← Chapters

အခန်း (၅၁၀-၅၁၂)

Vol. 11 Ch. 510-512

အခန်း (၅၁၀-၅၁၂)

Vol. 11 Ch. 510-512

Chapter 510

အဖေ အမေကို ကြည့်နေပုံသည် သူမအား လေးလေးနက်နက် ချစ်နေသေးသည်မှာ ထင်ရှားလှသည်။

လုလျန့်ဝေသည် သူမ၏မျက်ခုံးများကိုကျုံ့လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူမ၏ဖခင်သည် အကြင်နာကင်းမဲ့သော လူယုတ်မာဖြစ်ကြောင်း သူမယုံကြည်ရန် ဝန်လေးနေခဲ့သည်။

ရုပ်ရည်တစ်ခုတည်းနဲ့ပြောရရင် အမျိုးသမီးဇန်းရဲ့ အလှသည်အမေ့ရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိသလို သူမရဲ့ မလိုလားအပ်သော စိတ်နေစိတ်ထားကို‌ေတာင်ဖော်ပြမထားပေ။

အဖေသည် အမျိုးသမီးဇန်းအတွက် အမေ့ကို သစ္စာဖောက်လိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

သို့သော် အမျိုးသမီးဇန်းသည် လုယွင်ရွှမ်းကို အဖေနှင့်အတူ မွေးဖွားခဲ့သည်မှာ ငြင်းမရသောအချက်ဖြစ်သည်။

သူမ၏ရှုပ်ယှက်ခတ်နေသော နဖူးကို ပွတ်လိုက်သည်။

အဖေသာ အမေကို အရမ်းချစ်ရင် အမေဝမ်းနည်းအောင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။

အရာအားလုံးသည် ထင်သလောက် မရိုးရှင်းဘူးဆိုသည့်ခံစားချက်မျိုး သူမ ခံစားလိုက်ရသည်။ အမျိုးသမီးဇန်းကို ထိခဲ့သည့် အဖေ မတော်တဆဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် အဖေကြို၍ ကြံစည်ခဲ့တာဖြစ်နိုင်သည်

ဤအတွေးကြောင့်သူမ မျက်လုံးများက တောက်ပလာသည်။

ဟုတ်တယ်... လုယွင်ရွှမ်းက လုံချီကို မူလလူဆီက လုယူခဲ့ပြီး သူတို့နှစ်ယောက်က ဆက်ဆံရေးတစ်ခုရှိခဲ့ကြတယ်။

စာအုပ်ထဲမှာ လုယွင်ရွှမ်းရဲ့ အကြံအစည် ဟု မဖော်ပြထားပေ။သူတို့ နှစ်ယောက် မူးယစ်ဆေးဝါး သုံးစွဲပြီး အတူတူ နေခိုင်းချင်းခံရသည် သာ ဖြစ်သည် ။

သို့သော် လုယွင်ရွှမ်းသည် မည်မျှပင် အပြစ်ကင်းသည်ဖြစ်စေ သူမသည် အခြားသူ၏ယောက်ျားကို ခိုးယူသွားသော အငယ်အနှောင်းအဖြစ်သာ ရှိသေးသည်။

အမျိုးသမီးဇန်း၏သမီးအနေဖြင့် လုယွင်ရွှမ်းသည် သူမအမေဖြစ်သူ၏ အကျင့်ပျက်ခြစားမှုကို အမွေဆက်ခံနိုင်ခဲ့ပေသည်။

လုလျန့်ဝေက ရယ်မောလိုက်သည်။ ဒီအမေနဲ့သမီးက ဘယ်လောက်တောင် ရွံ့စရာကောင်းလိုက်လဲ။

အမျိုးသမီးဇန်းသည် သူမမိဘနှစ်ပါးကို ခွဲခွာစေ ရန် ညစ်ညမ်းသောနည်းလမ်းကို အမှန်တကယ်အသုံးပြုခဲ့သည်ကို သူမတွေ့ရှိခဲ့ပါက ထိုသူဘဝ၏သည် ငရဲဖြစ်လာမည်မှာ သေချာသည်။

ကျိုးယွီသည် လက်ဖက်ရည်ကို ယူလာကာ သူမ၏ မျက်လုံးထဲတွင် လှောင်ရယ်နေသော အရိပ်အယောင်ကို မြင်လိုက်ရတော့ အံ့ဩသွားလေသည်။

အသိပြန်ဝင်လာတော့ လုလျန့်ဝေက သူမဆီက လက်ဖက်ရည်ခွက်ကိုယူကာ စိတ်ချလက်ချပြုံးလိုက်သည်။

“ သခင်မလေးရဲ့အမူအရာကအရမ်းကြောက်ဖို့ကောင်းတယ်”

လုလျန့်ဝေလက်ဖက်ရည်သောက်ရင်း မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။

ကျိုးယွီသည် သူ့အဝတ်များ၏ ချည်သားကြိုးကို ဆုပ်ကိုင်ထားကာ ခဏတာ ရှက်ရွံ့စွာ ကြည့်ရင်း ခေါင်းငုံ့ထားသည်။

“ဒါ ကျွန်မအမှားပါ ကျွန်မသာ သခင်မလေးကို စာမပို့ရင် ဆေးဆိုင်ကို သွားဖြစ်မှာမဟုတ်ဘူး…”

ဘုရားသခင်ရဲ့ကျေးဇူးကြောင့်သာသခင်မလေး ချောမောစွာ ပြန်ရောက်လာခဲ့ပေသည်။ မဟုတ်ပါက ကျိုးယွီသည် ကွယ်လွန်သွားသည့်တိုင် သူမ၏ အမှားအတွက် သူ့ကိုယ်သူ ခွင့်လွှတ်နိုင်မည်မဟုတ်ပေ။

“ဒါက နင်နဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ ငါ ပြန်လာခဲ့တာပဲမဟုတ်ဘူးလား”

“ ပြန်လာပေးခဲ့လို့ကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်မအမှားအတွက် အသက်ကို စွန့်လွှတ်ဖို့လုပ်မိမှာ”

“နင်နဲ့မဆိုင်ဘူးလို့ ငါပြောထားပြီးသားလေ နင်ကဘာလို့အဲလိုလုပ်နေတာလဲ။ နင်ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ချင်တာလား”

“ဒါဆို ကောင်းပြီလေ စကားမစပ် ချူကျူဘယ်မှာလဲ ငါပြန်ရောက်တာ ကြာပြီ သူ့ကိုမတွေ့ရသေးဘူး”

“အနည်းဆုံးတော့ သူ့အမှားကို သူနားလည်ပါတယ် သခင်မလေးကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့လို့ သူမရဲ့ တာဝန်ကို လစ်လျူရှုခဲ့မိတာအမှန်ပဲလေ ဘုရားသခင်ရဲ့ကျေးဇူးကြောင့် သခင်မလေးအဆင်ပြေပေလို့…”

သူမ ပြောမ‌ပြီးခင်တွင် လုလျန့်ဝေသည် ထွက်သွားတော့သည် ။

ချူကျူ သည် ခြံဝင်းထဲတွင် အမှန်တကယ် ဒူးထောက်နေလေသည်။

လုလျန့်ဝေပေါ်လာတာကိုမြင်တော့ သူမခေါင်းကို မြေကြီးပေါ်ရိုက်ချလိုက်သည်။

“သခင်မလေးကိုကာကွယ်ဖို့ ပျက်ကွက်ခဲ့ပြီး ကျွန်မတာဝန်ကို လစ်လျူရှုမိခဲ့တယ် သခင်မလေး.. ကျွန်မကို အပြစ်ပေးပါ”

Chapter 511: သူမကို ပြင်းပြင်း ထန်ထန်နာကျင်စေမိပြီ

လုလျန့်ဝေ မျက်မှောင်ကြုတ်လျက် အရှေ့ အမြန်တက်လာကာ သူမအားကူတွဲပေးလိုက် သည်။

“ဘာတွေပြောနေတာလဲ။ ငါကဘာလို့ နင့်ကို အပြစ်တင်ရမှာလဲ။ ဘာလို့ နင်တို့အကုန်လုံးအပြစ်ပဲအတင်ခံချင်နေရတာလဲ။”

ချူကျူကတော့ ထချင်စိတ်မရှိပေ။ သူမ လုလျန့်ဝေကို ကာကွယ်ဖို့ပျက်ကွက်ခဲ့သည် မှာ မှန်သောကြောင့် အပြစ်ပေးခံရသင့်သည်။

“တစ်ခုခုလွဲနေပြီဆိုတာကို ကျွန်မသတိမထား မိလိုက်တာကြောင့်ပါ။ ကျေးဇူးပြုပြီး ကျွန်မကို အပြစ်ပေးတော်မူပါ သခင်မလေး”

ထိုအချိန်က ပြန်ပေးဆွဲသွားသူမှာ သခင်‌မလေး၏အမေမဟုတ်ပဲ တခြားတစ်ယောက်သာဖြစ်နေပါလျှင် သခင်မလေးတကယ်အန္တရာယ်ထဲကျရောက် သွားမှာဖြစ်သည်။ သူမ အကြိမ်တစ်ရာ သေလိုက်လျှင်တောင် ထိုအမှားကို ပြန်လည် မပြင်ဆင်နိုင်ပေ။

သခင်က သူမကိုအပြစ်မပေးလိုပေ။ သခင် ပြောသည်မှာ သူမကို သခင်မလေးပိုင်သွားပြီ ဖြစ်တာကြောင့် သခင်မလေးရဲ့ဆန္ဒနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် သူမအနေနှင့် ဤနေရာ၌ဒူးထောက်လျက်သာ သခင်မလေး သူမကိုအပြစ်ပေးဖို့ တောင်းပန်နေရသည်။

လုလျန့်ဝေ သူမမျက်နှာအား စိတ်ပျက် လက်ပျက်အုပ်လိုက်မိသည်။

“နင်ဘာလို့ ဒီလောက်တောင်ရူးမိုက်ရတာလဲ။ နင်က နင့်ကိုယ်နင်သတိဝီရိယမရှိဘူးဆိုပြီး အပြစ်ပေးစေချင်တယ်ဆိုရင် ငါ့ကိုယ်ငါ အရင်အပြစ်ပေးသင့်တာမဟုတ်ဘူးလား။ ပြီးတော့လည်း ဒီကိစ္စက သခင်မလင်းကိုယုံလို့ ငါကိုယ်တိုင်ဆုံးဖြတ်ခဲ့တာပဲလေ။ နင်ပြောတဲ့အတိုင်းသာဆို ငါ့ကိုယ်ငါအရင် အပြစ်ပေးသင့်တာပေါ့”

ချူကျူ မျက်မှောင်ကြုတ်မိသွားကာ

“သခင်မလေးကို အပြစ်တင်ရမှာမဟုတ်ပါဘူး…”

“နင်လည်းအတူတူပဲလေ”

လုလျန့်ဝေ သက်ပြင်းချလိုက်ကာ အသံကိုနှိမ့်လျက်

“ငါနင့်ကိုအခုချက်ချင်းထဖို့ အမိန့်ပေးနေတယ်နော်”

ချူကျူ သူမအားတုံ့ဆိုင်းစွာကြည့်လာသည်။

လုလျန့်ဝေ စိတ်တိုတိုနှင့်ရယ်လိုက်မိသည်။ ထို့နောက် သူမပြောလာ၏။

ထိုစကားကြားတော့မှ ချူကျူ အမြန်ထရပ် လိုက်သည်။

လုလျန့်ဝေ၏နှုတ်ခမ်းတွေမဲ့ကျသွားရသည်။ ချူကျူ့ဘယ်လက်မောင်းရှိ ဆေးမထည့်ရ သေးတဲ့ ဒဏ်ရာကိုမြင်တော့ သူမ မျက်မှောင်ကြုတ်သွားရပြန်သည်။

“လာခဲ့ နင့်ဒဏ်ရာကိုအရင်ဆေးထည့်ပေးမယ်”

လုလျန့်ဝေ သူမလက်ကို‌ဆွဲကာ ဆေးခန်းထဲသို့ဦးတည်လိုက်သည်။ လမ်းလျှောက်နေရင်း သူမ ချူကျူ၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်ရာ ပုံမှန် အတိုင်းဖြစ်နေသည်ကိုတွေ့မှ စိတ်သက်သာရာရသွားသည်။

…

လုထင်ချန်း ဆေးကြောပြီးလျှင် ဝေဝေကို သွားကြည့်မည်ဟုတွေးကာ သူ့ခြံ၀န်း‌ဆီ ပြန်လာလိုက်သည်။

မနက်ဖြန်‌ဆို သူမလက်ထပ်တော့မှာ ဖြစ်တာကြောင့် သူ သူမကိုသွားတွေ့နိုင်တော့ မှာ မဟုတ်ပေ။

သို့သော် သူခြံ၀န်းထဲခြေချရုံသာရှိသေး သူ့အဖေသူ့နောက်မှလိုက်၀င်လာသည်။

လုဟယ့်ထျန်း တစ်ခွန်းမှမဆိုပဲဧည့်ခန်းထဲသို့ ၀င်လာကာ ထိုင်ခုံပေါ်၌ ထိုင်ချလိုက်သည်။

လုထင်ချန်းလည်း ဓားကိုဘေး၌ချလိုက်ကာ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်သည်။

လုဟယ့်ထျန်းလည်း တစ်ငုံသောက်လိုက်ရင်း ခပ်တည်တည်လုပ်ကာ ပြောလာ၏။

“ဒါနဲ့ မင်းအမေရော အခုဘယ်မှာနေနေလဲ။”

ထိုစကားကိုကြားတော့ အဖေဖြစ်သူမှာ မိခင်ဖြစ်သူအကြောင်းမေးရန် သူ့ဆီလာခဲ့ သည်‌ဆိုတာ လုထင်ချန်း နားလည်လိုက်သည်။

“အဖေ, ကျွန်တော်မပြောပြချင်လို့ မဟုတ်ပါဘူး။ အဖေသွားရင်တောင် အမေက အဖေ့ကိုမြင်ချင်မှာမဟုတ်ပါဘူး။ သူမကို စိတ်ပျက်အောင်ပဲ လုပ်မိပါလိမ့်မယ်”

ထိုသို့ကြားတော့ လုဟယ့်ထျန်း သူ့အား စိုက်ကြည့်လိုက်မိသည်။

“လျန်မိသားစုရဲ့သမီး…”

လုဟယ့်ထျန်း လက်ဖက်ရည်ခွက်ကိုကိုင်ရင်း သာမန်ကာ လျှံကာပြောလာ၏။

လုထင်ချန်း အေးခဲသွားကာ သူ၏ချောမော သောမျက်နှာမှာ ချက်ချင်းပင်ရှုံ့မဲ့သွားရ သည်။

အဖေက သူ့ကိုခြိမ်းခြောက်ဖို့ လျန်မိသားစုက သတ္တိခဲမိန်းကလေးတွေကို ထုတ်သုံးပြန်ပြီ

ဒါပေမယ့်လည်း –

“အဖေ ကျွန်တော့်ကို လျန်မိသားစုက မိန်းကလေးနဲ့ လက်ထပ်စေချင်တယ်ဆိုရင် တောင် ကျွန်တော်သဘောမတူနိုင်ဘူး။ အဖေ အမေ့ကိုသစ္စာဖောက်ခဲ့လို့ ဒီနှစ်တွေအတွင်း အမေခံစားခဲ့ရတာ။ ကျွန်တော့်ကိုယ်ကျိုး အတွက်နဲ့ အမေ့ကိုသစ္စာမဖောက်နိုင်ပါဘူး”

လုထင်ချန်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။

လုဟယ့်ထျန်း၏ရင်ဘတ်ထဲ တင်းကျပ်သွားရ သည်။

လီဟွား ဒီနှစ်တွေအတွင်းမှာ အများကြီး ခံစားခဲ့ရတယ်ပေါ့။

သူခဏလောက်တိတ်ဆိတ်သွားကာ ‌နောက်ဆုံး၌ လီဟွားဘယ်မှာရှိနေလဲဆိုတာ ထပ်မမေးတော့ပဲ ထထွက်လာလိုက်သည်။

သူ့အဖေထွက်သွားတာကိုမြင်တော့ လုထင်ချန်းလည်း မပျော်မရွှင်ဖြစ်ကျန်ခဲ့ရ သည်။

ငယ်ရွယ်စဉ်ကတည်းက သူ့အဖေကို အရပ် ရှည်ပြီးသန်မာတဲ့လူလို့ အမြဲထင်ခဲ့တာဆိုပေ မယ့် ယခု သူ့အဖေရဲ့ငုံ့ကိုင်းနေတဲ့ကျောရိုးကို မြင်တော့ အနည်းငယ်မသက်မသာဖြစ်သွားရ သည်။

အဖေနဲ့အမေဘာလို့ဒီလိုတွေဖြစ်သွားရတာ လဲ။

ဘာလို့ သူ့အမေက အဖေ့ကိုကြည့်ရင် ရန်သူကိုကြည့်သလိုကြည့်နေရတာလဲ။

အဲ့တုန်းက အဖေ သူမကိုတကယ် ပြင်းပြင်း ထန်ထန် နာကျင်စေခဲ့တာလား။

Chapter 512: သူ့ကိုမူးအောင်တိုက် လိုက် အဲ့တာဆို မနက်ဖြန်လက်ထပ် လို့မရတော့ဘူး

လုထင်ချန်းမှာ ငယ်စဉ်ကထဲက မက်ခဲ့ရသည့် အိပ်မက်တစ်ခုရှိသည်။ ထိုအရာမှာ သူ၏ ကွယ်လွန်သွားသောမိခင် တစ်နေ့မှာ ပြန်ရောက်လာပြီး မိသားစုစုံစုံလင်လင် ညစာစားရဖို့ပင်။

အခုသူ့မိခင်ပြန်လာပြီဆိုပေမယ့် မိသားစု၀င် တွေအတူထမင်းလက်‌ဆုံစားဖို့ရာက မဖြစ်နိုင် သည့်ဆန္ဒတစ်ခုဖြစ်နေဆဲပင်။

လုထင်ချန်း၏မျက်လုံးတွေမှာ မှုန်းမှိုင်းသွား ရသည်။

..

မနက်ဖြန်ဆိုလျှင် လုလျန့်ဝေ လက်ထပ်ရ တော့မည်ဖြစ်တာကြောင့် အိမ်တော်တစ်ခုလုံး ပျားပန်းခတ်မျှ အလုပ်ရှုပ်နေ၏။ ကျူးယွီမှာ တစ်နေရာထဲ၌ ကြာကြာရပ်နေချိန်ပင်မရှိရာ လက်မောင်း ဒဏ်ရာရထားသည့် ချူကျူမှာလည်း မနားရပါချေ။

ထိုအချိန်တွင် လုထင်ချန်း ဝိုင်တစ်ကရား ကိုင်ရင်း နေ၀င်ဆည်းဆာခြံ၀န်းထဲ ၀င်လာလိုက်သည်။

လုလျန့်ဝေမှာ နန်းတော်မှပို့လိုက်သည့် မင်္ဂလာ၀တ်စုံကိုစမ်း၀တ်ကြည့်နေတာဖြစ် သည်။

မင်္ဂလာ၀တ်စုံကို အစောထဲက သူမဆီပို့ထား ပေးတာဖြစ်ပေမယ့် အနည်းငယ်ချောင်နေ တာကြောင့် ပြင်ရန်ပြန်ပို့ထားတာဖြစ်သည်။

လုလျန့်ဝေ ယခုတစ်ခါထပ်၀တ်ကြည့်လိုက် တော့ သူမနှင့်ကွက်တိဖြစ်နေတာကို တွေ့လိုက်ရသည်။ လုထင်ချန်း ဝိုင်ပုလင်း ကိုင်လျက် အခန်းထဲ၀င်လာသည်ကိုမြင်တော့ သူမ မင်္ဂလာ၀တ်စုံကို ပြန်လဲရန်ပြင်လိုက် သည်။

လုထင်ချန်း တံခါးဘောင်ကိုမှီရင်း တောက်ပသော အနီရောင်မင်္ဂလာ၀တ်စုံနှင့် အခန်းထဲ၌ရပ်နေသည့် မိန်းမငယ်လေးကို ကြည့်လိုက်ရာ သူခဏတာမျှ ငေးမောမိသွား ရသည်။

အချိန်တွေက တကယ်အကုန်မြန်တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာ သူမကြီးပြင်းလာ တဲ့တစ်လျှောက် သူကိုယ်တိုင်ကြည့်ရှု စောင့်ရှောက်ပေးခဲ့တဲ့ ညီမဖြစ်သူတောင် လက်ထပ်ရတော့မည်။

လုထင်ချန်း သက်ပြင်းချလိုက်ကာ သူမကို ဝိုင်ကရားမြှောက်ပြရင်း

“မင်းက မနက်ဖြန်‌ဆို လက်ထပ်ရတော့မှာလေ။ အဲ့တာကြောင့် မင်းနဲ့အတူသောက်မလို့လာတာ။ ငါ့နည်း ငါ့ဟန်နဲ့နှုတ်ဆက်ချင်လို့”

လုလျန့်ဝေမှာ သူမ တစ်ခွက်သာသောက်နိုင် သည်ကိုသတိရသွားကာ နှုတ်ခမ်းမဲ့သွားရ သည်။ မနက်ဖြန် သူမလက်ထပ်ရတော့မှာကို သိရဲ့သားနဲ့ အရက်သောက်ချင်နေသေးတယ် ။ သူမ အရက်မူးပြီး မနက်ဖြန် လက်ထပ်ပွဲ မသွားနိုင်တော့အောင် လာလုပ်နေတာလား။

ချူကျူသူမအားအရင်ကြည့်ကာ ထို့နောက် လုထင်ချန်းအားကြည့်လိုက်သည်။ သူမ အကြံပေးလိုသည့်စကားလုံးများကို ပြန်လည် မျိုချလိုက်ကာ တစ်ခုခုပြောချင်နေဟန်ရ သည့် ကျူးယွီကို သူမနှင့်အတူ အပြင်ဘက် သို့ဆွဲခေါ်လာလိုက်သည်။

ကျူးယွီမှာ အခန်းအပြင်သို့အတင်းဆွဲထုတ် ခံလိုက်ရ‌တာကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားရသည်။

“ချူကျူ, သခင်မလေးက မနက်ဖြန်‌ဆို လက်ထပ်ရတော့မှာ။ နင်က သခင်မလေးကို မသောက်ဖို့မတားရုံတင်မကပဲ ငါ့ကိုပါ အပြင် ဆွဲထုတ်လာသေးတယ်”

ချူကျူ လှေကားထက်၌ထိုင်ကာ ‌မေးစေ့ထောက်လိုက်သည်။ ထို့နောက် ကြယ်တွေဖြင့်လှပနေသည့် ညကောင်းကင်ယံကိုကြည့်ကာ နူးညံ့စွာ ပြောလာ၏။

“ဆက်ခံသူသခင်လေးလု စိတ်အခြေအနေမကောင်းတာ နင်မမြင်ဘူး လား။ သခင်မလေးတောင်သိတယ်။ သူတို့မောင်နှမက တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြတဲ့အပြင် အခုဆို သခင်‌မလေးက လက်ထပ်ရတော့မှာ။ သခင်မလေးလည်း မကြာခဏတော့ အိမ်ပြန် လာမှာဆိုပေမယ့် လက်ထပ်လိုက်ပြီဆိုတဲ့ အမှန်တရားကတော့ ပြောင်းလဲမသွားဘူး လေ။ သခင်လေးက သခင်မလေးကို မလွှတ်ချင်သေးပဲ ဒီညကို သခင်မလေးနဲ့ အတူသောက်ပြီး ကုန်‌ဆုံးချင်နေတာ။ အဲ့တာကို နင်ကဘာလို့သူတို့ကို တားချင်နေ ရတာလဲ။”

ကျူးယွီ၏ မပျော်မရွှင်ဖြစ်မှုများမှာ ထိုစကားကြားတော့ ပျောက်ကွယ်သွားရကာ သူမလည်းပဲ မှုန်မှိုင်းသွားရသည်။

ထို့နောက် စကပ်မကာ ချူကျူဘေး၌ ထိုင်ရင်း ချူကျူအားလှည့်ကြည့်လိုက်ရာ ရုတ်တရက် ဒီည ချူကျူနည်းနည်းပုံမှန်နဲ့ မတူတာကိုခံစားမိလိုက်သည်။ ချူကျူ၏ မျက်နှာမှာ အမြဲအေးစက်ကာ ခပ်ခွာခွာနေပုံ ပေါ်ပေမယ့် ယနေ့တွင်တော့ သူမမျက်နှာမှာ နူးညံ့နေကာ မိန်းမဆန်သည့်ပုံပေါ်နေသည်။

ထိုအတွေးကိုသတိထားမိသွားတော့ ကျူးယွီ ကိုယ့်ပါးကိုယ်ပြန်ရိုက်ချင်သွားရသည်။

ချူကျူလို ယောကျာ်းလျာကို မိန်းကလေးဆန်တယ်လို့တွေးမိတာ သူမ ရူးသွားတာပင်ဖြစ်ရမည်။

ထိုသို့တွေးမိပြီးနောက် သူမကိုယ့်နေရာ၌သာ ကိုယ်ပြန်ထိုင်လိုက်ကာ ချူကျူနှင့်အဝေးကို သာကြည့်လိုက်သည်။

ချူကျူထိုအရာကိုသတိထားမိပေမယ့် ဘာမှပြောမလာပေ။

သူတို့နှစ်ဦးသား တိတ်တဆိတ်သာ ထိုင်နေခဲ့ကာ စကားတစ်ခွန်းမှမပြောခဲ့ကြ ပေ။

အခန်းထဲ၌ လုလျန့်ဝေ ဝိုင်တစ်ခွက်အပြည့် သောက်ပြီးနောက် အရက်မူးလာပြီဖြစ်ကာ လုထင်ချန်း၏ မျက်နှာကိုကြည့်ရင်း ခေါင်းယမ်းလျက်

“မင်းတကယ် အရက်မသောက်နိုင်တာပဲ။ မင်းက‌တော့ ဘာပဲသောက်သောက်မူးမှာပဲ။ မင်းရဲ့ အရက်ခံနိုင်စွမ်းကိုမြှင့်ပေးဖို့လိုနေပြီ။ အစ်ကိုကြီးတစ်ခုပြောပြမယ်။ ဧကရာဇ်က အရမ်းသောက်နိုင်တာနော်။ ဒီလိုသာဆို ဧကရာဇ်အရက်သောက်ရင် ဘယ်လို အဖော်ပြုပေးမှာလဲ။”

All Chapters