← Chapters

သတ္တမမြောက်သားနှင့် သတ္တမမြောက် မျိုးဆက်

Vol. 111 Ch. 1544

သတ္တမမြောက်သားနှင့် သတ္တမမြောက် မျိုးဆက်

Vol. 111 Ch. 1544

ရွှမ်း...

ငွေရောင် ဝံပုလွေ၏ လက်သည်းမှာ အကြွင်းမဲ့သော ရက်စက် ကြမ်းကြုတ်မှုနှင့် အတူ ကျဆင်းလာခဲ့ပြီ ဖြစ်သည်။ လောက တစ်ခုလုံးမှာ အဆုံးမဲ့သော နာကျင်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် အော်ဟစ် နေသယောင် ထင်ရ၏။ လက်သည်က ကျောင်းရှုလင်း၏ ခန္ဓာကိုယ်ပေါ် တိုက်ရိုက် ကျဆင်းကာ လည်ပင်းကို လှီးဖြတ်သွားခဲ့သည်။

ရွပ်...

ကျောင်းရှုလင်းထံတွင် ခုခံနိုင်စွမ်း မရှိပါချေ။ သူမက လေကဲ့သို့ပင် ပျက်စီးလွယ်သည်။ ရေအလား နူးညံ့ပျော့ညံ့ လွန်းလှသည်။ လှပသော ဦးခေါင်းမှာ ခန္ဓာကိုယ်မှ တိုက်ရိုက် ခွဲထွက် လွင့်စဉ် သွားခဲ့၏။ သူမ နောက်ဆုံး မြင်လိုက်ရသည်ကတော့ အဝေးမှ စိုးရိမ် ထိတ်လန့်စွာဖြင့် ပြေးလာနေသည့် ယီယွင်ပင်...။

သို့သော်လည်း... သူမ၏ နောက်ဆုံး အတွေးများကတော့ ယီယွင် မဟုတ်ပါချေ။ လင်းမင်၏ အသက်ကို ကယ်တင်လိုက်နိုင်သည့် အတွက် ဖြစ်ပေါ်လာသည့် စိတ်၏ ငြိမ်းချမ်းမှု တစ်ခုပင်။ သူမ၏ သေဆုံးခြင်းက အလဟသတ် မဖြစ်ခဲ့ပါချေ။ အကယ်၍ ယီယွင်သာ ထိုအတွေးကို သိခဲ့ပါက...။

မျက်တောင် တစ်ခပ်စာမျှ အတွင်းမှာပင် ကျူးဟိုင်၏ စွမ်းအင်များမှာ မိန်းကလေး၏ လက်ကျန် ခန္ဓာကိုယ် တစ်ခုလုံးကို ချေဖျက်လိုက်၏။ ငွေရောင် ဝံပုလွေ ဆီးရီးယပ်၏ သတ်ဖြတ်လိုမှု ဆန္ဒမှာ သာမန် အချိန်သခင် တစ်ယောက် ခုခံနိုင်သည့် အင်အားမျိုး မဟုတ်ပါချေ။

ဘုန်း...

ထာဝရလမ်းစဉ် ခရီးလမ်း အဆင့်၏ ပထမဆုံး နေ့တွင်ပင် အကန့်အသတ်မဲ့သိုင်းဂိုဏ်း၏ ဂုဏ်ထူးဆောင် ရွေးချယ်ခံ ကျောင်းရှုလင်းသည် အနက်ရောင် ခါးသီးမှု လမ်းကြောင်း၏ ၁၂ ခုမြောက် ပင်လယ်၌ သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

ဝေါင်း..

ကျူးဟိုင်၏ ဟိန်းဟောက်သံက လှိုင်းလုံးများ အဖြစ် ဖြန့်ကျက်သွားကာ သွေးမှုန်များကို နေရာ အနှံ့သို့ သယ်ဆောင်သွားခဲ့၏။ ချက်ချင်းပင်... ပတ်ဝန်းကျင် တစ်ခုလုံးမှာ စိမ်းရွှင်သော သွေးရနံ့များနှင့် လွှမ်းခြုံ သွားစေခဲ့သည်။

ကျူးဟိုင်၏ ဟောက်သံသည် လေကို မွှေနှောက်လိုက်ပြီး သွေးများကို နေရာအနှံ့ လွင့်စဉ်စေကာ တစ်ခုလုံးသော ပတ်ဝန်းကျင်ကို ထူထဲသော သွေးနံ့များဖြင့် လွှမ်းခြုံထားခဲ့သည်။

သူ၏ ဝိညာဉ်အနက်ရှိုင်းဆုံး၌ စတင် ဖြစ်ပေါ်လာသည့် ဥပဒေသမျိုးစေ့မှာ ပြင်းထန်စွာ တုန်ခါ နေခဲ့သည်။ ၎င်းက ပိုမို၍ ပြင်းထန်သည့် ပဲ့တင်ထပ်ခြင်းများကို ဖန်တီးကာ ပျော်ရွှင်စွာ တုန်ခါ နေခဲ့၏။ ဝိညာဉ် အလင်းများကို စုပ်ယူသည့် နှုန်းမျာလည်း ပိုမို၍ ပြင်းထန် လာခဲ့လေသည်။

တစ်ချိန်တည်း၌ ကျူးဟိုင်၏ နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာတွင် ချိပ်ပိတ်ထားသော ဆေးလုံးမှာ စတင် ပျော်ဝင်လာခဲ့သည်။ ၎င်း၏ အာနိသင်က သွေးကြောများ အတွင်း စီးဝင်သွားကာ ခန္ဓာကိုယ်မှာ ဝိညာဉ် အလင်များနှင့် ပြည့်နှက်လာခဲ့သည်။ ထိုဝိညာဉ် အလင်းများမှာ လှိုင်းလုံးကြီးများ အလား ဥပဒေသ မျိုးစေ့ဆီ လျှင်မြန်စွာပင် ရွေ့လျား သွားခဲ့၏။

အရိုင်းစိတ်များနှင့် ပြည့်နှက်နေသည့် ကျူးဟိုင်၏ မျက်လုံးများမှာ ပုံမှန် အသိစိတ် အစအနကို ပြန်လည်၍ ရရှိလာခဲ့သည်။ သို့သော်လည်း ၎င်းမှာ လျှပ်စီးလက်သည့် အလား လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားကာ ငွေရောင် ဝံပုလွေ ဆီးရီးယပ်၏ ဆန္ဒ၏ ပြင်းထန်သော လွှမ်းမိုးမှု အတွင်း ကျဆင်း သွားခဲ့တော့သည်။

ဝေါင်း...

ဘုန်း...

လောကတစ်ခုလုံးမှာ သားရဲတစ်ကောင်ထံမှ ထွက်ပေါ်လာသည့် ရိုင်းစိုင်း ခက်ထန်လှသော အမဲလိုက် ဆန္ဒများနှင့် လွှမ်းမိုးမှုကို ခံလိုက်ရသည်။ သူ၏ အစွယ်နှင့် သွားများမှ ထွက်ပေါ်နေသည့် ထူးဆန်းသော ဝိညာဉ် အလင်းမှာ ပါးစပ်ထံ စီးဆင်းလာသည်။ ထို့နောက်တွင်တော့ လောဘတကြီး စားသုံး ခံလိုက်ရကာ နှလုံးသား အတွင်း ဝင်ရောက် သွားခဲ့လေ၏။

...

ထျန်းရီဝူမှာ ထန်ရှင်းယွင် ရွေ့လျားသွားသည့် လမ်းကြောင်း အတိုင်း လိုက်သွားခဲ့သည်။ နာ့ရှင်းရီ၏ စွမ်းအားကို လွယ်လွယ်နှင့် ဖျက်ဆီး၍ မရကြောင်း နားလည်လေရာ သူက လက်ကို ဆန့်ထုတ်ကာ ကြယ်တာရာ စွမ်းအင်ဖြင့် ဧရာမ လက်ကြီးတစ်ဖက် ဖန်တီးလိုက်သည်။ ထို့နောက်... ထန်ရှင်းယွင်ကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် သူတို့ နှစ်ဦးစလုံး လင်းမင် ဖန်တီးထားသည့် နံရံ အပေါက်အတွင်း ဝင်ရောက် သွားခဲ့ကြလေသည်။

နံရံများကြားရှိ ထူးဆန်းသော အာကာသအတွင်းသို့ အရောက်တွင်တော့ ထျန်းရီဝူမှာ နာ့ရှင်းရီ၏ စွမ်းအားများကို ဖျက်ဆီးကာ ထန်ရှင်းယွင်ကို ရပ်တန့် နိုင်ခဲ့သည်။

ထန်ရှင်းယွင်မှာ နောက်ဆုံး၌ မူလ အသိစိတ်များကို ပြန်လည်၍ ပိုင်ဆိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများက ပြူးကျယ် နေခဲ့‌သော်လည်း ထိုမျက်ဝန်းများ အတွင်းတွင် တည်ငြိမ်မှု တစ်ခု ရှိနေခဲ့၏။ သူက အံကို တင်းတင်းကြိတ်ရင်း ထျန်းရီဝူကို ကြည့်လိုက်သည်။

ထျန်းရီဝူမှာ သူမနှင့် ပေအနည်းငယ်ခန့် အကွာ၌ ရပ်နေခဲ့သည်။ သူက သူမအပေါ် မည်သည့် စွမ်းအားနှင့်မှ ဖိနှိပ်ထားခြင်း မရှိချေ။ သို့သော်လည်း... ထျန်းရီဝူ၏ လက်မှ လွတ်မြောက်ရန် လမ်းမရှိကြောင်း ထန်ရှင်းယွင် သိပေသည်။ သူတို့မှာ အာကာသ စွမ်းအင်များ ရစ်သိုင်းနေသည့် အရောင်အသွေး စုံလင်လှသည့် နေရာ တစ်ခု၌ ရောက်ရှိနေကြခြင်း ဖြစ်သည်။ သို့သော်လည်း... တစ်ယောက်ကို တစ်ယောက် မြင်နိုင်ပေသည်။

ရုပ်ရည် အရာတွင် ကောင်းကင်ဘုံမှ နတ်သား တစ်ပါး ကဲ့သို့ ပြိုင်စံရှား ချောမောကာ ပါရမီ အရာတွင်လည်း တုနှိုင်းခြင်း ကင်းလှသည့် သတ္တမ မင်းသား ထျန်းရီဝူ...

ထန်ကလန်၏ နတ်မိမယ် ထန်ရှင်းယွင်...

အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာမှာ သူတို့ မမွေးဖွားမီ အချိန်ကတည်းကပင် တစ်ယောက် ကံကြမ္မာကို တစ်ယောက် ချည်နှောင် ပေးခဲ့သည်။ ခွဲခြားလို့ မရနိုင်သည့် ရေစက်မျိုးကို ပေးခဲ့သည်။ သို့သော်လည်း... သူတို့ နှစ်ယောက်စလုံးတွင် ကိုယ်ပိုင် ဆန္ဒများ၊ အိပ်မက်များနှင့် ဆန္ဒများ ရှိပေသည်။ ထို့အပြင်... သူတို့ထံတွင် တူညီသည့် ရည်ရွယ်ချက် တစ်ခု ရှိသည်။ ၎င်းက ထိုကဲ့သို့ ဆက်ဆံရေးမျိုးကို မလိုလားခြင်းပင်။

သို့သော်လည်း ထန်ရှင်းယွင်ထံတွင် အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ဆန္ဒကို ဆန့်ကျင်ရန် နည်းလမ်း၊ စွမ်းအားနှင့် အရည်အချင်းများ လုံလောက်စွာ မရှိပါချေ။ ကံကောင်း ထောက်မစွာပင် သတ္တမမြောက် မင်းသားထံတွင်တော့ ထိုအတွက် လိုအပ်သည့် နည်းလမ်း၊ စွမ်းအားနှင့် အရည်အချင်း အလုံအလောက် ရှိခဲ့သည်။ သူက နှစ်ယောက်စလုံး၏ ရည်မှန်းချက်ကို ဆုပ်ကိုင်ရန် လုံလောက်သည့် စွမ်းအားကို ရရှိခဲ့ကာ အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာထံမှပင် သဘောတူညီချက်ကို ရရှိခဲ့သည်။ ထိုအတွင် ထန်ရှင်းယွင် ပျော်ရွှင်လိမ့်မည် ဖြစ်ကြောင်း သူ သိပေသည်။ သူ သူမကို သိမ်းပိုက်လိုလျှင်ပင် ထိုကဲ့သို့ အတင်းအကြပ် နည်းလမ်းမျိုးနှင့် မဖြစ်ရပါချေ။

သို့သော်လည်း... အချိန်မကျမီမှာပင် သူ အမှန်တရားတစ်ခုကို ရှာဖွေ တွေ့ရှိခဲ့သည်။ သူတို့ နှစ်ယောက်၏ စေ့စပ်မှု အကျုံးဝင်နေဆဲ အခြေအနေတွင်ပင် ထန်ရှင်းယွင်မှာ အခြား ယောက်ျားတစ်ယောက်နှင့် အတူ အိပ်ခဲ့သည်။ ၎င်းက သူမ၏ မဟာ အမှားပင်။

သူတို့ထံတွင် ထိုဆက်ဆံရေးကို ဖြတ်တောက်ရန် နည်းလမ်းများစွာ ရှိပေသည်။ သို့သော်လည်း...သူမ လုပ်ခဲ့သည့် ထိုအမှားက သူ့ဘဝ တစ်ခုလုံးကို ထာဝရ ညစ်ညမ်း နေစေလိမ့်မည် ဖြစ်သည်။

ထျန်းရီဝူနှင့် ထန်ရှင်းယွင်တို့ နှစ်ယောက် မူလ နေရာများတွင်ပင် ရပ်ရင်း တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေခဲ့၏။

နာ့ရှင်းရီ၏ အကာအကွယ် အောက်တွင်ပင် ထျန်းရီဝူက သူမ အသက်ကို အဆုံးသတ်စေရန် ရည်ရွယ်၍ တိုက်ခိုက်မှု များစွာ ပြုလုပ်ခဲ့သည်ကို ထောက်ချင့်ရပါက ထိုလျှို့ဝှက်ချက်များကို ထျန်းရီဝူ သိရှိပြီး ဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။

“ရှင် ဘယ်လိုသိသွားတာလဲ...”

မိန်းကလေးက လက်သီးကို တင်းတင်းဆုပ်ရင်း မေးလိုက်၏။ သူမက လင်းမင် သို့မဟုတ် နာ့ရှင်းရီ တစ်ယောက်ယောက် ရောက်ရှိလာသည် အထိ အချိန်ဆွဲဖို့ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။

ထျန်းရီဝူက သက်ပြင်းချလိုက်၏။

"အင်ပါယာ အကြံပေးက ငါ့ကို ပြောပြခဲ့တာ... ဒါပေမဲ့ အင်ပါယာ မျိုးနွယ်စုရဲ့ အကြီးအကဲတိုင်း အရာရှိတိုင်း အဲဒီကိစ္စကို သိကြတယ်

သူ၏ ဆဋ္ဌမ အကိုပင် ကိစ္စကို သိရှိလေရာ ရှက်ရွံ့မှုကို ဖုံးကွယ်ထားလို့ မရတော့ချေ။ သို့သော်လည်း မည်သူကမှ ထိုအရာမှာ သူ့အမှားဟု မပြောခဲ့ကြချေ။ ထို့အစား... ထန်ရှင်းယွင်မှာ သူ၏ မိဖုရား ဖြစ်ရန် မထိုက်တန်သည့် အမှိုက်တစ်ယောက်ဟုသာ ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း... သူသာ ထျန်းရီဝူ မဟုတ်ခဲ့ပါက ထိုအရာမှာ အများသူငါ၏ တံတွေးခွက်တွင် ပက်လက် မျောရမည့် ကိစ္စတစ်ခု ဖြစ်ကြောင်း သူ သိပေသည်။ ၎င်းမှာ ဂုဏ်သိက္ခာ၊ အတ္တတို့နှင့် သက်ဆိုင်နေသည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

"..."

ထန်ရှင်းယွင် ပင့်သက် တစ်ချက် ရှိုက်လိုက်မိသည်။ အင်ပါယာ ကလန်က ထိုကိစ္စများကို အစောကတည်းက သိရှိ နေခဲ့သည်လား။ နာ့ရှင်းရီနှင့် အတူ အင်ပါယာ ကလန်သို့ ခေါ်ဆောင်ခံရသည်ကို ပြန်လည် တွေးတောမိသော အခါ ထိုအရာက အဓိပ္ပာယ်ရှိလာခဲ့သည်။

အင်ပါယာ မျိုးနွယ်ဝင်များထံမှ ခံစားခဲ့ရသည့် အေးစက်စက် အကြည့်များကို သူမ ပြန်လည်၍ သတိရလာခဲ့မိ၏။ ထိုစဉ်တုန်းက သူမကို ထျန်းရီဝူနှင့် မထိုက်တန်ဟု ထင်မှတ်နေခြင်း ဖြစ်လိမ့်မည်ဟု ယူဆခဲ့သေးသည်။ အမှန်တကယ်တွင်တော့ ထိုထက်မက ပိုခဲ့ပေသည်။

“ကျွန်မ နားလည်ပြီ...”

နောက်ဆုံး၌ သူမ၏ ကြိုးစားခဲ့မှု မှန်သမျှက ဘာမှ အဓိပ္ပာယ် မရှိခဲ့ကြောင်း ထန်ရှင်းယွင် နားလည် သွားခဲ့ပြီ ဖြစ်သည်။ ရယ်စရာ ကောင်းသည်ဟု သူမ တွေးလိုက်မိ၏။

"ဟုတ်တယ်..."

ထျန်းရီဝူက ညင်သာစွာ ပြောလိုက်သည်။ သို့သော်လည်း သူ့ထံတွင် ထန်ရှင်းယွင် အတွက် သနားကြင်နာမှု မရှိခဲ့ပါချေ။

"ရှင် ကျွန်မကို ဘာလို့ သတ်ဖို့ ကြိုးစားနေတာလဲ..."

ထန်ရှင်းယွင်က အချိန်ဆွဲရန်အတွက် ဦးနှောက်ကို အလုပ်ပေးရင်း မေးလိုက်၏။ သူမ၏ မျက်လုံးများက ထျန်းရီဝူ၏ နောက်ဘက်ရှိ ခါးသီးမှု ပင်လယ်ကို လုံဝ မကြည့်မိအောင် ထိန်းချုပ်ထားခဲ့သည်။ မိန်းကလေးမှာ သူမ၏ ရည်ရွယ်ချက်အား ထျန်းရီဝူ ရိပ်မိသွားမည်ကို ကြောက်လန့် နေခဲ့သည်။

ထျန်းရီဝူ၏ အမူအရာက ပြောင်းလဲသွား၏။ သူ စိတ်ထဲမှ ရယ်မောလိုက်မိသည်။ ထန်ရှင်းယွင်မှာ အချိန်ဆွဲရန် အတွက် အခြား မေးခွန်းများကို မေးလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သည်တစ်ခုက...

သူ ဖြေရန်ပင် လိုအပ်သေး၍လော။ အကြောင်းပြချက်မှာ လယ်ပြင်မှာ ဆင်သွားသလို ရှင်းလင်း ထင်ရှားနေခဲ့ပြီး မဟုတ်ပါလား။

***

All Chapters