အခန်း (၅၂၅-၅၂၇)
Vol. 11 Ch. 525-527
အပိုင်း (၅၂၅)
မင်္ဂလာဦးည။
ကျောက်ချန်၏စကားကြောင့် လုံယန်၏ဩဇာပြည့်ဝသောမျက်လုံးတို့ကို ကျဉ်းကာ သူ့လက်ထဲမှ စာအုပ်ကိုကြည့်လိုက်ပြီး ဘာစာအုပ်လဲဆိုတာကို ချက်ချင်းနားလည်သွားသည်။
ထို့နောက် ကျောက်ချန်ကိုကြည့်ပြီး ဖျော့တော့တဲ့အပြုံးတစ်ခုပေါ်လာသည်။
“ ကျောက်ချန်၊ မင်း တော်တော်အချိန်ပိုတွေရှိနေပုံရတယ် “
ကျောက်ချန် သူ့သခင်က အပြစ်ပေးတော့မယ်ထင်ပြီး ကြောက်လွန်းလို့ တစ်ကိုယ်လုံးတောင့်ခဲသွားပေမဲ့ လုံယန်က ထိုစကားပြောပြီးတဲ့နောက် လှည့်ပြီး အိပ်ခန်းထဲသို့သာဝင်သွားခဲ့သည်။
သူ့အရှင်သခင်၏ ပြန်လှည့်သွားတဲ့ပုံရိပ်ကိုမြင်မှ မြားဖြင့်ပစ်ခံရမည့်အရေးကို ရှောင်လိုက်နိုင်သည်ဟုခံစားရပြီး နဖူးပေါ်ရှိ ချွေးအေးတို့ကို သုတ်ရဲတော့သည်။
သူ့ဘဝက ဘာလို့ အဲ့လောက်တောင် ခက်ခဲနေရတာလဲ ......
မဟုတ်သေးဘူး၊ နေပါဦး။ အရှင်မင်းကြီးက စာအုပ်ကို အထဲယူသွားတယ်ထင်တယ်။
ထိုအကြောင်းကိုဆက်စပ်တွေးပြီး ကျောက်ချန်နှုတ်ခမ်းတွန့်သွားရသည်။ ဒါကို ဘယ်လိုပြောရမလဲ စကားထက် ခန္ဓာကိုယ်က အမှန်တရားကိုပြောနေတယ်ဆိုတာမျိုးလား။
အရှင်မင်းကြီးက အရင်တစ်ခေါက်တုန်းကကဲ့သို့ စာအုပ်ကို သူ့ဆီပစ်ပေါက်မယ်လို့ထင်ခဲ့ပေမဲ့ ...........
လုလျန့်ဝေသည် ကုတင်ပေါ်တွင်ထိုင်နေပြီး အနည်းငယ်အိပ်ငိုက်နေသည်။ သို့ပေမဲ့ လုံယန်အထဲသို့လမ်းလျှောက်လာတာကို တွေ့တဲ့အခါ လုံချင်းကျီ၏စကားတို့ကို ရုတ်တရက်မှတ်မိသွားပြီး မျက်နှာပူလာသည်။
ထိုပုံစံကိုမြင်ပြီး လုံယန်အနားတိုးလာကာ စိတ်ပူစွာဖြင့်မေးသည်။
လုံယန် သူ(မ)မျက်နှာပေါ်သို့အကြည့်ရောက်သွားကာ ခဏရပ်နေပြီးနောက် ကျူးယွီနှင့် အခြားသူများကိုပြောသည်။
ထိုစကားကြောင့် ကျူးယွီမှ သူ(မ)၏သခင်မလေးကို စိုးရိမ်စွာဖြင့်လှမ်းကြည့်သည်။ လုလျန်ဝေမှ လက်ကိုင်ပဝါကိုဆုပ်ကိုင်ထားသည်ကိုကြည့်ပြီး ကျူးယွီမှပြောလိုက်သည်။
“ သခင်မလေး၊ တစ်ခုခုလိုတာနဲ့လှမ်းအော်လိုက်ပါ။ ကျွန်မ တံခါးအပြင်ဘက်မှာရှိနေပါ့မယ် “
လုလျန့်ဝေသည် ကျူးယွီ၏စကားကြောင့် ရင်ထဲမှ စိတ်ပူနေခြင်းတို့အားလုံးပျောက်သွားရပြီး စိတ်ထဲမှ ခပ်မြူးမြူးဖြင့်တွေးလိုက်သည်။
အစေခံတွေအားလုံးထွက်သွားတဲ့အခါ လုံယန်က ဒေါနှင့်မောနှင့်ပြောသည်။
လုလျန့်ဝေ သူ့ကိုကြည့်ပြီး နှုတ်ခမ်းဆူလျက်ပြောသည်။
“ စိတ်ထဲမထားပါနဲ့၊ ကျူးယွီကို တော်တော်လေးအလိုလိုက်ထားမိလို့ပါ “
လုလျန့်ဝေ၏စိတ်လှုပ်ရှားနေမှုကို သတိထားမိပုံရတဲ့ လုံယန်က စကားပြောနေတဲ့အကြောင်းအရာကိုပြောင်းလိုက်သည်။
“ အစ်မတော် အခုလေးတင်လာသွားတယ်ဆို ဘာအကြောင်းတွေပြောခဲ့ကြတာလဲ “
ထိုအခါ လုလျန့်ဝေသည် ရန်သူတစ်ယောက်ကို ရင်ဆိုင်လိုက်ရသည့်အလား မသက်မသာဖြစ်သွားတာကြောင့် သူ(မ)ကို ခပ်နောက်နောက်ကြည့်လိုက်သည်။
“ ဝေဝေ၊ ကိုယ်က သားရဲကြီးမဟုတ်ပါဘူး။ ဘာလို့ အဲ့လောက်စိတ်လှုပ်ရှားနေရတာလဲ “
လုံယန်၏နှုတ်ခမ်းထောင့်က အပေါ်သို့ကွေးတက်သွားသည်။ သူ(မ)ကို အိပ်ရာပေါ်သို့ထိုင်စေလိုက်ပြီး လုံယန်သည် ပြန်လှည့်ကာ စားပွဲရှိရာသို့လျှောက်သွားသည်။ ထို့နောက် လက်ထဲတွင် မင်္ဂလာသေရည်ဝိုင်နှစ်ခွက်ကို လုလျန့်ဝေကို တစ်ခွက်ကမ်းပေးလိုက်သည်။
မနေ့ညက မူးသွားတဲ့ ရှက်စရာအကြောင်းကို ပြန်သတိရပြီး လုလျန့်ဝေ အနည်းငယ်တွန့်ဆုတ်သွားသည်။
မင်္ဂလာသေရည်သည် အရမ်းပြင်းတဲ့ဝိုင်အမျိုးအစားမဟုတ်သော်လည်း တစ်ခွက်သောက်ရုံနှင့်ပင် မူးသွားနိုင်သည်။
သို့ပေမဲ့ ရှေ့ဆက်ဖြစ်မည့်ကိစ္စသည် မူးနေလျှင် ပိုကောင်းလိမ့်မည်ဟုတွေးမိသည်။ အနည်းဆုံးတော့ မူးနေပါက သူ(မ)အလွန်ရှက်နေလိမ့်မည်မဟုတ်တော့ပေ။
ထို့ကြောင့် လုံယန်နှင့်လက်ချင်းချိတ်ကာ တစ်ကြိုက်တည်းသောက်လိုက်သည်။
“ မင်း ကောင်းကောင်းသောက်တတ်မှန်း ကိုယ်မသိခဲ့ဘူး “
“ ကျွန်မရဲ့ အရက်ခံနိုင်ရည်က တကယ်တော့ သာမန်လောက်ပါဘဲ “
လုံယန်သည် သူ့လက်ထဲမှ ခွက်ကို ကုန်အောင်သောက်ပြီးတဲ့နောက် လုလျန့်ဝေ၏ခွက်ကိုပါ ယူသွားပေးသည်။
လုံယန် သူ(မ)ဘေးကို လာထိုင်တာကိုကြည့်ရင်း လုလျန့်ဝေ၏မျက်တောင်တို့က တဖျတ်ဖျတ်ခတ်နေရင်း သူ(မ)ခေါင်းနောက်နေမှုက ချက်ချင်းပျောက်သွားတော့သည်။ ခါးကို မတ်မတ်ထိုင်လိုက်ပြီး လက်ထဲက လက်ကိုင်ပဝါကို တင်းကျပ်စွာဆုပ်ကိုင်ထားသည်။
လုံယန်က တစ်ခဏတိတ်ဆိတ်နေပြီး လုလျန့်ဝေ စိတ်လှုပ်ရှားနေတာကိုကြည့်ကာ ရုတ်တရက် အာခေါင်တွေခြောက်လာ၍ လုလျန့်ဝေကို ဆွဲကာ ချက်ချင်းပေါင်ပေါ်ထိုင်စေလိုက်သည်။
လုံယန်၏ကြည်လင်ပြီးစိတ်ချမ်းမြေ့စရာကောင်းသည် ဝင်သက်ထွက်သက်က သူ(မ)၏လည်ပင်းတွင် ဖြတ်ပြေးနေသည်။
“ မင်း ကြောက်နေရင် ကိုယ်တို့ ဒီညမလုပ်လည်းရတယ် “
အသက်ရှူသံကြောင့် ယားစိစိဖြစ်ပြီး လုလျန့်ဝေရှောင်လိုက်သည်။ လုံယန်ရဲ့စကားကိုကြားတဲ့အခါ သူ(မ)စိတ်ထဲမှ ကြိတ်ပြီးသက်ပြင်းချလိုက်သည်။
သို့ပေမဲ့ လုလျန့်ဝေ ခေါင်းကိုလှည့်လိုက်တဲ့အခါ ကုတင်ပေါ်မှ သန့်စင်ခြင်းအဝတ်စကိုတွေ့လိုက်တဲ့အခါ သူတို့ ဒီနေ့မင်္ဂလာညကို မဖြတ်သန်းပါက မနက်ဖြန် နန်းတော်ထဲတွင် ကောလဟာလတွေထွက်ပေါ်လာပေလိမ့်မည်ဟု ခံစားမိသည်။
ထို့အပြင် ကြင်ယာတော်ဧကရီဟောင်းက တမင်တကာ သူ(မ)ကိုစမ်းသပ်နှောင့်ယှက်ဖို့ လူလွှတ်ပြီး သန့်စင်ခြင်းအဝတ်စကို လာခင်းစေခဲ့တာဖြစ်သည်။
အပိုင်း (၅၂၆)
မင်္ဂလာဦးည။
မနက်ဖြန်မနက်တွင် ကြင်ယာတော်ဧကရီဟောင်းက တစ်စုံတစ်ယောက်ကို ခိုင်းစေပြီး သန့်စင်ခြင်းအဝတ်ကို လာယူခိုင်းပေလိမ့်မည်။ အကယ်၍ အစွန်းအထင်းကင်းတဲ့သန့်စင်ခြင်းအဝတ်စကိုဘဲတွေ့ပါက သူ(မ)သည် လက်ထပ်မထိမ်းမြားရသေးခင်ကတည်းက အပျိုဝင်ဘဝကို ဆုံးရှုံးထားပါသည်ဆိုသည့် ထင်ကြေးကို အတည်ပြုပေးသလိုဖြစ်သွားလိမ့်မည်။
လုလျန့်ဝေသည် ထိုကိစ္စနှင့်ပတ်သက်ပြီး လုံးဝစိတ်ထဲမထားသော်လည်း မဟုတ်သည့်သတင်းကြောင့် လုံယန်၏ပုံရိပ်ကို ဆိုးဝါးစွာထိခိုက်စေနိုင်သည်။
အကယ်၍ ဒီနေ့ညတွင် သူ(မ)ရှောင်ပြေးနိုင်ခဲ့လျှင်တောင်မှ မနက်ဖြန်တွင်ရော ဆက်ပြေးနိုင်မည်တဲ့လား။
လုံယန်သည် ဒီနေ့ညမှာလုပ်ဖို့မလိုဘူးဟုပြောခဲ့ပေမဲ့ မနက်ဖြန်တွင် မထိဘူးဟု မဆိုလိုချေ။ ထို့အပြင် မနက်ဖြန်၏နောက်မှာ မနက်ဖြန် ရက်ပေါင်းများစွာရှိသေးသည် .......
လုလျန့်ဝေ မျက်မှောင်ကြုတ်ပြီး နှုတ်ခမ်းကို ကိုက်လိုက်ပြီး ရုတ်တရက် လုံယန်၏ခါးတစ်ဝိုက်ကို ဖက်လိုက်ကာ အရာအားလုံးကို ရင်ဆိုင်တော့မည့်အလား သူ့ရင်ဘတ်တွင် မျက်နှာကိုအပ်လိုက်သည်။
လုံယန် မထင်မှတ်ထားမှုကြောင့် တစ်ကိုယ်လုံးတောင့်ခဲသွားသည်။ သူ(မ)၏လုပ်ရပ်တွေကို နားလည်ဖို့ စကားလုံးတွေလိုမနေခဲ့ချေ။
လုံယန် သူ(မ)ကို တစ်ခဏငေးနေပြီးနောက် ရုတ်တရုတ် ပွေ့ကာ ကုတင်ပေါ်သို့ ညင်ညင်သာသာလေးချပေးပြီး အဝတ်တွေချွတ်ပေးရန် အနည်းငယ်မှီလိုက်သည်။
လုလျန့်ဝေတစ်ကိုယ်လုံးတောင့်သွားပြီး သူ(မ)၏အသက်ရှူသံတို့က မတည်မငြိမ်ဖြစ်လာပေမဲ့ လုံယန်၏မျက်ခုံးကြားမှာလည်း ချွေးအနည်းငယ်စို့နေတာကို သတိထားမိလိုက်သည်။
အပြင်ဘက်မှ ကျူးယွီကတော့ တံခါးနားကို နားကပ်ကာ အထဲမှ အသံတွေကို အာရုံတစိုက်နားထောင်နေသည်။
အကယ်၍ အသံအလွန်ကျယ်လာပါက အထဲကိုပြေးဝင်ပြီး သူ(မ)သခင်မကို ကယ်တင်ဖို့စဉ်းစားထားသည်။
ကျူးယွီသည် လက်မထပ်ရသေးပါသော်လည်း အပြောကြမ်းသော လက်ထပ်ပြီးသား အခြားအစေခံများနှင့်အတူ ကြီးပြင်းလာရတာဖြစ်သည့်အတွက် သူတို့နဲ့အတူအကြာကြီးနေခဲ့ရပြီး ကိစ္စများစွာကို သိခဲ့ရသည်။
သူ(မ)၏သခင်မသည် အတော်သန့်ရှင်းဖြူစင်တာကြောင့် အခြားသူများက သူ(မ)ကို သွေးဆောင်ဖြားယောင်းပြီး အနိုင့်ကျင့်ချင်ကြသည်။
တစ်ချို့လူတွေက အထူးသဖြင့် အိပ်ရာထဲတွင် ပိုဆိုးပြီး ရက်စက်တဲ့နည်းလမ်းတွေကို သုံးကြသည်ဟု သူ(မ)ကြားဖူးသည်။ ပြီးပြည့်စုံတဲ့မိသားစုသမီးတွေက ထိုကဲ့သို့သောလူတွေရဲ့လက်ထဲမှာ ပျက်စီးကြရသည်။
အဲ့လိုရက်စက်တဲ့သူတွေနဲ့ကြုံရတဲ့သူတွေက မသေရင်တောင်မှ အတော်လေးပိန်ချုံးသွားကြရသည်။
ထိုအကြောင်းကိုတွေးလေလေ ကျူးယွီစိတ်ပူလာလေလေဖြစ်သည်။
ဧကရာဇ်က အဲ့လိုလူတစ်ယောက်မဟုတ်ဘဲ သခင်မလေးကို နူးညံ့စွာဆက်ဆံမယ့်သူတစ်ယောက်ဖြစ်ဖို့သာ ဆုတောင်းနိုင်တော့သည်။
ကျူးယွီ ထိုပုံစံဖြစ်နေတာကို ချူးကျူတွေ့တဲ့အခါ နှုတ်ခမ်းကိုတွန့်လိုက်ပြီး အဝေးကို ဆွဲခေါ်သွားတော့သည်။
ကျောက်ချန် လမ်းလျှောက်လာတဲ့အခါ ကျူးယွီက အရှင်မင်းကြီးတို့အိပ်ခန်းထဲမှအသံကို နားထောင်ဖို့လုပ်နေသည်ကိုတွေ့လိုက်ရ၍ မျက်မှောင်ကြုတ်ပြီး လက်မောင်းမှဆွဲထုတ်သွားတော့သည်။
“ ဒီမှာ မိန်းကလေးကျူးယွီ မင်းအတော်လေး မသင့်မတော်ပြုမူနေတယ်လို့ မထင်ဘူးလား “
ကျူးယွီက မျက်နှာရှုံ့ပြီးပြန်ခံပြောသည်။
“ ဘာလို့ မသင့်တော်ရမှာလဲ။ ကျွန်မက ကျွန်မရဲ့သခင်မကို စိတ်ပူရုံတင်ပါ “
“ မင်းရဲ့ သခင်မကို စိတ်ပူတယ်၊ ဟုတ်လား။ အရှင်မင်းကြီးက မင်းရဲ့သခင်မကို အနိုင်ကျင့်မယ်လို့များထင်နေတာလား “
“ ရှင့်ရဲ့သခင်က ကျွန်မရဲ့သခင်မကို အမြဲတမ်း စားမတတ်ဝါးမတတ်ကြည့်တာလေ။ ဒီည သူ့မှာ အခွင့်အရေးရှိနေတော့ ကျွန်မသခင်မကို မနှိပ်စက်ဘူးလို့ ရှင်ထင်နေလို့လား “
ကျူးယွီ၏စကားလုံးတွေသည် မှန်နေတာကြောင့် ပြန်မပြောနိုင်ပေ။
“ ဒီမှာနေမှာပေါ့၊ သေချာပေါက်။ အကယ်၍ ကျွန်မ သခင်မကို အကူအညီလှမ်းတောင်းရင် အမြန်ဝင်ပြီးကယ်မှာ “
ကျူးယွီက ပြောလိုက်ပေမဲ့ သိပ်တော့ ယုံကြည်ချက်မရှိပေ။
ကျောက်ချန်သည် ဒေါသထွက်လွန်းလို့ မေ့လဲတော့မည်ဟုတောင်ခံစားမိရသည်။
သူတို့က မင်္ဂလာဦးညလေးကို ဖြတ်သန်းရုံလေးတင်မဟုတ်လား။ ဒီမိန်းကလေးပြောတော့မှ ဘာလို့ အဲ့လောက်ဆိုးတဲ့ပုံစံပေါက်နေတာလဲ။ ဒါက သူ့သခင်ရဲ့ပထမဆုံးအကြိမ်ဖြစ်တာကြောင့် အရာအားလုံးက ချောချောမွေ့မွေ့မဖြစ်နိုင်ပေမဲ့ ဒီမိန်းကလေးက အရှင်မင်းကြီးက ဘာကြောင့်များအဲ့လိုတွေးနိုင်ရတာလဲ။ အရှင်မင်းကြီးက သူ့သခင်မကို နှိပ်စက်မယ်လို့ တထစ်ချယုံကြည်ထားတာလား။
“ မင်းက ဧကရီရဲ့အစေခံဖြစ်ပေမဲ့ လူပါးဝလို့မရဘူး။ ဒါက မင်းရဲ့ပထမဆုံးအကြိမ်မလို့ ဒီနေ့တော့ အလွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ ဒုတိယအကြိမ်အဖြစ် နေရာအလိုက်မဆောင်ရွက်ဘူးဆိုရင်တော့ မင်းရဲ့သခင်မတောင် ကယ်တင်လို့ရမှာမဟုတ်ဘူး၊ ဟွန်း “
ကျောက်ချန် သူမကို ပြင်းပြင်းထန်ထန်ဆူလိုက်ပြီး နန်းတွင်းရေးကိစ္စအရာရှိအာဏာပြလိုက်သည်။
အထိန်းတော်ကျောက်သည် သူ(မ)အပေါ်က အရင်ကို အဲ့လိုမျိုးမဆက်ဆံခဲ့ဘူးပေ။
သူမ နန်းတော်ထဲဝင်မလာခင်တုန်းက အထိန်းတော်ကျောက်သည် သူမကို တွေ့တဲ့အခါတိုင်း တက်တက်ကြွကြွဖြင့် သခင်မလေးနှစ်သက်တတ်သည့်အရာများကို မေးတတ်သည်။
သူမ သခင်မက နန်းတော်ထဲကို ဒီနေ့ပြောင်းလာတာက အဲ့ဒီအကျင့်မကောင်းတဲ့အထိန်းတော်က အမူအကျင့်တွေပြောင်းကုန်တော့သည်။
လူတွေက ရပြီးတာက အဲ့ဒီအရာကို တန်ဖိုးမထားတော့ဘူးဆိုတာ အမှန်ဘဲလား။
ကျောက်ချန်ကတောင် သူမကို ဒီလိုပြောင်းလဲဆက်ဆံမှတော့ ဧကရာဇ်ကလည်း သခင်မလေးကို အဲ့လိုဆက်ဆံမှာလား။
ကျူးယွီသည် ပိတ်နေတဲ့တံခါးကိုကြည့်ပြီး အနည်းငယ်စိုးရိမ်ကြောင့်လာသည်။
ကျူးယွီက တံခါးကို ဖောက်ထွက်မတတ်ကြည့်နေတာမြင်ပြီး သူမက အခန်းထဲကိုဝင်ပြီး အရှင်မင်းကြီးကို နှောင့်ယှက်မည်ကို ကျောက်ချန်စိုးရိမ်တာကြောင့် သူမကို လက်မောင်းကနေဆွဲခေါ်သွားသည်။
အခန်းထဲမှာတော့ အနီရောင်ဖယောင်းတိုင်က တဖျစ်ဖျစ်မြည်ပြီး မီးမှိတ်သွားသည်။
ကုတင်နောက်မှ သစ်ကိုင်းသစ်ခတ်တို့ပွတ်တိုက်သံ တိုးတိုးလေးနှင့်အတူ ယောက်ျားတစ်ယောက်၏ထိန်းချုပ်နေရသည့်အသံက ရောထွေးနေသည်။
အပိုင်း (၅၂၇)
မင်္ဂလာဦးည။
အတော်ကြာပြီးတဲ့နောက် လုံယန်၏ထိန်းချုပ်နေရတဲ့အသံရပ်သွားခဲ့သည်။
သူ၏ကြောင်တောင်တောင်နိုင်တဲ့ပုံစံကို ပြန်တွေးသည့်အခါ သူ့မှာ ဒီကိစ္စနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိပုံရသည်။
လုလျန့်ဝေ မရယ်ချင်ပေမဲ့ ကြီးကျယ်ခမ်းနားလှတဲ့ အသက်သုံးဆယ်ကျော်ဧကရာဇ်ကြီးတစ်ပါးက အတွေ့အကြုံမရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်လိုပြုမူနေတာက သူမကို မထိန်းနိုင်ဘဲရယ်မိစေသည်။
သူမ၏ရုတ်တရက်ရယ်သံကြောင့် သူမကျောကိုဖက်တွယ်ထားသည့်လက်တို့က တင်းကျပ်သွားပြီး လုလျန့်ဝေကို ငုံ့ကြည့်လိုက်သည်။
“ မနာတော့ဘူးလား “
လုလျန့်ဝေက ရှက်ရှက်ဖြင့်ခေါင်းခါသည်။
“ နာသေးတယ် “
လုံယန်သည် မျက်ခုံးကြားကနေရာကို လက်ဖြင့်ဖိနှိပ်လိုက်ပြီး ကျောက်ချန်ပေးတဲ့စာအုပ်ကို ကျိန်ဆဲလိုက်သည်။ အကူအညီလည်းမဖြစ်ဘူး။
စာအုပ်ထဲကအတိုင်း လိုက်နာပြီး လုပ်တာကို ဘာလို့ ဝေဝေက နာပြီးငိုနေရတာလဲ။
သူမ နာကျင်မှုကြောင့်အော်လိုက်တိုင်း သူမကို ထပ်ပြီးထိခိုက်မိမှာစိုးရိမ်နေရသည်။
ထိုအတွေးကြောင့်မျက်မှောင်ကြုတ်လိုက်သည်။မိန်းကလေးတွေ အားလုံးက ဒီလိုဘဲနာတတ်ကြတာလား။
သို့ပေမဲ့ လုလျန့်ဝေ၏ခန္ဓာကိုယ်လေးကလည်းသေးတာကြောင့် လုံယန် စိတ်ထိန်းပြီးသာ လုပ်နေရသည်။
“ နာသေးတယ်ဆို ဘာလို့ရယ်နေတာလဲ “
လုံယန် နားမလည်ဖြစ်ပြီးမေးလိုက်သည်။ ထို့နောက် သူ၏သွယ်လျတဲ့လက်ချောင်းတွေကို သူမ၏နားအနောက်သို့ပွတ်သပ်လိုက်သည်။
လုလျန့်ဝေသည် လုံယန် ငုံထားသည့် နားနေရာက ယားကျိကျိဖြစ်လာတာကြောင့် ခေါင်းကိုရှောင်လိုက်ပြီး ပြောသည်။
“ မသိဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် အဆင်သင့်မဖြစ်သေးလို့ “
သူမ၏ရဲတင်းတဲ့အသံကိုကြားပြီး လုံယန် နားနားလေးကိုကပ်ပြီး စူးရှပြီး ခပ်ဩဩအသံဖြင့်ပြောလိုက်သည်။
လုလျန့်ဝေရှက်သွေးဖြာနေပြီး တစ်ကိုယ်လုံးရဲတွတ်နေသည်။
ထို့နောက် သူတို့အောက်မှ သန့်စင်ခြင်းအဝတ်စကို ဆွဲယူလိုက်ပြီး လုံယန်ရှေ့တွင်ပြလိုက်သည်။
“ အရှင်မင်းကြီးကရော ဘယ်လိုထင်လဲ “
ဘာအစွန်းအထင်းမှမရှိတဲ့ အဖြူရောင်ပိတ်စကိုကြည့်ပြီး လုံယန်တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ထို့နောက် နှလုံးသား၏အောက်ခြေမှ ထိုးတက်လာတဲ့ရှက်ရွံ့မှုကြောင့် မျက်နှာကရဲတွတ်လာသည်။ ခေါင်းအုံးအောက်မှာဖွက်ထားတဲ့စာအုပ်ကို ဆွဲယူပြီး လှန်လှောကြည့်လိုက်သည်။
“ ကိုယ်စာအုပ်ထဲကအတိုင်းလုပ်တာဘဲ ဘာလို့အလုပ်မဖြစ်တာလဲ “
လုလျန့်ဝေ အနားကိုတိုးကပ်လာပြီး လုံယန်၏လက်ထဲမှစာအုပ်ကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။ ထို့နောက် ချက်ချင်းမျက်နှာကိုအုပ်ပြီး အော်လိုက်သည်။
“ အရှင်မင်းကြီး၊ ဘာလို့ အဲ့လိုကြီးလုပ်နေတာလဲ “
တံခါးအပြင်မှ ကျောက်ချန်၏ခပ်ဝဝခန္ဓာကိုယ်က တုန်လှုပ်သွားသည်။
ကြင်ယာတော်၏အော်သံက အတော်စူးရှသည်။ အရှင်မင်းကြီးက မိဖုရားကို နှိပ်စက်နေတာလား။
ဖြစ်နိုင်ချေကိုစဉ်းစားပြီး ကျူးယွီနှင့် ချူးကျူတို့ကို လက်တစ်ဖက်စီကဆွဲပြီး နည်းနည်းပိုဝေးတဲ့နေရာဆီသို့လျှောက်သွားသည်။
“ အထင်မှားတာပါ၊ အဲ့တာ မိဖုရားက သာယာမှုကြောင့် အော်တဲ့အသံပါ၊ မင်းလို မိန်းကလေးငယ်လေးက နားလည်မှာမဟုတ်ဘူး “
ကျူးယွီက သူ့ကို အထင်သေးသလိုကြည့်လိုက်သည်။ အကယ်၍ သူမလိုလူက နားမလည်ဘူးဆိုရင် သူ့လိုယောက်ျားအင်္ဂါမပါတဲ့သူကရော ပိုသိမှာမလို့လား။
တစ်ခုခုပြန်ခံပြောဖို့ပြင်နေချိန်မှာဘဲ သခင်မလေး၏နူးညံ့သာယာတဲ့ တောင်းဆိုသံကထွက်လာသည်။
“ အရှင်မင်းကြီး၊ ကျွန်မ မရတော့ဘူး။ ပင်ပန်းနေပြီ .......... “
ခပ်ဖျော့ဖျော့ရယ်သံက လေထဲတွင် ပျံ့နှံ့သွားတော့သည်။
ကျူးယွီသည် ရှက်တာကြောင့် မျက်နှာရဲနေပြီး ကျောက်ချန်အရှေ့မှပင် အမြန်ပြေးသွားတော့သည်။
ကျူးယွီဝှီးခနဲပြေးသွားတာကိုကြည့်ပြီး ကျောက်ချန်ကြောင်အသွားတော့သည်။
ပြောတော့ သခင်မလေးကို တစ်ညလုံးစောင့်နေပေးမှာဆိုပြီးတော့ အခုကျ ပြေးပြီလား။
အေးစက်စက် ညည်းတွားလိုက်ပြီး ပုံမှန်အတိုင်းတည်ငြိမ်နေတဲ့ချူးကျူကိုကြည့်လိုက်သည်။ ထင်ထားတဲ့အတိုင်း ကျူကတော့အေးဆေးဘဲ။
သို့ပေမဲ့ ချူးကျူကလည်း မိန်းကလေးတစ်ယောက်ဘဲဖြစ်သည့်အတွက် ဒီလိုတွေကြားဖို့မသင့်တော်ပေ။ ထို့ကြောင့် ချူးကျူလက်ကိုတို့ပြီး ပြောလိုက်သည်။
“ အရှင်မင်းကြီးက ခဏလေးနဲ့ ပြီးလောက်ဦးမှာ မဟုတ်ဘူး။ ငါတို့ မသောက်ရတာကြာပြီဆိုတော့ သောက်ကြမလား “
အခန်းထဲမှ လုလျန့်ဝေကတော့ မောနေပြီး လုံယန်ကို တွန်းထုတ်နေသည်။
လုလျန့်ဝေသည် ယားတာကို ကြောက်မှန်းသိပေမဲ့ ဒီလောက်ထိတုန့်ပြန်မှုပြင်းလိမ့်မည်ဟုထင်မထားပေ။ သူမ၏ရယ်မောပြီး အသနားခံနေတဲ့အသံကြောင့် လုံယန် တစ်ကိုယ်လုံးတောင့်သွားရသည်။