အခန်း (၅၄၃-၅၄၅)
Vol. 11 Ch. 543-545
အခန်း ၅၄၃ မင်းကြီး ကျွန်မကို အနိုင်မကျင့်ပါဘူး
“အဘွားကလည်း...”
သူမ အင်တင်တင်ဖြင့်ပြောလိုက်သည်။
“...ကျွန်မ အရွယ်မရောက်သေးပါဘူး။”
“ဟုတ်ပါပြီ ၊ဟုတ်ပါပြီ ၊တို့ ဝေဝေက ဘယ်တော့မှ အရွယ်မရောက်မယ့် ကလေးလေး”
မြို့စားကတော်ဟောင်းက ပေါ့ပါးစွာ ရယ်မောလိုက်သည်။
သူ၏တူမကို အဘွားလက်မှ လာရောက်ကယ်တင်ပေးမည့် အဒေါ်လင်းပင် ရယ်လိုက်မိသည်။
“အဘွားရေ ၊ဝေဝေက လာခဲတာကို ထိုင်ခိုင်းလိုက်ပါဦး”။
ထိုအခါမှပင် မြို့စားကတော် မှတ်မိသွားပြီး ခေါင်းပုတ်လိုက်သည်။
“တယ် ငါ့ဉာဏ်နှယ်။တစ်ချိန်လုံး ရပ်ပြီးတော့ကို စကားပြောနေတာ။ထိုင်ဦး မြေးမလေး။အဒေါ်လင်း၊ဝေဝေစားလို့ရအောင် မီးဖိုချောင်ထဲက မုန့်လေးဘာလေးသွားယူပါဦး”။
မြို့စားကတော်ဟောင်း၏ဘေးတွင် ထိုင်လိုက်သည်နှင့် လုလျန့်ဝေ မိသားစုအနွေးဓာတ်ကို ခံစားမိလိုက်သည်။
နေဖူးသောနေရာ နှင့် မိန်းမအို ၏အပြုံးတို့သည် သူမကို မနွေးထွေးစဖူး နွေးထွေးလာစေသည်။အိမ်လောက်နွေးထွေးသည့်နေရာ မရှိဟု တွေးလိုက်မိသည်။
မင်းကြီးမှ သူမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသော်လည်း သူမမိသားစုဖြင့်နေရလျှင် ပိုကောင်းမည်ဟုသူမ ထင်မိသည်။
ထိုသို့တွေးမိသောအခါ သူမ စိတ်ထဲမကောင်းဖြစ်သွားသည်။
သူမ၏အပြုံးပျောက်ကွယ်သွားသည်ကို မြို့စားကတော်ဟောင်းမြင်သော်အခါ သူမလက်ကို ကိုင်၍ မေးလိုက်သည်။
“ဘာဖြစ်လို့တုန်း။သမီးကို မင်းကြီး အနိုင်ကျင့်လို့လား။”
“မင်းကြီး ကျွန်မ ကို အနိုင်မကျင့်ပါဘူး။သူ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။အဘွားတို့နဲ့ နှုတ်ဆက်ရမှာ မလိုချင်လို့ပါ။အခုနေ့လည်ဆို ပြန်သွားမှာတွေးပြီး စိတ်မကောင်းဖြစ်မိလို့”
သူမသည် ခံစားတတ်သည့် သူမျိုးမဟုတ်သော်လည်း ဤနေရာသို့ ဘဝပြောင်းကာ မူလအမျိုးသမီးနေရာတွင် အစားဝင်ပြီးနောက် ဤအိမ်မှ ချစ်ခင်ကြင်နာမှုများ အများကြီး ရရှိခဲ့သဖြင့် ထိုအရာများကို အဆုံးရှုံး မခံလိုခြင်းဖြစ်သည်။
သူမအိမ်မှ ရုတ်တရက် ထွက်လာခဲ့ရသဖြင့် စိတ်မကောင်း ဖြစ်မိခြင်းဖြစ်သည်။
လွန်ခဲ့သော် နှစ်ရက်က နန်းတော်အတွင်း နေစဥ်၌ အဆင်ပြေသော်လည်း မွေးရပ်အိမ်သို့ရောက်သောအခါ သူမ ဝမ်းနည်းမိသည်။
ဖြစ်နိုင်လျှင် ဘယ်မှ မသွားပဲ အိမ်၌သာ သူမ နေလိုသည်။
သူမမြေးအား ထိုသို့ မြင်ရသောအခါ မြို့စားကတော်ဟောင်းသနားစိတ်ဝင်ကာ သူမ၏လက်ကလေးများကို ကိုင်၍ ပွတ်သပ်ပေးနေသည်။
“မြေးဘယ်လို ခံစားနေရလဲ သိပါတယ်။အဘွားငယ်တုန်းကလည်း အဲ့အတိုင်းပဲ။ကိုယ့်ယောက်ျားအိမ် ဘယ်လောက်ကောင်းကောင်း ကိုယ့်ကိုမွေးပေးတဲ့ အိမ်နဲ့တော့ ဘယ်တူပါ့မလဲ။တို့ လက်ထပ်တုန်းကဆို အဘွားငိုတာဆိုတာ။ကိုယ့်မွေးရပ်အိမ်လည်း သွားလည်ရော အဲ့ကနေ မပြန်ဘူးလုပ်ပြီး နေတာ။မင်းအဘိုးဆို ချွေးစေးတွေပါထွက်တယ်။”
သူမ၏ ရဲရင့်၍ လုပ်ရဲပြောရဲသော အဘွားသည် ငယ်စဥ်က ငိုခဲ့သည်ဆိုသည်ကို မယုံနိုင်ဖြစ်နေသည်။
“မြေးအဘိုးက အဘွားကို ချစ်ပါတယ်။ဒါပေမယ့် သူက စိတ်မရှည်ဘူး။အဘွားငိုနေတာလည်း မြင်ရော သူ့မှာ မလုပ်တတ်မကိုင်တတ်နဲ့။နောက်ဆုံးမှာတော့ ကိုယ်ပဲ အရှုံးပေးပြီး သူနဲ့ ပြန်လိုက်သွားလိုက်တော့တယ်။သူ့မှာ ချွေးစေးတွေပြန်ပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတာ။စဉ်းစားကြည့်ပေါ့။မင့်အဘိုးလို လူကြမ်းကြီးက အဘွားကို ဒူးထောက်မတတ်တောင်းပန်နေမှတော့ ဘယ်ပြန်မလိုက်ပဲ နေနိုင်မှာလဲ။”
လုလျန့်ဝေတစ်ယောက် အပြုံးပန်းများပွင့်လာပြီး သူမ နှလုံးသားထဲမှ စိတ်ဓာတ်ကျမှုများ ပျောက်ကွယ်သွားရသည်။သူမအဘွား၏ အရေတွန့်နေသော လက်ကိုကိုင်ရင်းဖြင့်ပင် စိတ်ခံစားမှုများ ပြည့်လာလေသည်။
မြို့စားကတော်မှ သူမဆံပင်လေးများကို သပ်ပေးလိုက်သည်။
“အဘွားဖြစ်ခဲ့တာ နားထောင်ပြီး ဝမ်းမနည်းတော့ဘူးမလား။ဒါ အမျိုးသမီးတိုင်း ကြုံရမယ့် ကိစ္စပါပဲ။လူ့သဘာဝပဲလေ။ကြာလာရင်တော့ နန်းတော်ထဲ နေရတာ အသားကျသွားမှာပါ။နောက်ဆို ဒီကို ပြန်လာချင်တော့မှာတောင် မဟုတ်ဘူး။”
“သမီးက ငယ်လေးတယ်။နောင်တစ်ချိန် သားမွေးရေး အိမ်ထောင်ရေးတွေက ရှိသေးတယ်။ဒါတွေ အဲ့ချိန်ကျ ပြောနိုင်မှာ မဟုတ်ဘူး။”
လွန်ခဲ့တဲ့ နှစ်ရက်က လုံယန် သူမအထဲတွင်းပြီးသွားခဲ့သည်ကို သူမ ဆေးမသောက်ခဲ့မှန်း မှတ်မိလိုက်လေသည်။
အခန်း ၅၄၄ သူမသာ ကိုယ်ဝန်ရှိလျှင် ရင်သွေးမွေးဖွားရလိမ့်မည်
သို့ရာတွင် တစ်ညတည်းဖြင့်ပင် ကိုယ်ဝန်ရဖို့ လွယ်ပါသလော။
တစ်စုံတစ်ရာကို တွေးမိသဖြင့် သူမ ထိုဖြစ်နိုင်ခြေကို မကြိုက်ဟန် ခေါင်းခါလိုက်သည်။
"အဘွား၊ သမီးကငယ်သေးတယ်။အခုကတည်းက ကလေးမလိုချင်သေးဘူး။"
"မြေးကတော့ ငယ်တာပေါ့။မင်းကြီးကတော့ အဲ့လိုမဟုတ်ဘူးလေ။ "
ထိုစကား၏အဆုံးနားတွင် မြို့စားကတော်ဟောင်း၏ လေသံ တိုးဝင်သွားသည်။
လုလျန့်ဝေ သက်ပြင်းချမိသည်။
အနာဂတ်ခေတ်တွင် အသက်သုံးဆယ်ကို အိုသည်ဟု မယူဆကြ။အသက် လေးဆယ်ကျော် ငါးဆယ်များပင် ကလေးယူသူ ရှိကြသည်။သို့ရာတွင် သူမ ရောက်နေသည်မှာ ရှေးကာလဖြစ်သည့်အပြင် တော်ဝင်မိသားစုသည် နန်းမွေဆက်ခံသူကို လွန်စွာ အလေးထားကြသည်။သို့ဖြစ်၍ အသက် ၃၀ ကျော်သည့်တိုင် ရင်သွေးမရှိပါက လုယန် အရှက်ရစရာ ဖြစ်ပေမည်။
"သဘာဝအတိုင်းပဲ ကောင်းပါတယ်လေ"
သူမ၏မြေး အတွေးလွန်မည်စိုးသဖြင့် မြို့စားကတော်ဟောင်းမှ နှစ်သိမ့်ပေးလိုက်သည်။
လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။သူမ စိတ်ထဲတွင်လည်း သဘာဝအတိုင်းသာ ကောင်းမည်ဟု မှတ်ယူထားသည်။
သူမသာ ကိုယ်ဝန်ရှိခဲ့လျှင် ရင်သွေးမွေးရန် ကြံစည်ထားသည်။မရခဲ့ပါကလည်း အတင်းလုပ်ယူမည်မဟုတ်ဟု တွေးထားသည်။
သူမ၏နေရာ လုံခြုံစေရန် အမွေဆက်ဆံသူ မလိုအပ်ပါ။
နေ့လည်ဖြစ်သဖြင့် မီးဖိုချောင်မှ နေ့လည်စာ ပြင်ဆင်ပြီးဖြစ်သည်။
မိသားစုဝင်များ ထမင်းစားပြီး၍ ခဏမျှ စကားပြောပြီးသောအခါ လုလျန့်ဝေသည် လုံယန်အား လဲကျမတတ်ဖြစ်အောင် သူမဆီ ဆွဲခေါ်လိုက်သည်။
"အဘွား၊အဖေ။ကျွန်မတို့ ဆေးဆိုင်သွားပြီး အမေ့ကို သွားတွေ့မလို့"
မြို့စားကတော်ဟောင်းက ကြင်နာစွာ ပြောလိုက်သည်။
မြို့စားကတော်ဟောင်းမှ သဘောတူဟန် ခေါင်းညိတ်ပြနေသည်။
လီဟွားကိုသာ မောင်နှမ နှစ်ယောက်သွားတွေ့လျှင် သူမ စိတ်ပြေ၍ ပြန်လာနိုင်ပေသည်။
ထိုဖြစ်စဥ်ကို လုဟယ့်ထျန်း မြင်သောအခါ သူလည်းလိုက်လိုကြောင်းပြောရန် ပါးစပ်ဟလိုက်သည်။သို့ရာတွင် သူ့အပေါ် လီဟွား၏ အေးစက်မှုကို စဥ်းစားမိသောအခါ ထိုအကြံကို လက်လျှော့လိုက်ရသည်။
နန်းတော်မှ မထွက်ခင်တွင် လုံယန်သည် ကျောက်ချန်အား လင်းလီဟွားအတွက် လက်ဆောင်နောက်တစ်မျိုး ပြင်လာခဲ့ခိုင်းသည်။
သို့ဖြစ်၍ ဆေးဆိုင်သို့ ယခုမှ ရှောင်တခင် သွားမည်ဆိုလျှင်လည်း အလောကြီးစရာ မလိုပါ။
သူတို့ ဆေးဆိုင်သို့ရောက်သောအခါတွင် ထင်သည့်အတိုင်းပင် လင်းလီဟွား ရှိနေသည်။
ထိုအချိန်တွင် ဆေးဆိုင်ထဲ၌ လူနာသုံးလေးယောက်ခန့်ရှိနေသည်။လုထင်ချန်း နှင့် သူ၏ ညီမ လာနေသည်ကို လင်းလီဟွားမြင်သောအခါ သူမလူနာကြည့်နေသည်ကို အရှိန်မြင့်လိုက်ပြီး သူတောင်းစားအိုကြီးအား သူတို့၏ဆေးစာများကို ဖြည့်ခိုင်းလိုက်သည်။လူနာများ ထွက်သွားသောအခါ ယို့ယို့အား ဆိုင်တံခါးချက်ချင်းပိတ်ခိုင်းလိုက်သည်။
ယို့ယို့သည် တံခါးကို နာခံစွာပိတ်လိုက်ပြီးနောက် လုလျန့်ဝေကို ပျော်ရွှင်စွာ လှည့်ကြည့်လိုက်သည်။
"မကြောက်ပါနဲ့။ဘုရင်ကြီးက ခက်ထန်တာမျိုး မရှိပါဘူး"
ကျောက်ချန် နှုတ်ခမ်းများ တွန့်တက်သွားပြီး စိတ်ထဲတွေးလိုက်မိသည်။
‘မိဖုရားကြီး အရှင့်ကိုများ အထင်လွဲနေတာလားမသိဘူး။အရှင်က ဘယ်မှာ မခက်ထန်လို့တုန်း။ဟားဟား။’
မခက်ထန်ဘူးတဲ့လား။ဒါပေမယ့် ကြင်နာတတ်မယ့်ပုံ တစ်စက်မှမပေါ်ဘူးနော်။
လုလျန့်ဝေ၏စကားကို ကြားသောအခါ လုံယန်သည် ကြင်နာသည်ဟု ထင်ရသော အမူအရာဖြင့် ယို့ယို့ကို ကြည့်၍
သူသာ မခက်ထန်ဘူးဆိုရင် သူတို့ကို အော်ငေါက်နေတာက ဘယ်သူလဲ။
"ဝေဝေ ပြန်လာလည်တယ်ဆိုတော့ နည်းနည်းသောက်ကြမလား"
လင်းလီဟွားမှ လုလျန့်ဝေ၏ လက်ကို ကိုင်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။
အပြင်မှာ မည်သူမျှ မရှိသဖြင့် မဒမ်လင်းသည် သူမ၏မျက်နှာလွှားဇာကိုချွတ်လိုက်လေသည်။
သူမ၏မျက်နှာကို လုလျန့်ဝေ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။သူမ နှင့်တူညီလှသော ရုပ်ရည်ကို ကြည့်၍ သူမ အံ့သြနေမိသည်။
သူမအမေသည် စကားဖြင့် မပြောပြနိုင်လောက်အောင် လှပလွန်းသည်။
လုထင်ချန်း လည်း စိုက်ကြည့်ရင်းဖြင့် ငေးကြည့်သကဲ့သို့ ဖြစ်လာသည်။
လုလျန့်ဝေနှင့် တွေ့နေရသည်အတွက် မိန်းမပျိုများ၏အလှကို မမှုတော့သော်လည်း သူ့အမေ၏အလှမှာ ပိုမိုရင့်ကျက်၍ လုလျန့်ဝေ၏ နုပျိုမှုနှင့် ကွဲပြားနေသည်။
သူတောင်းစားအိုကြီးမှာ မည်သို့မျှ မနေသော်လည်း ယို့ယို့မှာ မျက်ရည်များ ကျနေသည်။
"အဒေါ်လင်းက အရမ်းချောတာပဲ"
ကျောက်ချန် နှင့် ချူကျီမှာ တည်ငြိမ်သော်လည်း ချူယိမှာမူ သွားရည်ကျမတတ် ဖြစ်နေသည်။
သခင်လေး၏ အမေမှာ လွန်စွာချောမောလှသည်။မိဖုရားကြီး လှသည်မှာ မဆန်း။သူမ၏ အမေဆီက အမွေရထားတာ ဖြစ်ရမည်။
အခန်း ၅၄၅ ကျုပ် ပျော်ရွှင်မှုက ခင်ဗျား လက်ထဲမှာပါ
လင်းလီဟွားမှ သူမမျက်နှာကို ပြလိုက်သောအခါ လုံယန်၏ မျက်လုံးထဲတွင် မည်သည့် တုံ့ပြန်မှုမှ မတွေ့ရပေ။
အတိတ်တစ်ခါက သူငယ်ရွယ်စဥ်တွင် သူမကို တစ်ခါတွေ့ဖူးသည်။
တခြားသူများမျက်လုံးထဲတွင် အရွယ်ရောက်နေသော လင်းလီဟွားသည် မိန်းမသားဆွဲဆောင်မှုများဖြင့် တင့်တယ်နေသော်လည်း သူ့အတွက်တော့ ထိုကဲ့သို့ မဟုတ်ပါ။
သူ၏မျက်လုံးထဲတွင် ဝေဝေ၏အလှသာလျှင် နှိုင်းမရဖြစ်သည်။သူမ၏အလှသည် လွန်စွာစွဲဆောင်နိုင်မှုမရှိသကဲ့သို့ လွန်စွာပြည့်စုံမြင့်မားနေသည်လည်း မဟုတ်။သူမ အလှများမှာ မျှခြေတွင် ရှိနေသည်ဟု သူထင်မိသည်။
သူသည် ဝေဝေ့၏ တိတ်တခိုးစွဲမက်ဖွယ်စရာအလှကို ပိုမိုနှစ်သက်မိပေသည်။
လုလျန့်ဝေ တစ်ယောက် လူတိုင်းမှ သူမအမေအား မြင်လျှင် သူတို့၏ ဝိဉာဏ်များ စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေသည်ကို မြင်ရသောအခါ ပြုံးမိသွားပြီး ဖြစ်သင့်သည်ဟုလည်း ထင်မိသည်။
ဒီက သူမ၏အမေသည် လွန်စွာ ဆွဲဆောင်မှု ရှိလှသည်။
လုလျန့်ဝေမှာ အမျိုးသမီး ဖြစ်သော်လည်း အမေ၏ လှပမှုကို ချီးကျူး မက်မောမိသည်။ဒါကြောင့်ပင် ဆယ်နှစ်ကြာသည့်တိုင်အောင် သူမအမေအား အဖေလွမ်းနေသည်မှာ မထူးဆန်းဘူးဟု ထင်မိသည်။
“အမေ ၊ကြည့်ဦး။အမေ့အလှနဲ့ သူတို့ကို ဖမ်းစားနေတာ”
ပြောရင်း လုလျန့်ဝေပါးကို လင်းလီဟွား ညှစ်လိုက်သည်။သူမ၏ကလေးများကို မြင်ရသဖြင့် သူမ၏ အေးစက်ဝေးလံသော မျက်လုံးထဲတွင် အနွေးဓာတ်များ တွေ့နေရသည်။
ပြောရင်း သူမသမီး၏လက်ကိုကိုင်၍ အိမ်နောက်ခြံသို့ ခေါ်သွားလိုက်သည်။
လုထင်ချန်း နှာခေါင်းပွတ်လိုက်မိသည်။သူက မွေးစားခံထားရတာဖြစ်လောက်မည်။
သို့သော်လည်း သူအမေ့မခံပါ။သူ နောက်မှ လိုက်သွားခဲ့သည်။
လုလျန့်ဝေ သူမအကိုသံ ကြားသောအခါ လုံယန်ကိုလည်း သတိရမိသွားပြီး သူ့ဘက်လှည့်၍ လက်ပြလိုက်သည်။
လင်းလီဟွား လမ်းလျှောက်သွားသည်ကို ကြည့်ရင်း ချူယိ နှာခေါင်းမှ နွေးသွားသည်ကို ခံစားမိသည်။နွေးသောအရည်တစ်ခု သူ့နှာခေါင်းမှ ကျဆင်းနေခြင်းဖြစ်သည်။
သူ့လက်ဖြင့် သုတ်လိုက်သောအခါ လက်ဖမိုးတွင် သွေးစင်းကြောင်းကြီးကို တွေ့လိုက်ရ၍ လန့်သွားသည်။
သူ ကျောက်ချန်လက်ကို စဥ်းစားမရဟန် ကယောင်ကတန်းကိုင်လိုက်မိသည်။
ကျောက်ချန် မြင်သောအါ ချူယိအား ခေါင်းပိတ်ရိုက်လိုက်သည်။
“ဆန်ကုန်မြေလေး၊အဲ့တာ နှာခေါင်းသွေးလျှံတာ။ မသေဘူး။”
ထိုသို့ကြားသောအခါ ချူယိ အလွန် အံ့သြသွားရသည်။ခေါင်းကို အနောက်ကို ပင့်၍ အပေါ်မော့လိုက်သောအခါ ခဏအကြာတွင် သူ၏နှာခေါင်းသွေးလျှံခြင်း ရပ်တန့်သွားသည်။
“ချူယိ၊ မင်း မိန်းမတွေအကြောင်းတွေးရင်း ရူးသွားပြီလား။ဒီလို အချောအမောတစ်ယောက်လေးနဲ့တောင် မင်းမှာ နှာခေါင်းသွေးလျှံနေပြီ။သခင်လေးဆီကို မင်းရဲ့ ကောင်းစကားလေးတွေ ပြောပြီး မင်းအတွက် နန်းတွင်းသူ အချို့ ရွေးခိုင်းလိုက်ရမလား။”
ထိုစကားကို ကြားသောအခါ ချူယိ မျက်လုံးများ ကျယ်လာကာ ကျောက်ချန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
“အစေခံကြီး ကျောက်ချန် ကျုပ် ပျော်ရွှင်မှုက ခင်ဗျား လက်ထဲမှာပါ”။
ကျောက်ချန်သည် သူ၏လက်ကို ဆွဲယူ၍ အင်္ကျီပေါ်တွင် သုတ်ကာ ပြောလိုက်သည်။
ချူယိကမူ စိတ်ထဲမထားပဲ ကျောက်ချန်အား ကျောကုန်းနှိပ်နယ်ပေးရန် ကြိုးစားနေသည်။
“ဒီအတောအတွင်း မင်းအစေခံ ကျောက်တစ်ယောက် တော်တော် အလုပ်များနေမှာပေါ့။ပင်းပန်းနေရှာမှာပဲ။ကျောကုန်းလေး နှိပ်ပေးပါရစေ။
ကျောက်ချန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။သို့သော် ဤနည်းသည် ကျောက်ချန်ပေါ်တွင် အလုပ်ဖြစ်သွားသည်။ကျောက်ချန်ထိုင်ခုံတစ်ခုံပေါ်တွင်ပျော်ရွှင်စွာ ထိုင်၍ သူ၏ဘယ်ပခုံးကို ညွှန်ပြလိုက်သည်။
ကျောက်ချန်၏ ဘယ်ပခုံးကို ချူယိ စတင် နှိပ်နယ်ပေးနေတော့သည်။
ချူကျီမှာ သူ့ဓားကို ဆုပ်ကိုင်ရင် ထိုသူနှစ်ယောက်၏ ဖြစ်ရပ်ကို ကြည့်နေလေသည်။ကြည့်မရတော့သည့်အဆုံး အခြားသူများနှင့်အတူ အိမ်နောက်ဝင်းသို့ လိုက်သွားတော့သည်။
လင်ချင်းယွမ်မှာ ရှေ့ဖုံးခါးစည်းအဝတ်တစ်ထည် ဝတ်ဆင်ထားပြီး မီးဖိုချောင်မှ ထွက်လာခြင်းဖြစ်သည်။လုလျန်ဝေ၏ အံ့သြသော အကြည့်ကို မြင်သောအခါ သူမ ပါးစပ်များကို စေ့လိုက်သည်။
“ဘာများဖြစ်လို့တုန်း။မိဖုရားကြီးဖြစ်သွားတော့ ကျွန်မလို သာမန်ပြည်သူတွေကို မမှတ်မိတော့ဘူးလား။”
“ကိုယ့်ကိုယ်ကို သာမန်ပြည်သူလို့ခေါ်နေမှတော့ မိဖုရားရှေ့ရောက်နေတာ ဒူးမထောက်ဘူးလား။”
လင်ချင်းယွမ် နှုတ်ခမ်းကိုက်လိုက်ပြီး စတင် သူမဂါဝန်ကို အနည်းငယ် ပင့်တင်၍ ဂါရဝပြုဟန်ပြင်လိုက်သည်။
လုလျန့်ဝေ ရယ်မောရင်း လင်ချင်းယွမ်အား ဆွဲထူလိုက်သည်။
လင်ချင်းယွမ် တစ်ခုခု ပြောမည် ကြံစည်လိုက်သော်လည်း အနောက်မှ ဝင်လာသော လုံယန်ကို မြင်ရသောအခါ လုလျန့်ဝေ လက်ထဲမှ ထွက်၍ သူ၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“မင်းကြီးကို ဂါရဝပြုပါတယ်”။