အခန်း (၅၃၇-၅၃၉)
Vol. 11 Ch. 537-539
Chapter 537: ဧကရီရှိနေပြီဆိုတော့ အကျိုးအကြောင်းတောင်မဆင်ခြင် တတ်တော့ဘူး
လုလျန့်ဝေ : “........”
ကျူးယွီနှင့် အခြားလူများ အမြန်ခေါင်းငုံ့ လိုက်သည်ကိုမြင်တော့ လုလျန့်ဝေ မျက်နှာ နီရဲသွားရသည်။
လုံယန် သူမအားကြည့်လျက် ပြုံးပြီး ပွေ့ချီကာ အိပ်ခန်းဆီလျှောက်သွား လိုက်သည်။
ထိုအချိန်တွင် ကျောက်ချန် ရုတ်တရက် အထဲ၀င်လာကာ
“မင်းသမီးနဲ့ ရှန်းရန်မင်းသားတို့ အပြင်ဘက်မှာ ဧကရီကို နှုတ်ဆက်ဖို့ရောက်နေကြပါတယ်”
လုံယန် မပျော်တော့ပေ။
သူတို့နှစ်ယောက်က စောစောကမလာပဲ ဘာလို့အခုမှရောက်လာရတာလဲ။
“နောက်ကျနေပြီ။ မနက်ဖြန်မှ ပြန်လာခိုင်းလိုက်”
ကျောက်ချန် ကောင်းကင်ကိုကြည့်လိုက်မိ သည်။ နေ့လည်ပဲရှိသေးတာကို ဘာက နောက်ကျတာလဲ။
လုလျန့်ဝေလည်း ကြောင်သွားရသည်။ သို့သော် ထိုလူ၏မျက်လုံးထဲမှ တပ်မက်မှုများကိုမြင်တော့ သူမ သူ့လက်မောင်းကို အမြန်တွန်းထုတ်လိုက်ကာ
“အရူးထမနေနဲ့ အရှင်၊ သတင်းတွေထွက်ကုန် ရင် သူများတွေလှောင်စရာဖြစ်ကုန်လိမ့်မယ်”
သူမထိုသို့ပြောနေချိန်တွင် ကျောက်ချန် ထွက်သွားကာ နောက်ကျနေပြီဟု ပြောတော့ မလို့ပြင်နေလေပြီ။ ထို့ကြောင့် သူမ သူ့အား အမြန်လှမ်းခေါ်လိုက်ကာ
“သူတို့ကို ခန်းမထဲ ကို လက်ဖက်ရည်သောက်ဖို့ ဖိတ်လိုက်ပါ။ အရှင်နဲ့ကျွန်မ ခဏနေရင် လာခဲ့လိုက်မယ်”
ကျောက်ချန် စိတ်သက်သာရာရသွားကာ အရှင့်အားဘာမှမပြောတော့ပဲ ကြည့်နေလိုက် သည်။ ‘ဧကရီရှိနေပြီဆိုတော့ အရှင်က အကျိုးအကြောင်းတောင် မဆင်ခြင်တတ်တော့ဘူးပဲ’ ဟု စိတ်ထဲ၌ တွေးလိုက်မိသည်။
လုလျန့်ဝေချက်ချင်းပင် နောက်သို့ ခြေလှမ်း နည်းနည်းဆုတ်ကာ သူနှင့်အကွာအဝေး တစ်ခုခြားလိုက်သည်။
‘ရှင်ကအဲ့သားရဲတွေထက် ပိုကြောက်ဖို့ ကောင်းတယ်’ ဟု လုလျန့်ဝေ စိတ်ထဲ၌ တွေးလိုက်မိသည်။
“အရှင်က ဘာလို့အဲ့လိုထင်ရတာလဲ။ ကျွန်မက မင်းသမီးနဲ့ ရှန်းရန်မင်းသားတို့ရောက်လာရင် အရှင်သိက္ခာကျမှာကို စိုးလို့ပါ”
“အရှင်ကကျွန်မကိုဆုချီးမြှင့်ချင်တယ် ဆိုရင်တော့ ငြင်းလို့မသင့်တော်ဘူးလေ”
လုံယန် အော်ရယ်မိသွားသည်။
“အဲ့တော့ ဒီလိုစကားတွေပြောပြီးသွားတာတောင် ဆုချီးမြှင့်ခံချင်သေးတာလား။”
လုလျန့်ဝေ သူ့စကားထဲကစနောက်လိုဟန်ကို မသိချင်ယောင်ဆောင်လိုက်ကာ သူမမျက်နှာ ထက်ရှိအပြုံးကို ထိန်းသိမ်းထားလိုက်ရင်း
လုံယန် ထိုစကားကိုသာမန်ကာလျှံကာပြော လိုက်ခြင်းသာဖြစ်ကာ သူမကိုတကယ် ဆုချီးမြှင့်ဖို့မစဉ်းစားထားပေ။
လုံယန် သူမဦးခေါင်းကိုပွတ်သပ်ရင်း မေးလိုက်သည်။
“မင်းဘာလိုချင်လို့လဲ။ ကိုယ့်မှာရှိတာဆိုရင် ဘာမဆိုယူလို့ရတယ်”
လုံယန်ဟာတော့ ထောင်ချောင်ထဲ တိုး၀င်မိမှန်း ယခုထိသတိမထားမိသေးပေ။
သူသိလိုက်သည်မှာ ထိုမိန်းကလေး၏ ပျော်ရွှင်စွာပြောလာသည့်အသံကိုသာ ကြားလိုက်ရသည်။
“ဒါဆိုရင် ဒီည အရှင့်ကို ဖီးနစ်နန်းဆောင်မှာ အိပ်ခွင့်မပြုဘူး”
“အရှင်ပဲ လိုချင်တာအကုန်ပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ ကျွန်မ ကိုယ့်ဘာသာအိပ်ချင်တယ်လေ၊ အဲ့လိုဖြစ်ဖို့ ဆို အရှင်ပူးပေါင်းပေးမှရမှာလေ မဟုတ်ဘူး လား။”
သူထင်လိုက်တာက သူမ ရွှေဒါမှမဟုတ် တစ်ခြားတစ်ခုခုတောင်းဆိုမည်ဟုပင်။ အဆုံး၌ သူမက သူ မထင်ထားတာကို တောင်းဆိုလာသည်။
သူမနှလုံးသားထဲ၌ ညည်းညူမိသွားရသည်။ သူသာ သူမနှင့်အတူလာအိပ်ရင် သူမက ဘယ်လိုလုပ်အိပ်ရတော့မှာလဲ။
“အဲ့လိုမဟုတ်ပါဘူး။ နန်းတွင်းစည်းမျဉ်းထဲ မှာ လတိုင်းရဲ့ တစ်ရက်နေ့နဲ့ ဆယ့်ငါးရက် မြောက်နေ့တွေပဲ ဧကရီရဲ့နန်းဆောင်မှာ လာအိပ်ရမယ်လို့ ဖော်ပြထားတယ်လေ။ မနေ့က ဆယ့်ငါးရက်နေ့ဆိုတော့ အရှင် နောက်တစ်ကြိမ် ညအိပ်ဖို့အတွက်က နောက်လ တစ်ရက်နေ့မှပြန်လာအိပ်ရမှာလို့ တွေးနေတာ”
ထိုစကားကိုပြောနေချိန်တွင် သူမမျက်နှာမှာ ချက်ကျလက်ကျပြောနေ သည့်ဟန်ဖြင့် အတည်ပေါက်ဖြစ်နေလေ သည်။
“ဘယ်ဧကရီကများ သူ့ဧကရာဇ်ကို တခြား ကိုယ်လုပ်တော်နဲ့သွားအိပ်ဖို့ပြောလို့လဲ။”
လုလျန့်ဝေ : “အရှင်သာပျော်နေရင် ရပါပြီ”
အကယ်၍အရှင်သာ ထိုသို့သောလူမျိုး ဖြစ်နေလျှင် သူမတို့လက်မထပ်ခင်ကတည်း က သူထိုသို့လုပ်နေလောက်ပြီပင်။
သို့သော် အမှန်တရားမှာ အရှင်ဟာ ဘယ်မိန်းကလေးကိုမှ မထိတွေ့ဖူးတဲ့ လူပျိုစင်လေးဖြစ်နေခဲ့သည်။
Chapter 538: သူ့ကိုအလိုမလိုက်နဲ့
သူမ၏ယုံကြည်မှုရှိရှိပြောနေသည့်ပုံကို ကြည့်ကာ လုံယန်ခေါင်းကိုက်လာရသည်။
သူတခြားမိန်းမသွားမရှာဘူးလို့ သူမ ဒီလောက်တောင်ယုံကြည်ချက်ရှိနေတာလား။
သို့သော် သူမ နေမကောင်းဘူးဆိုတာ ငြင်းလို့ မရနိုင်ဘူးမလို့ သူဘာမှထပ်မပြောတော့ပေ။
သူ့ကိုယ်သူမထိန်းချုပ်နိုင်ပဲ သူမကို ထိခိုက်အောင်ထပ်လုပ်မိမှာ သူလည်း ကြောက်မိသည်။
လုံယန် သူမလေး၏ချစ်စဖွယ်မျက်နှာလေးကို ကြည့်ကာ သက်ပြင်းသာချလိုက်မိတော့သည်။
ဤမိန်းကလေးက ငယ်သေးပေမယ့် သူ့အား လွန်စွာနှစ်သက်ကြည်နူးအောင် ဆောင်ရွက် နိုင်သည်။ သူမ သူ့ကိုထိလိုက်ချိန်တိုင်း သူမအားစွဲလမ်းသွားမှုကို သူကိုယ်တိုင်လဲ မထိန်းချုပ်နိုင်တော့ပေ။
“ကောင်းပြီ, ဒါဆို မင်းတောင်းဆိုတဲ့အတိုင်း ဒီညမင်းကိုတစ်ယောက်ထဲ အိပ်ခွင့်ပေးမယ်”
လုလျန့်ဝေ သူ့အားချက်ချင်း ခြေတစ်ဖက် ညွှတ်လျက် အရိုအသေပေးလိုက်ပြီး
လုံယန် သူမအားပွေ့ဖက်လိုက်မိသည်။ သူမနှင့်ပက်သက်လာလျှင် သူကိုယ်တိုင်က အထိန်းအကွပ်မဲ့သွားတတ်သည်။
လုံချင်ကျီ ၀မ်ယန်ကျစ်အားချီထားရင်း ခန်းမထဲ၌ လုံရှောင်နှင့်အတူထိုင်နေ၏။ တစ်အောင့်ကြာပြီးနောက် ဧကရာဇ်နှင့် ဧကရီတို့အခန်းထဲ၀င်လာလေသည်။
သူတို့နှစ်ဦး၀င်လာသည်ကိုမြင်တော့ လုံချင်ကျီ သူတို့အားတိတ်တဆိတ်ကြည့် လိုက်သည်။
အတွေ့အကြုံရှိပြီးသားသူတစ်ယောက်အနေ နှင့် လုလျန့်ဝေ မနေ့ကနှင့်မတူဘူးဆိုတာ သူမ တပ်အပ်ပြောနိုင်သည်။
သူမလမ်းလျှောက်နေသည့်ပုံကို သတိပြုမိ သွားတော့ လုံချင်ကျီ အမြန်သတိထားမိသွား သည်။
ကြည့်ရတာ နှစ်အတော်ကြာအောင် အပျော် အပါးမလိုက်စားခဲ့တဲ့ သူမ မောင်ဖြစ်သူက မနေ့ညက ဒီဧကရီလေးကို လွယ်လွယ်ကူကူ မဖြတ်သန်းစေခဲ့ဘူးနဲ့တူတယ်။
ဒီလူ သူမကိုလုပ်ချင်တာလုပ်ထားပြီး သေချာ ဂရုမစိုက်ဘူးပဲ။
“ယောကျာ်းတွေက အမြဲ လောဘကြီးတယ်။ ဒီတစ်ခါက အရှင့်ရဲ့ နှစ်သက်မှုကို ပထမဆုံးရထားတာဆိုတော့ အရှင့်ကို အလိုမလိုက်သင့်ဘူး”
သူမ ရုတ်တရက်ကြီး ထိုသို့ပြောလာမည်ဟု လုလျန့်ဝေ မထင်ထားသောကြောင့် သူမ မျက်နှာပူသွားရသည်။ ကံကောင်းစွာဖြင့် သူမကအမြဲစိတ်ထိန်းထားနိုင်တာကြောင့် မျက်နှာအမူအရာ သိပ်မပြောင်းလဲသွားပေ။
လုံချင်ကျီ၏ ပူပန်နေသည့်အကြည့်ကို မြင်တော့ သူမနှလုံးသားထဲ၌ နွေးထွေးသွားရကာ
မိန်းကလေးဖြစ်သူမှာ ထိုနေရာ၌ ငြိမ်ငြိမ်လေးထိုင်နေကာ သူမခန္ဓာကိုယ်လေး ဟာ ဖြူဖျော့နေတာကြောင့် လုံချင်ကျီ သူမ အား ခေါင်းပွတ်ပေးချင်လာသည်။
သူမသာ ကျန်းမာရေးမထိခိုက်ခဲ့ရင် သူမ သမီးလေးလည်း ထိုအရွယ်ရောက်နေ လောက်ပြီပင်။
တန့်ကြွယ်ကို သူမရောက်စကနှစ်တွေမှာ ထိုနေရာကရာသီဥတုနှင့် အစားအသောက် တွေကို နေသားမကျတာကြောင့် မကြာခဏ ဆိုသလို ဖျားနာတတ်ကာ ကျန်းမာရေး ထိခိုက်လာခဲ့သည်။
ကျစ်အာလေးကိုမမွေးခင် သူမ အကြိမ် အနည်းငယ်ကိုယ်၀န်ပျက်ကျခဲ့သေးသည်။ ကိုယ်၀န်တစ်ခုဆို ခြောက်လ ခုနစ်လ ၀န်းကျင်ပင်ရောက်နေပေမယ့် ကျန်းမာရေး မကောင်းတာကြောင့် သူမ ကလေးမမွေးနိုင်ခဲ့ပေ။
ထိုသနားစရာကောင်းသည့်ကလေးလေးကို တွေးမိတိုင်း သူမနှလုံးသားနာကျင်လာရ သည်။
သူမရဲ့ကျန်းမာရေးမကောင်းတဲ့ခန္ဓာကိုယ် ကြောင့်သာမဟုတ်လျှင် ထိုကလေးလေးနှင့် သူမခွဲရမှာမဟုတ်ပေ။
လုလျန့်ဝေ သူမ သက်ပြင်းချသံကို ကြားလိုက်တော့ စိုးရိမ်တကြီး မေးလိုက်မိ သည်။
သူမ အကျင့်အတိုင်း လက်ဆန့်ကာ လုံချင်ကျီအား သွေးခုန်နှုန်းစမ်းရန် ပြင်လိုက်သည်။
ထိုသို့ပြောပြီးနောက် လုလျန့်ဝေ၏ လက်ကိုပုတ်လိုက်ကာ သူမခုံရှိရာဆီ ပြန်လာ လိုက်သည်။
တစ်ချိန်ထဲမှာပဲ လုံရှောင်လဲထလာကာ လုံယန် အားနှုတ်ဆက်ပြီးနောက် သူမအား နှုတ်ဆက်လာသည်။
“အကုန်လုံးက မိသားစု၀င်တွေပဲ။ စည်းမျဉ်း တွေအတိုင်း လုပ်နေစရာမလိုပါဘူး။ ထိုင်ကြ”
ထိုအကြည့်ကိုသတိထားမိသွားတော့ လုလျန့်ဝေ အော်ဂလီဆန်သွားရသည်။
ရှန်းရန်မင်းသားက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲနေတာလား။
“ဒီလိုဆိုမှ ဧကရီနဲ့ကျွန်တော် တစ်ကြိမ် တွေ့ဖူးတာပဲနော်”
ရုတ်တရက် လုံရှောင် ထိုသို့ပြောလာလေသည်။ သူ့မျက်လုံးထဲ၌ သူမကို ဒုက္ခပေးလိုသည့်အကြည့်ဖြင့် ပြည့်နှက်နေသည်။
လုလျန့်ဝေစိတ်ထဲတင်းသွားရသည်။ ဒီလုံရှောင်က ဘာပြောချင်နေတာလဲ။
လုံယန်နှင့် လုံချင်ကျီတို့နှစ်ဦးသားမှာ သူ့အား အံ့ဩတကြီးကြည့်လိုက်မိသည်။
“ဧကရီကိုအရင်ကတွေ့ဖူးတယ်လား။”
လုံချင်ကျီ သိလိုစိတ်ပြင်းပြစွာ မေးလိုက်လေသည်။
Chapter 539: သူမပြောတာကြားပြီး ရှက်သွေးဖြာသွားရ
လုံယန် လုလျန့်ဝေကို အရင်ကြည့်ပြီးမှ လုံရှောင်ကိုကြည့်လိုက်သည်။
“မင်းက ရှန်းရန်မှာရှိနေတာမဟုတ်ဘူးလား။ ဧကရီနဲ့ ဘယ်လိုတွေ့တာလဲ။”
လုံရှောင် လုလျန့်ဝေကို တစ်ချက်ကြည့်လိုက် ပြီးနောက်
“အစ်ကိုတော်ကို အဲ့အကြောင်းကို မရီးမပြောပြထားဘူးလား။ တျန်းကျို့တောင်မှာ မရီးလုပ်ကြံခံရတုန်းက ကျွန်တော်ဖြတ်သွားရင်း…”
လုလျန့်ဝေ ရုတ်ခြည်းဆိုသလို ပြန်သတိရ သွားကာ
“ရှင်ပြောလိုက်တော့ ကျွန်မ ပြန်မှတ်မိသွားပြီ”
ထို့နောက် လုံယန်ဘက်လှည့်ကာ ရှင်းပြလိုက်သည်။
“အဲ့တုန်းက နှင်းပျံလွှားအိမ်တော်က ကျွန်မကို လုပ်ကြံဖို့ကြိုးစားခဲ့တာလေ။ အဲ့မှာ ကျူးယွီလည်း လန့်ပြီး အနားကဖြတ်သွားတဲ့ လူတစ်စုကိုအကူအညီတောင်းလိုက်တာ။ ဒါပေမယ့် သူတို့ရောက်လာတဲ့အချိန်မှာ ချူကျူက လုပ်ကြံသူတွေအကုန်လုံးကို ရှင်းပြီးသွားပြီ။ အဲ့တုန်းက ကြင်နာတတ်တဲ့ လူငယ်လေးက ရှန်းရန်မင်းသားဆိုတာ မသိခဲ့ဘူး။ မင်းသားသာ ဒီနေ့အဲ့အကြောင်း ပြန်မပြောလာရင် ကျွန်မမေ့နေလောက်ပြီ”
သူမ၏ရှင်းပြချက်ကြောင့် လုံယန် အကုန်လုံး ကို နားလည်လိုက်သည်။
ဒါဆို သူတို့နှစ်ယောက် ထျန်ကျိုးတောင်မှာ ဆုံခဲ့ကြတာပေါ့။
သို့ပေမယ့် ဝေဝေလုပ်ကြံခံရတုန်းက လုံရှောင်းဘာမှသိပ်မကူညီခဲ့တာကြောင့် ဝေဝေ ထိုကိစ္စကိုမမှတ်မိတာဖြစ်မည်။
လုံယန် လုလျန့်ဝေ၏လက်အား တစ်ချက် ဖျစ်ညှစ်လိုက်ကာ
“ကိုယ်သိပြီ”
လုလျန့်ဝေခေါင်းညိတ်ပြလိုက်ရင်း
“အင်း, ဖြစ်ပုံကအဲ့လိုပဲ”
လုလျန့်ဝေပြောသွားသည့်ဟန်မှာ သူပါ၀င်ခဲ့မှုကို ငြင်းဆန်လိုဟန်ပါနေသည်ကို လုံရှောင်သိလိုက်တာကြောင့် ဖြစ်ချင်ရာဖြစ် ဟုတွေးကာ ပြောချလိုက်သည်။
“အဲ့တုန်းက မရီးကိုမကူညီပေးနိုင်ခဲ့တာ ကျွန်တော့်အမှားပါ”
“မင်းသားကို ဘယ်လိုလုပ်အပြစ်တင်ရမှာလဲ။ မင်းသားက ဒီတိုင်းဖြတ်သွားရုံပဲကို။ မိန်းမငယ်လေး တစ်ယောက်ရဲ့ တောင်းဆိုချက်ကြောင့် တောင်ပေါ်တက်လာပေးတာကတင် အတော်လေးမြင့်မြတ်နေပါပြီရှင်”
“တကယ်အမျိုးသမီးတွေကို ဂရုစိုက်ပေးတာ ပဲ။ မင်းသားဆယ့်တစ်ကို ဒီလောက်ထိ ကရုဏာတရားကြီးမားမယ်လို့ မထင်ထားခဲ့ဘူး”
ထိုအချိန်တုန်းက သူထိုမိန်းကလေးရဲ့ တောင်းဆိုချက်အတိုင်း တောင်ပေါ်တက်လာ ခဲ့သည်မှာ ထိုမိန်းကလေးက သူမကိုယ်သူမ တော်၀င်မြို့စားအိမ်တော်ကပါဟု ပြောခဲ့တာ ကြောင့်ပင်။ သူကိုယ်တိုင်လဲ မြို့စားအိမ်တော်နှင့် နီးစပ်ချင်တာကြောင့် တောင်ပေါ်လိုက်တက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူတို့မရောက်ခင်မှာပင် ထိုအခက်အခဲက ဖြေရှင်းပြီးသွားလိမ့်မယ်ဟု မထင်ထားခဲ့ပေ။
“ကျွန်တော့်ကို မစပါနဲ့ အစ်မတော်ရာ။ အဲ့တုန်းက ကျွန်တော် ဘာမှတောင် မကူညီ လိုက်ရပါဘူး”
“ဟုတ်တယ်။ မင်းသားက တကယ် အမြော် အမြင်ကြီးတာပဲ”
လုလျန့်ဝေလည်း သဘောတူဟန်ခေါင်းညိတ်ပြလိုက်သည်။
သို့သော် သူမစကားတွေထဲကဆိုလိုရင်းကို လုံရှောင် ခန့်မှန်းမိသည်။
ကြည့်ရတာ ဧကရီကတုံးအတဲ့လူတစ် ယောက်ဖြစ်ပုံမပေါ်ချေ။ သူမအရင်ထဲက သူမကိုလိုက်ပိုးပန်းမည့် သူ့အကြံအစည်ကို ရိပ်မိနေတာဖြစ်လောက်သည်။
သို့ပေမယ့် သူမ သူ့ကိုဧကရာဇ်ရှေ့မှာ ဖော်ကောင်လုပ်မည်လို့တော့ မထင်ပေ။
သူမထို့သို့လုပ်ခဲ့ရင်တောင် ဧကရာဇ်က သူမကို ယုံမှာမဟုတ်ပေ။
ထိုအခြင်းအရာအပေါ်တော့ လုံရှောင် အလွန်တရာမှယုံကြည်မှုရှိသည်။
ဘာပဲဖြစ်ဖြစ် လုလျန့်ဝေမှာ လုံယန်အား ထိုအကြောင်းပြောပြလိုသောဆန္ဒမရှိပေ။ လုံယန့်အနေအထားနဲ့သာဆိုရင် ရုံးတော်ထဲမှ လူတိုင်း၏လှုပ်ရှားမှုနှင့် ရည်ရွယ်ချက်ကို သူ သတိထားမိလောက်ပြီးဖြစ်ကာ သူမ အချိန်တွေဖြုန်းတီးနေစရာပင်မလိုပေ။
ထိုနှစ်ယောက်ကိုလိုက်ပို့ပြီးနောက် လုံယန် လုလျန့်ဝေ၏လက်အားဆုပ်ကိုင်လိုက်ကာ
လုလျန့်ဝေ ထိုအကြောင်းကို မေ့နေတာဆို ပေမယ့် ထိုလူကအစဖော်ပေးလာတော့ သူမမျက်နှာနီရဲလာကာ ခေါင်းယမ်းပြလိုက် ရင်း
လုံယန် သူမကိုမယုံပေ။ ထိုအချိန်တုန်းက လုံချင်းကျီတမင်သက်သက် အသံတိုးကာပြောလိုက်တာဆိုပေမယ့် သူမ ထိုစကားပြောပြီးနောက် လုလျန့်ဝေမျက်နှာ နီရဲသွားတာကို သူမှတ်မိသည်။
“မြောင်…”
ထိုအကောင်လေးကိုမြင်တော့ လုလျန့်ဝေ မျက်နှာတောက်ပသွားကာ
“အဖြူလုံးလေးပဲ”
ထို့နောက် သူမထိုနေရာ၌ထိုင်ချကာ ကြောင်လေးကိုပွေ့ချီလိုက်သည်။ ထိုအကောင်လေး၏ ၀တုတ်တုတ်ကိုယ်လေး ကိုကြည့်ရင်း သူမ စနောက်လိုက်သည်။
“မင်းကိုမတွေ့တာတောင်ကြာသွားပြီ။ ဘယ်လောက်တောင်၀လာတာလဲ။ အထိန်းတော်ကျောက်က နင့်ကို ကောင်းကောင်းကျွေးထားတယ်ထင်တယ်”