← Chapters

ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ

Vol. 19 Ch. 260

ချန်ကျဲ့: ဖုန်းစန်း ငါမင်းကို အခွင့်အရေးပေးထားတာတောင် မင်းက အသုံးမကျဘူးပဲ

Vol. 19 Ch. 260

နန်ရေကန်သည် မျန့်ရွှေစီရင်စု၏ မြောက်ပိုင်းတွင် တည်ရှိသည့် ရေကန်ငယ်လေးတစ်ခုဖြစ်ကာ ပုံမှန်ရေကန်များထက် ဆားငန်ဓာတ်များပြားပြီး ငါးများမှာလည်း အနည်းငယ်သာလျှင် ရှင်သန်နိုင်ကြသည်။

သို့ဖြစ်သောကြောင့် ဒေသခံများသည် ၎င်းရေကန်အား အသက်ရှင်ရန်ခက်ခဲသည်ဟု ရည်ညွှန်း၍ “ရှင်သန်ရေးခက်ခဲသည့် ရေကန်”ဟု ခေါ်ကြသည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ နန်ရေကန်ဟု အမည်ကျော်ကြားလာခဲ့သည်။

သို့သော် သူဖုန်းစားဂိုဏ်းသည် ထိုနယ်မြေကို ထိန်းချုပ်လိုက်ပြီးနောက်၌ ထိုဆားငန်လွန်ကဲသည့် ရေကန်မှ ဆားထုတ်လုပ်နိုင်ခြင်းကို ရှာဖွေတွေ့ရှိသွားပြီးနောက်တွင် ဖုန်းရွှေကောင်းသည့်ရတနာသိုက်တစ်ခု ဖြစ်လာခဲ့သည်။

သူတို့သည် ကျက်တီးမြေကို တစ်နှစ်တာထွက်ကုန်များဖြင့် ချမ်းသာကြွယ်ဝမှုထုတ်လုပ်ရေးနယ်မြေအဖြစ် ပြောင်းလဲလိုက်ပြီး ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့၏ သီးသန့်ဆားရောင်းဝယ်ကုန်သွယ်ရေး၌ လက်ဝါးကြီးအုပ်မှုကို စိန်ခေါ်နိုင်ခဲ့သည်။

သို့ဖြင့် ဤနယ်မြေသည် လှုပ်လှုပ်ရှားရှား စည်ကားလာခဲ့သည်။

…

လက်ရှိတွင်တော့ နန်ရေကန်သည် သူမတူထူးကဲစွာ စည်ကားနေလေပြီ။ ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမနှင့် သူဖုန်းစားဂိုဏ်းသည် ဤနေရာအတွက် သိုင်းပညာပြိုင်ပွဲကျင်းပတော့ပေမည်။ ထိုသတင်းသည် မျန့်ရွှေစီရင်စုတစ်ခွင် ပျံ့နှံါသွားခဲ့သည်မှာ စီရင်စုအုပ်ချုပ်မှူးအိမ်တော်မှ လမ်းကြားထဲရှိ လူမိုက်များအထိ လှုပ်လှုပ်ရှားရှား‌ဖြစ်စေခဲ့သည်။

ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့တို့ နယ်မြေလွှမ်းမိုးချုပ်ကိုင်မှုအတွက် တိုက်ခိုက်ခဲ့ကြပြီး မျန့်ရွှေစီရင်စုကို သွေးချောင်းစီးစေခဲ့သည့် လွန်ခဲ့သည့်၁၀နှစ်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို သူတို့အားလုံး မှတ်မိသေးသည်။

လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး နောက်ဆုံးတွင်တော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ဦးစီး၍ မျန့်ရွှေစီရင်စု၏ ထင်ရှားသော သိုင်းလောကသားများအားလုံးပါဝင်သည့် ပြိုင်ပွဲကြီးကို ကျင်းပခဲ့သည်။

၎င်းတိုက်ပွဲအတွင်း၌ မျန့်ရွှေစီရင်စုသည် အစောင့်အရှောက်ကြီး၁၃ဦး ပထမဆုံးမျိုးဆက် ပေါ်ထွက်လာခြင်းကို မြင်တွေ့ခဲ့ရသည်။

သေချာပေါက်ပင် လွန်ခဲ့သည့်၁၀နှစ်ကျော်အတွင်း၌ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တတိယသခင်‌မလေးဟွား ဆီကုန်သည်တို့ကဲ့သို့ အဖွဲ့ဝင်အချို့သည် လူစားထိုးခဲ့ပြီးဖြစ်လေသည်။

အဖိုးကြီးသေဆုံးပြီးနောက်၌ သူ၏ဂုဏ်ပုဒ်ကို တတိယသခင်မလေးဟွားမှ လက်ဆင့်ကမ်း အမွေဆက်ခံခဲ့သည်။ သို့သော်ငြား ထိုသို့အသေးစိတ်များသည် အရေးမကြီးပေ။

အရေးပါသည့်အချက်မှာ ၎င်းတိုက်ပွဲသည် မျန့်ရွှေစီရင်စုဒေသခံများ၏ စိတ်ထဲတွင် ထင်ရှားသည့် မှတ်ဉာဏ်အဖြစ် ကျန်ရစ်နေခဲ့သည်။

၎င်းတိုက်ပွဲ၌ ချောင်ကုန်သည်အဖွဲ့သား၃ယောက်နှင့် ငါးဖမ်းကုန်သည်အဖွဲ့သား၄ယောက်တို့ အစောင့်အရှောက်ကြီး၁၃ဦးထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်အဖြစ် ထိုကုန်သည်အဖွဲ့နှစ်ခုထဲမှ သုံးယောက်နှင့် အထက်ကို ရွေးချယ်ပေးခြင်းဖြင့် ၎င်းကုန်သည်အဖွဲ့နှစ်ဖွဲ့ကို အဓိက အင်အားစုအဖွဲ့အစည်းများဖြစ်စေခဲ့သည်။

၁၀နှစ်ကြာပြီးနောက်၌ ၎င်းကုန်သည်အဖွဲ့နှစ်ခုသည် ပုံမှန် ဖွံ့ဖြိုးကြီးပွား‌ေနခဲ့သည်။ ယခုတွင်တော့ မမျှော်လင့်စွာဖြင့် ၎င်းကုန်သည်အဖွဲ့နှစ်ဖွဲ့ကို စိန်ခေါ်လာခဲ့လေသည်။

ဤသို့ကြီးကျယ်ခမ်းနားလှသည့် အဖြစ်အပျက်ကြီးကို မည်သို့မျှ မလွဲချော်သင့်ပါချေ။

မနက်စောစော၌ နန်ရေကန်တွင် လူများ စုဝေးနေခဲ့ပြီဖြစ်သည်။ စင်မြင့်တစ်ခုလည်း တည်ဆောက်ထား၏။

လူအုပ်စုကြီးမှာ များသောားဖြင့် မျန့်ရွှေစီရင်စုရှိ အဖွဲ့အစည်းများစွာ၏အဖွဲ့သားများဖြစ်ကြပြီး အားလုံးမှာ လှုပ်လှုပ်ရှားရှား ‌ဆွေးနွေးပြောဆိုနေကြသည်။

“ဟေး မင်းတို့ကြားပြီးကြပြီလား။ ဒီတစ်ခေါက်တော့ သူဖုန်းစားဂိုဏ်းက တကယ့်ကိုအထင်ကြီးလောက်စရာပဲ။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျားဖြူခန်းမကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး သူဖုန်းစားအိုကြီးက ဖန်းရှစ်ကျုံးကို အနိုင်တိုက်နိုင်ခဲ့တယ်တဲ့။ လက်ဝါးရိုက်ချက်တစ်ချက်တည်းနဲ့ သွေးအန်အောင် လုပ်နိုင်ခဲ့တာတဲ့နော်။ ဖန်းရှစ်ကျုံးရဲ့ မွေးစားသားလေးယောက်ကလည်း တစ်ယောက်သေပြီး သုံးယောက်က အပြင်းအထန်ဒဏ်ရာရထားတယ်တဲ့”

“မွေးစားသားလေးယောက်ထဲက တစ်ယောက်သေသွားတယ်တဲ့လား။ ဘယ်သူလဲ”

“ဘယ်သူဖြစ်ရမလဲ.. ဝတ်ရုံဖြူစာပေပညာရှင် တန်းကွမ်းမင်ပေါ့!”

“အာ သူတကယ်ကြီး သေသွားပြီလား။ ဒါနဲ့ သူဖုန်းစားအိုကြီးက ဖန်းရှစ်ကျုံးကို လက်ဝါးတစ်ချက်နဲ့ သွေးအန်စေနိုင်လောက်အောင် ဘယ်တုန်းကများ အဲ့လောက်အထိ အရမ်းတွေ အင်အားကြီးမားသွားရတာလဲ။ ဖန်းရှစ်ကျုံးက သာမညောင်ည‌လူလေး မဟုတ်ဘူးနော်။ လွန်ခဲ့တဲ့၁၀နှစ်ကတည်းက အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် ဖြစ်ခဲ့တဲ့သူပဲ။ သူ အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင် မဖြစ်ခင်က ဖန်းရှစ်ကျုံးရဲ့သိုင်းလောကနာမည်ကို မင်းတို့မှတ်မိကြသေးလား။ သံမဏိလက်ဝါးကွ!”

“ဖန်းရှစ်ကျုံးက သူ့ရဲ့အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး အရှိန်အဝါကြီးမားတဲ့လက်ဝါးသိုင်းကြောင့် အမည်ကျော်ကြားလာခဲ့တာ။ အရင် အစောင့်အရှောက်ကြီး၁၃ဦးရဲ့ နံပါတ်တစ်အဆင့် မြောက်ပိုင်းဘုရင်တောင်မှ ဖန်းရှစ်ကျုံးကို လက်ဝါးတစ်ချက်နဲ့ ထိခိုက်စေနိုင်မယ်လို့ အတပ်ပြောရဲမှာ မဟုတ်ဘူး။ ဘယ်လိုလုပ်ပြီး ဒီသူဖုန်းစားအိုကြီးက မြောင်ပိုင်းဘုရင်ထက် ပိုပြီး အင်အားကြီးမားသွားရတာလဲ။ တကယ်ပဲ မင်းပြောတဲ့အတိုင်းသာမှန်ရင် အခု တောင်ပိုင်းသူဖုန်းစားနဲ့ မြောက်ပိုင်းဘုရင်လို့ ခေါ်သင့်ပြီမဟုတ်ဘူးလား။ မင်း‌ရော ဘယ်လိုထင်လဲ”

“မင်းက ဘာသိလို့လဲ။ အခု သူဖုန်းစားအိုကြီးက အရင်ကနဲ့ အတူတူပဲထင်နေလား”

“ဘာကွာခြားလို့တုန်း”

“ဘာကွာခြားလို့လဲတဲ့။ မင်း သိုင်းလောကမှာ ပျံ့နေတဲ့ ကောလာဟလတွေကို မကြားဘူးလား။ အခု သူဖုန်းစားအိုကြီးက အရင်လို မဟုတ်တော့ဘူး။ သူ လေ့ကျင့်နေတာ ဘာသိုင်းပညာလဲ မင်းသိလား”

“ဘာသိုင်းလဲ”

“နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်!”

“ဘာ!! ချန်စုန့်ရဲ့ နဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်လား!”

“ဟုတ်တယ်၊ အဲဒီနဂါးနိုင်လက်ဝါးသိုင်း၁၇ကွက်ပဲ။ အခု မျန့်ရွှေစီရင်စုတစ်ခုလုံး အံ့ဩနေကြတာ။ စီရင်စုအုပ်ချုပ်ရေးမှူးတောင်မှ အဲဒီအကြောင်းကို စုံစမ်းခဲ့သေးတယ်ဆိုပဲ”

“ဘုရားရေ.. မင်းပြောသလိုသာဆိုရင် ဒီတစ်ကြိမ်မှာ ကျားဖြူခန်းမက အနိုင်ရနိုင်ပါဦးမလား”

“ဒီပြိုင်ပွဲက အဲဒါနဲ့ ဘာဆိုင်လို့တုန်း? ဒီပြိုင်ပွဲက စွမ်းအင်ပြောင်းလဲခြင်းအဆင့်အောက် သိုင်းပညာရှင်တွေအတွက် ပြိုင်ပွဲပဲ။ ကျားဖြူခန်းမမှာ မွေးစားသားလေး‌ေယာက်ရှိပေမဲ့ သူဖုန်းစားဂိုဏ်းမှာတော့ ယှဉ်နိုင်မယ့်သူ မရှိဘူးလေ”

“ဒီကမိတ်ဆွေ၊ မင်းက အခုမှ ရောက်လာတာဖြစ်မယ်ထင်တယ်။ မင်း မကြားလိုက်ဘူးလား။ ဖန်းရှစ်ကျုံးရဲ့ မွေးစားသား‌သုံးယောက်က အပြင်းအထန် ဒဏ်ရာရထားပြီး တစ်ယောက်သေသွားတယ်လို့။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ မွေးစားသားလေးယောက်စလုံး မပါဝင်နိုင်တော့ဘူး”

“ဘာ? မွေးစားသားလေးယောက်စလုံး မပါဝင်နိုင်ဘူးလား။ အဲဒါဆို ကျားဖြူခန်းမက ဘာနဲ့ ယှဉ်ပြိုင်မှာလဲ။ သူတို့မှာ အရည်အချင်းပြည့်မှီတဲ့သူ ကျန်သေးရဲ့လား”

“ဟုတ်ပ။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ဘယ်သူတွေက ကျားဖြူခန်းမရဲ့ကိုယ်စားပြုအဖြစ် ဝင်ပြိုင်ကြမှာများလဲ”

“ငါကြား‌တာတော့ ချန်ကျိုစစ်နဲ့ ကျိုးချူ ဝင်ပြိုင်မှာတဲ့”

“သူတို့က ဘယ်သူတွေလဲ။ တစ်ခါမှ မကြားဖူးဘူး”

“ငါ ကျိုးချူကိုတော့ သိတယ်။ သူက ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း အကြီးအကဲစွင်းရဲ့သားမက်ပဲ။ ဘာမှသုံးစားမရတဲ့ အမှိုက်ကောင်ပေါ့။ ချန်ကျိုစစ်ကတော့ ကြည့်ရတာ မကြာသေးခင်ကမှ အမှောင်စွမ်းအင်အဆင့်ကို ရောက်ထားတဲ့ ရှန်းထောင်မြို့က တောသား‌တစ်ယောက်ဖြစ်လိမ့်မယ်ထင်တယ်”

“မကြာခင်ကမှ အမှောင်စွမ်းအင်အဆင့်ရောက်တာကို ပြိုင်ပွဲဝင်ပြိုင်မလို့လား”

“ကျားဖြူခန်းမမှာ လူမရှိတော့ ဘယ်သူဖြစ်ဖြစ် ရနိုင်တဲ့သူပဲ ခြစ်ကုတ်ထုတ်ရတော့တာပေါ့။ ကျုပ်မှာတော့ နဂါးနဲ့ကျားရဲ့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ အခုကြည့်ရတာတော့ ဟာသပြဇာတ်ကြီး ဖြစ်တော့မယ်ထင်တယ်။ ကျားဖြူခန်းမတော့ ဒီတစ်ကြိမ် အဆုံးသတ်ပြီပဲ”

“ဟုတ်တယ်၊ သူဖုန်းစားဂိုဏ်းက ကျားဖြူခန်းမရဲ့ အလောင်းပေါ်နင်းပြီး အမြင့်ကို တက်တော့မယ့်ပုံပဲ။ ချန်ကျိုစစ်နဲ့ ကျိုးချူတဲ့။ သူတို့နာမည်ကြားတာနဲ့တင် အသုံးမကျတဲ့ကောင်တွေမှန်း အတပ်ပြောနိုင်တယ်”

“ရှူး တိတ်တိတ်နေ၊ တစ်ယောက်ယောက်လာနေပြီ”

…

ပွဲကြည့်ပရိသတ်များသည် မရပ်မနား ‌‌‌ဆွေးနွေးပြောဆိုနေကြသည်။ သူတို့သိထားသည့် အချက်အလက်များကို ပေါင်းစည်း၍ ရလဒ်ကို ခန့်မှန်းနေကြသည်။ အချို့မှာ အလောင်းအစားများပင် စတင်ပြုလုပ်ကုန်ကြလေသည်။

ထိုစဉ် အသံတစ်သံသည် ဆူညံသံများအား ကြားဝင်နှောင့်ယှက်လိုက်ပြီး ပြိုင်ပွဲနေရာသို့ လူတစ်စု ဝင်ရောက်လာခဲ့သည်။

“သူဖုန်းစားဂိုဏ်းပဲ!”

သူဖုန်းစားတစ်အုပ်သည် ရှေ့သို့လျှောက်လာနေသည်။ ကြံ့ခိုင်သန်မာသည့် သူဖုန်းစားနှစ်ဦးမှ ထမ်းရွက်လာသည့် ဝါးထမ်းစင်ထက်တွင်မူ သူဖုန်းစားအိုကြီး စီးနင်းလိုက်ပါလာပေသည်။

All Chapters