကျန်းက ဂရုတစိုက် တွေးပြီးမှ သူ(မ)ကို ရွေးချယ်ခဲ့တာ၊ သူ(မ)က ကျန်းတို့တိုင်းပြည်နဲ့ မင်းရဲ့အနာဂတ်အတွက် အထောက်အကူ ဖြစ်လာလိမ့်မယ် "

ဧကရာဇ်မင်းက သူ့သားကို ကြည့်နေပြီး မျက်မှောင်ကြုတ်နေလေသည်။

သူနဲ့ လီဖေးက သူတို့ရဲ့သားအတွက် အိမ်ထောင်ဖက်ရွေးပေးတဲ့ သုံးယောက်လုံးကို သူတို့သားတော်က ငြင်းပယ်ခဲ့တယ်။ ဒီတစ်ခါတော့ ဘာပဲဖြစ်ဖြစ် မဖြစ်မနေ လက်ခံရလိမ့်မယ်။

မင်းသမီးယွင်သိက အကျင့်သီလ ကောင်းမွန်သလို အရည်အချင်းလည်း ရှိတယ်။ ထူးခြားတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်တဲ့အပြင် သူမရဲ့မွေးရင်းမိသားစုကလည်း သြဇာကြီးမာတယ်။ အဲ့ဒါကြောင့် သူမက သူ့ရဲ့သားတော်ကို သေချာပေါက် ကူညီနိုင်လိမ့်မယ်။

တကယ်တော့ ဟာဆာတိုင်းပြည်က သူတို့ တာ့ထန်အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့တာ ကြာနေပြီ။ မြောက်ပိုင်းနယ်စပ်က တိုင်းပြည်ငယ်လေးတွေထဲမှာ ဟာဆာနဲ့ တာ့ထန်က အင်အားတူညီနေခဲ့တယ်။ ဒါပေမယ့် ဟာဆာရဲ့ဧကရာဇ်က ရည်မှန်းချက်ကြီးမားပြီး တာ့ထန်နယ်စပ်မှာ နေထိုင်တဲ့ သိုးကျောင်းသမားတွေဆီကနေ သိုးတွေကို လုယက်တတ်တယ်၊ ပြီးတော့ သူတို့ရဲ့နယ်မြေကို ထိပါးဖို့လည်း ချောင်းနေတတ်ပြီး နယ်စပ်မှာ အသေးစား ပဋိပက္ခတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်။ သူတို့က မီးရှို့၊ လူသတ်၊ လုယက်တာတွေကို ပိုပိုပြီး ပြလုပ်လာကြတယ်။

သူ ဟာဆာပြည်ထောင်ကို တိုက်ခိုက်ရန် သူ့ရဲ့စစ်တပ်ကို တစ်ကြိမ် စေလွှတ်ခဲ့ဖူးပေမယ့် တစ်ဖက်ရဲ့ တိုက်ခိုက်ရေးအင်အားကလည်း ပြင်းထန်လွန်တယ်။ နောက်ဆုံး နှစ်ဖက်စလုံး အထိအခိုက် အကျဆုံးများခဲ့ပြီး တိုက်ပွဲရလဒ်က သရေဖြစ်သွားခဲ့တယ်။

အိမ်ထောင်ရေးအရ မဟာမိတ် ပြုနိုင်မှပဲ တိုင်းပြည်နှစ်ခုက တစ်မိသားစုတည်းဖြစ်သွားပြီး သူတိုနဲ့ ဟာဆာက ချုပ်နှောင်ပြီးသား ဖြစ်သွားလိမ့်မယ်။

ထိုအတွေးများကြောင့် ဧကရာဇ်အိုကြီးက သူ၏သားတော်ကို အိမ်ရှေ့စံမင်းသားဖြင့် သွေး‌ဆောင်ကာ ဤအိမ်ထောင်ရေးအား သဘောတူလာရန် ဖိအားပေးနေခြင်း ဖြစ်သည်။

မင်းသားတစ်ပါးအတွက် အိမ်ရှေ့စံမင်းသားအဖြစ် ခန့်အပ်ခံရခြင်းက သူတို့၏တစ်သက်တာ မျှော်လင့်ချက်ဖြစ်ပြီး ထိုစကားကို ကြားရသည်နှင့် အလွန်အမင်း ပျော်ရွှင်ကာ မည်သည့်အခြေအနေများကိုမဆို သဘောတူလိုက်မည် ဖြစ်သည်။ ယခု ယဲ့လွီချွမ်းလည်း ထိုစကား၏သွေးဆောင်ခြင်းကို ခံနေရသည်။ ယခင်က သူ လက်လှမ်းမမီခဲ့သော ရာဇပလ္လင်က ယခုအခါ သူ့၏လက်တစ်ကမ်းသို့ ရောက်နေပြီ ဖြစ်သည်။ သူ့အဖေ၏အစီအစဉ်များကို သူ လက်ခံပြီး မင်းသမီးယွင်သိကို လက်ထပ်လိုက်သရွေ့ အိမ်ရှေ့စံမင်းသားအဖြစ် ထီးနန်းကို ဆက်ခံနိုင်ပြီး အနာဂတ်တွင် ဧကရာဇ်ဖြစ်လာမည်မှာ အသေအချာပင်။

ဤကဲ့သို့သော အခွင့်အလမ်းကောင်းက ကြီးမားသော သွေးဆောင်မှုတစ်ခု ဖြစ်သော်လည်း ယဲ့လွီချွမ်းက ခေါင်းမညိမ့်နိုင်သေးပေ။

ကျိရှောင်ယင်၏အပြုံးများက သူ့မျက်လုံးရှေ့တွင် ဆက်လက်ပေါ်လာပြီး သူမက သူမ၏ ကြည်လင်သော မျက်လုံးလေးများဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။

သူ မင်းသမီးယွင်သိကို လက်ထပ်ဖို့ သဘောတူလိုက်ရင် ကျိရှောင်ယင်ကို နောက်တစ်ခါတွေ့ဖို့ အခွင့်အရေးတောင် ရနိုင်တော့မှာ မဟုတ်ဘူး။

တော်ဝင်မိသားစုမှာ ကိုယ်လုပ်တော်တွေကို ဂုဏ်အသရေနဲ့ ဘွဲ့ထူးတွေ ပေးအပ်ပြီး ကြင်ယာတော်လို့ လေးလေးစားစား ခေါ်ဝေါ်ရပေမယ့် အများမြင်မှာတော့ ကိုယ်လုပ်တော်ဆိုတာ မယားငယ်ပဲ။ ကျိ‌ရွှေရှန့်က သူရဲ့ညီမ ကိုယ်လုပ်တော်ဖြစ်လာမှာကို ဘယ်သောအခါမှ သဘောတူမှာ မဟုတ်ဘူး။

"သားတော်၊ မင်းက ဘာကို ဒီလောက်စဉ်းစားနေသေးတာလဲ? မြန်မြန် လက်ခံပြီး ခမည်းတော်ကို ကျေးဇူးတင်လိုက်လေ"

ကြင်ယာတော်လီက ဧကရာဇ်မင်း၏မျက်နှာ ပျက်ယွင်းလာသည်ကို မြင်သွားပြီး သူမ၏သားကို သတိပေးသည့်အနေဖြင့် အလျင်အမြန် သဘောတူခိုင်းလိုက်သည်။

“ခမည်းတော်ဧကရာဇ်၊ သားတော်ကို သဘောမတူနိုင်တဲ့အတွက် ခွင့်လွှတ်ပေးပါ။ သားတော်မှာ နှစ်သက်ရတဲ့သူ ရှိနေပါပြီ"

မိခင်ဖြစ်သူက တိုက်တွန်းလိုက်သော်လည်း ယဲ့လွီချွမ်းက သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီး ဖခင်ဖြစ်သူကို တောင်းပန်ရန် ဒူးထောက်ထိုင်ချလိုက်သည်။

“မင်း ကြိုက်တဲ့လူကို ကိုယ်လုပ်တော် လုပ်ခိုင်းလို့ရတယ်။ ဒါက သူ(မ)အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်လာမှာပဲ။ တော်ဝင်မိသားစုမှာ နန်းဆောင်သုံးဆောင်နဲ့ ခြံဝင်းခြောက်ခု ရှိတာ ပုံမှန်ပဲ။ မင်းသမီးယွင်သိကလည်း ဒါကို စိတ်ထဲမထားဘူးလို့ ကျန်း ယုံတယ်"

ဧကရာဇ်အိုကြီးက သူ့သားကို အထူးတဆန်း စိုက်ကြည့်နေလေသည်။

ဒီလို ရိုးရှင်းတဲ့ မေးခွန်းတစ်ခုကိုတောင် သူ့သားတော်က မဖြေရှင်းနိုင်တော့ဘူးလား? ချွမ်းအာရဲ့ ပြတ်သားမှုက ဘယ်ရောက်သွားတာလဲ? သူ ဘာကြောင့် ဒီလောက် တွေဝေနေရတာလဲ?

"သူ(မ)က စိတ်ထဲမထားပေမယ့် သားတော် နှစ်သက်တဲ့သူကတော့ စိတ်ထဲထားတယ်၊ သားတော် မင်းသမီးယွင်သိကို လက်ထပ်လိုက်တာနဲ့ သူမနဲ့ အတူရှိဖို့ အခွင့်အရေး မရှိနိုင်တော့ဘူး"

ယဲ့လွီချွမ်းက သူ့နှလုံးသားကို သူ မြင်သွားခဲ့ပြီး သူ ဆုံးဖြတ်ချက်ချလိုက်သောကြောင့် မည်သည့်အခါမျှ နောက်ပြန်ဆုတ်တော့မည်မဟုတ်ပေ။ အာဏာနှင့် ကျိရှောင်ယင် ထဲမှ တစ်မျိုးကိုသာ ရွေးချယ်ခွင့်ရလျှင် သူ ကျိရှောင်ယင်ကိုသာ လိုချင်မိသည်။

“ဘယ်မိန်းမက ဒီလောက် သည်းခံစိတ်မရှိရတာလဲ? ရှေးခေတ်ကတည်းက အမျိုးသားတွေမှာ မယား သုံးယောက်နဲ့ မောင်းမမိဿံလေးယောက် ရှိတယ်။ ဒီလို သည်းမခံနိုင်တဲ့ မိန်းခလေးက မနာလိုစိတ်များတဲ့ မိန်းခလေးပဲ ဖြစ်ရမယ်၊ တော်ဝင်မိသားစုထဲကို ဝင်ဖို့ မထိုက်တန်ဘူး”

ဧကရာဇ်အိုကြီးက မျက်မှောင်ကြုတ်ကာ သားတော်အား မကျေမနပ် စိုက်ကြည့်နေလေသည်။ အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုအောက်တွင် ကျဆုံးနေသည့် ယဲ့လွီချွမ်းက သူ့ကို စိတ်ပျက်စေခဲ့ပြီး သူ့သားတော်၏ဆုံးဖြတ်ချက်များကို လွှမ်းမိုးထားနိုင်သည့် ထိုမိန်းခလေးကို ရွံရှာသွားခဲ့သည်။

"ခမည်းတော်ဧကရာဇ်၊ သူ(မ)က စစ်သူကြီးရှောင်းရဲ့သမီးပါ"

ယဲ့လွီချွမ်းက သူ့အဖေ၏ကဲ့ရဲ့ရှုတ်ချနေသည့် အကြည့်များကို အေးအေးဆေးဆေး ပြန်ရင်ဆိုင်နေခဲ့သည်။

တာ့ရှားပြည်ထောင်က စစ်သေနာပတိချုပ်ကြီးတစ်ဦးရဲ့ သမီးက အဆင့်အတန်း မြင့်မားတယ်လို့ သတ်မှတ်နိုင်ပြီး သူနဲ့ဂုဏ်ရည်တူတယ်လို ယူဆနိုင်တယ်။

"ဒါကို မင်း အရင်က ပြောခဲ့ဖူးတယ်မလား?"

ဧကရာဇ်အိုကြီးက သူ၏သားတော် ကျိရှောင်ယင်အား လက်ထပ်လိုကြောင်း တစ်ချိန်က ပြောခဲ့ဖူးသည်ကို ပြန်သတိရမိသွားခဲ့သည်။

ဒီကောင်မလေးက ဘာလို့ ဒီလောက်တောင် မောက်မာနေရတာလဲ? ဘယ်ယောက်ျားက မိန်းမတစ်ယောက်ပဲ လက်ထပ်လို့လဲ?

“ဟုတ်ပါတယ်”

ယဲ့လွီချွမ်းက ခေါင်းညိတ်လိုက်သည်။

အရင်တုန်းကတော့ သူလည်း သူ့အဖေလို သဘောထားမျိုး ရှိခဲ့ဖူးတယ်။ သူ ကျိရှောင်ယင်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပြီး သူ့အိမ်တော်ကို ဝင်လာတဲ့ အခြားအမျိုးသမီးတွေကို အလှဆင်ပစ္စည်းတွေလို သဘောထားလိုက်ရင် သူနဲ့ ကျိရှောင်ယင်ကြားက ဆက်ဆံရေးက ဘာပြသနာမှ မရှိလောက်ဘူးလို့ သူ တွေးခဲ့ဘူးတယ်။

ဒါပေမယ့်လည်း ကျိ‌ရွှေရှန့်ရဲ့သဘောထားက အရမ်းခိုင်မာလွန်းတယ်။ သူ ကျိရှောင်ယင် တစ်ယောက်တည်းကိုပဲ လက်ထပ်မယ်လို့ အာမ မခံနိုင်သ‌ရွေ့ ကျိရွှေရှန့်က သူနဲ့ ကျိရှောင်ယင်ကို ဘယ်သောအခါမှ လက်ထပ်ခွင့် ပြုမှာ မဟုတ်ဘူး။

"မင်းတို့ လက်ထပ်ဖို့ ကျန်း သဘောတူထားပြီးသားပဲ၊ ဒါတောင်မှ သူ(မ)က မကျေနပ်နိုင်သေးဘူးလား? သူ(မ)က မင်းကို လွှမ်းမိုးချင်နေတာလား? ဒီလိုမိန်းခလေးမျိုးက တော်ဝင်မိသားစုထဲကို ဝင်ဖို့ မထိုက်တန်ဘူး။ ကိုယ်လုပ်တော် ဖြစ်ဖို့တောင် အရည်အချင်း မရှိဘူး”

ဧကရာဇ်၏မျက်နှာက ရေသေကန်ကဲ့သို့ မည်းမှောင်လာခဲ့သည်။

သူ ရှောင်ဟမ့်ကို သဘောကျပေမယ့် ဒီလိုမိန်းခလေးတစ်ယောက်ကိုတော့ တော်ဝင်မိသားစုထဲကို ဝင်ခွင့်မပြုနိုင်ဘူး။

"ခမည်းတော်၊ သားတော် ကျိရှောင်ယင်ကို လက်မထပ်နိုင်ဘူးဆိုရင် တစ်သက်လုံး တစ်ယောက်တည်းပဲ နေချင်ပါတယ်"

ယဲ့လွီချွမ်း ဧကရာဇ်အိုကြီး၏အမိန့်ကို မနာခံခြင်းက ပထမဆုံးအကြိမ် ဖြစ်ပြီး သူက အလွန်စိတ်ပိုင်းဖြတ်ထားပုံရဖြစ်သည်။ ဧကရာဇ်အိုကြီးက အလွန်ဒေါသထွက်နေပြီး သူ့ရင်ဘတ်ကို ဖိထားကာ စားပွဲပေါ် လက်ထောက်ထားရင်း သူ့၏တန်ဖိုးအထားရဆုံးသားတော်ကို စိုက်ကြည့်နေလေသည်။

သူ့သားတော်က မိန်းမတစ်ယောက်အတွက်နဲ့ သူအမိန့်ကိုတောင် မနာခံတော့ဘူးလား?

နောက်ဆုံးတွင် ဧကရာဇ်အိုကြီးက သူ့သားတော်အား စိုက်ကြည့်နေရင်း ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

"ကျန်းက မင်းဆီကနေ သဘောတူညီချက် တောင်းစရာလား? မင်း မင်းသမီးယွင်သိကို လက်ထပ်ဖို့ အမိန့်တော်ချမှတ်မယ်"

"ဒီသားတော်က ဧကရာဇ်ရဲ့အမိန့်တော်ကို ငြင်းဆန်ကြောင်းပါ"

ယဲ့လွီချွမ်းက သူ့လက်သီးများကို တင်းတင်း ဆုပ်ထားရင်း သူ့မျက်ခုံးကို ပင့်ကာ လေးနက်သောအသံဖြင့် အခိုင်အမာ တုံ့ပြန်လိုက်သည်။

"ဟား...ဟား... မင်းမိန့်ကိုတောင် မနာခံဘူးတဲ့လား? ကျန်းမှာ သားတစ်ယောက်ပဲ ရှိတော့လို့ ကျန်းက မင်းကို ကြောက်နေတယ်လို့ မင်း ထင်နေတာလား?"

ဧကရာဇ်က အလွန်ဒေါသထွက်သွားပြီး ရှက်ဒေါသဖြင့် လှောင်ပြောင်ရယ်မောနေလေသည်။ ယခုအချိန်တွင် သူက တိုင်းပြည်၏အုပ်စိုးရှင် ဖြစ်သွားပြီး ကြင်နာတတ်သည့်ဖခင် မဟုတ်တော့ပေ။ သူ့ရှေ့တွင် ဒူးထောက်နေသော သားဖြစ်သူကို အေးစက်စွာ ကြည့်နေရင်း သူ့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထုတ်လွှတ်နေကာ သူ့မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး လူသတ်ချင်စိတ်များ ပြည့်နှက်လာပြီ ဖြစ်သည်။

ဧကရာဇ်တစ်ပါးအနေဖြင့် မည်သူကမျှ သူ့၏လက်အောက်ငယ်သားများကို ပုန်ကန်ခွင့်ပေးမည် မဟုတ်ပေ။ ဖခင်တစ်ယောက်အနေဖြင့်လည်း သူ့သားက သူ့စကားအား နားမထောင်ခြင်းကို မည်သို့မျှ ခွင့်မပြုနိုင်ပေ။ ယဲ့လွီချွမ်းက သူ၏ ပြောင်းပြန်ကြေးခွံကို သွားထိလိုက်ခြင်းပင်။

"သားတော်၊ မင်းရဲ့ခမည်းတော် စိတ်ဆိုးအောင် မလုပ်နဲ့"

ကြင်ယာတော်လီက ဧကရာဇ်အိုကြီး အလွန်အကျွံ စိတ်ဆိုးနေသည်ကို ရိပ်မိသွားပြီး သူမ၏သားတော်အား ဖျောင်းဖျရန် အဆောတလျင် ကြိုးစားလိုက်သည်။ ဧကရာဇ်၏ ဒေါသကြောင့် သွေးများ စွန်းထင်းသွားနိုင်ပြီး ဧကရာဇ်အိုကြီးက ဒေါသကြီးသည့်အပြင် ရက်စက်တတ်သူလည်း ဖြစ်နေသေးသည်။ သူ့သားတော်က သူ့၏အာဏာအား စိန်ခေါ်ခြင်းကို သူ ဘယ်သောအခါမှ ခွင့်ပြုမည် မဟုတ်ပေ။

"ခမည်းတော်၊ ဒီသားတော်က ခမည်းတော်ကို စိတ်ပျက်စေခဲ့ပါတယ်"

ယဲ့လွီချွမ်းကလည်း သူ့အဖေ စိတ်ဆိုးနေကြောင်း သိနိုင်သော်လည်း သူ တောင်းပန်ရုံသာ တတ်နိုင်ပြီး အလျှော့မပေးနိုင်ပေ။

သူက နွားနှစ်တွင် မွေးဖွားပြီး သူ ဆုံးဖြတ်ချက်ချပြီးသည်နှင့် မည်သူအမျှ သူ့ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်တော့ပေ။

မိမိ၏အသက်ကို ထိန်းသိမ်းရန်နှင့် အာဏာအတွက် ကျိရှောင်ယင်အပေါ် ထားသည့် သူ့၏ချစ်မြတ်နိုးမှုကို စွန့်လွှတ်လိုက်ပါက သူ ယောက်ျားတစ်ယောက် ဖြစ်ရန် မထိုက်တန်တော့ဘူးဟု သူ ခံယူထားခဲ့သည်။

“ဟာဆာတိုင်းပြည်က ကျန်းတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဆိုတာ မင်း သိလား? တိုင်းပြည်နှစ်ခုကြားမှာ ထိမ်းမြားလက်ထပ်ပွဲ ကျင်းပနိုင်သရွေ့ စစ်ကို ရှောင်နိုင်လိမ့်မယ်၊ စစ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်မှာကို မင်း တွေးမိလား? မင်း သူတို့ကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား?”

ဧကရာဇ်အိုကြီးက သူ့သားတော်ကို စိုက်ကြည့်ကာ မေးနေခဲ့ပြီး သူ၏လေးနက်သော အသံက အပြင်ဘက်မှ နှင်းများကဲ့သို့ အေးစက်လွန်းနေသဖြင့် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

“ခမည်းတော်၊ သားတော်တို့က ဟာဆာတိုင်းပြည်ကိုတောင် ကြောက်နေရပြီလား? ငြိမ်းချမ်းရေးအတွက် တောင်းဆိုဖို့ အိမ်ထောင်ရေးကို အသုံးချပြီး မဟာမိတ်ဖွဲ့ရတော့မှာလား?”

သူ့အဖေ၏ ကြောက်ရွံ့ထိတ်လန့်ဖွယ် အကြည့်ကို မြင်နေရသည့်တိုင် ယဲ့လွီချွမ်းက စူးရှသောအကြည့်ဖြင့် ပြန်မေးလိုက်သည်။

ဧကရာဇ်အိုးကြီးက သူ့သားတော်၏ မေးခွန်းကြောင့် အံ့အားသင့်သွားခဲ့သည်။

သူ့သားတော်ရဲ့မေးခွန်းအရ သူ့တို့တိုင်းပြည်က အားနည်းနေပုံရပြီး သနားညှာတာမှုရဖို့ သားသမီးရဲ့ အိမ်ထောင်ရေးကို အသုံးပြုဖို့ လိုအပ်နေသလို ဖြစ်နေပြီ။ ဒါကို တွေးကြည့်တော့ သူလည်း စိတ်ထဲကနေ အဆင်မပြေ ဖြစ်သွားရတယ်။ တာ့ထန်မှာ သန်မာတဲ့ စစ်တပ်နဲ့ စစ်မြင်းတွေ ရှိတယ်။ တိုင်းပြည်က အားကောင်းပြီး ပြည်သူတွေက ချမ်းသာတယ်လို့ ဆို​နိုင်တယ်။ ဟာဆာတိုင်းပြည်က အားမနည်းဘူးဆိုရင်တောင် တာ့ထန်ထက်တော့ နည်းနည်းနိမ့်ကျနေသေးတယ်။

သူ့ဖခင် စိတ်လှုပ်ရှားသွားသည်ကို မြင်လိုက်ရချိန်တွင် ယဲ့လွီချွမ်းက ဧကရာဇ်အိုကြီးကို စည်းရုံးရန် အခွင့်အရေး ယူလိုက်သည်။

“အခု အချိန် ခမည်းတော်က ငြိမ်းချမ်းရေးကို ကမ်းလှမ်းရင်တောင် ဟာဆာရဲ့ဘုရင်က သစ္စာမဲ့ပြီး ကြမ်းကြုတ်တဲ့သူပဲ။ သူက သားတော်တို့က သူ့ကို ကြောက်နေတယ်လို့ ထင်သွားပြီး နောင်မှာ ပိုပိုပြီး ဆိုးလာလိမ့်မယ်။ ဒီအိမ်ထောင်ရေးအတွက်လည်း သူက ငဲ့ညှာပေးနေမှာ မဟုတ်ဘူး”

ဧကရာဇ်အိုကြီးက မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့လွီချွမ်းက သူ့နှလုံးသားထဲမှ အတွေးကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်ပြီး သူ ကြောက်နေသည်ဟု အထင်ခံရခြင်းက ဧကရာဇ်အိုကြီးကို စိတ်မသက်မသာခံစားရစေခဲ့သည်။ သူက ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည့် သားဖြစ်သူကို ကြည့်ကာ ထပ်မေးလိုက်သည်။

"ဒါဆို မင်းမှာ ဘယ်လို အစီအစဉ်ကောင်းတွေ ရှိလဲ?"

(t/n: ယဲ့လွီချွမ်း : သားတော်ရဲ့အစီအစဥ်ကတော့ စူးချင်းကို အကူအညီတောင်း လိုက်ပါမယ်)

All Chapters