အဆုံးမဲ့သက်စောင့်ကမ္ဘာ၊ အထွတ်အထိပ်အံ့ဖွယ်စွမ်းအား:အထွတ်အထိပ်ကမ္မနည်းစနစ်
Vol. 21 Ch. 308
"ငါ အဆင့်မြင့်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ထောင်ထည့်မယ်။အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အသက်သွင်းမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့သက်စောင့်ကမ္ဘာကို အောင်မြင်စွာ အသက်သွင်းနိုင်ပါတယ်။"
"သင် ဝင်ရောက်နိုင်ပါပြီ။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်က ခေါင်းအသာညိတ်လိုက်သည်။အတွေးတစ်ချက်ဖြင့် သူကဆိုလိုက်သည်။"ဝင်"
သူ့ရှေ့က မြင်ကွင်းသည် ပြောင်းလဲသွားတော့၏။ဂိမ်းမြင်ကွင်းတစ်ခု ပေါ်လာသည်။
သူက ထိုနေရာသို့ရောက်သွားသည့်ပမာ ခံစားလိုက်ရသည်။
ချီမင်သည် ဂိမ်းကမ္ဘာကြီးကို လက်တွေ့ပမာခံစားလိုက်ရသည်။
ပထမဆုံး ဂိမ်းမျက်နှာပြင်တွင်။
အဆုံးမဲ့သက်စောင့်ကမ္ဘာ၏သတင်းအချက်အလက်များ ထွက်ပေါ်လာသည်။ချီမင်သည် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း၏အချက်အလက်များကို ဖတ်လိုက်ရပြီး အခြေအနေကို သိသွားတော့သည်။
အဆုံးမဲ့သက်စောင့်ကမ္ဘာသည် စွမ်းအားကြီး အင်မော်တယ်ကျင့်ကြံခြင်းကမ္ဘာဖြစ်သည်။ယင်းကမ္ဘာကြီးထဲသို့ တခြားကမ္ဘာတစ်ခုကျူးကျော်လာခဲ့သည်။
အဆုံးမဲ့သက်စောင့်ကမ္ဘာကိုကျူးကျော်လာသည့်ကမ္ဘာကြီးကို မှော်ကမ္ဘာကြီးဟုခေါ်သည်။
ကမ္ဘာနှစ်ခုကြားတွင် စစ်ပွဲဖြစ်လာသည်။
ချီမင်တွင်ရွေးချယ်စရာ နှစ်ခုရှိသည်။
ပထမတစ်ခုက သူက အဆုံးမဲ့သက်စောင့်ကမ္ဘာကိုကူညီရန် အဆုံးမဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်အဖြစ်ပါဝင်ရမည်။သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဝင်လိုက်ပြီးတော့ အဆုံးမဲ့သက်စောင့်ကမ္ဘာ၏သက်ရှိများကို ကူညီကာ မှော်ကမ္ဘာကိုအနိုင်ယူရမှာဖြစ်သည်။
ဒုတိယရွေးချယ်မှုက မှော်ကမ္ဘာကိုရွေးချယ်ကာ အမှန်တရားမှော်ပညာရှင်အဖြစ်ပြောင်းလဲလိုက်ရန်ဖြစ်သည်။ပြီးတော့ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကိုဝင်ပြီး မှော်ကမ္ဘာကိုကူညီကာ အဆုံးမဲ့သက်စောင့်ကမ္ဘာကို တိုက်ခိုက်ရန်ဖြစ်သည်။
"အဆုံးမဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်ကိုရွေးတယ်။"
ချီမင်က ဆုံးဖြတ်ချက်ချလိုက်သည်။သူက အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဝင်ပြီးတော့ အလွန်အမင်းစွမ်းအားကြီးသည့် အဆုံးမဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်ဖြစ်လာသည်။
ကမ္ဘာနှစ်ခုကြားမှ တိုက်ပွဲကားပြင်းထန်လာတော့သည်။ချီမင်ကစွမ်းအားကြီးအံ့ဖွယ်စွမ်းအားကိုသုံးကာ အမှန်တရားမှော်ပညာရှင်များကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်ကာ အဆုံးမဲ့သက်စောင့်ကမ္ဘာကို ကူညီရင်း မှော်ကမ္ဘာ၏စစ်တပ်ကို ဖိနှိပ်လိုက်သည်။
ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်ကာအာရုံမထားတော့ပေ။
အဆုံးမဲ့သက်စောင့်ကမ္ဘာတွင် ဘာပဲဖြစ်လာဖြစ်လာ သူက ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့သက်စောင့်ကမ္ဘာကို အောင်မြင်စွာရှင်းလင်းနိုင်မှာဖြစ်သည်။သူက သေချာပေါက် ဆုလာဘ်များရရှိမှာဖြစ်သည်။
သူက စောင့်ဖို့သာလိုအပ်သည်။
လက်ရှိတွင် ချီမင်က မဟာတာအိုပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်၌ရှိသည်။သူက ခန္ဓာကိုယ်အတွင်းမှပြောင်းလဲမှုများကို သိသာထင်ရှားစွာအာရုံခံနိုင်သည်။ကောင်းကင်နှင့်မြေကြီးမဟာတာအိုအပေါ်နားလည်မှုက ထပ်မံတိုးတက်သွားသည်။သူက ညာဘက်လက်ကိုဝေ့ယမ်းလိုက်တော့ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စစ်မှန်ရည်ရွယ်ချက်များစုဝေးလာပြီး မဟာတာအိုပန်းသုံးပွင့်အဖြစ်ထွက်ပေါ်လာသည်။
ချီမင်ကမဟာတာအိုပန်းသုံးပွင့်ကိုအလွယ်တကူထုတ်ဖော်နိုင်သည်ဟု အထင်မှားသွားနိုင်သည်။တကယ်တော့ မဟာတာအိုပန်းသုံးပွင့်၏အကျိုးသက်ရောက်မှုက အတော်လေးပြင်းထန်စွမ်းအားကြီးသည်။သူတို့တွင် ကောင်းကင်နှင့်မြေကြီး၏ကံတရားကို ထိန်းချုပ်နိုင်သည့်စွမ်းအားမျိုးရှိသည်။
ဥပမာအနေဖြင့်။
ကုမင်ယွမ်သည် နှစ်တစ်ထောင်တောင်မပြည့်လိုက်ဘဲ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အစေခံတပည့်အဖြစ်မှ အဓိကတပည့်ဖြစ်လာသည်မှာ ချီမင်၏ကူညီမှုကြောင့်ဖြစ်သည်။သူ့ကျင့်ကြံခြင်းအဆင့်က မဟာယနအဆင့်မှ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်ထိတောင် တိုးတက်သွားခြင်းဖြစ်သည်။
ချီမင်က ကုမင်ယွမ်၏ခန္ဓာကိုယ်ထဲသို့ မဟာတာအိုပန်းတစ်ပွင့်ပေါင်းထည့်ခဲ့ခြင်းကြောင့် ကုမင်ယွမ်က ထိုမဟာတာအိုပန်းကိုစုပ်ယူပေါင်းစပ်လိုက်သည်။ထို့ကြောင့် ကောင်းကင်နှင့်မြေကြီးမဟာတာအို၏ကောင်းချီးပေးမှုနှင့်အသိအမှတ်ပြုမှုကို ရရှ်ိလာခြင်းဖြစ်သည်။
သူက တိုက်ရိုက်ပြန်လည်မွေးဖွားလာသည်။
ကုမင်ယွမ်သာ မသေသရွေ့ သူက အနာဂတ်တွင်မဟာဆန်းကြယ်အင်မော်တယ်တစ်ပါးဖြစ်လာပေလိမ့်မည်။
ကံမကောင်းသည်က။
ကုမင်ယွမ်၏ကုသိုလ်အထောက်အပံ့က မလုံလောက်ပေ။သူသည် မဟာတာအိုပန်းတစ်ပွင့်နဲ့ပဲ ပေါင်းစပ်နိုင်၏။မဟာတာအိုပန်းကိုးပွင့်ဖြင့်သာ ပေါင်းစပ်နိုင်ပါက သူက အနာဂတ်တွင် ရွှေအင်မော်တယ်အဆင့်ဖြစ်လာရန် အခွင့်အရေးရှိလာလိမ့်မည်။
"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထည့်ပြီး ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို ကျင့်ကြံမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုတက်လာသည်။
ချီမင် ခေါင်းအသာညိတ်ကာဆိုလိုက်သည်။"ဆက်ထည့်မယ်။ဖရိုဖရဲအရောင်ကောင်းကင်နဲ့မြေကြီးမဟာတာအိုစာလုံးကို ဆင်ခြင်မယ်။ဖရိုဖရဲမဟာတာအိုကျမ်းကို ဆက်ပြီးတွက်ချက်မယ်။"
တင်း!
"ဖရိုဖရဲအရောင်ကောင်းကင်နဲ့မြေကြီးမဟာတာအိုစာလုံးကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
…
တင်း!
"ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်မှုအောက်တွင် တွက်ချက်နေပါတယ်။ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်မလုံလောက်မှုကြောင့်နှင့် ဖရိုဖရဲအရောင်ကောင်းကင်နဲ့မြေကြီးမဟာတာအိုစာလုံးကို လုံလောက်စွာနားမလည်မှုကြောင့် တွက်ချက်မှုက အင်မတန်ကခက်ခဲနေပါတယ်။"
…
အသိပေးချက်တစ်ခုပေါ်လာသည်။
"ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုးမျိုးက အရမ်းနည်းတယ်။"
ဆယ်ရက်ကြာပြီးနောက်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။သင် ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့သက်စောင့်ကမ္ဘာကို ဆယ်ရက်ကြာရှင်းလင်းခဲ့ပါတယ်။သင် ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် အထွတ်အထိပ်ကမ္မနည်းစနစ်၊အဆင့်မြင့်အင်မော်တယ်သလင်းကျောက်လသန်းတစ်သိန်းရရှိပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်။"
ချီမင်က သက်ဆိုင်ရာသတင်းအချက်အလက်များကို လျင်မြန်စွာစစ်ဆေးလိုက်သည်။
ပစ္စည်း:အထွတ်အထိပ်ကမ္မနည်းနစ်
ဖော်ပြချက်: အထွတ်အထိပ်အံ့ဖွယ်စွမ်းအားတစ်ခုဖြစ်သည်။ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့သက်စောင့်ကမ္ဘာမှ ရရှိခြင်းဖြစ်သည်။ကမ္မတရားတွင် အကျိုးရှိလျှင်အကြောင်းရှိမည်ဖြစ်သည်။သေဆုံးခြင်းနှင့်ရှင်သန်ခြင်းကို ကမ္မတရားဖြင့်သာရစ်ပတ်ထားသည်။ဒီကမ္ဘာကြီးထဲတွင် သက်ရှိအားလုံးတွင် စကားလုံးများ၊နယ်ပယ်များအားလုံးကို ကမ္မဖြင့်ရစ်ပတ်ထားသည်။
ချီမင်က အင်မတန်စိတ်အခြေအနေကောင်းနေသည်။"အထွတ်အထိပ်အံ့ဖွယ်စွမ်းအား။ဒါက မဟာအံ့ဖွယ်စွမ်းအားထက်ပိုမြင့်တဲ့ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားပဲ။ငါသာ အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကိုကျွမ်းကျင်နိုင်သရွေ့ ကမ္မကို ထိန်းချုပ်နိုင်လိမ့်မယ်။"
"ကောင်းတယ်။ကောင်းတယ်။"ချီမင်က စိတ်ကျေနပ်သွားသည်။
"ငါ အလယ်အလတ်အဆင့်အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထည့်မယ်။"
ချီမင်ကဆိုသည်။"အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကို ကျင့်ကြံမယ်။"
တင်း!
"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"
"အထွတ်အထိပ်အံ့ဖွယ်စွမ်းအားကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် ခေါင်းအသာညိတ်လိုက်၏။
နောက်တော့ သူက ပျက်စီးသွားသည့်ခြံဝန်းကို ပြန်လည်တည်ဆောက်လိုက်သည်။
သူက ဆက်ပြီးတော့ တံခါးပိတ်ကျင့်ကြံနေလိုက်သည်။
အချိန်များကုန်ဆုံးသွားသည်။
နောက်ထပ်နှစ်တစ်ရာကြာသွားသည်။
ချီမင်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:အဆုံးမဲ့သက်စောင့်ကမ္ဘာမှ အမွေအနှစ်သလင်းကျောက်များရလိုက်သည်။ထိုသလင်းကျောက်များက ဟော့ချန်ချင်း၊သေမင်း၊ယင်လေး၊လင်းနို့လေးနှင့်အမှောင်မီးလျှံတို့ကို အင်မော်တယ်လက်ရွေးစင်သားရဲများဖြစ်လာစေသည်။
ဝိညာဉ်သားရဲခြောက်ကောင်လုံးက ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။ထိုအရာက သူတို့၏ကန်သတ်ချက်လည်းဖြစ်သည်။
ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်က အားမနည်းပေ။အရမ်းတောင်သန်မာသေးသည်။ချီမင်က ဝိညာဉ်သားရဲခြောက်ကောင်ကိုလွှတ်ကာ ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များကို စုဆောင်းခဲ့သည်။မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များတောင်ရှိသည်။
တစ်ချိန်တည်းမှာပင် လွန်ခဲ့သည့်ဆယ်နှစ်ကကုမင်ယွမ်သည် ဆန်းကြယ်အင်မော်တယ်အစောပိုင်အဆင့်သို့ရောက်ရှိသွားပြီးရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏အမွေခံတပည့်ဖြစ်လာသည်။သူ့အဆင့်အတန်းရော အထောက်အထားရောပါမြင့်တက်လာပြီး ပိုပြီးအဆင့်မြင့်လာသည်။
အစကနေအဆုံးထိ ကုမင်ယွမ်သည် ချီမင်အတွက်ရှေးဟောင်းအင်မော်တယ်ဂိုဏ်းဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၁၀၀၀)ကျော်ကို စုစည်းပေးခဲ့သည်။အထူးအဆင့်သုံးမျိုးတောင်ပါသည်။
မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်(၃)ခုက မဟာဆန်းကြယ်အစိမ်းရောင်သန့်စင်ပညာ၊ကောင်းကင်သက်ဆင်းခြင်းကျမ်းနှင့်ကောင်းကင်စက်ဝန်းကြယ်တာရာပညာရပ်ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ နောက်ထပ်နှစ်(၂၀၀)ကုန်သွားသည်။
လွန်ခဲ့သည့်နှစ်တစ်ထောင်က ချီမင်သည် ခြံဝန်းထဲ၌သာ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။
လွန်ခဲ့တဲ့နှစ်(၂၀၀၀)က ကုမင်ယွမ်သည် ချီမင်အတွက်ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များစွာ ဝယ်ယူခဲ့သည်။ထိုအရာများက ဖရိုဖရဲမဟာတာအိုကျမ်းကျင့်ကြံရန်အရင်းအမြစ်များဖြစ်လာသည်။သူက ချီမင်အတွက်မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်များတောင် ဝယ်ယူပေးခဲ့သည်။
ယနေ့နေလည်ခင်းမှာတော့။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။သင် ဖရိုဖရဲမဟာတာအိုကျမ်းကို အဆ(၁၀)ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာတွက်ချက်ခဲ့ပါတယ်။ဆန်းကြယ်အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်များဖြင့်ပေါင်းစပ်တာလုံလောက်သွားပါပြီ။သင် အနှစ်သာရများကိုထုတ်ယူပြီး အညစ်အကြေးများကို စစ်ထုတ်နိုင်လိုက်ပါတယ်။သင် ကောင်းကင်နှင့်မြေကြီးဖရိုဖရဲမဟာတာအိုစာလုံးကိုနားလည်သွားပြီး ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အောင်မြင်စွာတွက်ချက်နိုင်ခဲ့ပါတယ်။"
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်သည် စိတ်အခြေအနေကောင်းနေတော့၏။
ချီမင်က ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို လက်ခံယူလိုက်သည်။သူ့စိတ်ထဲသို့ သတင်းအချက်အလက်များစွာဝင်ရောက်လာပြီးတော့ မဟာတာအိုစာလုံးများနှင့်လျှို့ဝှက်ဆန်းကြယ်မှုများစွာအဖြစ် ပြောင်းလဲသွားတော့သည်။သူက အလွန်အမင်းနက်နဲသည့်ကျင့်ကြံခြင်းနည်းစနစ်ကို နားလည်ဆင်ခြင်လိုက်သည်။
ချီမင်သည် အသက်ပြင်းပြင်းရှုလိုက်၏။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။သင် အထွတ်အထိပ်ကမ္မနည်းစနစ်ကို အဆ(၁၀)ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံခဲ့ပါတယ်။သင် ကမ္မတရား၏လျှို့ဝှက်ဆန်းကြယ်မှုများကို နားလည်ခဲ့ပါတယ်။အထွတ်အထိပ်ကမ္မနည်းစနစ်က အစပြုသူအဆင့်သို့အောင်မြင်စွာ ရောက်ရှိသွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်သည် တင်ပျဉ်ခွေချိတ်ထိုင်လိုက်ကာ မျက်စိမှိတ်လိုက်သည်။သူက မယှဉ်သာလောက်သည့်နက်နဲမှုအခြေအနေထဲသို့ ဝင်ရောက်သွားပြီး အထွတ်အထိပ်ကမ္မနည်းစနစ်ကိုစတင် နားလည်ဆင်ခြင်တော့သည်။ထိုအခြေအနေတွင် ချီမင်သည် မရေမတွက်နိုင်သောနှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာကြာအောင် အထွတ်အထိပ်ကမ္မနည်းစနစ်ကို နားလည်ဆင်ခြင်နေခဲ့သည့်အလားပင်။
နောက်ဆုံးတော့ ချီမက်၏နောက်တွင် ထူးခြားဖြစ်စဉ် မျိုးစုံဖြစ်ပေါ်လာသည်။
မိုးမြေက ပေါက်ပေါက်လာပြီး သက်ရှိအားလုံးပြန်လည်မွေးဖွားလာသည့်အတိုင်းပင်။သန့်စင်မှုနှင့်ညစ်ညမ်းမှုချီများက အဆုံးမဲ့လှည့်ပတ်လာပြီး မြင်ကွင်းများစွာ ပြောင်းလဲသွားသည်။ထူးဆန်းသည့်ပုံရိပ်များစွာပေါ်ပေါက်လာသည်။တောင်စဉ်တောင်တန်းများ၊မြစ်ချောင်းများ၊မြေပြန့်များ၊နဂါးများ၊ဇာမဏီများ၊နတ်ဘုရားတစ်ပိုင်းများ၊အင်ပါယာများ၊စစ်ဗိုလ်ချုပ်များစသဖြင့် ပေါ်ပေါက်လာသည်။သိပ်သည်းသည့်ချည်ကြိုးမျှင်တို့မှာ သက်ရှိအားလုံးကိုထူးဆန်းသည့် အင်အားတစ်ခုဖြင့်ရစ်ပတ်ထားပြီးသက်ရှိအားလုံးသည် ပြုမူလှုပ်ရှားနေကြရပြီးကမ္မစွမ်းအင်များ ထွက်ပေါ်နေသည်။
နောက်ဆုံးတော့ ထူးခြားဖြစ်စဉ်အားလုံးက ပေါင်းစပ်ကာ ချီမင်၏မျက်ခုံအလယ်သို့ မှုန်ဝါးဝါးရွှေရောင်အမှတ်အသားအဖြစ်ပြောင်းလဲကာ ဖြေးညှင်းစွာပျောက်ကွယ်သွားတော့သည်။
"အထွတ်အထိပ်ကမ္မနည်းစနစ်"
ချီမင်သည် ညာဘက်လက်ကိုယမ်းလိုက်သည်။သူက လက်ကိုညင်သာစွာဆန့်ထုတ်လိုက်ကာ ကမ္မကြိုးမျှင်များကို ဆုပ်ကိုင်ကြည့်လိုက်သည်။သူက ကမ္မစွမ်းအားကို အမှန်တကယ်နားလည်သွားပြီဖြစ်သည်။သူ ခေါင်းမော့လိုက်တော့ မျက်လုံးများက ကမ္မမျက်လုံးများအဖြစ် ပြောင်းနေပြီဖြစ်သည်။သူက ကမ္ဘာကြီးထဲတွင် မရေမတွက်နိုင်သော ကမ္မများ ရစ်ပတ်နှောင်ဖွဲ့နေသည်ကို တွေ့လိုက်ရသည်။
ယခု ချီမင်သည် ထိုစွမ်းအားကို ထိန်းချုပ်နိုင်သွားပြီဖြစ်သည်။
အလွန်အမင်းကြောက်မက်ဖွယ်ကောင်းပါသည်။
ထိုအရာက အစပြုသူအဆင့်၌သာရှိသေးသည်။
တင်း!
"ဂုဏ်ပြုပါတယ်လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို အဆ(၁၀)ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။သင် ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ထပ်မံနားလည်ခဲ့ပြီး စစ်မှန်ရည်ရွယ်ချက်ကို သဘောပေါက်ခဲ့ပါတယ်။သင်ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကို နားလည်ခဲ့ပါတယ်။သင့်ရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့ တိုးတက်သွားပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်သည် တုန့်ဆိုင်းမနေပေ။သူက နက်နဲမှုများကို ဆင်ခြင်နေလိုက်သည်။မရေမတွက်နိုင်သော မဟာတာအိုပန်းများပွင့်လန်းလာသည်။မဟာတာအိုပန်းသုံးပွင့်ကထိပ်တွင်စုစည်းလာပြီး မဟာတာအိုချီငါးမျိုးက မူလအစပြန်လာခြင်းဖြစ်သွားသည်။မိုးမြေထူးခြားဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လာပေမယ့် အစီအရင်က အပြည့်အဝဖုံးကွယ်ပေးထားသည်။ဒါတောင် အကုန်လုံး မပျောက်ကွယ်သေးပေ။