← Chapters

အခန်း (၅၄၀-၅၄၂)

Vol. 11 Ch. 540-542

အခန်း (၅၄၀-၅၄၂)

Vol. 11 Ch. 540-542

Chapter 540: ဧကရာဇ်က ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်နေပြီ

ကျောက်ချန်ရောက်လာချိန်၌ လုလျန့်ဝေ၏ လက်မောင်းထဲတွင် အဖြူရောင်လေးကို တွေ့လိုက်ရ၍ အံ့ဩသွားရသည်။ ထို့ကြောင့် အရှင့်ကိုကြည့်လိုက်မိ၏။ အရှင့်မျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်နေလေသည်။

အဖြူလုံးလေးက ဘာလို့ဧကရီဆီ ပြေးသွားရတာလဲ။

အခုတော့…

ကျောက်ချန် ကိုယ့်ကိုယ်ကိုအားတင်းလိုက် ကာ ရှေ့သို့ခြေတစ်လှမ်းတိုးရင်း လုလျန့်ဝေ ထံ လက်ဆန့်၍

“ဧကရီ, ဒီအတောအတွင်း အဖြူလုံးလေး၀လာတော့ သူ့ခန္ဓာကိုယ်က တော်တော်လေး လေးလာတယ်။ ကျွန်တော် ချီထားပေးပါ့မယ်”

လုလျန့်ဝေကတော့ ‌အဖြူလုံးလေးကို ဖက်ထားကာ ပြန်ပေးဖို့ငြင်းဆန်လာသည်။

“ရပါတယ်။ ကျွန်မချီနိုင်တယ်။ အထိန်းတော် ကျောက် လုပ်စရာရှိတာ သွားလုပ်လေ။ အဖြူလုံးလေးကို ကျွန်မကြည့်ထားလိုက် မယ်”

‌ဧကရာဇ်၏ပိုမိုအားပြင်းလာသည့်အကြည့် ကြောင့် ကျောက်ချန် ဗလွတ်ဗလွတ် ဆက်စကားများနေရုံသာ တတ်နိုင်သည်။

“အဖြူလုံးလေးက ဗိုက်ဆာနေတာ။ ကျွန်တော် သူ့ကိုအစာသွားကျွေးလိုက်ဦးမယ် လေ”

လုလျန့်ဝေ ကြောင် ၀တုတ်လေးကိုပင့်ချီကာ သူ၏ လုံး၀န်းသော မျက်လုံးများအား သံသယဖြစ်စွာ ကြည့်လိုက်သည်။

“ဟုတ်ပါတယ်, အဖြူလုံးလေးက ဗိုက်ဆာရရင် အကုန်လုံးကိုစိတ်မကြည် ဖြစ်နေရော”

“သူကအခုကိုယ်၀န်ရှိ နေတာဆိုတော့ ခဏလေးတောင် အဆာခံလို့ မရဘူး။ ကျွန်တော့်ကို သူ့ကိုခေါ်သွားပြီး အစာကျွေးခွင့်ပြုပါ”

လုလျန့်ဝေ ကြောင်လေး၏ဗိုက်ကို အံ့ဩတကြီးကြည့်လိုက်မိသည်။

ကျောက်ချန် မသိမသာချွေးသုတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

“အဖြူလုံးလေး ဒီလောက်ငယ်ငယ်လေးနဲ့ ကိုယ်၀န်ရလာလိမ့် မယ်လို့ မထင်ထားဘူး”

သူမအာရုံပြောင်းသွားသည်ကို အခွင့်ကောင်းယူကာ လုံယန် သူမလက်မောင်းထဲမှ အဖြူလုံးလေးကို‌‌ဆွဲခေါ်လိုက်ပြီး ကျောက်ချန်ထံ ကမ်းပေးလိုက်သည်။

“သူကိုယ်၀န်ရှိနေတယ်ဆိုလည်း လျှောက်ပြေးခိုင်းမနေနဲ့။ ကိုယ်၀န်ပျက်ကျ သွားလိမ့်မယ်”

ကျောက်ချန်၏နှုတ်ခမ်းတွေ သိသိသာသာ မဲ့သွားရကာ အတင်းအကျပ် လုပ်ယူထားဟန် ဖြင့် ပြန်ဖြေလာသည်။

“ဟုတ်ကဲ့၊ ကျွန်တော် သူ့ကိုလျှောက်မပြေးခိုင်းတော့ပါဘူး။ သူ ကလေးမွေးပြီးမှ သူ့ကိုအပြင်ထွက်ဆော့ခိုင်းလိုက်ပါ့မယ်”

သူထွက်သွားတော့မည်ကိုမြင်မှ လုလျန့်ဝေ အသိပြန်၀င်လာသည်။

“အဲ့လိုလုပ်လို့ မရဘူးလေ။ သတ္တဝါတွေက လူတွေနဲ့ မတူဘူး။ အဲ့တာကြောင့် သူတို့အတွက် လျှောက်ပြေးနေရင်တောင် ကိစ္စမရှိဘူး။ ဘယ်လိုလုပ် အဲ့လောက်လွယ်လွယ် ကိုယ်၀န် ပျက်ကျမှာလဲ။”

“ဒီကြောင်က တခြားကြောင်တွေနဲ့ မတူဘူး။ ကျောက်ချန် သူ့ကိုကောင်းကောင်းမွေးထား တာကိုပဲ ကျေးဇူးတင်ရမယ်”

“ပြီးတော့ သူ့ကို ကျောက်ချန်ပဲ တစ်ချိန်လုံးစောင့်ရှောက်လာ တာလေ။ အစာကျွေးတဲ့လူက သူမဟုတ်ရင် အဲ့ကြောင်လေးက ဘာမှမစားဘူး”

လုလျန့်ဝေမှာ အံ့ဩကာ ဘာမှမပြောနိုင် ဖြစ်သွားရသည်။

“‌အရှင်ရော အဖြူလုံးလေးက အထိန်းတော်ကျောက်နဲ့ တစ်နေ့တစ်ခြား ပိုတူလာတယ်မထင်ဘူးလား။”

သူ့လက်မောင်းထဲရှိ အဖြူလုံးလေးကို ငုံ့ကြည့်လိုက်ပြီး ‘ဘယ်နေရာကတူလို့လဲ’။

ပြန်ရောက်တဲ့အခါကျရင် အဖြူလုံးလေး ကို ဝိတ်ချခိုင်းဖို့ သူတိတ်တဆိတ် ဆုံးဖြတ် လိုက်တော့သည်။

အဖြူလုံးလေးဟာတော့ ကန့်ကွက်သည့် ဟန်ဖြင့် သူ့ရင်ဘတ်အား လက်သည်းများ ဖြင့် ကုတ်ခြစ်လာသည်။

သူကဝိတ်ချဖို့မလိုပါဘူးနော်။ သူ့လက်ရှိပုံက အဆင်ပြေတယ်။ အထိန်းတော်ကျောက်က သာ ဝိတ်ချရမှာ။

လုလျန့်ဝေလဲ လွန်စွာမှစိတ်သက်သာရာရ သွားရသည်။

ကံကောင်းထောက်မစွာနဲ့ ဧကရာဇ်က သူ့ကတိသူတည်တတ်တဲ့ ရင့်ကျက်တဲ့လူ တစ်ယောက်ဖြစ်နေလို့သာပေါ့။ အဲ့လို မဟုတ်ပဲ သူသာဒီညဒီမှာဆက်နေနေရင် သူမထံ၌ငြင်းဆန်နိုင်သည့်အကြောင်းပြချက် မရှိပေ။

တစ်ယောက်တည်းအိပ်ရတာ ပိုပြီး သက်တောင့်သက်သာရှိတယ်။

မနက်ဖြန် သူမ၏နေအိမ်သို့ပြန်ရမည့် အကြောင်းတွေးကာ စိတ်လှုပ်ရှားလျက် ပျော်နေတော့သည်။

နောက်ဆုံးတော့ သူမ မနက်ဖြန်အိမ်ပြန်ပြီး သူမ မိဘတွေ၊ အဘွားနဲ့ အစ်ကိုကို တွေ့ရတော့မယ်။

ထိုအချိန်တွင် လုံယန်ကတော့ နဂါးနန်းဆောင်ကို ပြန်ရောက်နေပြီဖြစ်ပေမယ့် မအိပ်နိုင် သေးပေ။

အခန်း ၅၄၁ မနေ့ညက အရှင် ရေအေးသုံးခါတောင်းတယ်။

လုံယန်သည် ရှင်းလင်းနေသော အိပ်ရာခန်းကို ကြည့်ရင်း စိတ်ထဲတွင် ရုတ်တရက် ဘဝင်မကျဖြစ်လာလေသည်။တစ်စုံတစ်ရာ ပျောက်ဆုံးနေသကဲ့သို့ခံစားနေရသည်။

သူ၏နဖူးကို နှိပ်လိုက်ကာ မချိပြုံးတစ်ခု မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

သူ နှစ်ပေါင်းများစွာ ကိုယ်ထီးတည်းနေထိုင်လာသော်လည်း ထိုညလေးတစ်ညကြောင့်ပင် သူ နှစ်နှင့်ချီ၍ နေထိုင်ခဲ့သော အိပ်ရာခန်းကို ပြန်လာရသည်မှာ ထူးဆန်းသကဲ့သို့ ခံစားနေရပြီဖြစ်သည်။

သက်ပြင်းတစ်ချက်ချ၍ အိပ်ရာ၏အစွန်တွင် ထိုင်ချလိုက်သည်။အိပ်ရာအတွင်းသို့ လှမ်းကြည့်မိသောအခါ အမျိုးသမီးလေးသည် ထိုနေရာတွင်ပင် လဲလျောင်းလျက်ရှိနေသေးသည်ဟု သူထင်မိနေသည်။

သူမ၏ဘေးတွင် သူမရှိသည့်အတွက် မိန်းမပျိုလေး မည်မျှပင် စိတ်အေးချမ်းနေမည်နည်းဟု သူ စဥ်းစားမိသည်။

လုံယန်သည် သူ၏ သွယ်လျသော လက်ချောင်းများကို ဒူးပေါ်သို့ ထိတင်ပြီး သူ၏နှုတ်ခမ်းမှ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။

မိန်းမပျိုလေးမှာ လွန်စွာမှ နာကျင်နေပြီး ထပ်မံ ထိုးသွင်းဒဏ်များကို မခံနိုင်တော့မှန်း သိ၍သာ သူမ၏တောင်းဆိုချက်ကို သူလိုက်လျောခဲ့ခြင်းဖြစ်သည်။ထို့ပြင် မနက်ဖြန် သူမ၏မွေးရပ်အိမ်သို့ သွားလည်မည် ဖြစ်သဖြင့် သူမ လမ်းကောင်းကောင်းလျှောက်နိုင်ရန် တစ်ညတာ အနားယူထားသင့်သည်။

ပဟေဋိဆန်သော အလင်းရောင်တစ်ခု လက်သွားသည်ကို သူ၏ နက်နဲခက်ခဲသော မျက်လုံးတစ်စုံမှ လှမ်းမြင်လိုက်ရသည်။

ထိုစဥ် အိပ်မောကျနေသော လုလျန့်ဝေဆီမှ ဟောက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လုလျန့်ဝေသည် အနီရောင်တောက်တောက်ဝတ်စုံအသစ်စက်စက်ကို ပြောင်းလဲ ဝတ်ဆင်ထားခဲ့သည်။နဂိုကပင် လှပသူဖြစ်သဖြင့် အနီရောင် အဝတ်အစားက သူမ၏ တောက်ပသော မျက်လုံး နှင့် ချစ်စရာ့အပြုံးလေးများကို ပို၍ထင်ရှားစေခဲ့သည်။သူမ၏အလှမှာ အနှိုင်းမဲ့ပင် ဖြစ်နေတော့သည်။ထိုသို့ လုံးဝလှပသွားစေရန် သူမအတွက် သာမန်အလှပြင်ရုံလေးသာ လိုအပ်ခဲ့သည်။

မှန်သားထဲမှ သူ့မရုပ်သွင်ကို ကြည့်၍ လုလျန်ဝေ ပြုံးလိုက်ပြီးနောက် သူမ၏ နောက်လိုက်တော်များနှင့်အတူ ဇာမဏီငှက်နန်းတော်ရာကြီးမှ ထွက်ခွာလာခဲ့သည်။

လုံယန် ရောက်ရှိလာချိန်တွင် သူမ နန်းတော်ရာမှ ထွက်ခါစပင်ရှိသေးသည်။

သူသည် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ သာမန်ထက်ပင် ပို၍ ထည်ဝါခန့်ညားနေသည်ဟု ထင်ရသည်။

လုံယန်သည် လုလျန့်ဝေဆီလျှောက်သွားကာ သူမအားကြည့်ရင်း

နွေးထွေးစွာ မေးလိုက်သည်။

လုလျန့်ဝေပြောရင်း လုံယန်အား ကြည့်လိုက်သောအခါ မြင်ရခဲသည့် မျက်တွင်းများညိုနေသည်ကို တွေ့လိုက်ရသည်။ခဏတာမျှကြည့်ပြီး

“အဲ့လောက်တောင် သိသာတာလား”

လုံယန် လန့်သွားကာ သူ၏မျက်နှာကို လက်ဖြင့် ကိုင်ကြည့်လိုက်သည်။

“မျက်တွင်းတွေ ညိုနေတယ်”

သူမ စဥ်းစားမရ ဖြစ်နေသည်။မင်းကြီး ဘာကြောင့် အိပ်မရခဲ့နည်း။

သူမ အကျင့်အတိုင်း သွေးခုန်နှုန်းစမ်းဖို့ ပြင်လိုက်သည်။

“အပူကန်တယ်”

လုလျန့်ဝေ သူ့အား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“မနေ့က အပူစာ စားမိလို့လား”။

လုံယန် မရေမရာ ပြန်ဖြေလိုက်ရင်း သူမလက်ကိုကိုင်၍ ပြင်ထားသော လှည်းယာဥ်ထဲ ပို့ပေးပြီးနောက် သူကိုယ်တိုင်ပါ ဝင်ထိုင်လိုက်သည်။

သူ၏ သခင် လှည်းပေါ်ရောက်သွားသည်ကို မြင်မှ ကျောက်ချန်တစ်ယောက် ချူကျီဘက် လှည့်၍ တီးတိုးပြောလိုက်သည်။

“မနေ့ညက အရှင် ရေခဏခဏ တောင်းတယ်ဆို၊ဟုတ်လား”။

ချူကျီ ပြန်လှည့်ကြည့်၍ ကျောက်ချန်၏ တဏှာအတွေးကို မရိပ်မိပဲ ခေါင်းညိတ်ပြလိုက်သည်။

ဟု ပြန်ဖြေလိုက်သည်။ထိုနေ့ညက သူ တာဝန်ကျနေ၍ သိခြင်းဖြစ်သည်။

မြင်းသမားချူယိမှာ ထိုနှစ်ယောက် တတိုးတိုးပြောရင်း ကျောက်ချန် ပြီတီတီ ဖြစ်နေသည်ကို မြင်သောအခါ သိလိုစိတ်ဖြင့် သွားရောက်မေးမြန်းလိုက်သည်။

“ဘာဖြစ်လို့တုန်း။ဘာလို့ သခင်လေး အဲလောက် ရေခဏခဏတောင်းတာလဲ”

သူ၏ မိန်းမစိုးတာဝန်ကို မှတ်မိသွားသဖြင့် ကျောက်ချန် အူမြူးရာမှ ရုတ်တရက် မှိုင်ကျသွားသည်။

“ဘာလို့မေးနေတာလဲ။မင့်မှာ ယောက်ျားဟာ မပါတဲ့အတိုင်းပဲ။မှန်းကြည့်ပေါ့”။

ဤလူမှာ သူ့အား ယောက်ျားအင်္ဂါမရှိခြင်းကြောင့် လှောင်ပြောင်နေတတ်သည်။သို့သော် ချူယိတွင် ရှိလျှင်လည်း ဘာထူးမည်နည်း။မရှိတဲ့ သူတွေနဲ့ ယှဥ်ရင် ဘာကွာနေလို့လဲ။

ကျောက်ချန်၏ စကားထဲတွင် ရွဲ့သည့်လေသံ ပါနေသဖြင့် ချူယိ တွေဝေသွားရသည်။

သူ့ကိုများ အခုတလော မကျေနပ်အောင်လုပ်မိသေးလား။

ဒီဖက်တီး ဘာလို့ ဒီလောက် အထိမခံဖြစ်နေတာလဲ။

ဤဖြစ်စဥ်ကို ခေါင်းထဲမှထုတ်၍ ကျောက်ချန်စကားကို ပြန်တွေးကြည့်မိသည်။ရုတ်တရက် သဘောပေါက်သွားသဖြင့် ကျောက်ချန်ကို လှမ်းကြည့်လိုက်သည်။ဒီလူ ဒါတွေ တွေးနေတာလား။

ဖြစ်နိုင်ချေကို တွေးတောမိသဖြင့် ရုတ်တရက် လက်သည်းကိုက်လိုက်မိသည်။

ချူကျီ မှာ ချူယိ၏သရဲမြင်သကဲ့သို့ ထိတ်လန့်နေပုံကို မြင်၍ တွေးမရဖြစ်နေသည်။

ထို့ကြောင့် ချူကျီပြောသည်ကို ဘာမျှ မကြားလိုက်ပေ။

ခဏမျှတွေးပြီနောက် ချူကျီတစ်ယောက် ထိုနှစ်ယောက်ကို လှည်းပေါ်မှ ခြေမြှောက်၍ ကန်ချလိုက်လေတော့သည်။

အခန်း ၅၄၂ အဲ့လိုသာမဟုတ်ရင် သူမ အိပ်ရေးပျက်လိမ့်မယ်

ဘုတ်။

ဘုတ်။

သူတို့နှစ်ယောက်၏ မြေပေါ်ပြုတ်ကျသံနှင့်အတူ ညည်းသံအချို့ ပေါ်ထွက်လာလေသည်။

“အား...ကျွတ်ကျွတ်”

နှစ်ယောက်လုံး ပြန်အသိဝင်လာချိန်မှာတော့ နာကျင်နေသည့် တင်ပါးများကို ကိုင်ရင်း ချူကျီ့ကို လက်ညှိုးထိုးကာ အော်ငေါက်ရန် ပြင်လိုက်ကြသော်လည်း ချူကျီ့မှာ မြင်းလှည်းသမားနေရာ၌ပင် ရောက်နေပြီဖြစ်သည်။ဇက်ကြိုးရိုက်သံများနှင့်အတူ နန်းတော်ရာမှ မြင်းလှည်းကို မောင်းနှင်ထွက်ခွာသွားတော့သည်။

ကျောက်ချန်,”...”

ချူယိ,”...”

သူတို့မြင်ကွင်းမှ လှည်းရထားပျောက်ကွယ်သွားသောအခါမှတွင်သာ နှစ်ယောက်သား ပြန်လည်အသိဝင်လာကြလေသည်။

“ဝါး၊ သူတောင်းစား ချူကျီ။ငါတို့ကို ကန်ချရဲတယ်၊ ကြည့်စမ်း၊ငါ အဲ့ကောင်ကို အခုကစပြီး အခေါ်အပြောမလုပ်တော့ဘူး၊မှတ်ထား”

သူ၏ဒေါသတကြီးအော်သံများကို မကြားချင်ယောင်ဆောင်၍ ကျူးယွီ နှင့် ချူကျူ တို့ထိုင်နေသည့် လက်ဆောင်တင်လှည်းကြီးပေါ်သို့ ကျောက်ရှန် တက်ထိုင်လိုက်သည်။

ထိုသူနှစ်ယောက် လှည်းထဲ တိုးဝှေ့ဝင်နေသည်ကို ကြည့်၍ ချူကျူမှာ မည်သို့မျှ မနေသော်လည်း ကျူးယွီမှာမူ မယုံနိုင်ဖြစ်နေသည်။

“ကောင်မလေး၊မင်းမမြင်ဘူးလား။ တို့ ပြုတ်ကျတာမဟုတ်ဘူး ကျိုးယွီ ကန်ချတာ ခံရတာဟေ့”

ကျူးယွီ ပါးစပ်ပိတ်နေလိုက်တော့သည်။ကန်ချခံရသည်ထက် မိမိဘာသာ ပြုတ်ကျသည်က ပိုအရှက်ရစေသည်လား။

သူမ ချူယိကို မျက်စောင်းတစ်ချက်ထိုး၍ ချူကျူ၏ဘေးတွင် ဝင်ထိုင်လိုက်တော့သည်။

သူ့ကို အထင်သေးအမြင်သေး ကြည့်သွားသလို ခံစားလိုက်ရတယ်။

မြို့စားအိမ်တော်၏ ဂိတ်တံခါးဝတွင် လုလျန့်ဝေသည် လုံယန်၏နောက်မှလိုက်၍ လှည်းပေါ်မှ ဆင်းလာခဲ့သည်။

သူမလှည်းပေါ်မှ ဆင်းလာသည်နှင့် သူမအား သူမ၏အဘွားနှင့်အတူ တခြားသူများ စောင့်ကြိုနေသည်ကို မြင်လိုက်ရလေသည်။

ထို့ကြောင့် သူမ လှည်းပေါ်မှ မြန်မြန်ဆင်းရန်ပြင်လိုက်သည်။

သူမအလျင်လိုနေသည်ကို မြင်ရသဖြင့် လုံယန် သူမကို ကူညီပေးရင်း

သူ ထိုစကားများကို ပြောလိုက်သည်နှင့် မြို့စားကတော်ဟောင်း၊လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့ ရှေ့သို့ထွက်လာကာ နှုတ်ဆက်လိုက်သည်။

“မိသားစုအချင်းချင်းပဲ...ဒီလိုလေးစားသမှုပြစရာမလိုပါဘူး”

သူရပ်၍ လုလျန့်ဝေကို ကြည့်လိုက်ရာ သူမ မျက်နှာပျက်နေသည်ကို မြင်သဖြင့် ပြန်လှည့်၍

“မဟုတ်ရင် ဝေဝေ စိတ်ထဲကောင်းမှာမဟုတ်ဘူး။ပြန်လို့ရှိရင် သူမ မအိပ်နိုင်ပဲ ဖြစ်ပါလိမ့်မယ်”

ထိုသို့ကြားသောအခါ လုလျန့်ဝေသည် လုဟယ့်ထျန်း နှင့် လုထင်ချနတို့၏ လက်များကို လှမ်းကိုင်၍

“မင်းကြီးပြောတဲ့အတိုင်းပဲ လေးစားသမှုတွေ ပြမနေပါနဲ့၊ပြီးတော့ ကျွန်မလည်း မကြိုက်ဘူး”

သူမ ဤကဲ့သို့သော ရှေးခေတ်ယဥ်ကျေးမှုကြီးများကို အလွန် မုန်းတီးပေသည်။

လက်ထပ်ထားသော နန်းတွင်းသူကို သူမ၏ အမျိုး လူကြီးများက ဂါရဝပြုရလေ့ရှိသည်။

အရင်က မည်သို့မျှ မထင်ခဲ့သော်လည်း ယခု ထိုနေရာသို့ သူမရောက်လာသောအခါ သူမ ခါးခါးသီးသီး မုန်းတီး၍ အပြစ်ရှိသလို ခံစားရသည်။

သူမ ကို သူမ၏အဘွား၊အဖေ နှင့် အစ်ကိုတို့မှ ဂရဝပြုနေသည်ကို လက်မခံနိုင်ပါ။

သူ့မ မနှစ်မြို့ကြောင်းကို ကြားသဖြင့် လုဟယ့်ထျန်းနှင့် လုထင်ချန်းတို့ ဂရုဝမပြုဖြစ်တော့ပါ။

မြို့စားကတော်ဟောင်းသည်လည်း ကိုယ်ကို ပြန်မတ်လိုက်သည်။

သူမ၏မြေးအကြောင်း သူမ နားလည်သေးသည်။မြေးမလေး မကြိုက်ဟု ဆိုလျှင် အကယ်ပင်မကြိုက်၍ ဖြစ်မည်။

မင်းကြီး ပြောသည့်အတိုင်း သူတို့ဂါရပြုလိုက်လျှင် သူမ စိတ်မကောင်းဖြစ်၍ ပြန်ရောက်လျှင် အိပ်မရဖြစ်နေလိမ့်မည်။

ထို့နောက် သူတို့ အိမ်တော်သို့ ဝင်သွားကြပြီး သူတို့ယူလာသော လက်ဆောင်များကို ကျောက်ချန်တို့က သယ်လာကြသည်။

လုလျန့်ဝေသည် လုဟယ့်ထျန်းကို လက်ကိုကိုင်လျက် အိမ်ထဲ လျှောက်ကြည့်နေသည်။ သို့သော် လင်းလီဟွားကို မတွေ့သဖြင့် သူမ စိတ်ပျက်သွားရသည်။

“မင့်အမေက ပြန်မလာဘူးတဲ့။မင်းရဲ့ ဆေးဆိုင်မှာပဲ ရှိနေတုန်း။နောက်မှ သွားလည်ပေါ့။”

ထို့သို့ကြားသည်တွင် လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုလည်း နောက်မှ သွားလည်တာပေါ့။”

လုဟယ့်ထျန်းနှင် သူ၏သားသည် လုံယန်ကို အိမ်ရှေ့ဝင်းတွင် လက်ဖက်ရည်သောက်ရန် ခေါ်သွားပြီး လုလျန့်ဝေကမူ မြို့စားကတော်ဟောင်းနောက်ကနေ၍ သက်ရှည်ခန်းမထဲသို့ လိုက်သွားသည်။

မထိုင်သေးခင်တွင် မြို့စားကတော်ဟောင်းသည် လုလျန့်ဝေဘက်သို့ ရုတ်တရက်လှည့်ကာ သူမလက်များကို ဆုပ်ကိုင်လိုက်သည်။သူမအား ခဏမျှကြည့်ပြီးနောက် စိတ်အေးဟန်ဖြင့်

နှစ်ရက်သာကြာသေးသော်လည်း သူမအဘွား၏ စကားကို ကြားသောအခါ သူမစိတ်ထဲတွင် မဟုတ်မဟတ်အတွေးများ ပေါ်လာခဲ့သည်။

လက်ထပ်လိုက်ရုံနဲ့ ဘယ်လိုလုပ် အရွယ်ရောက်သွားရတာလဲ။

All Chapters