အခန်း (၅၂၈-၅၃၀)
Vol. 11 Ch. 528-530
Chapter 528: မင်္ဂလာဦးည
လုလျန့်ဝေအလွန်ပင်ပန်းနေတာကြောင့် လှဲချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
သူ့လက်မောင်းတွေထဲ၌လှဲနေသည့် မိန်းကလေးကိုကြည့်ရင်း လုံယန် အနည်းငယ် အပြစ်ရှိသလိုခံစားလိုက်ရသည်။
သူ့လက်ချောင်းတွေဖြင့် သူမမျက်နှာ၌ ကပ်နေသည့်စိုစွတ်နေသောဆံစများကို ဖယ်ရှားပေးလိုက်ကာ သူမအား ခဏတာ ချစ်မြတ်နိုးစွာစိုက်ကြည့်ရင်း တစ်စုံတစ်ယောက်အား ရေနွေးပြင်ခိုင်းလိုက် သည်။
ဧကရာဇ်၏အသံမှာယခင်နှင့်မတူစွာ အက်ရှရှဖြစ်နေတာကြောင့် အပြင်ဘက်ရှိ ကျောက်ချန်နှင့်အခြားလူများမှာ ထိတ်လန့် သွားရသည်။ ထို့နောက် အထဲသို့ ရေအမြန် သယ်သွားခိုင်းလိုက်သည်။
အခန်းထဲမှ အကုန်လုံးထွက်သွားသည့်အခါမှ လုံယန် လုလျန့်ဝေကိုချီလျက် ရေချိုးခန်းထဲ ၀င်လာလိုက်သည်။
ကျောက်ချန်အပြင်သို့ထွက်လာချိန်၌ မိုးကုပ် စက်ဝိုင်းထက်ရှိ နေ့အလင်းရောင်ကိုကြည့်ကာ ဆွံ့အသွားရသည်။
ကျောက်ချန် ခေါင်းအသာယမ်းလိုက်သည်။
ရှောင်ရှအိပ်ဆောင်ထဲသို့ ၀င်လာချိန်၌ သူမ သခင်မလေး ပြတင်းပေါက်ဘေး၌ထိုင်နေဆဲ ဖြစ်သည်ကိုတွေ့လိုက်ရသည်။
သူမ ခဏတာတုံ့ဆိုင်းသွားကာ ရှေ့တက် သွားလိုက်သည်။
ကျီလင်းဟွေ့ သူမခြေသံကိုကြားတော့ ခေါင်းလှည့်လာကာ စိတ်အားထက်သန်စွာ မေးလာသည်။
“ဘယ်လိုလဲ, ဖီးနစ်နန်းဆောင် မှာ ဘာမှမဖြစ်ဘူးမလား။ ဧကရာဇ် နဂါးနန်းဆောင်မှာပြန်အိပ်တာမလား။”
“ကျွန်တော်မျိုးမ ဖီးနစ်နန်းဆောင် အပြင်ဘက်မှာ တစ်ညလုံး ထိုင်စောင့်နေခဲ့တာပါ။ ဧကရာဇ်ထွက်လာတာ မတွေ့ခဲ့ဘူး ပြီးတော့…”
“အစောကတော့ အထိန်းတော် ကျောက် အစေခံတစ်အုပ်ကိုခေါ်ပြီး အိပ်ဆောင်ထဲရေသွားပို့တာ မြင်လိုက်ရပါတယ်”
“အရုဏ်တက်နေပြီဆိုတော့ ဧကရာဇ်လည်း ရုံးတော်တက်ရတော့မယ့်အချိန် ရောက်နေပြီ လေ။ အထိန်းတော်ကျောက်က အရှင် ဆေးကြောဖို့ရေသွားပို့ပေးတာနေမှာပေါ့”
ရှောင်ရှ၏ခေါင်းမှာ ပိုလို့ပင် ငုံ့လျှိုးသွားရ သည်။ မနေ့က ဧကရာဇ်နှင့်ဧကရီ၏ လက်ထပ်ပွဲနေ့ဖြစ်တာကြောင့် ဒီနေ့ ရုံးတော်မတက်ရပေ။
သခင်မလေးက အမြဲသူ့ကိုယ်သူလှည့်ဖြား နေတတ်တာကြောင့် သူမ ထိုအချက်ကို ထောက်မပြရဲပေ။
ရှောင်ရှ တရိုတသေပြန်ဖြေလိုက် ကာ ထွက်လာခဲ့လိုက်သည်။
အရှင်က နှစ်အတော်ကြာအောင် သူ့ရဲ့ သွေးသားဆန္ဒကို ထိန်းချုပ်ထားခဲ့တာပင်။ လုလျန့်ဝေအပေါ်ကိုလည်း မည်သည့် စည်းကိုမှမကျော်ခဲ့ပေ။ လုလျန့်ဝေက ဧကရီ တစ်ပါးဖြစ်ပြီး တော်၀င်နယ်စားအိမ်တော်ရဲ့ သမီးဖြစ်တာကြောင့် ဒီညလိုမင်္ဂလာဦးညမျိုး မှာ မျက်နှာမပျက်ရစေအောင် ဖီးနစ်နန်းဆောင်မှာ တစ်ညလုံးနေပေးတာ ဖြစ်ရမည်။
ထို့နောက် သူမ သမ်းဝေလိုက်ကာ အိပ်ရာထံ လျှောက်သွားလိုက်သည်။
ဤည၌ လူအတော်များများ အိပ်ရေးပျက်ကြ ရသည်။ ၀မ်ရှန်းနန်းဆောင်တင်မက ရနံ့မွှေး နန်းဆောင်နှင့် ကျောက်စိမ်းနန်းဆောင်တို့၌ လည်း တစ်ညလုံးမီးလင်းနေခဲ့သည်။
သူမလှုပ်ရှားလိုက်သည်နှင့် ခြင်ထောင် အပြင်ဘက်မှပုံရိပ်မှာလှုပ်ရှားသွားပြီး ချက်ချင်းပင် ခြင်ထောင်စမှာ ပင့်မခံလိုက်ရကာ ထိုလူသား၏နူးညံ့သော မျက်၀န်းတို့နှင့် ရင်ဆိုင်လိုက်ရသည်။
လုလျန့်ဝေ ထိတ်လန့်သွားရသည်။ ထို့နောက် မနေ့ညကဖြစ်ခဲ့သည်များကို ပြန်သတိရသွား ကာ သူမမျက်နှာနီရဲလာရသည်။
“မနေ့က ကိုယ်တို့မင်္ဂလာပွဲနေ့လေ။ ဒီနေ့ ရုံးတော်တက်စရာမလိုဘူး။ ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်… သေချာပေါက် ဒီမှာနေပြီး မင်းကို ဂရုစိုက်ပေးရမှာပေါ့”
လုံယန် သူမအား တုန်နေအောင်ချစ်မိနေသည့်အကြည့်ဖြင့် ကြည့်ရင်းပြောလာသည်။
Chapter 529: မင်္ဂလာဦးည
“အာ”
လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်ကာ စောင်ပြန်ခြုံရန်ပြင်လိုက်စဉ် အတွေးတစ်ခု ၀င်လာရသည်။ ထို့နောက် သူမရှေ့မှလူအား တောက်ပသည့်မျက်လုံးတစ်စုံဖြင့်ကြည့်ရင်း
“အရှင် ကျွန်မကို တစ်ပတ်လောက်လှည့်ပြလို့ ရမလား။”
လုံယန် သူမ၏ရှက်ရွံ့နေသည့်အကြည့်ကို မြင်တော့ မနေ့ညက သူ့နောက်ကျော၌ သူမ ချန်ခဲ့သည့် အနီရောင်အမှတ်အသားများကို သတိရသွားကာ မျက်ခုံးပင့်မိသွားရသည်။
မနေ့ညက အထွတ်အထိပ်အခြေအနေမှာ သူမသည်းမခံနိုင်တော့တာကြောင့် ငိုယိုတာ သက်ညှာပေးဖို့တောင်းပန်ခဲ့သည်။ သူ သူမကို မလိုက်လျောခဲ့တာကြောင့် ဒေါသ ဖြေလျှော့ရန် သူ့နောက်ကျောကို ကုတ်ခြစ် ခဲ့တာဖြစ်သည်။
ဤမိန်းကလေးဟာ သေးသွယ်ပုံပေါ်ပေမယ့် တကယ်တော့ ကြောင်လေးတစ်ကောင်သာ ဖြစ်သည်။ တစ်ခါရန်စလိုက်မိလျှင် သူ့ဘာသာ ဧကရာဇ်မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ တန်ပြန်ခံရအောင် ပြန်လုပ် လိမ့်မည်။
လုလျန့်ဝေမှာ ထိုသို့စိုက်ကြည့်ခံနေရတာ ကြောင့် စိတ်တထင့်ထင့်ဖြစ်လာရကာ နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။
“စိတ်မပူပါနဲ့။ ကိုယ်မနေ့ညက မင်းကိုအ၀တ်ပြန်၀တ်ပေးခဲ့ပါတယ်”
လုလျန့်ဝေ အေးခဲသွားကာ သူ့အား သံသယ ဖြစ်စွာကြည့်လိုက်မိသည်။ စောင်အောက်ရှိ သူမလက်ချောင်းတွေမှတစ်ဆင့် သူမခန္ဓာကိုယ်ကို ခံစားမိတာကြောင့် သူမ အ၀တ်၀တ်ထားမှန်း သတိပြုမိပါသည်။ သူမ ထင်ထားခဲ့သလို ကိုယ်လုံးတီးဖြစ်မနေခဲ့ပေ။
ထိုအခါမှ သူမစိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်မိပြီး အတွေး တစ်ခု၀င်လာတာကြောင့် တစ်ဖန်ရှက်ရွံ့သွား ရပြန်သည်။
ဒါဆို မနေ့ညက လုံယန် သူ့ကိုအ၀တ်တွေ ပြန်၀တ်ပေးခဲ့တာပေါ့။ ထိုသို့ဖြစ်ပျက်ခဲ့မှန်း သူမမှတ်ဉာဏ်ထဲ၌ လုံး၀ရှိမနေပေ။
သူမအိပ်ပျော်နေချိန်မှာ သူမ၏အ၀တ်ကင်းမဲ့ နေသောခန္ဓာကိုယ်ကို သူထပ်ကြည့်နေခဲ့သည် ဟု တွေးမိကာ ခန္ဓာကိုယ်ရှိသွေးများအားလုံး ပြောင်းပြန်စီးသွားသလိုပင် ဖြစ်သွားရသည်။ သူမ တွင်းတစ်တွင်းရှာပြီးသာ ပုန်းနေလိုက်ချင်တော့သည်။
သူ့လက်ထဲရှိ အဖြူရောင်အ၀တ်စကို မြင်တော့ လုလျန့်ဝေ ကြက်သေသေသွားရ သည်။
(T/N - ဒီအ၀တ်စက ရှေးခေတ်တုန်းက ဘုရင့်ဇနီးဖြစ်လာမယ့် မိန်းကလေးတွေ အပျိုစစ်မစစ်သိရအောင် မင်္ဂလာဦးညမှာ အောက်ကခံတဲ့အစပါ)
အဲ့တော့ သူကဒါဆွဲထုတ်မလို့ လုပ်ခဲ့တာပေါ့..
လုံယန် ထိုအ၀တ်စကို သူမမျက်စိရှေ့တင် ခေါက်လိုက်ရင်း သူမအား စနောက်လိုဟန် ကြည့်လာ၏။
“မြင်ပြီလား။”
လုလျန်ဝေ သူမရှေ့ရှိအ၀တ်စမှ အနီရောင် သွေးစက်များကိုမြင်တော့ သူမမျက်နှာမှာ သွေးစက်များကဲ့သို့ပင် နီရဲလာရသည်။ သူမ နှုတ်ခမ်းကိုက်လိုက်ကာ သူ့အား စိတ်ဆိုးစွာ ကြည့်ရင်း
“ရှင့်ကိုယ်ရှင် သိပ်ဂုဏ်ယူနေတာ မလား။”
လုံယန် ထိုင်ချလိုက်ကာ သူမအား သူ့လက်မောင်းတွေထဲ ဆွဲဖက်လိုက်သည်။ ထို့နောက် သူမဦးခေါင်းထက် မေးတင်ရင်း အလေးအနက်ပြောလာ၏။
“ကိုယ်ဂုဏ်ယူနေတာမဟုတ်ပါဘူး။ နောက်ဆုံးတော့ မင်းကကိုယ့်အပိုင်ဖြစ်လာပြီ ဆိုတာကိုတွေးပြီး ပျော်နေတာ”
သူ့စကားများကိုကြားတော့ လုလျန့်ဝေ တိတ်သွားကာ သူ့လက်မောင်းထဲမှီလိုက် သည်။
ရုတ်တရက် သူမအတွေးတစ်ခုတွေးမိသွား ကာ သူ့အင်္ကျီကော်လံအားဆုပ်ကိုင်ရင်း ခေါင်းမော့လျက် ခပ်ဖွဖွပြုံး၍
“ရှင် ကျွန်မအပိုင်ဖြစ်လာလို့ ကျွန်မလဲပျော်တယ်”
လုံယန်၏ ဗာဒံစေ့သဏ္ဍာန်မျက်၀န်းတွေ ကျဉ်းမြောင်းသွားကာ ။
“မင်းကိုယ့်ကို လှောင်နေတာမလား။”
လုလျန့်ဝေ ပျော်ရွှင်စွာပြုံးကာ ခေါင်းခါလျက် ပြောလိုက်သည်။
“မဟုတ်ပါဘူး။ ကျွန်မတကယ်ပျော်နေတာ။ အရှင့်ရဲ့ပထမဇနီးဖြစ်ခွင့်ရလို့ အရမ်းပျော်နေတာ”
သူမလိုမိန်းကလေးမျိုးက ဒီလောက် ပွင့်လင်း လိမ့်မည်ဟု လုံယန်မထင်ထားခဲ့ပေ။ သူ၏ ချောမောသောမျက်နှာမှာ ရှက်သွေးဖြန်းသွား ပေမယ့် အကြည့်တွေဟာတော့ အန္တရာယ်များပုံပေါ်လာကာ
“လုလျန့်ဝေ, တော်တော်သတ္တိကောင်းနေတာပဲ”
သူ့မျက်နှာရှက်သွေးဖြန်းနေသည်ကို မြင်တော့ လုလျန့်ဝေ အံ့ဩသွားရသည်။
အရှင့်နှလုံးသားက ဒီလောက်တောင် ဖြူစင်တယ်လား။
ဒီလောက်လေးနဲ့ ရှက်သွားတယ်။
ရှက်နေတဲ့ဧကရာဇ်ကလည်း တစ်နည်း တစ်ဖုံနဲ့ ချစ်ဖို့ကောင်းတာပဲ။
လုံယန်၏အန္တရာယ်များသည့်အကြည့်ကိုတော့ သူမ နည်းနည်းလေးတောင် မကြောက်ပေ။ ထိုအစား ပျော်ရွှင်စွာရယ်လိုက်ကာ သူ့လက်မောင်းတွေထဲ ပြန်လည်တိုး၀င်လိုက် သည်။
လုံယန် သူ့လက်မောင်းတွေထဲရှိ မိန်းကလေးကိုကြည့်ကာ သူ့နှလုံးသားမှာလဲ နူးညံ့လာရသည်။ ထို့ကြောင့် ပွေ့ဖက်ထားမှု ကို ပိုမိုတင်းကျပ်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“အနာဂတ်ကျရင်လည်း မင်းတစ်ယောက်ထဲပဲရှိမှာပါ”
လုလျန့်ဝေ ထိုစကားလုံးများကိုကြားတော့ သူမနှလုံးသားအား ချိုမြိန်မှုများဖြင့် ဖုံးလွှမ်း သွားတော့သည်။ တစ်ခဏတာခံစားချက် ကြောင့် လုံယန် ထိုစကားများကိုပြောသည် ဖြစ်စေ၊ သူမ၏ခန္ဓာကိုယ်ကိုရပြီးပြီဖြစ်တာ ကြောင့် ထိုစကားမျိုးပြောသည်ဖြစ်စေ သူမ အနေနဲ့ ထိုစကားများကြောင့် ပျော်ရွှင်နေရဆဲ ဖြစ်ကာ ဤကတိကိုပေးခဲ့ချိန်က သူ သူမကို ကြည့်ခဲ့သောအကြည့်ကို ထာ၀ရအမှတ်ရ နေမှာ ဖြစ်သည်…။
Chapter 530: သူမက ကြောင်ရိုင်းလေးတစ်ကောင်လိုပဲ
လုလျန့်ဝေ လုံယန့်အားစိုက်ကြည့်ရင်း ရုတ်ခြည်းဆိုသလို သူ့လည်ပင်းအား သူမ လက်မောင်းများဖြင့် သိုင်းဖက်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကိုတစ်ချက်နမ်းရှိုက် လိုက်ကာ
“အရှင့်ရဲ့သဘောထားကြီးမှုအတွက် ဒီသစ္စာရှိတဲ့ဇနီးသည်လေးက ကျေးဇူးတင်ပါတယ်”
လုံယန်မျက်ခုံးပင့်သွား၍
“ဒီလောက်ပဲလား။”
လုလျန့်ဝေ တစ်ခဏတွေးဆလိုက်ကာ တည်ကြည်စွာပြန်ဖြေလိုက်သည်။
“ဒါပေ့ါ၊ တကယ်လို့ အရှင်သာ ကျန်ရှိနေတဲ့ဘ၀ တစ်လျှောက်မှာ ကျွန်မတစ်ယောက်တည်းကို အရှင့်အမျိုးသမီးအနေနဲ့ထားမယ်ဆိုရင် ကျွန်မကလဲ အရှင်တစ်ယောက်တည်းကိုပဲ ခင်ပွန်းအဖြစ် သတ်မှတ်ပြီး ကျွန်မရဲ့ ကျန်ရှိနေတဲ့ဘ၀တစ်လျှောက်မှာ အဖော်ပြု ပေးသွားမယ်”
သူမပြောတာကိုကြားတော့ လုံယန် မပျော်မိပေ။ ထိုအစား သူ့မျက်နှာထက်၌ ဒေါသရိပ်များပေါ်လာကာ
“မင်းက ကိုယ့်မိန်းကလေးပဲလေ။ ဘာတွေပဲဖြစ်နေပါ စေ မင်းဘ၀တစ်လျှောက်မှာ ကိုယ့်ကိုပဲ မင်းခင်ပွန်းအနေနဲ့ သတ်မှတ်ရမယ်၊ နားလည်လား။”
လုလျန့်ဝေ သဘောမတူဟန် နှုတ်ခမ်း တင်းတင်းစေ့ထားရင်း အေးစက်စွာ ပြန်ဖြေ လိုက်သည်။
“အရှင်ကတိဖျက်လိုက်ရင်တောင် ကျွန်မ တစ်ယောက်တည်း အရှင့်အပေါ် သစ္စာရှိပေး နေရမှာလား။ တကယ်လို့ အရှင်အဲ့လိုတွေးနေ တယ်ဆိုရင်တော့ ကျွန်မအတွက် မတရားဘူး။ အရှင်ညွှန်ကြားတဲ့အတိုင်း ကျွန်မမလုပ်နိုင်ပါဘူး!”
“အရှင်, အရှင်က ကျွန်မထက်အသက်ပိုကြီးတယ်နော် ။ အရှင်သာကျွန်မကို ဖောက်ပြန်ရင် အရှင် ဆုံးသွားတဲ့အခါကျ ကျွန်မ နောက်တစ်ကြိမ်ပြန်လက်ထပ်လို့ရတယ်။ တကယ်လို့ အရှင်သာ ကျွန်မကိုပဲ ချစ်မြတ်နိုး ပြီး တစ်ခြားမိန်းမထပ်မရှာဘူးဆိုရင်တော့ အရှင်ကျွန်မထက်အရင်ကွယ်လွန်သွားရင် တောင် နောက်တစ်ယောက်မရှာပဲ အရှင့် အပေါ်ကိုပဲ သစ္စာရှိပါ့မယ်လို့ ကျွန်မ ကတိပေးပါတယ်။ မဟုတ်ရင်တော့… ကျွန်မ ပြောချင်တာကို အရှင်နားလည်မှာပါ”
လုံယန်၏နားထင်ကြောများ တဒုတ်ဒုတ် ကိုက်ခဲလာသလိုပင် ခံစားလာရသည်။ ဤမိန်းကလေး ထိုမျှထိတ်လန့်ဖွယ်စကားကို ပြောလာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူမ၏တည်ကြည်နေဟန်မှာ သူမ သဘောထားကိုဖော်ပြနေပြီး အစောက ပြောလိုက်သည့်စကားများမှာ အပျော် သဘော ပြောလိုက်ခြင်းမဟုတ်ကြောင်း ဖော်ပြနေကာ သူမပြောခဲ့သည့်အတိုင်း သူမ တကယ်လုပ်မှာဖြစ်သည်။
ဤမိန်းကလေးသာလျှင် ထိုမျှ စိတ်မချရသော စကားမျိုးကို ပြောနိုင်သည်။
သူမကို သတ္တိရှိတယ်လို့ပဲပြောရမလား, သူ သူမကိုအလိုလိုက်တာများသွားလို့ သူ့ကို မလေးမစားဆက်ဆံနေတယ်လို့ပဲ ပြောရမလားပင် သူ မသိတော့ချေ။
သူ့နှလုံးသားထဲမှ ဒေါသမီးများကို ငြိမ်းသက် ပြီးသွားချိန်၌ လုံယန် ကူကယ်ရာမဲ့မှုကိုသာ ခံစားမိတော့သည်။
သူမယခုပြောလိုက်သည့်စကားများမှာ နား၀င်ဆိုးသော်လည်း အမှန်တရားများသာ ဖြစ်သည်။
သူက သူမထက်အများကြီးကြီးတာမှန်သလို သူမအထက် သူအရင်ကွယ်လွန်မလားဆိုတာ ပြောရခက်လှသည်။
လုလျန့်ဝေသည် ‘အန္တရာယ်များသည့် ကြေညာချက်’ ကြေညာပြီးချိန်၌ သူမ ထိုသို့ ပြုမူလိုက်ခြင်းကြောင့် စိတ်သက်သာရ ရမသွားပေ။ သူမ လုံယန်၏လက်ချောင်းများ ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ကာ သူမခံစားနေရသည့် စိတ်မသက်မသာဖြစ်မှု ကိုဖော်ပြလိုက်သည်။
သူမရှေ့မှထိုလူ သူမအပေါ်မည်မျှကောင်းစွာ ဆက်ဆံပေးပါစေ သူက ဧကရာဇ်တစ်ပါး ဖြစ်နေသေးသည်ပင်။
လောကကြီးကသူ့အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ဧကရာဇ်လိုလူတစ်ယောက်က သူမရဲ့ ရန်စမှုတွေကို အချိန်ပြည့်သည်းခံပေးနိုင်မှာ တဲ့လား။
သို့ရာတွင် သူမယခုပြောလိုက်သောစကားမှာ အလောတကြီးပြောလိုက်ခြင်း မဟုတ်ပေ။ လုံယန် သူမကိုချစ်မြတ်နိုးတာကြောင့် သူမ ထိုစကားတွေကို ပြောခဲ့ခြင်းမဟုတ်ရပေ။ ထိုစကားများမှာ အမှန်တကယ် သူမ ခံစားနေရသည်များပင် ဖြစ်သည်။
သူမက ယခု ဧကရာဇ်၏တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သည်။ ထို့ကြောင့် သူ့ကို တခြား မိန်းမများနှင့် ဝေမျှမသုံးချင်တာကြောင့် ထိုသို့ သူမခံစားချက်ကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။
အကယ်လို သူသာ ထိုအချက်ကို လက်မခံနိုင် လျှင် သူမလည်း ဧကရီတစ်ပါးတာ၀န်ကိုသာ ဘာမှမတွေးပဲဆက်လုပ်လိမ့်မှာပင်။
သို့သော် သူမထိုသို့ကြေညာပြီးတာတောင် သူ့ဘက်မှတိတ်ဆိတ်နေပြီး သူမကိုသာ ခန့်မှန်းရခက်သည့်အကြည့်ဖြင့် ကြည့်နေသည်ကိုမြင်တော့ သူမ ပိုလို့ပင် စိတ်ပူပန်လာရသည်။
သူမလိုဧကရာဇ်ကို ကြောက်ရကောင်းမှန်း မသိပဲ မလေးမစားလုပ်တဲ့ အရှက်မရှိ မျက်နှာပြောင်တိုက်တတ်တဲ့ ဒီဧကရီကို အပြစ်ပေးဖို့စဉ်းစားနေတာဆို ဘယ်လိုလုပ်မလဲ။
နန်းတွင်းဒရာမာတွေထဲကလို ဧကရာဇ်က သူမကိုချက်ချင်း ဧကရီရာထူးကနေချပြီး ရေခဲနန်းဆောင်ကိုပို့လိုက်ရင် ဘယ်လိုလုပ်မလဲ။
အကယ်လို့ အဲ့လိုသာဖြစ်လာခဲ့လျှင် သူမက ဧကရီဖြစ်တဲ့ပထမဆုံးနေ့မှာ ရေခဲနန်းဆောင် သို့ အပို့ခံရသူဆိုပြီး သမိုင်းတွင်သွားလောက် သည်။