မူလအိမ်ထောင်ရေးက ပျက်ပြားသွားပြီ
Vol. 27 Ch. 397
ကျိရွှေရှန့်က ယဲ့လွီချွမ်း၏ မျက်နှာပေါ်ရှိ ရိုးသားသောအမူအရာကို ကြည့်နေရင်း တခဏာတမျှ ဝမ်နည်းသွားခဲ့သည်။
တကယ်တော့ ယုံခန်းက ရှောင်ယင်အတွက် ကောင်းမွန်တဲ့ လက်တွဲဖော်လို့ သူ တွေးထားခဲ့ပြီး သူ့ရဲ့ကလဲ့စားချေမှု အောင်မြင်ပြီးတဲ့နောက်မှာ သူက ယုံခန်းနဲ့ ရှောင်ယင်ကို လက်ထပ်ပေးဖို့ ဆုံးဖြတ်ထားခဲ့တယ်။ ယုံခန်းက သူထက်တောင်မှ ရှောင်ယင့်အပေါ် ပိုကြင်ကြင်နာနာ ပြောဆိုဆက်ဆံတတ်ပြီး နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ပေးတတ်တာကြောင့် ယုံခန်းက ရှောင်ယင့်ကို ဘယ်တော့မှ ဒုက္ခရောက်စေမှာ မဟုတ်ဘူးလို့ သူ ထင်ထားခဲ့မိတယ်။
သူက ရှောင်ယင်ကို သူ့ရဲ့ညီအစ်ကိုကောင်းဖြစ်တဲ့ ယုံခန်းနဲ့ လက်ထပ်စေချင်တာကြောင့် ရှောင်ယင်အတွက် ခင်ပွန်း ရှာဖို့ အလျင်စလို မလုပ်ခဲ့ဘူး။
ဒါပေမယ့် အခုအချိန်မှာတော့ အရာအားလုံးက အရင်နဲ့ မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပြီ။ ယုံခန်းက ဒီလောက် ရက်စက်တဲ့သူ ဖြစ်သွားမှတော့ သူ သူ့ညီမကို ယုံခန်းရဲ့လက်ထဲ ဘယ်လို အပ်ရဲတော့မှာလဲ?
ရှောင်ယင့်အတွက် သူ မူလ ရည်စူးထားတဲ့ အိမ်ထောင်ရေးက ပျက်ပြားသွားခဲ့ပြီ။ ပြီးတော့ ရှောင်ယင်ကလည်း အိမ်ထောင်ပြုရမည့်အချိန် နီးကပ်လာပြီ။ အဲ့ဒါကြောင့် သူ သူမအတွက် ခင်ပွန်းကောင်းတစ်ယောက် အမြန်ဆုံး ရှာနိုင်ဖို့ ကူညီပေးရတော့မယ်။
ရုပ်ရည်နဲ့ ပင်ကိုယ်စရိုက်ပဲ ဖြစ်ဖြစ် အဆင့်အတန်းပဲဖြစ်ဖြစ် ဘယ်လိုပဲတွေးတွေး ယဲ့လွီချွမ်းက ထူးချွန်သူလို့ သတ်မှတ်ခံရနိုင်တယ်။ ဒါပေမယ့် သူရဲ့ တော်ဝင်မိသားစုဆိုတဲ့ အဆင့်အတန်းကရော....?
ရှောင်ယင်က တော်ဝင်မိသားစုတွေရဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ ဘဝနဲ့ လိုက်လျောညီထွေ နေနိုင်ပါ့မလား? ယဲ့လွီချွမ်းက မောင်းမမိဿံတွေ ထပ်မယူရင်တောင် ရှောင်ယင်က တော်ဝင်မိသားစုရဲ့ရှုပ်ထွေးတဲ့ ကျင့်ဝတ်တွေကို လိုက်နာနိုင်ပါ့မလား?
ကျိရွှေရှန့်က သူ့အတွေးနှင့်သူ လွန်ဆွဲနေပြီး တိတ်ဆိတ်နေချိန်တွင် ယဲ့လွီချွမ်းက ကျိရွှေရှန့်ကို စိတ်မသက်မသာဖြင့် ကြည့်နေရင်း သူ့နှလုံးသားက သူ့လည်ချောင်းထဲသို့ ရောက်နေသလို ခံစားနေရသည်။
ထိုအပြင် ယဲ့လွီချွမ်းက သူ့နှလုံးသားမှ ခါးခါးသီးသီး ပြုံးနေမိသည်။
သူက မင်းသားတစ်ပါး ဖြစ်နေပြီး ရှောင်ယင်အတွက် နန်းဆောင်သုံးဆောင်နဲ့ ခြံဝင်းခြောက်ခုကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေပေမယ့် ကျိရွှေရှန့် သဘောမတူမှာကို စိုးရိမ်နေရပြီး သူ့ရဲ့အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေရသေးတယ်။
“အဲ့အတွက်ဆိုရင်တော့ ငါ အခု ချက်ချင်း ကတိမပေးနိုင်သေးဘူး။ ငါ ပြန်သွားပြီး ရှောင်ယင်ရဲ့ထင်မြင်ချက်ကို အရင် မေးရမယ်”
သေချာစဉ်းစားပြီးနောက် ကျိရွှေရှန့်က စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသော ယဲ့လွီချွမ်းကို ကြည့်ကာ ပြန်ဖြေလိုက်သည်။ ယဲ့လွီချွမ်း၏ ပြတ်သားသော သဘောထားနှင့် ရိုးသားမှုကြောင့် ကျိရွှေရှန့်က သူ့အပေါ် ပိုမိုကောင်းမွန်သော ဘဘောထားများရှိလာခဲ့သည်။
“ကောင်းပါပြီ”
ယဲ့လွီချွမ်းအတွက်လည်း သဘောတူရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။ အလျင်စလို လုပ်ခြင်းက ဖြုန်းတီးမှုကို ဖြစ်စေပြီး ကျိရွှေရှန့်ထံတွင် တင်းမာသော သဘောထား မရှိတော့ခြင်းက ကောင်းသောအစပြုခြင်းသာ ဖြစ်သည်။ ထို့အပြင် သူ့ကို မြင်လိုက်ချိန်တိုင်း ကျိရှောင်ယင်၏မျက်လုံးလေးများက တောက်ပလာပြီး သူမ၏အပြုံးများက ပျားရည်ကဲ့သို့ ချိုမြိန်နေတတ်သောကြောင့် သူက ကျိရှောင်ယင်အပေါ် ယုံကြည်မှု ရှိနေခဲ့သည်။
ကျုံးယုံက သူတို့ ဘေးနားတွင် ရှိနေပြီး သူတို့၏ စကားဝိုင်းကို နားထောင်နေခဲ့သည်။ ယဲ့လွီချွမ်းက ကျိရှောင်ယင်ကို နှစ်သက်သဘောကျနေပြီး သူမအတွက် နန်းဆောင်သုံးခုနှင့် ခြံဝင်းခြောက်ခု ရရှိနိုင်မည့် အခွင့်အရေးအား စွန့်လွှတ်လိုက်ကြောင်း ကြားသောအခါ ကျုံးယုံက ကျိရှောင်ယင်အတွက် ပျော်ရွှင်ပေးနေခဲ့သည်။
သူ့အမေ ဆုံးသွားပြီ၊ သူကလည်း ဝမ်းနည်းခြင်းကာလအတွင်းမှာ ရှိနေပြီး သူ့အမေ့အတွက် ဝတ်ပြဆုတောင်းပေးရဦးမယ်။ သူက အိမ်ထောင်ပြုဖို့ သုံးနှစ်တောင် စောင့်ဆိုင်းရမှာမို့ သူ ကျိရှောင်ယင်ရဲ့အချိန်တွေကို မနှောင့်နှေးစေချင်ဘူး။ နောက်တစ်ခုက သူမှာ ရှောင်ယင်အတွက် ညီအကိုမောင်နှမတွေမှာရှိတဲ့ ခံစားချက်မျိုးပဲ ရှိတယ်။
သူ ရှောင်ယင့်ကို သူမရဲ့တစ်သက်တာလုံး ကာကွယ်ပေးဖို့ ဆန္ဒရှိပြီး ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်ခဲ့နေပေမယ့် သူမနဲ့ အိမ်ထောင်ပြုရမယ်လို့ တွေးမိတာနဲ့ စိတ်ထဲမှာ အဆင်မပြေဖြစ်သွားရတယ်။
သူ့အမေ အသက်ရှင်နေသေးတဲ့အချိန်ကတော့ ရှောင်ယင်အပေါ်ထားတဲ့ သူရဲ့ ခံစားချက်က မွေးချင်းမောင်နှမလို ခံစားချက်ဆိုတာကို သူ သူအမေ့ကို ပြောပြချင်ခဲ့ဖူးတယ်။ ဒါပေမယ့် သူ့အမေ စိတ်မကောင်းဖြစ်မှာကို ကြောက်တဲ့အတွက် သူ ဘယ်တုန်းကမှ မပြောပြရဲခဲ့ဘူး။
အခု ဒီလိုမျိုး ထူးချွန်တဲ့ အမျိုးသားတစ်ယောက်က ရှောင်ယင့်ကို နှစ်သက်နေတာကြောင့် သူ သူမအတွက် ပျော်ရွှင်နေမိတယ်။
သူနဲ့ ကျိရှောင်ယင်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းကိစ္စကို တခြားဘယ်သူကမှ မသိခဲ့ဘူး။ သူ ဒီကိစ္စကို သူ့နှလုံးသားထဲမှာပဲ တစ်သက်လုံး မြှုပ်နှံထားဖို့ ဆုံးဖြတ်လိုက်ပြီ၊ ဘယ်သူ့ကိုမှ မပြောပြတော့ဘူး။
"မင်းနဲ့ ညီလေးကျုံးအတွက် နောက်ထပ် တဲနန်းတစ်လုံး စီစဉ်ပေးထားတယ်။ ဒီနေရာက သခင်မလေးစူး နေဖို့ အတွက်ပါ”
အချိန်က နောက်ကျနေပြီ ဖြစ်သောကြောင့် ယဲ့လွီချွမ်းက ထရပ်လိုက်ပြီး ကျိရွှေရှန့်တို့အတွက် နောက်ထပ် အခန်းတစ်ခန်း စီစဉ်ပေးထားကြောင်း ပြောပြလာခဲ့သည်။ စူးချင်းနှင့် ကျိရွှေရှန့်တို့ကြားက ဆက်ဆံရေးအကြောင်း သူ သိထားသော်လည်း အလယ်ပိုင်းလွင်ပြင်ရှိ လူများက ကျင့်ဝတ်သိက္ခာကို ဦးစားပေးကြကာ စေ့စပ်ထားသူများပင် အတူနေလေ့ မရှိကြချေ။
"ကောင်းပြီလေ၊ ကျုံးယုံ၊ မင်း တတိယမင်းသားနဲ့ နေရာအသစ်ကို အရင်လိုက်သွားနှင့်"
ကျိရွှေရှန့်က နောက်သို့ လှည့်လိုက်ပြီး ကျုံးယုံကို ယဲ့လွီချွမ်းနှင့်အတူ ထွက်သွားခိုင်းလိုက်ပြီး သူကတော့ ထွက်သွားရန် ရည်ရွယ်ချက်မရှိပုံရသည်။
ယဲ့လွီချွမ်းက သူ့ကို အဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် လေးလေးနက်နက် ကြည့်လိုက်ပြီးမှ ထွက်ခွာသွားခဲ့သည်။
"ဘာလို့ ပြန်မအိပ်သေးတာလဲ?"
စူးချင်းက တတိယမင်းသား၏ ထူးဆန်းသောအကြည့်ကို မြင်လိုက်ပြီး သူ ထွက်သွားပြီးနောက် ကျိရွှေရှန့်၏မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။
"ကိုယ် မင်းနဲ့ ဆွေးနွေးစရာ ရှိသေးလို့"
ကျိရွှေရှန့်က သူ စူးချင်းနှင့် နှစ်ယောက်တည်း အတူနေချင်းပြီး သူတို့ ပိုရင်းရင်းနှီးနှီး နေနိုင်မည့် အချိန် လိုချင်နေသည်ဟု ဖွင့်ပြောမည် မဟုတ်ပေ။ သို့သော် ဤရက်များအတွင်း သူတို့ ခွဲမနေရသော်လည်း တခြားသူများ ရှိနေပြီး သူ စူးချင်းနားသို့ မကပ်နိုင် ဖြစ်နေခဲ့သည်။
"ဘာဆွေးနွေးစရာရှိလို့လဲ?"
စူးချင်းက သူ့စကားကို ယုံသွားပြီး ကျိရွှေရှန့်ထံတွင် အရေးကြီး ဆွေးနွေးစရာ ရှိနေသည်ဟု ထင်သွားခဲ့သည်။
"ဒါက... ကိုယ် မင်းနဲ့ နှစ်ယောက်တည်း နေချင်တယ်"
ကျိရွှေရှန့်က သူ့အသံကို တမင်သံရှည်ဆွဲကာ ပြောနေပြီး သူ့မျက်လုံးများက ပင်လယ်ကဲ့သို့ နက်ရှိုင်းနေကာ မီးတောက်များကို ဖုံးကွယ်ထားပုံရသည်။ သူက သူမရှေ့သို့ တစ်လှမ်းချင်း လျှောက်လာနေပြီး သူ၏ ဆွဲဆောင်မှုအပြည့်နှင့် လေးနက်သော အသံက ငှက်မွေးတစ်ပင်နှင့်တူနေကာ စူးချင်း၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
ကျိရွှေရှန့်၏ အရပ်ရှည်ရှည်ခန္ဓာကိုယ်ကြီးက သူမကို ဖုံးအုပ်လာပြီး သူ၏ ယောက်ျားဆန်သော ၀င်သက်ထွက်သက်က သူမ၏ အသက်ရှုသံများကြားထဲသို့ တည့်တည့်တိုးဝင် နေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင် စူးချင်းက သူနှင့် ပရောပရည် လုပ်ရန် စိတ်မ၀င်စားနိုင်ဘဲ သူမတို့ အေးအေးဆေးဆေး နေနိုင်ရန် သူ့ရှေ့မှ အန္တရာယ်များကို အရင်ဖယ်ပေးချင်နေမိသည်။
စူးချင်းက ကျိရွှေရှန့်၏ရင်ဘတ်ကြွက်သားများပေါ် သူမ၏လက်များကို တင်လိုက်ပြီး သူမတို့ကြား၌ အကွာအဝေးတစ်ခု ခြားသွားစေရန် သူ့ကို တွန်းထုတ်လိုက်သည်။
"အရင်ဆုံး အလုပ်ကိစ္စကို အရင်ပြောကြမယ်"
ကျိရွှေရှန့်က သူ့ညီအစ်ကိုကောင်း၏ သစ္စာဖောက်မှုကို မတွေးချင်ပေ။ သူက စူးချင်းကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပြီး သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ထို့နောက် သူက စူးချင်း၏ နူးညံ့ချောမွေ့သည့်လည်ပင်းလေးပေါ် မျက်နှာအပ်ထားရင်း အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ချင်းအာ၊ ကိုယ် ချိုးယုံခန်းရဲ့သစ္စာဖောက်မှုကို မတွေးချင်တော့ဘူး။ ကိုယ့်ရဲ့ညီအစ်ကိုကောင်းက ရက်စက်တဲ့လူ ဖြစ်လာတာကို ပြန်မတွေးချင်တော့ဘူး။ ပြီးတော့ ကိုယ်ရဲ့မွေးစားအမေက သူ့လက်ထဲမှာ သေသွားရတာကိုလည်း ပြန်မတွေးချင်တော့ဘူး”
ကျိရွှေရှန့်၏အသံတွင် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး သူက သူ့၏စူးရှသော မျက်လုံးများကို မှိတ်ချထားလိုက်သည်။ သူ သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့်တပြိုင်နက် သူနှင့် ချိုးယုံခန်းတို့ အတူတကွ ကိုယ်ခံပညာ သင်ယူခဲ့သည့် အမှတ်ရစရာ မြင်ကွင်းများက သူ့စိတ်ထဲ၌ ပေါ်လာပြန်သည်။ သူတို့လေးဦးက သွေးသောက်ညီအကိုများအဖြစ် ကျိန်ဆိုခဲ့ကြပြီး သူတို့ တစ်နေ့တည်းတွင် မမွေးဖွားခဲ့သော်လည်း တရက်တည်းတွင် အတူတကွ သေဆုံးနိုင်ကြသည်ဟု ကတိသစ္စာပြုခဲ့ကြသည်။
"အင်း... ဝမ်းနည်းစရာရှိရင် ဝမ်းနည်းလိုက်ပါ၊ ပြီးရင်တော့ လုပ်စရာ ရှိတာကို ဆက်လုပ်ရမယ်၊ အခု ချိုးယုံခန်းက ရှင့်ရဲ့အစ်ကိုကောင်း မဟုတ်တော့ဘူး။ အခု သူက ရှင့်ရဲ့အကြီးမားဆုံးရန်သူပဲ၊ ရန်သူကို သနားတာက ကိုယ့်ကိုကိုယ် ရက်စက်ခြင်းပဲ”
စူးချင်းက ချိုးယုံခန်းအတွက် ကျိရွှေရှန့်၏ခံစားချက်များကို နားလည်မပေးနိုင်ခဲ့ပေ။ သူမ၏အဘိဓာန်တွင် သူမကို သစ္စာဖောက်သူက သူမ အမြစ်ပြတ်ချေမှုန်းပစ်ရမည့် ရန်သူသာ ဖြစ်သည်။
"ကျွန်မတို့ ရှေ့မှာ ရှိနေတဲ့ အကြပ်အတည်းကို အရင် အာရုံစိုက်ရအောင်"
စူးချင်းက ကျိရွှေရှန့်ကို ပြင်းထန်သော အမူအရာဖြင့် ကြည့်ကာ သတိပေးလိုက်ပြီး ကျိရွှေရှန့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“သော့ကို ရှာမတွေ့တာက စိတ်ညစ်ဖို့ အကောင်းဆုံးပဲ၊ စစ်သူကြီးတံဆိပ်တော်ကို ထုတ်ယူနိုင်တာနဲ့ ရှောင်းမိသားစုစစ်တပ် ချက်ချင်း ပြန်တည်ဆောက်နိုင်မှာ သေချာတယ်၊ အဲ့ဒါဆို နန်းတွင်းကနေ ရောက်လာမယ့်လူတွေကို ကြောက်နေစရာ မလိုတော့ဘူး”
"ကျွန်မတို့ မော့ချန်ကို ပြန်ရောက်ရင် အဖိုးဆီကနေ အဲ့သေတ္တာကို တောင်းပြီး သော့ကို ပုံတူကူးပေးဖို့ ကျွန်မ ကြိုးစားပေးပါ့မယ်"
စူးချင်းက သော့ပွားရန်အတွက် သော့ပေါက်အတွင်း ထည့်ရမည့် ပလတ်စတစ်ရွံ့ကို စနစ်ထံမှ ယခင်ကတည်းက တောင်းယူထားခဲ့ပြီး ဖြစ်သည်။ သို့သော် သူမ မော့ချန်မှ ထွက်ခွာသွားခဲ့ချိန်၌ လုံခြုံမှုရှိစေရန် တပ်မှူး၏ကျားတံဆိပ်ပါသည့်သေတ္တာကို ချင်ဖုန်းအား ပေးအပ်ခဲ့ပြီးဖြစ်သည်။ သူမ သေတ္တာမရှိဘဲ သော့ကို ပုံတူ မကူးနိုင်ပေ။
"ကောင်းပြီ မနက်ဖြန်မှ ချိုးယုံခန်းရဲ့သတင်းမရသေးရင် ကိုယ်တို့ စစ်ပြင်ဖို့အတွက် မော့ချန်ကို ပြန်သွားကြမယ်"
စူးချင်းက စစ်သူကြီး၏ ကျားတံဆိပ်ထည့်ထားသော သေတ္တာအကြောင်း ပြောလာချိန်တွင် ကျိရွှေရှန့်၏အမူအရာက ပြန်လေးနက်လာခဲ့သည်။ အကယ်၍ ချိုးယုံခန်းက ဝမ်ရှန်းချန်နှင့် သူ့သားတို့ဘက်မှ ရပ်တည်ပါက မော့ချန်က စစ်ပွဲကြီးကို ကြိုဆိုရတော့မည် ဖြစ်ပြီး သူတို့ မြန်မြန်ဆန်ဆန် ပြင်ဆင်ရတော့မည် ဖြစ်သည်။
“ကောင်းပြီ၊ စောစော အနားယူတော့”
စူးချင်းက ကျိရွှေရှန့်၏အကြံပြုချက်ကို သဘောတူလိုက်သည်။ သူမတို့က ချိုးယုံခန်း၏ပုံတူကို တတိယမင်းသားအား ပေးအပ်ထားပြီး ဖြစ်သည်။ အမှန်တကယ်တွင် တစ်ရက်နှစ်ရက်အတွင်း သူ့ကို ရှာရန် မဖြစ်နေပေ။ လက်ရှိအခြေအနေတွင် မော့ချန်၌ တပ်ဖြန့်ရန် အချိန်နီးကပ်လာသောကြောင့် သူမတို့ ဤနေရာတွင် အကြာကြီး မနေနိုင်တော့ပေ။
စူးချင်း၏စကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က သူမအား သူ့ရင်ခွင်ထဲသို့ ထပ်ဆွဲသွင်းရန် အခွင့်အရေး ယူလိုက်ပြီး သူမ၏ဆံပင်များကို သူ့မေးစေ့ဖြင့် ညင်ညင်သာသာ ပွတ်သပ်နေပြန်သည်။ ထို့အပြင် သူ၏နက်ရှိုင်းပြီး သံလိုက်ဓာတ် ရှိပုံရသည့်အသံကလည်း စိတ်လှုပ်ရှားဖွယ် တိုးလျလျ ထွက်ပေါ်လာခဲ့သည်။
"မင်းက ကိုယ် မင်းကို လွှတ်ပေးစေချင်လို့လား?"
“ဟုတ်တယ် ကျေကျေနပ်နပ်ကြီး လွှတ်ပေးစေချင်တာ”
စူးချင်းက သူ့လုပ်ရပ်ကြောင့် တစ်ကိုယ်လုံး ပူထူလာပြီး သူ့ကို ခြံအပြင်ရောက်အောင် တွန်းလွှတ်လိုက်တော့သည်။
"အိပ်မက်ကောင်းလေးတွေ မက်ပါစေ"
အပြင်ဘက်မှ စစ်သည်များက ကျိရွှေရှန့် ခြံထဲမှ တွန်းထုတ်ခံလိုက်ရသည်ကို မြင်လိုက်ကြပြီး အလျင်အမြန် မတ်မတ် ပြန်ရပ်ကာ ဘာမှ မမြင်ချင်ယောင်ဆောင်နေကြသည်။
ကျိရွှေရှန့်က သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ သူက သူမကို ပြန်လှည့်ကြည့်ကာ ကောင်းသောညပါဟု ပြောချင်သော်လည်း သူမက သူမ၏ ခြံတံခါးကို ပိတ်သွားခဲ့ပြီ ဖြစ်သည်။
ကျိရွှေရှန့်က မျက်တောင်ပေကလက်ပေကပ် လုပ်နေပြီး သူ့စိတ်ထဲတွင် ထူးဆန်းသည့် အတွေးတစ်ခု ပေါ်လာခဲ့သည်။
အခု သူ ကန်ထုတ်ခံလိုက်ရတာလား?
နောက်တစ်နေ့တွင် ကျိရွှေရှန့်နှင့် စူးချင်းက စောစောထပြီး နံနက်စာ စားကာ ယဲ့လွီချွမ်းကို နှုတ်ဆက်ရန် ထွက်လာခဲ့ကြသည်။
ထိုအချိန်တွင် ယဲ့လွီချွမ်းက စစ်သည်နှစ်ယောက်ထံမှ အစီရင်ခံစာကို နားထောင်နေခဲ့သည်။ သူက နေ့တိုင်း ကြက်တွန်သံဖြင့် နိုးလာရပြီး နေဝင်ချိန်မှသာ သူတဲန်းသို့ ပြန်လာနိုင်ခဲ့သည်။ သူက ဟာဆာနှင့်တိုက်ခိုက်ရန် ပြင်ဆင်နေရင်း တိုင်းပြည်၏အရေးကိစ္စများကို စီမံနေရသည့်အပြင် သူ့၏ အနာဂတ် နောင်တော်ကြီးအတွက်လည်း လူ ရှာဖွေပေးနေဆဲ ဖြစ်သည်။
ကျိရွှေရှန့်နှင့် စူးချင်းတို့ ရောက်ရှိလာသည်ကို သိလိုက်သောကြောင့် ယဲ့လွီချွမ်းက သူတို့အား တဲနန်းတော်ထဲသို့ ဖိတ်ခေါ်ရန် သူ့လူများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။
သူတို့ကို မြင်လိုက်သည်နှင့် သူက အရင်ဦးအောင် နှုတ်ဆက်လိုက်သည်။
"အစ်ကိုကျိ၊ မင်း အချိန်ကိုက် ရောက်လာပဲ။ အရေးကြီးတဲ့ အခြေအနေကြောင့် ငါ မင်းကို လာရှာတော့မလို့"