အခန်း (၅၀၄-၅၀၆)
Vol. 11 Ch. 504-506
504 သူခိုးရှိနေသလိုမျိုး ကာကွယ်ရမယ်
လုလျန့်ဝေ၏ မျက်နှာပေါ်တွင် ကြည်နူးမှုတစ်ခု ပေါ်လာလေသည်။ သူမက သူ့အားကျေးဇူးတင်တဲ့အကြည့်ဖြင့် ကြည့်၍
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
အပြုံးတစ်ခုသည် လုံယန် ၏ နက်ရှိုင်းလှသော စိတ်ဝိညာဉ်မျက်လုံးများကို ဖြတ်ကျော်လာတော့သည်။ သူသည် သူမ၏ခေါင်းအား ပွတ်ပေးချင်သော်လည်း အဆုံးတွင် မလုပ်နိုင်ခဲ့ပေ။
လုံယန်သည်ခေါင်းယမ်းပြီး သူမကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်နေစရာ မလိုပါဘူး”
လုလျန့်ဝေသည် သူ၏အကြည့်အား အမြန်ရှောင်ရင်း မျက်နှာပူသွားရသည်။ သူမသည် သခင်မလင်း၏လက်မောင်းအား ပွေ့ဖက်လိုက်ကာ
“ အရှင်မင်းကြီးပြောတာမှန်တယ် အမေမပြန်ချင်ရင်နေရာတစ်ခုစီစဉ်လို့ရပါတယ် အကြာကြီးနေမှ ပြန်တွေ့ရတာ သမီးအမေပြန်ထွက်သွားမှာကိုကြည့်မနေနိုင်ဘူး”
သူမသည် တော်ဝင်မြို့တော်တွင် မနေချင်သော်လည်း သူမသမီးမှာ ငယ်ရွယ်သေးပြီး ကိုယ်ခံပညာလည်း မတက်ပေ။ သူမ နန်းတော်သို့ ၀င်လိုက်သည်နှင့် သူမသည် အနိုင်ကျင့်ခံရတာ သို့မဟုတ် ကြံစည်ခံရတာမျိုး ဖြစ်နိုင်သည်။
ထို့အပြင် ကျီလင်းဟွေ့ကိုလည်း မကိုင်တွယ်ရသေးချေ။ အဲဒီ့အတွက်ကြောင့် သူမ အတော်လေး စိတ်ပူနေခဲ့သည်။
သခင်မလင်းသည် ဤကိစ္စကို အချိန်အတော်ကြာ စဉ်းစားပြီး နောက်ဆုံးတွင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
လုလျန့်ဝေသည် ထိုစကားကြောင့် အလွန်ဝမ်းသာသွားရသည်။
လုထင်ချန်းသည်ပင်လျှင် သူ့နှလုံးသားထဲမှ အမှန်တကယ် ပျော်ရွှင်နေခဲ့သည်။
သူသည် သခင်မလင်းကို တချိန်လုံး စိုက်ကြည့်နေပြီး ဒါက အိပ်မက်တစ်ခုသာ ဖြစ်နေမည်ကို ကြောက်နေခဲ့သည်။
လုဟယ့်ထျန်း သည် အမေနှင့် ကလေးများ ပျော်ရွှင်စွာ နေနေသည်ကို ကြည့်ရင်း ဘေးတွင် တစ်ယောက်တည်း ရပ်နေပေသည်။ သူ့ရင်ထဲမှာ ထူးဆန်းတဲ့ ဝမ်းနည်းမှုတစ်ခု ရှိနေသည်။
သို့သော် လုလျန့်ဝေသည် တစ်စုံတစ်ခုကို သတိရသွားပြီး သခင်မလင်းကို လွှတ်လိုက်ကာ လုဟယ့်ထျန်း ထံသို့ ချဉ်းကပ်လာတော့သည်။
လုဟယ့်ထျန်း အလွန်ထိမိသွားရသည်။ သူသည် သခင်မလင်း၏ အကြည့်ကို လှမ်းမြင်လိုက်သောအခါတွင်တော့ လျင်မြန်စွာ မျက်လွှာချလိုက်လေသည်။ သူမကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့မိသည်ကို သတိထားမိပြီး သူမ ဒေါသဖြစ်သွားမည်ကိုကြောက်နေရသည်။
လုဟယ့်ထျန်း ၏ ဒဏ်ရာကို ပတ်တီး ပတ်တီးပတ်ပြီးမှသာ အားလုံးသည် တော်ဝင်မြို့တော်သို့ ပြန်သွားရန် ပြင်ဆင်ကြသည်။
လုလျန့်ဝေနှင့် သခင်မလင်းသည် အနက်ရောင်ဝတ်စုံနှင့်အမျိုးသား မောင်းနှင်နေသည့် မြင်းလှည်းဖြင့် ခရီးဆက်ခဲ့သည်။
လုလျန့်ဝေသည် အနက်ရောင်ဝတ်ထားသောလူကိုကြည့်၍ ထိုသည် အသက်လေးဆယ်ကျော်အရွယ်ရှိနေပြီကို ပထမဆုံးအကြိမ် သတိပြုမိခဲ့သည်။ သူသည် စိတ်အားထက်သန်ပြီး ရုပ်ရည်အတော်ချောမောသည်။
သခင်မလင်းသည် လုထင်ချန်းအား လှည့်ကြည့်လိုက်ပြီး
ထိုအချိန်တွင် လုထင်ချန်းသည် ဝူဟောင်မင်၏အရွယ်အားဆန်းစစ်နေပြီး သူ့အမေနှင့်ဒီလူကြားက ဆက်ဆံရေးကို တိတ်တဆိတ် ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
သူ့အမေအသံကြားတော့ သူ့အတွေးများကို အမြန်ပြန်စုပြီး ဝူဟောင်မင်ကို နှုတ်ဆက်ရန် လှည့်လိုက်လေသည်။
လုဟယ့်ထျန်း သည် ဝူဟောင်မင်အား ရန်လိုမှုအပြည့်ဖြင့် ကြည့်လိုက်သည်။
လီဟွားက သူမပျောက်ကွယ်သွားခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံး ဒီလူနှင့်အတူတူနေနေတာလား။
ထိုအတွေးကြောင့် သူ့ရင်ထဲ၌ မနာလိုစိတ်များ ပြင်းထန်လာတော့သည်။
ချီး ဒီလူက လူယုတ်မာတစ်ယောက်ဆိုတာတစ်ချက်ကြည့်ရုံနဲ့သိနိုင်တယ်။ လီဟွားကသူနဲ့နေဖို့ဘာလို့သူ့စံနှုန်းတွေနှိမ့်ထားရတာလဲ။
သခင်မလင်း၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ့ကို လှည့်ကြည့်လိုက်သော်လည်း သမီးဖြစ်သူ၏ လက်ကိုသာ ဆုပ်ကိုင်ကာ လှည်းပေါ်သို့ တက်သွားလေသည်။
မြင်းလှည်းသည် ဆက်လက်ရွေ့လျားနေသော်လည်း လုဟယ့်ထျန်း နှင့် လုံယန် တို့သည် ရထား၏ဘေးနှစ်ဖက်တွင် ကပ်နေခဲ့သည်။
သခင်မလင်းသည် ကုလားကာအား တိတ်တိတ်လေးဆွဲချလိုက်သည်။
သူမကို မယုံကြည်သေးဘဲဝေဝေကို ပြန်ယူသွားမှာ စိုးရိမ်နေကြတုန်းလား။
လုလျန့်ဝေသည်ဒါကို သတိထားမိပြီး အနည်းငယ် ရှက်ရွံ့သွားရသည်။
သူမအဖေနှင့်ဘုရင်မင်းမြတ်တို့သည် အလွန်ပိုလွန်းသည်။ အဘယ့်ကြောင့် သူမအမေအားသူခိုးတွေ့လိုက်သလို လိုက်ကာနေကြသနည်း
လုလျန့်ဝေသည် သူ့အမေ စိတ်ဆိုးနေသည်ကို မြင်သောအခါ သူ့အမေအနားသို့ ကပ်သွားလိုက်သည်။
“ဟုတ်တယ် ယောက်ျားတွေက အရူးတွေလေ အမေတို့က ဘာလို့သူတို့ကို နှောင့်ယှက်ရမှာလဲ”
သခင်မလင်းသည် လုလျန့်ဝေ၏ မျက်နှာကို ပွတ်သပ်လိုက်သည်။
“အမေ့ကိုယုံကြည်ပေးတဲ့ ငါတို့ ဝေဝေက အကောင်းဆုံးပဲ”
သူ့သမီးကို ပွေ့ဖက်ထားရင်း သခင်မလင်း၏ နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခု ရှိနေခဲ့သည်။
“ဒါပေမယ့် အမေနည်းနည်းတော့ စိတ်ပူနေသေးတယ်.. သမီးကိုလုပ်ကြံဖို့ နှင်းပျံလွှားအိမ်တော် ရဲ့ စီစဉ်မှုနောက်ကွယ်က ဘယ်သူလဲဆိုတာ သိလား”
505 လုံယန်ဝမ်းသာသွားတယ်
“အဲဒါဘယ်သူလဲဟင်။”
လုလျန့်ဝေသည် စိတ်ဝင်တစား မေးလိုက်သည်။
သူမစိတ်ထဲတွင် သံသယအနည်းငယ်ရှိနေသော်လည်း ထိုလူတွေထဲက ဘယ်သူက တရားခံလဲဆိုသည်အား သူမသေချာမသိပေ။
“ကြင်ယာတော် ကျီလင်းဟွေ့”
သခင်မလင်းသည် ဖြည်းညှင်းစွာပြောလာသည်။
လုလျန့်ဝေအနည်းငယ် အံ့သြသွားရသည်။
“သူမလား။”
“ဟုတ်တယ်”
သခင်မလင်း ခေါင်းညိတ်လိုက်သည်။
“သူက စီတုမိသားစုရဲ့သခင်လေး စီတုရွှီ ကို လာဘ်ထိုးခဲ့တယ် စီတုမိသားစုက နှင်းပျံလွှားအိမ်တော်နဲ့ နည်းနည်း အဆက်အသွယ်ရှိ လို့ လာခဲ့ကြတာလေ။ ကြီးကြပ်ရေးမှူး ချန် က တာဝန်ယူထားပေမယ့် သူက သမီးနဲ့အမေကြားက ဆက်ဆံရေးကို မသိဘဲ ဒီစာချုပ်ကို လက်ခံလိုက်တာ”
လုလျန့်ဝေသည် နုနယ်သောအသွင်အပြင်နှင့် ကျီလင်းဟွေ့ က သိုင်းလောကမှလူများနှင့် အဆက်အသွယ်ရှိနေမည်ဟု မမျှော်လင့်ထားပေ။
သူမသမီးလေး၏ ထိတ်လန့်တုန်လှုပ်နေသော မျက်နှာကို ကြည့်လိုက်ပြီး သခင်မလင်းက ပြောလိုက်သည်။
ခေါင်းစဉ် ပြောင်းလိုက်တော့ သခင်မလင်းသည် သူမကို အနီးကပ်ကြည့်ကာ လေးနက်သောအကြည့်ဖြင့်ကြည့်ေနသည်။ သူမသည် ဤနာမည်ကိုမည်မျှရင်းနှီးနေပါစေ ထိုကဲ့သို့သော ပုဂ္ဂိုလ်ရေးမေးခွန်းမျိုး မေးရန် မသင့်တော်ပါ။ သို့သော် ယခုတော့ မတူတော့ပေ သူမသည် အမေအဖြစ် မေးနေသည်။
“ဧကရာဇ်မင်းကသမီးကို ဒီလိုအတင်းဖိအားပေးပြီးလုပ်ခိုင်းတာလား”
ဧကရာဇ်မင်းသည် အစပိုင်းတွင် သူမအား အမှန်ပင် အတင်းအကြပ် ဖိအားပေးခိုင်းစေခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် သူ့ကို မငြင်းဆန်တော့ပေ။ သူ့အမေအား ဧကရာဇ်ကို အထင်လွဲမခံချင်သဖြင့် လုလျန့်ဝေသည် စိတ်အားထက်သန်စွာ ပြောပြခဲ့သည်။
“ဘုရင်မင်းမြတ်က တကယ်ေကာင်းပါတယ်”
သခင်မလင်းသည် သူ့သမီးမှာ ဧကရာဇ်၏ စကားအား အလွန်ယုံကြည်ကိုးကွယ်စွာပြောနေသည်ကို ကြားလိုက်ရသဖြင့် အနည်းငယ် မနာလိုဖြစ်မိသည်။ ခဏလောက်စဉ်းစားပြီးမှ “ဘယ်အဆင့်ထိရောက်ေနပြီလဲ”ဟု မေးလိုက်လေသည်။
လုလျန့်ဝေခဏလောက် ထိတ်လန့်သွားပြီး သူမ ဘာကို ရည်ညွှန်းကြောင်း သိလိုက်သောအခါတွင် သူမ မျက်နှာမှာ နီရဲသွားရသည်။
“အမေ သမီးကိုသိပ်ပြီး အထင်မကြီးပါနဲ့သူနဲ့ သမီးကြားက ဘာမှမဖြစ်ခဲ့သလို ရိုးသားပါတယ်။”
သို့သော် သခင်မလင်းသည် စိတ်မသက်သာသွားရဘဲ ပို၍စိတ်ပူလာတော့သည်။
“သူ့ကို လက်မထပ်ရသေးဘူး သမီးကသူ့ကို ဖြစ်နိုင်သမျှ နည်းမျိုးစုံနဲ့ ကာကွယ်နေပြီ အနာဂတ်မှာ သေချာပေါက် ဒုက္ခရောက်လိမ့်မယ်နော်”
“သမီးသူ့ကို မကာကွယ်ပါဘူးအမှန်အတိုင်းပြောနေတာပါ”
သူ့သမီး၏ မျက်နှာကို ကြည့်ရင်း သခင်မလင်းက သူမလက်ကိုဆွဲကာ
“သမီးလေး ယောက်ျားတစ်ယောက်ကို လွယ်လွယ်မယုံသင့်ဘူး ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ သူပြောင်းလဲသွားရင်တော့ သမီးဒုက္ခရောက်လိမ့်မယ်…”
သူ့အမေသည်သူမအတွက် အကောင်းဆုံးကို လိုချင်သည်ဆိုသည်ကို သူနားလည်သည်။ ထို့အပြင် သူ့အမေတွင် အကြောင်းပြချက်လည်းရှိသည်။
ယောက်ျားတွေက သူတို့လိုချင်တာကို လွယ်လွယ်နဲ့ရရင် အဲဒါကို သိပ်မြတ်နိုးမှာမဟုတ်ဘူး။
သူမသမီး၏ နုပျိုလှသော မျက်နှာကို ကြည့်နေရင်း သခင်မလင်း၏ နှလုံးသားသည် နာကျင်သွားရသည်။
မင်္ဂလာဆောင်ည သတို့သမီးအခန်းမှာ ဘာတွေဖြစ်မလဲဆိုတာကို တွေးရင်း သခင်မလင်းက ပိုလို့တောင် စိတ်မကောင်းဖြစ်လာရသည်။
ပန်းပွင့်နှင့်တူသော သူမသမီးလေးသည် အဘိုးကြီးတစ်ဦးနှင့် လက်ထပ်တော့မည်ဖြစ်သည်။ ဒီအကြောင်းကို သူမ ပိုတွေးလေ အဆင်မပြေလေဖြစ်သည်။
သူမနှင့် စေ့စပ်ထားသူသည် နိုင်ငံ၏ ဂုဏ်အသရေအရှိဆုံး ယောက်ျားဖြစ်ပြီးသူကလည်း အသက်အရွယ်ထက်ရုပ်နုသော်လည်း သူ့အသက်အရွယ်မှာမူ မပြောင်းလဲသေးပေ။
ဧကရာဇ်မင်း၏မင်္ဂလာပွဲညတွင် သူမ သူ့ကို လှည့်စား ဆွဲထုတ်ပြီး ဖျက်ဆီးပစ်လိုက်သင့်လား။
မြင်းလှည်းရှိ သူတို့၏ စကားပြောဆိုမှုသည် သူတို့ကြားရှိ အကွာအဝေးကို ပို၍ပင် နီးကပ်စေသည်။ မရင်းနှီးမှုသည် ပျောက်ကွယ်သွားပြီး ကျန်အရာအားလုံးနှင့်ရင်းနှီးလာခဲ့သည်။
လုံယန် သည် မြင်းလှည်းကိုစီးရင်း အတွင်းတွင် စကားပြောဆိုမှုများကို ခန့်မှန်းမိသော်လည်း သခင်မလင်းပြောသည်ကို မကြားလိုက်ပေ။ အခြားလူများထံမှ ခိုးနားထောင်ခံရခြင်းကို တားဆီးရန် သူမသည် တမင်တကာ အသံလျှော့လိုက်ပုံရသည်။
သို့သော် အရေးမကြီးပါ။ အရေးကြီးသည်မှာ ဝေဝေ သည် သူမအမေရှေ့တွင် သူ့ကို အကာအကွယ်ပေးခဲ့သည်။
လုံယန့် နှုတ်ခမ်းတွင်အပြုံးလေးတစ်ခု ပေါ်လာလေသည်။
လုံယန် ရဲ့ ကြည်နူးစရာ ခံစားချက်နဲ့ ယှဉ်ပါက လု မိသားစု သည် လောလောဆယ် ပို၍ သနားစရာကောင်းနေပေသည်။
Chapter 506 သူရူးသွပ်သွားပြီ
ပထမဦးဆုံးအကြိမ်အဖြစ် ထိုသားအဖသည် လုလျန့်ဝေအား မနာလိုဖြစ်ခဲ့လေသည်။
သူတို့က ဘာကြောင့် လှည်းပေါ်မှ မပါခဲ့ကြရတာလဲ။
အဲဒီမိန်းကလေးက သူ့အမေနဲ့ လှည်းပေါ်မှာ ထိုင်ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။
လုထင်ချန်းလှည့်ကြည့်လိုက်သောအခါ သူ၏အဖေ၏ ချောမောသော်လည်း သိမ်ငယ်နေသည့်မျက်နှာကို မြင်လိုက်ရသည်။ သူ ခေတ္တရပ်လိုက်ပြီး ဇက်ကြိုးကို ဆွဲကာ သူ့အနားသို့ တိုးကပ်လိုက်သည်။
“အဖေအဲဒီတုန်းက ဘာတွေဖြစ်ခဲ့တာကြလဲ အဖေနဲ့အဖွားက ဘာလို့ အမေဆုံးသွားပြီလို့ ပြောရတာလဲ”
လုဟယ့်ထျန်း ၏ မျက်နှာသည် ပို၍ပင် နှစ်မြုပ်သွားကာ လုံးလုံးလျားလျား စိတ်ဓာတ်ကျနေဟန်ရှိသည်။ သူ့သား၏ ငယ်ရွယ်နုပျိုသော မျက်နှာကို ကြည့်လိုက်သောအခါ ကောင်လေးသည် ကြီးပြင်းလာပြီး သူ့ထံမှ ဖုံးကွယ်၍မရတော့မှန်းသူ သဘောပေါက်သွားသည်။
“အဲ့တုန်းက မင်းအမေက ချောက်ကမ်းပါးပေါ်က ခုန်ချပြီး သတ်သေခဲ့တာ…”
လုထင်ချန်းသည် ဇက်ကြိုးအားး တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
ရုတ်တရက် လုဟယ့်ထျန်း သည် သူ့သား၏အကြည့်အား ရင်မဆိုင်ရဲတော့ပေ။ လီဟွား သည်သူ သူမ၏ယုံကြည်မှုကို သစ္စာဖောက်ခဲ့သောကြောင့် ချောက်ကမ်းပါးမှ ခုန်ချခဲ့ပြီး သူ့အား နောက်ပြန်လှည့်မရသော ပုံစံဖြင့် လက်စားချေခဲ့သည်။
“မင်းအမေက ငါ့မျက်စိရှေ့မှာ ချောက်ကမ်းပါးကနေ ခုန်ချခဲ့တာ…”
လီဟွားသည် ချောက်ကမ်းပါးမှ ခုန်ဆင်းသွားသည့် ပုံရိပ်ကို သူ့စိတ်ထဲတွင် နက်နက်နဲနဲ ရေးထွင်းထားသည်။ အိပ်မက်မက်တိုင်း ညသန်းခေါင်တွင် ချွေးစီးတွေနှင့်အတူသူ နိုးလာလိမ့်မည်။
လုထင်ချန်းသည် သူ့မိဘများကြားတွင် ဖြစ်ပျက်ခဲ့သည်များကို အတိအကျမသိသော်လည်း သူ့ဖခင်သည် သူ့မိခင်၏ယုံကြည်မှုကို သစ္စာဖောက်သည့်အရာတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ခံစားခဲ့ရသည်။
“ဒါဆို အမေ့ကိုရှာဖို့ အဖေချောက်ကမ်းပါးအောက်ကို မဆင်းခဲ့ဘူးလား”
လုဟယ့်ထျန်း သည် ချောက်ကမ်းပါးအောက်ခြေသို့ ရောက်သောအခါ တွင်နေရာတိုင်းတွင် စုတ်ပြဲနေသော လီဟွား ၏အဝတ်အစားများ ပြန့်ကျဲနေသည်ကိုတွေ့ရုံသတိရမိသည်။ သူမအားသားရဲတစ်ကောင်သည် စားလိုက်သည်ဟုထင်ပြီး ရူးသွပ်သွားခဲ့သည်။
လုဟယ့်ထျန်း ၏မိခင်သာ ထိုနေရာသို့ ဆင်းသွားပြီး သူ့အားပြန်ဆွဲထုတ်ခြင်း မလုပ်ပါက သူသေလိမ့်မည်ပင်။
လုထင်ချန်းသည် မေးခွန်းတွေ ထပ်မေးချင်သော်လည်း သူ့အဖေ၏ တောင့်တင်းနေသော မျက်နှာပေါ်တွင် ဖုံးကွယ်လို့မရသည် စိတ်ပျက်အားငယ်မှုကိုမြင်တဲ့အခါ ရပ်တန့်လိုက်သည်။
မြို့တံခါးဝသို့ ရောက်သောအခါ မွန်းတည့်နေပြီဖြစ်သည်။ မြို့ထဲသို့ဝင်ခါနီးတွင် လူတစ်စု မြင်းစီးကာ ပြေးထွက်လာသည်ကို တွေ့လိုက်ရသည်။
ရှေ့ဆုံးမှ မြင်းစီးသူသည် မြို့စားကတော်ဟောင်းမှလွဲ၍ အခြားမဟုတ်။ သူ့နောက်တွင် အဒေါ်လန်နှင့် မြို့စားအိမ်တော်မှ အစောင့်များဖြစ်သည်။
သူမသည် လုလျန့်ဝေအားရှာဖွေရန် မြို့မှ ထွက်ခွာသွားကြောင်း ထင်ရှားလှသည်။
သူ့ကိုတွေ့တော့ မြို့စားကတော်ဟောင်းက သူ့မြင်းကို အလျင်စလို ရပ်လိုက်သည်။
မြင်းသည် မြင်းဟီသံတစ်ချက်ပေးပြီး သူ၏ ရှေ့ခွာကို ကောင်းကင်သို့ မြင့်တင်လိုက်သည်။
လုထင်ချန်းသည် ထိုမြင်ကွင်းကြောင့် တုန်လှုပ်သွားရသည်။
သူ၏အမေသည် အသက်ကြီးနေသဖြင့် မြင်းမစီးတာ ကြာပြီဖြစ်သည်။
သူသည် မြင်းပေါ်မှ အမြန်ခုန်ဆင်းကာ သူမကို တည်ငြိမ်အောင်ထိန်းပြီးကူညီပေးလိုက်သည်။
သူ့စကားကိုကြားသောအခါ မြို့စား ကတော်ဟောင်း သည် လုထင်ချန်း၏လက်ကို ဆုပ်ကိုင်လိုက်ပြီး နောက်ဆုံးတွင် စိတ်သက်သာရာရသွားခဲ့သည်။
မြင်းလှည်းအတွင်းတွင်ရုန်းရင်းဆန်ခတ်ဖြစ်သံကိုကြားတော့ လုလျန့်ဝေသည် ကုလားကာများကို ဖယ်ပြီးကာ ထွက်လာခဲ့သည်။
သူမသည် မြို့စားကတော်ဟောင်း၏လက်ကိုဆွဲပြီး လှည်းပေါ်သို့တက်ရန် ကူညီပေးခဲ့သည်။
မြို့စားကတော်ဟောင်း သည် သူမ၌ ဒဏ်ရာမရှိသည်ကိုမြင်သောအခါ စိတ်သက်သာရာရစွာ ပင့်သက်ရှိုက်၍
လုလျန့်ဝေ၏ နှလုံးသားသည် ပူနွေးလာသော်လည်း တစ်ချိန်တည်းမှာပင် သူမသည် အပြစ်ရှိသလို ခံစားခဲ့ရသည်။
အဖွားက အသက်ကြီးနေပြီဖြစ်ပြီးသူမ ပြန်မလာတော့သည်ကို မြင်သည့်အခါတွင် သူမကိုရှာရန် မြို့မှထွက်လာရခဲ့သည်။ နတ်ဘုရား၏ကျေးဇူးကြောင့် ဘာမှမဖြစ်ခဲ့ပေ မဟုတ်ရင် သူမတစ်သက်လုံး သူ့ကိုယ်သူ အပြစ်တင်မိလိမ့်မည်။
ထိုအတွေးကြောင့် သူမ သက်ပြင်းချလိုက်မိသည်။ ကျေးဇူးတင်ပါတယ် နတ်ဘုရားတွေရယ် အချိန်မှီပြန်လာခဲ့လို့သာပေါ့။
မြို့စားကတော်ဟောင်း၏ လက်ကိုကိုင်ထားပြီး နီရဲနေသောမျက်လုံးများဖြင့်
မြို့စားကတော်ဟောင်း သည် သူမ၏ ခေါင်းကို ခါလိုက်သည်။
ထိုအချိန်တွင် မြင်းလှည်းကန့်လန့်ကာများကို ဖယ်လိုက်ပြီး သခင်မလင်းသည် အတွင်းမှ ထွက်လာခဲ့သည်။
သခင်မလင်းသည် ရှေ့သို့ တိုးလာပြီး သူမကို ပြောဆိုလိုက်သည်။
မြို့စားကတော်ဟောင်း၏ မျက်လုံးများ ရုတ်ခြည်း နီရဲလာပြီး သူမလက်ကို ဆုပ်ကိုင်လိုက်ကာ အသံတုန်လှုပ်နေတော့သည်။
“လီဟွား။”