အခန်း (၅၁၉-၅၂၁)
Vol. 11 Ch. 519-521
Chapter 519: ဘ၀တစ်ဆစ်ချိုး
ဒီနေ့က ဧကရာဇ်နဲ့ဧကရီတို့၏ မင်္ဂလာပွဲနေ့ ဖြစ်တာကြောင့် နန်းမြို့တော်တစ်ခုလုံး ယခင်ကတစ်ခါမှမရှိခဲ့ဖူးသော ပျော်ပွဲရွှင်ပွဲ မျိုး ကျင်းပနေကြသည်။
မြို့တော်ထဲရှိအရပ်သားအားလုံး ပွဲတော်ကြည့်ရန်ရောက်နေကြလေသည်။ ထိုနေရာ၌စောင့်ကြပ်နေကြသော နန်းတော် အစောင့်များရှိသော်လည်း သူတို့၏တည်ရှိမှု က လူအုပ်ကြီးကြုံတွေ့နေရသည့် စိတ်လှုပ်ရှားမှုကို ပြေလျော့မသွားစေပေ။
ဒုတိယသခင်မလေးလုက အိမ်ရှေ့စံထံမှ သစ်စိမ်းချိုးချိုးခံခဲ့ရသူဟု သူတို့ ကြားထားတာကြောင့် ထိုမိန်းကလေးက လက်ထပ်ရဖို့ခက်ခဲမည့် သနားစရာလူ တစ်ယောက်လို့ထင်ထားတာဖြစ်သည်။ ထိုအကြောင်းကြောင့် မြို့စားအိမ်တော်က သူမအတွက်သတို့သားရှာပေးဖို့ အရင်က နှစ်စဉ်ပွဲတစ်ခုကျင်းပသည်ဟုဆိုကြသည်။ သို့သော် တစ်ချို့အကြောင်းကြောင့် အဆုံး၌ ထိုပြိုင်ပွဲထဲ ခြေချခဲ့သူမှာ ဧကရာဇ်ဖြစ်နေခဲ့ ပြီး အကြွင်းမဲ့အနိုင်ရရှိသူဖြစ်လာခဲ့သည်။
ဧကရာဇ်ဟာ မြင့်မြတ်ပြီး ပုံမှန်အတိုင်းဆို တော်၀င်မြို့စားအိမ်တော်၏ သမက်ဖြစ်လာ နိုင်စရာအကြောင်းမရှိတာကြောင့် သတို့သမီးတင်တောင်းပစ္စည်းအဖြစ် ဒုတိယသခင်မလေးလုအား ဧကရီဘွဲ့ကို အပ်နှင်းခဲ့တာဖြစ်သည်။
လူအုပ်ကြီးမှာ အချင်းချင်းတီးတိုးပြောကာ ထိုအကြောင်းဆွေးနွေးနေကြသည်။
ဒုတိယသခင်မလေးလုက တကယ်ကို ကောင်းချီးပေးခံထားရတဲ့လူပဲ
အရင်ကကြားခဲ့ရတဲ့ ဒုတိယသခင်မလေးလု နဲ့ ပက်သက်တဲ့သတင်းတွေက အတုအယောင်တွေပဲဖြစ်ရမည်။
သခင်မလေးလုကသာ ရုပ်ရည်ကြည့်မကောင်းဘူးဆိုရင် ဧကရာဇ်က ဘာလို့သူမကို ဧကရီဘွဲ့ပေးမှာလဲ။
“မင်းမသိလောက်ပေမယ့် ငါကြားတာတော့ ဒုတိယသခင်မလေးလုရဲ့ရုပ်ရည်က ထိပ်တန်းပဲတဲ့။ သူ့မျက်နှာလေးကြောင့် သင်္ဘောအစီးတစ်ထောင်လောက် မြုပ်သွားနိုင်တယ်လို့တောင် ချဲ့ကားပြောကြ တယ်ကွ။ တကယ့်အလှလေးတွေထဲက အလှထိပ်ခေါင်တဲ့။ အကျင့်စရိုက်မကောင်းရင်တောင် ဘာဖြစ်လဲ။”
“မင်းပြောတာက ဧကရာဇ်က ဒုတိယသခင်မလေးရဲ့အလှတရားကြောင့် ဆွဲဆောင်ခံလိုက်ရတယ်ပေါ့။”
“မင်းရောဘယ်လိုထင်လဲ။ ဂူအလွတ်တစ်ခုက လေတွေကိုဖိတ်ခေါ်နိုင်တယ်တဲ့။ အကြောင်း အရင်းမရှိပဲ ဒီစကားဖြစ်မလာနိုင်ဘူးလေ”
“ပေါက်ကရတွေလျှောက်ပြောနေတာ တော်လိုက်တော့ ဧကရာဇ်က ဉာဏ်ရည် ထက်မြက်ပြီး ထူးချွန်တဲ့ရှားပါးအုပ်ချုပ်သူ တစ်ယောက်ပဲ။ သူက စာအုပ်တစ်အုပ်လို အဖုံးကိုပဲကြည့်ပြီးဆုံးဖြတ်ရမယ့်လူမျိုး မဟုတ်ဘူး။ ပြီးတော့ ဒုတိယသခင်မလေးလု က တကယ်အလှလေးသာဆိုရင် အိမ်ရှေ့စံက ဘာလို့သူမကိုစွန့်ပစ်ပြီး သူ့အစ်မကိုလက်ထပ်ယူမှာလဲ။ ငါကြည့်ရ သလောက်ကတော့ ဒုတိယသခင်မလေးလုရဲ့ အကျင့်စရိုက်က ဘာမှဖြစ်မနေဘူး။ မဟုတ်ရင် ဧကရာဇ်လိုမြင့်မြတ်တဲ့ဘုရင် တစ်ပါးက ဒုတိယသခင်မလေးလုကို တခမ်းတနားလက်ထပ်ယူပြီး ဧကရီနေရာ ထားပါ့မလား။”
လူအုပ်ကြီးမှာ မရပ်မနားအတင်းတုပ်နေ ကြကာ လူတိုင်းကလည်း သူတို့အထင်က မှန်ကန်ပြီး အခြားသူရဲ့အထင်ကတော့ မှားနေသည်ဟု အသေအချာပြောနေကြ သည်။
ထိုအချိန်တွင် ဗုံတီးသံမှာ မိုးကြိုးပစ်သကဲ့သို့ မြည်ဟီးလာကာ လူထုကြားမှ ဆွေးနွေးသံ တွေလည်း တမုဟုတ်ချင်း တိတ်ဆိတ်သွား သည်။
သိပ်မဝေးသည့်တစ်နေရာ၌ နန်းတော် အစောင့်များလမ်းရှင်းနေကာ ထိုနောက်မှ နန်းတော်အစေခံမိန်းကလေးတွေ ပန်းခြင်း ကိုယ်စီကိုင်ရင်း အမြန်လျှောက်လာကြ သည်။ လေထဲ၌ပန်းပွင့်ဖတ်များလွင့်ပျံနေ သည်မှာ ပန်းမိုးရွာနေသကဲ့သို့ အလွန်လှပေ လေသည်။
လမ်းမအလယ်၌ လူဆယ့်နှစ်ယောက် သယ်ဆောင်လာသည့် ကြီးမားသည့် အနီရောင်သတို့သမီးဝေါယာဉ်တစ်စီးရှိနေ သည်။ ထိုသတို့သမီးဝေါယာဉ်နောက်၌ နန်းတွင်းစည်းကမ်းထိန်းသိမ်းရေးဌာနမှ အရာရှိများ အစီအရီလိုက်ပါလာသည်။ ထိုနောက်မှ တစ်သီတစ်သန်းပါလာသည့် လူတန်းကြီးမှာ လုမိသားစုမှလူများဖြစ်သည်။
မင်္ဂလာပွဲရှိလူတစ်သီတစ်သန်းကြီးမှာ ကြီးကျယ်ခမ်းနားသော်လည်း မင်္ဂလာ အငွေ့အသက်လွှမ်းခြုံထားသည်။
ဒါကဧကရီရဲ့မင်္ဂလာဝေါယာဉ်ပဲ
အရပ်သားများထိုအရာကိုသတိပြုမိသွားချိန်၌ လူအုပ်ကြီးမှာပိုလို့ပင် ရုတ်ရုတ်သဲသဲဖြစ် လာသည်။ လူအုပ်ကြီးမှာ အရှေ့သို့တက်ကာ ကောင်းကောင်းမြင်ရဖို့အရေး တစ်ဦးကို တစ်ဦးတွန်းတိုက်နေကြသည်။
လုလျန့်ဝေဝေါယာဉ်ထဲ၌ထိုင်ရင်း အပြင်မှ ဗုံသံတွေ၊ မီးပန်းဖောက်သံတွေကို နားစွင့်နေ မိသည်။ ရုတ်တရက် လုလျန့်ဝေ အနည်းငယ် စိတ်အားငယ်လာရသည်။
သူမဘ၀မှာ လက်ထပ်ဖို့ကိုတစ်ခါမှမတွေးခဲ့ မိဖူးပေ။ သူမလိုချင်ခဲ့သည်မှာ သူမ မိသားစု အတွက် သမက်တစ်ယောက်ရှာပေးပြီး ကျန်ရှိနေတဲ့ဘ၀တစ်လျှောက်ကို ပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းသွားချင်ရုံသာ ဖြစ်သည်။ ဒါပေမယ့်ဘ၀ဆိုတာ ခန့်မှန်းလို့မရပေ။ သူမဧကရီတစ်ပါးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
အခုတော့ သူမရဲ့ကျန်ရှိတဲ့ဘ၀တစ်လျှောက် ကို ဧကရီအဖြစ် နန်းတော်ထဲ၌ ကုန်ဆုံးရတော့မည်ဖြစ်သည်။
သူမနန်းတော်ထဲ၌ကြုံလာရနိုင်သည့် အန္တရာယ်တွေကိုမမှုသလို သူမအနား၌ ပုန်းကွယ်နေသည့် လုပ်ကြံသူတွေကိုလည်း စိတ်အနှောင့်အယှက် မဖြစ်ပေမယ့် တကယ်တော့ နေ့ရက်တစ်ရက်ကုန်ဆုံးသွား လျှင် သူမဟာလည်း သာမန်လူတစ်ယောက် ပါပင်။ ကြိုမသိနိုင်တဲ့အနာဂတ်အတွက် သူမ မှာလည်း စိုးရိမ်ပူပန်မှုတွေရှိပါသည်။
ဒီနေ့ကစပြီး သူမဟာ တော်၀င်မြို့စား အိမ်တော်ရဲ့ဒုတိယသခင်မလေးတစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုလက်ထပ်လိုက်ပြီဖြစ်တာ ကြောင့် နေ့တိုင်းသူမအဘွားနှင့် မိသားစုနှင့် အတူမနေနိုင်တော့ပေ။
သူမအဘွားမျက်လုံးတွေနီရဲနေကာ သူမအား နှုတ်ဆက်နေသည့်ပုံကိုပြန်မြင်ယောင်လာ တော့ သူမပထမဆုံးအကြိမ် ငိုချင်လာရသည်။
သူမမိဘတွေ၊ အဘွားနဲ့အစ်ကိုကြီးတို့ကို သူမ အရမ်းချစ်ပါသည်။ သူတို့က သူမတန်ဖိုး ထားမြတ်နိုးရတဲ့မိသားစုပင်။
ဒါပေမယ့် ဒီနေ့တော့ သူမသူတို့ကိုထားရစ်ခဲ့ ပြီး ဘ၀တစ်ဆစ်ချိုးကိုစတင်ရတော့မည် ဖြစ်သည်။
လုလျန့်ဝေလက်ထဲရှိ လက်ကိုင်ပုဝါကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ ယခုထဲက သူတို့ကိုအလွန်သတိရနေပြီဖြစ် သည်။
တစ်ဖက်၌ သူမကိုအဖော်ပြုပေးနေသည့် ကျူးယွီမှာလည်း အနည်းငယ်၀မ်းနည်းလာ ရသည်။
အပိုင်း (၅၂၀)
ပျော်ရွှင်မှုနှင့် အလျင်လိုသောအရိပ်အယောင်။
သခင်မလေးသည် အခုမှစပြီး တိုင်းပြည်တစ်ခုလုံးတွင် ဂုဏ်သရေအရှိဆုံးမိန်းမတစ်ယောက်ဖြစ်တော့မည်ဆိုသော်လည်း သူ(မ)သည် မြို့စားမင်းကြီးအိမ်တော်မှု ထွက်ခွာဖို့ တွန့်ဆုတ်နေသည်။
ကျူးယွီသည် သခင်မလေးငယ်စဉ်ကတည်းမှ သူ(မ)အနားတွင် အခစားဝင်လာတာဖြစ်သောကြောင့် သူ(မ)နည်းတူ မြို့စားမင်းကြီးအိမ်တော်ပေါ်သို့တွယ်တာသည်။
သို့ပေမဲ့ ကျူးယွီသည် သခင်မလေးသွားရာ ဘယ်သို့မဆိုလိုက်မှာဖြစ်သည်။
ကျူးယွီသည် သူ(မ)၏သခင်မမှ လက်ကိုင်ပဝါကို တင်းကျပ်စွာဆုပ်ကိုင်လိုက်သည့် မြင်ကွင်းကို တွေ့လိုက်ရသည်။ သခင်မလေးက အခု စိတ်လှုပ်ရှားနေတာဖြစ်နိုင်သည်၊ မဟုတ်လား။
ကျူးယွီသည် မထိန်းနိုင်ဘဲ သူ(မ)သခင်မ၏ကျောပေါ်သို့ လက်ဖြင့်အသာထိလိုက်ကာ ပြတ်သားသောအသံဖြင့်ပြောလိုက်သည်။
“ သခင်မလေး၊ ကျွန်မက အမြဲအတူရှိနေပေးမှာပါ”
လုလျန့်ဝေ၏နှလုံးသားသည် ကျူးယွီ၏စိတ်ခိုင်မာမှုကြောင့် နွေးထွေးသွားရပြီး သူမ၏အားကိုးရာမဲ့ဖြစ်နေစိတ်က တဖြည်းဖြည်းပျောက်ကွယ်လာရသည်။ လုလျန့်ဝေမှ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
“ ဘာလို့ သေဖို့တောင်အဆင်သင့်ဖြစ်နေသလိုလေသံနဲ့ပြောနေရတာလဲ။ နန်းတော်က အဲ့လောက်တောင်ကြောက်စရာကောင်းလို့လား “
ကျူးယွီသည် သူ(မ)သခင်မ၏ စနောက်သောလေသံကိုကြားမှ စိတ်အေးသွားကာသက်ပြင်းချလိုက်သည်။ သို့ပေမဲ့ သူ(မ)၏အသံကတော့ ခိုင်မာပြတ်သားနေသေးသည်။
“ သခင်မလေး၊ နန်းတော်က သေချာပေါက်ကြောက်စရာကောင်းတာပေါ့။ ဒါပေမဲ့ အရှင်မင်းကြီးက သခင်မလေးကို သေချာပေါက်ကာကွယ်ပေးမှာပါ။ အဲ့တာကြောင့် ကျွန်မတို့ကြောက်နေဖို့မလိုပါဘူး “
သူတို့မထွက်ခွာခင်တွင် မြို့စားမင်းဟောင်းကတော်မှထွက်လာပြီး သူတို့ကိုလိုက်ပို့ပေးကာ ကျူးယွီအာရုံစိုက်သင့်သည့်အကြောင်းအရာများကို ဂရုတစိုက်သတိပေးသည်။
သခင်မလေး၏ သီးသန့်အစေခံအနေဖြင့် ကျူးယွီသည် သခင်မလေးကိုသာ အမြဲဦးစားပေးမည်ဖြစ်ကာ မြို့စားမင်းဟောင်းကတော်မှ သတိမပေးလျှင်တောင်မှ သူ(မ)သည် သခင်မလေးကို သေချာပေါက်ကာကွယ်သွားမည်ဖြစ်သည်။
ကျူးယွီ၏စကားများကိုကြားပြီးတဲ့အခါ လုလျန့်ဝေမှပြုံးပြီး ဘာမှထပ်မပြောတော့ပေ။
ထိုနေ့တွင် ခန်းဝင်လက်ဖွဲ့ပစ္စည်းများကို လမ်းမပေါ်များမှ ကြီးကျယ်ခမ်းနားစွာဖြတ်ပြီး နှစ်ပေါင်းများစွာကြာသည်အထိ ပြောစမှတ်တွင်မည်ဖြစ်သော ဧကရာဇ်နှင့် ဒုတိယသခင်မလေးလုတို့၏မင်္ဂလာပွဲကို တိုင်းပြည်တစ်ခုလုံးမှ ပါဝင်ကျင်းပချီးမြှောက်ကြသည်။
လုံချီသည် သူ့၏တော်ဝင်ဦးရီးတော်မှ အနီရောင်မင်္ဂလာခန်းဝင်ဝတ်စုံကိုဝတ်ဆင်ထားသည်ကိုကြည့်ပြီး မျက်လုံးထဲတွင် သုန်မှုန်မှုတို့ပြည့်နှက်နေတော့သည်။
ဒါသည် လုံချီမှ သူ့ဦးရီးတော် ပထမဆုံးအကြိမ်ပွဲတော်အင်္ကျီဝတ်ဆင်ခြင်းကို မြင်ဖူးတာဖြစ်သည်။
မီးလျှံကဲ့သို့တောက်ပနေသော မင်္ဂလာဝတ်စုံသည် လုံယန်၏သာမန်ထက်ထူးကဲ့ပြီးပြည့်စုံသောရုပ်ရည်ကို ပို၍သာလွန်စေကာ နတ်ဘုရားအသွင်ပေါ်စေသည်။
လုံယန်သည် ထိုနေရာတွင်သာ တည်ငြိမ်သောမျက်နှာအနေအထားဖြင့်ရပ်နေပါသော်လည်း မျက်ဝန်းထဲတွင် ပျော်ရွှင်မှုနှင့် အလျင်လိုနေသောအရိပ်အယောင်ရှိနေသည်။
အမှန်တကယ်တွင် ဧကရာဇ်သည် သတို့သမီးအလာကို နန်းတော်ထဲမှသာစောင့်ရမှာဖြစ်ပြီး ထုံးတမ်းစဉ်လာဝန်ကြီးများက သတို့သမီးကို ခေါ်ဆောင်လာပေးမှာဖြစ်သည်။ သို့ပေမဲ့ လုံယန်သည် လုလျန့်ဝေကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ မသိကြမှာစိုးရိမ်သည့်အလား စည်းမျဉ်းတွေကိုပင်ချိုးဖောက်ပြီး စိတ်မရှည်ကာ နန်းတော်အပေါက်ဝတွင် နန်းတော်ဝန်ကြီးအရာရှိများအတန်းလိုက်ဝန်းရံပြီး ရပ်စောင့်နေခဲ့သည်။
သေခါနီးလူဘဲကို ညကျမှ သတို့သမီးရှေ့မှာ မစွမ်းဆောင်နိုင်လို့ အရှက်ကွဲမှာ ဦးရီးတော်က မကြောက်ဘူးလား။
ပန်းသေနေတာဘဲကို ဘာလို့ လုလျန့်ဝေကို အဲ့လောက်လိုချင်နေရတာလဲ။
သူဘယ်လောက်ဘဲ အင်အားအပြည့်ဖြစ်နေပါစေ အချိန်သိပ်မကျန်တော့သည့် လူအိုကြီးသာဖြစ်သည်။
လုံချီသည် လုံယန်မှ လုလျန့်ဝေအတွက် လုပ်ပေးတာတွေကို အထင်သေးကာ မထီမဲ့မြင်ပြုနေသော်လည်း သူ့အတွင်းစိတ်ထဲမှ မနာလိုမှုကို ကြိတ်ခံစားနေရသည်။
ဦးရီးတော်ရဲ့ခန္ဓာကိုယ်က ဘယ်လောက်ဘဲ အိုမင်းမစွမ်းဆောင်နိုင်ပါစေ ယနေ့တွင် လုံယန်ကသာ လုလျန့်ဝေနှင့် ထိမ်းမြားလက်ထပ်ရသူဖြစ်သည်။
လုံချီ၏လက်သည် အင်္ကျီလက်အောက်တွင် ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။
လုလျန့်ဝေသည် အစကတည်းက သူပိုင်ဆိုင်သင့်တာဖြစ်သည်။ သူ(မ)ကို ဘေးဖယ်ထားရင်တောင်မှ တစ်ခြားတစ်ယောက်က လာလုယူတာမျိုးမလိုချင်ပေ။
“ ဒုတိယသခင်မလေးလု၏ မင်္ဂလာဝေါယာဉ်ရောက်ရှိလို့လာပါပြီ ............... “
မိန်းမစိုးကြီး၏ကြေညာသံသည် လေထဲမှစူးရှစွာထွက်လာပြီး လုံချီ၏နားစည်ထဲသို့ စူးဖောက်မတတ်မြည်သွားသည်။
ထုံးတမ်းဓလေ့ရေးရာအရာရှိများနှင့် နန်းတွင်းအစောင့်များဝန်းရံပြီး နန်းတော်တံခါးပေါက်သို့ တရွေ့ရွေ့ရောက်လာသော လုလျန့်ဝေ၏မင်္ဂလာဝေါယာဉ်ကို လုံချီ ရုတ်ခြည်းလှမ်းကြည့်လိုက်သည်။
မသိစိတ်ကနေ အရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ပေမဲ့ မျက်စိထောင့်ကနေ သူ၏တော်ဝင်ဦးရီးတော်မှ မြင်းဇာတ်ကြိုးကိုဆွဲကာ သတို့သမီးဝေါယာဉ်ဆီသို့ သွားနေသည်ကိုတွေ့လိုက်ရသည်။
ဝေါယာဉ်အတွင်းမှ လုလျန့်ဝေသည် ထိုစကားကြောင့် ချက်ချင်းစိတ်လှုပ်ရှားလာတော့သည်။
လုံယန်သည် မြင်းကိုစီးပြီး သူ့အရှေ့ရှိ သတို့သမီးဝေါယာဉ်ကိုကြည့်လိုက်ကာ မျက်လုံးတို့က စိတ်ကျေနပ်မှုကြောင့် တလက်လက်တောက်ပလာတော့သည်။
အပိုင်း (၅၂၁)
သူ စိတ်မရှည်လွန်းနေတာ မဟုတ်ဘူးလား။
ကျောက်ချန်သည် သူ့အရှင်သခင်၏မျက်နှာကိုကြည့်ပြီး အသံတိုးတိုးဖြင့်သတိပေးလိုက်သည်။
“ အရှင်မင်းကြီး၊ မင်္ဂလာပွဲအခမ်းအနားက မကြာခင် စတင်ပါတော့မယ်။ နှောင့်နှေးလို့ မဖြစ်ပါဘူး “
အသိစိတ်ပြန်ကပ်လာသည့်အခါမှ လုံယန်က အမိန့်ပေးလိုက်သည်။
“ ဖယ်ကြ “
“ ဖယ်ကြ “
ကျောက်ချန်မှ အမိန့်ကို ပြန်မှာကြားလိုက်သည်။
သတို့သမီးဝေါယာဉ်သည် ဧကရာဇ်နောက်မှ နန်းတော်ထဲသို့ ဝင်လာသည်။
ဝေါယာဉ်ထဲတွင်ထိုင်နေရင်းဖြင့် နန်းတော်ထဲသို့ ဝင်လာသည်ကို လုလျန့်ဝေခံစားမိကာ အနည်းငယ်မူးနောက်စေသည်ဟု သူ(မ)ထင်မိသည်။ ရုတ်တရက်အတွေးတစ်ခုဝင်လာတဲ့အခါ ခေါင်းကိုလှည့်ပြီး လက်မြှောက်ကာ မျက်နှာပေါ်တွင်ဖုံးအုပ်ထားသော မျက်နှာဖုံးကို မ’ဖယ်လိုက်သည်။ သို့ပေမဲ့ အဆုံးတွင်တော့ ပြန်အုပ်လိုက်သည်။
သူ(မ)အစ်ကို ဒီနေ့ နန်းတော်ထဲသို့သွားသည်ကို လိုက်ပို့ပေးတာဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများအရ သူ(မ)ကို နန်းတော်ဝင်ပေါက်သို့ ပို့ပြီးတာနှင့် သူသည် ရပ်ပြန်ရမည်ဖြစ်သည်။
သူ(မ)အစ်ကိုကို မမြင်ရသော်လည်း နန်းတော်အပေါက်ဝတွင်ရပ်ကာ သတို့သမီးဝေါယာဉ်မှ နန်းတော်အဆောင်ထဲသို့ဝင်သည်ကို ရပ်ကြည့်နေမည့် သူ(မ)အစ်ကိုပုံစံကို ခန့်မှန်းကြည့်လို့ရသည်။
နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး မျက်ရည်မကျအောင်ထိန်းထားလိုက်သည်။
လုလျန့်ဝေထင်သည့်အတိုင်း လုမိသားစုတပ်သားများသည် နန်းတော်ဝင်ပေါက်သို့ရောက်သည်အထိသာ လိုက်ပို့ကြသည်။
လုထင်ချန်းသည် သူ့မြင်းပေါ်တွင်ထိုင်ပြီး လုလျန့်ဝေစီးလာသော သတို့သမီးဝေါယာဉ်မှ နန်းတော်ထဲဝင်သွားသည်ကို ကြည့်နေခဲ့သည်။
အဲ့ကောင်မလေး ငိုနေလောက်တယ်၊ ဟုတ်တယ်မလား။
သူ့ညီမလေးလက်ထပ်သည်ကို မကြည့်ရက်နိုင်ဖြစ်နေသည်။
လုလျန့်ဝေ၏မင်္ဂလာဝေါယာဉ်နန်းတော်အတွင်းထဲသို့ရောက်ပြီး မမြင်ရတော့သည်အထိ မြင်းပေါ်မှကြည့်နေခဲ့သည်။ မြင်းဇာတ်ကြိုးကို တင်းတင်းဆွဲကာ အံကိုကြိတ်ပြီး အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်။
သူ့ဘေးရှိ ဝမ်ဟေးမှ သူ့ကိုကြည့်လိုက်သည့်အခါ လုထင်ချန်း၏နီရဲနေသောမျက်လုံးကိုမြင်ပြီး စာနာလေသည်။
ဒီနေ့ဟာ ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်သင့်ပေမဲ့ မြို့စားမင်းကြီးအိမ်တော်တစ်ခုလုံးသည် ပျော်ရွှင်ခြင်းမှလွဲ၍ ကျန်သည့်အရာများကိုသာခံစားနေရသည်။ လုအိမ်တော်သခင်လေးသာမက မြို့စားမင်းကြီးအပါအဝင် မြို့စားမင်းဟောင်းကတော်နှင့် သခင်မလေးကိုယ်တိုင်ကပင် ဝမ်းနည်းနေကြသည်။
သူတို့သည် ဒုတိယသခင်မလေးလက်ထပ်သွားသည်ကို မကြည့်ရက်နိုင်ဖြစ်နေကြသည်။
ကြီးမြတ်သောဇာမဏီငှက်အဆောင်ရှေ့သို့ရောက်သောအခါ လုံယန်သည် မြင်းကိုရပ်လိုက်၍ နောက်မှပါလာသော မင်္ဂလာဝေါယာဉ်ကလည်းရပ်သွားသည်။
ချူကျူသည် ဝေါယာဉ်တံခါးကိုဖွင့်ပြီး လုလျန့်ဝေ ဆင်းလာလို့ရစေရန် ကူညီပေးဖို့ပြင်နေစဉ်မှာဘဲ လုံယန်ကရောက်လာ၍ ဘေးဖယ်ပေးလိုက်ရသည်။
ကျူးယွီ၏ကူပေးမှုဖြင့် လုလျန့်ဝေထွက်လာစဉ်မှာဘဲ သူ(မ)လက်မောင်းကို ကြီးမားသောလက်တစ်စုံက လှမ်းဆွဲထားသည်ကို ခံစားလိုက်ရကာ ချက်ချင်း ထိုယောက်ျား၏ရင်ခွင်ထဲသို့ရောက်သွားသည်။
သူ(မ)ခေါင်းကို မင်္ဂလာပဝါဖုံးအုပ်ထားတာကြောင့် ဘေးပတ်ဝန်းကျင်ကို ဘာမှမမြင်ရသော်လည်း ထိုယောက်ျား၏ရင်းနှီးသော ကိုယ်သင်းနံ့ကိုရသည့်အခါ အနည်းငယ်စိတ်အေးသွားရသည်။ ထိုယောက်ျား၏အင်္ကျီလက်ကိုတင်းတင်းဆုပ်ပြီး သတိပေးလိုက်သည်။
သူ့ရှေ့ကကောင်မလေး၏သတိပေးစကားကြောင့် လုံယန်နှုတ်ခမ်းထောင့်စွန်းကော့တက်သွားခဲ့ကာ ဘာမှမပြောဘဲ လုလျန့်ဝေကို ပွေ့ဖက်လျက်ပင် ကြီးမြတ်သောဇာမဏီအဆောင်ထဲသို့ဝင်သွားခဲ့သည်။
ကျူးယွီနှင့်ချူကျူတို့မှ အချင်းချင်းကြောင်အစွာကြည့်လိုက်ကြသည်။
“ သခင်မလေးက ခဏနေကျ မင်္ဂလာပွဲအခမ်းအနားကိုသွားရဦးမှာပါ။ အခုထိ မမှောင်သေးပါဘူး၊ အရှင်မင်းကြီး။ အရှင်မင်းကြီးက သေချာပေါက် မလုပ်.......... “
ကျူးယွီစကားမဆုံးသေးခင်မှာဘဲ လုံယန်၏ခန့်ညားသောအသံက အဆောင်ထဲမှထွက်လာသည်။
ထိုအခါမှသာ ကျူးယွီနှင့် သတို့သမီးနောက်လိုက်အထိန်းတော်တွေက အထဲဝင်လာကြတော့သည်။
လုံယန်သည် သူ(မ)၏မင်္ဂလာပဝါကိုဖယ်လိုက်ပြီး သတို့နှစ်ဦးမှ ဆံချည်သည့်ထုံးတမ်းကိုဆောင်ရွက်ကာ ကျူးယွီနှင့် အခြားအထိန်းတော်များကထွက်သွားသည်။
ထိုအခါမှ လုလျန့်ဝေသည် အခန်းထဲရှိ ပရိဘောဂအသုံးအဆောင်ပစ္စည်းတွေကို ကြည့်ချိန်ရတော့သည်။
လုံယန်သည် သူမဘေးတွင်ထိုင်ပြီး လက်ကိုကိုင်ကာပြောသည်။
“ ဝေဝေ၊ မင်းက အခု နန်းတော်ထဲကိုဝင်လာပြီဆိုတော့ အစပိုင်းမှာ နေသားကျဦးမှာတော့မဟုတ်ဘူးဆိုပေမဲ့ မြို့စားမင်းအိမ်တော်တုန်းကလိုဘဲ သက်တောင့်သက်သာရှိဖို့ကို ကိုယ်မျှော်လင့်တယ်။ ဒီနေရာကို ဒုတိယမြို့စားမင်းအိမ်တော်လိုမျိုး သတ်မှတ်နိုင်တယ် “
သူ(မ)မင်္ဂလာခေါင်းစောင်းပဝါကို ချွတ်ပြီးနောက် အခုမှ လုံယန်ကို သေချာကြည့်ဖြစ်တာဖြစ်သည်။
ဧကရာဇ်တစ်ပါး၏တည်ကြည်လေးနက်တဲ့အကြည့်တို့က ပျောက်ဆုံးနေပြီး မင်္ဂလာဝတ်ဆုံအနီရောင်နှင့်အတူ လုံယန်၏အကြည့်တို့က နွေးထွေးသည့်ခံစားချက်ကိုပေးနေခဲ့သည်။