← Chapters

အခန်း (၅၀၇-၅၀၉)

Vol. 11 Ch. 507-509

အခန်း (၅၀၇-၅၀၉)

Vol. 11 Ch. 507-509

Chapter 507: ဧကရီရဲ့ အမိန့်ကို ကျွန်တော်မျိုး သေချာလိုက်နာပါ့မယ်

မြို့စားကတော်ဟောင်း ၏ ကြင်နာသော အကြည့်ကို တွေ့လိုက်ရသောအခါ သခင်မလင်းသည် ခေါင်းမငြိမ့်ခင် ခဏမျှ တုံ့ဆိုင်းသွားသည်။

“ မတွေ့ရဝာာတော်တော်ကြာပြီပဲ”

မြို့စားကတော်ဟောင်း ၏ မျက်လုံးများသည် အနည်းငယ် စိုစွတ်နေပြီး သူမလက်ကို ပွတ်သပ်ကာ ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။

“ သမီးပြန်လာတာအမေ ဝမ်းသာတယ်။”

ဝေဝေကို စွန့်လွှတ်ဖို့(လက်ထပ်ပေးဖို့) သူမ ပြန်လာခဲ့ကြောင်း သခင်မလင်း ရှင်းပြချင်သော်လည်း အဘွားအိုကြီး၏ မထိန်းနိုင်သော စိတ်လှုပ်ရှားမှုကိုမြင်သောအခါ တိတ်တဆိတ် သက်ပြင်းချရင်း ဘာမှ မပြောနိုင်တော့ပေ။

လုလျန့်ဝေသည် အန်တီလန်အား လှည်းပေါ်တက်ရန်ကူညီပေးခဲ့သည်။

သက်ကြီးရွယ်အို နှစ်ယောက်သည် သန်မာပြီး ကျန်းမာနေသေးသော်လည်း အသက်ကြီးနေပြီဖြစ်သည့်အတွက်မြင်းစီးဖို့ မသင့်တော်ပေ။

သို့သော် မြင်းလှည်းသည် ကျယ်သည်မဟုတ်။ လူနှစ်ယောက်ထိုင်လျှင်အဆင်ပြေသော်လည်း လေးယောက်ဆိုလျှင် ပြည့်ကျပ်နေလိမ့်မည်။

“သမီးဒီလှည့်ထဲမှာနေရတာကြာလှနေပြီ လေကောင်းလေသန့်ရဖို့ မြင်းစီးဖို့ စိတ်ကူးထားတာ အခု အဒေါ်နဲ့အဖွားက အမေ့ကို တွေ့ဖို့ ဒီကိုရောက်နေပြီဆိုတော့ သမီးမြင်းစီးဖို့ကပိုလွယ်သွားပြီပေါ့”

သန်မာသောလက်တစ်စုံသည် သူမအား လှမ်းဆွဲလိုက်သောအခါတွင် သူမ၏ခြေထောက်များသည် မြေပြင်နှင့်ထိသွားခဲ့သည်။

“မင်းဘာလို့ဒီလောက်အလျင်လိုနေတာလဲ တစ်ခုခုထိခိုက်မိရင်ဘယ်လိုလုပ်မလဲ”

သူမ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကိုလှည့်ကာ ထိုယောက်ျား၏ လျှို့ဝှက်ဆန်းကြယ်သော မျက်လုံးတစ်စုံနှင့် တွေ့ဆုံလိုက်ပြီး

လုံယန် သည် သူမ၏ ဂရုမစိုက်မှုကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ သူမကို နည်းနည်းထပ်ပြီး ဆူပူချင်သော်လည်း နောက်ဆုံးမှာထို အတွေးကို စွန့်လွှတ်လိုက်ရသည်

သူသည် သူမလက်ကို ကိုင်ထားရင်း ငုံ့ကြည့်လိုက်သည်။

လုံယန် သည် သူမ၏အပြုအမူကြောင့် သဘောကျသွားပြီး နှုတ်ခမ်းထောင့်စွန်းနှစ်ခုသည် ကွေးတက်လာသည်။

ကျယ်ပြန့်သော လက်ဖဝါးကို မြင်သောအခါ လုလျန့်ဝေသည် တုံ့ဆိုင်းသွားသည်။ သူမသည် လျင်မြန်စွာ ပတ်ပတ်လည်ကို လှည့်ကြည့်ရင်းသူတို့အား ဘယ်သူမှ မကြည့်ကြောင်းမြင်သောအခါတွင် ထိုလက်အားဆုပ် ကိုင်ထားလိုက်သည်။

သူ၏ လက်ဖဝါးထဲမှ နူးညံ့သိမ်မွေ့သော လက်ဖဝါးကို အုပ်မိုးထားသော လုံယန် သည် သူမစကားမကြားခင် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူသည်ခဏရပ်ပြီး သူ့မျက်လုံးထဲတွင် တ‌စ္ဆေတစ်ကောင်၏အပြုံးက ထင်ဟပ်နေရင်း သူမ ကို လှည့်ကြည့်လိုက်သည်။

လုလျန့်ဝေသည် သူ၏ နောက်ပြောင်သည့် လေသံကြောင့် အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။

သူသည် သူမ၏စကားလုံးများအား ရပ်တန့်သွား‌အောင် ပြုလုပ်နိုင်သည်ကိုမြင်၍ ‌ကျေနပ်သွားရသည်။သူမ၏ နူးညံ့သော လက်ချောင်းများကို ဆုပ်ကိုင်လိုက်ရာ သူ့စိတ်များ ကြည်လင်လာခဲ့သည်။

လုလျန့်ဝေသည် သူမလက်ချောင်းများပေါ်ရှိ ပါးလွှာသော လက်ချောင်းများနှင့် ပွတ်တိုက်မိသည်ကို ခံစားလိုက်ရသဖြင့် သူမခန္ဓာကိုယ် ပူနွေးလာလေသည်။

သူမ၏လက်ကို ရုတ်သိမ်းချင်သော်လည်း သူမလှုပ်ရှားလိုက်သည့်အခိုက်တွင် သူမ၏လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားသဖြင့် လက်လျှော့လိုက်ရသည်။

လုဟယ့်ထျန်း သည် လောလောဆယ်တွင် သခင်မလင်းအား လုံးလုံးအာရုံစိုက်နေပြီး လုံယန်က သူ၏နှာခေါင်းအောက်တွင် သမီးဖြစ်သူ၏လက်ကို ပွင့်ပွင့်လင်းလင်း ဆုပ်ကိုင်ထားကြောင်း သတိမထားမိပေ။

လုလျန့်ဝေသည် သူ့ကို မငြင်းဆန်ဘဲ အမှန်တကယ် နူးညံ့သိမ်မွေ့စွာ ပြုမူနေတာကို လုံယန်မြင်လိုက်‌ေသာအခါ သူ့မျက်လုံးထဲတွင်ကြည်နူးမှုတွေ နက်ရှိုင်းလာခဲ့သည်။

သူ့မြင်းပေါ်မတက်မီ သူ၏အကြည့်တွေက နူးညံ့ပြီး ပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းတွေပေါ် ကျရောက်သွားလေသည်။ သူ၏မျက်လုံးများသည် နက်မှောင်သွားပြီး သူ့အဝတ်လက်အားဘေးနားမှလူများမမြင်အောင်မ၍ ခေါင်းငုံ့သူမနှုတ်ခမ်းကိုခပ်သွက်သွက်ငုံထွေးလိုက်တော့သည်။

လုလျန့်ဝေအံ့ဩသွားပြီး ပထမတော့ မတုံ့ပြန်မိသေးပေ။

စိတ်သက်သာရာရနေသည့်လေသံနှင့် ပြောနေသည်အား သူမကြားလိုက်ရလေသည်။ လုံယန်သည် သူမ၏ခေါင်းအား လက်နှင့် ပွတ်သပ်ကာ ဝမ်းသာအားရ ပြောလာသည်။

“ မင်းဘာမှမဖြစ်တာ ကိုယ်အရမ်းဝမ်းသာတယ်”

ပေကလပ် ပေကလပ်ဖြင့် လုလျန့်ဝေ၏ အာရုံတွေပြန်ဝင်လာပြီး ထိုသူ၏မျက်လုံးအောက်မှ အညိုရောင်စက်ဝိုင်းတွေကို တွေ့လိုက်ရသည်။ သူမသည် လက်ချောင်းများဖြင့် လုံယန်၏ အဝတ်အစားရှေ့ကို ရုတ်တရက်ဆွဲကိုင်လိုက်ကာ မျက်မှောင်ကြုတ်ပြီး တိုးတိုးလေးပြောလိုက်သည်။

“ရှင့်ကို စိတ်ပူ‌စေမိလို့တောင်းပန်ပါတယ် အရှင်မင်းကြီးပြန်‌ေရာက်ရင်ကောင်းကောင်း အနားယူရမယ် နော်”

သူ့အား လေးလေးနက်နက် ပြောနေသည်ကို ကြည့်ရင်း လုံယန် ၏ နှုတ်ခမ်းပေါ်မှ အပြုံးသည် ပို၍ ကျယ်ပြန့်လာသည်။

“ဧကရီရဲ့ အမိန့်ကို ကျွန်တော်မျိုး သေချာလိုက်နာပါ့မယ်”

လုလျန့်ဝေသည် ဒေါသတကြီးရှက်ရွံ့စွာ ရှက်ရွံ့သော အကြည့်ဖြင့် သူ့ကို ကြည့်လိုက်သည်။

လုံယန် ၏ လက်ချောင်းများသည် သူမ၏ နှင်းဆီရောင် ပါးပြင်ကို ပွတ်သပ်ကာ ပြုံးပြီး ပြောလိုက်သည်။

လုလျန့်ဝေ၏ လက်ချောင်းများသည် အတွင်းဘက်သို့ ကွေးသွားကာ သူမ၏ နှလုံးခုန်သံသည် ရုတ်တရက် မြန်လာသည်။

အချိန်အတော်ကြာပြီးနောက် သူမသည် သူ့ကို ဖြတ်ခနဲ စိုက်ကြည့်လိုက်သည်။

လုံယန် က သူမကို စေ့စေ့ကြည့်လိုက်သည်။ သူမဒီလိုဖြစ်နေသည့်ပုံအား သူသဘောကျပေသည်။

သို့သော် သူမစိတ်ဆိုးနေပြီဖြစ်သဖြင့် မစတော့ပဲ မြင်းပေါ်တက်၍ ကူညီပေးကာ နှစ်ယောက်သားသာကြားနိုင်စေသည့်လေသံဖြင့် တိုးတိုးလေးပြောလိုက်သည်

“စိတ်မပူပါနဲ့ ကိုယ်သေချာပေါက်အနားယူမှာပါ ကိုယ်မင်းကိုလက်ထက်ပြီး နန်းတော်ထဲကိုခေါ်သွားရဦးမယ်လေ”

လုလျန့်ဝေ၏ မျက်တောင်များသည် သူ့စကားကြောင့် တုန်လှုပ်သွားပြီး သူမ၏လက်များသည် ဇက်ကြိုးပေါ်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမသည် ထိုသူ၏ အကြည့်များနှင့် မဆုံဝံ့ဘဲ အလျင်စလို ခေါင်းညိတ်လိုက်ပြလိုက်သည်။

သူတို့ရှေ့တွင် ဘေးချင်းကပ် စီးနင်းနေသည့် သူ၏သခင်နှင့် ဒုတိယသခင်မ‌လေးလုကို ကြည့်ရင်း ချူယိသည် သူ့ကိုယ်သူ အံ့ဩသွားရသည်။ ‘သခင်’ သည် များသောအားဖြင့် အလွန်တိတ်ဆိတ်နေတက်သည်။ သူ့ကို ဒီလောက် ဖလစ်တက်လိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထား‌ခဲ့ပေ။

ဒုတိယလုသခင်မလေး ရှက်ရွံ့နေသည်ကို သူ မျက်ဝါးထင်ထင် မြင်လိုက်ရပေသည် ။

မြင်းလှည်းဘေးတွင်ရှိသော လုဟယ့်ထျန်း ကို စိုက်ကြည့်၍ လုံယန်က သူ၏ အဖိုးတန်သမီးတော်နှင့် ပရောပရီလုပ်နေသည်ကို သတိမထားမိကြောင်း တွေ့လိုက်ရသည်။ လုံယန်အား သဘောကျသည့် ခံစားချက်သည် ချူယိနှလုံးသားထဲတွင် တိုးဝင်လာတော့သည်။

သူ၏သခင်သည် ယောက္ခမ၏နှာခေါင်းအောက်တွင်ပင် မကြောက်မရွံ့ပြုမူနိုင်သည်အထိ အမှန်တစ်ကယ် တိုင်းပြည်တိုင်း၏ အကြီးမြတ်ဆုံး ယောင်္ကျားသာဖြစ်သည်။

ချူကျုသည် သူ့အား အေးစက်စွာ စိုက်ကြည့်ရင်း ဓားကို ကိုင်ထားလေသည်။

“အခုလေးတင် သခင်နဲ့ ဒုတိယ သခင်မလေးလုတို့ ဖြစ်နေတာ... မင်းမတွေ့လိုက်ဘူးလား”

ချူကျုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် အသံထွက်လာပြီး

ချူရီသည် ထိတ်လန့်စွာ ခုန်ဆင်းကာ သူ့ပါးစပ်ကို ဖုံးအုပ်ရန် ကမန်းကတန်း မတ်တတ်ခ=ထရပ်လိုက်သည်။

ဒုတိသခင်မလေးလု အား ခိုးနမ်းနေသည်ကို သူသိကြောင်း သခင်သာ ပြန်သိခဲ့လျှင် သူ့ဘဝ ပြီးဆုံးသွားပေလိမ့်မည်။

ချူကျူသည် သူ့ကို ဂရုမစိုက်စွာ စိုက်ကြည့်ကာ သဘောမတူပဲ ငြင်းဆန်‌နေတော့သည် ။

Chapter 508

ချူယိ ခဏရပ်လိုက်သည်။

“ငါတို့ဒီညတာဝန်ကျရင် မင်းကိုဂုဏ်ပြုဖို့ တို့ဖူးနံနှစ်ခုဝယ်ပေးမယ်လို့ ငါကတိပေးတယ်”

ချူကျူ သည် မလှုပ်မရှားပဲ သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သည်။

ချူယိ အံကြိတ်ကာလေသံကို လျှော့လိုက်သည်။

“ကောင်းပြီ မင်းကို ဒီတစ်လလုံး ဝယ်ကျွေးမယ်ကွာ”

ထိုမှသာ ချူကျု ခေါင်းညိတ်ပြလိုက်သည်။

ဒါကိုမြင်တော့ ချူယိ သူ့လက်တွေအား ကမန်းကတန်း ဆုတ်ကိုင်လိုက်သော်လည်း သူ့နှလုံးသားထဲတွင် ဒီကောင်လေးအား ဆွဲဖြဲဖို့ကလွဲလျှင်ဘာကိုမှ မလုပ်ချင်ပေ။

သူသည်ငယ်ငယ်ရွယ်ရွယ်နှင့် အရမ်းလိမ္မာနေပြီးမှ ဘာ့ကြောင့် ဒီလောက်ဆိုးလာရသနည်း။

အိုး..သွားပြီသူ့ပိုက်ဆံတွေ…မဟုတ်သေးဘူး ..ဒါသူအိမ်ထောင်ပြုဖို့အတွက်ပိုက်ဆံ…

အင်းလေသူလည်း အပြစ်တင်ခံရတာပဲ သူ ဒီလောက်တော့ မပြောသင့်ဘူး

သူ၏ ဖြူစင်သော မျက်နှာကို ကြည့်လိုက်တော့ ချူကျူ၏ ပါးစပ်ထောင့်များသည် အပေါ်သို့ ကွေးညွတ်သွားသည်။

မြင်းလှည်းအတွင်းတွင် မြို့စားဟောင်းကတော်သည် သခင်မလင်း၏လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထားပြီး ဘယ်တော့မှ လက်မလွှတ်ဘဲနေခဲ့သည်။

“လီဟွာ သမီးဒီနှစ်တွေအတွင်း ဘယ်မှာနေခဲ့တာလဲ အမေ ထင်တာက သမီး…”

မြို့စားကတော်ဟောင်းသည် သူမ၏ အကွာအဝေးတစ်ခုထားပြီးဂုဏ်တွေအားထည့်ပြောနေသည်ကို စိတ်မသက်မသာ ဖြစ်နေသည်။

“ သမီးအမေ့ဒီလိုခေါ်တာ အမေ့စိတ်မကောင်းဖြစ်စေတယ်”

ဒီချွေးမသည် သူမနှလုံးသားကို အနိုင်ယူခဲ့သည်။ ဆယ်နှစ်ကျော်ကြာ ဝေးကွာနေခဲ့သော်လည်း နှလုံးသားထဲတွင် ချွေးမအဖြစ်သာ မှတ်ယူထားဆဲဖြစ်သည်။

လင်းလီဟွာသည် အဘွားအိုအား ပြန်မဖြေနိုင်ဘဲ ငြိမ်သွားသည်။

လုဟယ့်ထျန်းကို သူမအပြစ်တင်ပြီး လုံးလုံးစိတ်ပျက်မိသော်လည်း အဘွားသည် သူမအား ကောင်းမွန်စွာဆက်ဆံခဲ့သည်ကို သူမငြင်းနိုင်ပေ။

သို့သော် အချို့အရာများသည် ဖြစ်ပျက်ခဲ့ပြီးသားဖြစ်ပြီး သူမသည် အခြားနည်းဖြင့်မဖြစ်ခဲ့သလို မဟန်ဆောင်နိုင်ပါ။

မြို့စားကတော်ဟောင်း သည် တိတ်ဆိတ်စွာ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါတွင် သူမ၏ နှလုံးသားသည် စိတ်ဓာတ်ကျသွားသော်လည်း သူမအား ဖိအားမပေးချင်ပေ။ သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီး

“ သမီး ချောက်ကမ်းပါးပေါ်ကနေ ခုန်ချတုန်းက ရှန်းဇီ လည်း လိုက်ဆင်းသွားခဲ့တယ် သမီးကို သားရဲတွေက စားသွားတယ်အထင်နဲ့ အရူးတစ်ယောက်လို တိရစ္ဆာန်အားလုံးကို သတ်ပစ်လိုက်တယ် အမေသူ့ကိုသာပြန်မဆွဲရင် သူသေသွားလိမ့်မယ်”

ရှန်းဇီ သည် လုဟယ့်ထျန်း၏ကိုယ်ရေးကိုယ်တာနာမည်ဖြစ်သည်။

လင်းလီဟွားသည် သူမ၏ လက်သီးများကို တိတ်တဆိတ် ဆုပ်ထားသည်။ ဒီအကြောင်းကို သူမ မသိခဲ့ပေ...

သူသည် သူတို့၏အိမ်ထောင်ရေးကို သစ္စာဖောက်ခဲ့သူတစ်ဦးဖြစ်ပြီး သူမ၏သေဆုံးခြင်းသည်ပင် ပြန်ပြင်ဆင်ဖို့မလုံလောက်ပေ

ဒါကိုမြင်တော့ မြို့စားကတော်ဟောင်း သည်ရင်တွင်းထဲမှ သက်ပြင်းချလိုက်သည်။ လီဟွားသည် သူမကန့်ကွက်သည့်အရာများကိုလုပ်လျှင် သည်းမခံနိုင်သူတစ်ဦးဖြစ်ကြောင်း သူမသိသည်။ အတိတ်သည်သူမအား အမာရွတ်များနှင့်ထားခဲ့ကာ အချိန်ခဏလေးဖြင့် ဖြတ်ကျော်ရန် မဖြစ်နိုင်တော့ပေ။

မြို့စားကတော်ဟောင်း သည် ဒါကို နားလည်သော်လည်း သူမ အနည်းငယ် ဝမ်းနည်းနေသေးသည်။

ဝေဝေ အတွက်မဟုတ်ပါက ရှန်းဇီ သည် ဤနှစ်များတစ်လျှောက်လုံး သူမအားပြန်ခေါ်နိုင်လိမ့်မည်မဟုတ်ပေ

ကံကောင်းထောက်မစွာဖြင့် လီဟွား ပြန်ရောက်နေပြီဖြစ်သည်။ သူမပြန်လာဖို့ ဆန္ဒရှိနေသရွေ့ နည်းလမ်းသည် အမြဲရှိနေလိမ့်မည်။

ထိုအတွေးကြောင့် မြို့စားကတော်ဟောင်း အနည်းငယ် စိတ်သက်သာရာရစေခဲ့သည်။

လုလျန့်ဝေ နှင့် အခြားသူများကို မြို့စား၏အိမ်တော်သို့ ပြန်ပို့ပြီး ချူယိ ကို ထားခဲ့ပြီးနောက် လုံယန်နန်းတော်သို့ ပြန်သွားခဲ့သည်။

လင်းလီဟွားသည် မြို့စား၏အိမ်တော်တွင် နောက်တစ်ကြိမ် ခြေချရန် ဆန္ဒမရှိတော့ဘဲ လုလျန့်ဝေ အားပြန်ပို့ပြီးနောက် ချူယိ နှင့် အတူ ထွက်ခွာသွားခဲ့သည်။

လုလျန့်ဝေ သည်သူမအမေနဲ့ အချိန်ပိုနေချင်သော်လည်း သူမအမေသည် သူမအဖေအပေါ် နာကြည်းမှုများကြောင့် မြို့စားအိမ်တော်ထဲသို့ လွယ်လွယ်ကူကူ မဝင်ချင်ခဲ့။ ထို့ကြောင့် သူမအား ဆက်နေရန် အတင်းအကြပ် မလုပ်တော့ပေ။

သူမထွက်သွားတာကိုကြည့်ပြီးနောက် လုလျန့်ဝေက စိတ်ရှုပ်နေသောဖခင်ကို အိမ်တော်ထဲသို့ ဝင်ရန်ကူညီပေးခဲ့သည်။

မြို့စားကတော်ဟောင်း သည် သူမ၏စိတ်ရှုပ်နေတဲ့သားကိုကြည့်ရင်း ဘာလုပ်ရမှန်းမသိအောင် ဆုံးရှုံးသွားသလိုခံစားရရင်း သက်ပြင်းချလိုက်သည်

“ဝေဝေ သမီးမနက်ဖြန် လက်ထပ်တော့မှာလေ သမီးမှာ လုပ်စရာတွေ အများကြီးရှိသေးတယ် အဖေ့အတွက် စိတ်မပူပါနဲ့ အရင်ပြန်နှင့်ပါ”

လုဟယ့်ထျန်းသည် သူမလက်ကို ဆုတ်ကိုင်လိုက်ပြီး သမီးဖြစ်သူအား အားတင်းပြုံးကာ ပြောလိုက်သည်

လုလျန့်ဝေ သည် သူ၏ခံစားချက်များကို နားလည်ပေးပြီး ခေါင်းညိတ်လိုက်တယ်။

“ဟုတ် အဖေလည်း ပင်ပန်းနေပြီမို့ လို့မြန်မြန်လေး အနားယူလိုက်နော် သမီးမနက်ဖြန်လက်ထပ်တော့မှာဆိုတော့ အဖေ့ကိုစိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့တွေ့ချင်သေးတယ်..”

Chapter 509

သူ့သမီး၏မျက်နှာကိုကြည့်ရင်း လီဟွားနှင့်ဆင်တူသောကြောင့် လုဟယ့်ထျန်း သည် သူမ၏ဆံပင်များကို မနေနိုင်စွာ ပွတ်သပ်မိသည်။

“အင်း မနက်ဖြန် အဖေ့ကို စိတ်ထက်ထက်သန်သန်နဲ့ မြင် စေရမယ်လို့ ကတိပေးတယ်”

လုလျန့်ဝေ သည်ဒါကိုကြားတော့ စိတ်သက်သာရာရပြီး ခေါင်းညိတ်လိုက်တယ်။

“ဟုတ်”

လုဟယ့်ထျန်း က သဘောကျစွာ ခေါင်းညိတ်လိုက်သည်။

လုလျန့်ဝေ သည် ဆည်းဆာ တရားရုံးသို့ အမြန်မပြန်ဘဲ မြို့စားကတော်ဟောင်းကိုတွေ့ရန် အသက်ရှည်ခန်းမ သို့သွားခဲ့သည်။

“မနက်ဖြန် ပဲလက်ထပ်တော့မယ် အဖွားဆီ ဘာလို့ လာနေသေးတာလဲ။”

မြို့စားကတော်ဟောင်း က သူ့မအား ကြိမ်းမောင်းလေသည်။

“အဖွား အဖေနဲ့အမေကြားက ဘာဖြစ်သွားလဲ သမီးသိချင်လို့ပါ”

“ပြောပါ အဖွား အဖေ့ကို ဒီလိုမြင်ရတာ သိပ်အဆင်မပြေဘူး”

သူမ၏ဖခင်သည် သူ့အမေရှေ့တွင် ပြုမူပုံကို မြင်ရုံဖြင့် ယောင်ဝါးဝါးဖြင့် မှန်းဆနိုင်သည်။

အမြဲတမ်း သိက္ခာရှိပြီး ပညာရှိသော သူမ၏ဖခင်သည် သူမ၏မိခင်ရှေ့တွင် ရိုကျိုးစွာ ပြုမူနေပုံမှာ ထင်ရှားသည်။

များသောအားဖြင့် ရဲရင့်ပြီး ထက်သန်သော အမျိုးသားတစ်ဦးသည် ဇနီးသည်ရှေ့တွင် အလွန်နှိမ့်ချနေပြီ သူမမိခင်၏ယုံကြည်မှုကို သစ္စာဖောက်ရန် တစ်စုံတစ်ခုပြုလုပ်ခဲ့သည်ဟု ဝန်ခံရန်မလိုအပ်ပေ။

“အင်း သမီးက အရွယ်ရောက်နေပြီ သမီးကိုပြောပြရတာ မနာကျင်လောက်ဘူးလို့ အဖွားထင်တယ်”

ဒါကိုကြားတော့ လုလျန့်ဝေ က သူမရဲ့ အနေအထိုင်ကို အမြန်ပြုပြင်ပြီး နားစွင့်လိုက်သည်။

အသက်ရှည်ခန်းမမှ ပြန်လာပြီးနောက် လုလျန့်ဝေ သည် သူမ၏ ဝတ်တင်ခုံရှေ့တွင် ထိုင်ကာ သူမ၏ မိဘများ၏ ဇာတ်လမ်းကို တိတ်တိတ်ဆိတ်ဆိတ် ပြန်တွေးနေလေသည်။

အဖွားပြောစကားအရ သူမအဖေသည် အမေ့အား လေးလေးနက်နက် ချစ်သည်။

ထို့အပြင် အဖေသည် အမေ့အပေါ် စွဲလမ်းမှုများစွာရှိပြီး အမေ၏ ပင်ကိုယ်စရိုက်သည် အခုကကဲ့သို့မဟုတ်ပေ။

အမေသည် ယခင်က တက်ကြွပြီး ကြင်နာတတ်သူဖြစ်သည်။ သူမသည် ကိုယ်ခံပညာလောကတွင် ကျင်လည်နေသော်လည်း သူမသည် မည်သည့်အခါမှ သူတစ်ပါးအသက်မယူခဲ့ပေ အမှန်တရားသည် လူအများက သူမအား အကြွေးတင်ခဲ့ကြသည်။

အဲဒီအထဲတွင်အမေ ကယ်တင်ခဲ့သော အမျိုးသမီးဇန်းလည်း ပါဝင်ခဲ့သည်

လွန်ခဲ့သောနှစ်များစွာက အမျိုးသမီးဇန်း၏ မိသားစုသည် သူတို့၏ကံကြမ္မာ ကျဆင်းမှုကို တွေ့ခဲ့ရသည်။ အစတွင် သူမအား ပြည့်တန်ဆာရုံတစ်ခုတွင် ရောင်းစားတော့မည်ဖြစ်သော်လည်း အမေက သူမကို ကယ်တင်ခဲ့ပြီး ညီမအဖြစ် မှတ်ယူခဲ့သည်။

သို့သော် တစ်နေ့တွင် ဖခင်သည် အရက်မူးပြီး အမျိုးသမီးဇန်းနှင့် ခန္ဓာကိုယ်ချင်းရင်းနှီးခဲ့သည်။

အဖေသည် အမေ့ရဲ့စရိုက်ကို ကောင်းကောင်းနားလည်သည့်အတွက် အမှန်တရားကို လျှို့ဝှက်ထားခဲ့သည်

တစ်နေ့မှာတော့ လုလျန့်ဝေ ကို မီးဖွားပြီးနောက် အကျဉ်းချခံထားရတဲ့ အမျိုးသမီးဇန်းသည် ကလေးတစ်ယောက်နဲ့အတူ သူတို့ရဲ့အိမ်တံခါးကို ရောက်လာခဲ့လေသည်။ သူမသည် ဤကလေးသည် အဖေ့၏သားဖြစ်ကြောင်း အမေ့အား ပြောပြခဲ့ပြီး သူမကိုယ်တိုင်လည်း မည်သည့်ဂုဏ် နာမည်မှ မလိုအပ်ဘဲ ကလေးကို သူမကလေးအဖြစ်ယူရန် အမေ့ကို တောင်းဆိုခဲ့သည်။

အဖွားပြောစကားအရ အမေသည် ဒေါသအရမ်းထွက်ပြီး သွေးအန်ကာ မူးလဲသွားသည်

ဒီအကြောင်းကို အဖေသိပြီး နောက်မှာတော့ အမျိုးသမီးဇန်းကို သတ်ပစ်ချင်ခဲ့သော်လည်း အမေသည် သူ့ကိုတားဖို့ အချိန်မီ နိုးလာခဲ့သည်။ သူမသည် အမျိုးသမီးဇန်းအား သူ၏ဒုတိယဇနီးအဖြစ်ယူကာ ကလေးအဖြစ်အသိအမှတ်ပြုရန်ပင် တောင်းဆိုခဲ့သည်။

အဖွား၏အဆိုအရ ထိုအချိန်တွင် အမေသည် တည်ငြိမ်နေပုံရသော်လည်း တကယ်တော့ အဖေကို မုန်းတီးမှုအပြည့်ရှိနေသည်။

သူမသည် အရာအားလုံးကို စနစ်တကျစီစဉ်ပြီး တစ်နေ့တွင် အဖေသတိမထားမိသည့်အချိန် ထွက်သွားခဲ့သည်။

ဖေဖေသည် နောက်ဆုံးသိလိုက်သောအခါတွင် ချောက်ကမ်းပါးဆီသို့ ပြေးသွားပြီး သူ့မျက်စိရှေ့မှ ခုန်ချသွားသည်ကို မြင်ရုံမျှဖြင့် အရူးတစ်ယောက်လို သူ့နောက်သို့ လိုက်သွားခဲ့သည်။

ထို့နောက် အဖေဖြစ်သူက သူ့ကိုရှာရန် ချောက်ကမ်းပါးအောက်ခြေသို့ ဆင်းသွားခဲ့သည်။ သားရဲတစ်ကောင်သည် သူမကို ကိုက်စားလိုက်သည်ဟုထင်ပြီး အဲဒီနေရာမှာ သားရဲအကုန်လုံးကို သတ်ပစ်လိုက်တော့သည်။ အဖွား သူ့ကို နောက်ဆုံး‌ရှာတွေ့သည့်အချိန်မှာတော့ သားရဲတစ်ဝက်လောက်က သေသွားခဲ့ပြီဖြစ်သည်။

အဲဒီတုန်းက အဖွားသည် သူ့ကို ပြန်ခေါ်လာဖို့ အတင်းအကြပ် နည်းလမ်းတွေ သုံးခဲ့ရသည်။

လုလျန့်ဝေက ဤအရာမှာ အဖေ့အပေါ် အမေ၏လက်စားချေခြင်းဖြစ်သည်ကို သိပေသည်။

သူမသေဆုံးမှုကို အတုလုပ်ပြီး ထွက်ပြေးသွားကာ ဖခင်ဖြစ်သူအား ပြင်းထန်စွာ ထိုးနှက်ချက်ပေးခဲ့သည်။

အမေသည် သူမတို့အား ဆယ်နှစ်ကျော်ကြာအောင် ထားခဲ့ပေသည်။ လုလျန့်ဝေသာ အိမ်ထောင်မပြုပါက သူမ လုံးဝ ပြန်လာတော့မည်မဟုတ်‌ပေ။

အဖေ့အပေါ် မုန်းတီးမှုသည် အချိန်နှင့်အမျှ မှေးမှိန်မသွားကြောင်း သူမ၏ ဆုံးဖြတ်ချက်က ပြသနေခဲ့သည် ။

All Chapters