← Chapters

ကမ်းလှမ်းခြင်း

Vol. 27 Ch. 396

ကမ်းလှမ်းခြင်း

Vol. 27 Ch. 396

"ခမည်းတော်ဧကရာဇ်၊ ဒီသားတော် တွေးမိတာက သားတော်တို့က ဟာဆာတိုင်းပြည်ကို အနိုင်ယူပြီး အကြောက်တရားက ဘာလဲဆိုတာ သူတို့ သိအောင်ပြပေးမှ သူတို့ အမှန်တကယ် ရိုးသားလာလိမ့်မယ်"

ယဲ့လွီချွမ်းက စိတ်အားထက်သန်စွာဖြင့် လက်သီးအုပ်ရင်း သူ့ခမည်းတော်ကို ပြန်ဖြေလိုက်သည်။ သူ့ထံတွင် ထိုအစီအစဥ်ရှိနေသည်မှာ ကြာပြီဖြစ်ကာ ယခု တာ့ထန်က ချမ်းသာပြီး အင်အားပိုကြီးမားလာသောကြောင့် ဟာဆာက သူတို့ထက် အနည်းငယ် ပိုအာနည်းလာပြီး ဟာဆာကို အနိုင်ယူရန် အခွင့်အရေး ရှိနေပြီဟု သူ တွက်ဆထားခဲ့သည်။

ဤအခိုက်အတန့်တွင် ဟာဆာတိုင်းပြည်၏ ဧကရာဇ်က တာ့ထန်ပြည်ထောင်က သူ့ကို ကြောက်နေပြီး လက်ထပ်ပေါင်းစည်းရန် အဆိုပြုခဲ့သည်ဟု အမှန်တကယ် ထင်နေပြီ ဖြစ်သည်။ လောလောဆယ်တွင် သူက အလွန် ဂုဏ်ယူနေပြီး သူ နှစ်သက်သော ကိုယ်လုပ်တော်၏ ကပြဖြေဖျော်မှုကို ကြည့်ရင်း အောင်ပွဲခံနေခဲ့သည်။

နန်းတွင်းအစေခဲတစ်ယောက်က မင်းသမီးယွင်သိကို ယန်ရှင်းနန်းဆောင်၏ခန်းမကြီးဆီသို့ ခေါ်ဆောင်လာခဲ့သည်။ ပန်းရောင်နန်းတွင်းဝတ်စုံက သူမကို ပို၍ လှပစေခဲ့ပြီး သူမ၏သေးသွယ်သည့် ခါးလေးကို ပေါ်လွင်စေကာ သူမ၏ဆွဲဆောင်နိုင်မှုကို ပိုမြင့်မားလာစေသည်။

“ခမည်းတော်”

မင်းသမီးယွင်သိက အလွန်ချစ်စရာကောင်းပြီး သူမ၏မျက်လုံးလေးများထဲတွင် ရွှင်လန်းမှုများ ပြည့်နှက်နေလေသည်။ သူမက နန်းဆောင်ထဲသို့ ဝင်လာပြီး သူမ၏ခမည်းတော်ကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူမ၏နူးညံ့သိမ်မွေ့သော အသံကလေးက တေးသီငှက်ကလေး တေးသီနေသကဲ့သို့ ချိုသာလွန်းလှသည်။

“တာ့ထန်က သံတမန်တစ်ဦး စေလွှတ်ပြီး တတိယမင်းသား ယဲ့လွီချွမ်း ကိုယ်စား ကျန်းရဲ့သမီးတော်ကို လက်ထပ်ထိမ်းမြားဖို့ ကမ်းလှမ်းလာတယ်၊ ယဲ့လွီချွမ်းက ငယ်ရွယ်ပြီး အလားအလာရှိတဲ့အပြင် အိမ်ရှေ့စံမင်းသား ဖြစ်လာဖို့ အခွင့်အလမ်းလည်း မြင့်မားတယ်။ ဒီခမည်းတော်က သမီးတော်ရဲ့ကိုယ်စား သဘောတူလိုက်ပြီ။ သမီးတော်ကတော့ လက်ထပ်ပွဲကို စိတ်အေးချမ်းသာစွာ စောင့်နေဖို့ပဲ လိုတော့တယ်”

ဟာဆာပြည်ထောင်၏ဧကရာဇ်က သူ့၏သမီးချောလေးကို ကြည့်နေရင်း အဝေးတွင် လက်ထပ်ခိုင်းရန် တွန့်ဆုတ်နေသေးသည်။ သို့သော်လည်း ယဲ့လွီချွမ်းက သူ့သမီးတော်အတွက် အမှတ်တကယ် သင့်တော်သော အိမ်ထောင်ဖက်ဖြစ်ပြီး နောင်တွင် သူ့၏သမီးတော်က တာ့ထန်တိုင်းပြည်၏ဧကရီ ဖြစ်လာပေလိမ့်မည်။

“မင်းသမီးက ခမည်းတော်ဧကရာဇ်ရဲ့ဆန္ဒကို နာခံဖို့ ဆန္ဒရှိပါတယ်”

သူမ၏ဖခင်က ယဲ့လွီချွမ်းနှင့် သူမ၏ စေ့စမ်ထိမ်းမြားမှုကို လက်ခံလိုက်ကြောင်း ကြားသိရချိန်တွင် မင်းသမီးယွင်သိက အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမက တိုင်းပြည်အသီးသီးအတွက် စုပေါင်းကျင်းပလေ့ရှိသည့် နပန်းပြိုင်ပွဲများတွင် ထိုလွှမ်းမိုးနိုင်စွမ်းရှိသည့် တတိယမင်းသားကို မြင်တွေ့ခဲ့ဖူးပြီး သူ့ကို စိတ်ကူးယဉ်ခဲ့ဖူးသည်။ သို့သော် သူမက မိန်းကလေး ဖြစ်နေသောကြောင့် သူမ၏ အတွေးအမြင်များအား မည်သူ့ကိုမျှ မပြောခဲ့ဖူးပေ။

ယဲ့လွီချွမ်းနှင့် လက်ထပ်ရမည်ဆိုသည့် သတင်းက သူမကို ပျံသန်းလုနီးပါး ပျော်ရွှင်သွားစေခဲ့သည်။

"ခမည်းတော်က သမီးတော်အတွက် ခမ်းနားတဲ့ ခန်းဝင်ပစ္စည်းတွေ ပြင်ဆင်ပေးဖို့ ပြည်တွင်းရေးရာဌာနကို အမိန့်ပေးထားပေးမယ်၊ သမီးတော်ကတော့ စိတ်အေးအေးနဲ့ မင်္ဂလာအချိန်ကို စောင်နေပေါ့"

ဟာဆာတိုင်းပြည်၏ဧကရာဇ်က ပြီးပြည့်စုံသော သဘောတူညီချက်တစ်ခု ရရှိခဲ့သည်ဟု တွေးနေခဲ့သည်။

သူ့ရဲ့သမီးတော် မင်းသမီးအနေနဲ့ တာ့ထန်ပြည်ထောင်နဲ့ လက်ဆက်ဖို့ သဘောတူလိုက်တာက သူတို့အတွက် ဂုဏ်ယူစရာပဲလေ။

မင်းသမီးယွင်သိက သူမ၏ဖခင်အား ရှက်ရွံ့စွာ ကြည့်လိုက်ကာ ကျေးဇူးတင်စကား ပြောနေခဲ့ပြီး သူမ၏လှပသော ဖီးနစ်မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေလေသည်။

မင်းသမီးယွင်သိ ထွက်သွားပြီးနောက် ဧကရာဇ်၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူ၏မျက်လုံးများမှ စူးရှထက်မြက်မှုများ လျှံတက်လာကာ သူ၏လက်အောက်ငယ်သားဖြစ်သော မဟာစစ်သူကြီးကို ဆင့်ခေါ်ရန် အမိန့်ပေးလိုက်သည်။

"မင်းတို့က သတို့သမီးရဲ့သက်တော်စောင့်အဖွဲ့အဖြစ် ဟန်ဆောင်ရမယ်...."

ထိုအမိန့်ကို ပေးပြီးနောက် ဟာဆာပြည်ထောင်၏ဘုရင်မင်းမြတ်က ကျားသားရေဖြင့် ဖုံးထားသော နဂါးပုလ္လင်ပေါ်တွင် ဂုဏ်ယူစွာ မတ်မတ် ထိုင်နေခဲ့သည်။

သူက တာ့ထန်ရဲ့စည်းစိမ်ဥစ္စာတွေကို လိုချင်တောင့်တနေခဲ့တာ အရမ်းကြာနေခဲ့ပြီ၊ နောက်ဆုံးတော့ တာ့ထန်ရဲ့နယ်မြေတွေကို သူတို့ ဟာဆာရဲ့အပိုင်အဖြစ် သိမ်းယူဖို့ အခွင့်အရေးရလာပြီပေါ့။

စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့ကတော့ ဟာဆာနှင့် တာ့ထန်တို့၏ဆက်ဆံရေးကို မသိခဲ့ကြသလို ယဲ့လွီချွမ်းက ကျိရှောင်ယင်နှင့် လက်ထပ်ထိမ်းမြားနိုင်ရန် စစ်မြေပြင်သို့ တပ်များ ပို့ဆောင်ရန် ဆန္ဒရှိနေမှန်းလည်း သူတို့ မသိခဲ့ကြပေ။

လက်ရှိတွင် စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့က ကျုံးယုံကို ခေါ်ဆောင်ကာ တာ့ထန်ရှိ နားနေတည်းခိုဆောင်များအားလုံးကို ရှာဖွေနေခဲ့ကြသည်။ ဤရာသီဥတုတွင် မည်သူမျှ အပြင်ဘက်တွင် မနေနိုင်ဘဲ သိုးကျောင်းသားများက သူ့ကို မခေါ်သွားလျှင် သူ နေထိုင်ရန် တည်းခိုခန်း ရှာရမည်မှာ အသေအချာပင်။

အစပိုင်းတွင် နားနေတည်းခိုဆောင်၏ဆိုင်ရှင်က စူးချင်းနှင့် ကျိ‌ရွှေရှန့်တို့၏မေးခွန်းများကို မဖြေချင် ဖြစ်နေခဲ့သည်။ စူးချင်းက ဧကရာဇ်မင်းမြတ်ပေးထားသည့် တံဆိပ်ပြားကို ထုတ်ယူလိုက်ပြီး ထိုတံဆိပ်ကို မြင်လိုက်မှသာ ဤလူများက သူတို့တိုင်းပြည်၏ အရေးပါသော ဧည့်သည်များဖြစ်ပြီး ဧကရာဇ်မင်းမြတ်၏ ဂုဏ်ပြုခံဧည့်သည်တော်များဖြစ်ကြောင်း ဆိုင်ရှင်က သိသွားခဲ့သည်။ ထိုအချိန်မှသာ သူ့၏သဘောထားက ချက်ချင်း ပြောင်းသွားပြီး သူတို့နားနေဆောင်တွင် တည်းခိုနေသည့် ဟန်လူမျိုးများ၏အခန်းများကို စစ်ဆေးနိုင်ရန် ခေါ်သွားပေးခဲ့သည်။

သူတို့ တည်းခိုဆောင်တစ်ခုပြီးတစ်ခု ရှာဖွေခဲ့ပြီး ညတစ်ဝက်ကျော်ကြာလာသည့်တိုင် ချိုးယုံခန်းကို ရှာမတွေ့ခဲ့ကြပေ။ သူက ပါးလွှာသော လေထုထဲသို့ အငွေ့ပျံသွားသလို ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့သည်။

သူတို့သုံးယောက် တတိယမင်းသား၏ တဲနန်းတော်သို့ ပြန်ရောက်လာချိန်တွင် တတိယမင်းသားက နန်းတော်မှ ပြန်ရောက်နေပြီ ဖြစ်ကာ တဲနန်းထဲတွင် ထိုင်နေရင်း သူတို့ကို စောင့်မျှော်နေလေသည်။

"အစ်ကိုရွှေရှန့်၊ သခင်မလေးစူး၊ ဘယ်ကို သွားနေကြတာလဲ?"

စူးချင်းနှင့်အခြားသူများ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသဖြင့် ယဲ့လွီချွမ်းက ကမန်းကတန်း မတ်တတ်ထရပ်လိုက်ပြီး စိတ်ပူနေသည့် လေသံဖြင့် နှုဆ်ဆက်လိုက်သည်။

"ငါတို့ လူရှာဖို့ တည်းခိုဆောင်တွေကို သွားခဲ့ကြတာ"

ကျိ‌ရွှေရှန့်က အတိုချူံးရှင်း ပြလိုက်ပြီး တတိယမင်းသားကို ထပ်မေးလိုက်သည်။ “တတိယမင်းသား၊ မင်း ငါတို့ကို တစ်ခုခု အကူအညီ တောင်းချင်လို့လား?”

“ငါ တကယ်ပဲ အစ်ကိုရွှေရှန့်နဲ့ သခင်မလေးစူးဆီကနေ အကူအညီ တောင်းချင်တာ ရှိတယ်”

ယဲ့လွီချွမ်း ချက်ချင်း ဝန်ခံလိုက်သည်။

သူ ဟာဆာတိုင်းပြည်ကို အနိုင်ယူမယ်လို့ သူ့ခမည်းတော်ကို ကတိပေးခဲ့ပြီ။ သူ ဟာဆာပြည်ထောင်ကို အနိုင်ယူနေနိုင်သရွေ့ သူ့အိမ်ထောင်ရေးကို သူ့ဘာသာသူ ဆုံးဖြတ်ခွင့်ရနိုင်လိမ့်မယ်။

ထိုအခွင့်အရေးက ရရှိရန် ခဲယဉ်းခဲ့ပြီး ယဲ့လွီချွမ်းအနေဖြင့် ချက်ချင်း အောင်မြင်အောင်မဆောင်ရွက်နိုင်သေးသောကြောင့် သူက ကျိ‌ရွှေရှန့်ကို အကူအညီ တောင်းချင်နေခဲ့သည်။

"ငါတို့ကို ပြောပါ"

သူတို့ နှစ်ဦးနှစ်ဘက်စလုံး စီးပွားရေးအတူတူ လုပ်နေကြပြီး သူငယ်ချင်းကောင်းများ ဖြစ်နေဆဲပင်။ ထို့ကြောင့် တစ်ဖက်ဖက်တွင် ပြသနာ တစ်စုံတစ်ရာ ရှိလာပါက ကူညီပေးသင့်သည်မှာ သဘာဝကျလှသည်။ သို့သော်လည်း ၎င်းက မည်သို့သော အကူအညီ ဖြစ်သည့်အပေါ်တွင်တော့ မူတည်နေသေးသည်။

မိမိ၏တိုင်းပြည်ကို ထိခိုက်စေမည့်ကိစ္စမျိုးဆိုလျှင် ကူညီရန် မဖြစ်နိုင်ပေ။ ကျိ‌ရွှေရှန့်က တော်ဝင်မြို့တော်ကို ပုန်ကန်တိုက်ခိုက်ရန် စီစဥ်ထားပြီး ဖြစ်သော်လည်း ဤသည်မှာ သူတို့၏အမျိုးသားရေး ပဋိပက္ခသာ ဖြစ်သည်။ သူက အကျင့်ပျက်မင်းဆက်ကို ဖြုတ်ချပြီး ပြည်သူများအတွက် သန့်ရှင်းစင်ကြည်သော တိုင်းပြည်တစ်ခု ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေခြင်းသာ ဖြစ်ပြီး နှစ်ပေါင်းထောင်နှင့်ချီ၍ နာမည်ပျက်စေမည့် တိုင်းပြည်အပေါ် သစ္စာဖောက်ကာ တိုင်းတပါးသားများ ခေါ်သွင်းခြင်းကို‌တော့ သူ လုပ်ဆောင်မည် မဟုတ်ပေ။

“ဒါက ဒီလိုပါ။ ဟာဆာတိုင်းပြည်က ငါတို့ရဲ့နယ်နိမိတ်တွေကို မကြာခဏ ဖြတ်ကျော် ဝင်ရောက်နေပြီး ငါတို့ရဲ့တာ့ထန် ကျူးကျော်ချင်နေတယ်။ အဲ့ဒါကြောင့် သူတို့ကို ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး သခင်မလေးစူးနဲ့ အစ်ကိုကျိကို အကူအညီ တောင်းချင်တာပါ”

ယဲ့လွီချွမ်းက ကျိ‌ရွှေရှန့်နှင့် စူးချင်းဆီသို့ လက်သီးအုပ်လိုက်ပြီး စိတ်အားထက်သန်စွာ တောင်းဆိုလိုက်သည်။

"ဒီအခြေအနေမှာ ငါ့ကို ကူညီပြီး ငါ့အတွက် အခွင့်အရေးတစ်ခု ပေးခဲ့ရင် အနာဂတ်မှာ မင်းတို့ လက်ရှိမင်းဆက်ကို တိုက်ခိုက်တဲ့အခါ တာ့ထန်ပြည်ထောင်က မင်းတို့အတွက် လက်တစ်ဘက် ကမ်းပေးဖို့ အသင့်ပါပဲ"

“ညီအစ်ကိုယဲ့လွီချွမ်း၊ ဒါက မင်းတို့ တိုင်းပြည်နှစ်ခုကြားက ကိစ္စပဲ။ ငါ ဝင်စွက်ဖက်လို့ မရဘူး။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပါ"

ကျိ‌ရွှေရှန့်က ချက်ချင်း ငြင်းပယ်လိုက်သည်။

တိုင်းပြည်တစ်ခုကနေ အခြားတိုင်းပြည်ကို ဖျက်ဆီးမယ့် ကိစ္စကို သူ မကူညီနိုင်ခဲ့ဘူး။ ဒါက တစ်ဖက်ကို စော်ကားမိသလို ဖြစ်သွာမှာ မဟုတ်ဘူးလား? ဒါက မိုက်မဲတာပဲ။

ပြီးတော့ အဲ့တိုင်းပြည်လေးနှစ်ခု အသေအကျေ တိုက်ပွဲဝင်တာက သူတို့အတွက် အကောင်းဆုံး မဟုတ်ဘူးလား? သူတို့နှစ်ဘက်စလုံး ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရရင် သူတို့ဘက်ကနေ မော့ချန်ရဲ့နယ်နိမိတ်တွေကို ခြိမ်းခြောက်ဖို့က မဖြစ်လာနိုင်တော့ဘူး။

"ကျွန်မလည်း ရှင့်ကို မကူညီနိုင်ဘူး"

စူးချင်းကလည်း ငြင်းဆန်လိုက်သည်။

အခု ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင်သေးဘူး။ ချိုးယုံခန်းကို ဖမ်းမမိသေးသ‌ရွေ့ တောင်ဝင်ကိုရုံးတော်ကို ရင်ဆိုင်ဖို့ သူမတို့ရဲ့တပ်တွေကို အဆင်သင့်ပြင်ဆင်ထားရလိမ့်မယ်။

ယဲ့လွီချွမ်း၏မျက်လုံးများထဲသို့ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ရောက်ရှိလာသော်လည်း သူက သူ့ကိုယ်သူ အမြန် ပြန်ထိန်းလိုက်သည်။ သူက ပြည်သူများအားလုံး ဘေးကင်းစေရန်နှင့် အသေအပျောက် လျော့ပါးစွာဖြင့် တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် စူးချင်း နှင့် ကျိ‌ရွှေရှန့်ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် သူတို့၏အကူအညီမပါဘဲ ဟာဆာတိုင်းပြည်ကို သူ ဖြုတ်ချနိုင်မည်ဟု ယုံကြည်နေခဲ့သည်။ သို့သော်လည်း အချိန်အနည်းငယ်တော့ ပိုကြာပေလိမ့်မည်။

ယဲ့လွီချွမ်းတွင် သူ အစိုးရိမ်ဆုံးကိစ္စတစ်ခု ရှိနေပြီး သူက ကျိ‌ရွှေရှန့်ကို လက်သီးအုပ်ကာ ထပ်တောင်းဆို လိုက်သည်။

"အစ်ကိုရွှေရှန့်၊ ငါ့ရဲ့တောင်းဆိုချက်တစ်ခုကို မင်း သဘောတူပေးနိုင်မလား?"

ထိုစကားက ကျိ‌ရွှေရှန့်၏နှလုံးခုန်သံ မြန်ဆန်သွားစေခဲ့သည်။ ယဲ့လွီချွမ်း၏ စိတ်ရင်းမှန် ဖြစ်ပုံရသော အမူအရာနှင့် မျှော်လင့်ရိပ်များ ပါဝင်နေသည့် အကြည့်များကြောင့် သူ ပြောချင်သည့်အကြောင်းအရာကို ကျိရွှေရှန့်က ခန့်မှန်းနိုင်ခဲ့သည်။ သို့သော်လည်း သူက ခပ်တည်တည် ပြန်မေးလိုက်သေးသည်။

"ဘာတောင်းဆိုချင်တာလဲ?"

ယဲ့လွီချွမ်းက ကျိ‌ရွှေရှန့်ကို ကြည့်ကာ မေးလာခဲ့သည်။

"အရင်တုန်းက မင်း ပြောခဲ့တာက ငါ ကျိရှောင်ယင်ကို လက်ထပ်ချင်ရင် တစ်သက်လုံး သူ(မ)နဲ့ အတူနေဖို့ ကတိပေးနိုင်ရမယ် တဲ့"

"မှန်တယ်၊ ငါ့ညီမကို လက်ထပ်ချင်ရင် တခြားမိန်းမယူလို့ မရဘူး။ ငါ သူ(မ)ကို စိတ်မဆင်းရဲ စေချင်ဘူး"

ကျိ‌ရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"ငါ ကျိရှောင်ယင်တစ်ယောက်တည်းကိုပဲ ငါ့ဇနီးအဖြစ် လက်ထပ်ယူမယ်လို့ မင်းကို ကတိပေးပါတယ်။ ဒီကတိကို ဖျက်မိရင် ငါ စစ်မြေပြင်မှာ သေရပါစေလို့ ကောင်းကင်ဘုံကို ကျိန်ဆိုတယ်။ အစ်ကိုကျိ ကျေးဇူးပြုပြီး ငါ့ကို အချိန်တစ်ခုပေးပါ။ ငါ အောင်ပွဲခံပြီး ပြန်လာတာနဲ့ ထိမ်းမြားလက်ထပ်လက်ဆောင်တွေ ပေးပို့ဖို့ မော့ချန်ကို လာခဲ့ပါ့မယ်"

ယဲ့လွီချွမ်းက ကျိ‌ရွှေရှန့်ကို တည့်တည့် စိုက်ကြည့်နေရင်း ကျိရှောင်ယင်တစ်ယောက်တည်းကိုသာ ဇနီးအဖြစ် လက်ထပ်မည်ဟု ကောင်းကင်ဘုံကို တိုင်တည်ကာ ကျိန်ဆိုခဲ့သည်။ တာ့ထန်ပြည်ထောင်က ရှောင်းမိသားစုစစ်တပ် ရှင်သန်နေသမျှကာလပတ်လုံး တာ့ရှားပြည်ထောင်ကို ဘယ်တော့မှ မတိုက်ခိုက်ဟု ဧကရာဇ်အိုကြီးက ရှောင်းဟမ်ကို ကတိပြုခဲ့သည့်အတိုင်း တာ့ထန်ပြည်ထောင်၏ဓလေ့တွင် ကျမ်းကျိန်ဆိုခြင်းက အလွန်အရေးကြီးလှသည်။

"မင်းက ရှောင်ယင်တစ်ယောက်တည်းကိုပဲ လက်ထပ်မှာလား?"

မင်းသားတစ်ပါးက ကျိရှောင်ယင်အတွက် သူ့၏နန်းဆောင်သုံးဆောင်နှင့် ခြံဝင်းခြောက်ခုကို စွန့်လွှတ်ရန် ဆန္ဒနေရှိမည်ဟု ကျိ‌ရွှေရှန့် လုံးဝ ထင်မှတ်မထားခဲ့ပေ။ စူးချင်းကလည်း ယဲ့လွီချွမ်းကို တစ်ချက်ကြည့်လိုက်သည်။

ယဲ့လွီချွမ်းက အရမ်းထူးချွန်ပြီး ရှောင်ယင်ကလည်း သူ့ကို သဘောကျနေပုံရတယ်။ သူက ရှောင်ယင်တစ်ယောက်တည်းကိုပဲ လက်ထပ်မယ်လို့ ကတိပေးနိုင်ရင်တော့ သူ့ကို စဉ်းစားပေးသင့်တယ်။

သူတို့ရဲ့အဆင့်အတန်းတွေအတွက်ကလည်း ဘာမှ အရေးမကြီးဘူး။ အခုအချိန်မှာ သူမတို့က သာမန်လူတွေ ဖြစ်နေသေးပေမယ့် သူမတို့ရဲ့ အနေအထားက မကြာခင် ပြောင်းလဲသွားတော့မှာပဲဗလ။ အဲ့အချိန်ရောက်လာရင် ရှောင်ယင်က အမြင့်ကို ဖက်တွယ်တယ်လို့ အပြောခံစရာ မလိုဘဲ ယဲ့လွီချွမ်းနဲ့ ဂုဏ်ရည်တူ လက်ထပ်နိုင်လိမ့်မယ်။

ယဲ့လွီချွမ်းက ကျိ‌ရွှေရှန့်ကို ရိုးသားမှုအပြည့်ဖြင့် မျှော်လင့်တကြီး ကြည့်နေပြီး ဂုဏ်သိက္ခာရှိသော မင်းသားတစ်ဉီးဖြစ်သည့် သူက ကျိ‌ရွှေရှန့်၏အာမခံချက်ကို တောင်းဆိုရန် မိမိကိုယ်ကို နှိမ့်ချရန် တွန့်ဆုတ်မနေပေ။

"ငါ အောင်ပွဲကနေ ပြန်မလာခင် ရှောင်ယင်ကို တခြားသူနဲ့ မစီစဥ်ပေးပါနဲ့..."

All Chapters