သေဆုံးခြင်းနတ်ဆိုးဂူ
Vol. 21 Ch. 306
ချီမင်က ကျင့်ကြံခြင်းအဆင့်ကိုတည်ငြိမ်အောင်လုပ်လိုက်သည်။မဟာတာအိုပန်းသုံးပွင့်က အပြည့်အဝသိပ်သည်းသွားပြီး ပြီးပြည့်စုံသွားတော့၏။
ထို့နောက် ချီမင်က ဆက်ပြီးတိုးတက်ချင်ပါက သူကပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်သို့ တက်လှမ်းရမှာဖြစ်သည်။
သို့ပေသော်လည်း သူတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များ ကင်းမဲ့နေသေးသည်။ထိုနည်းစနစ်များမရှိဘဲနှင့်တော့ သူကဆက်ပြီးမတိုးတက်နိုင်ပေ။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၆၀၀)ကြာ တွက်ချက်ခဲ့ပါတယ်။သင် ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို အောင်မြင်စွာတွက်ချက်နိုင်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင် အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ချိုးဖြတ်သွားသည်နှင့်တစ်ချိန်တည်းမှာပင် တွက်ချက်ခြင်းစနစ်က ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို အောင်မြင်စွာတွက်ချက်နိုင်သွားသည်။
တိုက်ဆိုင်သွားခြင်းဖြစ်သည်။
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို ချက်ချင်းလက်ခံရလိုက်သည်။ဆန်းကြယ်မှုအမျိုးမျိုးက ချီမင်၏စိတ်ထဲသို့ တိုးဝင်လာသည်။ထိုအခန်းတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်များ ပါဝင်နေသည်။ဖရိုဖရဲမြူခိုးများပျံ့နှံ့လာပြီး ချီမင်၏တစ်ကိုယ်လုံးကို ဖုံးအုပ်သွားသည်။အိပ်မက်တစ်ခုအလားပင်။
"အရမ်းကောင်းတယ်။"
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။"နှစ်(၆၀၀)ကနေ(၇၀၀)အတွင်းမှာ ငါနောက်ဆုံးတော့ ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို တွက်ချက်နိုင်သွားပြီ။"
"နောက် ငါညွှန်ကြားထားတဲ့အတိုင်းဆက်ပြီး နေ့တိုင်းကျင့်ကြံရုံပဲရှိတော့တယ်။ငါပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ကို ချိုးဖြတ်နိုင်သွားလိမ့်မယ်။ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ရောက်သွားရင်တော့ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်ပြီး ဆန်းကြယ်အင်မော််တယ်နည်းစနစ်တွေကို ရှာရမယ်။အဲ့ဒါမှ ဖရိုဖရဲမဟာတာအိုကျမ်းကို ဆက်ပြီးတွက်ချက်လို့ရမှာ။"
"ငါ အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
တင်း!
"ဂုဏ်ပြုပါတယ်။လက်ခံသူ။မဟာမူလအစနည်းစနစ်ကို အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်တစ်ထောင်ကြာကျင့်ကြံခဲ့ပါတယ်။အစပြုသူအဆင့်မှ နက်နဲခြင်းအဆင့်ထိကျင့်ကြံပြီးသွားပြီး အံ့ဖွယ်စွမ်းအားအဆောင်ကို သိပ်သည်းနိုင်သွားပါပြီ။"
နောက်ထပ်အသိပေးချက် ပေါ်လာသည်။
ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်ကာ မျက်လုံးပိတ်လိုက်သည်။မူလအစဖန်တီးခြင်းစွမ်းအားက သူ့ကိုယ်ပေါ်တွင် လည်ပတ်လာသည်။ချီမင်၏ဒန်ထျန်းထဲတွင် မဟာမူလအစနည်းစနစ်အဆောင်သည် သိပ်သည်းသွားတော့၏။အံ့ဖွယ်စွမ်းအားအဆောင်၏ပုံစံက လေးထောင်ပုံဖြစ်ကာ စာလုံးကိုယ်ထည်များစွာဖြင့် ဖွဲ့စည်းထားသည်။
"မဟာမူလအစနည်းစနစ်"
ချီမင်၏နှုတ်ခမ်းထောင်က အနည်းငယ်ကွေးတက်သွားသည်။သူကညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ မူလအစဖန်တီးခြင်းစွမ်းအားက သူ့လက်ဖဝါးထဲမှ စီးဆင်းလာသည်။မူလအစထူးခြားဖြစ်စဉ်အမျိုးမျိုးက သူ့ကိုယ်နားတွင် ပေါ်ပေါက်လာသည်။
ထိုသို့ဖြင့် ချီမင်က မဟာအံ့ဖွယ်စွမ်းအားသုံးမျိုးကို နားလည်သွားသည်။ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်၊မဟာမူလအစနည်းစနစ်နှင့်မဟာကပ်ဘေးဒုက္ခနည်းစနစ်များဖြစ်ကြသည်။မဟာအံ့ဖွယ်စွမ်းအားနည်းစနစ်တိုင်းက အမြင့်ဆုံးအဆင့် နက်နဲခြင်းအဆင့်ထိရောက်သွားပြီဖြစ်သည်။ထိုအဆင့်ထိသာရှိပြီး ဆက်ပြီးမတိုးတက်နိုင်တော့ပေ။
နေ့တစ်ဝက်လောက်ကြာတော့ ချီမင်က မဟာမူလအစနည်းစနစ်ကို အပြည့်အဝနားလည် သဘော ပေါက်ကာ နက်နဲခြင်းအဆင့်ထိရောက်သွားတော့သည်။
တင်း!
"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားတာကို စစ်ဆေးမိပါတယ်။အင်မော်တယ်အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:လေဟာနယ်စစ်မြေပြင်ကိုရှင်းလင်းရာမှရရှိမည့်ဆုလာဘ်များလျော့ကျသွားပါပြီ။သင် အဆင့်မြင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းသုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
"ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းသုံးပြီး ဂိမ်းမြေအောက်စခန်းသစ်ကို ဖွင့်မယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်ကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။"
"သင် အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သေဆုံးခြင်းနတ်ဆိုးဂူသို့ ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
"ဝင်ရောက်မယ်"
သူ့ရှေ့တွင်အဖြူရောင်အလင်းတစ်ချက်လက်သွားသည်။
ချီမင်၏ရှေ့တွင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းပေါ်လာသည်။ထိုမြင်ကွင်းထဲတွင် ချီမင်၏မျက်လုံးထဲသို့ပထမဆုံးဝင်လာသည်က တိတ်ဆိတ်ခြင်း ပုတ်သိုးခြင်း၊ဆွေးမြေ့ခြင်းနှင့်ယိုယွင်းခြင်းများဖြစ်သည်။
ထိုကမ္ဘာကြီးက ယိုယွင်းခြင်းပျက်စီးခြင်းများ ပြည့်နေဟန်ရှိသည်။
နတ်ဆိုးဂူဂိမ်းမြေအောက်စခန်းတွင် သေဆုံးခြင်းနတ်ဆိုးများစွာရှိသည်။ထိုနတ်ဆိုးများတွင် ဉာဏ်ရည်ဉာဏ်သွေးတော့မရှိပေ။သူတို့က မြင်မြင်သမျှသက်ရှိများကို ဖျက်ဆီးပစ်ဖို့သာသိသည်။ထိုလုပ်ရပ်များက ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးယိုယွင်းသွားသည်အထိပင်။
ယခု ချီမင်၏ဂိမ်းဇာတ်ကောင်က ဒီကမ္ဘာသို့ဆင်းသက်လာသည့် စွမ်းအားကြီးအင်မော််တယ်တစ်ပါးဖြစ်ပြီး သေဆုံးခြင်းနတ်ဆိုးဂူသို့ရောက်ရှိလာသည်။
နောက်လုပ်ရမှာက ချီမင်က သေဆုံးခြင်းနတ်ဆိုးအားလုံးကို ရှင်းထုတ်ဖို့ဖြစ်သည်။ထိုမှသာ ဂိမ်းမြေအောက်စခန်းကို ရှင်းလင်းနိုင်မည်ဖြစ်သည်။သေဆုံးခြင်းနတ်ဆိုးဂူကိုဝင်လာတာနဲ့ တိုက်ပွဲက စတင်ပြင်းထန်လာပြီဖြစ်သည်။
ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အာရုံမထားတော့ပေ။သူက ခဏလောက်စောင့်ကြည့်ပြီး ဂိမ်းမျက်နှာပြင်ကို အလျင်အမြန်ပိတ်လိုက်သည်။
ဆယ်ရက်ကြာပြီးနောက်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။သင်အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သေဆုံးခြင်းနတ်ဆိုးဂူကို ဆယ်ရက်ကြာရှင်းလင်းခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာရှင်းလင်းနိုင်ခဲ့ပါတယ်။သင် သေဆုံးခြင်းစိတ်ဝိညာဉ်အမွေအနှစ်သလင်းကျောက်၊အဆင့်မြင့်အင်မော်တယ်သလင်းကျောက် တစ်သန်းကိုရရှိပါတယ်။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ပစ္စည်း:သေဆုံးခြင်းစိတ်ဝိညာဥ်အမွေအနှစ်သလင်းကျောက်
ဖော်ပြချက်:အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သေဆုံးခြင်းနတ်ဆိုးဂူမှ ရရှိသည့်အမွေအနှစ်ဖြစ်သည်။ထိုအရာကို သင့်တော်သည့်အင်မော်တယ်သားရဲကိုစုပ်ယူခိုင်းပြီး ကြီးထွားမှုအလားအလာကို မြှင့်တင်နိုင်ပါသည်။
"မဆိုးဘူး။"ချီမင်က နူးညံ့စွာပြောလိုက်သည်။
ထို့နောက် ချီမင်က သေဆုံးခြင်းစိတ်ဝိညာဥ်အမွေအနှစ်သလင်းကျောက်ကို သေမင်းနှင့်ပေါင်းစပ်လိုက်သည်။တစ်ရက်အတွင်းမှာပဲ သေမင်းနှင့်ပေါင်းစပ်တာအောင်မြင်သွားပြီး သာမန်အင်မော်တယ်သားရဲသေမင်းစိတ်ဝိညာဉ်စစ်မှန်အင်မော်တယ်အဖြစ်သို့ တိုးတက်သွားပါပြီ။ကြီးထွားနိုင်မှုအလားအလာက တိုးတက်သွားပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။
နောက်ထပ်နှစ်တစ်ရာ ကုန်ဆုံးသွားသည်။
အမှောင်မီးလျှံက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားတော့သည်။သို့ပေမယ့် ကြီးထွားမှုအကန့်အသတ်ကြောင့် ဆက်ပြီးမတိုးတက်နိုင်ပေ။ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်က ကန့်သတ်ချက်ဖြစ်သည်။
အချိန်ကုန်ဆုံးသွားသည်။
အထက်ကမ္ဘာရဲ့အင်မော်တယ်များအတွက် အချိန်ဆိုတာအပေါဆုံးအရာတစ်ခုအလားပင်။အင်မော်တယ်များတွင် အဆုံးမဲ့သက်တမ််းရှိပြီး ကောင်းကင်တမျှရှည်လျားသည့်အတွက် အချိန်ကဘာတန်ဖိုးမှမရှိပေ။
အင်မော်တယ်များက နှစ်ရာကျော်ထောင်ကျော် တံခါးပိတ်ကျင့်ကြံကြသည်။
ယခု နှစ်တစ်ထောင်ကြာသွားပြီဖြစ်သည်။
ယနေ့မနက်ခင်းမှာတော့ ချီမင်နေသည့်ခြံဝန်းထဲတွင်
"စီနီယာ။"
ဖြူဖွေးသည့်အသားအရေဖြင့် လူငယ်လေးတစ်ယောက်ရောက်လာသည်။သူက ခြံဝန်းတံခါးကို ညင်သာစွာခေါက်ကာ အသံပို့လိုက်သည်။သူဘာမှမပြောနိုင်ခင်မှာဘဲ ချီမင်က သိသွားပြီဖြစ်သည်။
"ဝင်ခဲ့"ချီမင်စအသံက ထွက်ပေါ်လာသည်။
ထို့နောက် ခြံဝန်းတံခါးက အလိုအလျောက်ပွင့်သွားသည်။
"ဟုတ်ကဲ့။"
ကုမင်ယွမ်က အသက်ပြင်းပြင်းရှုလိုက်သည်။သူ့အမူအရာက တည်ကြည်နေပြီးလေးစားမှုများပြည့်နေသည်။သူကစိတ်ကိုစုစည်းလိုက်ကာ ခြံဝန်းထဲသို့ လျှောက်ဝင်သွားသည်။
သူက ခြံဝန်းထဲကိုဝင်လာတော့ ကုမင်ယွမ်ကခေါင်းငုံ့ထားက ပေါ့ပေါ့တန်တန်လျှောက်မကြည့်ရဲပေ။သူက ရင်းနှီးနေသည့် လမ်းလေးအတိုင်းလျှောက်လာပြီး တံခါးဝမရောက်ခင် ရပ်တန့်လိုက်သည်။
"စီနီယာ။"ကုမင်ယွမ်က အရိုအသေပြုကာ လေးစားစွာပြောလိုက်သည်။"ကျွန်တော် ဆန်းကြယ်အင်မော််တယ်ကျင့်ကြံခြင်းနည်းလမ်းကိုးခုကို ရှာတွေ့လာပါတယ်။ကိုးခုလုံးက မတူညီပါဘူး။စီနီယာ ကျေးဇူးပြုပြီးလက်ခံပေးပါ။"
ချီမင်ကဆိုသည်။"ချထားခဲ့လိုက်။"
"ဟုတ်ကဲ့"
ကုမင်ယွမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်ရင်း ကျောက်စိမ်းစလစ်ကိုးခုကို ထုတ်ယူလိုက်ပြီး တံခါးနားချထားလိုက်သည်။သူက ခေါင်းအနည်းမော့ရင်း သူ့ရှေ့က အင်မော်တယ်ဆေးလုံးကို လက်ခံလိုက်သည်။
ထိုအရာက အင်မော်တယ်ဆေးလုံး ဝင်ပေါက်ချိုးဖြတ်ခြင်းဆေးလုံးဖြစ်သည်။
"ဒါကမင်းလိုချင်နေတဲ့ဝင်ပေါက်ချိုးဖြတ်ခြင်းဆေးလုံးပဲ။"
ချီမင်၏အသံက ထွက်ပေါ်လာသည်။"မင်း ပြန်သွားလို့ရပြီ။"
"ကျေးဇူးတင်ပါတယ်။"
ကုမင်ယွမ်က ဝင်ပေါက်ချိုးဖြတ်ခြင်းဆေးလုံးကိုမယူခင် ချီမင်ကိုအရိုအသေပေးလိုက်သည်။သူက ဘာမှထပ်ပြောမနေတာ့ဘဲ ခြံဝန်းထဲမှ ထွက်လာလိုက်သည်။
ခြံဝန်းအပြင်ကိုရောက်တော့မှ ကုမင်ယွမ်က သက်ပြင်းချနိုင်တော့သည်။သူက လှည့်ပြီး ခြံဝန်းငယ်လေးကို ကြည့်လိုက်သည်။သူ့မျက်လုံးများက လေးစားမှုများဖြင့် ပြည့်လျှံနေသည်။
ပြောရမည်ဆိုလျှင်။
ကုမင်ယွမ်သည် ချီမင်နှင့်ဆက်သွယ်နေသည်မှာ လွန်ခဲ့တဲ့နှစ်(၉၀၀)ထဲကဖြစ်သည်။
ချီမင်က အင်မော်တယ်သလင်းကျောက် တော်တော်များများကိုသုံးကာ အထက်ကမ္ဘာမှကျင့်ကြံခြင်းနည်းစနစ်များကို ဝယ်ယူခဲ့သည်။သို့ပေမယ့် သူအဆင့်မြင့်ကျင့်ကြံခြင်းနည်းစနစ်များကို မဝယ်ယူနိုင်ပေ။
အကြောင်းပြချက်က ရိုးရှင်းပေသည်။
ဆန်းကြယ်အင်မော်တယ်အဆင့်နည်းလမ်းများက အတော်လေးတန်ဖိုးမြင့်သည်။ချီမင်သာ ကမ္ဘာဦးနတ်ဆိုးဂိုဏ်းတွင် ဆန်းကြယ်အင်မော်တယ်အဆင့်နည်းစနစ်များကို ဝယ်ယူနေခဲ့ပါက ဆန်းကြယ်အင်မော်တယ်အဆင့်အထက်များ၏အာရုံကို ဆွဲဆောင်မိသွားပေလိမ့်မည်။
သူမှာ အင်အားမလုံလောက်သေးသရွေ့ ချီမင်က ကြွယ်ဝမှုကို ထုတ်ဖော်ခြင်း၏အကျိုးဆက်ကို သိထားသည်။
လွန်ခဲ့တဲ့နှစ်(၉၀၀)တွင် ချီမင်ကအံ့ဖွယ်စွမ်းအားသုံးကာ တွက်ချက်ခဲ့သည်။ကောင်းကင်နှင့်လျှို့ဝှက်ချက်နှင့်ကံကြမ္မာ၏ဆောင်မမှုကြောင့် ချီမင်က ကုမင်ယွမ်ကို သတိထားမိသွားခြင်းဖြစ်သည်။သူ့နောက်ခံက အတော်လေးရိုးရှင်းသည်။
သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအစေခံတပည့်မျှသာဖြစ်သည်။ချီမင် သူ့ကိုစတွေ့တော့ မဟာယနအဆင့်၌သာရှိသေးသည်။အင်မော်တယ်တောင်မဟုတ်သေးပေ။သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အစေခံတစ်ဦးဖြစ်သည်။
ထိုညတွင် ကုမင်ယွမ်က တခြားရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အစေခံတပည့်တစ်ဦးထံမှ သေခါနီးအထိရိုက်ခံလိုက်ရပြီး ဒဏ်ရာအတော်ပြင်းထန်သွားသည်။ချီမင်က ထိုအခွင့်အရေးယူကာ သူ့ကိုကယ်ထုတ်ပေးခဲ့သည်။သူက ရုပ်ပြောင်းခြင်းအံ့ဖွယ်စွမ်းအားသုံးကာ ကုမင်ယွမ်၏ရှေ့တွင် စီနီယာတစ်ဦးအဖြစ် အယောင်ဆောင်ခဲ့သည်။
နောက်ပိုင်းမှာ ချီမင်သည်သူ၏အယောင်ဆောင်ထားမှုကို ကုမင်ယွမ်ယုံကြည်လက်ခံသွားစေရန် အဖြစ်အပျက်များစွာ ကိုယ်တိုင်ဖန်တီးခဲ့သည်။ထိုသို့ဖြင့် ချီမင်ကကုမင်ယွမ်ကို နှစ်(၉၀၀)အတွင်း ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ရောက်ရှိစေပြီး ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်ဖြစ်လာစေရန် အခွင့်အရေးပေးခဲ့သည်။
ထို့နောက် ချီမင်က ကုမင်ယွမ်မှတစ်ဆင့် မတူညီသည့် အထက်ကမ္ဘာကျင့်ကြံခြင်းနည်းစနစ်အမျိုးမျိုးကို ဝယ်ယူခဲ့သည်။
"အရမ်းကောင်းတယ်။"ကုမင်ယွမ်က လက်သီးဆုပ်ကာ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုများပြည့်နှက်နေသည်။"ဝင်ပေါက်ချိုးဖောက်ခြင်းဆေးကြောင့် ငါ အင်မော်တယ်ဝင်ပေါက်တွေကို ဖွင့်လို့ရပြီ။ငါသာ အင်မော်တယ်ဝင်ပေါက်တွေကို ဖွင့်နိုင်သွားရင် ဆန်းကြယ်အင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်သွားလိမ့်မယ်။"
"အဲ့ဒီအချိန်ကျရင်.."ကုမင်ယွမ်က အသက်ပြင်းပြင်းရှုလိုက်ပေမယ့် ပိုပြီးတောင်စိတ်လှုပ်ရှားလာသည်။"ငါ နောက်တစ်ဆင့်တက်ပြီး ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အမွေခံတပည့်ဖြစ်လာလိမ့်မယ်။ငါအဲ့ဒီနေ့မှာရလာတဲ့အရာအားလုံးက စီနီယာရဲ့ကျေးဇူးတွေကြောင့်ပဲ။"
"ငါ့လို ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အစေခံတပည့်တစ်ယောက်က နှစ်(၅၀၀)အတွင်းမှာ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ရောက်လာမယ်လို့ ဘယ်သူကထင်ထားမှာလဲ။"
"ဒီလိုတိုးတက်နှုန်းက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့ပါရမီရှင်တွေတောင် မယှဉ်နိုင်ဘူး။"
"စီနီယာက ငါ့ကို အကြိမ်နည်းနည်းပဲကူညီပေးထားတယ်။သူက ငါ့ကိုအခွင့်အရေးနည်းနည်းပဲပေးထားပေမယ့် ငါ့လိုရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အစေခံတပည့်သေးသေးလေးက ဒီလောက်ထိတောင် တိုးတက်လာတယ်။"
"ငါ စီနီယာဘယ်အဆင့်လည်းဆိုတာ တွေးလို့တောင် မရဘူး။ရွှေအင်မော်တယ်လား။မြင့်မြတ်ကောင်းကင်ရွှေအင်မော်တယ်လား။ဒါမှမဟုတ်အဲ့ထက်ပိုမြင့်တာလား။အထက်ကမ္ဘာအင်မော်တယ်ဘုရင်များလား။"
"ငါ မခန့်မှန်းနိုင်ဘူး။"
ခြံဝန်းထဲမှာ။
"ဆန်းကြယ်အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ််ကိုးမျိုး။"
ချီမင်က ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကျောက်စိမ်းစလစ်ကိုးခုက လေထဲကနေတစ်ဆင့် သူ့လက်ထဲဝင်လာသည်။"ငါကုမင်ယွမ်ကို ပျိုးထောင်လာတာနှစ်(၉၀၀)ရှိပြီ။နောက်ဆုံးတော့ အသုံးဝင်လာပြီလား။"
ချီမင်က ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ကိုယ်တိုင်မရှာနိုင်သည့်အတွက် ကုမင်ယွမ်ကိုပျိုးထောင်ထားခြင်းဖြစ်သည်။သူ့ရဲ့ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အဓိကတပည့်အဆင့်အတန်းက များစွာအထောက်အကူဖြစ်သည်။
အနာဂတ်မှာ ကုမင်ယွမ်က များစွာကူညီပေးနိုင်ဦးမည်ဖြစ်သည်။ချီမင်က ကိုယ်တိုင်ကိုယ်ကျလုပ်စရာမလိုဘဲ လုံခြုံဘေးကင်းစွာ ကျင့်ကြံနိုင်မည်ဖြစ်သည်။