မျိုးဆက်
Vol. 019 Ch. 1815
နတ္ထိအင်ပါယာနန်းတော်တွင် ဘုံကိုးဘုံမှ တန်ခိုးရှင်များ နောက်ထပ် စုစည်းလာကြပြန်သည်။
အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသကို စုစည်းခဲ့သူဖြစ်သည့်အလျောက် မူလဘုံ၏ အရှင်သခင်ဖြစ်သည်။ တခြားအင်အားစုများက အရှင်ဒွန်ဟောင်ကို မည်သို့ ရှုမြင်သည်ဖြစ်စေ အပေါ်ယံတွင်တော့ သူ့အမိန့်အား နာခံနေကြရဆဲပင် ဖြစ်သည်။
ငြိမ်းချမ်းသော အချိန်ကာလတွင် အရှင်ဒွန်ဟောင်သည် ကောင်းကင်ဒေသမှ အင်အားစုများကို တစ်ခုခုလုပ်ဆောင်ရန် မည်သည့်အခါမှ အမိန့်ပေးလိမ့်မည် မဟုတ်ပေ။
နယ်မြေများကို စုစည်းခဲ့ပြီးနောက် အင်ပါယာနှစ်ပါး လုပ်ခဲ့သမျှ အရာအားလုံးမှာ ကောင်းကင်ဒေသ၏ တန်ခိုးရှင်များ သန်မာအားကောင်းလာအောင်ပင် ဖြစ်သည်။ မူလဘုံသို့ သူတို့၏ သဘောထားမှာ အဖိုးတန်ရတနာများ လုယက်ခံရခြင်းမှ ကာကွယ်ရန်ဖြစ်ကာ ထို့ကြောင့််ပင် မူလဘုံကို ဖြတ်သန်းသွားလာခွင့် ပိတ်ခဲ့ခြင်း ဖြစ်သည်။
ယခု မှော်နက်စစ်တပ်သည် သဏ္ဍာန်မဲ့ဘုံကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီး ၎င်းက ဘုံကိုးဘုံ၏ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။ သူတို့က သဏ္ဍာန်မဲ့ဘုံကို ကျူးကျော်လာနိုင်လျှင် တခြားဘုံများသို့လည်း ကျူးကျော်လာနိုင်ပေသည်။
ဤကဲ့သို့သော အချိန်မျိုးတွင် မင်းသမီးဒွန်ဟောင်က ဘုံကိုးဘုံမှ တန်ခိုးရှင်များအားလုံးကို ဆင့်ခေါ်ခြင်းမှာ ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုချက်ဖြစ်သည်။
မူလဘုံ၏ အင်အားစုများမှာ သူတို့ကိုယ်တိုင်အတွက် တိုက်ခိုက်ကြရမည် ဖြစ်သည်။
ဗဟိုအင်ပါယာဘုံ၏ အင်အားစုများသည် အရင်ဆုံး လှုပ်ရှားကြသူများဖြစ်ကာ သူတို့နောက်မှာ ကောင်းကင်အာဏာစက်ကျောင်းတော် ဖြစ်သည်။ သူတို့သည် အာကာသခရီးသွားဝင်္ကပါကို ဖြတ်ကာ ရှောင်ကလန်သို့ တိုက်ရိုက်သွားရောက်ပြီးနောက် အတူတကွသွားခဲ့ကြသည်။ သူတို့၏ ခရီးသွားမှု အလွန် လျင်မြန်လှသည်။
နတ္ထိအင်ပါယာနန်းတော်တွင် ရီဖူရှင်းနှင့် တခြားသူများအပြင် ရှန်ကလန်၊ သိုင်းနတ်ဘုရားကလန်နှင့် ကောင်းကင်ဘုံဗိမာန် ကဲ့သို့သော ထိပ်သီးအင်အားစုများလည်း မနီးမဝေးတွင် ရပ်နေကြသည်။ သို့သော် သူတို့သည် တစ်ချက်လှမ်းကြည့်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် မသိသကဲ့သို့ ဟန်ဆောင်ကာ မည်သူ့ကိုမှ ရန်စရန် မကြိုးစားကြပေ။
ယခုချိန်က ရန်ငြိုးဟောင်းများကို မီးညှိရမည့် အချိန်မဟုတ်ပေ။
တခြားသော အင်အားစုများလည်း ရောက်ရှိလာကြပြီး စောင့်ဆိုင်းနေစဥ်အတွင်း နတ္ထိအင်ပါယာနန်းတော်၏ တန်ခိုးရှင်များလည်း ရှိနေကာ ရောက်လာရန် ကျန်ရှိနေသည့် တခြားသူများကို ဆက်လက်စောင့်ဆိုင်းနေပြီး လူတိုင်းနှင့် စကားပြောဆိုနေကြသည်။
ထိုအချိန်၌ နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်သည် ကောင်းကင်အာဏာစက်ကျောင်းတော် ဘေးသို့ ရောက်လာခဲ့သည်။ သူက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။ "အလုပ်ကြိုးစားပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်။"
"ကျုပ်တို့ လုပ်သင့်တာပါ။ ရီဖူရှင်းပြောခဲ့သလိုပဲ ဒီကပ်ဆိုးကြီးကနေ မူလဘုံရဲ့ ဘယ်အင်အားစုက မလွတ်မြောက်နိုင်ဘူး။" အရှင်ထိုက်ရွှမ်က ပြောလိုက်ပြီး နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူက ရီဖူရှင်းကို ကြည့်လိုက်ကာ ယခင်တစ်ခေါက်က မင်းသမီးနှင့် မည်သည့်စကားများ ပြောခဲ့ကြသနည်းဟု မရေမရာ ဖြစ်နေပေသည်။
သို့သော် နတ်ဘုရားအကြွင်းအကျန်နယ်မြေမှ မဟာအင်ပါယာ၏ စွမ်းအားကို အမွေဆက်ခံခဲ့ပြီး မင်းသမီး၏ ဆင့်ခေါ်ခြင်းကို ခံခဲ့ရကာ မူလဘုံ၏ အရည်အချင်းရှိ ပါရမီရှင်တစ်ယောက်အနနေှင့် မည်သူမဆို သူ့အား အမှတ်ရနေကြပေလိမ့်မည်။ သူ၏ အနာဂတ်က အတိုင်းအဆမဲ့ကာ မင်းသမီးသည်လည်း သူ၏ တည်ရှိမှုကို အမှတ်ရနေသင့်ပေသည်။
"ငါတို့ရဲ့ မိတ်ဆွေလေးရော သွားမှာလား။" နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က မေးလိုက်သည်။ "သဏ္ဍာန်မဲ့ဘုံကို သွားရမယ့်ခရီးမှာ ကျိန်းသေ ရက်စက်တဲ့ တိုက်ပွဲက ကျိန်းသေဖြစ်လာမှာ စိုးမိတယ်။ မင်းသမီးက ကျင့်ကြံဆင့်မြင့်တဲ့ ထိပ်သီးပုဂ္ဂိုလ်တွေပဲ သွားဖို့လိုတယ်တဲ့။ အရှင်ရီရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် ကျိန်းသေသွားဖို့ မလိုပါဘူး။"
နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ကြင်နာမှုနှင့် ပြောလိုက်သည်။ ဤတိုက်ပွဲသည် ကောင်းကင်ဒေသနှင့် မှော်နက်စစ်တပ်ကြားတွင် ဖြစ်ပွားခြင်း ဖြစ်သည်။ နှစ်ဖက်လုံးက စစ်ပွဲစတင်ခဲ့ပါလျှင် သန်မာသည့် အင်အားရှိသူများသာ ပါဝင်သင့်သည်ကို ခန့်မှန်းနိုင်ပေသည်။
သူက ရီဖူရှင်း၏ ပါရမီနှင့် တိုက်ပွဲစွမ်းရည်ကို သံသယမရှိသော်လည်း သူ၏ ကျင့်ကြံဆင့်သည် ယခုထိ နိမ့်ကျနေသေးသည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူ၏ လုံခြုံရေးကို မည်သူကမှ အာမခံချက်မပေးနိုင်ပေ။
"အရင်ဆုံး လေ့လာကြည့်ပါရစေဦး။ မင်းသမီးက ကျုပ်တို့ကို တိုက်ပွဲမှာ ပါစေချင်ရင် ကျုပ်တို့က နာခံမှာပါ။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ တိုက်ပွဲတွင် ပါဝင်မည့်သူအားလုံးမှာ ထိပ်ဆုံးတွင် ရပ်တည်နေသည့် တန်ခိုးရှင်များ ဖြစ်သည့်အတွက် သူ ထိုတိုက်ပွဲသို့ သွားရန် အကြောင်းရှိမနေပေ။
သို့သော် ဘုံအားလုံး၏ စစ်တပ်များသည် တိုက်ပွဲကို ထွက်ခွာသွားပါက သူသည်လည်း လိုက်ပါသွားမည် ဖြစ်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ လူအုပ်ကြားတွင် ချန်ရှီးသည် လိုက်ပါသွားပြီး တိုက်ပွဲတွင် သူမကိုယ်တိုင် ပါဝင်ချင်နေသည်။
ယိုယွဲ့နတ်နန်းတော်၏ ပျက်စီးခြင်းတွင် ချန်ရှီးသည် နတ်မိမယ်တစ်ပါးအနနေှင့် သူမ၏ အကြီးအကဲများနှင့် သူငယ်ချင်းများအား ဆုံးရှုံးခဲ့ရသော်လည်း သူမသည် ကိုယ်တိုင်လက်စားချေရန် စွမ်းရည် မရှိပေ။
"ဒါက အလုပ်ဖြစ်လိမ့်မယ်။ ဒီလိုဆိုမှတော့ မင်းသမီးစိတ်ထဲမှာ ဘာရှိနေလဲ ကြည့်ကြတာပေါ့။" နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြောလိုက်သည်။ သူက နတ္ထိအင်ပါယာနန်းတော်၏ သခင်ဖြစ်သော်လည်း လူတိုင်းလေးစားရသည့် မင်းသမီးဒွန်ဟောင်သည် အောက်ဘုံသို့ လူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။
ဤတိုက်ပွဲအတွက် မည်သည့်ဆုံးဖြတ်ချက်ကို ချသည်ဖြစ်စေ အတူတူပင် ဖြစ်သည်။ မင်းသမီးက မည်သို့ လုပ်မည်ကို ဆုံးဖြတ်ကာ သူ၏ အခန်းကဏ္ဍက လိုက်နာဆောင်ရွက်ရန် ဖြစ်သည်။
တန်ခိုးရှင်များ ရောက်လာသည်နှင့် မင်းသမီးဒွန်ဟောင် ထွက်ပေါ်လာခဲ့သည်။ သူမက နတ်အလင်းတို့ဖြင့် လွှမ်းခြုံထားပြီး အောက်ဘက်မှ လူများကို ကြည့်ကာ မေးလိုက်သည်။ "လူတိုင်း ရောက်ပြီလား။"
"အရှင်သမီး၊ အရင်တစ်ခေါက်က လာခဲ့တဲ့သူ အကုန် ရောက်နေပါပြီ။" နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြန်ဖြေလိုက်သည်။
ထိုအချိန်၌ အဝေးမှ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံထွက်ပေါ်လာပြီး ဗုဒ္ဓအလင်းရောင်ဝါတို့က ထွန်းလင်းလာသည်။ လေထဲတွင် ငြိမ်းချမ်းသော ဓမ္မတေးသံက ပြည့်နှက်နေခဲ့သည်။
ချက်ချင်းပင် လူအများသည် သူတို့၏ ခေါင်းများကို မော့ကာ အဝေးသို့ ကြည့်လိုက်ကြလျှင် နန်းတော်ဘက် လာနေသည့် ရဟန်းများ၏ တပ်မဟာအား မြင်လိုက်ကြရပေသည်။ သူတို့အားလုံးသည် ရွှေရောင်ရှိခိုးဖျာပေါ်တွင် ထိုင်နေကြပြီး ကောင်းကင်မှ ဆင်းသက်လာသော ဗုဒ္ဓများကဲ့သို့ပင် ဖြစ်သည်။
တောင်တန်းဘုံမှ လူများ ရောက်လာကြပြီ ဖြစ်၏။
မင်းသမီးဒွန်ဟောင်က တန်ခိုးရှင်အားလုံးကို ဆင့်ခေါ်သည့်အခါ သူမသည် တောင်တန်းဘုံမှ ဗုဒ္ဓဘုန်းတော်ကြီးများကို မဖိတ်ခေါ်ခဲ့ပေ။ မင်းသမီးဒွန်ဟောင်သည်တောင်တန်းဘုံက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိထားပြီး ကောင်းကင်ဒေသ၏ အုပ်ချုပ်မှုအောက်၌ မရှိသည်ကို သိရှိထားသည်။ ၎င်းသည် လွန်ခဲ့သော နှစ်များစွာက သဘောတူညီချက်ထားရှိခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဒေသ၏ တန်ခိုးရှင်တိုင်းသည် အရှင်ဒွန်ဟောင်သည် ဗုဒ္ဓကို သက်ဝင်ယုံကြည်သည်အား သိရှိကြသည်။ အရှင်ဒွန်ဟောင်ဟူ၍ ဖြစ်လာခဲ့ပြီးနောက်၌ပင် သူသည် တစ်ခါတစ်ရံ ဗုဒ္ဓတရားတော်များကို အကြံဉာဏ်ရယူရန် အနောက်အရပ်သို့ တစ်ခါတစ်ရံသွားရောက်တတ်သည်။ ကောင်းကင်ဒေသတွင် အရှင်ဒွန်ဟောင်သည် အနောက်ဘက်သို့သွားကာ ဟောပြောမှုများကို နာယူပြီး ဗုဒ္ဓအရှင်မြတ်၏ အဆုံးအမများကို မှတ်သားကာ ကျမ်းဂန်များအကြောင်း ဆွေးနွေးတတ်သည်။
ဤသတင်းများကို ကြားကြသည့်အခါတိုင်း သူတို့သည် နှစ်ထောင်းအားရစွာ ပြောကြသည်။ ကောင်းကင်ဒေသ၏ အရှင်ဒွန်ဟောင် ဖြစ်လာပြီးနောက်၌ပင် သူသည် နေ့ရက်ဟောင်းများမှ မိတ်ဆွေဟောင်းများကို မမေ့ဟု လူတိုင်းက ချီးကျူးကြပေသည်။
ထို့ကြောင့် ယခုအချိန်တွင် တောင်တန်းဘုံမှ ဘုန်းတော်ကြီးများ၏ ထွက်ပေါ်လာမှုက မျှော်လင့်မထားမိသော်လည်း ဤသည်က ဖြစ်သင့်သည်သာ ဖြစ်၏။
ရီဖူရှင်းသည် ဦးဆောင်လာသော တန်ခိုးရှင်အား မြင်ဖူးပေသည်။ ထိုသူက ထျန်းရှန်းဘုံကျောင်းမှ ကျောင်းထိုင်ဖြစ်ပြီး သူ့နောက်မှ ဆရာတော်ဖူတု ဖြစ်သည်။
သူတို့၏ နောက်တွင် ငယ်ရွယ်သော ရဟန်းများစွာ ရှိနေသည်။ သူတို့ကြားထဲတွင် ရီဖူရှင်းနှင့် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ တွေ့ခဲ့သော ကွေကျန်းလည်း ပါသည်။
ထိုသူများထဲတွင် သန့်ရှင်စင်ကြယ်သော အဖြူရောင်ဝတ်စုံနှင့် ဘုန်းတော်ကြီးတစ်ပါးလည်း ပါဝင်သည်။ သူ့ မျက်လုံးများက အလွန်လှပပြီး ဤလောက၏ မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရသည်။ လူအများကြီးသည် သူတို့ရှေ့မှ ဤရဟန်းက မည်မျှ ချောမောလှပကြောင်း ထုတ်ပြောမိတော့မတတ်ပင်။
ထိုကဲ့သို့ ခန့်ညားချောမောသော ရဟန်းမျိုးက ရှားပါးလှသည်။
ထိုရဟန်းက ပြုံးနေပြီး သူ၏ ဘယ်ဘက်လက်ဝါးကို ရင်ဘတ်တွင် တင်ထားသည်။ ထူးထူးခြားခြား လှပသော မျက်လုံးများက ရှေ့တူရှူသို့ ကြည့်နေပြီး မင်းသမီးဒွန်ဟောင်ထံသို့ ကျရောက်နေသည်ဟု ထင်ရသည်။
မင်းသမီးဒွန်ဟောင်သည်လည်း ထိုအကြည့်များကို ပြန်ကြည့််ရင်း အကဲခတ်လိုက်သည်။ ရဟန်းအဖွဲ့ကြားတွင် ထိုတစ်ယောက်ကသာ ပုံမှန်ဟုတ်မနေခြင်း ဖြစ်သည်။ သူက လူအုပ်ထဲမှ ထွက်ကု ရပ်လိုက်သည်။
"တောင်တန်းဘုံ ထျန်းရှန်းဘုံကျောင်းက ကျောင်းထိုင်၊ အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။" ရဟန်းအိုကြီးက လက်အုပ်ချီကာ ရဟန်းတို့၏ ဂါရဝပြုနည်းအတိုင်း မင်းသမီးဒွန်ဟောင်ကို နှုတ်ဆက်လိုက်သည်။
"ကျောင်းထိုင်ဆရာတော် အရမ်း ယဥ်ကျေးနေစရာမလိုပါဘူး။" မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဆရာတော်က ဒီကို စစ်ကူအနနေဲ့ ရောက်လာတာများလား။"
"အင်း" ကျောင်းထိုင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "အဲဒီတုန်းက ကျုပ်ရဲ့ စီနီယာအစ်ကို ကျင်းကန်းရဟန်းက ငရဲတံခါးရဲ့ဘုရင်ကို ဖိနှိပ်ခဲ့ပြီး အမှောင်ထုစွမ်းအားကို ဖယ်ရှားခဲ့တယ်။ အခု မှော်နက်စစ်တပ်က နောက်တစ်ကြိမ် ပြန်လာပြီး ခြိမ်းခြောက်မှတော့ ကျုပ်တို့ ရဟန်းတွေကလည်း ဒီကိစ္စမှာ ပါဝင်တိုက်ခိုက်သင့်တာပဲလေ။"
"ဆရာတော်က တကယ့်ကို စဥ်းစားတတ်ပါပေတယ်။" မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်လိုက်သည်။ "ကျွန်မလည်း အခုပဲ လူတိုင်းနဲ့ ဒီပြဿနာကို ဆွေးနွေးဖို့ လုပ်နေတုန်း ဆရာတော် ရောက်လာတာပဲ။ ဒီတစ်ကြိမ် မှော်နက်စစ်တပ်က သဏ္ဍာန်မဲ့ဘုံရဲ့ အဓိကအင်အားစုအများအပြားကို သုတ်သင်ရှင်းလင်းပြီး ဘုံကို ကျူးကျော်လာတာ နတ်ရတနာကြောင့်ပဲ။ ကျွန်မ သိသလောက်တော့ မှော်နက်စစ်တပ်က လက်ရှိမှာ သဏ္ဍာန်မဲ့ဘုံရဲ့ ရတနာစွမ်းအားတွေကို ထုတ်ယူနေပြီး သူတို့အသုံးပြုဖို့အတွက် အဲဒါကို သန့်စင်ဖို့ ရည်ရွယ်နေတယ်။ အကယ်၍ မှော်နက်စစ်တပ်သာ အဲဒီလိုလုပ်ဖို့ အောင်မြင်သွားရင် အနာဂတ်မှာ သူတို့ရဲ့ ကျူးကျော်မှုတွေက ပိုပြင်းထန်လာပြီး တခြားဘုံတွေကိုပါ ဆက်ကျူးကျော်လာလိမ့်မယ်။ အဲဒီအချိန်မှဆိုရင် သူတို့ကို ထိန်းချုပ်ဖို့ ပိုခက်သွားနိုင်တယ်။"
"အဲဒါကြောင့် ကျွန်မ အားလုံးကို စုဝေးလိုက်ရတာက သဏ္ဍာန်မဲ့ဘုံကို သွားပြီး မှော်နက်စစ်တပ်နဲ့ ရင်ဆိုင်ဖို့ ပြင်ဆင်ရအောင်ပါ။" မင်းသမီးဒွန်ဟောင်က ပြောလိုက်သည်။ "အကယ်၍ ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင် မူလဘုံအတွက် ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်တော့ဘူး။ ရှင်တို့ဘက်က မသွားချင်ဘူးဆိုရင် ဒီစစ်ဆင်ရေးကို ကျွန်မ လက်လျှော့ပေးမယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာပဲဖြစ်လာဖြစ်လာ လက်ခံရလိမ့်မယ်။ဏ္ဍ
"အရှင်မင်းသမီး၊ မှော်နက်စစ်တပ်က ဘုံကိုးဘုံကို ကျူးကျော်လာတဲ့အခါ သဏ္ဍာန်မဲ့ဘုံမှာ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်။ တန်ခိုးရှင်အားလုံးက တူညီတဲ့ကံကြမ္မာကို မျှဝေထားကြတဲ့အတွက် ဘယ်သူမှ ခေါင်းရှောင်လို့ မရနိုင်ဘူး။" ကိုက်ချိန်က ပြောလိုက်သည်။ "ကျုပ်တို့ မင်းသမီးရဲ့ အမိန့်ကို နာခံပါ့မယ်။"
"ကျုပ်တို့လည်း မင်းသမီးရဲ့ လှုပ်ရှားမှုကို ထောက်ခံပါတယ်။"
"ကျုပ်တို့လည်း မင်းသမီးရဲ့ အမိန့်ကို လိုက်နာပါမယ်။"
ထိပ်သီးအင်အားစုများအားလုံးက တုံ့ပြန်လာသည်။ ယခု မင်းသမီးဒွန်ဟောင် ပြောသွားသည့် စကားများအရ သူတို့သာ မသွားချင်ဟု ပြောလိုက်ပါက ရူးမိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။
သူတို့သာ ဤတိုက်ပွဲ၌ ပါဝင်ခဲ့ခြင်း မရှိလျှင် အနာဂတ်တွင် မူလဘုံ၌ သူတို့အတွက် နေရာရှိတော့မည် မဟုတ်ပေ။
မင်းသမီးငယ်လေးက လှည့်ဖြားရလွယ်ကူလိမ့်မည်ဟု တွေးရန် သူတို့က မရူးမိုက်သေးပေ။ အရှင်ဒွန်ဟောင်၏ အချစ်ဆုံး သမီးတော်တစ်ပါးအနနေှင့် မင်းသမီးဒွန်ဟောင်သည် သူမကိုယ်တိုင်သည်လည်း ရန်ဟောင်တစ်ပါးဖြစ်ကာ သူမသည် သူတို့ စိတ်အနှောက်အယှက်ပြု၍ရမည့် သူမျိုး မဟုတ်နေပါချေ။
"ကောင်းပြီ။ ဒီလိုဆိုရင် ကျွန်မတို့ အတူတူ လက်တွဲကြတာပေါ့။" မင်းသမီးဒွန်ဟောင်က ပြောလိုက်သည်။ "မှော်နက်စစ်တပ်ကို မူလဘုံကနေ မောင်းထုတ်ကြစို့။"
"အမိန့်အတိုင်းပါ" အားလုံးက တပြိုင်နက်တည်း ခေါင်းညိတ်ကာ တညီတညွတ်တည်း ပြောဆိုလိုက်သည်။
"ထွက်ခွာလို့ရပါပြီ။" မင်းသမီးဒွန်ဟောင်က အမိန့်ပေးလိုက်သည်။ သူမက ပြောလိုက်ပြီးနောက် အရင်ဆုံး ခြေလှမ်းစလိုက်သည်။ သူမသည် မည်သည့်ကျင့်ကြံဆင့်ကို လိုက်ပါ၍ မည်သည့် ကျင့်ကြံဆင့်ကတော့ဖြင့် မလိုကြောင်း မပြောခဲ့ပေ။ သို့သော် မင်းသမီးကိုယ်တိုင် ဦးဆောင်သွားသည့်အတွက် ရီဖူရှင်းသည် နားလည်သဘောပေါက်စွာဖြင့် နောက်မှ လိုက်သွားခဲ့ပေသည်။
နတ္ထိအင်ပါယာနန်းတော်တွင် အစွမ်းထက်သော အင်အားစုများက အတူတကွ လှုပ်ရှားကြသည်ကို မြင်ရသည်မှာ အံ့ချီးဖွယ်ပင် ဖြစ်သည်။
ထိုအချိန်တွင် သဏ္ဍာန်မဲ့ဘုံသည် ပို၍ပင် မည်းမှောင်ထိုင်းမှိုင်းလာနေသည်။ အထူးသဖြင့် ယိုယွဲ့နတ်နန်းတော် တည်ရှိခဲ့ရာ နေရာကျယ်ကြီးတွင် ဖြစ်သည်။ ကောင်းကင်မှ ငုံ့ကြည့်လျှင် ကမ္ဘာပျက်သည့်ပမာ ဆင်တူနေပြီး ထိုအမှောင်ထုက တဖြေးဖြေး မိုင်ထောင်ချီ ကျယ်ပြန့်လာသည်။ ထူးခြားဆန်းကြယ်သော လေထုဖြင့် လွှမ်းခြုံခံထားရသည့် ဝန်းကျင်သည် မရေတွက်နိုင်တော့သော ကျောက်တိုင်များ စိုက်ထူခံထားရပြီး ဖျက်ဆီးခြင်းစွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည်။
မှော်နက်စစ်တပ်မှ တန်ခိုးရှင်များသည် အလုပ်များနေကြပြီး တခြားဘုံများတွင် ဖြစ်ပျက်နေသည်များအား အာရုံစိုက်ရန် အချိန်မရှိပေ။ သူတို့သည် တန်ခိုးရှင်များစွာ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်သည့် မဟာဝင်္ကပါအစီအရင် တည်ဆောက်မှုအား အာရုံစိုက်နေကြပေသည်။ ၄င်းကို ကြည့်ရသည်မှာ ရိုးရှင်းသော်လည်း တည်ဆောက်ပုံအဆင့်ဆင့််က အလွန်ရှုပ်ထွေးကာ ကြီးမားလှသည်။
သူတို့က တတ်နိုင်သရွေ့ အချိန်ရှိခိုက်လုံ့လစိုက်ကြရမည် ဖြစ်သည်။ သို့မှသာ စစ်ပွဲဖြစ်လာခဲ့ပါက သူတို့အတွက် အရေးပိုသာနိုင်လိမ့်မည်။
ထိုအချိန်တွင် တောက်ပသည့် အလင်းများက ဖျက်ဆီးခြင်းလေဟာနယ်အထက်၌ ရုတ်တရက် လင်းလက်လာကာ အမှောင်ထုကို ထိုးဖောက်လိုက်သည်။ ဗုဒ္ဓရောင်ဝါတို့ဖြင့် တောက်ပနေသော အလင်းများက ထိုဝန်းကျင်၌ လင်းလက်၍ လာလေသည်။
ထိုအခိုက်တွင် အရပ်မျက်နှာအသီးသီးရှိ မှော်နက်စစ်တပ်မှ တန်ခိုးရှင်များက မော့ကြည့်လိုက်ကြသည်။ ကောင်းကင်ထက်တွင် မင်းသမီးဒွန်ဟောင် ဦးဆောင်သော ကောင်းကင်ဘုံစစ်တပ်က သူတို့ရှိရာသို့ ရောက်လာခဲ့သည်။ သူတို့ကို မြင်လိုက်ရခြင်းသည် အောက်ဘုံမှ တန်ခိုးရှင်များအပေါ် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာခဲ့သည်။
"သူတို့က မြန်မြန်ရောက်လာတာပဲ။" ပလ္လင်ထက်ထိုင်နေသော မြေအောက်အရှင်က ကောင်းကင်ထက်သို့ မော့ကြည့်ရင်း ပြောလိုက်သည်။ သူသည် ထိုလူများ ဤမျှထိ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
ယခု ကြည့်ရသည်မှာ အရှင်ဒွန်ဟောင်၏ ချစ်သမီးလေးဖြစ်သည့် မင်းသမီးဒွန်ဟောင်က သူ ထင်ထားသည်ထက်ပင် ပို၍ ဆုံးဖြတ်ချက်မြန်မြန်ချကာ လျှပ်စီးလက်သကဲ့သို့ လှုပ်ရှားလာခဲ့သည်။
ထို့အပြင် စစ်ပွဲတွင် ရဟန်းတော်များလည်း ပါဝင်ခဲ့၏။ ဤမြည်းအိုကြီးများသည်လည်း အရှင်ဒွန်ဟောင်၏ အရေးပေးမှုကို တလျှောက်လုံး ခံယူထားကြရာ မည်သည့်အမိန့်ဖြစ်စေ မေးခွန်းထုတ်ကြမည် မဟုတ်ပေ။ ဤကြောင်သူတော်များက သူတို့၏ ဂုဏ်သရနေှင့် ပျော်ရွှင်မှုအတွက် အရှင်ဒွန်ဟောင်အား အောင်မြင်မှုများ ရယူပေးလိုခြင်း ဖြစ်ရပေမည်။
***