← Chapters

တစ်ယောက်ပြီး တစ်ယောက်

Vol. 7 Ch. 666

တစ်ယောက်ပြီး တစ်ယောက်

Vol. 7 Ch. 666

"ကောင်းကင်တံခါးက ပွင့်လာတော့မယ် ထင်တယ် ... ကြည့်ရတာ ဟိုဘက်က မြေကမ္ဘာ အဆင့်တွေက လျှို့ဝှက်ရတနာ တစ်ခုကို သုံးပြီး ချိုးဖျက်နေတာ ဖြစ်ရမယ်"

ချမ်ရဲ့ရွှယ်က လေးနက်စွာ ပြောလိုက်၏။

"ဆရာ ... အဲဒီလူတွေ ဝင်လာရင် ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ ... နောက်ပြီး အရှင်ချန်းက ဘယ်တော့မှ ရောက်လာမှာလဲ ... နောက် သုံးလေးရက်နေမှ ရောက်မယ်လို့ သူတို့ ပြောခဲ့တယ်မလား"

ကျောင်းရန်က ရန်ကန်းချိုး အနားသို့ ကပျာကယာ လျှောက်လာရင်း မေးလိုက်သည်။

"ရှောင်ဝူ ကျောင်းရန် ... မင်းတို့ နှစ်ယောက် နတ်ဘုရားသင်္ချိုင်း တောင်ကြားကနေ ထွက်ပြီး လူသားကမ္ဘာကို သွား သတင်းပို့ချေ ... အရှင်ချန်း ပေါ်မလာဘူး ဆိုရင် ငါတို့လည်း ပြန်လာခဲ့မယ်"

ရန်ကန်းချိုးက ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်လိုက်သည်။

"ကျွန်မကတော့ ဒီမှာပဲ စောင့်နေလိုက်မယ်"

ချမ်ရဲ့ရွှယ်က ပြောလိုက်သည်။

နှင်းနတ်ဘုရား နန်းတော်၏ နတ်ဘုရားမလေး အနေဖြင့် ခွန်ရှု့နယ်မြေ၏ မြေကမ္ဘာ အဆင့်များသည် သူမအား ထိခိုက်အောင် လုပ်လိမ့်မည် မဟုတ်ချေ။

ထို့အပြင် မြေကမ္ဘာ အဆင့်များနှင့် တွေ့သည့်အချိန်၌ ချန်းပေ့ရွှမ်း၏ မျက်နှာ မည်သို့ ဖြစ်ပျက်သွားမည်ကိုလည်း  သူမ ကြည့်လိုသည်။

***

"မကြာခင် ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာ အဆင့်တွေ ရောက်လာတော့မယ်"

ရှောင်ဝူ၊ ကျောင်းရန်တို့ အပြင်သို့ ရောက်သည်နှင့် ထိုသတင်းသည် ခွန်းလွန် တစ်ခုလုံးကို ချောက်ချား သွားစေတော့၏။

"သေစမ်းကွာ ... ရန်ကန်းချိုး ပြောတော့ လေးငါးရက်ကြာမှ ဝင်လာကြမှာဆို"

ဗိုလ်ချုပ် နင်းဟိုင်ဖန်းက ဖြူရော်စွာ ရေရွတ်လိုက်သည်။

"အခြေစိုက် စခန်းကလည်း ဆောက်နေတာ မပြီးသေးဘူး ... နျူကလိယ လက်နက်တွေကလည်း ခုထိ မပြီးသေးဘူး ... နောက်ပြီး စစ်သားကလည်း တစ်သိန်းလောက်ပဲ အဆင်သင့် ဖြစ်သေးတယ် ... ကျုပ်တို့ ရန်သူတွေကို ဘယ်လို တိုက်ခိုက်ကြမှာလဲ"

ဗိုလ်ချုပ် နင်းဟိုင်ဖန်း၏ လက်ထောက်က ထိတ်လန့်စွာ ဆို၏။

"ဘာလို့ ကြောက်နေရတာလဲ ... ဗိုလ်ချုပ်ချန်းနဲ့ ဗိုလ်ချုပ်ရဲ့က အခု နတ်ဘုရား သင်္ချိုင်းထဲမှာ... မြေကမ္ဘာ အဆင့်တွေ ထွက်လာရင် သူတို့ တားထားလိမ့်မယ်"

အဇူရာ နဂါးက ယုံကြည်ချက် ရှိစွာ ဆိုလိုက်၏။

"အားလုံးပဲ ခွန်လွန်း တပ်ဖွဲ့တွေ အားလုံး စုစည်း ... တိုက်ခိုက်ဖို့ ပြင်ကြတော့ ... မြောက်ပိုင်းချုံးနဲ့ အခြား နိုင်ငံတွေကိုပါ သတင်းပို့ထား"

ရဲ့နန်ထင်းက ပြတ်သားစွာ ကြေညာလိုက်သည်။

***

"ကောင်းကင်တံခါးက မြေကမ္ဘာ အဆင့်တွေ မကြာခင် ရောက်လာတော့မယ်တဲ့"

သတင်းက လျင်မြန်စွာပင် ခွန်းလွန်မှ တစ်ဆင့် ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။

မြောက်ပိုင်းချုံး အပါအဝင် ဂိုဏ်းများ၊ အဖွဲ့အစည်းများ၊ နိုင်ငံများစွာမှာ စိုးရိမ်စိတ် အမြင့်ဆုံးသို့ မြင့်တက် လာခဲ့၏။

ထိုအရာကား ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ အဆင့်များ ဖြစ်သည်။ သူတို့ မည်ရွေ့၊ မည်မျှ အစွမ်းထက်မည်က မည်သူမျှ မပြောနိုင်ကြချေ။

"ရှောင်ဖန် ဘေးကင်းပါစေ…"

ဖန့်ချုံးနှင့် အန်ရာတို့က ဗုဒ္ဓထံ၌ ဆုတောင်း ကြသည်။

"အရှင်ချန်းနဲ့ အရှင်ရဲ့တို့က ရန်သူတွေကို အနိုင်ယူပြီး လူသားမျိုးနွယ်ကို ကာကွယ်နိုင်မှာပါ"

များစွာသော အရှေ့တိုင်း ပညာရှင်များက တွေးကြသည်။

"ချန်းပေ့ရွှမ်း ... မင်း သေမယ့်နေ့ကို ငါတို့တွေ စောင့်ကြည့်နေမယ်"

အင်္ဂလန်၊ ပြင်သစ်၊ ဂျပန် အပါအဝင် ချန်းဖန်၏ ရန်သူများက ကျိတ်၍ လှောင်ပြောင်ကြသည်။

တစ်ချိန်တည်း၌ စီအိုင်အေ၏ သီးသန့် ဖိုရမ်မှာမူ တိတ်ဆိတ် နေခဲ့၏။ မရေမတွက်နိုင်သော လူများက စစ်ပွဲ မည်သို့ အဆုံးသတ်မည်ကို စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။

ခဏအတွင်းမှာပင် ခွန်းလွန်၊ နတ်ဘုရားသင်္ချိုင်း တောင်ကြားကား လူများစွာ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။

***

တစ်နာရီ…

နှစ်နာရီ…

သုံးနာရီ…

ချန်းဖန်နှင့် ရဲ့ချင်စန်းတို့သည် ယခုထိ ကောင်းကင်တံခါးသို့ ရောက်ရှိခြင်း မရှိကြသေးချေ။

"ဘုန်း ... ဘုန်း ... ဘုန်း…"

တစ်ချိန်တည်းတွင်ပင် ကျောက်ဖျာပေါ်ရှိ အလင်းတံခါး၏ တုန်ခါမှုမှာလည်း ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ ထို့အတူ တံခါး၏ အလင်းရောင်မှာလည်း ပို၍ တောက်ပလာခဲ့၏။

"နှင်းနတ်ဘုရားမလေး ... ဘယ်မြေကမ္ဘာ အဆင့်တွေ ဝင်လာမယ် ထင်လဲ"

ရေနက်ဂိုဏ်း၏ တပည့် တစ်ယောက်က မေးလိုက်၏။

"ဟင်းလင်းပြင် ရတနာကို စတေးပြီးလာမယ် ဆိုရင်တောင် မြေကမ္ဘာအဆင့် အနည်းငယ်လောက်ပဲ ဝင်လာလို့ရမှာ ... ငါ့ အထင် ပြောရရင် လျှို့ဝှက် အဇူရာဂိုဏ်း ကောင်းကင် မိုးကြိုးဂိုဏ်းနဲ့ နှင်းနတ်ဘုရား နန်းတော်က လူအချို့ ဖြစ်လိမ့်မယ်"

ချမ်ရဲ့ရွှယ်က ပြန်ဖြေသည်။

"မြေကမ္ဘာ အဆင့် အနည်းငယ်လောက်ပဲ ဝင်လာမယ် ဆိုရင်တော့ အရှင်ချန်းနဲ့ အရှင်ရဲ့တို့ ကိုင်တွယ်နိုင်မယ် ထင်တယ်…"

ရန်ကန်းချိုးက သက်ပြင်းချရင်း ပြောလိုက်သည်။

"မဖြစ်နိုင်လောက်ဘူး…"

ချမ်ရဲ့ရွှယ်က ခေါင်းခါလိုက်၏။

"မြေကမ္ဘာ အဆင့် ဖြစ်လာပြီး နောက်ပိုင်းမှာ နောက်တစ်ဆင့် တက်ဖို့က အဆ ထောင်ချီ ပိုခက်လာတယ် ... ကျွန်မတို့ ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာအဆင့် အများစုက မြေကမ္ဘာအဆင့် အစောပိုင်းမှာပဲ သောင်တင်နေတာ ... သူတို့ အထဲက နည်းနည်းလောက်ကပဲ အလယ်အဆင့်ကို ရောက်နိုင်ကြတယ် ... မြေကမ္ဘာ အထွတ်အထိပ် အဆင့် ဆိုတာက လက်ချိုး ရေလို့တောင် ရတယ် ... အဲဒီအဆင့်မှာ ရှိတဲ့ လူတွေတိုင်းက ဂိုဏ်းချုပ်တွေ ချည်းပဲ"

"အရှင်ချန်းက ခုမှအစောပိုင်း မြေကမ္ဘာ အဆင့်ကို ရောက်တာဆိုတော့ ... အလယ်ဆင့် မြေကမ္ဘာ တစ်ယောက်သာ လာမယ်ဆိုရင် သူ ရှုံးမှာပေါ့ ... အဲဒီလိုလား"

ရန်ကန်းချိုးက မေးလိုက်သည်။

"အလယ်ဆင့် မြေကမ္ဘာတွေ အားလုံးက အရမ်းကို အစွမ်းထက်တဲ့ လူတွေချည်းပဲ ... သူတို့က အစောပိုင်း မြေကမ္ဘာ အဆင့်တွေထက် အများကြီး ပိုပြီး အစွမ်းထက်တယ်"

ချမ်ရဲ့ရွှယ် ပြောနေစဉ်မှာပင် အလင်းတံခါးက ပိုမို တုန်ခါလာ၍ မျက်စိ ကျိန်းလောက်သော  တောက်ပလာ၍ ရောင်စဉ်များ လင်းလက်လာသည်။

"ကောင်းကင်တံခါးက ပွင့်လာတာလား"

လူတိုင်းက စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြ၏။

"ဟူး ... ဟူး ... ဟူး…"

ရုတ်တရက် အလင်းတံခါးကို ဖြတ်သန်း၍ လူရိပ်သုံးခု ထွက်ပေါ်လာ၏။

ပထမလူသည် ဝတ်စုံနက်ဝတ် လူကြီး တစ်ယောက် ဖြစ်ပြီး ဒုတိယလူသည် ဦးခေါင်းပြောင် ဘုန်းတော်ကြီး ဖြစ်သည်။

နောက်ဆုံး တစ်ယောက်မှာမူ ရှေးဟောင်း ဝတ်စုံဝတ် လှပသော မိန်းကလေး တစ်ယောက် ဖြစ်၏။

"မိန်ချင်းဂိုဏ်းရဲ့ အကြီးအကဲ ချီကျွယ်"

"မိုးကြိုးတောင်ရဲ့ အရှင်ဒေါသ"

"နှင်းနတ်ဘုရား နန်းတော်ရဲ့ လနတ်သမီး"

ရန်ကန်းချိုးနှင့် ချမ်ရဲ့ရွှယ်တို့မှာ ထိုသုံးယောက်ကို မြင်သည်နှင့် ချက်ချင်းပင် မှတ်မိလိုက်သည်။

"ဦးလေး ဒေါ်လေးတို့ ... အားလုံး ရောက်လာကြပြီလား"

ချမ်ရဲ့ရွှယ်က ရှေ့သို့ လျှောက်လာရင်း ဦးညွှတ်လိုက်သည်။

လနတ်သမီးက ချမ်ရဲ့ရွှယ်ကို တွေ့သည်နှင့် ခေါင်းညိတ် ပြလိုက်၏။

"စကား မပြောနဲ့ ... ဆရာ အခုထိ မရောက်လာသေးဘူး"

"ဆရာ…"

ချမ်ရဲ့ရွှယ်က နားမလည်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် အလင်းတံခါး အတွင်းမှ အဇူရာ ဝတ်စုံဝတ် ပုဂ္ဂိုလ် တစ်ယောက် ပျံသန်း ထွက်လာပြန်သည်။

"ကလန့်…"

ထိုပုဂ္ဂိုလ် နှင့်အတူ အားကောင်းသော ဓားချီက ယှဉ်တွဲ လိုက်ပါလာ၏။ ထိုဓားချီသည် မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ကောင်းကင်သို့ တက်ကာ တိမ်များကို ထိုးဖောက်၏။

"သူက…"

ရေနက်ဂိုဏ်းမှ လူများက နောက်သို့ ခြေတစ်လှမ်း ဆုတ်ရင်း အဇူရာ ဝတ်စုံဝတ် ပုဂ္ဂိုလ်အား သေချာစွာ အကဲခတ်လိုက်သည်။

ထိုပုဂ္ဂိုလ်သည် ဆံပင်ဖြူများကို ပိုင်ဆိုင်ထားသည်။ တစ်ချိန်တည်းတွင် သူ၏ မျက်လုံး၌ ဝမ်းနည်းခြင်း ခံစားမှုက ကြီးစိုးနေ၏။

"လျှို့ဝှက် အဇူရာဂိုဏ်းက ဓားတန်ခိုးရှင် ချန်းဟယ်"

ရန်ကန်းချိုးနှင့် အခြားလူများ တုန်လှုပ်သွားကြသလို ချမ်ရဲ့ရွှယ်မှာလည်း မျက်မှောင် ကြုတ်လိုက်မိသည်။

ဓားတန်ခိုးရှင် ချန်းဟယ်သည် လျှို့ဝှက်အဇူရာ ဂိုဏ်း၏ ထိပ်သီး ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် မြေကမ္ဘာ အလယ်ဆင့်တွင် ရှိနေကာ ခွန်ရှု့နယ်မြေ၏ အစွမ်းအထက်ဆုံး ဓားတန်ခိုးရှင် တစ်ဦး ဟူ၍လည်း ဆိုနိုင်သည်။

"ချန်းဟယ်တောင် လာတယ်ဆိုတော့ အရှင်ချန်းတော့ ဒုက္ခရောက်ပြီပဲ"

ရန်ကန်းချိုးမှာ အနည်းငယ် စိတ်ပူနေမိသည်။

သူသည် မြေကမ္ဘာအဆင့်များ ဝင်ရောက်လာမည်ကို သိရှိပြီး ဖြစ်သော်လည်း ယခုကဲ့သို့ လေးယောက် တစ်ပြိုက်နက် ပေါ်လာလိမ့်မည်ဟု မထင်မိချေ။

ထို့အပြင် ထိုအုပ်စုထဲ၌ မြေကမ္ဘာ အလယ်ဆင့်သို့ ရောက်ရှိနေသူ တစ်ယောက်ပင် ပါဝင် နေသေးသည်။

"ကလန့်…"

ထိုအချိန်မှာပင် အလင်းတံခါးက နောက်တစ်ကြိမ် လင်းလက်လာ၍ ရွှေရောင် လူတစ်ဦး လမ်းလျှောက် ထွက်လာခဲ့ပြန်၏။ သူ၏ ခြေလှမ်းတိုင်းသည် ရွှေရောင် လျှပ်စီးများဖြင့် ပြိုးပြိုးပျက်ပျက် လင်းလက်နေကာ မိုးကြိုးသံများကို ထုတ်လွှတ်နေသည်။

"မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း…"

ထိုပုဂ္ဂိုလ်ကို မြင်သည်နှင့် ရန်ကန်းချိုး မဆိုထားနှင့် ချမ်ရဲ့ရွှယ်ပင်လျှင် အံ့အားသင့် သွားခဲ့၏။

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း…

သူကား ကောင်းကင် မိုးကြိုးဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ် ဖြစ်သည်။ လဲ့ရှင်းသည် မြေကမ္ဘာ အလယ်ဆင့်တွင် ရှိနေပြီး ခွန်ရှု့နယ်မြေ၏ မြေကမ္ဘာအဆင့် ခြောက်ယောက်ထက် မနည်းကို သတ်ဖြတ်ခဲ့ဖူးသည်။

ထို့အပြင် သူသည် ခွန်ရှု့နယ်မြေ၏ ထိပ်သီး ကျင့်ကြံသူ ဆယ်ယောက်၌လည်း တစ်ယောက် အပါအဝင် ဖြစ်သည်။

"သူက ကောင်းကင်သခင်ဂိုဏ်းရဲ့ ဒုတိယအစွမ်း အထက်ဆုံး ပုဂ္ဂိုလ်ပဲ ... သူပါ လာမယ်လို့ ငါမထင်ခဲ့မိဘူး"

ရန်ကန်းချိုးမှာ ကြောက်လန့်မှုကြောင့် တုန်ရီ၍ပင် လာခဲ့၏။

"အစ်ကို လဲ့ရှင်း ... ဒီခရီးကိုလာဖို့ ကောင်းကင် မိုးကြိုးဂိုဏ်းက ဝိညာဉ်ရတနာကို စတေးခဲ့ရတယ် ... ဆိုတော့ အစ်ကိုလဲ့ရှင်းကပဲ ဒီခရီးကို ဦးဆောင်ပါ"

ဓားတန်ခိုးရှင် ချန်းဟယ်က လဲ့ရှင်းကို ဦးညွှတ်ရင်း ပြောလိုက်သည်။

လဲ့ရှင်းက ခေါင်းညိတ်ပြရင်း ချမ်ရဲ့ရွှယ်ကို ကြည့်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

"နတ်နတ်ဘုရား နန်းတော်ရဲ့ နတ်ဘုရားမလေးက ဒီကို ရောက်နေတာလား ... ကဲ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပါဦး"

"ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့ လူတစ်ယောက်က ရွှမ်လော့ အပါအဝင် လူတိုင်းကို သတ်ခဲ့တာပါ…"

ချမ်ရဲ့ရွှယ်က အစချီရင်း ဖြစ်ပျက်သမျှ အလုံးစုံကို အတိုချုံး ပြောပြလိုက်သည်။

"ချန်းပေ့ရွှမ်းလို့ ခေါ်တဲ့ သေမျိုးကမ္ဘာရဲ့ တန်ခိုးရှင် တစ်ယောက်က ရွှမ်လော့ အပါအဝင် လူတိုင်းကို သတ်လိုက်တာလား ... ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ"

ချမ်ရဲ့ရွှယ်၏ စကားကို ကြားပြီးနောက် လနတ်သမီးနှင့် ချီကျွယ်တို့ပင် အံ့အားသင့် ကုန်ကြတော့သည်။

"အမှန်ပါပဲ ... သူက အခု နတ်ဘုရား သင်္ချိုင်းတောင်ကြား တစ်နေရာမှာ ရှိနေပါတယ်"

ချမ်ရဲ့ရွှယ်က ခေါင်းညိတ်ရင်း အဖြေပေးလိုက်သည်။

"ဒါဆို ငါတို့ နတ်ဘုရား သင်္ချိုင်း အတွင်းပိုင်းကို ဝင်ပြီး ... ခွန်ရှု့ နယ်မြေ လူငယ်လေးတွေရဲ့ သေဆုံးမှုအတွက် ချန်းပေ့ရွှမ်းကို လက်စားချေ ကြရအောင်"

လဲ့ရှင်းက ခိုင်မာစွာ ဆိုလိုက်၏။

"သူက မြေကမ္ဘာ အဆင့်ထိ တက်လှမ်းနိုင်တယ် ဆိုတော့ ... လူသားကမ္ဘာရဲ့ ရှားပါး ပါရမီရှင်လေးပဲ ... ဒါပေမဲ့ ခွန်ရှု့ နယ်မြေကို သူ မဆန့်ကျင်သင့်ဘူး"

ဓားတန်ခိုးရှင် ချန်းဟယ်က သက်ပြင်း တစ်ချက် ချသည်။

ရန်ကန်းချိုးနှင့် ရေနက်ဂိုဏ်း၏ တပည့်များမှာ ဓားတန်ခိုးရှင် ချန်းဟယ်ပြောသော စကားကို ခေါင်းညိတ် လက်ခံမိကြသည်။

မည်သို့ပင်ဆိုစေ ... ဤနေရာ၌ ရှိနေသည်က မြေကမ္ဘာအဆင့် ငါးယောက် ဖြစ်သည်။ ထို့အပြင် နှစ်ယောက်မှာ ခွန်ရှု့ နယ်မြေ၌ပင် ထိပ်သီးအဆင့် ရှိနေသူများ ဖြစ်ကြသည်။

ချန်းပေ့ရွှမ်း မည်မျှပင် အစွမ်းထက် စေကာမူ ထိုလူများကို ယှဉ်နိုင်မည် မဟုတ်ချေ။

***

All Chapters