အခန်း (၅၁၃-၅၁၅)
Vol. 11 Ch. 513-515
Chapter 513: လုတင်းချန်ကို သယ်လာတယ်
အရှင်က အရက်အရမ်းသောက်နိုင်တယ်။
လုလျန့်ဝေ အနည်းငယ်အံ့အားသင့်သွားရ သည်။
ရုတ်တရက် လုံချင်းကျီပြန်လာသည်ကို ကြိုဆိုပွဲလုပ်သောညကို သူမသတိရလိုက် သည်။ ထိုညက လုံယန့်ထံမှ အရက်နံ့ ခပ်ပြင်းပြင်းရနေကာ အတော်လေးသောက်ခဲ့ ပုံရသည်။
လုံယန် ရှန်းယန်မင်းသားရဲ့ ဖိတ်ဆိုမှုကို ငြင်းဆန်လိုက်ကတည်းက လုံယန်ရဲ့ အရက်ခံနိုင်စွမ်းက အလယ်အလတ်အဆင့် လောက်ပဲဟု သူမ အမြဲထင်နေခဲ့တာ ဖြစ်သည်။ အဲ့တာဆို သူက အရက်သောက်နိုင်တဲ့သူပေါ့။
ထိုသို့တွေးမိသည်နှင့် သူမမေးစေ့ထောက်ရင်း မေးလိုက်သည်။
“အစ်ကိုကြီးနဲ့ အရှင်နဲ့ဆို ဘယ်သူက ပိုသောက်နိုင်လဲ။”
လုထင်ချန်း ဝိုင်နောက်တစ်ခွက် ထပ်လောင်း ထည့်ရင်း ခေါင်းယမ်းပြလိုက်သည်။
“ငါလဲမသိဘူး။ ဒါပေမယ့် အရှင် တစ်ခါမှ မမူးဖူးသေးဘူး”
“ငါလည်း ဒီနေ့မတိုင်ခင်ထိ တစ်ခါမှ မူးတဲ့အထိ မသောက်ဖူးဘူး”
ထိုစကားကြားတော့ လုလျန့်ဝေ ထူးဆန်းသွားရသည်။ သူဒီနေ့ညမတိုင်ခင်အထိ တစ်ခါမှ မူးတဲ့အထိမသောက်ဖူးဘူးဆိုတာ ဘာကိုပြောချင်တာလဲ။
အစ်ကိုကြီး အရင်ကတစ်ခါမှမူးအောင် မသောက်ဖူးဘူးလား…
ထိုသို့တွေးမိပြီး သူမခွက်ထဲ ဝိုင်အပြည့် လောင်းထည့်လိုက်သည်။ ထို့နောက် လုထင်ချန်းထံ ခွက်မြှောက်လိုက်ကာ
လုထင်ချန်း အနည်းငယ်အံ့အားသင့်သွားပေ မယ့် ခဏအတွင်းမှာပဲ သူ့မျက်နှာထက်၌ ပျော်ရွှင်သည့်အရိပ်အယောင်ပေါ်လာကာ
လုလျန့်ဝေ ခေါင်းတစ်ချက်ခါလိုက်ကာ သူမ ကိုယ်သူမ နိုးကြားသွားအောင်လုပ်လိုက် သည်။ ထို့နောက် ဝိုင်ခွက်ကိုမလျက် နောက်တစ်ခွက်ထပ်သောက်လိုက်တော့ သည်။
လုလျန့်ဝေ နှစ်ခွက်သောက်ပြီး မှောက်သွား ချိန်မှာ အခွက်တစ်ထောင်သောက်ရင်တောင် မမူးသည့် လုတင်းချန်မှာလည်း မမျှော်လင့်ပဲ မှောက်သွားလေသည်။
မောင်နှမနှစ်ယောက်လုံး အရက်မူးပြီး စားပွဲပေါ်၌မှောက်နေကြသည်။
ကျူးယွီနှင့် ချူကျူအခန်းထဲ၀င်လာချိန်၌ စားပွဲပေါ်၌ ရှုပ်ပွနေလေသည်။ ဝိုင်ပုလင်း ဟာ ပြောင်သလင်းခါနေပြီး ပန်းကန်ပြားတွေ နှင့်ခွက်တွေမှာလဲ ဘေး၌ ပြုတ်ကျနေလေ၏။
ထိုအဖြစ်ကိုမြင်တော့ သူမတို့နှစ်ဦး နှုတ်ခမ်း တွေမဲ့သွားရသည်။ ထို့နောက် တစ်ယောက် ကိုတစ်ယောက်ကြည့်ကာ အရှုပ်တွေကို ရှင်းဖို့ပြင်လိုက်သည်။
ချူကျူက သန်မာတာကြောင့် လုလျန့်ဝေ တစ်ယောက်ကိုတော့ အသာလေးစွေ့ခနဲ ချီလိုက်နိုင်သည်။
လုလျန့်ဝေ မူးနေပေမယ့် သူမကို သယ်သွား တာကိုတော့ သိလိုက်သည်။
သူမမျက်လုံးတွေ ပွင့်လာကာ မူးနေသေး သည်ဖြစ်တာကြောင့် ချူကျူအား လုံယန်နှင့် လူမှားသွားလေသည်။
သူမမျက်လုံးတွေကျဉ်းမြောင်းသွားကာ ချူကျူလည်ပင်းအား သိုင်းဖက်ရင်း ပါးပြင် ကိုတစ်ချက်နမ်းရှိုက်လိုက်သည်။
ချူကျူမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပင် ခံစားလိုက်ရသည်။
ချူကျူလည်း ထိုကိစ္စနှင့်ပက်သက်ပြီး ခံစားချက်မကောင်းပေ။ အရှင်သာ သခင်မလေး သူမကိုနမ်းလိုက်တာကို သိသွားရင် သူမကိုစုတ်ဖြဲပစ်လောက်မယ် ထင်တယ်။
ထိုဖြစ်နိုင်ချေကိုတွေးမိပြီး လုလျန့်ဝေကို သယ်ထားသည့် သူမလက်များ အနည်းငယ် မတည်မငြိမ်ဖြစ်သွားရသည်။
ထို့ကြောင့် လုလျန့်ဝေကို အခန်းထဲ အမြန် သယ်သွားကာ အိပ်ရာပေါ်သေသေချာချာ ချပေးပြီးနောက် အခန်းထဲမှ ထွက်လာလိုက် သည်။
လုထင်ချန်း စားပွဲပေါ်၌လဲနေလျက်သာ ရှိသေးသည်ကိုမြင်သော် သူမ အနည်းငယ် တုံ့ဆိုင်းသွားရသည်။
“သခင်လေး, ထပါတော့။ ဒီနေရာမှာ အိပ်လို့ မရဘူးလေ။ အအေးမိလိမ့်မယ်”
သို့သော် လုထင်ချန်းဟာတော့ဖြင့် တစ်စက်မှ မလှုပ်လာပဲ အိပ်မြဲအိပ်နေဆဲပင်။
ကျူးယွီအနည်းငယ်စိုးရိမ်သွားကာ ချူကျူ ဘေး၌ရပ်နေသည်ကိုမြင်တော့ သူမ အမြန် ပြောလိုက်သည်။
“ချူကျူ, ငါ့ကိုကူပြီး ဆက်ခံသူသခင်လေးကို အိပ်ရာထဲကူထည့် ပေးပါဦး။ ငါတို့ ဒီညတော့ သူ့ကိုဒီမှာပဲ သိပ်လိုက်ရအောင်”
သို့သော် ကျူးယွီမှာ အားနည်းလွန်းလှသည်။ သူမ ဘယ်လောက်ပဲကြိုးစားပါစေ လုထင်ချန်းကို မထူနိုင်ချေ။
ချူကျူ အနည်းငယ်စိတ်မရှည်ဖြစ်လာကာ ကျူးယွီကိုဘေးသို့တွန်းပို့ရင်း လုထင်ချန်း ကို ထူလိုက်သည်။
ကျူးယွီ: “........”
သူမ ထိုမြင်ကွင်းကို ကြည့်ပြီး ငေးမောမိသွားရသည်။
Chapter 514: သူမ အနားကပ်လိုက် လေလေ သခင်မလေးဆီကရတဲ့ အရက်နံ့ကပိုပြင်းလေလေပဲ
ကျူးယွီ ခဏလောက် ဘာမှမတုံ့ပြန်နိုင် အောင် ဖြစ်သွားရသည်။
ချူကျူ ဆက်ခံသူသခင်လေးကို သယ်သွားတယ်… သူ သခင်လေးကို လက်မောင်းတွေနဲ့ပွေ့ချီပြီး သယ်သွားတာ…
ချူကျူ အလွန်အားသန်တာကြောင့် မမလေး လို သေးသွယ်ပြီး သိပ်အလေးချိန်မစီးတဲ့ ခန္ဓာကိုယ်ကိုသယ်နိုင်တာကို လက်ခံနိုင်သေး သည်။
ဒါပေမယ့် ဆက်ခံသူသခင်လေးက အရပ်လဲ ရှည်တဲ့အပြင် ခြေထောက်တွေလည်း အရှည် ကြီးပဲလေ။ အရပ်ရှစ်ပေလောက်ရှည်တဲ့ အပြင် သန်မာတဲ့ခန္ဓာကိုယ်လည်းရှိတာကို။ သူမ သူ့ကိုဘယ်လိုများ အဲ့လိုသယ်သွားနိုင် တာလဲ။
(T/N - ဒီမှာပြောထားတဲ့ ရှစ်ပေ ဆိုတာက 185cm – 200cm+ လောက် အရပ်ကိုပြောတာပါ ဟိုလိုရှစ်ပေမဟုတ်ပါဘူးနော်)
ချူကျူ မိန်းကလေးရော ဟုတ်ရဲ့လား။
ချူကျူဟာတော့ လုထင်ချန်းကို အိပ်ရာပေါ် ချပေးပြီးတာနဲ့ အပြေးပြန်ထွက်လာခဲ့သည်။
ကျူးယွီမှာတော့ သူမမြင်လိုက်ရတဲ့မြင်ကွင်း ကြောင့် ကြောင်နေဆဲဖြစ်သည်။
တစ်ခဏကြာမှ သူမအတွေးတွေကို ပြန်လည် စုစည်းလိုက်နိုင်ပြီး အိပ်ရာပေါ်၌ သတိမရှိစွာ လှဲနေသည့် လုထင်ချန်းကို ကြည့်လိုက်မိ သည်။
ဆက်ခံသူသခင်လေးသာ သူ့ကို မိန်းကလေး တစ်ယောက်သယ်ပေးခဲ့တာကိုသိရင် ချူကျူကို သူသတ်ပစ်လောက်လားဟင်။
ကျူးယွီ ထိုအတွေးကြောင့်တုန်ယင်သွားကာ ထပ်မတွေးရဲတော့ပေ။ ထို့နောက် လုထင်ချန်းအား စောင်တစ်ထပ်အမြန်ခြုံပေး လိုက်ကာ ထွက်ခဲ့လိုက်သည်။
နောက်တစ်နေ့၌။
လုထင်ချန်းနိုးလာချိန်၌ သူ့ခေါင်းမှာ ကွဲထွက်လုမတတ်ကိုက်နေသည်။
ထိုအရာမှာ သူစသောက်တတ်ပါပြီဆိုကတည်းက တစ်ခါမှမဖြစ်ဖူးသောအရာပင်။
ဒါပေမယ့် သူမနေ့က ဝိုင်တစ်ကရားထဲ သောက်ပြီးမှောက်သွားခဲ့တာပင်။
လုထင်ချန်း သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ရင်း အခန်းပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။
မနေ့ညက သူမှောက်သွားတော့ တစ်ယောက် ယောက်သူ့ကိုသယ်သွားပေးခဲ့တာဟု သူခံစားမိနေသည်…
မဟုတ်ရင် သူဘာလို့ ဒီလိုထူးထူးဆန်းဆန်း အတွေးမျိုးတွေးမိမှာလဲ။
လုထင်ချန်း တစ်ခုသတိရသွားကာ သူထိုင်နေသည့် နူးညံ့သည့်အိပ်ရာခင်းကို ပြန်ကြည့်လိုက်မိသည်။ ထို့နောက် သိပ်မဝေး သည့်တစ်နေရာမှာရှိသည့် စားပွဲထံ အကြည့် ပို့လိုက်မိသည်။
သူအိပ်ရာပေါ်သို့တွယ်တက်လာခဲ့သည့်ဟူ သောမှတ်ဉာဏ် သူ့ထံတွင်မရှိချေ။ ဒါပေမယ့် သူ့ဘာသာသူဒီအိပ်ရာပေါ်တက်လာတာ မဟုတ်ဘူးဆိုရင် ဘယ်သူတင်ပေးသွားတာ လဲ။
ဝေဝေက သူမမှောက်ခင်ထဲက မှောက်သွားတာဖြစ်သည်။
ဝေဝေ မမူးသေးဘူးဆိုရင်တောင် သူ့ကိုတော့ သယ်နိုင်မှာမဟုတ်ပေ။
ထိုအကြောင်းတွေးနေရင်း သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားရသည်။
ကျူးယွီအထဲ၀င်လာချိန်၌ လုထင်ချန်းနိုးလာ သည်ကိုမြင်တော့ အမူးပြေစွပ်ပြုတ်တစ်ခွက် အမြန်ကမ်းပေးလိုက်သည်။
“သခင်လေး နိုးလာပြီပဲ။ ဒီစွပ်ပြုတ်လေးအမြန်သောက် လိုက်ပါ။ မဟုတ်ရင် လက်ထပ်ပွဲစတဲ့အခါ ကျတော့ ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေမယ်”
သူမပြောသည်ကိုကြားတော့ လုထင်ချန်း သူမအား ခပ်စူးစူးစိုက်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်ပြီး နောက်ဆုံးမှ သူမလက်ထဲမှစွပ်ပြုတ်ကိုယူကာ သောက်လိုက်သည်။
မနေ့ညက သခင်လေးကို အိပ်ရာပေါ် သယ်ပေးခဲ့တဲ့သူက ချူကျူဆိုတာကို သူမ ဘယ်တော့မှထုတ်ပြောမှာမဟုတ်ပေ။ မဟုတ်လျှင် သခင်လေးရဲ့ယောကျာ်းမာန ထိခိုက်ပြီး အဖတ်ပြန်ဆယ်လို့ရမှာမဟုတ် တော့ပေ။
ချူကျူ သူထိုနေရာ၌ထိုင်နေသည်ကို မြင်တော့ ဂရုမစိုက်ဟန်ဖြင့် အခန်းထဲ ၀င်လာလိုက်သည်။
လုထင်ချန်း ကျူးယွီအား ပန်းကန်လုံး ပြန်ပေးနေချိန်မှာ ချူကျူ သူ့အားလျစ်လျူရှုပြီး အတွင်းခန်းထဲ ၀င်သွားသည်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူသူမအား ခက်ထန်စွာ လှမ်းအော်လိုက်သည်။
ဆက်ခံသူသခင်လေးက သူ့အတွက် အရေးမပါတဲ့လူဆို ဘယ်တော့မှ ဖော်ရွေစွာ မကြည့်ပေ။ သခင်လေးက သခင်မလေး အပေါ်အမြဲတမ်းကောင်းကောင်းဆက်ဆံ ကာ သူ၏ရေခဲတုံးသခင်လေးဆိုသည့် မျက်နှာမှာ သခင်မလေးရှေ့ရောက်ရင် ဘာမှ မဟုတ်တော့ချေ။
ထိုသို့ပြောကာ သူမ ချူကျူကို တစ်ချက်ကြည့်လိုက်သည်။
ချူကျူလည်း သူမအားတစ်ချက်ကြည့်ကာ အတွင်းခန်းထဲသို့ တန်းတန်းမတ်မတ် ၀င်သွားလိုက်သည်။
“သခင်လေး, တစ်ခုခုလိုတာရှိရင် ကျွန်မကို ပြောပါနော်။ အားမနာပါနဲ့”
ထို့နောက် ကျူးယွီလဲ အတွင်းခန်းထဲသို့ ၀င်လာလိုက်လေသည်။
လုထင်ချန်းလည်း ခဏကြာတော့ ထိုအခန်း ထဲလိုက်၀င်သွားလိုက်သည်။
လုလျန့်ဝေ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲ ပင်။ သူမ၏သေးသွယ်သောမျက်နှာလေးမှာ အိပ်နေချိန်တွင်တောင် နီရဲနေသည်။
သူမမျက်နှာကိုမြင်တော့ ချူကျူ အနည်းငယ်စိုးရိမ်မိသွားသည်။
ဒီနေ့က သခင်မလေးရဲ့လက်ထပ်ပွဲနေ့ ဖြစ်ပြီး မကြာခင်အခမ်းအနားစတင်တော့မှာ ဖြစ်ပေမယ့် သခင်မလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။
ချူကျူ လုလျန့်ဝေလက်မောင်းကိုကိုင်ရင်း လှုပ်နှိုးလိုက်သည်။
လုလျန့်ဝေဟာတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲဖြစ်ကာ နှိုးမလာချေ။
သခင်မလေးက ခဏနေရင်လက်ထပ်ရတော့ မှာကို အခုထိ အိပ်ပျော်နေတုန်းရှိသေးတယ်!
တစ်ကမ္ဘာလုံးက သူမကိုစောင့်နေတာကို သခင်မလေးက အိပ်နေနိုင်သေးတယ်ပေါ့
အဲ့တာအပြင် သူမ သခင်မလေးနား ပိုနီးလာလေလေ အရက်နံ့ရလာလေလေပင်။
ချူကျူ သခင်မလေးကို မနှိုးနိုင်တာကို မြင်တော့ ကျူးယွီလဲပေါင်းနှိုးလိုက်ပေမယ့် သူမ၏သခင်မလေးမှာတော့ လှပစွာအိပ်ပျော်နေဆဲပင်။
ရုတ်တရက် နောက်မှ လုထင်ချန်း အသံကျယ်ကျယ်ထွက်လာသည်။
Chapter 515: အဲ့လောက် အန္တရာယ်များတဲ့အတွေးကို တွေးတယ်
ကျူးယွီ တွန့်ဆုတ်ဆုတ်ဖြင့်
“ဒါပေမယ့် သခင်မလေး…”
“အခုလုပ်။ အမြန်။”
လုထင်ချန်း အမိန့်ပေးလိုက်၏။
ကျူးယွီမှာရွေးချယ်စရာမရှိတော့ပဲ အမြန် သွားလုပ်ရတော့သည်။
“မင်းက အမူးပြေစွပ်ပြုတ်တစ်ခွက် သွားယူလာခဲ့”
လုထင်ချန်း ဘေး၌ရပ်နေသည့် ချူကျူအား အမိန့်ပေး လိုက်သည်။
ချူကျူလည်း သူ့ကိုတစ်ချက်ကြည့်ကာ သူခိုင်းသည်ကိုသွားလုပ်ရန်ပြင်လိုက်သည်။
သိပ်မကြာခင်မှာပဲ ချူကျူ စွပ်ပြုတ်တစ်ခွက်ကိုင်လျက် ပြန်ရောက်လာ သည်။ ထိုအချိန်တွင် လုထင်ချန်း လုလျန့်ဝေ အား ထထိုင်နိုင်ရန်ကူညီပေးပြီး သူမကို သူ့ပုခုံးထက်၌ မှီထားစေသည်။
ချူကျူလည်း သူ့အား စွပ်ပြုတ်ခွက်ကို အမြန်ကမ်းပေးလိုက်၏။
လုလျန့်ဝေ ချောင်းတဟွတ်ဟွတ်ဆိုးရင်း နိုးလာတော့သည်။
လုလျန့်ဝေ ငြီးတွားကာ စောင်ကိုဖက်ထားရင်း အိပ်ရာပေါ်ပြန်လှဲ လိုက်ပြီး
“ဒါဆိုလည်း လက်မထပ်တော့ဘူးပေါ့။”
လုထင်ချန်း : “.......”
သူမဒီလိုအန္တရာယ်များတဲ့အတွေးမျိုး တွေးမိအောင် သူဘာများပြောလိုက်မိပါလိမ့်။
ကိစ္စတွေအားလုံး ဒီအခြေအနေအထိတောင် ရောက်လာပြီးမှ လက်မထပ်တော့ဘူးတဲ့လား။
သူကိုယ်တိုင်လည်း ဝေဝေမင်္ဂလာဆောင် သွားတာကို မမြင်ချင်ပေမယ့် အရှင်က သူမကို အတော်ကြီးချစ်ကျွမ်း၀င်နေတာ ဖြစ်သည်။ အကယ်လို့ သူမသာ လက်ထပ်ဖို့ ငြင်းဆန်လိုက်ပါလျှင် အပြစ်ပေးခံရနိုင် သည်။
ဒီအရူးမလေးကတော့။
သူသူမဦးခေါင်းကိုသာပွတ်သပ်ပေးလိုက်ကာ ထိုစကားကိုရယ်ရမလား ဒေါသထွက်ရမလားပင် မသိတော့ပါချေ။
သူလှည့်ကြည့်လိုက်တော့ ဘေး၌ရပ်နေသည့် ချူကျူကိုတွေ့လိုက်ရကာ မျက်နှာပေါ်ရှိ အပြုံးဟာလည်း တစ်မုဟုတ်ချင်း အေးခဲသွားတော့သည်။
“အမြန်လုပ်လေ, ရေနွေးရပြီလားသွားစစ်ကြည့်”
ချူကျူ သူ့အားအကြည့်တစ်ချက်သာ ပေးကာ ဘာမှမပြောတော့ပဲ အခန်းထဲမှ ထွက်လာလိုက်သည်။
တစ်အောင့်ကြာပြီးနောက် ရေနွေးရလေပြီ။ လုထင်ချန်း ပြန်အိပ်နေသည့် လုလျန့်ဝေအား ပုတ်လိုက်ကာ
“ထတော့ အမြန်”
“ညီမလေးကိုမနှောင့်ယှက်ပါနဲ့။ ခဏလေးပဲ ထပ်အိပ်ပါရစေ…”
“အရူးမလေး, မင်းက၀က်လား။ ဘာလို့ဒီလောက်တောင် အိပ်နေရတာလဲ။”
လုလျန့်ဝေဟာတော့ သူ့ကိုလျစ်လျူရှုထား ပြီး စောင်ကိုဖက်ကာ ဆက်အိပ်နေ၏။
လုလျန့်ဝေ သစ်သားရေစည်ထဲသို့ ပစ်ချခံ လိုက်ရသည်ကို ကျူးယွီနှင့်ချူကျူတို့ အံ့ဩတကြီးကြည့်နေမိသည်။ ရေတွေ လွင့်စင်သွားကာ ချက်ချင်းပင် ကြမ်းပြင်မှာ စိုရွှဲသွားတော့သည်။
လုလျန့်ဝေလည်း ပါးစပ်ထဲရေတွေ၀င်ကုန် တာကြောင့် ရေစည်ဘောင်ကိုကိုင်ရင်း ပြင်းပြင်းထန်ထန်ချောင်းဆိုးနေလေသည်။ သူမလုထင်ချန်းအားကြည့်ကာ
“အစ်ကိုကြီးဘာလုပ်တာလဲ။”
လုထင်ချန်းကတော့ သူမအား လျစ်လျူရှု ထားကာ ကျူးယွီနှင့်ချူကျူအား ညွှန်ကြား လိုက်သည်။
“မင်းတို့သခင်မလေးကို ရေချိုးဖို့ကူညီပေးလိုက်”
ကျူးယွီနှင့်ချူကျူတို့လည်း နှေးဖင့်မနေရဲ ချေ။ သူမတို့ တဘက်အမြန်ယူကာ သခင်မလေးအား သုတ်ပေးလိုက်သည်။
လုလျန့်ဝေ မူးနောက်နောက်ဖြစ်နေမှုဟာ ရေထဲပစ်ချခံလိုက်ရကတည်းက အနည်းငယ် ပြေလျော့သွားကာ နောက်ဆုံး၌ အသိ၀င်လာ ခဲ့သည်။
သူမတစ်ခါမှဒီလိုဆက်ဆံမခံရဖူးတာကြောင့် ပြောလိုက်သည်။
“နင်တို့နှစ်ယောက် ထွက်သွားကြတော့။ ငါ့ဘာသာ သန့်ရှင်းရေး လုပ်လိုက်မယ်”
“မဖြစ်ပါဘူး။ ဒီနေ့က ရက်ကြီးရက်မြတ်မို့လို့ သခင်မလေးရဲ့ပထမဆုံးညအတွက် ကျွန်မကိုယ်တိုင် သေချာသန့်စင်ပေးပါ့မယ်”
“နင်ပြောတာကလည်း ငါက ခါတိုင်း ငါ့ဘာသာသေချာမသန့်စင်သလိုပဲ။ … အင် ခဏလေး ငါ့ရဲ့ပထမဆုံးညအတွက် သေသေချာချာသန့်စင်ပေးမယ်ဆိုတာ ဘာပြောတာလ
”