အခန်း (၅၄၉-၅၅၀)
Vol. 11 Ch. 549-550
အခန်း ၅၄၉ မူးပြီးများ ရမ်းမလား။
လင်းလီဟွား စကားကိုကြားသောအခါ လုလျန့်ဝေ ပြုံးလိုက်မိသော်လည်း ပြန် မပြောလိုက်ပေ။
သူမအဖေအကြောင်း ကောင်းကောင်းသိပေသည်။သူမအဖေသောက်တတ်သည်မှာ မှန်သော်လည်း သူ့မအစ်ကိုလောက်တော့ မကြိုက်တတ်။သူမအစ်ကိုမှာ ယစ်ထုပ်အစစ်ဖြစ်သည်။
ထိုနေရာတွင်တော့ သူမအစ်ကိုသည် အဖေ့ခြေရာမနင်းခဲ့ပါ။
ဝူဟောက်မင်မှာ လင်းလီဟွာ မျက်စောင်းထိုးထားခြင်းကြောင့် ရှက်နေသေးသည်။လင်းလီဟွားကို သူမကလေးများ တစ်မျိုးမထင်စေရန်
“ဟုတ်ပါတယ် မင်းအမေက အရက်မကြိုက်ပါဘူး။ တစ်ခါတစ်လေပဲသောက်တာပါ။ လာ လာ ခွက်ယူခဲ့ ဝေဝေ ။ဒီ ပင်လုံးကြိုင် ဝိုင်က သိပ်ကောင်းတာ”
ထိုသို့ပြောပြီးနောက် လုလျန့်ဝေ ပန်းကန်လုံးထဲသို့ အပြည့်ထည့်ပေးလိုက်သည်။
သူမရှေ့မှပန်းကန်လုံးကြီးအား လုလျန့်ဝေ ကြည့်နေမိသည်။
“…”
ခွက်ကိုင်ထားရာမှ မည်ကဲ့သို့ ပန်းကန်လုံးကြီး ဖြစ်သွားရသနည်း။
သူမရှေ့မှ ဝိုင်ကို ကြည့်နေရင် သူမလက်ထပ်သည့်နေ့က လုထင်ချန်းနဲ့အတူ သောက်ကာ မူးနေခဲ့သည်ကိုအရှက်ရဖွယ် ပြန်မြင်ယောင်လာမိသည်။
ထို့နောက် သူမပန်းကန်လုံးအား လုံယန်ဆီ ထိုးပေးလိုက်တော့သည်။
“မင်းကြီးက အရက် ပိုသောက်နိုင်တယ်ဆိုတော့ ကျွန်မခွက်ကိုယူလိုက်ပါ”
လုံယန်မျက်နှာတွင် အပြုံးကလေးပေါ်လာကာ သူမဆီ ကပ်လာခဲ့သည်။
လုလျန့်ဝေ ပူထူသွားကာ နှလုံးခုန်မြန်သွားရသည်။သူမ မြန်မြန်ခေါင်းခါကာ ငြင်းလိုက်ပြီး
“မဟုတ်ပါဘူး။ ဦးလေးဝူ ယူလာတဲ့ ဝိုင်အကောင်းစားကိုမလွှင့်ပစ်ချင်လို့ပါ ။ မင်းကြီးက သောက်နိုင်တော့ တစ်ခွက်လောက်နဲ့ ဘာမှ မဖြစ်နိုင်ဘူး ထင်လို့။”
“ကိုယ်တော့်မိဖုရားက သောက်စေချင်မှတော့ သောက်ရမှာပေါ့”
လုံယန် ပြုံး၍ ပြောကာ ပန်းကန်လုံးကိုယူ၍ သူ၏ရှေ့တွင် ချလိုက်သည်။
ထို့နောက် ဝူဟောက်မင်ထဲမှ ဝိုင်တစ်စည်ယူကာ လုလျန့်ဝေအတွက် ခွက်သေးလေးဖြင့် ငှဲ့ပေးလိုက်သည်။
အမှန်ဆို ဤမိန်းကလေး မည်မျှသောက်နိုင်မှန်း သူမသိပါ။
လုထင်ချန်းမှာ အသောက်တော်သည်ဟု သူသိသည်။အမျိုးသမီး လင်းမှာလည်း သောက်တတ်မည့်ပုံ ပေါ်သဖြင့် ဝေဝေကိုလည်း ထိုနည်းကဲ့သို့ ထင်ခဲ့ခြင်းဖြစ်သည်။
သူမရှေ့ရှိ ဝိုင်ခွက်အား လုလျန့်ဝေ စိတ်မချစွာ ကြည့်လိုက်သည်။
သောက်ပြီးတော့ မူး၍ ရမ်းမည်လားဟု စိုးရိမ်မိနေသည်။
“ဒီနေ့က ဝေဝေ အိမ်လာလည်တဲ့နေ့ပဲ။သူ့ကို ခွက်မြောက်ကြရအောင်။ဝေဝေလေး ပျော်ရွှင်စွာနှင့် သောကကင်းစွာဖြင့် နေနိုင်ပါစေ”
ကျူးယွီသည် လုလျန့်ဝေနောက်တွင် ရပ်နေကာ မည်သူမျှ သတ်ိမထားမိချိန်ကို ဝိုင်ခွက်ကိုယူ၍ အခြားတစ်ခွက်ဖြင့် အစားထိုးပြီး
လုလျန့်ဝေ နွေးထွေးစွာ ပြုံးလိုက်ကာ ခွက်ကိုကိုင်မြောက်၍ ဦးလေးဝေအား ပြောကြားလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဦးလေးဝေ ။ဦးလေးဝေ လည်း အနာဂတ်မှာ ကျန်းမာချမ်းသာ နိုင်ပါစေလို့ တူမ ဆုတောင်းပေးပါတယ်”
ထိုသို့ပြောကာ သူမ လက်ဖက်ရည်ခွက်အား တစ်ကျိုက်တည်း မော့ချလိုက်သည်။
ကြွရောက်လာကြသူများအနက် လုထင်ချန်းသည် လုလျန့်ဝေ၏အရက်သောက်နိုင်စွမ်းကို အသိဆုံးဖြစ်သည်။
သူမခွက်အား တစ်ကျိုက်တည်း မော့ချလိုက်သည်ကို မြင်ရသောအခါ သူ၏နှုတ်ခမ်းများ တွန့်သွားရသည်။
ယခု အလွန်သောက်မိပြီး နောက်ကျမှ အရှက်ရစရာ ဖြစ်နေဦးမည်။
ရင်းနှီးသူများသာ တက်ရောက်သော်လည်း ညီမဖြစ်သူအား လူလယ်ခေါင်တွင် အရှက်မရစေချင်သည့်အတွက် လုထင်ချန်း ဘာမျှ မပြောရန် ဆုံးဖြတ်လိုက်တော့သည်။
အခြားမည်သူမျှ သတိမထားမိလိုက်သော်လည်း လုံယန်တစ်ယောက် ကျူးယွီမှ လုလျန့်ဝေအား ခွက်လဲပေးလိုက်သည်ကို တွေ့လိုက်ရသည်။
သူ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။သူမ ကြည့်ရတာ အရက်မသောက်တတ်ပုံပင်။
ဒါဆို အခု ဘာကို သောက်လိုက်တာလဲ။
အခန်း ၅၅၀ မင်းကြီးက တကယ်သောက်နိုင်တာပဲ။
ခွက်လဲလိုက်သည်ကို ဝူဟောက်မင် မသိလိုက်သဖြင့် လုလျန့်ဝေ ခွက်ကိုတစ်ကျိုက်တည်းမော့လိုက်သည်ကို ချီးကျူးနေသည်။
“ဝေဝေ လေး သောက်နိုင်သားပဲ”
ထိုသို့ ချီးကျူးခံရသဖြင့် လုလျန့်ဝေ အားနာမိသော်လည်း ယခုအချိန်မှာ အမှန်တိုင်းပြောရန် မသင့်သည့် အချိန်ဖြစ်သည်။ထို့ကြောင့် သူမ နှိမ့်ချစွာဖြင့်
“ဦးလေးဝူရှေ့မှာ ကောင်းကောင်း မသောက်ပြခဲ့မိလို့ အရှက်ရမိပါတယ်”
လင်းလီဟွား သည် လုလျန့်ဝေ၏ အခြားတစ်ဖက်တွင် ထိုင်နေခြင်းဖြစ်သည်။ သူမ လုလျန့်ဝေကို ဖက်၍
“ဝေဝေ ၊ တို့သားအမိတွေ တစ်ခါလောက် တူတူသောက်ရအောင်”
ဟု ပြောလိုက်သည်။
လုလျန့်ဝေ ခေါင်းညိတ်လိုက်ပြီး
ကျူးယွီကို သူမအား “ဝိုင်” ထည့်ခိုင်းရန် ပြင်ဆင်စဥ် တွင် သူမရှေ့ကို လုံယန် ခွက်တစ်ခွက် ချပေးလိုက်သည်။
လုလျန့်ဝေ ခွက်ကို ယူရန် တွန်ဆုတ်နေသော်လည်း ခွက်ထဲတွင် မည်သည့်အရက်မျှ မပါကြောင်း တွေ့ရသောအခါ စိုးရိမ်စိတ်များ ပျောက်သွားတော့သည်။
သူမ ခွက်ကို ကိုင်၍ သူမအမေခွက်နှင့် တိုက်လိုက်သည်။
“အောင်မလေး ပြောတတ်လိုက်တဲ့ ကလေး၊သမီးလည်း ပျော်ရွှင်ပြီး လှပနေနိုင်ပါစေတော်”
လုလျန့်ဝေလည်း သူမခွက်ကို မော့လိုက်ပြီးနောက် နဂိုကထက် ပိုပြုံးလာသည်။သူမအမေအား မလိမ်ညာချင်သော်လည်း သူမ အရက်မသောက်နိုင်မည်ကို စိုးရိမ်နေသည်။
ထားလိုက်ပါ။ညစာပြီးရင်တော့ အမေ့ကို အမှန်တိုင်း ပြောလိုက်မယ်။
ထို့သို့တွေးပြီးနောက် သူမနှဖူးပေါ်သို့လက်တင်ကာ မူးဟန်ဆောင်၍
“ကျွန်မ သိပ်မသောက်နိုင်ဘူး။ကျွန်မ မပါပဲ သောက်လိုက်ကြပါ”
သူမဖြစ်ဟန်ကို မြင်၍ မည်သူမျှ ဆက်မသောက်ခိုင်းတော့ပေ။
ဧကရာဇ် နှင့်အတူ အရက်သောက်ရသည်မှာ ရှားပါးလှသော အခွင့်အရေးဖြစ်သဖြင့် ဝူဟောက်မင်သည် လုံယန်ဆီသို့ ချဉ်းကပ်လာသည်။
“မင်းကြီးက အရက်သောက်နိုင်ပုံပဲ။ကျွန်တော်မျိုးနှင့်အတူ တစ်ခွက်သောက်ပေးနိုင်မလား မသိဘူး”
“ ကျွန်တော်မျိုးက မယဥ်ကျေးတဲ့သူမို့လို့ လောကဝတ်တွေလည်း မသိပါဘူး။ဒါကြောင့် မင်းကြီး ခွင့်လွှတ်ပေးပါ”
ထို့သို့ပြောပြီးနောက် ဝိုင်တစ်ခွက်ထည့်ကာ လုံယန်၏ အရှေ့သို့ ချပေးလိုက်သည်။ ထိုအပြုအမူကြောင့် စားပွဲခုံရှိ လူအားလုံး ချွေးစေးများ ပျံသွားရသည်။ သူတို့နှင့်အတူ တစ်ပွဲတည်း စားနေသော်လည်း ထိုသူမှာ ဧကရာဇ်ရှင် ဖြစ်သည်။ဝူဟောင်မင်မှာ အလျင်စလို ပြုလွန်းပေသည်။
မင်းကြီး အမျက်တော်ရှပါက အပြစ်ဒဏ်ချ၍ လွှတ်လိုက်သည်က သက်သာဦးမည်။ သူတောင်းစားအိုကြီးပင် သူ့အတွက် စိုးရိမ်နေမိသည်။
လုလျန့်ဝေသည် လုံယန်၏မျက်နှာအား ချောင်းကြည့်လိုက်သောအခါ ပုံမှန်အတိုင်းဖြစ်နေသည်ကို တွေ့လိုက်ရသည်။စိတ်ဆိုးသည့်ပုံ မပေါ်၍ သူမ စိတ်အေးသွားရသည်။
လုံယန်သည် သူ့ရှေ့သို့ ချထားသော ဝူဟောက်မင်၏ ခွက်ကို ကြည့်သော်လည်း မယူလိုက်ပေ။
သူ ပြောကာ လုလျန့်ဝေ ထားထားသော ပန်းကန်လုံးကို ယူ၍ မော့ချလိုက်သည်။
ဝူဟောင်မင် အံ့အားသင့်သွားသော်လည်း ပြန်သတိဝင်လာ၍ ရယ်မောလိုက်သည်။
“မင်းကြီး အရမ်းပွင့်လင်းတာပဲ။ပန်းကန်လုံးနဲ့သောက်တာလည်း သိပ်မပျော်ရဘူး။ဒါဆို ကျွန်တော်တို့...”
ဝိုင်နှစ်စည်ကို ယူ၍ တစ်စည်ကို လုံယန်၏ အရှေ့တွင် ချလိုက်သည်။
“ဝိုင်ဆိုတာ ပါးစပ်အပြည့်မော့မှ ပျော်စရာကောင်းတာ မဟုတ်လား မင်းကြီး”
ထို့အပြုအမူကြောင့် အားလုံးမှာ ဝူဟောက်မင် ရည်ရွယ်ချက်ကို နားလည်သွားသည်။မင်းကြီးနှင့် သောက်ရန် ရည်ရွယ်ထားသည်မဟုတ်ပဲ မင်းကြီးအား လူအများ အာရုံစိုက်စေလို၍ ဖြစ်သည်။
ထိုသူသည် တော်တော်ရဲတင်းလှသည်ပင်။မင်းကြီး အမျက်တော်ရှမှာကို မစိုးရိမ်ဘူးလား မသိဘူး။
လုလျန့်ဝေ ဝူဟောက်မင်အား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ဘုရင်ကို ဘာလို့ ဒီလို ပြုမူနေတာလဲ။
လင်းလီဟွားလည်း မျက်မှောင်ကြုတ်လိုက်သည်။ဝူဟောက်မင်အား ရပ်တန့်ရန် ပြင်စဥ်တွင် လုံယန်က ထရပ်ကာ စည်မှ ရွှံ့စည်းများကို ဖယ်ရှားလိုက်သည်။
“လူကြီးမင်းဝူက ပျော်ရွှင်နေတယ်ဆိုတော့ ကိုယ်တော်လည်း ပျော်ပေးရမှာပေါ့”
သူသည် ပြော၍ ဝိုင်စည်ပိုင်းကို ယူကာ ခေါင်းမော့၍ သောက်လိုက်တော့သည်။
လုလျန့်ဝေ မျက်မှောင်ကြုတ်လိုက်သည်။ မင်းကြီးအား သူမ တားလိုသော်လည်း နောက်ကျသွားပြီ ဖြစ်သည်။
မင်းကြီး ယခု ကျန်းမာနေသော်လည်း ထိုကဲ့သို့ သောက်စားနေပါက ကျန်းမာရေးထိခိုက်နိုင်သည်။
ဝူဟောက်မင်မှာ ထိုအရာကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာ ချီုးကျူးနေလေသည်။
ထိုသို့ပြော၍ သူလည်း ဝိုင်စည်ပိုင်းကို ယူကာ မင်းကြီးနောက်မှ အမှီလိုက်သောက်သည်။
ကျောက်ချန် နှုတ်ခမ်းတွန့်သွားသည်။ဒီလူ မိန်းကလေးတွေကို ပိုးတဲ့နည်းက ပိုလိမ္မာလာတာပါလား။
လင်ချင်းယွမ်သည် ချူယိအား ထူးဆန်းသလို ကြည့်ကာ ပြောလိုက်သည်။
ချူယိ သူသောက်နေသော ဝိုင်အား ထွေးထုတ်မတတ်ဖြစ်သွားသည်။