အခန်း (၅၀၁-၅၀၃)
Vol. 11 Ch. 501-503
Chapter 501
သူမရဲ့ အမေက တစ်ကယ်တော့ နှင်းပျံလွှားအိမ်တော်ရဲ့ နောက်ကွယ်က ပိုင်ရှင်ပဲ
“ဝေ့ဝေ့.. သမီးအမေ့ကိုအပြစ်မတင်ဘူးပေါ့ ။ အမေ သမီးကိုစွန့်ပစ်ခဲ့တဲ့အတွက်အပြစ်မတင်ဘူးပေါ့။ “
ဤမေးခွန်းမေးနေစဉ်အတွင်းတွင်သခင်မလင်း၏အသံသည်တုန်သွားသည်။
သခင်မလင်း ၏ ရင်ခွင်ထဲတွင် ရှိနေသေးသော လုလျန့်ဝေက ခေါင်းခါပြီး
“ ဟင့်အင်းအပြစ်မတင်ပါဘူး အမေ့မှာလည်းအကြောင်းပြချက်ရှိမှာပါ”
သခင်မလင်း၏မျက်လုံးများမှာအနီရောင်ပြောင်းသွားခဲ့သည်။
သူမသည်သူ့သမီးကိုထိပြီး သူ့သမီးလေးမြန်မြန်ခွင့်လွှတ်နိုင်သည်ကိုအံ့ဩမိသည်။
သူမ၏သမီးအကြောင်းတစ်ခြားသူများယခင်ကပြောကြသည်ကိုကြားလျှင်သူတို့သည်အမြဲတမ်း ရှုံ့ချသံနှင့်အထင်အမြင်သေးစွာပြောဆိုနေကြသည်။ဒါတွေသည်သခင်မလင်းလုဟယ့်ထျန်းအား သူမသမီးကိုဒီလိုပျိုးထောင်ရကောင်းမလားဟူ၍ဒေါသထွက်စေသည်။သူမသမီးအားသူမမျက်လုံးများဖြင့်သေချာမြင်လိုက်ရသည့်အခါမှသာလျှင်ကောလဟာလများလောက်သိပ်မဆိုးဘူးဆိုသည်ကိုသိသွားစေသည်။
သူမသမီးသည်ကောလဟာလများနှင့်မတူပဲ အရမ်းတော်ပြီးနာခံတက်သောမိန်းကလေးဖြစ်သည်။
သူမသမီးကောင်းကောင်းကြီးပျင်းလာကြောင့် သူမရင်ထဲရှိ လုဟယ့်ထျန်းအားမုန်းတီးမှုမှာ လျှော့ကျလာကြောင်း သတိထားမိလိုက်သည်။
လုဟယ့်ထျန်းသည် အမေနှင့်သမီး တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်နေသည်ကိုငေးကြည့်နေမိပြီးရှေ့သို့တစ်လှမ်းချင်းတိုးလာသည်။သူ့လက်ကိုဆန့်ထုတ်လိုက်သော်လည်း ပျောက်ကွယ်နေသောမျဉ်းတစ်ကြောင်းကိုကျော်ဖြတ်ရမည်ကိုကြောက်၍အဆုံးတွင်လက်ကိုသာချလိုက်သည်။
လုံယန်သည် သူ့အား လှည့်ကြည့်လိုက်သည်။
မြို့စား၏အလွန်အမင်းစိတ်ပျက်ကာဝမ်းနည်းနေသည့်ပုံရိပ်မှာ အလွန်တွေ့ရခဲလှသည်။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက သူနဲ့ သခင်မလင် ကြားမှာ ဘာတွေများ ဖြစ်ခဲ့လို့လဲ။
ဤအရာကိုတွေးတောနေရင်း သူသခင်မလင်းအားတစ်ချက်ကြည့်လိုက်သည်။
“ သမီးတစ်ကယ်ဆုံးဖြတ်ချက်ချလိုက်ပြီလား။ “
သခင်မလင်းသည် လုလျန့်ဝေကိုလွှတ်လိုက်ပြီး သူမ၏ရှုပ်ထွေးနေသောဆံပင်အားသပ်ကာမေးလိုက်သည်။
လုလျန့်ဝေသည်ခေါင်းငြိမ့်၍
သခင်မလင်းသည်သူမသမီးအားလုပ်ကြံရန်အမြဲစီစဉ်နေသည့် နန်းတော်ထဲရှိ ကျီလင်းဟွေ့အကြောင်းတွေးကာစိတ်ပူနေသည်။ဒီအရာတွေသည်သူမအားပိုလို့တောင်စိတ်ပူစေသည်။
“ အမေသမီးကိုအချိန်တိုင်းပံ့ပိုးပြီး ကာကွယ်နေမယ်ဆိုတာကို သမီးသတိရနေရမယ်နော်”
သခင်မလင်းသည်စကားပြောတာရပ်လိုက်ပြီး အိတ်ထဲသို့လက်နှိုက်လိုက်သည်။
သူမသည် လုလျန့်ဝေ၏လက်ဖဝါး ပေါ်တွင် အာဏာသင်္ကေတတစ်ခုကို ထည့်လိုက်သည်။
သခင်မလင်းကရှင်းပြသည်။
“သမီးကို လုပ်ကြံဖို့အိမ်တော်ကလက်ခံထားတာကို အမေသိတာကြာပြီ။ လုပ်ကြံသတ်ဖြတ်တဲ့အမိန့်ကိုလည်း အခုဖျက်ဆီးလိုက်ပြီ ဘယ်သူ့မှသမီးကို ထပ်ပြီးလုပ်ကြံမှာမဟုတ်တော့ဘူး “
သူ့သမီးအားသတ်ရန် သူမအိမ်တော်ကလူများကလက်ခံလိုက်မည်ဟု ဘယ်သောအခါကမှ မထင်မိခဲ့ချေ။ ထိုလူများသည်မျက်ကန်းများဖြစ်လောက်မည်။
လက်ခံခဲ့တဲ့ကြီးကြပ်သူချန်အားမသတ်မိခဲ့သည်မှာသူမအတော်နောင်တရသည်။
လုလျန့်ဝေသည် ဤစကားကိုကြားသောအခါ နောက်ဆုံးတွင် အပိုင်းအစများအားလုံးကိုစုမိသွားသည်။
အိမ်တော်သည် သူမအားလုပ်ကြံသတ်ဖြတ်ရန်အတွက် အလွန်ကြီးမားသောအစီအစဥ်ကို ပြင်ဆင်ထားလိမ့်မည်ဟု သူမထင်ခဲ့သည်။ အမှန်မှာ သူမ၏ အမေသည် လုပ်ကြံသတ်ဖြတ်ရန် တာဝန်အား ပြန်လည်ရုပ်သိမ်းခဲ့ခြင်းကြောင့် ဖြစ်သည်။
သူမအမေသည် အမှန်တစ်ကယ်ပဲ အိမ်တော်၏နောက်ကွယ်မှ သူဌေးမကြီးဖြစ်နေမည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
လူတိုင်း၏စိတ်နှလုံးကိုကြောက်ရွံ့ထိတ်လန့်စေသော နှင်းပျံလွှားအိမ်တော်၏သူဌေးကြီးသည်မိန်းမဖြစ်သည်ဟုမည်သူထင်မည်နည်း။ ထို့အပြင် ဤအမျိုးသမီးသည် သူမ၏မိခင်ဖြစ်သည်။
ဤသည်မှာသူမအတွက်ကြီးမားသောအံ့ဩသင့်စရာလှည့်ကွက်ဖြစ်သည်။
“အာဏာကို ကောင်းကောင်းထိန်းသိမ်းပါ”
သခင်မလင်းသည် ညင်သာစွာပြောသည်။
လုလျန့်ဝေသည် သူမအမေ၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး သူမ၏ အိတ်ကပ်ထဲတွင် အာဏာ၏ သင်္ကေတကို ထည့်ထားခဲ့သည်။ သူမသည် သခင်မလင်း၏လက်အားဆုပ်ကိုင်လိုက်သည်။
“ အမေသမီးနဲ့အတူပြန်လိုက်ခဲ့ပါ အမေသမီးလက်ထက်တာတွေ့သွားသင့်တယ် သမီးအမေ့ဆံပင်ကိုဖြီးပေးချင်သေးတယ် “
ဘေးမှရပ်နေသည့် လုဟယ့်ထျန်း သည် သခင်မလင်းဒါကိုကြားသွားသည့် အခါမျှော်လင့်ချက် ရောင်ခြည်သန်းနေတဲ့အကြည့်ဖြင့်ကြည့်လိုက်သည်။
သခင်မလင်း သည် သူမ၏မျက်လုံးထဲတွင် မျှော်လင့်ထားသည့် အရိပ်အယောင်ကိုမြင်လိုက်သောအခါတွင် သမီးဖြစ်သူအား ငြင်းပယ်ရန် မလုပ်နိုင်တော့ဘဲ ရှောင်လွှဲလိုသည့်အရာတစ်ခုရှိနေသောကြောင့် သူမက ဝေ့လည်ကြောင်ပတ်ဖြင့်
“ အမေလုပ်စရာတွေရှိသေးတယ် “
Chapter 502: အကယ်၍ သခင်က အနာဂတ်မှာ သခင်မလေးလုကို အနိုင်ကျင့်ခဲ့ရင်ရော
လုဟယ့်ထျန်း သည် ထိုစကားကိုကြားသောအခါ နှုတ်ဆိတ်မနေနိုင်တော့ပေ။ သူက
“ဝေဝေက မနက်ဖြန် လက်ထပ်တော့မှာ ဒါကတစ်သက်မှာတစ်ကြိမ်ပဲကြုံရမဲ့အချိန်ပဲ “
သူ၏အသံမှတုန်လှုပ်နေမှုကိုမထိန်းနိုင်ခဲ့ပေ။
“ ပြီးတော့ ဝေဝေက မင်းရဲ့ဆံပင်ကိုလည်းဖြီးပေးချင်သေးတယ်.. “
ထိုအမျိုးသမီး၏ တင်းမာမှု ရွံရှာသလိုအကြည့်နှင့် ရင်ဆိုင်ရသောအခါ လုဟယ့်ထျန်း သည် အမှားတစ်ခုခုလုပ်မိသော ကလေးတစ်ယောက်ကဲ့သို့ဖြစ်လာသည်။ လုံးလုံးတိတ်ဆိတ်သွားကာသူ့အသံက တဖြည်းဖြည်း သေးငယ်လာပြီး ခေါင်းကို ချက်ချင်းငုံ့လိုက်သည်။
သခင်မလင်းသည်ကဲ့ရဲ့လိုက်သည်။
“ ကျွန်မအတွက်ဆုံးဖြတ်ပေးစရာမလိုဘူး “
လုလျန့်ဝေသည် သူမ၏ မိဘများကြား တင်းမာမှုကြည့်ကာ နှလုံးသားထဲမှ နူးညံ့စွာသက်ပြင်း ချလိုက်မိသည်။
သို့သော်လည်း လုလျန့်ဝေသည် သူမ၏အဖေလက်ရှိကြုံတွေ့နေရသော အခြေအနေအကြောင့် အလွန်ဝမ်းနည်းမိသည်။
သူမခံစားချက်တွေဆုတ်ဖြဲခံရသလိုခံစားရချိန်တွင် လုံယန် သည်ရှေ့သို့ထွက်လာပြီးသူမပုခုံးကိုကိုင်လိုက်သည်။သူသည် သခင်မလင်းဘက်သို့လှည့်ပြီး
“ သခင်မ ဝေဝေက သူလက်ထပ်တဲ့နေ့မှာသခင်မရဲ့ဆံပင်ကိုဖြီးပေးနေချင်တာမို့ သခင်မသူ့ဆန္ဒတွေကို ဖြည့်စည်းပေးဖို့ မျှော်လင့်ပါတယ် “
သခင်မလင်းသည် သူ့သမီးကို ထားခဲ့ရန် ဘယ်သောအခါမှ မလုပ်နိုင်ခဲ့သဖြင့် လုလျန့်ဝေ၏ မင်္ဂလာဆောင်သည့်နေ့တွင်လည်း သူမသမီး၏ ဆံပင်ကို ဖြီးပေးရန် သဘောတူသင့်ပေသည်။
မိခင်တစ်ယောက်အနေဖြင့် ဒီလိုလုပ်ရန်တာဝန်ရှိသော်လည်း...
သူမသည် မျက်မှောင်ကြုတ်သွားသည်။ ထိုနေ့တွင် လုဟယ့်ထျန်း ကို သူမ မတွေ့ချင်ကြောင်း ပြောချင်ခဲ့သည်။
သို့သော် လုဟယ့်ထျန်း နှင့် ဝေဝေအကြားဆက်ဆံရေးသည် ဝေဝေ နှင့် သူမဆက်ဆံရေးထက် ပိုမိုခိုင်မာကြောင်း သိနိုင်သည် ။ သူသာထိုသို့တောင်းဆိုခဲ့လျှင် သူမသမီးအားစိတ်ကျဉ်းကျပ်စေပေလိမ့်မည်။
လုလျန့်ဝေသည် သခင်မလင်းကတိပေးသည်ကိုကြားရသည့်အတွက် အလွန်ဝမ်းသာသွားရသည်။ သူမသည် အပြုံးအကြီးကြီးဖြင့် ပြုံးလိုက်သောကြောင့် သူမ၏ လှပသော မျက်လုံးများမှာ လခြမ်းပုံသဏ္ဍာန် ဖြစ်သွားတော့သည်။
ကြွရောက်သူအားလုံးသည် ယခုအချိန်တွင် သခင်မလင်း၏အမည်ကို ခန့်မှန်းခဲ့ကြသော်လည်း လုလျန့်ဝေက သူမအားအမေဟု ခေါ်ခြင်းအတွက် အနည်းငယ် အံ့သြနေကြဆဲဖြစ်သည်။
ဒီ သခင်မလင်းသည် လွန်ခဲ့သည့်နှစ်ကတည်းက ကွယ်လွန်သွားခဲ့သည့်မြို့စားကတော်ဖြစ်မည် ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ချေ။
ချူယိ သည် ချူကျီ ၏လက်မောင်းကို ရိုက်လိုက်ပြီး သူ့ပါးစပ်မှ တိတ်တိတ်လေး စကားပြောလာသည်။
“ သခင့်ရဲ့ ယောက္ခမကြီးကဆရာကြီးနော် သူ့ရဲ့ကိုယ်ခံပညာကလည်းမင်းထက်ကောင်းတယ် အကယ်၍ သခင်က ဒုတိယသခင်မလေးလုကို အနိုင်ကျင့်ရင်ပြဿနာအကြီးအကျယ်တက်မှာပဲ”
ချူကျီ သည် သူ့အား ဘာမှမထူးခြားသော အကြည့်ဖြင့်ကြည့်ကာ သူ့စကားကြောင့် အလွန်မပျော်မရွှင်ဖြစ်သွားရသည် ။
သခင်မလင်း၏ ကိုယ်ခံပညာ စွမ်းရည်သည် အားကောင်းနေနိုင်သော်လည်း သူတို့၏ တိုက်ပွဲတွင် ရှင်းရှင်းလင်းလင်း အောင်နိုင်သူ မရှိပေ။ထို့ကြောင့်သူ့ထက်အဘယ့်ကြောင့်ပိုတော်နေနိုင်မည်နည်း။
ချူယိ သည် သူမ၏ ကိုယ်ခံပညာစွမ်းရည်ကို မနာလိုသည်မှာ ရှင်းရှင်းလင်းလင်းဖြစ်ပြီး သူ့ကို အနာေပါ်တုတ်ထိုးရန် အခွင့်အရေးအား ရယူနေခြင်းဖြစ်သည်။
ဤအတောအတွင်း သခင်မလင်းသည် လုလျန့်ဝေရုတ်တရက် သူမအား ဤကဲ့သို့ ခေါ်လာမည်ဟုလည်း မမျှော်လင့်ခဲ့ပေ။ သူမ အံ့အားသင့်သွားသော်လည်း ငြင်းမရပေ။ထိုအစား သူမသည် လုလျန့်ဝေ၏ ဆံပင်များကို ပွတ်သပ်ပေးရန် လက်လှမ်းပြီး
“မိုက်မဲလိုက်တဲ့ကောင်မလေး အမေ့အတွက်ကျေးဇူးတင်စရာဘာရှိလို့လဲ”
“သမီးအတွက် ပြန်လာဖို့ သဘောတူခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် မေမေ”
“ အမေသမီးကို မဂ်လာဆောင်မှာပဲဆံပင်ဖြီးပေးမယ်လို့ကတိပေးခဲ့တာနော် အမေပြန်လာမယ်လို့မပြောခဲ့ဘူး သမီးမင်္ဂလာဆောင်ပြီးတာနဲ့အမေထွက်သွားမှာ”
လုလျန့်ဝေသည် ထိုစကားကိုကြားသောအခါတွင် သူမ၏လက်မောင်းကို အမြန်လှမ်းဖက်လိုက်ပြီး စိုးရိမ်တကြီးဖြင့်
“အမေ ဘယ်သွားမလို့လဲဒီမှာ ခဏလောက်နေလို့မရဘူးလားဟင်။”
လုလျန့်ဝေ သူမ၏အမေအား တကယ်သဘောကျပေသည်။ သူမအမေသည် နူးညံ့သိမ်မွေ့ပြီး သူမအားကောင်းကောင်းဆက်ဆံသည် ။
သိပ်မကြာခင်မှာပင်မြင်းတစ်ကောင်သည် လူတိုင်းရှေ့တွင် ပေါ်လာသည်။
လူတစ်ဦးသည် သူ၏ဓားကို ပွတ်သပ်ရင်း မြင်းပေါ်မှ ချက်ချင်းခုန်ဆင်းကာ လုလျန့်ဝေဘေးတွင် ရပ်နေသော သခင်မလင်းဆီသို့ ပြေးသွားခဲ့သည်။
သွားရာလမ်းတွင် သူသည် ချူကျူ ထံမှ သတင်းအချက်အလတ်များကို ရရှိပြီးဖြစ်သည်။ ဝေဝေအားဖမ်းဆီးခေါ်ဆောင်သွားသော သူသည်အမျိုးသမီးတစ်ဦးဖြစ်သည်။ ထို့ကြောင့် သူမသည်ဝေဝေအား ပြန်ပေးဆွဲသွားသည့်အချိန်တွင် သခင်မလင်းသည် ဝေဝေအား လှည့်စားခဲ့သူဖြစ်ကြောင်း သေချာစေခဲ့သည်။
“ ခင်များဘယ်သူလဲ ကျုပ်ညီမကိုပြန်ပေးဆွဲဖို့ဘယ်လောက်တောင်ရဲတင်းလိုက်တာလဲ “
ထို့နောက် သူ၏လက်ထဲမှဓားသည်သခင်မလင်း၏ ခေါင်းကို တိုက်ရိုက် ဦးတည်ပြီး လွင့်ပျံလာတော့သည်။
Chapter 503 လုမိသားစုက ဒီလူတွေက ပျော်ဖို့ကောင်းကြောင်း လုံယန် ရုတ်တရက်သိလိုက်ရသည်၊
“ အစ်ကိုကြီး မဟုတ်ဘူး”
ဓားသွားအားလှမ်းဆွဲလိုက်သည်နဲ့တစ်ပြိုင်နက် လုလျန့်ဝေ၏မျက်နှာသည်ပြောင်းလဲသွားသည်
လုံယန် သည် ထိတ်လန့်သွားပြီး သူမလက်အားအမြန်ဆွဲဖယ်လိုက်သည်
လုဟယ့်ထျန်း သည်ဒေါသတကြီးဟိန်းဟောက်ရင်း
“မင်းက လူယုတ်မာဒါ မင်းအမေကွ...”
သူသည် ထိုဓားရှည်ကို တားဆီးရန် ရှေ့သို့ ပြေးကာချင်သော်လည်း ရင်ဘတ်မှ ဓားဒဏ်ရာကြောင့် သူ၏ လှုပ်ရှားမှုများ နှေးကွေးသွားခဲ့သည်။
သခင်မလင်းသည် ခေါင်းကို နောက်သို့ ပစ်ကာဓားသွားကို ရှောင်ရင်း အေးစက်စွာ အော်လိုက်သည်။
သို့သော်လည်း ဓား၏ ထက်ရှသော စွမ်းရည်သည် သူမ၏ ဆံပင်တစ်ဝက်ကို ဖြတ်တောက်နိုင်ဆဲဖြစ်သည်။
လုထင်ချန်းသည် လုဟယ့်ထျန်း ၏အသံကိုကြားလိုက်ရသောအခါ ထိတ်လန့်သွားရသည်။ သူသည် ဓားအားပြန်ဆွဲချင်ခဲ့ေသာ်လည်း နောက်ကျသွားခဲ့ပြီပင်။
တိုက်ခိုက်မှုကို ရှောင်ဖယ်နေသည့် သခင်မလင်းအားတွေ့လိုက်သောအခါ သူ၏ချောမောသောမျက်နှာသည် ပုလဲလိုဖြူဖျော့ဖြစ်နေပြီဖြစ်သည်။ လုထင်ချန်းသည် သခင်မလင်းကိုစိုက်ကြည့်ရင်း သူ့မျက်နှာ၌ ချွေးတွေ ရွှဲနစ်လာတော့သည်။
သခင်မလင်းသည် မတ်တပ်ထရပ်ကာ အပြုံးလေးတစ်ခုဖြင့် သူ့ကိုကြည့်၍
သူမကို တိုက်ခိုက်ခဲ့တဲ့သူက သူမရဲ့သားလေ သူကဘာ့ကြောင့်အပြစ်တင်ခံရတာလဲ။
သို့သော် သခင်မလင်းတွင်ဒဏ်ရာတစ်ခုမှရှိမနေသည်ကို တွေ့လိုက်ရသောအခါ သူ့ရင်ထဲတွင် တင်းကျပ် နေသောခံစားချက်များ ပြေလျော့သွားခဲ့သည်
လုထင်ချန်းသည် သခင်မလင်းကို အံ့သြစွာ စိုက်ကြည့်နေသည်။
သခင်မလင်းနည်းနည်းစိတ်တိုသွားခဲ့သည်။ သူ့သားတိုက်ခိုက်နေတုန်းသူမသာမရှောင်ခဲ့လျှင်သူမ၏ခေါင်းသည်တစ်ခြားနေရာသို့လွင့်ပျံလောက်ပြီဖြစ်သည်။
ဤစကားကိုပြောရင်း သူမအကိုအား လက်သီးဖြင့်ထိုးလိုက်ပြီး သခင်မလင်းဘက်လှည့်လိုက်သည်။
“အမေ အစ်ကိုမှာ အပြစ်ရှိတယ် သမီးသူ့ကိုရိုက်လိုက်ပြီ”
သခင်မလင်းသည် သူ့သမီးအားကြည့်ရင်း ရယ်မောမိသွားသည်။ သူမသည် သူ့သားအား တကယ်စိတ်မဆိုးတော့ပေ။
သူမ ထွက်သွားတုန်းက ထိုကောင်လေးသည် အသက်ငယ်ငယ်လေးသာရှိသေးပြီး ကမ္ဘာကြီးအကြောင်းပငါ သေချာမသိသေးချေ။ ထို့ကြောင့် သူ့အမေကို အလွယ်တကူ မေ့သွားနိုင်ပေသည်။
သခင်မလင်းက ပြန်ဖြေသည်။ သူမ၏ ရှည်လျားသော မျက်တောင်ရှည်များသည် ညင်သာစွာ တဖြတ်ဖြတ်ခတ်နေပြီး သူမ၏ မျက်လုံးထဲမှ အုံ့ဆိုင်းနေသည့် အကြည့်များကို ဖုံးကွယ်ထားသည်။
လုထင်ချန်းသည် သူ၏ပျော်ရွှင်မှုကို မထိန်းထားနိုင်ပေ။ သခင်မလင်းကို ပွေ့ဖက်ထားရင်း သူ့ကိုယ်သူပင် မေ့သွားခဲ့သည်။
သခင်မလင်း အနည်းငယ်ရှက်သွားရသည်။ သူမသည် သူ့အားတွန်းထုတ်ချင်လိုက်သော်လည်း တစ်ချိန်တည်းမှာပင် မလုပ်ချင်ခဲ့ပေ။
သခင်မလင်းသည် သူမ၏သားကိုကြည့်ရင်း ရယ်ရခက်ငိုရခက်ဖြစ်နေတော့သည်။
ဤသည်မှာ မိခင်နှင့်သားဖြစ်နိုင်သော်လည်း အများသူများရှေ့တွင် သူမ၏သားကို ပွေ့ဖက်ရခြင်းမှာ သူမအား အနည်းငယ် ရှက်ရွံ့စေပေသည်။
လုဟယ့်ထျန်း သည် သူ့သားကို မနာလိုစိတ်ဖြင့် ကြည့်နေလေသည်။
သူလုပ်ချင်သည်မှာ အဲဒီလူယုတ်မာအား တဖက်ကို ကန်ထုတ်ပြီး ထိုပွေ့ဖက်နေသည့် နေရာကို လုယူဖို့ပင်။
လီဟွားကို ပွေ့ဖက်ရန် သူ့တွင် အခွင့်အရေးဘာမှမရှိပေ။
လုဟယ့်ထျန်း သည် ရူးသွပ်စွာ မနာလိုဖြစ်နေပြီး လုထင်ချန်းအား ရွံရှာခဲ့သည်။
ကောင်လေးသည်ဝေဝေအား သူ့ဆီကနေ လုယူချင်နေပြီး အခု သူ့အမေ ပြန်လာတော့လည်းသူ့ဆီက လုယူနေခဲ့သည်။
လုံယန် သည် လုဟယ့်ထျန်း အနီးတွင် ရပ်နေခဲံပြီး သူ့တွင် ပြင်းထန်သော အတွင်းအားများပါရှိသဖြင့် မြို့စား၏ အံ့ ကြိတ်သံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
လုမိသားစုမှသည် ဤလူအနည်းငယ်သည် ရယ်စရာကောင်းသည်ကို ရုတ်တရက် သိလိုက်ရသောကြောင့် သူ ပြုံးမိသည်ကိုမထိန်းနိုင်ခဲ့ပေ။
အခု သခင်မလင်းပြန်ရောက်လာသောကြောင့် လုဟယ့်ထျန်း ၏ အာရုံစိုက်မှုသည်ဝေဝေ အပေါ် ၌သာ အပြည့်အဝ ပိတ်လှောင်ထားတော့မည်မဟုတ်ပေ
လုဟယ့်ထျန်း သည် လုံယန် အား တစ်ချိန်လုံး ခုခံကာကွယ်ထားပုံကို သတိရသောအခါ လုံယန်သည် လုဟယ့်ထျန်း ကို အလွန်ဝေးသောနေရာအား ပြန်သွားခိုင်းရန် မစောင့်နိုင်တော့ပေ။
ထိုသူသည် လိုက်နှောက်ယှက်နေသည့် အဘိုးကြီးတစ်ယောက်သာပင်။
သခင်မလင်း ပြန်ရောက်လာသည်မှာအလွန် ကောင်းလှသည်။ မဟုတ်ပါက လုဟယ့်ထျန်း သည် နန်းတော်ထဲသို့ဝင်ရန် အကြောင်းပြချက်မျိုးစုံပြပြီး လက်ထပ်ပြီးနောက်ပိုင်း ဝေဝေ နှင့် သူ့၏ ဘဝအားအနှောက်အယှက်ဖြစ်စေမည်ကို လုံယန်စိတ်မပူတော့ချေ။
ဒါကိုတွေးမိပြီး သူ့မျက်နှာပေါ်က အမူအရာသည် ပိုရင်းရင်းနှီးနှီးဖြစ်သည့်အမူအရာပေါ်လာပြီး သခင်မလင်းအား ပြောလိုက်သည်။
“ သခင်မ အိမ်မပြန်ချင်ဘူးဆိုရင်နေဖို့နေရာတစ်ခုစီစဉ်ပေးခွင့်ပြုပါ။ ဝေဝေနဲ့သခင်မကအချိန်အကြာကြီးနေမှပြန်တွေ့ခွင့်ရတာဆိုတော့ ဝေဝေကလည်း ထွက်သွားစေချင်မှာမဟုတ်ဘူးလေ ဒီမှာရက်နည်းနည်းလောက် နေရင်ရောဘယ်လိုလဲ”