← Chapters

မဟာတာအိုအင်မော်တယ်

Vol. 21 Ch. 301

မဟာတာအိုအင်မော်တယ်

Vol. 21 Ch. 301

"ကြယ်ရွှေ့ပြောင်းခြင်း"

ချီမင်သည် မျက်လုံးပွင့်လာ‌တော့၏။သူက ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်၏ ပုံမှန်မဟုတ်မှုကို အာရုံခံမိလိုက်သည်။သူက ညာဘက်လက်ကိုဝေ့ယမ်းကာ အင်မော်တယ်ဓမ္မစွမ်းအားကို လည်ပတ်လိုက်သည်။သူက ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်၏အံ့ဖွယ်စွမ်းအားကို သုံးလိုက်တော့ အံ့ဖွယ်စွမ်းအားကတဟုန်ထိုးမြင့်တက်လာ၏။

စွမ်းအားနှစ်ခုက ပေါင်းစပ်သွားပြီး ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်၏အက်ရာများကို ပြင်ဆင် ပေးလိုက်သည်။ထို့ပြင် ပေါင်းစပ်စွမ်းအားနှစ်ခု၏အကျိုးသက်ရောက်မှုက ပိုပြီးသန်မာ၏။

ထိုအရာ ချီမင်၏ကျင့်ကြံခြင်းထူးခြားဖြစ်စဉ်နှင့် အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်သည်။ထွက်ပေါ်လာသည့်အရှိန်အဝါကို ပိတ်ကာထားလိုက်ပြီး ကောင်းကင်၌ထူးခြားဖြစ်စဉ်လည်း ပျောက်ကွယ်သွားတော့၏။

‌သဲလွန်စမရှိတော့ ခြေရာခံရန်ခက်ခဲသွားတော့သည်။

"ဘာဖြစ်သွားတာလဲ။"

"ဘာလို့ ရုတ်တရက်ကြီး ပျောက်သွားတာလဲ။"

"ဒါက..."

"ငါမတွက်ချက်နိုင်တော့ဘူး။အင်အားတစ်ခုက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်သွားတယ်။ငါ မြူခိုးတွေကိုပဲတွက်ချက်မိတယ်။ကျိလိန်အင်မော်တယ်တောင်ထဲမှာရှိတယ်ဆိုတာပဲ အတည်ပြုလို့ရတယ်။"

“…”

ရှေးဟောင်းအင်မော်တယ်မြို့တော်၏နယ်မြေထဲတွင်

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းသည် အသန်မာဆုံးဖြစ်ပြီး ပထမတန်းစားဖြစ်၏။‌မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်အနည်းငယ်ရှိပြီး အလွန်အမင်းစွမ်းအားကြီးသည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအပြင် ပထမတန်းစားဂိုဏ်းအနည်းငယ်လည်းရှိပေမယ့် ထိုဂိုဏ်းနှင့်တော့ ယှဉ်၍မရပေ။ရွှေအင်မော်တယ်အဆင့်လူများဦးဆောင်သည့် ဒုတိယတန်းစားဂိုဏ်းများလည်းရှိသည်။

ချီမင်က ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို တပ်ဆင်ထားခဲ့သည်။မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်ကြောင့် ရွှေအင်မော်တယ်အဆင့်များနှင့်သူ့အထက်အဆင့်ကသာ ကောင်းကင်လျှို့ဝှက်ချက်နှင့်သတင်းအချက်အလက်များကို တွက်ချက်နိုင်သည်။

ရွှေအင်မော်တယ်အဆင့်အောက်များကတော့ ဘာမှကို တွက်ချက်နိုင်မည်မဟုတ်ပေ။ကောင်းကင်လုပ်ဆောင်မှုထံမှတောင် ဝါးမြိုခံရနိုင်သည်။

အချိန်တိုအတွင်းမှာ ‌သတင်းများ ပျံ့နှံ့သွားသည်။

သုံးရက်ကြာပြီးနောက် အင်မော်တယ်၊ပြီးပြည့်စုံခြင်းအင်မော်တယ်နှင့် ဆန်းကြယ်အင်မော်တယ်အဆင့်များပင် ကျိလိန်တောင်တန်းသို့ ဝင်ရောက်လာကြ၏။ဂိုဏ်းအသီးသီးက သူတို့တပည့်များကို အခြေအနေစုံစမ်းရန်စေလွှတ်လိုက်သည်။

မဟာဆန်းကြယ်အင်မော််တယ်များတောင် အရိပ်ထဲတွင် ပုန်းအောင်းနေကြ၏။

ရွှေအင်မော်တယ်အဆင့်တစ်‌ယောက်မှတော့ မလာပေ။

ကောင်းကင်နှင့်မြေကြီးထူးခြာဖြစ်စဉ်က ကျယ်ပြန့်ပေမယ့် ရွှေအင်မော်တယ်အဆင့်ကိုတော့ မဆွဲဆောင်နိုင်ပေ။မဟာဆန်းကြယ်အင်မော်တယ်များပါဝင်လာသည်ကပင် အံ့ဩစရာကောင်းနေ၏။

အင်မော်တယ်များအတွက်တော့ ‌အင်မော်တယ်အစောပိုင်းအဆင့်များ၌ အဆုံးမဲ့ဘဝသက်တမ်းရှိသည်။သူတို့တွင် မိုးမြေနှင့်ညီမျှသည့်သက်တမ်းမျိုးရှိပြီး နေနှင့်လကဲ့သို့ ထွန်းလင်းတောက်ပစွာနေနိုင်သည်။

အင်မော််တယ်အဆင့်တွင်တော့ ဘယ်အဆင့်က အင်မော်တယ်ဖြစ်စေ ကံကြမ္မာနှင့်ကုသိုလ်ကုန်ဆုံးသွားပါက ကောင်းကင်လူသားကျဆင်းခြင်းငါးမျိုးဖြစ်ကာ ဝိညာဉ်ပျောက်ကွယ်သွားကြရ၏။

ကုသိုလ်တရား အဆုံးသတ်သွားပါက ဘာဖြစ်သွားနိုင်လဲ။

ကံကြမ္မာသည် ကောင်းမွန်သည့်အကြောင်းတရားဖြစ်ပြီး ကုသိုလ်က ကောင်းသောအလုပ်ဖြစ်၏။

ဥပမာအနေဖြင့် မွေးဖွားလာသည့်အခိုက်တွင် သက်ရှိတိုင်းတွင် ကံတရားနှင့်ကောင်းချီးတို့ပါရှိလာတတ်သည်။ သက်ရှိတိုင်းအတွက် လှုပ်ရှားမှုတိုင်းက မတူညီသည့်ပြောင်းလဲမှုများကို ယူဆောင်လာပေးသည်။မိုးမြေထံသို့ ကမ္ဘာကြီးထံသို့ သက်ရှိများထံသို့ ပြောင်းလဲမှုများ ယူဆောင်ပေးသည်။ပြောင်းလဲမှုတိုင်းက ကောင်းတာရော ဆိုးတာရောရှိ ပေသည်။

ကောင်းကင်တာအိုက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် လည်ပတ်သည်။ ကောင်းကင်တာအိုကမျှတပြီး အရာအာလုံးက ညီမျှသည်။ကောင်းကင်တာအိုက ခံစားချက်မဲ့ပြီး အရာအားလုံးကိုညီမျှစွာသာဆက်ဆံသည်။‌ကောင်းကင်တာအိုက ကိုယ်ကျိုးဆန္ဒကင်းမဲ့စွာ သက်ရှိအားလုံးကို ရှင်သန်ရန်အခွင့်အရေးပေး၏။

ကိစ္စအားလုံးတွင်တော့ ကံတရားနှင့်ကောင်းချီးများ ကုန်ခမ်းသွားမည့်နေ့သို့ ရောက်လာမည်ဖြစ်သည်။ထိုအချိန်ကျရင် ကောင်းကင်လူသားကျဆင်းခြင်းငါးပါး သက်ဆင်းလာပေလိမ့်မည်။

ထို့နောက်ကုသိုလ်တရားက....

ကုသိုလ်က ကောင်းကင်တာအိုမှ ကောင်းမှုလုပ်သည့်သက်ရှိများကို ပေးအပ်သည့်ကောင်းကျိုးဖြစ်သည်။ကုသိုလ်က သက်ရှိအားလုံးအတွက် အကျိုးရှိပြီး ကကြွေးများနှင့်အကုသိုလ်များကို ဆေးကြောပစ်နိုင်သည်။ထိုအရာက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုတောင် ခုခံနိုင်ပြီး ကံကြမ္မာကောင်းချီးကို ရရှိစေသည်။

တစ်နည်းဆိုသော်...

ကုသိုလ်သာ လုံလောက်နေသရွေ့ သူက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ဘယ်တော့မှကြောက်ရွံ့နေရန်မလိုအပ်ပေ။သူက ကံကြံမ္မာကောင်းချီးကိုတောင် တိုးချဲ့နိုင်သေးသည်။

ထိုသို့ဖြင့် အထက်ကမ္ဘာတွင် ဂိုဏ်းအဖွဲ့အစည်း၊မျိုးနွယ်များ၏သက်ရှိအားလုံးမှာ ရင်းမြစ်များစွာအတွက်ယှဉ်ပြိုင်ရသည့်အပြင် မိုးမြေကံကြမ္မာကောင်းချီးနှင့် ကောင်းကင်တာအိုကုသိုလ်အတွက်လည်း ပြိုင်ဆိုင်ရသည်။

ကံကြမ္မာကောင်းချီးက လျော့နည်းသွားပြီးကုသိုလ်ကုန်ဆုံးသွားရင်တော့ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးဖြင့်ကြုံတွေ့ရမည်ဖြစ်သည်။

ကျိလိန်တောင်တန်းတွင်တော့

ထိုအချိန်တွင် ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်တွင်...

ကောင်းကင်အင်မော်တယ်ဂူစံအိမ်...

"ငါ ပထမအထက်ကမ္ဘာကို တက်လှမ်းလာတာနှစ်တစ်ရာကြာပြီ‌။နောက်ဆုံးတော့ အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ။"

ချီမင်က မျက်လုံးဖွင့်လိုက်သည်။သူ့ကိုယ်ပေါ်က အရှိန်အဝါက ပျောက်ကွယ်သွားပြီး မူလအခြေအနေသို့ ပြန်ရောက်သွားသည်။သူ့ကျင့်ကြံခြင်းအဆင့်ကို စစ်ဆေးရန်ခက်ခဲသွား၏။သူက ကျင့်ကြံခြင်းအဆင့်တည်ငြိမ်အောင်လုပ်လိုက်သည်။"အခု ငါအသွင်ပြောင်းတာ ပြီးသွားပြီ။ငါ့ခန္ဓာကိုယ်၊ဝိညာဉ်၊အနှစ်သာရဝိညာဉ်နဲ့စစ်မှန်ဝိညာဉ်တွေအကုန်လုံးက မဟာတာအိုအင်မော်တယ်အဆင့်ရောက်သွားပြီ။ကောင်းကင်နဲ့မြေကြီးမဟာတာအိုရဲ့ကာကွယ်ပေးမှုအောက်မှာ ငါ့ဘဝသက်တမ်းက အ‌ဆုံးမဲ့ပဲ။ငါအခူ ထာဝရရှင်သန်နိုင်ပြီး မသေမျိုးဖြစ်သွားပြီ။"

"ငါ ဆန္ဒရှိသလောက်နေသွားလို့ရပြီ။ငါ အထက်ကမ္ဘာရဲ့တစ်နေရာရာမှာ ပုန်းပြီး ထာဝရအသက်နဲ့နေလို့ရတယ်။ငါက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုလည်း ကြောက်စရာမလိုဘူး။"

"ငါက မဟာတာအိုကိုကျင့်ကြံတယ်။အဲ့တာကြောင့် ကံကြမ္မာက ငါ့ကိုမသက်ရောက်ဘူး။ငါက ကောင်းချီးတွေကုန်သွားမှာလည်း စိတ်ပူစရာမလိုသလို ကုသိုလ်မလုံလောက်မှာလည်း မကြောက်ရဘူး။"

"မဟာတာအိုက ဖျက်ဆီးမခံရသရွေ့ ငါဘယ်‌တော့မှမသေနိုင်တော့ဘူး။"

ချီမင်၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားသည်။သူက အဆင့်တက်သွားပြီးတော့ ကောင်းကင်နှင့်မြေကြီးမဟာတာအိုအဝင်ဝသို့ အမှန်တကယ်ခြေချနိုင်ခဲ့ပြီဖြစ်သည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ ကိုယ်စားပြုသူဟုယူဆနိုင်သည်။

ချီမင်သည် လက်ဝေ့ယမ်းကာ ကြယ်ရွှေ့ပြောင်းခြင်းမဟာအစီအရင်ကို အသက်သွင်းလိုက်၏။ထို့ပြင် အစီအရင်က တိုးတက်ဖို့အလားအလာရှိသွားပြီး နောက်ထပ်ချဲ့ထွင် တွက်ချက်လို့ရသွားသည်။

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့အမြင့်‌ဆုံးမြှင့်တင်မှုက အဆသန်းတစ်သိန်းကနေ တစ်ထရီလီယန်အထိ တိုးတက်သွားပါပြီ။"

…

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားသောကြောင့် အသွင်ပြောင်းခြင်းပြီးဆုံးသွားပါပြီ။သင့်ရဲ့အနှစ်သာရက မသေနိုင် မဖျက်ဆီးနိုင်သည့်အဆင့်သို့ရောက်သွားပါပြီ။ဝိညာဉ်ကျောက်တုံးများကို အလိုအလျောက်ကျင့်ကြံခြင်းစနစ်တွင် မြှင့်တင်ရန်သုံးစွဲ၍မရတော့ပါ။မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်လိုအပ်ပါတယ်။"

…

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းတွက်ချက်မှုစနစ်ရဲ့ အမြင့်ဆုံးမြှင့်တင်မှုအခြေအနေက အဆသန်းတစ်သိန်းကနေ အဆတစ်ထရီလီယန်ထိ တိုးမြှင့်သွားပါပြီ။"

…

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်သို့တိုးတက်ပြီး ပြောင်းလဲသွားပါပြီ။သင့်ရဲ့အနှစ်သာရအသက်စွမ်းအားက မကုန်နိုင် မဖျက်ဆီးနိုင်သည့် အဆင့်သို့ရောက်ရှိသွားပါပြီ။ဝိညာဉ်ကျောက်တုံးကိုသုံးပြီး အလိုအလျောက်ကျင့်ကြံခြင်း တွက်ချက်ခြင်းစနစ်တွင် မြှင့်တင်၍မရပါ။မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် လိုအပ်ပါတယ်။"

…

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အစောပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။အင်မော်တယ်အဆင့်ဂိမ်းမြေအောက်စခန်းသစ်:ကောင်းကင်အင်မော်တယ်စစ်မှန်ဂိုဏ်းမှ ရရှိမည့်ဆုလာဘ်များလျော့ကျသွားပါပြီ။သင် အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် (၁၀)ဘီလီယံ ကိုထည့်သွင်းပြီး ဂိမ်းမြေအောက်စခန်းအသစ်ကို ပွင့်နိုင်သွားပါပြီ။"

…

ချက်ချင်းဆိုသလိုပဲ ချီမင်က အသိပေးချက်အတော်များများကို လက်ခံရလိုက်သည်။

"အင်မော်တယ်သလင်းကျောက်သုံးတဲ့နှုန်းက တော်တော်များတာပဲ"

ချီမင်က ခဏလောက်စဉ်းစားလိုက်မိသည်။"ဝိညာဉ်ကျောက်တုံးတွေက အသုံးမဝင်တော့ဘူး။"

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။သင် မဟာတာအိုပန်းသုံးပွင့်ကို သိပ်သည်းလိုက်သောကြောင့် ပန်းသုံးပွင့်က ထိပ်မှာစုစည်းလာပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သင့်တစ်ကိုယ်လုံးထဲတွင် ပြောင်းလဲသွားပါပြီ။သင့်ရဲ့အရည်အချင်းက ကြီးမားစွာတိုးတက်သွားပါပြီ။"

"ဓာတ်ငါးပါးစိတ်ဝိညာဉ်အမြစ်မှ ဓာတ်ငါးပါးအင်မော်တယ်အမြစ်သို့ တိုးတက်သွားပါတယ်။"

"ဖရိုဖရဲမြင့်မြတ်ခန္ဓာမှ ဖရိုဖရဲဥပဒေသခန္ဓာအဖြစ်တိုးမြင့်သွားပါပြီ။"

"သင့်ရဲ့နားလည်နိုင်စွမ်းက ပြိုင်ဘက်ကင်းအဆင့်မှ တာအိုဉာဏ်အလင်းအဆင့်သို့တိုးတက်သွားပါပြီ။"

"သင့်ရဲ့အခြေခံက စစ်မှန်နဂါးအဆင့်မှ သန့်စင်မှုအဆင့်သို့ တက်သွားပါပြီ။"

"သင့်ကို ကောင်းကင်နှင့်မြေကြီးမဟာတာအိုမှ ကာကွယ်ပေးထားသောကြောင့် ကံကြမ္မာ၏သက်ရောက်မှုကို မခံရတော့ပါ။"

အသိပေးချက်တစ်ခု ပေါ်လာသည်။

ချီမင်က တီးတိုးဆိုလိုက်သည်။"ဒီလိုဆိုရင် အထက်ကမ္ဘာမှာ စိတ်ဝိညာဉ်အမြစ်ရဲ့အထက်မှာ အင်မော်တယ်အမြစ်၊မြင့်မြတ်ခန္ဓာရဲ့အထက်မှာ ဥပဒေသခန္ဓာ၊ပြိုင်ဘက်ကင်းရဲ့အထက်မှာ တာအိုဉာဏ်အလင်းနဲ့စစ်မှန်နဂါးအထက်မှာ သန့်စင်မှုပဲ။"

ဖရိုဖရဲဥပဒေသခန္ဓာက ချီမင်ကို များစွာမတိုးတက်သွားစေပေ။နောက်ဆုံးတော့ သူက မဟာတာအိုကိုကျင့်ကြံပြီး နားလည်ထားသူဖြစ်သည်။သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ကျင့်ကြံရင်းတိုးတက်လာတာဖြစ်သည်။ဥပဒေသစွမ်းအားက သန်မာပေမယ့် ချီမင်ကိုတော့ များစွာမတိုးတက်စေပေ။

ဘာပဲဖြစ်ဖြစ်အရည်အချင်း တိုးတက်မှုက ချီမင်ကို သက်ဆိုင်ရာ ပြောင်းလဲမှုများတော့ ဖြစ်ပေါ်စေသေးသည်။

တင်း!

"ဂုဏ်ပြုပါတယ် လက်ခံသူ။ သင့်ရဲ့ အရည်အချင်းများ တိုးတက်လာပါတယ်။အလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့တွက်ချက်ခြင်းစနစ်တို့ကို ဆယ်ဆမြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် တစ်တုံးကျသင့်ပါတယ်။"

အသိပေးချက်တစ်ခု တက်လာသည်။

ချီမင်သုံးစွဲရမည့်အရင်းအမြစ်က ဆယ်ဆလျော့ကျသွားတာဖြစ်သည်။

"မဆိုးဘူး။မဆိုးဘူး။"

ချီမင်က စိတ်ကျေနပ်စွာဖြင့်ခေါင်းညိတ်လိုက်သည်။

"ငါ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းထည့်မယ်။"

ချီမင်က ပြောလိုက်သည်။"ဖရိုဖရဲမဟာတာအိုကျမ်း:အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းကို ကျင့်မယ်။"

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်း:အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းကို အဆတစ်ထရီလန်အောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခု ပေါ်လာသည်။

"ဆက်ပြီးတော့ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းသုံးသိန်းထည့်မယ်။"

ချီမင်က ဆက်ပြီ"မဟာမူလအစနည်းစနစ်ကို ကျင့်မယ်။ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကို ဆင်ခြင်မယ်။ဖရိုဖရဲမဟာတာအိုကျမ်းကို တွက်ချက်မယ်။"

တင်း!

"မဟာမူလအစနည်းစနစ်ကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

…

တင်း!

"ဖရိုဖရဲအရောင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုစာလုံးကိုအဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နားလည်ဆင်ခြင်နေပါတယ်။"

…

တင်း!

"ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။"

…

အသိပေးချက်သုံးခုက တစ်ဆက်တည်းပေါ်လာတော့သည်။

ချီမင်က အကုန်လုံးကို ဆွဲချလိုက်သည်။

"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်သောင်းထည့်ပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်ကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်ကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်ပါတယ်။"

"သင် ဂိမ်းမြေအောက်စခန်းအသစ်:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်ကို ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခု ပေါ်လာသည်။

"ဝင်"

နောက်တစ်ခဏမှာ ချီမင်က အထွတ်အထိပ်စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။ထိုအထွတ်အထိပ်စွမ်းအားက ချီမင်၏မြင်နိုင်စွမ်းထက် ကျော်လွန်သွားသည်။စိတ်ကူးကြည့်ဖို့ အကဲဖြတ်ကြည့်ဖို့ အာရုံခံစားကြည့်ဖို့ ခန့်မှန်းကြည့်ဖို့ မဖြစ်နိုင်ပေ။

စွမ်းအားများမှာ အဆုံးအစမဲ့အလားပင်။

အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သောင်းကိုသုံးပြီးလေဟာနယ်စကြာဝဠာထဲတွင် နောက်ထပ်ကမ္ဘာအသစ်တစ်ခု ပေါ်ပေါက်လာသည်။ထိုကမ္ဘာသစ်က ချီမင်သိချင်နေသည့် အင်မော်တယ်နတ်‌ဆိုးစစ်မြေပြင်ပင်။

ထိုအခိုက်တွင် ချီမင်က အလိုအလျောက်ကျင့်ကြံခြင်းစနစ် ပုံစံအမှန်၏ ရေခဲတောင်ထိပ်ဖျားလေးကို ထိတွေ့လိုက်မိသည်။

ထိုအရာက ချီမင်သည် မဟာတာအိုအင်မော်တယ်အဆင့်ကိုရောက်ပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအို၏အဝင်ဝကို အမှန်တကယ်ခြေချနိုင်ခဲ့၍ ဖြစ်သည်။ထို့ကြောင့်သူက သတင်းအချက်အလက်များကို အာရုံခံလိုက်မိသည်။

"ဒါ...."

ချီမင်က ထိတ်လန့်သွား၏။

တွေ့တောကြည့်ဖို့ပင် မဖြစ်နိုင်ပေ။

ဘယ်လိုစွမ်းအားမျိုးပါလိမ့်။တကယ်ကြီး လေဟာနယ်စကြဝဠာပင်လယ်ထဲမှာ ကမ္ဘာသစ်တစ်ခုကို ဂိမ်းမြေအောက်စခန်းအနေနဲ့တည်ဆောက်လိုက်တာလား။

အတော်လေးကို ထိတ်လန့်ဖွယ်ကောင်းသည်။

ရုတ်တရက် ချီမင်၏အသိစိတ်က မိန်းမောသွားသည်။မဖော်ပြနိုင်လောက်သည့် အင်အားတစ်ခုက သူ့အသိစိတ်ကို မှုန်ဝါးသွားစေသည်။သူမတော်တဆမြင်လိုက်ရသည့် အမှန်တရားတစွန်းတစက မှုန်ဝါးသွားသည်။သူ့မှတ်ဉာဏ်ကလည်း မရေမရာဖြစ်လာသည်။သူဂရုတစိုက် စဉ်းစားကြည့်ချင်ပေမယ့်ပြန်တွေးဖို့ရာ အင်မတန်ခက်ခဲနေသည်။

ချီမင် ခု‌နလေးတင်သိလိုက်ရသည့်အရာအားလုံးက မေ့ပျောက်သွားသည့်ပမာ။

ထိုအခိုက် ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲသို့ ဝင်ရောက်သွားသည်။

All Chapters