ဆက်တိုက် အဆင့်ချိုးဖြတ်ခြင်း
Vol. 21 Ch. 305
ချီမင်၏ခေါင်းထက်တွင်ပန်းသုံးပွင့်စုစည်းဖြစ်ပေါ်လာသည်။ထိုအရာက အင်မော်တယ်ထူးခြားဖြစ်စဉ်ဖြစ်သည်။ထို့ပြင် မဟာတာအိုပန်းသုံးပွင့်ဖြစ်သည့် မဟာတာအိုဝါနက်ပန်း၊မဟာတာအိုကမ္ဘာဦးပန်းနှင့်ကောင်းကင်နှင့်မြေကြီးမဟာတာအိုပန်းတို့ဖြစ်ကြသည်။
ပန်းသုံးပွင့်က ထိပ်တွင်စုစည်းသွားသည်။
ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်က လည်ပတ်လာပြီး နက်နဲလာ၏။ယင်းက စီးဆင်းနေသောအလင်းတန်းမျှင်များအလား မဟာတာအိုပန်းသုံးပွင့်နှင့်သန့်စင်သည့်အင်မော်တယ်ချီများထဲသို့ တိုးဝင်သွားသည်။
ချီမင်၏ခေါင်းအထက်တွင် မဟာတာအိုပန်းသုံးပွင့်က ပုံရိပ်ယောင်အဖြစ်မှတဖြည်းဖြည်းသိပ်သည်းလာပြီး ပိုပြီး ပြီးပြည့်စုံသွား၏။သူ့အရှိန်အဝါကလည်း ပိုပြီး သန်မာလာသည်။
ချီမင်၏အရှိန်အဝါက မြင့်တက်လာသည်။မဟာတာအိုပန်းသုံးပွင့်ကပေါင်းစပ်သွားပြီး ပုံရိပ်ယောင်တစ်ဝက်အဆင့်အခြေအနေထိ သိပ်သည်းသွား၏။သူက အင်မော်တယ်အလယ်ပိုင်းအဆင့်သို့အောင်မြင်စွာအဆင့်ချိုးဖြတ်သွားပြီး အင်အားတိုးတက်သွားသည်။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်လိုက်သည်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်အလယ်ပိုင်းအဆင့်သို့တိုးတက်သွားပါပြီ။အင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အင်မော်တယ်နတ်ဆိုးစစ်မြေပြင်ကို ရှင်းလင်းရာမှရရှိမည့်ဆုလာဘ်များလျော့ကျသွားပါပြီ။သင် အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းသုံးကာ ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းသုံးပြီး ဂိမ်းမြေအောက်စခန်းအသစ်ကိုဖွင့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဂိမ်းမြေအောက်စခန်းအသစ်ကို အောင်မြင်စွာ အသက်သွင်းပြီးပါပြီ။"
"သင် ဂိမ်းမြေအောက်စခန်းအသစ်:လေဟာနယ်စစ်မြေပြင်သို့ ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
"ဝင်မယ်"
ချီမင်၏ရှေ့တွင် ဂိမ်းမြင်ကွင်းတစ်ခုပေါ်လာသည်။ဂိမ်းမြင်ကွင်းထဲမှသတင်းအချက်အလက်များစွာထွက်ပေါ်လာသည်။ထိုအရာက ဂိမ်းမြေအောက်စခန်းအသစ်:လေဟာနယ်စစ်မြေပြင်အကြောင်း အခြေခံသတင်းအချက်အလက်များဖြစ်သည်။
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲတွင် လေဟာနယ်စကြဝဠာထဲ၌ စစ်ပွဲတစ်ခုဖြစ်ပွားခဲ့သည်။ထိုအရာက မျိုးနွယ်စုသုံးစုကြားမှစစ်ပွဲဖြစ်သည်။ကြယ်ပိုးတောင်မာ၊အတ္တလန်ကြယ်တာရာယဉ်ကျေးမှုအဖွဲ့အစည်းနှင့်သံသွေးဘီလူးမျိုးနွယ်တို့ကြားမှဖြစ်သည်။
ချီမင်က မတူညီဂိမ်းဇာတ်ကောင်သုံးမျိုးထဲမှ တစ်ခုအဖြစ် ပါဝင်နိုင်သည်။သူက ကြယ်ပိုးတောင်မာမျိုးနွယ်၏သူရဲကောင်းယူနစ်အဖွဲ့ဝင်၊အတ္တလန်ကြယ်တာရာယဉ်ကျေးမှုအဖွဲ့အစည်း၏ဗိုလ်မှုးကြီးနှင့် သံသွေးဘီလူးမျိုးနွယ်၏အဖွဲ့ဝင်အဖြစ် ရွေးချယ်နိုင်သည်။
ဒီတစ်ကြိမ်တော့ ချီမင်က အတ္တလန်ကြယ်တာရာယဉ်ကျေးမှုအဖွဲ့၏ဗိုလ်မှုးကြီးအဖြစ်ရွေးချယ်လိုက်သည်။သူက ကြယ်တာရာသင်္ဘောတစ်စင်းကိုလည်း ထိန်းချုပ်ထားသည်။
ထိုသို့ဖြင့် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းတွင် ချီမင်က အတ္တလန်ပြည်ထောင်စုဘက်ကိုကူညီပြီး အနိုင်ရအောင်လုပ်ပေးရမှာဖြစ်သည်။သို့မှသာ သူကအင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းနိုင်မှာဖြစ်သည်။
"သင်္ဘောတပ်ဖွဲ့ဝင်တို့ အမိန့်နာခံကြ။ သတ်"
ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က သင်္ဘောကိုကြီးကြပ်ကွပ်ကဲရာ၌ အတွေ့အကြုံမရှိဟန်ပင်။သူက တပ်ဖွဲ့တစ်ခုလုံးကို တိုက်ခိုက်ရန်အမိန့်ပေးလိုက်သည်။
"ပဲစေ့စစ်သားများ"
ထို့နောက် ချီမင်ပြောင်းလဲထားသည့်ဂိမ်းဇာတ်ကောင်က စစ်မြေပြင်ထဲထိ ကိုယ်တိုင်ဝင်ရောက်လာသည်။သူက အံ့ဖွယ်စွမ်းအားမျိုးစုံသုံးကာ မရေမတွက်နိုင်သည့် ပဲစေ့စစ်သားများပြောင်းလဲပစ်လိုက်သည်။
သူက စစ်မြေပြင်ထဲကို သတ်ဖြတ်ဝင်ရောက်လာသည်။သူ၏အံ့ဖွယ်စွမ်းအားက ပေါက်ကွဲထွက်လာပြီး ကြယ်ပိုးတောင်မာမျိုးနွယ်၏သူရဲကောင်းတပ်ဖွဲ့နှင့်ထိပ်တိုက်တွေ့သွားသည်။သံသွေးဘီလူးဧရာမသားရဲကြီးများက ချီမင်၏သတ်ဖြတ်မှုကို မတားဆီးနိုင်ပေ။
ဘုန်း!ဘုန်း!ဝုန်း!
အရပ်မျက်နှာအနှံ့တွင် မရေမတွက်နိုင်သော ပေါက်ကွဲသံများထွက်ပေါ်လာသည်။
တိုက်ပွဲသည် ပြင်းထန်နေပြီဖြစ်၏။
ချီမင်က ဂိမ်းမျက်နှာပြင်ကိုပိတ်ကာ အာရုံထားမနေတော့ပေ။ထို့နောက်သူက ဆုလာဘ်မရခင်ထိတော့ ဆယ်ရက်လောက်စောင့်ရန်လိုအပ်ပါ၏။
ဆယ်ရက်ကြာပြီးနောက်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်:လေဟာနယ်စစ်မြေပြင်တွင် ဆယ်ရက်ကြာအလိုအလျောက်ရှင်းလင်းခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်တစ်ခု၊အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းရရှိပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ပစ္စည်း:လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်
ဖော်ပြချက်: အလယ်အလတ်အဆင့်အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ ရရှိသောအရာဖြစ်သည်။အမွေအနှစ်ကိုသုံးပြီး သင့်တော်သောအင်မော်တယ်သားရဲတစ်ကောင်၏အဆင့်ကို တိုးမြင့်ပေးနိုင်ပါသည်။
"မဆိုးဘူး။"
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။သူက ပစ္စည်းရဲ့အချက်အလက်များကို စစ်ဆေးပြီးသွားပြီဖြစ်သည်။ထိုအရာက အမှောင်မီးလျှံစုပ်ယူဖို့ သင့်တော်သည်။
အမှောင်မီးလျှံက လေဟာနယ်စစ်မှန်နဂါးဖြစ်သည်။
နောက်ထပ်နှစ်(၂၀၀)ကုန်ဆုံးသွားခဲ့သည်။
ဟော့ချန်ချင်းက ဝိညာဉ်သားရဲကြီးထွားရာနေရာထဲတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်နေတာကြာပြီဖြစ်သည်။သို့ပေသော်လည်း သူ့ရဲ့ကြီးထွားမှုအလားအလာကန့်သတ်ချက်ကြောင့် ဆက်ပြီးမတိုးတက်နိုင်တော့ပေ။
တခြားဝိညာဉ်သားရဲများအတွက်လည်း အတူတူပင်။
ချီမင်၏အစေခံစနစ်ထဲတွင်တော့ အစေခံအရေတွက်က တိုးတက်နေသည်။အချိန်ကြာလာတာနဲ့အမျှ ချီမင်၏အစေခံစစ်တပ်ကလည်း ပိုပိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်။
တကယ်တော့။
အနာဂတ်တစ်နေ့နေ့တွင်တော့ သူတို့က အထက်ကမ္ဘာတစ်ခုလုံးကို တောင်သိမ်းပိုက်နိုင်မည့်စစ်တပ်တစ်ခုဖွဲ့စည်းလာနိုင်လိမ့်ပေမည်။
"အမှောင်မီးလျှံ ထွက်လာခဲ့။"
သူ့ရှေ့တွင် အဖြူရောင်အလင်းတစ်ချက် လက်သွားသည်။
အမှောင်မီးလျှံက ဝိညာဉ်သားရဲနေရာထဲက ထွက်ကာ အရိုအသေပြုလိုက်သည်။
ချီမင်က ခေါင်းညိတ်လိုက်ပြီး လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်ကို ထုတ်ယူလိုက်သည်။သူက အမှောင်မီးလျှံကို ပေးလိုက်သည်။"ဒါက လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်ပဲ။ဒီဟာကိုစုပ်ယူလိုက်။မင်းရဲ့အလားအလာ တိုးတက်သွားပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို ရောက်သွားလိမ့်မယ်။"
"ကျေးဇူးတင်ပါတယ်။သခင်"
အမှောင်မီးလျှံက လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်ကို လက်ခံကာ စုပ်ယူလိုက်သည်။လေဟာနယ်အလင်းတို့က ဖြတ်ခနဲတောက်ပလာပြီး သူ့ကိုယ်ပတ်လည်မှာ သိပ်သည်းလာသည်။
"ဝိညာဉ်သားရဲကြီးထွားတဲ့နေရာထဲ ပြန်ဝင်တော့။"
"ဟုတ်ကဲ့"အမှောင်မီးလျှံက ပြန်ဖြေလိုက်သည်။
သူ့ရှေ့တွင် အဖြူရောင်အလင်းတစ်ချက်လက်သွားသည်။
အမှောင်မီးလျှံက လေထုထဲမှာပဲပျောက်ကွယ်သွားတော့သည်။
"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းထည့်မယ်။"
ချီမင်က ဆိုလိုက်သည်။"လေဟာနယ်စစ်မှန်နဂါးကို အလိုအလျောက်ကျင့်ကြံမယ်။"
တင်း!
"သာမန်အင်မော်တယ်သားရဲ:လေဟာနယ်စစ်မှန်နဂါးကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်။လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်နှင့် စုပ်ယူပေါင်းစပ်နေပါတယ်။ကျေးဇူးပြုပြီး စိတ်ရှည်ရှည်စောင့်ပေးပါ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
တစ်ရက်ကြာပြီးနောက်။
တင်း!
"သာမန်အင်မော်တယ်သားရဲ:လေဟာနယ်စစ်မှန်နဂါးက အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကြီးထွားနေပါတယ်။လေဟာနယ်စွမ်းအင်အမွေအနှစ်သလင်းကျောက်နှင့်အောင်မြင်စွာပေါင်းစပ်နိုင်သွားပြီး သာမန်အင်မော်တယ်သားရဲ:လေဟာနယ်ဥပဒေသစစ်မှန်နဂါးတစ်ကောင်အဖြစ်တိုးတက်သွားပါပြီ။ယခု ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ထိတိုးတက်နိုင်သွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
"မဆိုးဘူး။"
ချီမင်က အမှန်တကယ်တော့ သိပ်မကျေနပ်ပေ။
သူ့အတွက်ဆို ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်က အထောက်အကူများစွာမဖြစ်စေပေ။အနည်းဆုံး ရွှေအင်မော်တယ်အဆင့်ရှိသည့်ဝိညာဉ်သားရဲများသာ သူ့ကိုကူညီနိုင်သည်။
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းမှ အင်မော်တယ်သားရဲများရဖို့ မလွယ်ပေ။ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အကြိမ်ပေါင်းများစွာရှင်းလင်းပြီး အရင်းအမြစ်များပစ္စည်းများစွာရထားပေမယ့် အင်မော်တယ်သားရဲတော့မပါပေ။
နောက်ပိုင်းအချိန်တွေမှာ ချီမင်က ခြံဝန်းထဲမှာ ဆက်ပြီးနေနေခဲ့သည်။အသေးစားကောင်းကင်ကြယ်တာရာအစီအရင်နှင့် ကြယ်ရွှေ့ပြောင်းခြင်းအစီအရင်၏ကာကွယ်မှုနှင့်အတူ သူကအခြေခံအားဖြင့်လုံခြုံသွားပြီဖြစ်သည်။မတော်တဆတစ်ခုခုသာဖြစ်မလာပါက သူက လုံလုံခြုံခြုံဆက်ကျင့်ကြံနိုင်ပေလိမ့်မည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်မှအဖြစ်အပျက်များကို အမှောင်အဖွဲ့နန်းတော်၏ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူနှစ်ဦးက ဌာနချုပ်သို့ သတင်းပို့ထားပြီဖြစ်သည်။သို့ပေသော်လည်း ထိုကိစ္စက ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်၏အာရုံကိုတော့ မဆွဲဆောင်နိုင်လိုက်ပေ။
ပိုပြီးအရေးကြီးသည်က။
အမှောင်အဖွဲ့နန်းတော်၏ဌာနချုပ်ကတောင် အာရုံမစိုက်လာသည့်အတွက် ကိုးပြည်ထောင်မင်းဆက်အတွက်တော့ ပိုပြီးတောင် ဂရုမထားတော့ပေ။
ပထမအထက်ကမ္ဘာတွင် လောကပေါင်း(၃၀၀၀)ရှိသည်။ပြည်နယ်ကိုးလောကသည် ထိုအထဲမှ တစ်ခုဖြစ်သည်။ပြည်နယ်ကိုးလောက၏ပြည်နယ် အကျယ်အဝန်းသည်ပင် အတော်လေးကျယ်ဝန်းသည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်က မြိုတော်ပေါင်း(၁၂၉,၆၀၀)ကို ထိန်းချုပ်ထားသည်။ရှေးဟောင်းအင်မော်တယ်မြိုတော်က ထိုအထဲမှ တစ်ခုဖြစ်သည်။
မြို့တော်အထက်မှာတော့ ဒေသများရှိသည်။
မြို့တော်ကိုးခုတိုင်းကို ဒေသတစ်ခုအဖြစ်ဖွဲ့စည်းထားပြီး စုစုပေါင်း ဒေသ(၁၄,၄၀၀)ခု ရှိသည်။
ဒေသအထက်တွင်တော့ စနစ်များရှိသည်။
ဒေသကိုးခုတိုင်းကို စနစ်တစ်ခုအဖြစ်ဖွဲ့စည်းထားပြီး စုစုပေါင်းစနစ်(၁၆၀၀)ခုရှိသည်။
စနစ်အထက်မှာတော့ ပြည်နယ်များရှိသည်။
ပြည်နယ်ကတော့ ကိုးခုသာရှိသည်။
ထို့ကြောင့်လည်း ပြည်နယ်ကိုးလောကခု ခေါ်ခြင်းဖြစ်သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်သည် တိမ်မိုးကြိုးပြည်နယ် ချန်အန်းစနစ်အတွင်းရှိ လုန်ဟဲဒေသတွင်တည်ရှိ၏။
လုန်ဟဲဒေသ၏မြို့တော်ကိုးခုထဲမှ တစ်မြို့ဖြစ်သည်။
ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်ထိန်းချုပ်ထားသည့် ဒေသတစ်ခုသာဖြစ်ပေမယ့် အတော်လေးကျယ်ပြန့်ပါ၏။ကိုးပြည်ထောင်အင်မော်တယ်မင်းဆက်မထိန်းချုပ်နိုင်သည့် ကမ္ဘာဦးနတ်ဆိုးနယ် မြေနှင့် ယိုယွင်းခြင်းနယ်နိမိတ်ကဲ့သို့ ဒေသများလည်းရှိသည်။
ထိုသို့ကြည့်လျှင် သိသာလှသည်။
ပြည်နယ်ကိုးလောကက ဘယ်လောက်များကျယ်ပြောနိုင်မလဲ။
ပြည်နယ်ကိုးလောကတွင်တော့ ကိစ္စများစွာဖြစ်ပျက်နေခဲ့သည်။တာအိုကျင့်ကြံသူတစ်ဦး ရှေးဟောင်းအင်မော်တယ်မြိုတော်တွင် ထွက်ပေါ်လာတာလား။တခြားမြို့တော်များတွင်လည်း ဆင်တူသည့်ကောလဟာလများထွက်ပေါ်နေခဲ့သည်။
အမှောင်အဖွဲ့နန်းတော်၏အထက်ပိုင်းများကတော့ ဒီကိစ္စကို မယုံကြည်ခဲ့ပေ။
တကယ်တော့။
သူတို့က ပေါ့ပေါ့တန်တန်တွက်ချက်ထားသည့်အတွက် သက်ဆိုင်ရာအချက်လက်များကိုရသွားတော့ ထိုအရာများက ချီမင်ပြုပြင်ထားသည့်ကောင်းကင်လျှို့ဝှက်ချက်များသာဖြစ်သည်။
ထိုသို့ဖြင့် အမှောင်အဖွဲ့နန်းတော်၏အထက်ပိုင်းများက ရှေးဟောင်းအင်မော်တယ်မြို့တော်၌တာအိုကျင့်ကြံသူတစ်ဦးပေါ်ပေါက်လာသည်ကို မယုံနိုင်ကြတော့ပေ။
အတိတ်မှာလည်း ထိုကဲ့သို့အရာများဖြစ်ပျက်ဖူးသည်။အကြိမ်တိုင်းသူတို့က စိတ်လှုပ်ရှားခဲ့ရပေမယ့် တာအိုကျင့်ကြံသူတစ်ဦး၏အရိပ်အယောင်တောင် မမြင်လိုက်ရပေ။သူတို့က စုံစမ်းပြီးသွားချိန်မှာတော့ သတင်းအမှားသာဖြစ်နေသည်။ထိုကဲ့သို့ အကြိမ်ပေါင်းများစွာဖြစ်တတ်သည်။
ထိုအခြေအနေများကြောင့် ချီမင်က ရှေးဟောင်းအင်မော်တယ်မြို့တော်၏ခြံဝန်းထဲတွင် ငြိမ်းအေးစွာကျင့်ကြံနိုင်ခြင်းဖြစ်သည်။
အချိန်က အလျင်အမြန်ကုန်ဆုံးသွားသည်။အထူးသဖြင့်ကျင့်ကြံနေချိန်တွင်ပေါ့။
မသိလိုက်မသိစွာဖြင့် နွေဦးကုန်ပြီးဆောင်းဦးရောက်လာသည်။
နှစ်(၄၀၀)ကုန်ဆုံးသွားခဲ့သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်တွင် ကိစ္စများစွာဖြစ်ပျက်သွားခဲ့ပေမယ့် ချီမင်နှင့်တော့ မသက်ဆိုင်ပေ။အဆင့်မဲ့ဂိုဏ်းပေါင်းများစွာ ဖျက်ဆီးခံရပြီး ဂိုဏ်းအသစ်များစွာ ပေါ်ထွန်းလာသည်။
ယနေ့ နေလည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။သင် အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၄၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ထပ်မံနားလည်ခဲ့ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:အင်မော်တယ်အခန်း၏ကောင်းကင်အင်မော်တယ်အပိုင်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်သဘောပေါက်ခဲ့ပါတယ်။သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ထပ်မံတိုးတက်လာပြီး အင်မော်တယ်အလယ်ပိုင်းအဆင့်မှ အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာတိုးတက်သွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်က အသက်ပြင်းပြင်းရှုကာ သူ့အမူအရာက တည်ငြိမ်နေသည်။သူက ပျော်ရွှင်မှုလည်းမရှိသလို ဝမ်းနည်းမှုလည်းမရှိပေ။သူသည် အဆင့်ချိုးဖြတ်သွားသည့်အတွက် ပျော်ရွှင်သင့်ပေသည်။ချီမင်၏စိတ်အခြေအနေက တိုးတက်လာသည့်အလားပင်။သူက အပေါ်ယံစိတ်ခံစားချက်များကို မပြသတော့ပေ။
နှစ်(၄၀၀)ကုန်သွားခဲ့သည်။
သူက နောက်ဆုံးတော့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။
"ချိုးဖြတ်"
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။နားလည်မှုအမျိုးမျိုးက သူ့စိတ်ထဲသို့ တိုးဝင်လာသည်။တာအိုဉာဏ်အလင်းများပျံ့နှံ့လာပြီး မဟာတာအိုပန်းများပွင့်လန်းလာကာ ကောင်းကင်နှင့်မြေကြီးမဟာတာအိုက စီးဆင်းလာသည်။မဟာတာအိုပန်းသုံးပွင့်၏ထူးခြားဖြစ်စဉ်များက ချက်ချင်းပဲ သူ့ခေါင်းထက်တွင် ပေါ်လာသည်။
သူက အနက်ရောင်တွင်းနက်ကြီးသဖွယ်ပြောင်းသွားပြီး အထက်ကမ္ဘာမှအင်မော်တယ်ချီများကို ရူးသွပ်စွာစုပ်ယူတော့သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်က အလင်းစီးကြောင်းတစ်ခုသဖွယ် ချီမင်၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
ချီမင်က လက်ဝေ့ယမ်းလိုက်တော့ မရေမတွက်နိုင်လောက်အောင်များပြားသည့် အင်မော်တယ်သလင်းကျောက်များ ထွက်ပေါ်လာသည်။ထိုအရာများကို ချီမင်ကသန့်စင်ရင်း ဓမ္မစွမ်းအားအဖြစ်ပြောင်းလဲနေသည်။မဟာတာအိုပန်းသုံးပွင့်က လျင်မြန်စွာဖြင့်သိပ်သည်းသွားတော့သည်။
တစ်ရက်ကြာပြီးနောက်။
ချီမင်၏တစ်ကိုယ်လုံးက လှုပ်ခါသွားသည်။မဟာတာအိုပန်းသုံးပွင့်သည် ပုံရိပ်ယောက်တစ်ဝက်အခြေအနေမှ အပြည့်အဝအခြေအနေထိသိပ်သည်းသွားတော့သည်။ထိုအရာများသည် သလင်းကျောက်များလားသန့်စင်နေပြီး မဟာတာအိုဉာဏ်အလင်းများပေါင်းစပ်နေပြီး အသက်ဝင်နေသည့်အလားပင်။
ထို့နောက်မှာ ချီမင်၏အရှိန်အဝါများ မြင့်တက်လာသည်။သူ့ကျင့်ကြံခြင်းအဆင့်က အလယ်ပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားပြီး အင်အားကတိုးတက်သွားပြန်သည်။