← Chapters

ချီငါးမျိုး မူလအစပြန်ခြင်း၊ မဟာတာအိုစစ်မှန်အင်မော်တယ်နယ်ပယ်

Vol. 21 Ch. 307

ချီငါးမျိုး မူလအစပြန်ခြင်း၊ မဟာတာအိုစစ်မှန်အင်မော်တယ်နယ်ပယ်

Vol. 21 Ch. 307

ချီမင်က တစ်ချက်ကြည့်လိုက်ပြီးတာနဲ့ ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ဖတ်ရှုပြီးသွားသည်။ထိုကျင့်ကြံခြင်းနည်းစနစ်များက ထိပ်တန်းအဆင့်မဟုတ်ပေ။အရမ်းကိုသာမန်ကျသောကျင့်ကြံခြင်းနည်းစနစ်များဖြစ်ကြသည်။

ချီမင်သည် ထိုကျင့်ကြံခြင်းနည်းစနစ်များကို ကျင့်ကြံမည်တော့မဟုတ်ပေ။သူက ဖရိုဖရဲမဟာတာအိုကို ဖြည့်စွက်ဖို့သာ သုံးသည်။ထိုဆန်းကြယ်အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်များကို နားလည်သဘောပေါက်ထားလိုက်ပါက သူက ဖရိုဖရဲမဟာတာအိုကျမ်းကိုတွက်ချက်ရာတွင် အထောက်အပံ့အဖြစ်အသုံးပြုနိုင်သည်။

ဆန်းကြယ်အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်များ:သစ်သားစိမ်းဆန်းကြယ်ကောင်းကင်နည်းစနစ်၊လီမီးလျှံစာလုံးနည်းစနစ်၊ ကောင်းကင်ကိုးလွှာဆန်းကြယ်နည်းစနစ်၊နေမီးလျှံနည်းစနစ်၊ချောက်နက်လေဟာနယ်နတ်ဘုရားနည်းစနစ်၊ဆန်းကြယ်ခန္ဓာကိုးကြိမ်စစ်မှန်နည်းစနစ်၊ငရဲမြစ်နည်းစနစ်၊ဖန်တီးခြင်းဝင်ပေါက်နည်းစနစ်နှင့်ဗာဂျရာခန္ဓာကျင့်ကြံခြင်းနည်းစနစ်တို့ဖြစ်ကြသည်။

ထိုနည်းစနစ်များက အထက်ကမ္ဘာတွင်တန်ဖိုးများစွာမရှိပေမယ့် အင်မော်တယ်သလင်းကျောက်များစွာ တန်ကြေးရှိသေးသည်။ကုမင်ယွမ်က ထိုနည်းစနစ်များရရန် အင်အားများစွာ စိုက်ထုတ်ထားရတာဖြစ်သည်။

ပထမဆုံးအနေဖြင့် ကုမင်ယွမ်သည် ချီမင်ကို ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ကျင့်ကြံခြင်းနည်းစနစ်များကိုပေးဖို့မဖြစ်နိုင်ပေ။သူက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏စာရင်းထဲမှ တခြားကျင့်ကြံခြင်းနည်းစနစ်များကို လဲလှယ်ခြင်းဖြစ်စေ ဝယ်ယူခြင်းဖြစ်စေလုပ်ပြီးသာ ပေးနိုင်သည်။

ကုမင်ယွမ်က အင်မော်တယ်များစွာကို သတ်ဖြတ်ပြီး ရရှိလာသည့်ပစ္စည်းများလည်းပါသည်။ထိုပစ္စည်းများထဲတွင် ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ် တစ်မျိုးနှစ်မျိုးလောက်ပါလာသည်။

“ဖရိုဖရဲမဟာတာအိုကျမ်းကို စပြီးတွက်ချက်မယ်။”

ချီမင်က တွက်ချက်မှုထဲသို့ ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းနစ်ကိုးမျိုးကို ပေါင်းထည့်လိုက်သည်။မှော်စာလုံးများတောက်ပလာပြီး နက်နဲမှုတုန်ခါမှုလှိုင်းများထွက်ပေါ်လာသည်။ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ််ကိုးမျိုးက မရေမတွက်နိုင်‌လောက်သည့်မှော်စာလုံးများအဖြစ်ပြောင်းလဲကာ တွက်ချက်ခြင်းစနစ်ထဲသို့ ပေါင်းစပ်သွားတော့သည်။

တင်း!

“ဖရိုဖရဲမဟာတာအိုကျမ်းက ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းနစ်ကိုးမျိုး၏ အနှစ် သာရများကိုစုပ်‌ယူနေပြီး အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် တွက်ချက်နေပါတယ်။ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို ထည့်ပေါင်းတိုင်း တွက်ချက်ခြင်းစနစ်၏အမြန်နှုန်းကိုမြှင့်တင်နိုင်ပြီး အောင်မြင်နိုင်ချေလည်းပိုများလာပါမယ်။”

အသိပေးချက်တစ်ခုပေါ်လာသည်။

“မဆိုးဘူး။”

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။

တင်း!

“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အဆတစ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။အချိန်က လျင်မြန်စွာကုန်ဆုံးသွားပါတယ်။သင် ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို နားလည်ခဲ့ပါတယ်။သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ထပ်မံနားလည်ခဲ့ပြီး မဟာတာအိုချီငါးမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။သင် မဟာတာအိုဆန်းကြယ်မှုများစွာကို နားလည်ခဲ့ပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ ‌အောင်မြင်စွာရောက်ရှိသွားပါပြီ။”

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင် နှလုံးသားထဲထိ ပျော်ရွှင်သွားတော့သည်။သို့ပေမယ့် သူကထုတ်မပြပေ။သူ့စိတ်အခြေအနေက အတော်လေးမြင့်မားသည့်အဆင့်သို့ရောက်နေပြီဖြစ်သည်။သူ့စိတ်အခြေအနေက အလွယ်တကူမလှုပ်ခါတော့ပေ။

သူက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို လည်ပတ်လိုက်သည်။ထိုအရာက သူနေသည့်ခြံဝန်းကို ဖုံးကွယ်ပေးလိုက်ပြီး ဘာအရှိန်အဝါမှထွက်မလာစေတော့ပေ။

နှစ်တစ်ထောင်တိတိကုန်သွားပြီဖြစ်သည်။

တွက်ချက်ခြင်းစနစ်ကနေတစ်ဆင့် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က မတိုးတက်လာသေးပေမယ့် အစီအရင်၏အားနည်းချက်များကို တဖြည်းဖြည်းတွက်ချက်မိပြီး ပြီးပြည့်စုံလုနီးပါးဖြစ်လာသည်။

“ဒါဆို အဆင့်ချိုးဖြတ်တော့မယ်။”

ချီမင်က တင်ပျဉ်ခွေချိတ်ထိုင်လိုက်သည်။သူက ခြံဝန်းထဲတွင် စတင်ကျင့်ကြံတော့သည်။စွမ်းအားကြီးအရှိန်အဝါသည်ထွက်ပေါ်လာပြီး ပျံ့နှံ့သွားသည်။

ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။

သူ့နားတွင် အင်မော်တယ်ချီများဝန်းရံလာပြီး အင်မော်တယ်တေးသံများ ထွက်ပေါ်လာသည်။

ထူးခြားဖြစ်စဉ်အမျိုးမျိုးသည် ခြံဝန်းအသေးလေး၌ဖြစ်ပေါ်လာပါ၏။

ထိုအခိုက်တွင် ချီမင်က နက်နဲသည့်အခြေအနေထဲသို့ တိုးဝင်သွားတော့သည်။ထိုအခြေအနေတွင်သူက ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ခေတ်ပေါင်းများစွာလေ့လာဆင်ခြင်နေသည့်အလားပင်။

နောက်ဆုံးတော့ ချီမင်၏မဟာတာအိုအပေါ်နားလည်မှုသည် တစ်ဆင့်မြင့်သွားပြီး တာအိုကိုစစ်မှန်စွာနားလည်သွားတော့သည်။သူက နားလည်သွာတာနှင့် ကျင့်ကြံခြင်းအဆင့်ကလည်းတိုးမြှင့်သွားတော့သည်။

ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်။

ထိပ်ကပန်းသုံးပွင့်ကပြီးပြည့်စုံသွားပြီးနောက်မှာ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ရောက်ရန် ချီငါးပါးမူလအစပြန်သွားခြင်းဟုသိကြသည့် ချီငါးမျိုးကိုသိပ်သည်းဖို့သာလိုအပ်တော့သည်။

ကျင့်ကြံခြင်းအဆင့်ကွာခြားချက်များနည်းတူ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်တွင် ကွဲပြားသေးသည်။

ပထမဆုံး ကျင့်ကြံသူအဆင့်တွင် ကျင့်ကြံသူများက ဓမ္မစွမ်းအားကိုသာကျင့်ကြံပြီး ကောင်းကင်နှင့်မြေကြီးကို မဆင်ခြင်ပေ။ထို့ကြောင့် သူတို့က စိတ်ဝိညာဉ်ချီ၊နတ်ဘုရားချီ၊ဝိညာဉ်ချီ၊အနှစ်သာရချီနှင့်ရည်ရွယ်ချက်ချီများကို ခန္ဓာကိုယ်ထဲတွင်သိပ်သည်းရန်လိုသည်။ထိုအရာက အသေးစားချီငါးမျိုးဖြစ်သည်။သူတို့က ချီငါးပါးမူလအစပြန်သွားခြင်းကို ရရှိသွားရင်တော့ သာမန်အကျဆုံးပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်သို့ ရောက်နိုင်မည်ဖြစ်သည်။

ဥပဒေသကျင့်ကြံသူများအတွက်တော့ သူတို့က ဓမ္မစွမ်းအားနှင့်မိုးမြေဥပဒေသများကို နားလည်အာရုံစိုက်ထားရမည်ဖြစ်သည်။ဓာတ်ငါးပါးဥပဒေသစွမ်းအားကိုသုံးရင်း ခန္ဓာကိုယ်အတွင်းမှကိုယ်တွင်းအင်္ဂါများနှင့်ချိတ်ဆက်ကာ သတ္တုချီ၊သစ်သားချီ၊ရေချီ၊မီးချီနှင့်မြေချီတို့ကို ပုံဖော်သိပ်သည်းရသည်။ထိုအရာက ဓာတ်ငါးပါးဖြစ်သည်။ချီငါးပါးမူလအစပြန်သွားခြင်းကိုရသွားရင် သူတို့က ဥပဒေသပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်သို့ ရောက်နိုင်ပြီဖြစ်သည်။

အထက်ကမ္ဘာတွင် ဥပဒေသများကိုနားလည်သည့်ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်သည်သာ အရာရောက်ပေသည်။

ထိုအထက်တွင် စည်းမျဉ်းကျင့်ကြံသူများရှိသည်။

သာမန်ပြောရမည်ဆိုရင် အထက်ကမ္ဘာ၏ပါရမီရှင်များက စည်းမျဉ်းကျင့်ကြံခြင်းအဆင့်၌ ရှိသည်။

ထိုအဆင့်က ဓမ္မစွမ်းအားများကို ကျင့်ကြံရသည့်အပြင် မိုးမြေစည်းမျဉ်းများကိုလည်း ထပ်မံ နားလည်ဆင်ခြင်ရသည်။သူတို့က ဓာတ်ငါးပါးစည်းမျဉ်းစွမ်းအားကိုသုံးရင်း ကိုယ်တွင်းအင်္ဂါငါးမျိုးနှင့်ချိတ်ဆက်ကာ အရှေ့ပိုင်းအစိမ်းရောင်အင်ပါယာသစ်သားချီ၊အနောက်ပိုင်းအဖြူရောင်အင်ပါယာသတ္တုချီ၊တောင်ပိုင်းအနီရောင်အင်ပါယာမီးချီ၊မြောက်ပိုင်းအနက်ရောင်အင်ပါယာရေချီနှင့် အလယ်ပိုင်းအဝါရောင်အင်ပါယာ‌မြေချီတို့ကို သိပ်သည်းပုံဖော်ရသည်။စည်းမျဉ်းချီငါးမျိုးဖြစ်ပြီး အင်ပါယာချီငါးပါးဟုခေါ်ကြသည်။သူတို့က ချီငါးပါးမူလအစပြန်သွားခြင်းအောင်မြင်သွားရင်တော့ စည်းမျဉ်းပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်များဖြစ်လာကြပေမည်။

ကောင်းကင်တာအိုကျင့်ကြံသည့် တာအိုကျင့်ကြံသူများက မိုးမြေကောင်းကင်တာအိုကို နားလည်ဆင်ခြင်ပြီး ထိုစွမ်းအားကိုအသုံးပြုကာ ကောင်းကင်တာအိုချီငါးပါးကို သိပ်သည်းရသည်။ချီငါးပါးမူလအစပြန်သွားခြင်းအောင်မြင်သွားရင်တော့ ကောင်းကင်တာအိုပြီးပြည့်စုံခြင်းအင်မော်တယ်များဖြစ်လာကြပေမည်။

ချီမင်က မဟာတာအိုကိုကျင့်ကြံသည်။သူက ကောင်းကင်တာအိုကျင့်ကြံသူများထက်သာသည်။ထို့ကြောင့်လည်း သူက မဟာတာအိုချီငါးမျိုးကို သိပ်သည်းရပြီး ထိုစွမ်းအားကိုသုံးကာချီငါးပါးမူလအစပြန်သွားခြင်းရရှိအောင် လုပ်ဆောင်ပြီးရင်တော့ မဟာတာအိုပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ဦးဖြစ်လာမည်ဖြစ်သည်။

ချီမင်၏တစ်ကိုယ်လုံးက တုန်ခါလာသည်။မဟာတာအိုလှုပ်ခါမှုများက အင်မော်တယ်ချီများနှင့်အတူထွက်ပေါ်လာသည်။သူက ပစ္စည်းစာရင်းကိုဖွင့်လိုက်သည်။အရေမတွက်နိုင်လောက်သောအင်မော်တယ်သလင်းကျောက်များမှာ မုန်တိုင်းတစ်ခုသဖွယ်ထွက်ပေါ်လာပြီး ချီမင်သည်အင်မော်တယ်ချီစွမ်းအင်များအဖြစ်ပြောင်းလဲကာ စုပ်ယူတော့သည်။မိုး‌မြေမဟာတာအိုနှင့်ပေါင်းစပ်သွားပြီး မဟာတာအိုချီငါးမျိုးအဖြစ်ပြောင်းလဲသွားတော့သည်။

ပထမဆုံး ချီမင်၏တစ်ကိုယ်လုံး စိတ်ဝိညာဉ်ချီ၊နတ်ဘုရားချီ၊ဝိညာဉ်ချီ၊အနှစ်သာရချီနှင့် ရည်ရွယ်ချက်ချီများသည် တဖြည်းဖြည်း ပျံ့နှံ့လာသည်။ချီငါးမျိုးထွက်ပေါ်လာပြီး ပေါင်းစပ်သွားကာ မဟာတာအိုချီငါးမျိုး၏တစ်စိတ်တစ်ပိုင်းဖြစ်သွားတော့သည်။

ချက်ချင်းဆိုသလို သတ္တုချီ၊သစ်သားချီ၊ရေချီ၊မီးချီနှင့်မြေချီတို့မှာ သိပ်သည်းသွားသည်။ထိုအရာကဓာတ်ငါးပါးဖြစ်ကာ ဥပဒေသချီငါးမျိုးဖြစ်သွားတော့သည်။ချီငါးမျိုးထွက်ပေါ်လာပြီး ပေါင်းစပ်သွားကာ မဟာတာအိုချီငါးမျိုး၏တစ်စိတ်တစ်ပိုင်းဖြစ်သွားတော့သည်။

ထို့နောက်သူက အရှေ့ပိုင်းအစိမ်းရောင်အင်ပါယာသစ်သားချီ၊အနောက်ပိုင်းအဖြူရောင်အင်ပါယာသတ္တုချီ၊တောင်ပိုင်းအနီရောင်အင်ပါယာမီးချီ၊မြောက်ပိုင်းအနက်ရောင်အင်ပါယာရေချီနှင့် အလယ်ပိုင်းအဝါရောင်အင်ပါယာ‌မြေချီတို့ကို သိပ်သည်းလိုက်သည်။

ချီမင်၏အနားတွင် ပုံရိပ်ငါးခုထွက်ပေါ်လာသည်။သူတို့က အင်ပါယာငါးပါးကို ကိုယ်စားပြုသည်။စည်မျဉ်းချီငါးမျိုးဖြစ်ပြီး အင်ပါယာငါးပါးချီငါးမျိုးဟုလည်း ခေါ်သည်။ချီငါးမျိုးထွက်ပေါ်လာပြီး ပေါင်းစပ်သွားကာ မဟာတာအိုချီငါးမျိုး၏တစ်စိတ်တစ်ပိုင်းဖြစ်သွားတော့သည်။

သို့ပေမယ့် ထိုအရာ အဆုံးသတ်မဟုတ်သေးပေ။

မိုးမြေကောင်းကင်တာအို၏စွမ်းအားထွက်ပေါ်လာသည်။ချီမင်သည် ကောင်းကင်တာအို၏စွမ်းအားကို ထိန်းချုပ်နိုင်သည်။ကောင်းကင်တာအိုချီငါးမျိုးအဖြစ်ပြောင်းလဲသွားတော့သည်။ ကောင်းကင်တာအိုစကြဝဠာချီ၊ကောင်းကင်တာအိုယင်ယန်ချီ၊ကောင်းကင်တာအိုအချိန်နေရာလွတ်ချီ၊ကောင်းကင်တာအိုမူလအစချီနှင့်ကောင်းကင်တာအိုမိုးမြေချီတို့ဖြစ်ကြသည်။

ကောင်းကင်တာအိုချီပါးမျိုးအဖြစ် ပေါင်းစပ်သွားတော့သည်။

တိုက်ပွဲသံများ ထွက်ပေါ်လာသည်။

‌ကောင်းကင်တာအိုချီငါးမျိုးက မဟာတာအိုချီငါးမျိုး၏တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ထိုအခိုက်တွင် မဟာတာအိုချီငါးမျိုးအဖြစ်ပြောင်းလဲမှုသည် နောက်ဆုံးအဆင့်ရောက်သွားသည်။ချီမင်၏ခေါင်းအထက်တွင် ပန်းသုံးပွင့်ကစုစည်းသွားပြီး အရာရာတိုင်းကိုဖိနှိပ်လာသည်။

သူ့နားတွင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုမြူခိုးများ ပျံ့လွင့်လာသည်။ဖရိုဖရဲက စစ်မှန်လာသည်။အစတည်းက ဖရိုဖရဲများမှာ ‌စုဝေးကာပေါင်းစပ်နေကြသည်။

ယခု ဖရိုဖရဲကစတင်ပြီး အစီစဉ်ကျကာ မှန်ကန်လာသည်။ထိုအရာက ဖြေးညှင်းစွာဖြင့် မဟာတာအိုချီငါးမျိုးအဖြစ် ပြိုကွဲသွားတော့သည်။

မဟာတာအိုချီများက မဟာတာအိုဖရိုဖရဲချီ၊မဟာတာအိုအကန်အသတ်မဲ့ချီ၊မဟာတာအိုသိမ်မွေ့ချီ၊မဟာတာအိုမူလအစချီနှင့်မဟာတာအို ‌မိုးမြေချီတို့ဖြစ်ကြသည်။

ချီငါးပါးမူလအစပြန်ခြင်း။

ထိုအခိုက်တွင် မဟာတာအိုပန်းသုံးပွင့်နှင့်မဟာတာအိုချီငါးပါးကပေါင်းစပ်သွားပြီး ဆက်သွယ်မှုတစ်ခုဖန်တီးလိုက်သည်။ထိုနှစ်ခုက ပေါင်းစပ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသည့်တုန်ခါမှုတစ်ခုပျံ့နှံ့သွားကာ ချီမင်၏တစ်ကိုယ်လုံးကိုပါ ဖုံးအုပ်လာသည်။

ချီမင်အနားတွင် မရေမတွက်နိုင်သည့်‌ထူးခြားဖြစ်စဉ်များပေါ်လာသည်။ကောင်းကင်နှင့်မြေကြီးမဟာတာအို၏အရှိန်အဝါသည် လည်ပတ်လာတော့သည်။ခြံဝန်းက ထိုကြောက်မက်ဖွယ်ကောင်းသည့်လှုပ်ခတ်မှုကို မခုံခံနိုင်တော့ပေ။ချက်ချင်းကို ပြိုကွဲလာသည်။

ဝုန်း!

ချက်ချင်းပဲ လေထဲတွင်ကြယ်တာရာများလွင့်မြောလာပြီး ကောင်းကင်စက်ဝန်းထွက်ပေါ်လာသည်။အသေးစားကောင်းကင်ကြယ်တာရာအစီအရင်နှင့်ကြယ်ရွှေ့ပြောင်းခြင်းအစီအရင်သည် အင်အားကုန်လည်ပတ်လာပြီး ချီမင်၏အရှိန်အဝါကို ပိတ်ကာပေးလိုက်သည်။

ထိုသို့ဖြင့် ချီမင်၏အဆင့်တက်မှုကြောင့်ဖြစ်ပေါ်လာသည့်မငြိမ်သက်မှုက ပျံ့နှံ့မသွားပေ။ထိုကြောင့် အထက်ကမ္ဘာရှိကျွမ်းကျင်သူများ၏အာရုံကို မဆွဲဆောင်နိုင်တော့ပေ။

သဘာဝအတိုင်း ကိစ္စရပ်များက အဆင်ပြေနေခဲ့သည်။

သုံးရက်ကြာပြီးနောက်။

ချီမင်၏အရှိန်အဝါက ကြီးမားစွာမြင့်တက်သွားသည်။ထိုအခိုက်တွင် ပန်းသုံးပွင့်ကစုစည်းလာပြီး ချီငါးပါးမူလအစပြန်သွားခြင်းဖြစ်တည်လာသည်။ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ဖြစ်ကြောင်းပြသနေသည်။

သူ့ကျင့်ကြံခြင်းအဆင့်နှင့်ခွန်အားသည် တိုးတက်သွားတော့သည်။

ထို့နောက်သူက နောက်ထပ်တစ်ရက်သုံးကာ ကျင့်ကြံခြင်းအဆင့်အခြေခိုင်အောင်လုပ်လိုက်သည်။

သူ့မျက်စိကို ဖွင့်လိုက်သည်။

“ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်။”

ချီမင်က သူ့ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုကိုခံစားလိုက်ရသည်။သူ့အင်အားက တိုးတက်သွားသည်။သူက အင်မတန်စိတ်ကျေနပ်သွားတော့သည်။”ငါ အလိုအလျောက်ကျင့်ကြံနေတာ နှစ်တစ်ထောင်ရှိပြီ။နောက်ဆုံးတော့ အဆင့်တက်သွားပြီ။”

ချက်ချင်းပဲ ချီမင်က အသိပေးချက်အတွဲလိုက်ကြီး လက်ခံရရှိလိုက်သည်။

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းစနစ်ရဲ့အမြင့်ဆုံးမြှင့်တင်မှုက တစ်ထရီလီယန်မှ တစ်ဆယ်ထရီလီယန်ထိ တိုးတက်သွားပါပြီ။”

…

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။သင့်ရဲ့အသက်အနှစ်သာရသည် ထပ်မံတိုးတက်သွားပြီး မဟာတာအိုပြီးပြည့်စုံခြင်းအင်မော်တယ်ဖြစ်လာပါပြီ။သင်က ဖျက်ဆီး၍မရနိုင်သော အင်မော်တယ်တစ်ပါးဖြစ်လာပါပြီ။မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် ဆယ်တုံးလိုအပ်ပါတယ်။”

…

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။အလိုအလျောက်ကျင့်ကြံခြင်းတွက်ချက်မှုစနစ်ရဲ့အမြင့်ဆုံးမြှင့်တင်မှုက တစ်ထရီလီယန်မှ တစ်ဆယ်ထရီလီယန်ထိ တိုးတက်သွားပါပြီ။”

…

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။တွက်ချက်မှုစနစ်တွင်မြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက် ဆယ်လုံးလိုအပ်ပါတယ်။”

…

တင်း!

“လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။ အင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:သေဆုံးခြင်းနတ်ဆိုးဂူကိုရှင်းလင်းရာမှရရှိမည့်ဆုလာဘ်များ လျော့ကျသွားပါပြီ။သင် အဆင့်မြင့်အင်မော်တယ်သလင်းကျောက်သန်းတစ်ထောင်ကိုထည့်သွင်းပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းသစ်ကို ဖွင့်နိုင်သွားပါပြီ။”

…

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။”ဒီလိုဆို ငါကျင့်ကြံဖို့နဲ့တွက်ချက်ဖို့ အင်မော်တယ်သလင်းကျောက်တွေ အတော်လေးလျော့သွားလောက်ပြီ။”

“အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုရှင်းလို့ရတဲ့ အင်မော်တယ်သလင်းကျောက်တွေက ငါ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။”

တင်း!

“ဂုဏ်ပြုပါတယ်လက်ခံသူ။သင် မဟာတာအိုချီငါးမျိုးကို သိပ်သည်းနိုင်ခဲ့ပြီး ချီငါးပါးမူလအစပြန်သွားခြင်း ပြီးမြောက်သွားပါပြီ။ကောင်းကင်နှင့်မြေကြီးမဟာတာအိုက သင့်တစ်ကိုယ်လုံးကို ပြောင်းလဲပေးလိုက်ပြီး အရည်အချင်းကလည်း တိုးတက်သွားပါပြီ။”

“ဓာတ်ငါးပါးအင်မော်တယ်အမြစ်မှာတော့ ပြောင်းလဲမှု မရှိပါဘူး။”

“ဖရိုဖရဲဥပဒေသခန္ဓာမှ ဖရိုဖရဲစည်းမျဉ်းခန္ဓာအဖြစ် ‌တိုးတက်သွားပါပြီ။”

“သင့်ရဲ့နားလည်နိုင်စွမ်းက တာအိုဉာဏ်အလင်းမှ ဗောဓိအဆင့်သို့တိုးတက်သွားပါပြီ။”

“သင့်ရဲ့အခြေခံက သန့်စင်မှုမှ အထက်ကမ္ဘာအင်မော်တယ်အရိုးအဆင့်သို့ တိုးတက်သွားပါပြီ။”

“သင်က ကောင်းကင်နှင့်မြေကြီးမဟာတာအို၏‌ကာကွယ်ပေးမှုကြောင့် ကံတရားသက်ရောက်မှုမခံရပါ။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

တင်း!

“ဂုဏ်ပြုပါတယ်လက်ခံသူ။သင့်ရဲ့အရည်အချင်းများက သက်ဆိုင်ရာအလိုက်တိုးတက်လာပါတယ်။အလိုအလျောက်ကျင့်ကြံခြင်းစနစ်နဲ့တွက်ချက်ခြင်းစနစ်၏ဆယ်ဆမြှင့်တင်မှုတိုင်းအတွက် အဆင့်နိမ့်အင်မော်တယ်သလင်းကျောက်တစ်တုံးသာ လိုအပ်ပါတော့တယ်။”

အသိပေးချက်တစ်ခု ပေါ်လာသည်။

ချီမင်၏အင်မော်တယ်သလင်းကျောက်သုံးစွဲမှုက ဆယ်ဆလျော့ကျသွားသည်။

All Chapters