အခန်း (၅၃၄-၅၃၆)
Vol. 11 Ch. 534-536
Chapter 534: လုံယန်ရဲ့နှလုံးသားမှာ ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေတယ်
ဦးရီးတော်က သိပ်မကြာခင် သေရတော့မှာလေ
သူကသေခါနီးနေပြီကို ဘာလို့လုလျန့်ဝေကို ဒီလိုလုပ်ရပ်မျိုးလုပ်ပြီး ဒုက္ခပေးရတာလဲ။
(T/N - လုံချီက လုံယန်တခြားတစ်ယောက်ကို လုလျန့်ဝေနဲ့အိပ်ခိုင်းတယ်လို့ ထင်နေတာပါ)
လုယွင်ရွှမ်းလည်း လုံချီ့လိုပဲတွေးနေတာ ဖြစ်ကာ ညီမဖြစ်သူအား အနည်းငယ် သနားမိသွားသည်။
လုလျန့်ဝေကတကယ်သနားဖို့ကောင်းတာပဲ။ ဧကရီရာထူးကိုရထားပေမယ့် မနေ့ညက ဒီလိုအရှက်ခွဲမှုမျိုးကို ခံလိုက်ရသေးတယ်။
သူမ ဧကရာဇ်၏နတ်ဘုရားကဲ့သို့ ချောမော သည့်မျက်နှာကိုကြည့်ကာ ဤလူက အတော်လေးစက်ဆုပ်ဖို့ကောင်းတာပဲဟု တွေးမိသွားသည်။
မိန်းမတစ်ယောက်ကိုဘယ်တော့မှ မထိဘူးဟု ပြောကာ တိမ်တွေကြားကနေမင်းလို အမြဲ ဖြောင့်မတ်ခဲ့တဲ့လူက တကယ်တမ်းမှာ ဤမျှ အောက်တန်းကျလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ လုလျန့်ဝေ၏ ကံဆိုး မိုးမှောင်ကျမှုကို သူမအနည်းငယ်ကျေနပ်မိ သည်။
သူမလုလျန့်ဝေအနားကပ်ကာ စိတ်ပူဟန် ပြချင်ပေမယ့် ရုတ်တရက်ကြီး လုံယန် လုလျန့်ဝေအား သူ့လက်မောင်းတွေထဲ ပွေ့ချီလိုက်သည်။
“ကိုယ်မင်းကိုအိပ်ရာထဲမှာပဲနားနေဖို့ ပြောခဲ့တယ်ထင်တာပဲ။ ဘာလို့ထွက်လာတာလဲ။ ကိုယ့်စကားကို နားမထောင်ပြန်ဘူးနော်”
လုလျန့်ဝေမျက်နှာ အနည်းငယ်ရှက်သွေးဖြန်း သွားရသည်။ လူကြားထဲမှာ ဒီလိုကြီး ကောက်ချီလိုက်တာက အတော်လေး ရှက်ဖို့ကောင်းသည်လေ။
“ဒီနေ့ကျွန်မအိပ်ရာထနောက်ကျသွားတယ်လေ။ တကယ်လို့နိုးတဲ့အချိန်သာမထလာရင် သူတို့တွေအကြာကြီးစောင့်နေရတော့မှာပေါ့”
“မင်းကဧကရီလေ။ အိမ်ရှေ့စံထက် တစ်ဆင့် ကြီးတယ်။ သူတို့မင်းကိုစောင့်ရတယ်ဆိုတာ က ဖြစ်သင့်တာပဲလေ”
လုံယန် သူမအား ချစ်မြတ်နိုးစွာကြည့်ရင်း ပြန်ပြောလိုက်သည်။
လုံယန်ပြောသည်ကိုကြားတော့ လုလျန့်ဝေ အကြည့်လွှဲလိုက်မိသည်။ သူမ အနည်းငယ် ရှက်နေတာကြောင့် သူမအသံဟာလည်း ပိုလို့ နူးညံ့လာကာ
“ဒါပေမယ့် သူတို့က ကျွန်မ အာဏာပြနေတယ်လို့ ထင်ကုန်ကြမှာပေါ့”
သူမပြောသည်ကိုကြားတော့ လုံယန် သူမအနားပိုတိုးကပ်လာသည်မှာ သူမ နားရွက်အားကိုက်မိလုနီးပါးပင် ဖြစ်နေ၏။ ထို့နောက် အခြားသူများအား အထင်အမြင် သေးဟန်ဖြင့်
“မင်းကဧကရီလေ။ မင်းအာဏာပြချင်တယ် ဆိုရင်တောင် အဲ့တာဖြစ်သင့်တာပဲကို”
လုံချီ၊ လုယွင်ရွှမ်းနှင့် ကိုယ်လုပ်တော် သုံးယောက် : “.........”
လုလျန့်ဝေ၏မျက်နှာ လောင်ကျွမ်းလုမတတ် ပူလာရသည်။ အရှင် တမင်သက်သက် လုပ်လိုက်တာဖြစ်ရမည်။
သူမ ထိုလူအားဒေါသတကြီးကြည့်ကာ နှုတ်ခမ်းစူလိုက်မိသည်။ သူမ သူ့ကို ယခုမှစ၍ လျစ်လျူရှုထားလိုက်တော့မည်။
လုံယန်၏နှလုံးသားမှာ ပျော်ရွှင်မှုများနှင့် ပြည့်နှက်သွားရသည်။ ထို့နောက် သူမအား နောက်ဆုံးတစ်ချက်ကြည့်လိုက်ကာ အဓိက ခန်းမထဲလျှောက်လာလိုက်သည်။
ကျောက်ချန် ချွေးသုတ်လိုက်ကာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်လူများအား ကရုဏာသက်မိသွားသည်။
အရှင်ဆန့်ကျင်ဘက်လိင်အပေါ် စိတ်မ၀င်စား ခဲ့တုန်းကတော့ သူဟာ တောင်ပေါ်က ပန်းတစ်ပွင့်ကဲ့သို့ဖြစ်ခဲ့ကာ မည်သူမှ သူ့အနားမကပ်ဝံ့ပေ။ ယခု ဧကရီရောက်လာ တော့ ရုတ်တရက်ကြီး သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို ထုတ်ကြွားလာသည်။
သူ့အရှင်ရဲ့မျက်လုံးထဲမှာ ဒီလူတွေအားလုံးက လုံး၀ဘောင်၀င်မနေဘူး
သူတို့အားလုံး အဓိကခန်းမကိုရောက်တော့ လုံယန် သူ မထိုင်ခင် လုလျန့်ဝေအား ထိုင်ခုံမှာ ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။
ကြင်ရာတော်ရှန်း အစေခံတစ်ယောက်ထံမှ လက်ဖက်ရည်ခွက်ကိုယူလျက် လုလျန့်ဝေ ရှေ့၌ ဒူးထောက်လိုက်ကာ ဦးခေါင်းထက်သို့ လက်ဖက်ရည်ခွက်ကိုမြှောက်ရင်း
“ကျွန်တော်မျိုးမ, ရုန်ရှင်း ဧကရီကို နှုတ်ခွန်းဆက်သပါတယ်”
လုလျန့်ဝေ ခေါင်းညိတ်လိုက်ကာ လက်ဖက်ရည်ခွက်ကိုယူရန် အမူအရာပြလိုက်သည်။ ကျူးယွီ ကြင်ရာတော်ရှန်းထံမှ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီးနောက်
လုလျန့်ဝေလည်း ကျူးယွီထံမှ လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက် လိုက်ပြီး သူမအားခွက်ပြန်ပေးလိုက်သည်။
ကျူးယွီလည်း သူမထံမှခွက်ပြန်ယူကာ ဘေးရှိအစေခံမလေးအား ပေးလိုက်သည်။
နောက်လူနှစ်ဦးမှာ ကျီလင်ဟွေ့နှင့် ကြင်ရာတော်ချွင်တို့ဖြစ်သည်။
ကိုယ်လုပ်တော်သုံးဦးစလုံးလက်ဖက်ရည် ဆက်သပြီးနောက် အိမ်ရှေ့စံနှင့် အိမ်ရှေ့စံ မယ်မယ်တို့အလှည့်ရောက်လာသည်။
လုံချီ အဓိကထိုင်ခုံ၌ထိုင်နေသည့် အမျိုးသမီးအားကြည့်လိုက်မိရာ လုံယန်၏ သူ့အားကြည့်နေသည့်အကြည့်ကို သတိထားမိသွားတော့ ခဏလောက် စကားမပြောနိုင်ဖြစ်သွားရသည်။ နောက်ဆုံး၌ လုလျန့်ဝေရှေ့တွင် ဒူးထောက် လိုက်နိုင်ကာ မျက်လွှာချလျက်
“ဒီတူတော်က လည်း ဧကရီကို နှုတ်ခွန်းဆက်သပါတယ်”
လုလျန့်ဝေ သူဆက်သလာ သည့်လက်ဖက်ရည်အား တစ်ငုံသောက်ရင်း အမှုမထားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
သူမပြန်ဖြေသံကိုကြားတော့ လုံချီ စိတ်သက်သာရာရသွားသည်။ လုလျန့်ဝေလဲ သူ့အားလူကြားထဲတွင် အရှက်မရစေလိုပေ။ ဆိုလိုတာက သူမ သူ့ကိုဘယ်တုန်းကမှ မေ့မရခဲ့လို့ပင်။
လုံချီ မတ်တပ်ထကာ သူမဘေးသို့ လျှောက်သွားလိုက်သည်။
လုယွင်ရွှမ်း လုံချီ့မျက်နှာအမူအရာကို တစ်ချက်ချောင်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှအမူအရာပြောင်းလဲသွား သည်ကိုမြင်တော့ သူမ စိတ်ထဲ၌ လှောင်ရယ် လိုက်မိသည်။
လုလျန့်ဝေက အခုဧကရာဇ်ရဲ့ မိန်းကလေး ဖြစ်နေလေပြီ။ ဒါကိုတောင် လုံချီက သူမအပေါ်မှာ လက်မလျှော့နိုင်သေးဘူး လား။
သူမအစေခံမလေးထံမှ လက်ဖက်ရည်ခွက် ကိုယူကာ လုလျန့်ဝေရှေ့၌ ဖြေးဖြေးချင်း ဒူးထောက်ချလိုက်သည်။
လုလျန့်ဝေ သူမကိုဒူးမထောက်ဖို့တားလိမ့် မယ်လို့ ထင်ထားပေမယ့် သူမဒူးနှင့် မြေကြီး ထိသွားသည့်တိုင်အောင် လုလျန့်ဝေ သူမအား မထခိုင်းလာပေ။
သူမအံတင်းတင်းကြိတ်လိုက်မိကာ လုလျန့်ဝေအား စိတ်ထဲ၌ ကျိန်ဆဲနေတော့ သည်။
ဒီအပျက်မ လုလျန့်ဝေကများ သူမကို ဒူးထောက်ခိုင်းရဲတယ်ပေါ့။ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား။
(T/N- တူမရီး = တူရဲ့မိန်းမ ဘယ်လိုရေးရမလဲ မသိလို့ပါ)
လုလျန့်ဝေ မျက်တောင်တစ်ချက်မခတ်ပဲ သက်တောင့်သက်သာဖြစ်အောင် ပြောင်းထိုင်လိုက်ကာ ရုတ်တရက် သူမအား ဖြတ်ပြောလာသည်။
“အိမ်ရှေ့စံမင်းသမီး, ကျွန်မတို့ကညီအစ်မတွေဆိုပေမယ့် နန်းတော်ထဲမှာတော့ အိမ်ရှေ့စံခေါ်သလို ဒေါ်လေးလို့ခေါ်သင့်တယ်။ အဲ့လိုခေါ်တာ ပိုပြီးသင့်လျော်တယ်လေ…”
Chapter 535: ဧကရီဖြစ်ရတာ တော်တော်ကောင်းတာပဲ
လုယွင်ရွှမ်းမှာ သွေးအန်လုမတတ်ဖြစ်သွားရ သည်။
လုလျန့်ဝေက ဘာပြောချင်နေတာလဲ။ အိမ်ရှေ့စံတောင် သူမကိုဒေါ်လေးလို့ ဘယ်တုန်းကခေါ်လိုက်တာလဲ။ အစောက လက်ဖက်ရည်ဆက်သတုန်းက သူအဲ့လို မခေါ်သွားပါဘူး။ လုလျန့်ဝေပြောတော့မှ ဘယ်လိုလုပ်အဲ့လိုဖြစ်သွားရတာလဲ။
လုယွင်ရွှမ်း၏၀မ်းချုပ်နေဟန် အမူအရာကြီး ကိုကြည့်ကာ လုလျန့်ဝေရယ်လိုက်မိသည်။ ထို့နောက် လက်ယမ်းပြကာ
“ကျွန်မက စနေတာပါ။ အတည်ယူမနေနဲ့လေ။ အစ်မခေါ်ချင်သလိုခေါ်လို့ရပါတယ်”
ထိုသို့ပြောပြီးနောက် ဗလုံးဗထွေးရေရွတ်လာ ၏။
“ဟူး, သူက ဟာသလို့မထင်ဘူးပဲ”
သို့သော် သူမရေရွတ်လိုက်သည်မှာ ကျယ်သောကြောင့် လူတိုင်းရှင်းရှင်း လင်းလင်း ကြားလိုက်ကြရသည်။
လုယွင်ရွှမ်း သူမမျက်နှာပေါ်က ဟန်ဆောင် အပြုံးကိုပင် ထိန်းမထားနိုင်တော့ပေ။
ဒီမိန်းမပျက်မ လုလျန့်ဝေကတော့။ သူမကို ဟာသလုပ်ရဲတယ်ပေါ့။
“နေ့လည်တောင်ရောက်နေပြီဆိုတော့ ဖီးနစ် နန်းဆောင်မှာပဲ အားလုံးနေ့လည်စာစားသွား ကြပါလား”
လုယွင်ရွှမ်းဆက်သလာသည့် လက်ဖက်ရည်အားသောက်ပြီးနောက် လုလျန့်ဝေ နွေးထွေးစွာပြောလိုက်သည်။
ကိုယ်လုပ်တော်သုံးယောက်လည်း ဧကရာဇ် အားကြည့်ကာ ပျော်ရွှင်စွာသဘောတူလိုက် ကြသည်။
လုံယန် လုလျန့်ဝေအားကြည့်ကာ မသိမသာ မျက်မှောင်ကြုတ်သွားသည်။
လုလျန့်ဝေက ဘာလို့အဲ့လူတွေနဲ့ အချိန်ဖြုန်းချင်နေရတာလဲ။
နောက်ဆုံး၌ သူစကားကိုပြောင်းပြောလိုက် နိုင်သည်။
အစောက လုလျန့်ဝေ လုယွင်ရွှမ်းကို ထောက်ပြလိုက်တဲ့ပုံပေါ်လိုက်ပေမယ့် တကယ်တော့ ထိုစကားက သူ့ကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်သည်။
ဦးရီးတော်ကလည်း သူ့အားဘေးမှကြည့်နေ ၏။ သူ သူမကို ‘ဒေါ်လေး’ ဟု မခေါ်ချင် လျှင်တောင် သူမအား စီနီယာအဖြစ် လေးစားသမှုတော့ပြရမှာပင်။
လုယွင်ရွှမ်း လုလျန့်ဝေ၏ကျေနပ်နေသည့် အမူအရာကြည့်ကာ သူမအား အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်လာရသည်။ သူမအလိုသာဆို နေ့လည်စာအတူစားဖို့ သဘောတူမှာ မဟုတ် ပေမယ့် လုံချီကသဘောတူလိုက်တာကြောင့် သူမငြင်းလိုက်လို့ မသင့်တော်ပေ။
ဤသည်မှာ သူမ၏ဧကရီဂုဏ်ပုဒ်ကို ဖော်ပြလိုက်ခြင်းဖြစ်သလို ရာထူးကြီးကြောင်းကိုလည်း ဖော်ပြလိုက်ခြင်း ဖြစ်လေသည်။
လုလျန့်ဝေ စကားဝိုင်းကို ပျော်ရွှင်စွာ အဆုံးသတ်လိုက် သည်။
လုလျန့်ဝေမတ်တပ်ရပ်လိုက်ကာ အပြင်ဘက် မှ ရာသီဥတုအခြေအနေကိုကြည့်လိုက်ပြီး လုံယန်အား ပျော်ရွှင်စွာပြောလိုက်သည်။
“အရှင်, ဒီနေ့ ရာသီဥတုအရမ်းကောင်းတာပဲ။ ကျွန်မတို့ ဥယျာဉ်ထဲမှာ ထွက်စားကြမလား။”
ထိုလူတွေအားလုံးနှင့် နေ့လည်စာအတူစား ရန် သူမသဘောနှင့်သူမဆုံးဖြတ်လိုက်တာ ကြောင့် လုံယန် အနည်းငယ်၀မ်းနည်းနေခဲ့တာ ပင်။ သူ့မျက်လုံးထဲမှာတော့ သူတို့အားလုံးက အလွန်စိတ်ပျက်စရာကောင်းလေသည်။ သို့သော် သူမ စိတ်အခြေအနေကောင်းနေ သည်ကိုမြင်တော့ သူ့ရင်ထဲရှိ မပျော်ရွှင်မှုမှာ အနည်းငယ်မှိန်ဖျော့သွားကာ သူမဆံပင်အား ဖွလိုက်ရင်း
“မင်းပျော်ရင်ပြီးတာပဲ ကြိုက်သလိုလုပ်”
လုလျန့်ဝေ သူ့အားအနည်းငယ်ရှက်ရွံ့သွား ဟန်ဖြင့်ကြည့်လာသည်။ အရှင်ရဲ့ သူမအပေါ် ချစ်မြတ်နိုးမှုတွေကို နည်းနည်းထိန်းချုပ်ထား သင့်လေပြီ။
လုံယန်၏လူရှေ့သူရှေ့တုန်နေအောင်ချစ်ပြခြင်းကို သူမညည်းညူနေသော်လည်း သူမ မျက်လုံးတွေဟာတော့ လခြမ်းကွေးသဏ္ဍာန် ကွေးညွှတ်သွားလေသည်။
ကိုယ်လုပ်တော်သုံးယောက်နှင့် အခြားလူများ မှာ လုံယန် လုလျန့်ဝေအား ချစ်မြတ်နိုးစွာ ဆက်ဆံသည်ကိုကြည့်ရင်း မနာလိုဖြစ်လာရ ပေမယ့် သူမတို့လုပ်နိုင်တာလည်း ဘာမှမရှိ ပေ။
ကျီလင်းဟွေ့ သူမမျက်လုံးထဲရှိ အမုန်းတရား အားဖုံးကွယ်ရန် မျက်လွှာချလိုက်ရသည်။
လုလျန့်ဝေကတော့ သူတို့သုံးဦးအား ဂရုမထားဟန်ကြည့်လိုက်သည်။
ထို့နောက် ရုတ်ခြည်းဆိုသလို ဧကရီဖြစ်ရတာ ကောင်းသားပဲဟု တွေးမိသွားရသည်။
အကယ်လို့ သူမသာ သာမန်အိမ်ထောင်စု တစ်ခုက လက်ထပ်ပြီးကာစအမျိုးသမီးသာ ဆိုရင် မိသားစုအကြီးအကဲတွေရှေ့မှာ ဒူးထောက်ပြီးလက်ဖက်ရည်ဆက်သနေရသူမှာ သူမဖြစ်နေမှာပင်။ ဧကရီဖြစ်သွားတော့ မတူတော့ပေ။ မယ်တော်ကြီးက ဧကရာဇ်ရဲ့ အမေရင်းမဟုတ်တာကြောင့် သူမကို သွားနှုတ်ဆက်စရာမလိုပေ။ ထိုအစား ဤလူတွေကသာ သူမကိုလာနှုတ်ဆက်ကြရ သည်။
Chapter 536: အရှင်က တော်တော်ဆိုးတာပဲ
အကယ်၍သူမသာ မပျော်ရွှင်ဟန် အနည်းငယ်ပြလာလျှင် သူထိုမိန်းမတွေကို ဘယ်တော့မှသူမရှေ့မပေါ်လာအောင် လုပ်လိုက်မှာပင်။
ဝေဝေက သူမတို့ရဲ့တည်ရှိမှုကို မရွံရှာနေဘူး ဆိုမှတော့ သူ ထိုသုံးယောက်ကို လွှတ်ထား လိုက်မည်။ ထိုသို့ဆိုပါက ဝေဝေပျင်းလာ လျှင် သူမထိုသုံးယောက်နှင့် ကစားလို့ရပေလိမ့်မည်။
လုလျန့်ဝေ ဥယျာဉ်ထဲ၌နေ့လည်စာစားချင် သည်ဟု ကျောက်ချန်သိလိုက်ရပြီးနောက် သူအမြန်ပင် နောက်လိုက်တွေကို ဥယျာဉ်ထဲ၌ စားပွဲပြင်စေလိုက်သည်။
သိပ်မကြာခင်မှာပဲ အစေခံများစားဖိုဆောင်မှ ဟင်းလျာတွေကို တစ်ခုပြီးတစ်ခုသယ်လာ ကြသည်။
လုလျန့်ဝေ လုံယန်ဘေး၌ထိုင်လိုက်ပြီး လုံချီဟာတော့ လုယွင်ရွှမ်းနှင့်အတူ လုံယန်၏ တစ်ဖက်ခြမ်း၌ ၀င်ထိုင်လိုက်သည်။ ကိုယ်လုပ်တော်သုံးယောက်ဟာတော့ သူတို့ ရာထူးအစဉ်အတိုင်း လုလျန့်ဝေဘေး၌ ၀င်ထိုင်လိုက်ကြသည်။
စားပွဲထက်၌ အရသာရှိပုံပေါ်သည့်ဟင်းလျာ များဖြင့် ပြည့်နှက်နေသည်ကိုမြင်တော့ လုလျန့်ဝေ လုံယန်အားကြည့်လိုက်မိသည်။
လုံယန်လည်း သူမအကြည့်ကိုသတိထားမိ သွားကာ သူ့နှုတ်ခမ်းထက်၌ အပြုံးတစ်ပွင့် ပေါ်လာ၏။
လုံယန်၏ကြေညာသံကိုကြားတော့ အချက်ပြ သည့်အနေဖြင့် လုလျန့်ဝေ သူမနောက်တွင် ရပ်နေသော ကျူးယွီအား ချက်ချင်း နှုတ်ခမ်းစူပြလိုက်သည်။
ကျူးယွီ သူမဆိုလိုသည်ကို ချက်ချင်း နားလည်သွားကာ တူတစ်စုံယူလျက် အဆီတစ်တုံးနှင့် အရည်ရွမ်းသည့် ငါးပေါင်း တို့ကို လုလျန့်ဝေအတွက် ထည့်ပေးလိုက်ကာ အခြားဟင်းလျာတွေကိုလည်း ထည့်ပေး လိုက်သည်။
လုလျန့်ဝေဘေး၌ သူမရှိခဲ့သည့်အချိန်မှာ ကြာလှပြီဖြစ်တာကြောင့် ယခုဆိုလျှင် လုလျန့်ဝေ၏အကြိုက်များကို ကောင်းကောင်းသိနေပြီဖြစ်သည်။ လုလျန့်ဝေထံမှ အကြည့်တစ်ချက်နှင့်ပင် သူမ ဘယ်ဟင်းစားချင်နေသည်ဆိုတာက အစ သူမ သိသည်။
လုလျန့်ဝေ ငါးပေါင်းအား တစိမ့်စိမ့်အရသာခံရင်း အခြားသူများ သူမနဲ့ နေ့လည်စာစားရသည်ကို မနှစ်သက်ကြဟူ သောအချက်ကိုတောင် သူမ မသိလိုက်။
လုလျန့်ဝေတစ်ယောက်တည်းပဲ နေ့လည်စာကို နှစ်ခြိုက်စွာစားသုံးနေခဲ့တာ ဖြစ်သည်။ အခြားသူများမှာတော့ သူတို့ ကြိုက်နှစ်သက်သည့်ဟင်းလျာများပါသော် လည်း ဖယောင်းကိုဝါးနေရသည့်အတိုင်း ဖြစ်နေကြသည်။ သူတို့အားလုံး လွတ်လွတ် လပ်လပ်မစားနိုင်ကြပဲ အနေရကျပ်နေကြပုံ ပေါ်သည်။
“ဒီလောက်အရသာရှိတဲ့ဟင်းလျာတွေကို ကောင်းကောင်းမစားကြပဲ ဖြုန်းတီးနေကြ တာပဲ။”
လုလျန့်ဝေ ခေါင်းညိတ်ပြလိုက်ကာ ပြုံးလျက် ပြန်ဖြေလိုက်သည်။
သူမအဖြေကြားတော့ လုံယန် သူမအား နက်ရှိုင်းစွာကြည့်လိုက်ရင်း
လုလျန့်ဝေ သူ့၀တ်ရုံလက်အားဆွဲလိုက်ရ သည်။ သူမမျက်နှာမှာလည်း လောင်ကျွမ်းလု မတတ်ပူနေလေ၏
“အခုမှစားထားပြီးတာ လေ။ ချက်ချင်းကြီး မအိပ်ချင်သေးဘူး”
လုံယန့်ပုံမှာ အမှန်တရားကို ပြောနေဟန်နှင့် သူမအား ချီသွားလေတော့ သည်။
“ကျွန်မအရမ်းဗိုက်ပြည့်နေတာ။ အစာကြေအောင်လမ်းနည်းနည်းလျှောက်ချင် တယ်”
မနေ့ညကဖြစ်ခဲ့တာကိုကြည့်ရရင် အရှင်က သူမကိုအမြဲအနိုင်ကျင့်ချင်နေသည့် လူဆိုးကောင်ပင်။
သူဘာကိုဆိုလိုချင်တာလဲ လုလျန့်ဝေ သိသည်။ ထို့ကြောင့် သူမ နှုတ်ခမ်းတင်းတင်းစေ့ကာ ခိုင်မြဲစွာ ပြောလိုက်သည်။
လုံယန် မျက်မှောင်ကြုတ်ကာ သူမအား သံသယ၀င်စွာကြည့်လိုက်သည်။ အစောက အိပ်ရာကနိုးလာတုန်းကဖြင့် မတ်တပ်တောင် မရပ်နိုင်တာကို အခု လမ်းလျှောက်နိုင်ပြီတဲ့ လား။
မိန်းကလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို သူကောင်းကောင်းမသိပေမယ့် မနေ့ညက သူ သူမအပေါ်အတော်လေးကြမ်းတမ်းမိသွား သည်ကိုတော့ သူသိသည်။ အဲ့တုန်းက သူ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် သူမကို ချုပ်ထားတာကနေ မလွှတ်ပေးနိုင်ခဲ့ပေ…
မနေ့ညကလုပ်ခဲ့မိတာကိုတွေးမိပြီး သူ အခုမှ အနည်းငယ်နောင်တရချင်လာသည်။ ထို့ကြောင့် သူမနဖူးပြင်အား နမ်းရှိုက်လိုက် ကာ
လုလျန့်ဝေ အံ့ဩသွားရသည်။ သူမ တကယ်လဲ အနည်းငယ် စိတ်အခြေအနေမ ကောင်းပေမယ့် နောက်ဆုံး၌ သူမ ပြောလိုက် မိသည်မှာ
“နည်းနည်းတော့ စိတ်ဆိုးနေခဲ့ ပေမယ့် အခုတော့ မဆိုးတော့ဘူး”
“ဘာလို့လဲ။”
“ဒါကအရှင့်အတွက် ပထမဆုံးအကြိမ်ဆိုတော့ အတွေ့အကြုံ မရှိဘူးမလား။ ကျွန်မနားလည်ပါတယ်”
လုံယန်၏သေးငယ်သောနောင်တတရားလေး မှာ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားရသည်။ သူသည် သူမအား နက်မှောင်ကာ ခြိမ်းခြောက်လို သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး
“အဲ့လိုလား။ ကိုယ့်ရဲ့ဧကရီလေးက စိတ်မဆိုး ဘူးဆိုတော့ ကိုယ်နဲ့အကြိမ်အနည်းငယ် လောက် ထပ်လေ့ကျင့်ပေးလို့ရမလား။”