← Chapters

ကောင်းကင်တံခါး၏ လှုံ့ဆော်မှု

Vol. 7 Ch. 641

ကောင်းကင်တံခါး၏ လှုံ့ဆော်မှု

Vol. 7 Ch. 641

ချန်းဖန်သည် နှစ်လသာ အချိန်ရတော့ကြောင်း သိသည်နှင့် ကျင့်ကြံမှု အမြန်နှုန်းကို မြှင့်တက်လိုက်သည်။

"ဘုန်း  …"

ဝိညာဉ် ကျောက်တုံးများက သူ၏ အရှေ့ လေထု၌ မျောပါ၍ ပေါက်ကွဲကာ အနက်ရောင် ဝိညာဉ်မီးတောက်များ အဖြစ် ပြောင်းလဲသည်။

ထိုဝိညာဉ် မီးတောက်များသည် သန့်စင်မှု အမြင့်မားဆုံး ဝိညာဉ်ချီများဖြင့် ဖွဲ့စည်းထားရာ အလွန်ပင် ပူပြင်းပြီး လောကရှိ အရာရာအား လောင်ကျွမ်းနိုင်သည်။

"ကလန့် … ကလန့် …"

ဝိညာဉ် မီတောက်များ၏ လောင်ကျွမ်း သန့်စင်မှုတွင် အဇူရာ သက်ရှည် ခန္ဓာကိုယ်သည် ပတ္တမြား အလား နီရဲ တောက်ပ နေတော့၏။

"ဘုန်း … ဘုန်း … ဘုန်း …"

ဝိညာဉ် မီးတောက်များက အရည်ပြား၊ ကြွက်သား၊ အရိုးမှ စ၍ အတွင်း အင်္ဂါများ အထိ ပေါက်ကွဲသံများကို သယ်ဆောင်၍ လောင်ကျွမ်း၏။

တစ်ချိန်တည်းတွင်ပင် မရေမတွက်နိုင်သော ရွှေရောင် အမျှင်များသည် အရိုးများ အတွင်းမှ ထွက်ပေါ်ကာ ခန္ဓာကိုယ် အနှံ့ ဖြန့်ကျက် နေသည်။

ထိုရွှေရောင် အမျှင်များအား အနီးကပ် ကြည့်ပါက အလွန်သေးငယ်သော ရှေးဟောင်း သင်္ကေတများဖြင့် ဖွဲ့စည်းထားကြောင်း တွေ့နိုင်သည်။

ထိုသို့သော ရွှေရောင်အမျှင်များဖြင့် ဖွဲ့စည်းထားသည့် ခန္ဓာကိုယ်ကို "မသေမျိုး ခန္ဓာ" သို့မဟုတ် "ရွှေအမြုတေ ခန္ဓာ" ဟု ခေါ်သည်။

ခန္ဓာ ပိုင်ရှင်၏ နတ်ဘုရား ဝိညာဉ် ပျက်စီးသွားလျှင်ပင် ရွှေအမြုတေ ခန္ဓာသည် နှစ်ပေါင်း ထောင်သောင်းသာ အထိ ဆက်လက် တည်ရှိနိုင်သည်။ အကယ်၍ နှောက်ယှက် ဖျက်ဆီးမှု တစ်ခုခုသာ မရှိလျှင် ရွှေအမြုတေ ခန္ဓာသည် ထာဝရပင် တည်ရှိ နိုင်သည်။

ရဲ့ချင်စန်းနှင့် တိုက်ခိုက်စဉ် အချိန်က ချန်းဖန်၏ အဇူရာသက်ရှည် ခန္ဓာကိုယ်သည် ကောင်းကင်ခန္ဓာ (မြေကမ္ဘာအဆင့် ခန္ဓာကိုယ်) မဖြစ်သေးသော်လည်း ကောင်းကင်တစ်ပိုင်း ခန္ဓာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ယခု ဝိညာဉ်မီးတောက်ဖြင့် သန့်စင် အပြီးတွင်မူ ထိုအရာသည် ကောင်းကင်ခန္ဓာ အဆင့်သို့ တက်ရန် အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဘုန်း … ဘုန်း … ဘုန်း …"

ပေါက်ကွဲနေသော ဝိညာဉ် ကျောက်တုံးများကို ကြည့်ရင်း ရန်ကန်းချိုးနှင့် အခြား လူများသည် သွေးအန် မတတ် ခံစားနေရသည်။ သူတို့သည် ဖြစ်နိုင်လျှင် ထိုကျောက်တုံးများကို ပြေး၍ပင် လုယက်ချင် နေမိသည်။

"ဆရာ … လူသားကမ္ဘာမှာ ဘာလို့ ချန်းပေ့ရွှမ်းလို အရမ်း အစွမ်းထက်တဲ့သူ ရှိနေတာလဲဟင် … သူက မြေကမ္ဘာအဆင့် မဖြစ်သေးတာတောင် ကျွန်တော်တို့ ကမ္ဘာက အဆင့်မြင့် မြေကမ္ဘာ အဆင့်တွေလောက် အစွမ်းထက် နေပြီ …"

ကျောင်းရန်က အပျင်းကြော ဆန့်ရင်း မေးလိုက်သည်။

သူတို့သည် လုပ်စရာ အလုပ် မရှိရာ တစ်နေ့တစ်နေ့ ရင်ကျိုးကျွန်းပေါ်ရှိ ဝိညာဉ် ဆေးပင်များကို စုစည်း နေခဲ့ရသည်။ တန်ခိုးရှင် သားရဲများ၏ စောင့်ကြည့်မှုတွင် သူတို့သည် ထွက်ပြေးရန်ပင် မကြံဝံ့ကြချေ။

"ငါလည်း မသိဘူး …"

ရန်ကန်းချိုးက ခေါင်းခါလိုက်သည်။

"အဖေ … သမီးတို့ သူ့ကို တကယ်ကြီး ဓားနန်းတော်ကို ခေါ်သွားမှာလား … နောက်ပြီး ရွှမ်လော့က ချန်းပေ့ရွှမ်းကို အနိုင်ယူနိုင်မယ်လို့ အဖေ ထင်လား"

ရှောင်ဝူက မေးခွန်းနှစ်ခုကို တစ်ဆက်တည်း မေးလိုက်၏။

ရွှမ်လော့သည် ခွန်ရှု့နယ်မြေ၏ ပါရမီအရှိဆုံး လူငယ် အနည်းငယ်တွင် ပါဝင်သည်။ လူတိုင်းက ရွှမ်လော့သည် မြေကမ္ဘာအဆင့်ကို အသက် ငါးဆယ် မတိုင်မှီ တက်လှမ်း နိုင်လိမ့်မည်ဟု ထင်ကြေး ပေးကြသည်။

"လျှို့ဝှက် အဇူရာဂိုဏ်းက ပြိုင်ဘက်ကင်း ဓားကျင့်စဉ်ကို ပိုင်ဆိုင်ထားတယ် … နောက်ပြီး ရွှမ်လော့ကလည်း လူငယ်မျိုးဆက်ရဲ့ အတော်ဆုံး တပည့်ပဲလေ … တစ်ခါတုန်းကဆို သူက အရမ်း အစွမ်းထက်တဲ့ သေမျိုး နတ်ဘုရား တစ်ယောက်ကို အနိုင်ယူဖူးတယ်တဲ့ … ငါတော့ သူ ချန်းပေ့ရွှမ်းနဲ့ ယှဉ်နိုင်မယ်လို့ ထင်တယ်"

ရန်ကန်းချိုးက သူ၏ အထင်ကို ပြောပြလိုက်သည်။

ချန်းပေ့ရွှမ်းသည် အလွန် အစွမ်းထက်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော်လည်း သူ၏ ဇာတိက လူသားကမ္ဘာသာ ဖြစ်သည်။ နိမ့်ကျသော လူသားကမ္ဘာမှ သူမည်မျှ သင်ယူ နိုင်မည်နည်း။

အခြားတစ်ဖက်၌ ရွှမ်လော့သည် လျှို့ဝှက် အဇူရာဂိုဏ်းတွင် မွေးဖွားလာသူ ဖြစ်ရာ မရေမတွက်နိုင်သော အဆင့်မြင့် ကျင့်စဉ် နည်းစနစ်များကို တတ်မြောက်ထားသည်။ ထို့အပြင် သူသည် ကောင်းကင်၏ ကောင်းချီးပေးမှုကို ခံရကာ တာအိုခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူ ဖြစ်သည်။

"ဆရာ … ရွှမ်လော့ရဲ့ မိဘတွေက မြေကမ္ဘာ အဆင့်တွေလား"

ကျောင်းရန်က စိတ်ဝင်တစား မေးလိုက်၏။

"အင်း ဟုတ်တယ် … သူ့အဖေက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ … သူက ခွန်ရှု့ နယ်မြေရဲ့ အစွမ်းအထက်ဆုံး လူတွေထဲက တစ်ယောက်ပေါ့"

ရန်ကန်းချိုးက သူ၏ ဦးခေါင်းအား ခါယမ်းလိုက်သည်။

"တကယ်လို့ ချန်းပေ့ရွှမ်းက လဲ့ပိုထျန်းနဲ့ပဲ ရှင်းမယ် ဆိုရင် ရွှမ်လော့နဲ့ တိုက်ပွဲ ဖြစ်လိမ့်မယ် မထင်ဘူး"

***

နှစ်လကြာပြီးနောက် …

အပြင်ဘက် ကမ္ဘာ၌ အပြောင်းအလဲများစွာ ဖြစ်ပေါ် နေခဲ့သည်။ ကမ္ဘာ၏ သိုင်းလောက တစ်ခုလုံးသည်လည်း တည်ငြိမ်မှု အနည်းငယ်ပင် မရှိတော့ချေ။

လဲ့ပိုထျန်း၊ စီရွှမ်တို့ အပြင် အလွန် အစွမ်းထက်သည့် တန်ခိုးရှင် အဆင့်များစွာမှာ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက် နေခဲ့သည်။

မရေမတွက်နိုင်သော ကောလာဟလ သတင်းများသည်လည်း သိုင်းပညာ ဖိုရမ်များ၌ ပျံ့နှံနေခဲ့သည်။

"ငါ့ဘဝတစ်လျှောက်လုံး အခုလို တန်ခိုးရှင်တွေ အလုံးလိုက် အရင်းလိုက် ပေါ်လာတာမျိုး တစ်ခါမှ မကြုံဖူးဘူး …"

"ဟုတ်တယ် … အဆိုးဆုံးက ပေါ်လာတဲ့ တန်ခိုးရှင်တွေ တိုင်းက ချန်းပေ့ရွှမ်းလို ပါရမီရှင် တွေချည်းပဲ … အခုဆို စုစုပေါင်း အရေအတွက်က သုံးဆယ်လောက်တောင် ရှိနေပြီ"

"အဲဒီ တန်ခိုးရှင်တွေက အစောပိုင်း ပြောကြသလို လျှို့ဝှက်ဂိုဏ်းတွေက လာတာတော့ မဖြစ်နိုင်ဘူး … တရုတ်မှာ မပြောနဲ့ ကမ္ဘာမှာတောင် ဒီလောက်များတဲ့ တန်ခိုးရှင်တွေ မွေးထုတ်ပေးနိုင်တဲ့ လျှို့ဝှက်ဂိုဏ်းတွေ ရှိမယ် မထင်ဘူး"

များစွာသော လူများက ထိုအချက်ကို တစ်ညီတစ်ညွှတ်တည်း သဘောတူ ကြသည်။

အလွန် အစွမ်းထက်သည့် တန်ခိုးရှင် သုံးဆယ်ကို တစ်ပြိုက်နက် မွေးထုတ် ပေးနိုင်သည့် လျှို့ဝှက် ဂိုဏ်းများ ကမ္ဘာတွင် ရှိကြောင်းကို အရူးသာ ယုံကြည်ပေလိမ့်မည်။

"ဒါဆို သူတို့က ဘယ်ကလာတာလဲ …"

ထိုမေးခွန်းကား လူတိုင်း သိချင်နေသည့် မေးခွန်းပင်။

"သူတို့က ကောင်းကင်တံခါးက လာတဲ့ ကျင့်ကြံသူတွေ …"

ပျံလွှားနီလေး ဆိုသည့် အကောင့်ပိုင်ရှင်က ရေးလိုက်၏။

"ကောင်းကင်တံခါး …"

ထိုစကားလုံးက လူတိုင်း၏ အာရုံစိုက်မှုအား ခဏအတွင်းမှာပင် သိမ်းကြုံး ယူသွားသည်။

"ကောင်းကင်တံခါး ဆိုတာက ဒဏ္ဍာရီပဲ မဟုတ်ဘူးလား … တကယ်ကြီး အဲဒါက ရှိနေတာလား"

လူများစွာက ပျံလွှားနီလေး အကောင့်ပိုင်ရှင်၏ စကကို သိပ်မယုံကြည် ကြချေ။ ကောင်းကင် တံခါးဆိုသည်က လွန်ခဲ့သော နှစ်ထောင်ချီက ရှေးဟောင်း မှတ်တမ်းများတွင်သာ ရှိသော ဒဏ္ဍာရီများ ဖြစ်သည်။

"ဟေး … လဲ့ပိုထျန်း ဆိုတဲ့ တန်ခိုးရှင်က သူကောင်းကင်မိုးကြိုးဂိုဏ်းက လာတယ်လို့ ကြေညာထားတယ် မလား"

တစ်ယောက်က တစ်စုံတစ်ခုကို သတိထားမိဟန်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်လေ … ဘာဖြစ်လို့လဲ"

အခြားလူများက ခေါင်းညိတ်၍ ပြန်မေးကြ၏။

"ငါရှေးဟောင်းမှတ်တမ်း တစ်ခုမှာ ဖတ်ဖူးတယ် … ကောင်းကင်တံခါး တစ်ဖက်မှာ နှင်းနတ်ဘုရား နန်းတော် လျှို့ဝှက် အဇူရာဂိုဏ်း ကောင်းကင်မိုးကြိုးဂိုဏ်းလို အင်အားကြီး ဂိုဏ်းတွေ ရှိတယ်တဲ့ … လဲ့ပိုထျန်းက ကောင်းကင်မိုးကြိုးဂိုဏ်းက ဆိုတော့ … သူတို့တွေ အားလုံးကလည်း ကောင်းကင်တံခါး တစ်ဖက်က လာခဲ့တာ ဖြစ်မယ်ထင်တယ်"

မကြာခင်မှာပင် ကမ္ဘာပျက်လောက်သည့်  သတင်းတစ်ခု ပေါ်ထွက်လာခဲ့၏။

ထိုသတင်းကား ယခု ပေါ်ထွက်နေသည့် တန်ခိုးရှင်များသည် ကောင်းကင်တံခါးမှ လာသည့် တန်ခိုးရှင်များ ဖြစ်သည် ဆိုသော သတင်းပင်။

"ကျွတ်ကျွတ် … ချန်းပေ့ရွှမ်းသာ ဒီမှာရှိနေရင် ဒါမှမဟုတ် အရှင်ရဲ့သာ အပြည့်အဝ ပြန်ကောင်းနေရင် … အဲဒီလူတွေ အခုလို မောက်မာနိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ် … သူတို့က သာမန် တန်ခိုးရှင်တွေကို အနိုင်ယူနိုင်တာနဲ့ မောက်မာ နေကြတာ … ချန်းပေ့ရွှမ်း ပြန်ပေါ်လာတဲ့အထိ စောင့်ကြဦးပေါ့ကွာ"

များစွာသော လူများက မကျေမနပ် ရေးသားကြသည်။

ကောင်းကင်တံခါးမှ လာသော တန်ခိုးရှင်များသည် ထိုစကားများကို ကြားသော်လည်း သောက်ဂရု မစိုက်ကြချေ။

"ဟားဟား … ချန်းပေ့ရွှမ်းလား … ငကြောက် လေးပါကွာ … ငါမြောက်ပိုင်းချုံးကို ဖျက်ဆီးပြီးတဲ့ အချိန်ကျ သူဆက်ပြီး ပုန်းနေဦး မလား ကြည့်ရသေးတာပေါ့"

လဲ့ပိုထျန်းက ရယ်မောရင်း ပေါ့ပေါ့ပါးပါး ဆို၏။

"ချန်းပေ့ရွှမ်း ဆိုတဲ့ ကောင်ထွက်လာရင် ချင်ချန်းတောင်မှာ ငါစောင့်တယ်လို့ ပြောလိုက်ကွာ …"

စီရွှမ်ကလည်း ပေါ်ပေါ်တင်တင်ပင် ချန်းဖန်အား စိန်ခေါ်သည်။

"ဆရာ ဘယ်ရောက်နေတာ ပါလိမ့်"

ထိုအချိန်၌ မြောက်ပိုင်းချုံး၏ တပည့်များသည် ကြီးမားသည့် ဖိအားများ ခံစားနေကြရ၏။

သိုင်းလောက၏ အင်အား အကြီးဆုံးဂိုဏ်း အနေဖြင့် မြောက်ပိုင်းချုံးဂိုဏ်းသည် သိုင်းလောကကို စောင့်ရှောက်ရန် တာဝန် ရှိသည်။ သို့သော်လည်း သူတို့သည် လဲ့ပိုထျန်းနှင့် စီရွှမ်တို့ကိုပင် မတားဆီး နိုင်ခဲ့ချေ။

ထိုအရာက ဂိုဏ်း၏ သမိုင်းကြောင်းကို အမည်းစက် စွန်းထင်းစေသည့် ကြီးမားသော အရှက်ရမှုကြီး ဖြစ်သည်။

***

နှစ်လ ကြာပြီးနောက် …

လျှို့ဝှက် အဇူရာဂိုဏ်း၏ သခင်လေး လော့ရွှမ်သည် ကောင်းကင် တံခါးမှ တန်ခိုးရှင် အားလုံးကို စုစည်းကာ ချင်ချန်းတောင်သို့ ရောက်ရှိလာသည်။ သူသည် ထိုတန်ခိုးရှင်များ၏ စွမ်းအားများကို စုစည်း၍ ဒဏ္ဍာရီလာ ဓားနန်းတော်ကို ဖွင့်လှစ်မည် ဖြစ်သည်။

ချင်ချန်းတောင်သို့ ကောင်းကင်တံခါးမှ တန်ခိုးရှင်များ သာမက တရုတ်၊ ဂျပန်နှင့် အရှေ့တောင် အာရှမှ ပညာရှင်များလည်း စုစည်း ရောက်ရှိ လာကြသည်။

သူတို့သည် ကောင်းကင် တံခါး တန်ခိုးရှင်များကို မယှဉ်နိုင်သော်လည်း ထိုတန်ခိုးရှင်များ၏ မျက်စိကျမှုကို ခံယူကာ ကောင်းကင်တံခါးသို့ ဝင်ရောက်လို နေကြသည်။

***

၂၀၁၂၊ ဧပရယ်လ ၂၀ ရက်နေ့ …

"ခရက် …"

ပိုပင်လယ် တစ်နေရာ၌ အနက်ရောင် အပေါက်တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာကာ လူရိပ်တချို့ ထွက်ပေါ်လာ၏။

ပထမဆုံး ထွက်လာသူသည် လင်းယုန်ငှက်ကြီးအား စီးထားသည့် လူငယ် တစ်ယောက် ဖြစ်သည်။

လူငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သလင်းကျောက် အလား ကြည်လင် သန့်ရှင်းနေပြီး သူ၏ မျက်လုံးများကလည်း ရွှေရောင် အလင်းတန်းများ တလက်လက် တောက်ပနေသည်။

ထိုလူငယ်ကား ချန်းဖန်ပင် ဖြစ်သည်။

"အချိန်ကိုက်ပဲ … သွားကြစို့"

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း လင်းယုန်ငှက်ကြီးအား အချက်ပြလိုက်၏။

"ဟူး … ဟူး …"

လင်းယုန်ငှက်ကြီးက ခဏအတွင်းမှာပင် လူရိပ်များကို ချန်ရစ်ကာ တိမ်တိုက်များ အကြား တိုးဝင် ပျောက်ကွယ် သွားတော့သည်။

"ဆရာ … ဘာဆက်လုပ်ကြမလဲ"

ကျောင်းရန်က မေးလိုက်သည်။

"အရင်ဆုံး ချင်ချန်းတောင်ကို သွားကြတာပေါ့ … တိုက်ပွဲဖြစ်ရင်တော့ ကြည့်ကောင်းပြီပဲ"

ရန်ကန်းချိုးနှင့် အခြား တပည့်များကလည်း ချင်ချန်းတောင် ရှိရာသို့ ဦးတည် လိုက်ကြတော့သည်။

***

All Chapters