အခန်း (၅၃၁-၅၃၃)
Vol. 11 Ch. 531-533
Chapter 531: မင်းတစ်ယောက်တည်းသာ
ကြင်ရာတော် ရေခဲနန်းဆောင်သို့ အပို့ခံလိုက်ရသည်မှာ သိပ်မကြာသေးပေ။ လုလျန့်ဝေ့ဦးနှောက်ထဲ၌ ရုတ်ခြည်းဆိုသလို ထိုအတွေး၀င်လာရသည်။
ကြင်ရာတော်ဘာမှများများစားစား မပြောခဲ့မိတာတောင် လုံယန်က သူမကို ရေခဲနန်းဆောင်ပို့ခဲ့သည်။
ထိုအချိန်တုန်းကတော့ လုလျန့်ဝေဟာ ပွဲကြည့်ပရိသတ်သာသာဖြစ်ခဲ့တာကြောင့် ထိုအခြေအနေက သူမနှင့်ဘာမှမဆိုင်ပေ။ ဒါပေမယ့် ယခုသူမအလှည့်ရောက်လာတော့ သူမထင်ထားခဲ့သလို သူမနဲ့မဆိုင်တာ မဟုတ်တော့ဘူးဆိုတာကို သတိပြုမိလိုက် သည်။
သူမလည်း ကြင်ရာတော်နောက်လိုက်ပြီး ရေခဲနန်းဆောင်ကို ဒုတိယမြောက်သွားရတဲ့ လူဖြစ်တော့မှာလား။
သူမမျက်မှောင်ကြုတ်မိသွားကာ ခါးသက်သောအပြုံးတစ်ပွင့်ပေါ်ပေါက် လာခဲ့သည်။
သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲမိသွားခဲ့တာ ပင်။
သူမက ထူးခြားတယ်လို့ယူဆပြီး အရှင့်ရှေ့မှာ ဘယ်လိုလုပ်ပိုင်ခွင့်မျိုးနဲ့များ ဒီလိုရဲရဲတင်းတင်းပြုမူရဲရတာလဲ။
ထိုအကြောင်းတွေးမိပြီး သူမမျက်တောင်တွေ တုန်ယင်လာရသည်။
လုံယန် သူ၏၀တ်ရုံလက်အစွန်းကို ငုံ့ကြည့် လိုက်သည်။
ထိုမိန်းကလေး၏လက်ချောင်းတွေဟာ သူ့၀တ်ရုံလက်ကိုတင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သူမလက်ဆစ်တွေပင် အနည်းငယ်ဖြူဖျော့နေတာကြောင့် ရှိသမျှ အားအကုန်နဲ့ဆုပ်ကိုင်ထားမှန်း သိသာလေသည်။ ထို့အပြင် သူမ စိတ်လည်း လှုပ်ရှားနေလေသည်…
လုံယန် သူမ၏နှင်းတမျှဖြူဆွတ်နေသော နဖူးပြင်ထံအကြည့်ရောက်သွားရသည်။ ထိုနေရာ၌ ချွေးစတစ်ချို့ပင် ကပ်ငြိနေ၏။
သူမဤသို့ပြုမူနေသည်ကိုမြင်တော့ လုံယန့် နှလုံးသားအနည်းငယ်နာကျင်သွားရသည်။ ထို့နောက် သက်ပြင်းချကာ သူမ၏သွယ်လျ သည့်လက်ချောင်းလေးတွေကို ဆုပ်ကိုင်ရင်း ခေါင်းငုံ့လျက် နဖူးပြင်ထက် အနမ်းတစ်ပွင့် ခြွေလိုက်သည်။
“လုလျန့်ဝေ, ဒီလို ခြိမ်းခြောက်တဲ့စကားမျိုးကို ပြောထွက်ရဲတာ ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းပဲ ရှိလောက်တယ်”
လုလျန့်ဝေ၏လက်ဖဝါး၌ ချွေးများစိုရွှဲနေ၏ ။ လုံယန်၏စကားများကြောင့် သူမနှလုံးသား ထဲ၌ တင်းကျပ်နေမှုများ ပြေလျော့သွားရသည်။ သူမ၏လှပသည့် မျက်လုံးများမှာ ယခုဆိုလျှင် ဆွဲဆောင်မှု အပြည့်ဖြင့် တောက်ပနေတော့သည်။
သူမ လုံရန့်အား ဗလာသက်သက်စိုက်ကြည့် နေမိပြီး နောက်တော့ ရုတ်ခြည်းဆိုသလို သူ့လည်ပင်းအားသိုင်းဖက်လိုက်သည်။ ထို့နောက် သူမ၏လှပသည့်မျက်လုံးတွေဖြင့် ညင်သာစွာမျက်တောင်ခတ်ရင်း အသက်မရှူ ပဲပြောလိုက်သည်။
“ဒါဆို, အရှင်ပြောချင်တာ က ကျွန်မက အရှင့်အတွက်တစ်ဦးတည်းသော မိန်းကလေးပေါ့”
လုံယန်၏နှလုံးသားမှာ သူမစကားများကြောင့် ဘ၀င်ခိုက်သွားရသည်။ သူ သူမ၏နှာခေါင်း ကို ဆွဲညှစ်လိုက်ရင်း
သူမကိုတုန်နေအောင်ချစ်မိအောင် သူမ လုပ်နိုင်တယ်လေ။
လုလျန့်ဝေ၏နှလုံးသားထဲ၌ ခံစားချက်များ ရောပြွန်းနေ၏။
အရှင်ကဒေါသမထွက်တဲ့အပြင် ဒီလို ခြိမ်းခြောက်တဲ့စကားမျိုးကြားပြီးတာတောင် သူမကို ဘာအပြစ်မှမပေးဘူး။
သူမကိုဘာအပြစ်မှမပေးဘူးဆိုတော့ အနာဂတ်မှာ သူပေးထားတဲ့ကတိကို တည်မယ်ဆိုတဲ့သဘောပဲမလား။
ထိုသို့နားလည်သွားပြီးနောက် သူမနှလုံးသား ထဲ၌ ချိုမြိန်မှုများဖြင့် ပြည့်နှက်သွားကာ ရုတ်ခြည်းပင် အရှင့်အားနမ်းချင်လာသည်။
သို့သော် သူမခေါင်းမော့လိုက်ချိန်တွင် ထိုလူက သူမနှုတ်ခမ်းအား ညင်သာစွာ နမ်းရှိုက်လာလေသည်။
သူမခံစားချက်တွေကို ဖော်ပြလိုတဲ့အနေနဲ့ သူမ သူ့အားပြန်နမ်းရှိုက်လိုက်ပေမယ့် ထိုအနမ်းက လုံယန့်အား သူမအား ပိုပြင်းပျစွာ နမ်းရှိုက်လာစေသည်။
လုလျန့်ဝေ သူမအ၀တ်တွေ ပုခုံးပေါ်သည်အထိ ဆွဲချခံလိုက်ရသည်ကို သတိထားမိလိုက်သည်…
ထိုအခါမှ အသိပြန်၀င်လာကာ လုံယန့်အား အမြန်တွန်းထုတ်လိုက်ပြီး အ၀တ်ကို ပြန်ဆွဲတင်ကာ ထခုန်လိုက်မိသည်။
ထို့နောင် ခေါင်းငုံ့ထားရင်း လုံယန့်အား မကြည့်ရဲတော့ပေ။ သူမခန္ဓာကိုယ်၌ ပျံ့နှံ့နေသည့်နာကျင်မှုကို သည်းခံလိုက်ရင်း ပြောလိုက်သည်။
“ကျွန်မနောက်ကျမှ ထတာဆိုတော့ ဆေးကြောချင်နေပြီ”
လုလျန့်ဝေခေါင်းငုံ့ထားတာကြောင့် လည်ပင်းရှိအနီရောင်အမှတ်အသားများကို လုံယန်မြင်နေရသည်။ သူ့မျက်လုံးထဲရှိ အနက်ရောင်အကြည့်မှာ ပိုလို့ပင် နက်မှောင် လာကာ အက်ရှရှဖြစ်ကာ ဆွဲဆောင်မှုရှိသည့် အသံဖြင့်ပြောလိုက်သည်။
“မင်းကိုယ်မင်း အတင်းတွန်းအားပေးနေစရာမလိုပါဘူး။ မင်းမသက်မသာခံစားနေရရင် အိပ်ရာထဲမှာ ထပ်လှဲနေလဲရတယ်။ မင်းစားချင်တာ ဘာမဆို ကိုယ်ယူလာပေးမယ်, ဟုတ်ပြီလား။”
ထိုစကားကြားတော့ လုလျန့်ဝေ သူ့အား တအံ့တဩကြည့်လိုက်မိသည်။ သူမ မသက်မသာခံစားနေရတာတွေရဲ့ တာ၀န်ရှိတဲ့သူကဘယ်သူလဲ။
ထို့ကြောင့် သူမ နှုတ်ခမ်းတင်းတင်းစေ့ကာ ခေါင်းမာစွာပြောလိုက်သည်။
သူမခြေနှစ်လှမ်းသာလှမ်းရသေးသည် သူမ အနောက်မှလူက သူမအား သူ့လက်မောင်းတွေထဲ ပွေ့ချီလိုက်သည်။
“အရှင်, အရှင့်ကိုစောင့်နေတဲ့အလုပ်တွေ အများကြီးရှိတယ်လေ။ ကျွန်မဘေးမှာ နေနေပေးဖို့မလိုပါဘူး”
သူမ သူ့လက်ထဲတွင် ခန္ဓာကိုယ်ကိုတွန့်လိမ်လိုက်ပေမယ့် သူမ မျက်လုံးတွေကတော့ သူ့အကြည့်ကို ရှောင်ရှားနေမိသည်။
လုံယန်၏နှုတ်ခမ်းထက်၌ အပြုံးခပ်ပါးပါး ပေါ်လာသည်။
အစောကတော့ သူမ အလွန်ရဲတင်းနေပေမယ့် အခုကျမှကြောက်နေပါရောလား။
Chapter 532: အရှင်က အဲ့တာကို သူ့အနားမှာထားထားတယ်
“ကိုယ်မင်းကိုဒီတိုင်းထားသွားရမှာ စိတ်မချဘူးလေ”
လုံယန် သူမအား ရေချိုးခန်းဆီပွေ့ချီခေါ်သွားလိုက်သည်။
“ကျူးယွီကို အထဲလွှတ်လိုက်လို့ရတာပဲကို”
လုံယန် ၀တ်ရုံလက်ကိုလိပ်တင်ရင်း ခြောက်သွေ့သောတဘက်တစ်ထည်ကိုယူကာ ဘေစင်ထဲသို့နှစ်နေသည်ကိုမြင်တော့ လုလျန့်ဝေ သူ့အားဆက်မလုပ်စေလိုသဖြင့် ဖြောင်းဖျလိုက်သည်။
လုံယန်ဟာတော့ သူမအားလျစ်လျူရှုရင်း ထိုတဘက်ဖြင့် သူမမျက်နှာအား သန့်စင်ပေးလာသည်။
လုလျန့်ဝေမှာ ရယ်ရခက်ငိုရခက်ပင်။ သူ သူမကိုကလေးထင်နေတာလား။
လုလျန့်ဝေ သူ့လက်အား အမြန်လှမ်းဆွဲလိုက်ကာ
“ကျွန်မဘာသာလုပ်လိုက်ပါမယ်”
သူမဘ၀၌ တစ်စုံတစ်ယောက်ထံမှ တစ်ခါမှ ထိုသို့အဆက်ဆံမခံရဖူးပေ။ ဒါပေမယ့် နိုင်ငံရဲ့အုပ်ချုပ်သူ, အရှင်ကတော့ သူမကို မျက်နှာသစ်ပေးနေတယ်…
အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။
သူမ မရမကတောင်းဆိုနေသည်ကိုမြင်တော့ လုံယန် သူမအား တဘက်ကမ်းပေးလိုက်သည်။
မနေ့ညက သူတို့စပ်ယှက်ပြီးသွားချိန်မှာ သူကိုယ်တိုင် သူမကိုရေချိုးပေးခဲ့သည် ဆိုတာကို သူဘယ်တော့မှထုတ်ပြောမည် မဟုတ်ပေ။
မျက်နှာသစ်ပေးရတာလောက်ကတော့ သူ့အတွက် လုံး၀ကိစ္စမရှိပါချေ။ တကယ်တော့ သူမကိုထိုကဲ့သို့ ဂရုစိုက်ပေးရသည်အား သူအလွန်ကြိုက်၏။ သူမကအလွန်နူးညံ့တာကြောင့် သူမအား သူ့လက်မောင်းတွေထဲထည့်ထားပြီး အချိန်ပြည့် အလိုလိုက်စေချင်စိတ်များ ဖြစ်ပေါ်လာစေသည်။
သို့သော ဤမိန်းကလေးက လွန်စွာမှ ရှက်လွယ်သည်။ သူမအားတွန်းအားပေး သည်မှာ အကြံကောင်းတစ်ခုမဟုတ်ချေ။
“ကိုယ်အပြင်ထွက်နေလိုက်မယ်။ လိုတာရှိရင် ကိုယ့်ကိုခေါ်လိုက်နော်”
လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်ကာ သူထွက်သွားသည်အား ကြည့်နေလိုက်သည်။ ထို့နောက် သူမတိတ်တဆိတ်သက်ပြင်းချ လိုက်မိပေမယ့် တစ်ချိန်ထဲမှာပဲ ယခု သူမ၏ ဘ၀အသစ်တွင် ခင်ပွန်းသည်ပါ အဆစ်ပါလာပြီဆိုတာကို သတိပြုလိုက်မိ သည်။
သူမတို့အချိန်အကြာကြီး အတူတူနေထိုင်ကြ ရတော့မှာပင်။
လုံယန် အိပ်ခန်းထဲမှထွက်လာရာ အပြင်၌ အချိန်အတော်ကြာစောင့်ဆိုင်းနေဟန်ရသော လုံချီနှင့် လုယွင်ရွှမ်းတို့အပြင် ကိုယ်လုပ်တော်သုံးဦးအား တွေ့လိုက်ရသည်။
သူထွက်လာသည်ကိုမြင်တော့ သူတို့အားလုံး နှုတ်ဆက်လာကြသည်။
လူတိုင်း၏ကျောမှာ ဖြောင့်မတ်နေကာ ဘယ်သူမှသူ့အားမော်မကြည့်ရဲပေ။
သို့သော် ယနေ့ ဧကရာဇ် ယခင်နှင့်မတူပဲ သိပ်မဖော်ရွေဟန်ဖြစ်နေသည်ဆိုတာ ပြောနိုင်ကြသည်။
သူတို့အားလုံးအနည်းငယ်အံ့ဩသွားရသည်။ မင်္ဂလာပွဲတုန်းက ပျော်ရွှင်စရာကောင်းပြီး မင်္ဂလာရှိတဲ့လေထု ဧကရာဇ်ရဲ့ အခုအမူအရာကို ဖြစ်သွားစေတာလား။
နောက်တောင်ကျနေပြီကို လုလျန့်ဝေက ဘာလို့ဒီကိုမရောက်သေးတာလဲ။ သူအခုထိ အိပ်ရာမထသေးတာလား ဒါမှမဟုတ် အခုကတည်းက ကျန်တဲ့လူတွေအပေါ် အာဏာပြချင်နေတာလား။
ထိုအချိန်တွင် အမျိုးသမီးချန်၀င်လာကာ ခြေတစ်ဖက်ညွှတ်လျက် အရိုအသေပေးပြီး တလေးတစားပြောလာသည်။
“တော်၀င်မင်းသမီး ဧကရီကို အပန်းဖြေဆောင်မှာစောင့်နေတာကြာပါပြီ။ ဒါပေမယ့် ဧကရီ သူမကို အခုထိ လာမနှုတ်ဆက်သေးလို့ ကျွန်တော်မျိုးမကို ဧကရီကိုလာကြည့်ခိုင်းရင်း သန့်စင်ခြင်း အ၀တ်စကိုပါ ယူလာခိုင်းလိုက်ပါတယ်”
“ဧကရီက မနေ့ညကပင်ပန်းထားလို့ သူကောင်းကောင်းအနားယူပြီးရင် တော်၀င် မင်းသမီးကို လာနှုတ်ဆက်ပါလိမ့်မယ်လို့ ပြောလိုက်။ ဧကရီကို ဆက်မစောင့်နေဖို့ပါ မင်းသမီးကိုပြောလိုက် ပြီးတော့ သန့်စင်ခြင်း အ၀တ်စက…”
သူပြန်ထွက်လာချိန်၌ လက်ထဲ၌ ဘရိုကိတ် သေတ္တာငယ်တစ်လုံးကို ကိုင်ဆောင်လာလေ သည်။
အမျိုးသမီးချန် ထိုသေတ္တာငယ်အား တစ်ချက်ကြည့်ကာ ခေါင်းငုံ့လိုက်သည်။
အရှင်လူတိုင်းကို ရှိုးလုပ်ပြနေတာဆိုတာကို သူမသိလိုက်သည်။
သူအိပ်ရာပေါ်မှာ မစွမ်းဆောင်နိုင်တာကြောင့် ထိုအ၀တ်စပေါ်ကအရာမှာ အတုဖြစ်ရမည်။
အခြားကိုယ်လုပ်တော်များမှာ အရှင် မစွမ်းဆောင်နိုင်တာကိုသာသိကာ ထိုအရာက အဆိပ်ကြောင့်ဖြစ်မည်မှန်း မသိကြတာကြောင့် ခန့်မှန်းချက်သက်သက် သာ ဖြစ်နေလေသည်။
ဤနေရာရှိလူများအားလုံး မည်သို့တွေးနေကြမည်ဆိုတာကို လုံယန် ကောင်းစွာသိသည်။
သူတို့သူ့ကိုဘယ်လိုတွေးတွေး ကိစ္စမရှိပေ။ ဘာပဲဖြစ်ဖြစ် သူဒီတိုင်းနေလာတာပဲ နှစ်တွေ ကြာနေပြီဖြစ်သည်။ သို့သော် ဝေဝေကို ထိုစက်ဆုပ်စရာကောင်းတဲ့အတွေးမျိုးတွေး ပြီး သူမကိုသံသယ၀င်တာမျိုးကိုတော့ သူ သည်းမခံနိုင်ပေ။
သူတို့အဲ့တာကိုမြင်ချင်တယ်ဆိုမှတော့ သူ သူတို့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့ ပြပေးလိုက်မည်။
လုံယန်၏နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ကွေး သွားကာ ထိုသေတ္တာငယ်ထဲမှ အ၀တ်စကို သာမန်ကာလျှံကာပင် ထုတ်ပြလိုက်သည်။ ထို့နောက် အထိန်းတော်ကျောက်အား တစ်ချက်ကြည့်စေလိုက်ကာ သူ့အိတ်ကပ်ထဲ ထိုးထည့်ရင်း သူနဲ့နီးနီးကပ်ကပ်ထားလိုက် သည်။
ထိုလှုပ်ရှားမှုမှာ မြန်ဆန်သော်လည်း လူတိုင်း သေချာမြင်လိုက်ကြရသည်။
ထိုအဖြူရောင်ပိတ်စထက်၌ အနီရောင် သွေးစက်တစ်ချို့ စွန်းထင်းနေသည်။
ဧကရာဇ်၏အပြုအမူကြောင့် ထိုနေရာရှိ လူတိုင်းအံ့အားသင့်သွားကြရသည်။
အရှင်က သန့်စင်ခြင်းပိတ်စကို သူ့အနားမှာ ထားထားတယ်။
Chapter 533: ဧကရီမနေ့က ပင်ပန်းထားတယ်
လုံယန် အမျိုးသမီးချန်အား ပျင်းတိပျင်းရွဲ ကြည့်လိုက်ပေမယ့် သူ့လေသံဟာတော့ ခြိမ်းခြောက်ဟန်အပြည့်ဖြင့်ပင်။
“ဧကရီရဲ့ သန့်စင်ခြင်းအ၀တ်စက ကိုယ်တော့်အပိုင်မို့ လို့ မပေးနိုင်ဘူးလို့ တော်၀င်မင်းသမီးကို အကြောင်းကြားလိုက်”
အမျိုးသမီးချန် ထိတ်လန့်ရာမှပြေသွားကာ သူမခံစားချက်တွေကို ဖိနှိပ်ရန် ကြိုးစားလိုက် ရသည်။ ဧကရာဇ်၏အပြုအမူများအား သူမ စိတ်ပျက်သွားရသည်။
တခြားသူတွေကတော့ မသိလောက်ပေမယ့် ဧကရာဇ်အိပ်ရာထဲ၌ မစွမ်းဆောင်နိုင်သည် ကို သူမသေချာသိသည်ဖြစ်ရာ ထိုအ၀တ်စ ပေါ်မှ အနီရောင်သွေးစက်များကလည်း အတုသာဖြစ်သည်။
အရှင်က အဲ့အတုကိုထုတ်ကြွားရဲလောက်တဲ့ အထိ တော်တော်အရေထူတာပဲ
သူမစိတ်ထဲထိုအတွေး၀င်လာကာ တုံ့ဆိုင်းနေ ဟန်ဖြင့်
“ဒါပေမယ့်… အဲ့လိုယူထားတာ မသင့်တော်ပါဘူးအရှင်။ စည်းမျဉ်းတွေကို ဆန့်ကျင်သလိုဖြစ်နေပါတယ်…”
“ဒါကဧကရီရဲ့သန့်စင်ခြင်းအ၀တ်စလေ အဲ့တာကြောင့် သူမအနေနဲ့ ဘယ်သူ့ကိုမှ ဒီကိစ္စကိုတင်ပြနေစရာမလိုဘူး။ တော်၀င် မင်းသမီးကြီးကကြည့်ချင်နေလို့သာ မဟုတ်ရင် ကိုယ်တော်ဒါကို ဘယ်သူ့ကိုမှ ပြမှာမဟုတ်ဘူး”
ထိုစကားအား အမှုမထား ဟန်ပြောရင်း လုံယန်၏လေသံမှာ တိုးသထက် တိုးလာပေမယ့် အမျိုးသမီးချန်အား ကြည့်လိုက်သည့်အကြည့်မှာတော့ မြင်သမျှ လူတိုင်းဖိန့်ဖိန့်တုန်အောင် ကြောက်သွားနိုင် သည်။
အမျိုးသမီးချန်လည်း ထိတ်လန့်သွားကာ ဘာတစ်ခွန်းမှထပ်မပြောရဲတော့ချေ။
ဧကရာဇ်က တော်၀င်မင်းသမီးအပေါ် အမြဲ လေးစားခဲ့ပေမယ့် အဲ့တာတွေအကုန်လုံးက ဟန်ပြသက်သက်သာဖြစ်သည်။
တကယ်တော့ ဧကရာဇ်ဟာ မယ်တော်ကြီးကို ဘယ်တုန်းကမှ သဘောမကျခဲ့ချေ။
ဧကရာဇ် သူမကိုမလေးမစားပြုမူရင်တောင် ဘယ်သူမှဘာမှမပြောကြပေ။ ဧကရာဧ်က မယ်တော်ကြီး၏သားအရင်း မဟုတ်တာကြောင့်ပင်။
ဧကရာဇ်၏မိခင်အရင်းမှာ အစောကြီး ကွယ်လွန်သွားခဲ့တာကြောင့်သာ သူမကို မယ်တော်ကြီးဘွဲ့အပ်နှင်းခဲ့တာဖြစ်သည်။ သူမသာအသက်ရှင်လျက်ရှိနေပါလျှင် လက်ရှိမယ်တော်ကြီး ထိုမယ်တော်ကြီးဘွဲ့ကို ရမှာမဟုတ်ပေ။
“ကျွန်တော်မျိုးမနားလည်ပါပြီ။ ဒါဆို ပြန်လိုက်ပါဦးမယ်ရှင့်”
“မင်းတို့လည်း ခန်းမထဲမှာစောင့်နေတာပိုကောင်းမယ်။ ခဏနေရင် ဧကရီထွက်လာလိမ့်မယ်”
ဖီးနစ်နန်းဆောင်ကို အဓိကခန်းမ၊ ဧကရီ၏ အိပ်ခန်းနှင့် ပြင်ပခန်းမဟူ၍ပိုင်းခြားထား သည်။ အဓိကခန်းမမှာ ဧည့်သည်တော်များ နှင့်တွေ့ဆုံရန် အသုံးပြုသည်။
ထိုအုပ်စုအဓိကခန်းဆောင်သို့သွားရန် ပြင်နေစဉ်မှာ လုလျန့်ဝေ လုံယန်နောက်မှ ထွက်လာ၏။
ထို့ကြောင့် လူတိုင်းရပ်တန့်လိုက်ကာ သူမအား ဦးညွှတ်နှုတ်ဆက်လာကြသည်။
လက်ထပ်ပြီးသည့်ဒုတိယရက်တွင် နန်းတော် ထဲရှိလူများ သူမအားလက်ဖက်ရည်ဆက်သ ရန်လာကြမည်ကို လုလျန့်ဝေသိသောကြာင့် လူအများအပြားတွေ့လိုက်ရခြင်းအား သူမ မအံ့ဩမိပေ။
သို့သော် သူမဒီနေ့အိပ်ရာထနောက်ကျတာ ကြောင့် ထိုလူတို့၏မျက်လုံးကိုကြည့်ခြင်း အားဖြင့် သူတို့သူမအားစောင့်နေသည်မှာ အတန်ကြာပြီဖြစ်ကြောင်းပြောနိုင်သည်။ လုလျန့်ဝေ အနည်းငယ်ရှက်သွားရသည်။
“ဧကရီအစိုးရိမ်လွန်နေပါပြီ။ ကျွန်မတို့ ရောက်တာသိပ်မကြာသေးပါဘူး”
ကြင်ယာတော်ရှန်း အပြုံးတစ်ပွင့်ဖြင့် ပြန်ဖြေကြားလာပေမယ့် သူမလက်ထဲရှိ လက်ကိုင်ပုဝါဟာတော့ တင်းကျပ်စွာ ဖျစ်ညှစ်ခံထားရသည်။
လုလျန့်ဝေက သူဧကရီစဖြစ်တဲ့ ပထမနေ့မှာ တင် သူမတို့ကိုအကြာကြီးစောင့်ရအောင် လုပ်နေလေပြီ။
သူမသာ ဒါကိုရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ဘူးဆိုရင်….
လုလျန့်ဝေ၏မျက်လုံးတွေစိုစွတ်နေကာ သူမ၏ နဂိုကလေးဆန်သောအမူအရာမှာ ပျောက်ရှနေပြီး ပိုပြီးမိန်းမဆန်နေလေသည်။
ထိုသည်ကိုသတိပြုမိသွားတော့ ကြင်ယာတော် ရှန်း၏ လက်ဖဝါးထဲသို့လက်သည်းတို့ စိုက်၀င်သွားတော့သည်။
ထိုအခြင်းအရာကို သတိပြုမိသည်မှာ သူမ တစ်ယောက်တည်းမဟုတ်ပေ။ ကြင်ရာတော် ချွင်နှင့် ကျီလင်ဟွေ့တို့လည်း သတိထားမိလေသည်။
လုံချီနှင့်လုယွင်ရွှမ်းတို့လည်း သေချာပေါက် သတိထားမိမှာပင်။ သူမတို့နှစ်ဦးဟာလည်း ထိုအခြေအနေကို ကျော်ဖြတ်ခဲ့ဖူးတာကြောင့် ပင်။ လုလျန့်ဝေ ဘာတွေပြောင်းလဲနေသလဲ ဆိုတာကို သူတို့ချက်ချင်း သတိထားမိလိုက် သည်။
သူတို့နှစ်ဦးသား တစ်ယောက်ကို တစ်ယောက် မယုံနိုင်စွာကြည့်လိုက်မိသည်။
သူနှင်းကိုက်နာရောဂါဖြစ်နေတာကြောင့် အိပ်ရာထဲမှာမစွမ်းဆောင်နိုင်တာ နှစ်တွေ ကြာနေပြီဖြစ်သည်။ လုလျန့်ဝေ နန်းတော်ထဲ ၀င်လာမှ ရုတ်တရက်ကြီး စွမ်းဆောင်နိုင်သွား တာလား။
လုံချီလည်း တစ်စုံတစ်ရာကိုတွေးမိသွားကာ သူ့မျက်လုံးထဲရှိအကြည့်များ နက်မှောင်သွား တော့သည်။
ဘာတွေပဲဖြစ်ဖြစ် ဦးရီးတော် ရုတ်တရက်ကြီး စွမ်းဆောင်နိုင်သွားတယ် ဆိုတာကို သူတော့မယုံပေ။
သူစက်ဆုပ်ဖို့ကောင်းတဲ့နည်းတစ်ချို့ကို သုံးပြီး လုလျန့်ဝေခန္ဓာကိုယ်ကို ဒီလိုဖြစ်အောင် လုပ်ခဲ့တာဖြစ်မည်။
ထိုဖြစ်နိုင်ချေကိုတွေးမိသွားတော့ လုံချီ ဒေါသူပုန်ထလာသည်။
လုလျန့်ဝေ သူ့ဦးရီးတော်နှင့်လက်ထပ်လိုက် လည်း ကိစ္စမရှိဟု သူအမြဲတွေးနေခဲ့တာပင်… ဦးရီးတော်ကွယ်လွန်သွားရင်တောင် လုလျန့်ဝေက ခြေရာလက်ရာမပျက်ရှိနေမယ် ဟု သေချာနေခဲ့တာဖြစ်ပေမယ့် အခုတော့….