အခန်း (၅၄၆-၅၄၈)
Vol. 11 Ch. 546-548
အခန်း ၅၄၆ လုံယန့်ကိုတွေ့တိုင်း သူ့ကိုကြည့်ရတာ ကြောင်တွေ့တဲ့ ကြွက်လိုပဲ။
လုံယန် သူမအား တစ်ချက်မျှ ကြည့်လိုက်သည်။
“ထနိုင်ပြီ”
လင်ချင်းယွမ်မှာ စိတ်သက်သာရာ ရသွားပြီး
“ကျေးဇူးပါ မင်းကြီး”
ဟု အမြန်လျှောက်တင်လိုက်သည်။
လုလျန့်ဝေ သူမအား တစ်ချက်စိုက်ကြည့်လိုက်သည်။သူမကို ကြည့်ရသည်မှာ လုံယန်ကိုတွေ့တိုင်း ကြောင်တွေ့သည့် ကြွက်ကဲ့သို့ ပြုမူနေတတ်သည်။
သို့သော် လုလျန့်ဝေကိုတော့ လေးစားသမှု မပြတတ်။မျက်နှာနှစ်ဖက်နှင့် လူမျိုးဖြစ်သည်။
လင်ချင်းယွမ်သည် လုလျန့်ဝေ၏ အနားသို့ကပ်သွားပြီး သူမ၏ အင်္ကျီလက်အား ဆွဲကိုင်၍ တီးတိုးပြောလိုက်သည်။
လုလျန့်ဝေ သူမကို တစ်ချက်ကြည့်၍ လုံယန် နှင့် လင်းလီဟွားဘက်သို့လှည့်ကာ ခွင့်တောင်းလိုက်သည်။
လင်းလီဟွား ပြောရင်း လုလျန့်ဝေ၏ဆံပင်ရှည်များကို သပ်ပေးလိုက်သည်။
လုလျန့်ဝေသည် ခေါင်းညိတ်၍ လုံယန်အား ကြည့်ပြီးနောက် ဘေးခန်းသို့ လင်ချင်းယွမ်နောက်မှ လိုက်သွားတော့သည်။
“လုလျန့်ဝေ နင်ကတော့ တကယ့်ကို ကံကောင်းတာပဲနော်”
ခုံဘေးတွင် ထိုင်နေသော လုလျန့်ဝေမှာ ထိုစကားကို ကြားလျှင် ပြုံးလိုက်ပြီး သဘောတူကြောင်းခေါင်းညိတ်ပြလိုက်သည်။
လင်ချင်းယွမ် ထိုသို့ကြားလျှင် နှုတ်ခမ်းစေ့လိုက်သည်။
လင်ချင်းယွမ်သည် သူမမေးစေ့အား လက်ပေါ်တွင် တင်လိုက်သည်။သူမကို ကြည့်ရသည်မှာ အနည်းငယ် စိတ်ဓာတ်ကျနေပုံပင်။
“စိတ်တော့မဆိုးပါဘူး။ဒါပေမယ့် သူတို့က မမွေးသေးတဲ့ ငါ့မောင်လေးကိုပဲ ဂရုစိုက်နေကြတယ်”
“ကလေးက မမွေးသေးတာကို ယောက်ျားလေးမှန်း ဘယ်လိုသိတာတုန်း”
လုလျန့်ဝေ သူမကို အနည်းငယ်အံ့သြဟန်ဖြင့် ကြည့်လိုက်သည်။
“ငါ့မိဘတွေ သားရချင်ဇောနဲ့ ရူးသွားပြီလားတောင် မသိဘူး။ဗေဒင်ဆရာတောင် ခေါ်ပြီး တွက်ချက်ခိုင်းတော့ ဗေဒင်ဆရာကလည်း သားဖြစ်မှာ သေချာတယ်တဲ့”
လင်ချင်းယွမ် ရွံရှာဟန်ဖြင့် အေးတိအေးစက် လှောင်ရယ်လိုက်သည်။
“အခုတော့ အမေ့ဗိုက်ထဲက ကလေးကိုပဲ အချိန်ပြည့် ဂရုစိုက်နေကြတယ်။ငါ့တောင် အဖက်မလုပ်ကြတော့ဘူး။အဲ့လိုမှန်းသာသိရင် ငါအိမ်မပြန်ပါဘူး။ဒီမှာပဲ လွတ်လွတ်လပ်လပ် နေမှာ”
သူမ၏ညည်းညူသံအဆုံးတွင်မလိုမုန်းထားစိတ်များ ပါနေသည်။
သူမခံစားနေရသည်ကို လုလျန့်ဝေ နားလည်ပေသည်။လင်ချင်းယွမ်သည် ယခင်က လင်းအိမ်တော်၏ တစ်ဦးတည်းသော ကလေး ဖြစ်ခဲ့သဖြင့် တစ်အိမ်လုံးမှ ဝိုင်း၍ ယုယကြင်နာကြသည်။ယခုအခါ အမျိုးသမီးလင်းမှ မွေးလာနိုင်မည့် ကလေးမှာ ယောက်ျားလေး ဖြစ်နိုင်သဖြင့် တစ်အိမ်လုံး၏ အာရုံစိုက်မှုမှာ ထိုကလေးပေါ်သို့သာ ရောက်နေကြသည်။
“အမုန်းစကားတွေ ပြောမနေပါနဲ့။နင် နင့်မိဘတွေကို မခွဲနိုင်မှန်း ငါသိပါတယ်။နင်လည်း အရွယ်ရောက်ပြီ ။နင့်အမေကလည်း ကိုယ်ဝန်ကြီးနဲ့။ဒီတော့ အဲ့ကလေးကိုပဲ ဝိုင်းဂရုစိုက်ကြတာပေါ့။နင် နည်းနည်းတော့ ဘေးရောက်ပေမယ့် နင်အတွက် သူတို့ စိတ်ပူကြပါသေးတယ်။လျှောက်တွေးမနေပါနဲ့”
“မှန်ပါတယ်။ဒါပေမယ့် ငါ့မိဘတွေက သားယောက်ျားလေး လိုချင်နေတာ ကြာလှပြီ။အခု ရတောင့်ရခဲကိုယ်ဝန်ရှိလာတော့ ဒီကလေးကိုပဲ ဝိုင်းပြီး အာရုံစိုက်ကြမှာပေါ့။ဖြစ်သင့်ပေမယ့် ငါစိတ်ထဲတော့ နည်းနည်း စိတ်ဆိုးနေတုန်းပဲ”
လုလျန့်ဝေမှာ သူမအား မည်သို့ နှစ်သိမ့်ရမည်မှန်း မသိတော့ပေ။
သူမမှာလည်း မိဘနှစ်ပါးနှင့် အစ်ကိုတစ်ယောက်အပြင် အဘွားတစ်ယောက်ပါ ရှိသေးသည်။အားလုံးကလည်း သူမကို ချစ်ခင်ကြသည်။သူမမိဘများနှင့် အဘွားက သူမကို သူမအစ်ကိုထက်ပင် ပို၍ ချစ်ခင်သေးသည်။
သူမမှာ သူမမိသားစု၏ ချစ်ခင်ခြင်း အပြည့်ရနေသဖြင့် လင်ချင်းယွမ် ထင်သည်မှာ မဟုတ်ကြောင်း အပြောချိုချို ပြောရန် မသင့်တော်ပါ။
“ငါ့မိဘတွေက အဲ့ကလေးကို မွေးတောင် မမွေးသေးပဲ ဒီလောက်တောင် ဂရုစိုက်နေကြတာ ၊ မွေးသာမွေးလာရင် တစ်မိသားစုလုံး ငါရှိတယ်တောင် ထင်ကြပါဦးမလား”
“အဲ့လိုကြီးတွေးမနေပါနဲ့။နင့်မိဘတွေက နင့်ကို ဂရုစိုက်ရှာပါတယ်”
လင်ချင်းယွမ် စိတ်ကျသထက် ပိုကျလာသည်ကို လုလျန့်ဝေ မြင်ရသောအခါ သူမအား နှစ်သိမ့်ပေးနေမိသည်။
“ငါ့နင့်ကို အရမ်းမနာလိုတာပဲ။နင်က နင့်မိဘတွေရဲ့ အချစ်၊အဘွားရဲ့ အနှစ်လေး။နင့်အစ်ကိုတောင် နင့်ကို အရမ်းချစ်တာ”
လုလျန့်ဝေလည်း သူမ အလွန်ကံကောင်းသည်ဟု ထင်မိသည်။သူမ ၏ ဘဝဟောင်းနှင့်မတူပဲ သူမကို အလွန်ချစ်မြတ်နိုးသော မိသားစုထံသို့ဘဝပြောင်းလာခဲ့ရသည်။သူမအရင်မိဘများမှာ သူမကို ချစ်ခင်သော်လည်း အလွန်စည်းကမ်းတင်းကျပ်သည်။ထို့အပြင် သူမ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့သဖြင့် သူမမိဘများအပေါ် သံယောဇဉ် သိပ်မရှိခဲ့ပေ။
အခန်း ၅၄၇ အခုကျတော့ ငါမကြိုက်မှာ မကြောက်တော့ဘူးလား
ထိုအတွေးများကို သူမစိတ်ထဲတွင်သာ ထားရန်ဆုံဖြတ်လိုက်သည်။သူမ လင်ချင်းယွမ်ကို မျက်ခုံးပင့်ကြည့်၍
“ဒီနေ့ နင်ဒီရောက်နေတာ ငါ့ကို မနာလိုဖြစ်ဖို့တော့ မဟုတ်ပါဘူးနော်”
လင်ချင်းယွမ် နှုတ်ခမ်းများတွန့်သွားသည်။
“မဟုတ်ရပါဘူးနော်။နင့်ကို မနာလိုတာတော့မှန်ပါတယ်။ဒါပေမယ့် လူအမျိုးမျိုး ဘဝအဖုံဖုံမလား။မဖြစ်နိုင်တာကို ဖြစ်လာအောင် လုပ်လို့မရဘူးလေ။အနည်းဆုံးတော့ ငါ့မိဘတွေက ငယ်ငယ်ကတည်းက ငါ့ကို အလိုလိုက်ထားတာပဲ။အစာငတ် ရေငတ် ထားတာမှမဟုတ်တာ။ငါ့ဘာသာ မကျေနပ်တာတွေ ဖွင့်ချနေတာပါ”
ထိုသို့ပြောပြီးနောက် သူမပါးများကို အသာရိုက်လိုက်သည်။
“ဟုတ်ပြီ။အဲ့အကြောင်းတွေ ပြောမနေတော့ဘူး။ငါ ဒီနေ့လာတာ နင့်ကို ပေးစရာရှိလို့”
လင်ချင်းယွမ် လာရင်းကိစ္စကို ရောက်သွားသဖြင့် လုလျန့်ဝေ စိတ်သက်သာသွားရသည်။
လင်ချင်းယွမ်မှ သူမကို ပေးစရာရှိသည်ဆိုသော စကားအား လုလျန့်ဝေကြားသောအခါ စိတ်ဝင်စားစွာဖြင့်
ဟု မေးလိုက်သည်။
လင်ချင်းယွမ်သည် ထောင့်တစ်နေရာမှ အဝတ်ထုပ်တစ်ခုကို ထုတ်လာကာ စားပွဲပေါ်သို့ ချလိုက်လေသည်။
“အမှန်က နင်လက်ထပ်တဲ့နေ့က ပေးမလို့ကို လူတွေအများကြီး ရှိနေတာနဲ့ မယူလာခဲ့လိုက်ဘူး။ပြီးတော့လည်း....”
“နင်မကြိုက်မှာလည်း စိုးလို့။နင်က မိဖုရားကြီး ဖြစ်သွားပြီပဲ။ငါ့လက်ဆောင်က နင့်ကိုပေးဖို့ မတန်သလို ဖြစ်နေမှာစိုးလို့”
လုလျန့်ဝေ စိတ်ထဲတွင် ပြုံးစိစိဖြစ်သွားရပြီး ပြန်မေးလိုက်သည်။
“အခုကျတော့ရော နင့်လက်ဆောင်ကို ငါမကြိုက်မှာ စိတ်မပူတော့ဘူးလား”
လုလျန့်ဝေမှာ ထိုစကားကြောင့် အလွန်နှစ်ခြိုက်သွားသည်။အဝတ်ထုတ်ကြီး ပြည်ကျသွားသောအခါ အနီတောက်တောက်ချိတ်ပိုးထည်ကြီးတစ်ထည် ပေါ်ထွက်လာလေသည်။
လုလျန့်ဝေမှာ ပြောစရာမဲ့နေသည်။သူမ၏ လက်များဖြင့် အထည်သားကို ကိုင်ကြည့်လိုက်သည်။
အိပ်ရာခင်းမှာ အနီတောက်တောက်ချိတ်ပိုးထည်ဖြင့်ပြုလုပ်ထားသည်။အိပ်ရာခင်းပေါ်တွင် နဂါး နှင့် ဇာမဏီငှက်ကို ရွှေရောင်ချည်မျှင်များဖြင့် ပန်းထိုးထားသည်မှာ အလွန်တရာမှ လှပလှသည်။
ဤပန်းထိုးထည်ကို ကြည့်ရုံမျှပင် ထိုးသူသည် အလွန်တရာ စိတ်နှစ်ထား၍ ချည်ထိုးပန်းထိုး အလွန်တော်သူတစ်ယောက်ဖြစ်သည်ကို သူမ ခန့်မှန်းနိုင်သည်။
အိပ်ရာခင်းကို မြင်သောအခါ လုလျန့်ဝေ နွေးထွေးစွာ ပြုံးလိုက်မိသည်။ထို့နောက် လင်ချင်းယွမ်ကို ကြည့်၍ နောက်လိုက်သည်။
“နင့်မှာ ဒီလောက်ကောင်းတဲ့ ချည်ပန်းထိုးတဲ့ လက်စွမ်းပိုင်ဆိုင်ထားမှန်းမသိခဲ့ဘူး။ဒီလက်ရာကို ကြည့်တာနဲ့တင် နန်းမြို့တော်က အတော်ဆုံး ချည်ပန်းထိုးသမတွေနဲ့ ယှဥ်လို့ရတယ်လို့ ငါပြောနိုင်တယ်။”
လင်ချင်းယွမ် ခေါင်းကို မော့၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
လုလျန့်ဝေသည် လင်ချင်းယွမ်၏ လက်ကို ဆုပ်ကိုင်လိုက်၍ တလေးတစား ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။ငါ ဒီလက်ဆောင်ကို အရမ်းကြိုက်တာပဲ”
ထိုစကားကြားသောအခါ လင်ချင်းယွမ်မှာ နည်းနည်းရှက်သွားရပြီး
“ငါက နင်မကြိုက်လောက်ဘူးထင်နေတာ”
သူမ ရှက်ရှက်ဖြင့် ပြန်မေးလိုက်သည်။
“ဘာလို့မကြိုက်ရမှာလဲ။နန်းမြို့တော်ထဲမှာ ပညာရှင်တွေထက်တောင် တော်တဲ့ ချည်ပန်းထိုး ပညာရှင် နင်က ငါ့အတွက် သီးသန့်ချုပ်ပေးထားတာကို။ငါပြန်ရောက်တာနဲ့ ဒါကို သုံးတော့မယ်။”
“ငါ့ကို နင်ကူညီတာ အများကြီးဆိုတော့ ငါကျေးဇူးတင်ကြောင်း ပြချင်လို့။ဒါမဲ့ နင်က လိုလေသေးမရှိဘူးဆိုတော့ အိပ်ရာခင်း ထိုးပြီး လက်ဆောင်ပေးတာ။ငါ့ကျေးဇူးတင်ကြောင်းပြတာကို နင်ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ်”
လုလျန့်ဝေ အိပ်ရာခင်းကို ဖြန့်၍ ကြည့်လိုက်ပြီးနောက် ပြန်လည်ခေါက်၍ သိမ်းဆည်းလိုက်သည်။
“ဆိုပါဦး နောက်ထပ်ဘာပြောချင်သေးလဲ”
လင်ချင်းယွမ် မျက်လုံးကျယ်သွားလေသည်။
“ဘာပြောတာလဲ။ငါက နင့်ကို ဘာထပ်ပြောစရာရှိလို့လဲ...”
“ဒါဆိုလည်း ပြီးတာပဲလေ”
လုလျန့်ဝေ ရုတ်တရက် ဖြတ်ပြောလိုက်သည်။
လင်ချင်းယွမ် လက်ညှိုးတစ်ချောင်းထောင်ကာ ပြာပြာသလဲလဲ ပြောလာသည်။
“ဟုတ်ပြီ။ဘာလိုချင်သလဲသာပြော။ပြီးရင် ငါ့အမေရယ် တခြားသူတွေနဲ့ ငါညစာစားရဦးမှာ”
လင်ချင်းယွမ်မှာ ဤကိစ္စနှင့် ပတ်သက်၍ ရှက်နေသော်လည်း မတောင်းဆို၍မဖြစ်၍
“နင်နဲ့ ထိမ်းမြားတဲ့ အနေနဲ့ ထုတ်ပြန်တဲ့ သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ပြန်တမ်းမှာ မြို့စားကြီးချင်းတို့ မိသားစုကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မင်းကြီး ရည်ရွယ်ထားသလား သိချင်လို့”
အခန်း ၅၄၈ မမြည်းရ မနေနိုင်လို့
လင်ချင်းယွမ် မေးချင်နေသည်ကို လုလျန့်ဝေ ကြိုတင် ခန့်မှန်းထားနိုင်သည့်အတွက် သူမမေးသောအခါ အံ့အားသင့်သွားခြင်း မရှိပေ။
“မင်းကြီး ကတော့ ဘာမှ ငါ့ကို မပြောဘူး။ငါပြန်ရောက်ရင်တော့ မေးပေးမယ်လေ။ဒါပေမယ့် သိပ်တော့ မမျှော်လင့်နဲ့ဦး”
လုလျန့်ဝေ ထိုသို့ ပြောပြီးသောအခါ စကားရပ်လိုက်ပြီး ခုံပေါ်မှ အိပ်ရာခင်းကို ကိုင်လိုက်သည်။
“နင် ငါ့ကို လက်ဆောင် ပေးတာမှ မဟုတ်တာ။လာဘ်လာထိုးတာပဲ”
“မဟုတ်တာတွေ မတွေးပါနဲ့ ။ဒါက နင့်ရဲ့ နေ့ထူးနေ့မြတ်ကြီးအတွက် လက်ဆောင်ပါနော်”
ပြော၍ လင်ချင်းယွမ်သည် လုလျန့်ဝေ၏ လက်မောင်းကို ဖက်ကာ သူမ လှနိုင်သမျှ အလှဆုံး ပြုံးပြလိုက်သည်။
လုလျန့်ဝေ စိမ်းကားစွာ လှောင်ရယ်၍ လင်ချင်းယွမ်ကို တွန်းထုတ်ကာ မတ်တပ်ရပ်လိုက်သည်။
“တော်ပြီ ၊ အပြင်သွားကြရအောင်”
သူတို့ နှစ်ယောက် အပြင်သို့ ထွက်လိုက်သည်နှင့် အစားကောင်း အသောက်ကောင်း ရနံ့များ သူတို့နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။
သူမ အံ့သြဟန်ဖြင့် အသံစူးစူးလေးပြု၍ အနံ့လာရာ မီးဖိုချောင်ဆီသို့ အပြေးသွားလိုက်သည်။
အိမ်နောက်ဝင်းတွင် လက်ဖက်ရည်သောက်နေသော လုံယန်မှာ လုလျန့်ဝေကိုမြင်သောအခါ သူမဆီ ရောက်လာ၍ လှမ်းဆွဲလိုက်သည်။
“ဘယ်နှယ့်ကြောင့် ပြေးနေရတာတုန်း”
လုလျန့်ဝေမှာ ထိုသို့အဆွဲခံရမည် မထင်မှတ်သဖြင့် သူ၏လက်နှစ်ဖက်ကြားထဲရောက်သွားကာ သူ၏ ရင်ဘတ်နှင့် သူမခေါင်းကို ဝင်ဆောင့်မိသည်။
သူမရုတ်တရက် မူးဝေသွား၍ အနောက်ဘက်မှ လင်ချင်းယွမ် ရယ်ချင်သည်ကို မနည်းထိန်းနေသံအား ကြားလိုက်ရသည်။
သူမ ပြန်လှည့်ကြည့်လိုက်ရာတွင်မူ လင်ချင်းယွမ်မှာ မီးဖိုချောင်ထဲသို့ ထွက်ပြေးပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
လုလျန့်ဝေ ရှက်ရှက်ဖြင့် သူမ၏နဖူးနာနေသည့်နေရာကို လက်ချောင်းလေးများဖြင့် ပွတ်သပ်လိုက်သည်။သူမ လုံယန်ကို ကြည့်ကာ မီးဖိုချောင်သို့ ညွှန်ပြ၍
“မင်းကြီး၊အနံ့တွေရတယ်မလား။အထဲမှာ သူတို့ ဘာအစားအသောက်ကောင်းတွေ ချက်နေလဲ သွားကြည့်ချင်လို့”
လုံယန်၏နှုတ်ခမ်းများမှ အပြုံးလေးတစ်ခုပေါ်လာပြီး သူ၏အကြည့်မှာ သူမ၏ နီနေသော နဖူးလေးဆီသို့ ရောက်သွားခဲ့သည်။
“နေ့လည်စာ စားထားတာဖြင့် မကြာသေးဘူး။ထပ်စားချင်နေပြီလား”
သူသည် ပြောရင်း သူမလက်လေးကို လက်တစ်ဖက်ဖြင့်ဆုပ်ကိုင်၍ အခြားလက်တစ်ဖက်ဖြင့် နှဖူးလေးကို ပွတ်သပ်ပေးလိုက်သည်။
ဒီအမျိုးသမီးလေး၏ အသားအရည်မှာ အလွန် ပင် အထိမခံဖြစ်လှသည်။အစောပိုင်းက နေရောင်အောက်တွင် ခဏမျှ နေပြီးနောက် သူမအသားအရည်မှာ အနည်းငယ် ညိုသွားလေသည်။ထိုသို့ဆိုရင် ယခု အနီဖုမှာ အလွန်သိသာမည် မဟုတ်သော်လည်း အခုမှာမူ သူမ အသားအရေ ပြန်ဝင်းဝါလာသဖြင့် အနည်းအကျဥ်း တိုက်ရုံမျှပင် နှဖူးတွင် အနီဖုလေး ထင်းနေသည်။
“မင်းကြီး မသိလို့ပါ။တစ်ခါတစ်လေကျ မဆာပဲနဲ့လည်း စားရတဲ့အချိန်တွေ ရှိတယ်။နေ့လည်စာကြောင့် ဗိုက်ပြည့်နေပေမယ့် အဲ့လောက် အနံ့ကောင်းရနေတော့ သွားမြည်းချင်လာရော”
လုံယန်၏နှုတ်ခမ်းမှာ အထက်သို့ အနည်းငယ်တက်သွားရသည်။သူရယ်ချင်နေသည်ကို မထိန်းနိုင်သဖြင့် လက်ချောင်းကလေးများကို ကွေးလိုက်ပြီး သူမအား နဖူးဖွဖွတောက်လိုက်သည်။
“စားချင်ရင်လည်း စားချင်တယ်ပြောပါ။ဒီလို ဆင်ခြေကြီး မပေးပါနဲ့”
လုလျန့်ဝေ နဖူးလေးကို ပွတ်သတ်ကာ နှုတ်ခမ်းလေးစူ၍ လုံယန်အား တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
သူမ တုံ့ပြန်ပုံကို မြင်ရသောအခါ လုယန် သူမကို အနီးကပ်ကြည့်၍
လုလျန့်ဝေ မရီမပြုံးဖြင့် တရိုတသေ လျှောက်တင်လိုက်သည်။
လုံယန် ပြုံးလိုက်သည်။သူမ စိတ်ဆိုးသွားသော်လည်း ပြန်လည်မပြောရဲသဖြင့် သူ့အပြုံးမှာ ပိုကြီးလာပြီး လေသံမှာလည်း ပျော့ပြောင်းသွားလေသည်။
“မင်း အစားကြိုက်တာ ငါသိပါတယ်။ဒါပေမယ့် မီးဖိုထဲမှာက ကျပ်ခိုးတွေ ဆီတွေနဲ့။ပြီးတော့ မင်းအမေတို့ ထမင်းပွဲပြင်နေတာလည်း ပြီးတော့မယ်။ခဏလေးထပ်စောင့်ကြတာပေါ့”
လုံယန်၏ သွယ်လျသော လက်ချောင်းလေးများမှာ သူမ၏ပန်းဆီရောင်ပါးလေးအား ဆွဲဆိတ်လိုက်သည်။ထို့နောက် သူမ၏လက်နောက်တစ်ဖက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။
လုလျန့်ဝေ သူ၏ဘေးတွင် ရိုကျိုးစွာထိုင်၍ ဝေ့ကြည့်လိုက်သည်။သူမအမေအား မတွေ့ရသဖြင့် နောက်ဆုံးတွင် မေးလိုက်လေသည်။
“မင်းအမေက မီးဖိုချောင်ထဲမှာ ၊ မင်းအစ်ကိုလည်း လိုက်သွားတယ်”
လုံယန်ပြောပြီးနောက် လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ လုလျန့်ဝေကို ကမ်းလိုက်သည်။
လုလျန့်ဝေ သူ့ထံမှ လက်ဖက်ရည်ခွက်ကို လက်ခံ၍ အနည်းငယ်သောက်လိုက်သည်။သူမ မီးဖိုချောင်ကိုကြည့်နေရင်း အထဲဝင်၍ ကြည့်ချင်စိတ်များဖြစ်ပေါ်လာသည်။သူမအမေ ဟင်းချက်ပုံကို တစ်ခါမှ သူမ မမြင်ဖူးခဲ့ပေ။
သိုသော့် သူမဘေးတွင်ရှိနေသည့် လုံယန်အား မြင်ပြီးနောက် သူမ စိတ်လျှော့လိုက်တော့သည်။
မင်းကြီးမှ သူမအား အထဲသို့ ဝင်ခွင့်ပြုမည် မဟုတ်ပေ။
သို့ရာတွင် မင်းကြီးလည်း ပျင်းရိနေဟန် ပေါ်သဖြင့် သူ့အား အဖော်ပြုရန် သူမကို ခေါ်ထားခြင်း ဖြစ်နိုင်သည်။
သူမလက်ပေါ်သို မေးစေ့တင်ကာ သူ့အား တိတ်တဆိတ် ကြည့်လိုက်ပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
လုံယန် သူမကို ခေါင်းစောင်း၍ကြည့်ကာ ပြန်မေးလိုက်သည်။
“ဗျပ်စောင်းလေ၊အရင်တစ်ခါက အိမ်ဝင်းထဲမှာ တီးနေတာ”
ထိုစဥ် သူမ အလစ်တွင် ပြေးရန် ကြိုးစားနေသဖြင့် သူ၏လက်ရာကို သေချာ နားမထောင်လိုက်ရခဲ့။ယခု သူမတွေးကြည့်သောအခါ သူ၏ဗျပ်စောင်းသံမှာ သာယာသည်ဟု ထင်မိသည်။
လုံယန်မှာ ရုတ်တရက် အံအားသင့်သွားရပြီးနောက် ဝါးလုံးကွဲ ထရယ်လိုက်သည်။
သို့သော် သူ့မှာ ဘဝင်မကျခြင်း မဖြစ်ပဲ စိတ်ထဲတွင် ပြုံးရွှင်သွားသည်။
သူသည် မျက်ခုံးပင့်၍ သူမဆီသို့ လက်ဆန့်တန်းလိုက်လေသည်။
“ကိုယ့်ရဲ့အချစ်မိဖုရားကြီးရေ ၊ ကိုယ်တော့်ကို ဗျပ်စောင်းလေး အရင်ပေးမှပေါ့”
သူမ အကြပ်ရိုက်နေပုံကို လုံယန်မြင်ရသော အခါ သူ့မျက်နှာတွင် အပြုံးတို့ဖြင့်ပြည့်နေတော့သည်။သူမလက်ကလေးအား သူ့ဆီသို့ ဆွဲယူ၍ လက်ချောင်းလေးများအား ကစားလိုက်သည်။
ပြောရင်း လုံယန် သူမခေါင်းကလေးကို အသာအယာ ပွတ်ပေးလိုက်သည်။
မကြာခင်မှာပင် ဟင်းပွဲများ ရောက်လာခဲ့သည်။ယို့ယို့ ကျူးယွီ နှင့် အခြားသူများက ဟင်းပွဲများ တစ်ပွဲပြီး တစ်ပွဲ လာရောက် ချပေးကြသည်။
လူသူ အလွန်များသဖြင့် အိမ်နောက်ဝင်းတွင် စားပွဲခုံ နှစ်ခုံချကာ ထိုင်ခုံများ စားပွဲခုံတစ်လျှောက် ချထားရသည်။
ထိုအချိန်တွင် ဝူဟောင်မင်သည် ဝိုင်နှစ်စည်ကိုင်လျက် လမ်းလျှောက်ဝင်လာခဲ့သည်။
ဝူဟောင်မင်မှာ လုလျန့်ဝေကို တွေ့သောအခါ ဝမ်းပန်းတသာဖြင့် “ဝေဝေ” ဟု နှုတ်ဆက်လိုက်သည်။
လုထင်ချန်း ထကာ သူ့ထံမှ ဝိုင်များကို ပျော်ရွှင်စွာ ယူလိုက်သည်။
“ဦးလေးဝူ ကျွန်တော့်အကြောင်းကို သိတာပဲ။ကျွန်တော် ဒါမျိုး သောက်ချင်နေတာ”
“ဒါ နင့်အစ်ကို အပြစ်မဟုတ်ဘူး။သူ့အမေခြေရာနောက်လိုက်နေတာ။နင့်အမေလည်း ဒီဝိုင်ကို အရမ်းကြိုက်တာ”
ထိုသို့ကြားသောအခါ လုလျန့်ဝေသည် လင်းလီဟွားအား အံ့သြစွာဖြင့် ကြည့်လိုက်သည်။
သူမအမေမှာ ယဥ်ကျေးသိမ်မွေ့ဟန် ပေါ်သဖြင့် အရက်သောက်တတ်လိမ့်မည်ဟု မထင်ခဲ့ပေ။
သို့ရာတွင် သူမသည် နှင်းပျံလွှားအိမ်တော်၏ အိမ်ဦးစီး ဖြစ်ခဲ့သည်ကို ထည့်တွက်လျှင်မူ မထူးဆန်းတော့။
သူမအမေသည် နူးညံ့သိမ်မွေ့ဟန် ပေါ်သော်လည်း အမှန်မှာမူ စရိုက်ပြင်း၍ သာမန်မဟုတ်သော အမျိုးသမီးဖြစ်သည်။
လင်းလီဟွားသည် ဝူဟောင်မင်အား မျက်စောင်းထိုးလိိုက်သည်။
ထိုသို့ပြောပြီးနောက် လုလျန့်ဝေဆီ လှည့်ကာ ပျော့ပျောင်းစွာဖြင့် ပြောလိုက်သည်။
“သူပြောတာယုံမနေနဲ့။အမေနဲ့ နင့်အစ်ကိုနဲ့ မတူဘူး။သူက အဖေ့ခြေရာနင်းတာ”
ထိုစဥ် အဝေးမြို့စားအိမ်တော်၌ရှိနေသည့် လုဟယ့်ထျန်းမှာ အကြောင်းမရှိပဲ နှာချေလိုက်မိသည်။