← Chapters

အခန်း (၅၁၆-၅၁၈)

Vol. 11 Ch. 516-518

အခန်း (၅၁၆-၅၁၈)

Vol. 11 Ch. 516-518

Chapter 516: သခင်မလေး ကျော်ဖြတ်ရမှာတွေရှိတယ်

ကျူးယွီ အင်္ကျီလက်ကို လိပ်တင်လိုက်ကာ လုလျန့်ဝေ၏အတွင်း၀တ်တွေကို ကူချွတ်ပေးရင်း အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

“ဒီနေ့က အရှင်နဲ့အတူ နေရမယ့် ပထမဆုံးညလေ။ အရှင် သခင်မလေးနဲ့အတူအိပ်ရာ၀င်တဲ့အခါ သခင်မလေးသန့်သန့်ရှင်းရှင်းဖြစ်နေဖို့ လိုတယ်”

ထိုစကားကြားတော့ လုလျန့်ဝေမျက်နှာ နီရဲသွားကာ ကျူးယွီအား ပြစ်တင် ကျိန်းမောင်းလိုက်သည်။

“ဘာတွေလျှောက်ပြောနေတာလဲ။”

“သခင်မလေးရယ် ဘာတွေလျှောက်ပြောရမှာ လဲ။”

ကျူးယွီဟာတော့ သူမပြောလိုက်တာကို ဂရုမစိုက်ဟန်ဖြင့် ကျောက်စိမ်းတမျှ ချောမွတ်နေသောလုလျန်ဝေ၏နောက်ကျော အား တဘက်တစ်ထည်ဖြင့် ရေသုတ်ပေးနေ လိုက်သည်။

“ဒီနေ့ညအရှင်နဲ့အတူနေရမယ့် ပထမဆုံးညလေ။ သခင်မလေး ကျော်ဖြတ်ရမှာတွေရှိတယ်”

လုလျန့်ဝေမှာ ကျူးယွီ၏စကားကြောင့် ချက်ချင်း စိတ်လှုပ်ရှားလာရသည်။

သူမအရင်က ထိုကိစ္စကိုတကယ်ကြီး တစ်ခါမှမတွေးခဲ့ဖူးပေ။ သူမရည်ရွယ်ချက် ရှိရှိ လျစ်လျူရှုထားခဲ့တာဖြစ်ကာ ကျူးယွီမှ ထိုကိစ္စကို အစဆွဲထုတ်လာတာကြောင့် သူမ စိတ်မသက်မသာဖြစ်သွားရသည်။

လုလျန့်ဝေ၏ သစ်သားစည်ကို တင်းကျပ်စွာ လက်ချောင်းများထံ ချူကျူအကြည့်ရောက် သွားသည်။ သူမ မျက်မှောင်ကြုတ်လိုက်ကာ ကျူးယွီထပ်ပြောဖို့ပြင်နေသည်ကိုမြင်တော့ ကြားဖြတ်ပြောလိုက်သည်။

“တော်လောက်ပြီ။ အချိန်နောက်ကျနေပြီ ငါတို့သခင်မလေး မင်္ဂလာ၀တ်စုံဝတ်တာ အမြန်ကူညီပေးရမယ်”

ကျူးယွီ ဖြတ်ပြောခံလိုက်ရခြင်းကြောင့် အနည်းငယ်မပျော်မရွှင်ဖြစ်သွားကာ ချူကျူ ရှေ့တက်လာသည်ကိုမြင်တော့ သူမ ချူကျူ အားရည်ရွယ်ချက်ရှိရှိတွန်းထုတ်ကာ လုလျန့်ဝေအားဆက်ပြောလာသည်။

“...ပြီးတော့လဲဒီနေ့ပြီးရင် သခင်မလေး အရှင်နဲ့အတူတူတစ်အိပ်ယာထဲအိပ်ရတော့မှာလေ”

ထိုနေရာ၌ရပ်လိုက်ပြီး ရုတ်တရက် သူမ အသံကိုနှိမ့်လိုက်သည်။

“သခင်မလေး, အရှင့်ကိုသေချာဆွဲဆောင်ထားရမယ်နော်။ အဲ့တာမှ သူတခြားမိန်းကလေးတွေကို မကြည့်တော့မှာ”

ထိုအချိန်တွင် ကျူးယွီ ရုတ်ခြည်းပင် တစ်စုံတစ်ရာတွေးမိသွားကာ ဘေးရှိ ခြင်းထဲမှ ပန်းတစ်ခိုင်ယူလိုက်ပြီး ရေထဲကို ခြွေချလိုက်သည်။

“ဒီပန်းတွေကို မနက်တုန်းက ကျွန်မကိုယ်တိုင် ဥယျာဉ်ထဲကသွားခူးလာတာ။ အနံ့လေးက သင်းနေတာပဲ။ သခင်မလေး ဒီထဲမှာ ခဏလောက်စိမ်နေလိုက်။ အဲ့တာ‌‌ဆို သခင်မလေးတစ်ကိုယ်လုံး ပန်းနံ့လေးသင်း နေမှာ။ အရှင် သခင်မလေးကို အရူးအမူး စွဲလမ်းသွားစေဖို့ အာမခံတယ်”

လုလျန့်ဝေ ရေစည်ထဲ၌ ပေါလောပေါ်နေ သော ပွင့်ဖတ်များကိုကြည့်ရင်း ဆွံအနေမိ သည်။

ဒီပန်းနံ့က အရှင့်ကိုဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျူးယွီတကယ်ကြီးထင်နေတာလား။

ပန်းတွေကိုရော ရေဆေးထားရဲ့လားဆိုပြီး သူမအားလုလျန့်ဝေလှည့်မေးရန် ပြင်လိုက် ပေမယ့် ရုတ်တရက် ကျူးယွီအသံမကြားရ တော့ပေ။ ထို့ကြောင့် သူမလည်း ကျူးယွီ အကြည့်တိုင်းလိုက်ကြည့်လိုက်ရာ ချူကျူ လက်ထဲ၌ လူးလွန့်နေသော ပိုးကောင်ကို မြင်လိုက်ရသည်။

တံခါးအပြင်၌ သတို့သမီးကို လာရောက် ခေါ်ဆောင်သည့်အထိန်းတော်များ စောင့်‌ဆိုင်းနေချိန်တွင် အခန်းထဲမှ အော်သံ တစ်သံကိုကြားလိုက်ရသည်။

အထိန်းတော်များလည်း ထိတ်လန့်သွားရ၏။ သူမတို့အခန်းထဲ၀င်ကြည့်ရန် ပြင်လိုက်ချိန် မှာ အဖြူရောင်ပုံရိပ်တစ်ခုမှာ လျှပ်စီးကဲ့သို့ သူမတို့ဘေးမှဖြတ်ပြေးသွား၏။ ထို့နောက် ‘ဘန်း’ ခနဲ မြည်သံနှင့်အတူ တံခါးပိတ်သွား တော့သည်။

အထိန်းတော််များ: “......”

ဒီနေ့က ဒုတိယသခင်မလေးလုနဲ့ ဧကရာဇ်တို့ ရဲ့ထိမ်းမြားလက်ထပ်မည့်နေ့ဖြစ်ရာ သူတို့ ထိုကဲ့သို့ပေါက်ကရအတွေးမျိုး တွေးမိကုန် ကြသည်။

လုလျန့်ဝေ တစ်ကိုယ်လုံးကြက်သီးများ ထလာကာ ယားယံလာရသည်။

သူမရေစည်ထဲမှ ခုန်ထွက်လုနီးပါးပင် ဖြစ်သွားရသည်။

သူမစိတ်ပြန်မတည်ငြိမ်ခင်မှာ သူမခန္ဓာကိုယ် ဟာ အ၀တ်တစ်ထည်နှင့် ရစ်ပတ်ခြင်း ခံလိုက်ရသည်။ သူမလှည့်ကြည့်လိုက်ချိန်၌ လင်းလီဟွား သူမဘေး၌ရပ်နေသည်ကို မြင်လိုက်ရသည်။

လင်းလီဟွားလည်း သမီးဖြစ်သူအား နူးညံ့စွာ ကြည့်ကာ အ၀တ်၀တ်ရန်ကူပေးလိုက်သည်။

လုလျန့်ဝေ သူမလက်မောင်းအား ဖက်လိုက် သည်။ အစောကမြင်လိုက်ရသည့်အရာကို ပြန်တွေးမိကာ အတော်လေးရွံရှာသွားရသည်။

“သမီးရေချိုးနေတဲ့ရေစည်ထဲမှာ ပိုးကောင် ရှိနေတာ။ အရမ်းရွံစရာကောင်းတာပဲ”

“တောင်းပန်ပါတယ်, သခင်မလေး။ ကျွန်မ အလုပ်ကိုပေါ့ဆမိသွားပါတယ်”

အစောက လုလျန့်ဝေ တကယ်ထိတ်လန့်သွား ခဲ့ရတာဖြစ်သည်။

ပန်းရေကန်ထဲမှာ ပိုးကောင်တွေ့တဲ့ ဘယ်သူမဆို ဆိုးဆိုးရွားရွားခံစားမိမှာပင် ဖြစ်သည်။

တကယ်တော့ ကျူးယွီကို အပြစ်တင်ရမှာ လည်းမဟုတ်ပေ။ သူမကလည်း လုလျန့်ဝေ အတွက် လုပ်ပေးခဲ့တာဖြစ်သည်။

Chapter 517: ဝေဝေ စိတ်လှုပ်ရှား နေစရာမလိုပါဘူး

ဒီကျူးယွီဆိုတော့ အရူးမလေးကတော့လေ တကယ်ဂရုမစိုက်တာပဲ။

“ကိစ္စမရှိပါဘူး။ နောက်တစ်ခါဆို ပိုဂရုစိုက်လိုက်”

လုလျန့်ဝေ သူမကို လက်အသာယမ်းပြလိုက်ပေမယ့် စိတ်ထဲတွင် တော့ နောက်တစ်ခါဘယ်တော့မှ ရေစည်ထဲ ပွင့်ဖတ်ထည့်မချိုးတော့ဘူးဟု ဆုံးဖြတ် လိုက်သည်။

သူမအရေပြားပေါ်၌ ပိုးကောင်လျှောက်ပြေး နေတယ်ဟု ခံစားနေမိကာ ယားယံနေသည်ဟု ပင် စိတ်ဒဏ်ရာရသွားရသည်။

ကျူးယွီမှာ အတော်လေးအပြစ်ရှိစိတ်ခံစား နေရသည်။

ချူကျူပိုးကောင်လွှင့်ပစ်ပြီးနောက် ကျူးယွီ ကို အသုံးအဆောင်တွေရှင်းလင်းရာ၌ ကူညီ ပေးရန် ပြန်၀င်လာခဲ့သည်။

လင်းလီဟွား လုလျန့်ဝေအား ကုတင်ထက်၌ ထိုင်စေလိုက်သည်။

ရေနွေးဖြင့် ရေစိမ်ပြီးနောက် ပန်းရောင်သန်း နေသော သမီးဖြစ်သူ၏အသားအရေကို ကြည့်ကာ လင်းလီဟွားစိတ်ထဲ၌ အတွေးတစ်ခု၀င်လာရသည်။ အဆုံး၌ သူမ ၀တ်ရုံလက်ထဲမှ စာစောင်ကိုထုတ်ကာ လုလျန့်ဝေအား ကမ်းပေးလိုက်သည်။

“ဒီစာလေးကို အချိန်ယူပြီးဖတ်ကြည့်။ သမီး နားမလည်တာရှိရင် အမေ့ကိုမေးလို့ရတယ်”

လုလျန့်ဝေလည်း စာစောင်ကိုဖွင့်ဖတ်ကြည့် လိုက်ရာ ချက်ချင်းပိတ်လိုက်မိပြီး သူမ မျက်နှာမှာလည်း နီရဲသွားရသည်။

အရင်ခေတ်ကလူတွေက မင်္ဂလာဦးညမတိုင် ခင် သူတို့သမီးတွေကို အခြေခံကျတဲ့ ဗဟုသုတတွေပါ၀င်တဲ့စာစောင်မျိုး ပေးတတ်သည်ဆိုတာ သူမ သိထားပြီးသား ပင်။

သူမလက်ထဲရှိအရာမှာ အလွန်ပူလောင်သော မီးခဲတစ်ခုအဖြစ်ခံစားလိုက်ရကာ သူမ ထိုအရာကိုလွှင့်ပစ်လိုက်ချင်ပေမယ့် ဘယ်နေရာကိုလွှင့်ပစ်ရမယ်မှန်းလည်း မသိချေ။

“ဝေဝေ စိတ်လှုပ်ရှားနေစရာမလိုသလို ကြောက်နေစရာလည်း မလိုဘူး။ ဒီအရာမျိုးက မိန်းမတစ်ယောက်အနေနဲ့ မိန်းကလေးတိုင်းဖြတ်သန်းရမယ့် ကိစ္စမျိုးပဲ။ သမီးအဲ့တာကိုပုံမှန်လိုပဲ‌တွေးလိုက်လို့ရတယ်”

လင်းလီဟွား မင်္ဂလာ၀တ်စုံယူလာချိန်တွင် သူမသမီးဖြစ်သူ၏မျက်နှာထက်ရှိ မသက်မသာဖြစ်နေသောအမူအရာကိုမြင်လိုက်ရာ လုလျန့်ဝေအား နှစ်သိမ့်ပေးလိုက် သည်။

ထို့အပြင် ဧကရာဇ်က ဝေဝေကို ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်ဆိုတာ သူမမြင်နေရသည်။ ယောကျာ်းဖြစ်သူက ဇနီးသည်ထက် အသက်အများကြီးကြီးနေ တာကိုမဆိုနှင့်။ ဝေဝေက ဧကရာဇ်ကို မလိုချင်တော့ဘူးဆိုရင်တောင် ဧကရာဇ် အနေနဲ့ ဝေဝေကိုစွန့်ပစ်ပြီး တခြားမိန်းမ တစ်ယောက်ရှာဖို့ဆိုတာ မဖြစ်နိုင်ပေ။

အကယ်၍ သူမဆုံးဖြတ်မှားသွားသည်ဆိုရင် တောင် ဝေဝေကို သူမနှင့်အတူအဝေးကို ခေါ်သွားလိုက်လို့ရသည်။ ဝေဝေတစ်ယောက် ကိုတော့ သူမ စောင့်ရှောက်နိုင်တာထက် ပိုသည်။

“သမီးနားလည်ပါပြီ”

လင်းလီဟွား သူမဦးခေါင်းကို အသာပုတ်ပေး ရင်း

လုလျန့်ဝေ မတ်တပ်ရပ်လိုက်ကာ သူ့အမေ၏အကူအညီဖြင့် နန်းတော်မှ သူမ အတွက်ပေးပို့ပေးလာသည့် အနီရောင် မင်္ဂလာ၀တ်စုံအား လဲ၀တ်လိုက်သည်။

ဤမင်္ဂလာ၀တ်စုံက သာမန်မင်္ဂလာ၀တ်စုံတွေ နှင့်မတူပေ။ ၎င်းဟာ ဧကရီနန်းတက်၀တ်စုံ ဒီဇိုင်းမျိုးပင်။ ကျက်သရေရှိကာခန့်ညားပြီး အရေးကြီးအခမ်းအနားတွေမှာ ၀တ်ဆင်ရသည့်ပုံစံမျိုးပင်။

သူမ၏ဦးခေါင်းအဆင်တန်ဆာမှာ ပုတီးစေ့ များစွာဖြင့် ရွှေရောင်ဖီးနစ်ငှက် အဆင်တန်ဆာ ဖြစ်သည်။ ပါးလွှာသည့် ပုတီးစေ့ကြိုးလေးတွေဟာ သူမမျက်နှာရှေ့ တွင် လိုက်ကာသေးတစ်ခုလို ဝဲကျနေသည်။ ၎င်းကိုအထူးပြုလုပ်ထားခြင်းဖြစ်ကာ လုဟဲထျန်းသူမအားပေးဖူးသည့် ဦးခေါင်း အဆင်တန်ဆာများနှင့် အတော်လေးကွဲပြား သည်။ နှိုင်းယှဉ်ရလျှင် ဤဖီးနစ်ငှက် အဆင်တန်ဆာမှာ ပိုလေးပြီး ရတနာများစွာ ဖြင့်အလှဆင်ထားသည်။

လင်းလီဟွား သူမကိုဖီးနစ်သရဖူငယ် တပ်ဆင်ပေးပြီးနောက် တစ်စုံတစ်ရာကို သတိရသွားဟန် လှုပ်ရှားမှုတွေရပ်တန့်သွား သည်။ သူမ ဖီးနစ်သရဖူငယ်တပ်ဆင်ပေးနေ ချိန်တွင် လုဟယ့်ထျန်း သေတ္တာ‌ငယ်တစ်ခုကိုင် လျက် အထဲ၀င်လာသည်။

လင်းလီဟွားဒီနေ့ပုဝါပါးတပ်ဆင်မထားတာ ကြောင့် လုဟယ့်ထျန်း သူမကိုမြင်တော့ သူ ငေးမောမိသွားရသည်။ လင်းလီဟွားဘက်မှ အေးစက်သည့်အကြည့်ဖြင့်ကြည့်လာသည် အထိ သူ သူမအားငေးနေခဲ့မိသည်။ ထိုအခါမှ သူအသိပြန်၀င်လာကာ ထိုသေတ္တာ ကိုင်လျက် သူမတို့အနားချဉ်းကပ်လာလိုက် သည်။

“လီဟွား, ဒါလေးက မင်းအရင်ကကိုယ့်ကို ပေးခဲ့တာလေ။ ဝေဝေလက်ထပ်တဲ့အခါကျ ရင် ဝေဝေရဲ့ဦးခေါင်းအဆင်တန်ဆာအဖြစ် ဒါလေးကိုပေးပေးပါဆိုပြီး။ ဒီနေ့က ဝေဝေရဲ့ မင်္ဂလာပွဲနေ့ဆိုတော့ ကိုယ်ဒါလေးကို သွားယူလာခဲ့တာ”

လင်းလီဟွား ဘာမှမပြောပဲ ထိုသေတ္တာငယ် ကိုယူကာ စားပွဲပေါ်၌တင်လိုက်သည်။ သို့သော် ဖွင့်တော့မကြည့်လိုက်ပေ။

ဘာကြောင့်ဆို သူမအမေထားပေးခဲ့သည့် ထိုအဆင်တန်‌ဆာက ဘယ်လောက်တန်ဖိုး ကြီးပါစေ ဝေဝေ၏ဦးခေါင်းထက်က သူမ ဂုဏ်ပုဒ်ကို ကိုယ်စားပြုသည့်ဖီးနစ်သရဖူ လောက်တော့ တန်ဖိုးမကြီးနိုင်ပေ။

“ဝေဝေ ဒါလေးက ဒီဦးခေါင်းအဆင်တန်ဆာ လေးက အဘိုးကိုယ်တိုင်လုပ်ပြီး အဘွားကို သူတို့အချစ်သင်္ကေတအဖြစ် ပေးအပ်ခဲ့တာ။ နောက်ပိုင်းအဘွားက သမီးရဲ့ အဘွား အမေ့ရဲ့အမေကို ပေးခဲ့တာ။ အဲ့နောက်တော့ သမီးရဲ့အဘွားက အမေ့ကို ပြန်ပေးခဲ့တာ။ ဒီအဆင်တန်ဆာလေးက နှစ်တွေကြာနေပြီး သိပ်လဲအဖိုးမတန်ပေမယ့် သမီးနန်းတော်ထဲ ရောက်တဲ့အခါ ကြည့်ကြည့်လိုက်နော်…”

Chapter 518: ဒါသူတို့ရဲ့ အဆုံးသတ်မဖြစ်နိုင်ဘူး

လုဟယ့်ထျန်း ရှုပ်ထွေးနေလျက် ပြောလာသည်။

“မင်းအရင်ကပြောခဲ့တာ အဲ့လိုမဟုတ်ပါဘူး။ မင်းပြောတော့ ဒါကို မင်းအဖေက အချစ်သင်္ကေတအဖြစ် မင်းအမေကိုပေးခဲ့တာဆို အခုကျမှ ဘာလို့…”

လင်းလီဟွား အေးစက်စွာပြန်ပြောလိုက်သည်။

“ကျွန်မက ရှင့်ကိုလိမ်ပြောလို့မရဘူးလား။”

လုဟယ့်ထျန်း ထိုစကား၌ ဆို့နင့်သွားရသည်။

လုလျန့်ဝေမှာ သူမအမေထံမှ ခပ်ပြတ်ပြတ် အပြောခံနေရသော အဖေဖြစ်သူအား ကြည့်ရင်း သနားသွားရသည်။ သို့သော် အဖေက အမေ့အပေါ်အမှားကျူးလွန်ထား တာကြောင့် သူမလဲလုပ်ပေးနိုင်တာ ဘာမှမရှိချေ။

သူမထိုဘူးလေးကိုဖွင့်ကာ အထဲမှ အဆင် တန်ဆာကိုထုတ်ယူလိုက်ပြီး ထိုအရာကို လင်းလီဟွားလက်ထဲထည့်ပေးလိုက်သည်။

“အမေ, သမီးဒါလေးနဲ့မင်္ဂလာပွဲတက်ချင် တယ်။ ဒါလေးလဲတပ်ပေးပါ”

လင်းလီဟွား အံ့ဩသွားရသည်။ သူမ စားပွဲပေါ်ရှိ ဖီးနစ်သရဖူအား ကြည့်လိုက်ကာ

“ဖီးနစ်သရဖူဆောင်းတာ ပိုပြီးသင့်လျော် တယ်…”

“ဟင့်အင်း, အဲ့ဖီးနစ်ခေါင်းဆောင်းက ဘယ်အချိန်မဆို တပ်လို့ရတယ်။ ဒီနေ့က သမီးရဲ့လက်ထပ်ပွဲနေ့ဆိုတော့ ဒါလေးပဲ တပ်ချင်တယ်။ သမီးရဲ့အဘေးတွေနဲ့ အဘိုးအဘွားတွေဆီက ကောင်းချီးမင်္ဂလာ လက်ခံချင်တယ်”

လုလျန့်ဝေ သရဖူငယ်ရှိ ပုတီးစေ့လေးတွေကို ပွတ်သပ်ရင်း အလေး အနက်ပြောလာသည်။

သူမအမေ ထိုအဆင်တန်ဆာလေးကို သူမ မင်္ဂလာပွဲနေ့မှာ ၀တ်စေချင်တာ သူမ သိသည်။ သို့သော် သူမထုတ်ပြောရခက်နေ တာဖြစ်သည်။

လင်းလီဟွား သူ့အားတစ်ချက်ကြည့်ကာ နှုတ်ခမ်းတင်းတင်းစေ့လျက် တစ်ခွန်းမှ ပြန်မပြောပေ။ ထို့နောက် လုလျန့်ဝေအား မှန်တင်ခုံဆီဆွဲခေါ်သွားကာ ထိုင်ခိုင်းလိုက် သည်။ လင်းလီဟွား လုလျန့်ဝေအား ဆံပင်ဖြီးပေးနေရင်း လုဟယ့်ထျန်းအား လှည့်ပြောလာသည်။

“ရှင်ဒီမှာဘာရပ်လုပ် နေတာလဲ။ ဝေဝေဆံပင်ဖြီးရမယ့်အချိန် ရောက်နေပြီ”

လုဟယ့်ထျန်းမှာ ၀င်လာကတည်းက လင်းလီဟွားဆီက အကြည့်မလွှဲခဲ့တာဖြစ် သည်။ ထို့ကြောင့် သူမရုတ်တရက် သူ့အား စကားဖြင့်တိုက်ခိုက်လာသော်လည်း သူ ၀မ်းမနည်းမိပေ။ ထိုအစား ပျော်တောင် ပျော်မိသေးသည်။ သူအမြန်ရှေ့တက်လာ လိုက်ကာ လုလျန့်ဝေအား ဆံပင်ဖြီးပေး တော့သည်။

“ပထမတစ်ချက်က မင်းတို့နှစ်ယောက် သက်ဆုံးတိုင်အတူပေါင်းဖက်နိုင်ဖို့”

သတို့သမီးအားခေါင်းဖြီးပေးရသည့်အလုပ်မှာ ပုံမှန်အတိုင်းဆို ကံကြမ္မာရဲ့မိန်းမပျို၏ အလုပ်ဖြစ်ပေမယ့် လုလျန့်ဝေဟာတော့ သူမ၏မိဘနှစ်ပါးကိုသာ လုပ်ပေးစေလို သည်။

သူမမိဘနှစ်ပါး အတူယှဉ်ရပ်နေသည်ကို ကြည့်ရင်း လုလျန့်ဝေ ပျော်ရွှင်စွာ ပြုံးလိုက်မိ သည်။

သူတို့နှစ်ဦးက ကြီးမြတ်သည့်မိဘနှစ်ပါးဖြစ် ကာ သူတို့ဇာတ်လမ်းက ဒီနေရာမှပဲ အဆုံးသတ်မသွားသင့်ပေ။

တစ်နေ့ကျရင် သူမမိဘနှစ်ပါး ပြန်လည် ပေါင်းဖက်နိုင်ဖို့ သူမဆုတောင်းမိသည်။

လုဟယ့်ထျန်း လုလျန့်ဝေဆံပင်အား အလွန် အလေးအနက်ထားလျက် ဖြီးပေးနေတာ ဖြစ်သည်။ သူဖြီးလို့ပြီးသွားချိနိ၌ ထိုလူကြီး ၏မျက်လုံးများမှာ နီရဲနေပြီဖြစ်လေသည်။

လင်းလီဟွား သူ့အားတစ်ချက်ကြည့်ကာ ရယ်ချင်သွားပေမယ့် သူမလဲ တစ်စုံတစ်ရာ ကိုတွေးမိသွားကာ အပြုံးတို့လွင့်ပြယ်သွားရ သည်။

လီဟွား စားပွဲထက်မှ အဆင်တန်ဆာကို ယူကာ လုလျန့်ဝေဦးခေါင်းထက်၌ ဂရုတစိုက်တပ်ဆင်ပေးလိုက်သည်။

“ဝေဝေ ဒီနေ့ကစပြီး သမီးက အရွယ်ရောက် ပြီးသားလူ‌တစ်ယောက်ဖြစ်သွားပြီ။ အရှင်နဲ့ အတူ ဘ၀ကိုကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ”

လုလျန့်ဝေကြေးမုံထက်မှ လှပသောပုံရိပ်ကို ငေးမောနေမိသည်။

တစ်‌နေ့မှာ စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းလာပြီး မူလပိုင်ရှင်ရဲ့နေရာမှာ အစားထိုး၀င်လာပြီး ဆက်ရှင်သန်ရမယ်လို့ ဘယ်သူက ထင်မိမှာလဲ။ သူမဘာတွေများလုပ်ခဲ့မိလို့ သူမအတွက်အမြဲစိတ်ပူပြီး သူမကို အရမ်း ချစ်ပေးတဲ့မိသားစုမျိုးကို ပိုင်ဆိုင်ရတာပါလိမ့်။

သူမမျက်တောင်ခတ်လိုက်ရာ မျက်၀န်းထဲ၌ စိုစွတ်သွားရသည်။ သူမနောက်လှည့်ကာ သူမနှလုံးသားထဲမှလာသည့်စကားများကို ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဖေနဲ့အမေ သမီးတို့ပျော်ပျော်ရွှင်ရွှင် နေမှာပါ”

သူမလက်ထပ်လိုက်သည်ဖြစ်စေ မဖြစ်စေ သူမမိသားစုနှင့်ဆက်ဆံရေးကတော့ ဘယ်တော့မှမှေးမှိန်သွားမှာမဟုတ်ပေ။

သူမလင်းလီဟွား၏လက်ကိုဆုပ်ကိုင်လိုက်ကာ နောက်လက်တစ်ဖက်ဖြင့် လုဟယ့်ထျန်း၏ လက်ကိုဆုပ်ကိုင်လိုက်ပြီး ထိုလက်နှစ်ဖက် ကို ထပ်လိုက်ကာ

“အဖေတို့နှစ်ယောက်လည်း ပျော်ပျော်ရွှင်ရွှင်နေသွားရမယ်နော်”

လုဟယ့်ထျန်း လင်းလီဟွားအား ပြောစရာစကားတွေအများကြီးရှိနေသည့် အကြည့်ဖြင့် မျှော်လင့်တကြီးကြည့်လိုက် ပေမယ့် လင်းလီဟွားကတော့ သူ့လက်ကို အေးစက်စွာတွန်းထုတ်ကာ ပြန်မကြည့်လာ ပေ။ ထို့နောက် ခေါင်းငုံ့ကာ လုလျန့်ဝေအား ပြောလာသည်။

“အခုအမေ့ဆီမှာ အလောတကြီးလုပ်စရာ ဘာကိစ္စမှမရှိသေး တော့ သမီးလက်ထပ်ပြီး နန်းတော်ထဲ၀င်သွား ရင် အမေသမီးကိုလာအဖော်ပြုပေးမယ်။ သမီးရဲ့ဘ၀အသစ်နဲ့နေသားကျသွားမှာ အမေထွက်သွားမယ်လေ”

သူမပြောသည်ကိုကြားတော့ လုလျန့်ဝေ အဖေဖြစ်သူအား စိုးရိမ်တကြီးကြည့်လိုက် မိပေမယ့် အဆုံး၌ဘာမှတော့ မပြောဖြစ်လိုက်ပေ။

လက်ထပ်ပြီးမှပြောတာ ပိုပြီးသင့်လျော်မည် ထင်သည်။

အဲ့တာအပြင် သူ့အမေကိုအတင်းတွန်းအား ပေးလိုက်ရင် ပိုပြီးသာဆိုးသွားလိမ့်မည်။

All Chapters