← Chapters

သတ်ဖြတ်ခြင်း

Vol. 7 Ch. 643

သတ်ဖြတ်ခြင်း

Vol. 7 Ch. 643

"ဆရာ …"

အားရှို့နှင့် မြောက်ပိုင်းချုံး ဂိုဏ်းသားများက ချက်ချင်းပင် ဝမ်းသာအားရ နှုတ်ဆက် လိုက်ကြသည်။

"အဲဒါ အရှင်ရှဲ့ပဲ …"

များစွာသော သိုင်းလောက သားများက ချန်းဖန် သတိထားမိသည်နှင့် အားတက် လာကြတော့သည်။ ချန်းဖန်ကား သူတို့ကို ကယ်တင်ပေးနိုင်မည့် တစ်ဦးသော သူ ဖြစ်သည်။

ကောင်းကင်တံခါး ကျင့်ကြံသူများသည် အစွမ်းထက်သည် ဆိုသော်လည်း သိုင်းလောကသားများ၏ အမြင်တွင်မူ ချန်းဖန်သည်သာ ပြိုင်ဘက်ကင်း ဖြစ်သည်။

"သူက …"

လဲ့ပိုထျန်းက တိုက်ခိုက်နေရာမှ ရပ်ပြီး ကောင်းကင်မှ လင်းယုန်ငှက်ကြီးအား ကြည့်လိုက်၏။

ပျံသန်းလာသော အမြန်နှုန်း အရဆိုလျှင် ထိုလင်းယုန်ငှက်ကြီးမှာ တန်ခိုးရှင် သားရဲ တစ်ကောင် ဖြစ်ရမည်။ ထိုအရာသည် သေမျိုး နတ်ဘုရားနှင့် ယှဉ်နိုင်သည့် တန်ခိုးရှင် ထိပ်ဆုံးအဆင့်ပင် ဖြစ်နေနိုင်သေးသည်။ လ

ထိုသို့သော တန်ခိုးရှင် သားရဲကိုပင် ယဉ်ပါးအောင် လုပ်နိုင်သည့် င်းယုန်ငှက်ပေါ်မှ လူငယ်၏ အစွမ်းက လျှော့တွက်၍ ရမည် မဟုတ်ချေ။

"ခွေးမသား လဲ့ပိုထျန်း … ငါတို့ ဆရာ ကိုယ်တိုင် လာရင်တောင် မင်းက ဂရုမစိုက်ဘူးဆို … မင်းငါတို့ဆရာရှေ့မှာ ဆက်ပြီး မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့ကွာ"

ဟွာရန်ဖန်းက လဲ့ပိုထျန်းအား လှောင်သလို ကြည့်ရင်း ဆိုလိုက်၏။

"သူက ချန်းပေ့ရွှမ်းလား …"

လဲ့ပိုထျန်းက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

သူသည် တန်ခိုးရှင် ကျင့်စဉ်ကို ကျင့်ကြံသည့် တန်ခိုးရှင် အလယ်ဆင့် ဖြစ်ရာ ကမ္ဘာပေါ်ရှိ တန်ခိုးရှင်တိုင်းအား အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။ သို့သော်လည်း ချန်းပေ့ရွှမ်းနှင့် ရင်ဆိုင်ရန် အတွက်ကိုမူ သူ စိတ်ပူ နေမိသည်။

"သူက သာမန်ကျင့်ကြံသူလေးပဲ … ငါမှ စိတ်ပူနေစရာ မလိုဘူး"

စီရွှမ်က အေးစက်စွာဖြင့် သူ၏ ဓားအား ဆွဲထုတ်လိုက်သည်။

"ကလန့် … ကလန့် …"

အနက်ရောင် ဓားမြှောင်က သခင်၏ စကားကို ထောက်ခံသည့် အလား မြည်သံပေးသည်။ ထိုဓားသည် အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်လအတွင်း စီရွှမ်နှင့် သူ၏ ဓားသည် သိုင်းလောက တစ်ခုလုံးကို ကပြောင်းကပြန် ဖြစ်စေခဲ့သည်။

"ကောင်းပြီဟေ့ … ချန်းပေ့ရွှမ်း ဆိုတဲ့ ကလေး ဘာလုပ်ပြမလဲ ဆိုတာ ငါလည်း ကြည့်ချင်တယ်"

ဘုန်းကြီးကလည်း မိုးကြိုး ထောင်သောင်း ပစ်ခတ်သွားသည့် အလား အော်ဟစ် ရယ်မောလိုက်၏။

မိုးကြိုးတောင်သည် "မဟာမိုးကြိုး သန့်စင်ခြင်း" အမည်ရှိသော ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ထင်ရှားသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံခြင်းဖြင့် ကျင့်ကြံသူများသည် မိုးကြိုးသံနှင့် မိုးကြိုး စွမ်းအားများကို ထုတ်ဖော် အသုံးပြုနိုင်ကြသည်။

ဘုန်းကြီးသည် မြေကမ္ဘာ အဆင့်ကို မရောက်သေးသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ အဆင့်တစ်ခုသို့ ရောက်နေပြီ ဖြစ်ကာ အမှောင်မြို့စားလောက် အထိ သန်မာနေခဲ့ပြီ ဖြစ်သည်။

ချန်းဖန် ရောက်ရှိလာသည့် အချိန်အထိ ရွှမ်လော့၊ ထျန်းမင်ကျီနှင့် ချမ့်ရဲ့ရွှယ် တို့သည် ဓားနန်းတော်ကို ကာကွယ်ထားသည့် အစီအရင် တိမ်ပင်လယ်ကိုသာ စူးစမ်း နေခဲ့ကြ၏။ သေမျိုးကမ္ဘာ၏ တန်ခိုးရှင် တစ်ယောက်သည် သူတို့၏ စိတ်ဝင်စားမှုကို ရရန် မထိုက်တန်ချေ။

"ဘုန်း …"

ချန်းဖန်က လင်းယုန်ငှက်ကြီးပေါ်မှ အောက်သို့ ခုန်ဆင်းလိုက်၏။

"ဆရာ …"

"အရှင်ချန်း …"

အရှေ့တိုင်းမှ ကျင့်ကြံသူ အားလုံးက ချန်းဖန်အား ဆီးကြို လိုက်ကြသည်။

"အရှင်ရဲ့ … ဒီလူတွေကို သတ်ပြီး ကျွန်တော်တို့ အတွက် လက်စားချေပေးပါ"

များစွာသော အရှေ့တိုင်း ကျင့်ကြံသူများက ချန်းဖန်အား ငိုယိုကာ တောင်းပန်ကြသည်။ မည်ကဲ့သို့ ရန်ငြိုးများ ရှိစေကာမူ ယခုအချိန်၌ ချန်းဖန်သည်သာ သူတို့၏ အားကိုး အားထားရာ ဖြစ်သည်။

အရှေ့တိုင်း၏ ကျင့်ကြံသူများ ချင်ချန်းတောင်သို့ စုစည်း ရောက်လာရသည့် အကြောင်းမှာ စူးစမ်းလိုမှု သက်သက်ဖြင့်သာ ဖြစ်သည်။

ထို့အပြင် သူတို့တွင် ကောင်းကင်တံခါး ကျင့်ကြံသူများက မျက်စိကျကာ ခေါ်ဆောင်သွား မလား ဆိုသော မျှော်လင့်ချက် ရေးရေးလေးလည်း ရှိသည်။

သို့သော်လည်း လဲ့ပိုထျန်းနှင့် ကောင်းကင်တံခါး ကျင့်ကြံသူများက သူတို့အား မမေး မစမ်းပဲ သတ်ဖြတ်ခဲ့သည်။ တစ်ခဏ အတွင်းမှာပင် လူပေါင်း ရာချီ သေဆုံးခဲ့ရကာ သွေးပင်လယ်ပင် ဖြစ်နေခဲ့ရပြီ ဖြစ်သည်။

အကယ်၍ ချန်းပေ့ရွှမ်းသာ မရောက်လာပါက သူတို့၏ အသက်များက တွေးဝံ့စရာပင် မရှိတော့ချေ။

"ဆရာ …"

ယူကီရှီရိုဆာ၊ ဟွာရန်ဖန်းတို့က ချန်းဖန်ထံသို့ လျှောက်လာရင်း အကျိုးအကြောင်း ရှင်းပြလိုက်သည်။

လဲ့ပိုထျန်းတို့၏ သတ်ဖြတ်မှုတွင် မြောက်ပိုင်းချုံး၏ ပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက် သေဆုံးခဲ့ရသည်။ ဟွာရန်ဖန်း ဆိုလျှင် ဆို့နင့်မှုကြောင့် အသံများပင် တိမ်ဝင် နေခဲ့ပြီ ဖြစ်သည်။

"အရှင်ရဲ့ … ကယ်တင်ပေးပါ ခင်ဗျာ"

မရေမတွက်နိုင်သော လူများက တညီ တစ်ညွတ်တည်း ဒူးထောက်ချကာ အော်ဟစ် လိုက်ကြ၏။

ယခု အချိန်၌ အရှေ့တိုင်း၏ ကျင့်ကြံသူ အားလုံးကား စည်းလုံး နေကြပြီ ဖြစ်သည်။ ဂျပန်၏ ကျင့်ကြံသူများ ပင်လျှင် သူတို့၏ ရန်ငြိုးများကို လွှတ်ချကာ ချန်းဖန်အား ဒူးထောက်၍ တောင်းပန် နေကြပြီ ဖြစ်သည်။

ချန်းဖန်က ထိုလူများအား ဘာမှ ပြန်မပြောပဲ ကောင်းကင်တံခါး ကျင့်ကြံသူများ ဘက်သို့ လှည့်လိုက်၏။

"လဲ့ပိုထျန်းဆိုတာ ဘယ် ခွေးသားလဲ"

"ငါပဲ …"

လဲ့ပိုထျန်းက ရင်ကော့ရင်း ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

"မင်းက ချန်းပေ့ရွှမ်း ဆိုတဲ့ လေကြီးကောင် ဖြစ်ရမယ် … မင်းက တန်ခိုးရှင် အဆင့်နဲ့ မြေကမ္ဘာ အဆင့်ကိုတောင် အနိုင်ယူနိုင်တယ်ဆို … ဟမ့် သောက်ရှက်မရှိဘူးလား … မြေကမ္ဘာ အဆင့် ဆိုတာက နတ်ဘုရားတွေကွ … မင်းတစ်ဘဝလုံး မြင်တောင် မြင်ဖူးလား … သောက်ရူး"

သူသည် အနည်းငယ် ကြောက်နေမိသည့်တိုင် တစ်ဖက်မှ နာမည်တပ်၍ စိန်ခေါ်မှုကိုမူ သူ၏ ဂုဏ်သိက္ခာ အရ နောက်ဆုတ်မည် မဟုတ်ချေ။

ထို့အပြင် သူသည် တစ်ယောက်တည်းသမား မဟုတ်ချေ။ ကောင်းကင်တံခါး တန်ခိုးရှင် ဆယ်ကျော်အပြင် သူ၏ ဂိုဏ်းတူအကို ထျန်းမင်ကျီလည်း ရှိသေးသည်။

သူ့သည် တစ်ယောက်တည်းဖြင့် ချန်းဖန်ကို အနိုင်ရရန် မဖြစ်နိုင်သော်လည်း အားလုံး ဝိုင်းတိုက်ပါက ထိုအရာက ခက်ခဲမည် မဟုတ်ချေ။

"မြောက်ပိုင်းချုံးကို စော်ကားတဲ့ ဘယ်သူ မဆို သေရမယ်"

ချန်းဖန်က အမူအရာမဲ့စွာ ဆိုလိုက်သာည်။ ထို့နောက် သူက လက်အား မြောက်ကာ အသာအယာ ဝှေ့ယမ်းလိုက်၏။

"ဘုန်း …"

ရုတ်တရက် ကြီးမားသော ရွှေရောင် လက်ဝါးကြီး တစ်ခု ထွက်လာကာ လဲ့ပိုထျန်း ဆီသို့ တိုးဝင်သည်။

လက်ဝါးသည် ပေနှစ်ဆယ် အဇူရာ လက်ဝါးလောက် မကြီးမားသော်လည်း အလွန်အမင်း သိပ်သည်းကာ ရွှေရောင် ရှေးဟောင်း သင်္ကေတများ ဖြင့် ပြည့်နှက်နေသည်။

"ယီသစ်သား မူလဝိညာဉ် မဟာချင်န လက်ဝါး …"

မဟာချင်န လက်ဝါး၏ အစစ်အမှန် စွမ်းအားကို ထုတ်သုံးရန် မူလအဆင့် ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအား လိုအပ်သည်။ ချန်းဖန်သည် မူလဝိညာဉ် အဆင့်ကို မရောက်သေးသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ထိုသို့ ပြုလုပ်ရန် လုံလောက်နေပြီ ဖြစ်သည်။

"ဟမ့် … ငါ့ရဲ့ ခရမ်းရောင် လျှပ်စီး မိုးကြိုးကိုလည်း မြည်းစမ်း ကြည့်လိုက်ဦး"

လဲ့ပိုထျန်းက နှာခေါင်းရှုံ့ရင်း သူ၏ ဓားအား ဖြုတ်ယူလိုက်ကာ သူ့ဆီ တိုးဝင်လာသည့် လက်ဝါးကြီးအား ခုတ်ပိုင်းလိုက်၏။ ဓားက ဆယ်ပေခန့် ရှည်လျားသော အနက်ရောင် နဂါးတစ်ကောင် အဖြစ် ပြောင်းလဲကာ လက်ဝါးကို ခုခံရမ် အသင့်ပြင်၏။

"ကလန့် …"

သူကားထမဆုံး တိုက်ခိုက်မှုတွင်ပင် သူ၏ အစွမ်း အထက်ဆုံး နည်းစနစ်ကို ထုတ်သုံးကာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

"အဲဒီ တိုက်ခိုက်မှု တစ်ခုနဲ့တင် လဲ့ပိုထျန်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး ငါးယောက် ဝင်ဖို့ လုံလောက် နေပြီ …"

ရဲ့နန်ထင်းက ကြိတ်၍ ချီးကျူးမိလိုက်သည်။

လဲ့ပိုထျန်းပင် ဤမျှ အစွမ်းထက်နေရာ သူ၏ အစ်ကို ထျန်းမင်ကျီနှင့် ရွှမ်လော့တို့ ဆိုလျှင် မည်မျှအထိ အစွမ်းထက် နေမည်နည်း။

"ညီလေးလဲ့ရဲ့ တိုက်ခိုက်မှုက ခွန်ရှု့ နယ်မြေရဲ့ ထိပ်ဆုံး လူငယ် နှစ်ဆယ်ထဲကို ဝင်ဖို့ လုံလောက် နေပြီပဲ"

ဘုန်းကြီးက ချီးကျူးလိုက်သည်။

"ကျုပ်အထင် ပြောရရင် ခွန်ရှု့ နယ်မြေရဲ့ ထိပ်ဆုံး လူငယ် ဆယ်ယောက်က လွဲလို့ အကိုလဲ့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်တဲ့ ရှိမှာ မဟုတ်တော့ဘူး …"

ဖန်ရှင်း တောင်ကြားမှ တန်ခိုးရှင်ကလည်း ဆိုသည်။

အားလုံး လဲ့ပိုထျန်း အသာအယာ နိုင်လိမ့်မည်ဟု ထင်နေကြချိန်မှာပင် …

"ဘုန်း …"

ရွှေရောင် လက်ဝါးကြီးက အရှိန်ပြင်းစွာ မောင်းနှင်းလာသော ရထားကြီး တစ်စင်း အလား  လဲ့ပိုထျန်း အပေါ်သို့ ကျရောက်၏။

"ဘုန်း …"

ထိုလက်ဝါး၏ အောက်တွင် ပထမ ဆယ်ပေခန့် ရှည်လျားသော အနက်ရောင် မိုးကြိုး နဂါးကြီး ပျက်စီးရသည်။

"ဘုန်း …"

ဒုတိယ လဲ့ပိုထျန်း၏ ခန္ဓာကိုယ် အပိုင်းပိုင်း အစစ ဖြစ်သည်အထိ ဖိချေခံရသည်။

"ဘုန်း …"

တတိယ လဲ့ပိုထျန်း ရပ်နေခဲ့သော မြေပြင်ကိုပါ ဆယ်ပေခန့် နက်သည့်  ချောက်ကြီး အဖြစ် ပြောင်းလဲ သွားစေသည်။

"ဘုန်း …"

စတုတ္ထ အရှေ့တိုင်းနှင့် ကောင်းကင်တံခါးမှ လူတိုင်းအား ပါးစပ် အဟောင်းသား ဖြစ်သွားစေသည်။

လဲ့ပိုထျန်းကား ကောင်းကင်မိုးကြိုး ဂိုဏ်းတွင် ထျန်းမင်ကျီ ပြီးနောက် ဒုတိယ ပါရမီ အ‌ပေါဆုံး တပည့် ဖြစ်သည်။ သူသည် တန်ခိုးရှင် အလယ်ဆင့်ကို ရောက်နေပြီ ဖြစ်ကာ မကြာခင် နောက်ဆုံး အဆင့်သို့ ဝင်ရောက်တော့မည့်သူ ဖြစ်သည်။

"လက်ဝါးတစ်ချက် …"

သို့သော်လည်း ထိုသို့သော လဲ့ပိုထျန်းအား သတ်ဖြတ်ရန် အတွက် လက်ဝါးတစ်ချက်သာ လိုအပ်ခဲ့သည်။ ထိုအရာက မည်သို့ ဖြစ်နိုင်မည်နည်း။

"အရမ်းကြောက်ဖို့ ကောင်းလိုက်တဲ့ တိုက်ခိုက်မှုပါလား"

စီရွှမ်မှာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

"အဲဒါက ဘယ်လို နည်းစနစ်လဲ … လူသား ကမ္ဘာက ဓမ္မ အစီအရင်တွေနဲ့လည်း မတူပါလား"

ဘုန်းကြီးနှင့် ဖန်ရှင်းတောင်ကြား တန်ခိုးရှင်တို့မှာလည်း ကြောက်လန့်မှုဖြင့် ကြက်သီးများ ထလာမိသည်။

ကောင်းကင်တံခါးမှ ကျင့်ကြံသူများ တိတ်ဆိတ် နေကြချိန်၌ အရှေ့တိုင်း၏ ကျင့်ကြံသူများမှာမူ အော်ဟစ်ကာ အောင်ပွဲ ခံနေကြပြီ ဖြစ်သည်။

"သောက်ရမ်း မိုက်တယ်ဟေ့ … အရှင်ချန်းကွ"

"လဲ့ပိုထျန်း သောက်ရူးကောင် … အခုတော့ အရှင်ချန်းက သူ့ကို ခွေးသတ်သလို သတ်ပစ်လိုက်ပြီကွ"

"ဟဟ … သောက်ရူးက မြောက်ပိုင်းချုံးကိုမှ သွားထိတာကိုး … သေသင့်တယ်"

တန်ခိုးရှင်များ အပါအဝင် လူတိုင်းက အော်ဟစ် ရယ်မောရင်း ကောင်းကင်တံခါး ကျင့်ကြံသူများအား လှောင်ပြောင် လိုက်ကြသည်။

သူတို့တွင် စိတ်တိုကြီးချန်း သို့မဟုတ် ပြိုင်ဘက်ကင်း အရှင်ချန်း ရှိနေပြီ ဖြစ်သည်။ မည်သည်ကို ကြောက်လန့် ရတော့မည်နည်း။

အခြားတစ်ဖက်၌ ကောင်းကင်တံခါး ကျင့်ကြံသူများ၏ မျက်နှာများကား တဖြည်းဖြည်း ဖြူရော်လာနေခဲ့ကြပြီ ဖြစ်သည်။

"လဲ့ပိုထျန်း အပြင် ခွန်းလွန်ကို သွားတိုက်ခဲ့တဲ့ နွားက ဘယ်သူလဲ … ခွန်းလွန်က ငါ့ရဲ့ စောင့်ရှောက်မှု အောက်မှာ ရှိတယ် ဆိုတာ မသိတာလား"

ချန်းဖန်က ထူးမခြားနားစွာပင် ကောင်းကင်တံခါးမှ ကျင့်ကြံသူများထံ ဝှေ့ကြည့် လိုက်သည်။

ထိုအချိန်မှာပင် ဒေါသတကြီး အော်ဟစ်သံနှင့်အတူ တောင်ထိပ် ရှိရာမှ လူရိပ်တစ်ခု ခုန်ဆင်းလာ၏။

"ငါ့ဂိုဏ်းတူ ညီလေးကို ဘယ်သူ သတ်တာလဲကွ"

***

All Chapters