← Chapters

အခန်း (၅၂၂-၅၂၄)

Vol. 11 Ch. 522-524

အခန်း (၅၂၂-၅၂၄)

Vol. 11 Ch. 522-524

အပိုင်း (၅၂၂)

ဧကရာဇ်က ........ထိန်းချုပ်ထားမှာ မဟုတ်လောက်ဘူး။

လုလျန့်ဝေသည် လုံယန်၏ချောမောသောမျက်နှာကိုကြည့်ရင်း နှလုံးသားထဲမှနွေးထွေးလာသည်။

“ ဒါပေမဲ့ အဖေ၊ အဘွားနဲ့ အခြားသူတွေက ဒီမှာမှမရှိတာ .......... “

လုံယန်သည် သူ(မ)ကို ပုခုံးမှဆွဲဖက်လိုက်သည်။

“ ဒါပေမဲ့ ကိုယ်က ဒီမှာရှိတယ်လေ “

လုလျန့်ဝေသည် သူ့ကိုကြည့်လိုက်ပြီး ရုတ်တရက်စနောက်ပြောလိုက်သည်။

“ အဲ့တာဆို ရှင့်ကို အဖေလို့သတ်မှတ်ရမှာလား၊ အရှင်မင်းကြီး “

လုံယန် သူ(မ)ပုခုံးကိုဖက်ထားသောလက်အားကိုဖိလိုက်ကာ မျက်ခုံးတွန့်လိုက်သည်။

“ ဘာပြောလိုက်တာလဲ “

အန္တရာယ်ရှိသည့်လေထုအခြေအနေကြောင့် လုလျန့်ဝေ သူ(မ)ခေါင်းပေါ်မှ သရဖူကိုပြန်တည့်လိုက်ပြီး ခေါင်းကို အသာအယာခါလိုက်သည်။

လုံယန်နှုတ်ခမ်းတွင် အန္တရာယ်ရှိသည့်အပြုံးတစ်ခုပေါ်လာသည်။ လုံယန် ရုတ်တရက် သူ(မ)ကို ကုတင်ပေါ်သို့တွန်းလိုက်ပြီး အပေါ်မှဖိထားကာ သင်ခန်းစာပေးမည်ဟု ရည်ရွယ်လိုက်သည်။

တုန်လှုပ်သွားတဲ့လုလျန့်ဝေက အမြန်သတိပေးလိုက်သညိ။

“ အရှင်မင်းကြီး၊ မင်္ဂလာလက်ဆက်နန်းတက်ပွဲအခမ်းအနားက မကြာခင်စမှာပါ။ ကျွန်မတို့ အခုသွားသင့်နေပါပြီ “

လုံယန်သည် သူ့အောက်ရှိ လှပလွန်းသောကောင်မလေးကိုကြည့်ပြီး စူးရှရှအသံဖြင့်ပြန်ဖြေလိုက်သည်။

လုလျန့်ဝေ ကျည်ဆံကိုရှောင်လိုက်နိုင်ပေမဲ့ ခြေထောက်တွေမှာ အနည်းငယ်အားမရှိဖြစ်နေသည်ဟု ခံစားရသည်။

သူ(မ)သည် တုံးအသောမိန်းကလေးတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဧကရာဇ်၏မျက်ဝန်းထဲမှ ဖုံးကွယ်ထားသောခံစားချက်တို့ကို အလွယ်တကူခွဲခြားသိနိုင်သည်။

ထို့အပြင် သူ(မ) အမေမှ မနက်တုန်းက စာအုပ်တစ်အုပ်ပေးသည့်အပြင် ထိုစာအုပ်ကြောင့် အရာအားလုံးကိုနားလည်သွားခဲ့သည်။

မင်္ဂလာလက်ဆက်နန်းတက်ပွဲအခမ်းအနားကြောင့်သာ မဟုတ်ပါက ဧကရာဇ်သည် ထိန်းချုပ်ထားမှာ မဟုတ်လောက်ပေ။

……………………..

ဧကရာဇ်နှင့် ကြင်ယာတော်ဧကရီတို့၏လက်ထပ်ပွဲသည် သာမန်အရပ်သားများနှင့်ကွဲပြားသည်။ မင်္ဂလာခန်းဝင်ည မကုန်ဆုံးခင်တွင် မင်္ဂလာလက်ဆက်နန်းတက်ပွဲအခမ်းအနားကျင်းပရပြီး ကောင်းကင်နှင့်မြေကြီးကိုကန်တော့ရကာ ဝန်ကြီးအရာရှိများနှင့် တော်ဝင်မိသားစုအားလုံးတို့မှ တက်ရောက်ချီးမြှင့်ပေးရသည်။

ရှုပ်ထွေးတဲ့တစ်နေ့တာပြီးတဲ့နောက် လုလျန့်ဝေ အတော်လေးပင်ပန်းနေပြီဖြစ်သည်။

လုံယန်သည် သူ(မ)ကို ကြီးမြတ်သောဇာမဏီအဆောင်ဆီသို့ လိုက်ပို့ပြီး သူ(မ)မျက်နှာပေါ်ရှိ ဖုံးကွယ်၍မရသော ခပ်ဖျော့ဖျော့အမူအရာလေးကိုတွေ့တဲ့အခါ သူ့နှလုံးသားနာကျင်ရသည်။

“ ဒါပြီးရင် ဘာမှလုပ်စရာမရှိတော့ပါဘူး။ အရင်ဆုံးခဏအိပ်လိုက်ပါ “

လုံယန်သည် သူ(မ)မျက်နှာလေးကို လက်ချောင်းများဖြင့်အသာအယာသပ်ပြီး နူးညံ့စွာပြောလိုက်သည်။

“ ကောင်းပါပြီ “

လုလျန့်ဝေခေါင်းငြိမ့်လိုက်သည်။ ထို့နောက် အတွေးတစ်ခုဝင်လာပြီး မေးဖို့တွန့်ဆုတ်နေပြီးနောက်မှ ပြောလိုက်သည်။

“ ဒါနဲ့ အရှင်မင်းကြီးကရော “

လုံယန်သည် သူ(မ)၏အတွေးကို သိလိုက်ပြီး သူ(မ)၏နက်မှောင်သောဆံပင်ကို လက်ချောင်းဖြင့်ရစ်ပတ်ဆော့နေလိုက်ကာ သူ(မ)ကို ပြုံးလျက်ကြည့်လိုက်သည်။

“ အဲ့လိုဆို မင်းစိတ်ပူစရာမလိုတော့ဘူး၊ ဟုတ်တယ်မလား “

လုံယန်၏ပေါက်ထွက်မတတ်အကြည့်ကြောင့် လုလျန့်ဝေရှက်ရှက်ဖြင့်ခေါင်းငုံ့သွားသည်။

“ ဘာကိုပူရမှာလဲ။ ကျွန်မ ဘာကိုမှ မပူပါဘူး “

“ မင်းက စိတ်မပူဘူးဆိုတာသိရတော့ ကောင်းတာပေါ့ “

လုံယန်၏အပြုံးတို့မှေးမှိန်သွားရပြီး လေးနက်စွာပြောလိုက်သည်။

“ ကိုယ် ချက်ချင်းပြန်လာနိုင်မှာမဟုတ်ဘူး။ အဲ့အတောအတွင်းအိပ်ထားနှင့်လိုက် “

“ ဟုတ်ကဲ့ပါ “

လုလျန့်ဝေခေါင်းငြိမ့်ကာ လုံယန်ကို လိုက်ပို့ပြီး အိပ်ခန်းသို့ပြန်လာခဲ့သည်။

သူ(မ)အမှန်တကယ်ပင် အတော်လေးပင်ပန်းနေတာဖြစ်သည်။

သို့ပေမဲ့ သူ(မ)မိတ်ကပ်ဖျက်ဖို့ပြင်နေချိန်မှာဘဲ လုံချင်းကျီသည် ဝမ်ယန်ကျီကိုလက်ထဲပိုက်ကာ ဝင်လာသည်။

လုလျန့်ဝေသည် သူ(မ)ကို ကြိုဆိုဖို့ အချိန်မဆွဲဘဲ ထိုင်ရန် ထိုင်ခုံပေးလိုက်သည်။

လုံချင်းကျီသည် လုလျန့်ဝေကို အထက်အောက်ကြည့်ပြီး ပြုံးကာ ချီးကျူးလိုက်သည်။

“ ဒုတိယသခင်မလေးလုရဲ့အလှက တုနှိုင်းမဲ့လို့လူတိုင်းကပြောကြတယ်။ ဒီလိုဝတ်ထားတော့လည်း မင်းရဲ့ချစ်စရာကောင်းမှုက ပထမတန်းစားဘဲ၊ လုံးဝ ဒုတိယမဟုတ်ဘူး “

လုလျန့်ဝေသည် သူ(မ)မှာ ဆွဲဆောင်မှုရှိသောမျက်နှာရှိမှန်းသိသော်လည်း လုံချင်းကျီလိုလှပသောမိန်းကလေးမှ ချီးကျူးနေသည့်အခါ အနည်းငယ်ရှက်မိသည်။

“ ရှင်ကနောက်နေတာဘဲ၊ တော်ဝင်မင်းသမီး။ အလှအပတရားဆိုရင် မင်းသမီးကမှ တကယ့်အလှထိပ်ခေါင်ပါ “

လုံချင်းကျီမှ စနောက်ကာပြောလိုက်သည်။

“ ဘာလို့ တော်ဝင်မင်းသမီးလို့ခေါ်နေသေးတာလဲ “

အပိုင်း (၅၂၃)

မကြာခင်တော့ အရိုက်အရာဆက်ခံမယ်သူမွေးနိုင်မယ်လို့မျှော်လင့်တာဘဲ။

လုလျန့်ဝေ ခဏရပ်လိုက်ပြီးနောက် ရှက်ကိုးရှက်ကန်းဖြင့် ပြင်ပြောလိုက်သည်။

“ အစ်မတော် “

လုလျန့်ဝေသည် အခုထိ အလွယ်တကူရှက်တတ်သေးတဲ့ကောင်မလေးငယ်လေးမှန်းခံစားမိလိုက်၍ လုံချင်းကျီ သူ(မ)ကိုစနောက်နေတာရပ်လိုက်ပြီး အဲ့ဒီအစားသတိပေးစကားပြောလိုက်သည်။

“ နန်းတော်စည်းကမ်းတွေက ရှုပ်ထွေးပြီးတော့ ဒီနေ့တစ်နေကုန်ဆိုတော့ ပင်ပန်းနေမှာဘဲ။ ခေါင်းပေါ်က ဇာမဏီသရဖူက အရမ်းလေးတာ၊ မြန်မြန်ချွတ်ထားလိုက် “

“ ဟုတ်ကဲ့ပါ “

လုလျန့်ဝေသည်လည်း အဲ့လိုလုပ်ချင်နေတာဖြစ်တာကြောင့် အဝတ်လဲခုံမှာ နာခံစွာထိုင်လိုက်သည်။

ကျူးယွီမှ အပြေးလာပြီး ခေါင်းဆောင်းကိုချွတ်ပေးကာ နူးညံ့ပြီးနေရထိုင်ရအဆင်ပြေစေမည့်အင်္ကျီတစ်စုံကိုထုတ်ပေးကာ လဲစေလိုက်သည်။

လုလျန့်ဝေ အဝတ်လဲပြီး ပြန်ထွက်လာတဲ့အထိ လုံချင်းကျီကရှိနေသေးသည်။

သူ(မ)သည် ဝမ်ယန်ကျီကိုပွေ့ထားပြီး ချော့မော့ပြောနေသည်။

ဝမ်ယန်ကျီ၏အခြေအနေသည် အရင်ကထက်အများကြီးပိုကောင်းလာပေမဲ့ လုလျန့်ဝေတိုက်သည့်ဆေးကို သောက်နေရဆဲဖြစ်သည်။

လုလျန့်ဝေလျှောက်လာသည့်အခါ ဝမ်ယန်ကျီက ခေါင်းလှည့်လာပြီး သူ(မ)ကိုကြည့်သည်။

လုလျန့်ဝေမှ ခေါင်းကိုပွတ်ပေးသည့်အခါ သူ(မ)ရဲ့ထိတွေ့ခြင်းကို မရှောင်ဘဲ သူ(မ)ကို နက်မှောင်သောမျက်လုံးဝိုင်းကြီးများဖြင့်သာကြည့်နေခဲ့သည်။

“ ဝေဝေပေးတဲ့ ဆေးညွှန်းက တော်တော်လေးထိရောက်မှုရှိတယ်။ အခုတလော ကျီအယ်က ညလယ်တွေ လန့်မနိုးတော့ဘဲ ကောင်းကောင်းအိပ်တယ်။ ပြီးတော့ သူစိမ်းတွေတွေ့ရင်လည်း အရမ်းကြီးလန့်ပြီး မတွန်းထုတ်တော့ဘူး။ အားလုံးက ဝေဝေ့ကျေးဇူးကြောင့်ပါ “

လုလျန့်ဝေသည် ဝမ်ယန်ကျီ ပိုနေကောင်းလာသည့်အတွက် ဝမ်းသာသော်လည်း သတိပေးလိုက်သည်။

“ ဆေးက ခန္ဓာကိုယ်အတွက်ပါဘဲ။ အရေးအကြီးဆုံးက ကျီအယ်နဲ့ အတူတူပိုအချိန်ကုန်ပေးပြီး အားတက်စေမယ့်စကားတွေပြောပေးရမှာပါ။ ဒါပေမဲ့လည်း အရမ်းကြီးတွန်းအားမပေးမိပါစေနဲ့”

ထို့နောက်စကားပြောတာရပ်ပြီး လုလျန့်ဝေ၏ချစ်စရာကောင်းသောမျက်နှာလေးပေါ်အကြည့်ရောက်သွားကာ စနောက်ပြောလိုက်သည်။

“ အဲ့ဒီ ငါ့ရဲ့မောင်တော်ကတော့ အသက်မငယ်တော့ဘူး။ မင်းတို့နှစ်ယောက်လုံးပိုပြီးကြိုးစားရမယ်။ မကြာခင်တော့ အရိုက်အရာဆက်ခံမယ်သူမွေးနိုင်မယ်လို့မျှော်လင့်တာဘဲ “

ထိုအချိန်တွင် လုလျန့်ဝေသည် ကျူးယွီကမ်းပေးသော ရေနွေးကြမ်းကိုသောက်နေဆဲဖြစ်ကာ ထိုစကားကြားချိန်တွင် အကုန်ထွေးထုတ်မိမတတ်ဖြစ်သွားသည်။

ထိုပုံစံကိုမြင်ပြီး လုံချင်းကျီ ရယ်မောလိုက်ကာ သူမလက်ကိုဆွဲယူပြီး စိတ်သက်သာရာရအောင်ပြောပေးသည်။

“ အရမ်းစိတ်လှုပ်ရှားပြီး ရှက်စရာမလိုပါဘူး။ ဒါက မိန်းကလေးတိုင်းကြုံတွေ့ရမယ့်ဟာအရာမျိုးပါဘဲ။ ပြီးတော့ ပထမဆုံးအကြိမ်မှာ အရမ်းစိတ်လှုပ်ရှားနေရင် အဆင်မပြေဖြစ်နေလိမ့်မယ် “

လုံချင်းကျီက သူ(မ)စကားလုံးတွေက အရမ်းကြီးမလွန်ကျူးစေရန် သတိထားနေသည်။

သို့ပေမဲ့ လုံချင်းကျီက ဒီလိုအိပ်ရာပေါ်မှကိစ္စတွေကို ပြောလိမ့်မည်ဟု ထင်မထားတာကြောင့် လုလျန့်ဝေ မျက်နှာပူသွားရသည်။

သူတို့စကားပြောနေစဉ်တွင် ချူးကျူနှင့်အတူ ကြင်ယာတော်ဧကရီဟောင်း၏အစေခံချန်က ဝင်လာသည်။

ထိုအမျိုးသမီးကိုတွေတဲ့အခါ လုံချင်းကျီ၏မျက်နှာသုန်မှုန်သွားသည်။

လုလျန့်ဝေသည် ကြင်ယာတော်ဧကရီဟောင်းနှင့် သူ(မ)၏အစေခံတွေကို မတွေ့ရသေးတာကြောင့် ဘယ်သူလဲဟုမေးမည့်အချိန်မှာဘဲ ချူးကျူကအရင်ပြောလိုက်သည်။

ချူးကျူရဲ့စကားကြောင့် သူ(မ)က ကြင်ယာတော်ဧကရီဟောင်းရဲ့လူဆိုတာ လုလျန့်ဝေသိလိုက်ရသည်။

အစေခံအထိန်းတော်ချန်က ရှေ့ကိုတိုးလာပြီး အရိုအသေပေးကာ ပြောသည်။

“ ကြင်ယာတော်ဧကရီဟောင်းရဲ့အမိန့်အရ ဧကရာဇ်နဲ့ဧကရီတို့ရဲ့ မင်္ဂလာအိပ်ရာပေါ်မှာ သန့်စင်ခြင်းအဝတ်လာခင်းပေးတာပါ “

လုံချင်းကျီ မျက်မှောင်ကြုတ်လိုက်ပြီး သူ(မ)မျက်လုံးထဲတွင် ရွံရှာခြင်းတို့အပြည့်ဖြစ်သွားပေမဲ့ ဘာမှအတွန့်တက်ပြောမနေဘဲ

“ ဒုက္ခခံဖို့မလိုပါဘူး၊ အထိန်းတော်ချန်။ ကျွန်မလုပ်လိုက်ပါ့မယ် “

အထိန်းတော်ချန်က ခဏတွန့်ဆုတ်သွားပေမဲ့ သန့်စင်ခြင်းအဝတ်ဘူးကို ပေးလိုက်သည်။

“ ကျေးဇူးတင်ပါတယ်၊ အရှင်မင်းသမီး။ ကိစ္စမရှိရင် ကျွန်မ ပြန်ပါတော့မယ် “

လုံချင်းကျီက လက်ကို အရေးမထားသလို ဝှေ့ယမ်းလိုက်သည်။

အထိန်းတော်ချန်က မပြန်ခင် လုလျန့်ဝေကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သွားသည်။

သူ(မ)ထွက်သွားတဲ့အခါမှ လုံချင်းကျီ အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီနေ့သာ သူ(မ)မောင်တော်ရဲ့မင်္ဂလာပွဲမဟုတ်ပါက ထိုဘူးကို အဲ့ဒီယုတ်ညံ့တဲ့အစေခံကို မျက်နှာတည့်တည့်ကိုပစ်ပေါက်လိုက်မှာဖြစ်သည်

အပိုင်း (၅၂၄)

ဒါကို အရင်ဖတ်ကြည့်သွားပါ။

ဘယ်လိုတောင်လဲ။ အဲ့လို အတုအယောင်ကြင်နာမှုတွေကို မောင်တော်ရဲ့ မင်္ဂလာညမှာမှ လာလုပ်စရာလား။

အဲ့ဒီအကျည်းတန်တဲ့အဘွားကြီးက လုံယန်ကို တမင်မတကာစိတ်ရှုပ်အောင်လုပ်ဖို့ ရည်ရွယ်ထားမှန်းသိသာသည်။

သန့်စင်ခြင်းအဝတ်ကို မင်္ဂလာအိပ်ရာပေါ်တွင် ခင်းလိုက်ပြီဖြစ်သည်။ ကြင်ယာတော်ဧကရီဟောင်းက တမင်တကာ သူ(မ)မောင်တော်ကို အရှက်ရအောင် လုပ်တာဖြစ်သည်။

လုလျန့်ဝေသည် တစ်ချိန်က အိမ်ရှေ့စံမင်းသားကို ချစ်ကြိုက်ခဲ့ဖူးသည်။ သူ(မ)က သူနဲ့ လက်ထပ်တဲ့အဆင့်ထိမရောက်ခဲ့သော်လည်း လူတိုင်းက သူတို့နှစ်ဦး၏သီးသန့်ကိစ္စတွေကို ဘယ်အဆင့်ထိရောက်ပြီလဲဟု မှန်းဆခဲ့ကြသည်။

သို့ပေမဲ့ ကြင်ယာတော်ဧကရီဟောင်းကတော့ ဒါကို တမင်တကာလုပ်တာဖြစ်သည်။

သူ(မ)အသက်ပြင်းပြင်းရှူပြီး လုလျန့်ဝေကို ကြည့်လိုက်သည်။

လုလျန့်ဝေ ပျာယာခတ်သွားမည်ဟုထင်ထားပေမဲ့ ထိုမိန်းကလေးငယ်လေး၏မျက်နှာက လုံးဝကို တည်ငြိမ်နေပြီး အထိန်းတော်ချန်၏လုပ်ရပ်ကြောင့် စိတ်ရှုပ်မှု ထိတ်လန့်မှုတို့လည်းမပြပေ။

လုလျန့်ဝေမျက်လုံးပင့်ပြီး သူ(မ)ကို မတုန်မလှုပ်ဖြင့်ကြည့်လိုက်သည်။

“ အစ်မတော်၊ အိမ်ရှေ့စံမင်းသားနဲ့ ကျွန်မကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး “

လုံချင်းကျီသည် အထိန်းတော်ချန်လာရသည့်နောက်ကွယ်က အဓိပ္ပာယ်ကို ခန့်မှန်းနိုင်သကဲ့သို့ လုလျန့်ဝေလည်း သိလိုက်သည်။

လုလျန့်ဝေ၏စကားကြောင့် လုံချင်းကျီသည် သူ(မ)၏မကောင်းတဲ့အတွေးတွေအတွက် အားနာသွားသည်။

လုံချင်းကျီ ထိုကဲ့သို့တွေးသည့်အတွက် လုလျန့်ဝေအပြစ်မတင်ပါ။ ဘယ်လိုဘဲဖြစ်ဖြစ် မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် အိမ်ရှေ့စံမင်းသားတို့၏အချစ်ရေးရှုပ်ထွေးမှုကို မြို့ထဲတွင်ပင်ပြောစမှတ်ဖြစ်နေခဲ့ပြီး သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးဆိုတာကို ယုံဖို့ခက်ပေလိမ့်မည်။

“ မလိုပါဘူး၊ တစ်နေကုန်ပြေးလွှားထားရတာဆိုတော့ ဒီအတိုင်းနားလိုက်ပါ “

လုံချင်းကျီသည် သူ(မ)၏လက်ကိုကိုင်ပြီး ရုတ်တရက် နားနားကိုကပ်လာသည်။

“ မိန်းကလေးတစ်ယောက်အတွက် ပထမဆုံးညက ခက်ခဲလိမ့်မယ်။ ငါ့ရဲ့မောင်တော်အတွက် မင်းရဲ့ စွမ်းအင်တွေကို ခြွေတာထားပါဦး “

ကြောင်အသွားတဲ့ကောင်မလေးကိုကြည့်ပြီး လုံချင်းကျီ ပျော်ရွှင်စွာရယ်မောလိုက်ပြီး ပါးလေးကို လှမ်းညှစ်လိုက်သည်။

အသိစိတ်ပြန်ကပ်လာတဲ့အခါမှ လုလျန့်ဝေက စိတ်ဆိုးသည့်ပုံစံဖြင့်ပြောလိုက်သည်။

“ နှုတ်ဆက်ပါတယ်၊ အစ်မတော်။ ကျွန်မ လိုက်မပို့တော့ပါဘူး “

လုံချင်းကျီက ပို၍ပင်ပျော်ရွှင်စွာရယ်လိုက်ပေမဲ့ မိန်းကလေးငယ်လေးကို ထပ် မစနောက်တော့ဘဲ ဝမ်ယန်ကျီကို ချီကာ ထွက်သွားခဲ့သည်။

အဆုံးတွင် အခန်းထဲမှာ တိတ်ဆိတ်သွားပြီး လုလျန့်ဝေ ရုတ်တရက် စိတ်လှုပ်ရှားလာတော့သည်။

ဒီမတိုင်ခင်က ဘယ်လိုမှမနေပေမဲ့ လုံချင်းကျီပြောတာကိုနားထောင်ပြီးတဲ့နောက် ပိုပြီးစိတ်အိုက်လာရသည်။

ထို့ကြောင့် လုလျန့်ဝေမျက်နှာက ရှက်ပြီးစိတ်ရှုပ်မှုကြောင့် နီရဲနေသည်။

လုံယန်ပြန်လာသည့်အခါ လုံချင်းကျီသည် ဇာမဏီဆောင်ထဲမှထွက်လာသည်ကိုတွေ့လိုက်၍ လှမ်းပြောလိုက်သည်။

“ ဒီနေ့ နင်နဲ့ဧကရီရဲ့ မင်္ဂလာညလေ။ အကြာကြီးနေနေစေချင်သေးတာလား “

ထို့ကြောင့် သူ့မင်္ဂလာပွဲနေ့မှာတော့ အဲ့လိုမလုပ်လောက်ဘူးဟုထင်ခဲ့သည်။

“ အစ်မတော်က သိတတ်မှတော့ ကျွန်တော်က ပိုလို့တောင်ဝမ်းသာရပါတယ် “

အစောပိုင်းကဖြစ်ခဲ့တာကိုပြန်တွေးပြီး သူ(မ)က တည်ကြည်စွာပြောလိုက်သည်။

“ ဒါနဲ့ အထိန်းတော်ချန်က ကြင်ယာတော်ဧကရီဟောင်းရဲ့အမိန့်နဲ့ မင်္ဂလာအိပ်ရာပေါ်မှာ သန့်စင်ခြင်းအဝတ်စကို ခင်းသွားမယ်ဆိုလို့ တားလိုက်တယ် “

လုံယန်သည် သူ(မ)စကားတွေကိုနားထောင်ရင်းမျက်နှာပိုတည်လာသည်။

လုံယန်၏အေးစက်မှုကြောင့် လုံချင်းကျီရှက်သွားသည်။

သူ(မ) ထွက်သွားတာကိုကြည့်ပြီးနောက် ဇာမဏီနန်းဆောင်ထဲဝင်သွားသည်။

ကျောက်ချန်က သူ့အမူအရာကိုကြည့်ပြီး ရုတ်တရက်ဖိအားများလာသလိုခံစားရကာ အင်္ကျီလက်ထဲမှ စာအုပ်တစ်အုပ်ကို ခိုးကြောင်ခိုးဝှက်ဖြင့် အရှင်မင်းကြီးလက်ထဲသို့ထည့်ပေးလိုက်သည်။

“ ဒါကို အရင်ဖတ်ကြည့်သွားပါဦး၊ အရှင်မင်းကြီး “

All Chapters