ထူးခြားဆန်းကြယ်လောက၊ ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်
Vol. 21 Ch. 309
ချီမင်သာ ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်သို့တက်လှမ်းချင်ပါက သူက အင်မော်တယ်ချီများစွာ လိုအပ်မှာ ဖြစ်သည်။ချီမင်အဆင့်တက်ဖို့ အနားကအင်မော်တယ်ချီများဖြင့် မလုံလောက်တာကတော့ သိသာသည်။ထို့ကြောင့် သူက ပစ္စည်းစာရင်းကို ဖွင့်လိုက်သည်။အဆင့်မြင့်အင်မော်တယ်သလင်းကျောက်များက မြစ်တစ်စင်းသဖွယ် ထွက်ပေါ်လာပြီး ချီမင်သည် ထိုသလင်းကျောက်များကို သန့်စင်ကာ စုပ်ယူလိုက်သည်။
ဓမ္မစွမ်းအားများနှင့် ကောင်းကင်တာအို စစ်မှန်ရည်ရွယ်ချက်များကို မဟာတာအိုချီငါးမျိုးအဖြစ်ပြောင်းလဲပေး သွားသောကြောင့် တဖြည်းဖြည်းသိပ်သည်းသွားတော့သည်။
ချီမင်အနားတွင် ထူးခြားဖြစ်စဉ်များပေါ်လာတော့သည်။
ချီမင်သည် အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ တွက်ချက်ပြီးသွားပြီဖြစ်၏။ထို့ကြောင့် ထိုအစီအရင်သည် အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာသည့် အရှိန်အဝါကို ပြည့်ဝစွာဖုံးကွယ်ပေးနိုင်သည်။
မျက်စိတမှိတ်အတွင်းမှာ သုံးရက်ကြာသွားပြီဖြစ်သည်။ချီမင်၏အရှိန်အဝါနှင့်ဓမ္မစွမ်းအားများ တိုးတက်သွားသည်။သူ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်မှ အလယ်ပိုင်းအဆင့်သို့တိုးတက်သွားသည်။မူလက မဟာတာအိုချီငါးမျိုးသည်လည်း သိပ်သည်းသွားတော့သည်။
တစ်ရက်ကြာသွားတော့ ချီမင်သည် ကျင့်ကြံခြင်းအဆင့်ကို အခြေခိုင်အောင်လုပ်ပြီးသွားပြီဖြစ်သည်။
“ဟူး....ငါအဆင့်တက်သွားပြီ။”
ချီမင်သည် အသက်ပြင်းပြင်းရှုကာ ခဏလောက်စဉ်းစားကာ ပြောလိုက်သည်။”ငါ ပထမအထက်ကမ္ဘာကို ရောက်တာ နှစ်တစ်ထောင် ရှိသွားပြီ။ကမ္ဘာဦးနတ်ဆိုးဂိုဏ်းကနေ ထွက်လာပြီးတည်းက တခြား အတွေ့အကြုံ မရသေးဘူး။ တာအိုကိုပဲဆင်ခြင်သုံးသပ်ပြီး ကျင့်ကြံနေခဲ့တာ။”
“အခု ငါ ပြီးပြည့်စုံခြင်းအင်မော်တယ်အလယ်ပိုင်းအဆင့်တောင် ရောက်သွားပြီ။”
“ကျင့်ကြံမယ်။ထိပ်ဆုံးကို တက်မယ်။ဒါပေမယ့် ရှေးဟောင်းအင်မော်တယ်မြို့တော်မှာ ကမ္မက ရောယှက်လိမ်ပတ်နေပြီ။သိပ်မကြာခင်မှာပဲ ကပ်ဘေးဒုက္ခဖြစ်လာတော့မယ်။”
ချီမင်သည် အထွတ်အထိပ်ကမ္မနည်းစနစ်ကို နားလည်ဆုပ်ကိုင်ထားသည်။သူက ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်နိုင်ပြီး တွက်ချက်ခြင်းအံ့ဖွယ်စွမ်းအားကို တတ်ကျွမ်းထားတော့ ရှေးဟောင်းအင်မော်တယ်မြို့တော်၏ ကောင်းကင်လျှို့ဝှက်ချက်အပြောင်းအလဲများကို မြင်နိုင်သည်။
သူက ထိုကိစ္စများကို ဂရုမစိုက်ပေ။
ရှေးဟောင်းအင်မော်တယ်မြို့တော်တွင် တစ်ခုခုဖြစ်သွားလည်း သူက တခြားတစ်နေရာသို့ပြောင်းပြီး ဆက်ကျင့်ကြံနေလို့ရသည်။ထိုအရာက ချီမင်ကို မသက်ရောက်စေပေ။သူအတွက်စိုးရိမ်ရမည့်အရာများမရှိပေ။
“တင်း”
“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ပြီးပြည့်စုံခြင်းအင်မော်တယ်အလယ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပါပြီ။ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း အဆုံးမဲ့သက်စောင့်ကမ္ဘာကို ရှင်းလင်းရာမှရရှိမဲ့ဆုလာဘ်များ လျော့ကျသွားပါပြီ။သင် အဆင့်မြင့်အင်မော်တယ်သလင်းကျောက် သန်းတစ်သိန်းထည့်ပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါပြီ။"
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်သည် ခေါင်းအသာ ညိတ်လိုက်သည်။”ငါ အဆင့်မြင့်အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်း ထည့်မယ်။”
တင်း!
“ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။”
“ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ဂိမ်းမြေအောက်စခန်းထူးခြားဆန်းကြယ်လောကကို အောင်မြင်စွာ အသက်သွင်းနိုင်ပါတယ်။”
“သင် ဝင်ရောက်နိုင်ပါပြီ။”
အသိပေးချက်တစ်ခု ပေါ်လာသည်။
ချီမင်က ဆိုလိုက်သည်။”ထူးခြားဆန်းကြယ်အင်မော်တယ်လောကကို ဝင်ရောက်နိုင်ပါပြီ။”
ရင်းနှီးနေသည့်မြင်ကွင်းတစ်ခုပင်။
ချီမင်၏ရှေ့တွင် သက်ဆိုင်ရာဂိမ်းမြင်ကွင်းတစ်ခုပေါ်လာသည်။ထူးခြားဆန်းကြယ်လောက၏အခြေနေကို သိလိုက်ရသည်။
ထူးခြားဆန်းကြယ်လောက။
ထိုနေရာတွင် ကြောက်မက်ဖွယ်ကောင်းပြီး စွမ်းအားကြီးသည့် ထူးဆန်းများစုဝေးနေသည်။ထူးဆန်းများသည် သက်ရှိမှန်သမျှကို စားသုံးသည်။လူသားဖြစ်စေ တခြားသောသက်ရှိများဖြစ်စေ ယင်းတို့က ထူးဆန်းများ၏အစားအစာများသာဖြစ်သည်။
“ထူးဆန်းတွေ”ချီမင်က ခဏလောက်စဉ်းစားလိုက်သည်”ငါ ပထမဆုံးအကြိမ် ကြားဖူးတာ မဟုတ်တော့ဘူး။”
ထူးဆန်းတွေက ကောင်းကင်နှင့်မြေကြီးဥပဒေသနှင့်စည်းမျဉ်းများ၏ကိုယ်ပွားများဖြစ်သည်။သူတို့က ကောင်းကင်နှင့်မြေကြီးဥပဒေသနှင့်စည်းမျဉ်းများ၏စွမ်းအားများနှင့်အတူ မွေးဖွားလာတာဖြစ်သည်။
သူတို့က အတော်လေးကို စွမ်းအားကြီးသည်။
မျိုးနွယ်အားလုံးကို ဝါးမြိုစားသောက်နိုင်သည်။
ထို့ပြင် အဋ္ဌမအထက်ကမ္ဘာတွင် ထူးဆန်းများရှိတာဖြစ်သည်။သူတို့က အဋ္ဌမအထက်ကမ္ဘာ၏အရှင်သခင်များဖြစ်ကြသည်။သူတို့အခြေခံသည် အတော်လေးနက်ရှိုင်းကာခန့်မှန်းရခက်ပြီး မရေမတွက်နိုင်လောက်သောကမ္ဘာများစွာကို ထိန်းချုပ်ထားကြသည်။
ပြန်တွေးကြည့်ရင် ချီမင်က အောက်ကမ္ဘာ၌ထူးဆန်းများကို တွေ့ဖူးသည်။သို့ပေမယ့်ထိုကောင်များက အဆင့်နိမ့်ကမ္ဘာကဖြစ်ပြီး အဋ္ဌမအထက်ကမ္ဘာကမဟုတ်ပေ။
ကွာခြားချက်က ကြီးမားသည်။
အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထူးခြားဆန်းကြယ်လောကတွင် ချီမင်အတွက်ရွေးစရာ ဂိမ်းဇာတ်ကောင်တစ်ခုသာရှိသည်။ထူးဆန်းအမဲလိုက်သူဖြစ်သည်။စွမ်းအားကြီးသက်ရှိဖြစ်ပြီး ထူးဆန်းများကို အထူးတလှယ်သတ်ဖြတ်ကြသူများဖြစ်သည်။
ဂိမ်းမြင်ကွင်းက ဆက်တိုက်ပြောင်းလဲနေသည်။
ချီမင်ပြောင်းလဲထားသည့် ဂိမ်းဇာတ်ကောင်သည် ထူးဆန်းကမ္ဘာထဲသို့ ဝင်ရောက်သွားပြီဖြစ်သည်။သူက ထူးဆန်းအမဲလိုက်သူဖြစ်သွားသည်။သေချာကြည့်လိုက်တော့ နောက်ကျောဘက်တွင် ဓားအိမ်လွယ်ထားသည့် ချောမောသည့်လူငယ်လေးဖြစ်သည်။သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထက်ရှသည့်မျက်ခုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။သို့ပေမယ့် သူက အမြင်အာရုံပျောက်ကွယ်နေဟန်ရသည်။
“မိုးမြေဓားတာအို”
ကလန်! ကလန်! ကလန်!
ထူးဆန်းအမဲလိုက်သူက ခပ်ဖျော့ဖျော့အော်ဟစ်လိုက်သည်။သူ့နောက်က ဓားအိမ်က ပွင့်သွားသည်။ချက်ချင်းပဲ ဓားပျံပေါင်း(၁၂၉,၆၀၀)လက် ပျံထွက်လာသည်။ဓားပျံတိုင်းက အစစ်အမှန်ဖြစ်ပြီး အံ့ဖွယ်စွမ်းအားကြောင့် ထွက်ပေါ်လာခြင်းမဟုတ်ပေ။
“တိုက်”
ဓားပျံများက လေထုကို ထိုးခွဲလျက် အရပ်မျက်နှာအနှံ့ကို ခုတ်ပိုင်းလိုက်သည်။
ထူးခြားဆန်းကြယ်လောကတွင် ပတ်ဝန်းကျင်က ပိန်းပိတ်အောင် နက်မှောင်နေသည်။ အဆုံးမဲ့ညအလားပင်။ ထူးဆန်းဖြစ်စဉ် များမှာ ပျံ့နှံ့နေပြီး အနက်ရောင်နတ်ဆိုးမြူများ ဖုံးအုပ်နေသည်။
သတို့သမီးအသုဘ၊မြွေဗုဒ္ဓ၊သရဲမြူ၊သွေးရောင်ဝတ်ရုံကဲ့သို့သော ထူးဆန်းများက ပတ်ဝန်းကျင်မှထွက်ပေါ်လာသည်။ အကြောက်တရားအိမ်တော်၊သက်ရှည်အချိန်တစ္ဆေကဲ့သို့သော ထူးဆန်းများက ကောင်းကင်နှင့်မြေကြီးဥပဒေသနှင့် စည်းမျဉ်းများမှ မွေးဖွားလာတာြဖစ်သည်။
ထိုစွမ်းအားကြီးထူးဆန်းများနှင့်ဆန်းကြယ်တည်ရှိမှုများသည် ချီမင်ပြောင်းလဲထားသည့် ထူးဆန်းအမဲလိုက်သူ၏ဓားချက် အောက်တွင် သေဆုံးသွားကြသည်။ တစ်ယောက်မကျန် ထိုဓားချက်အောက်တွင် ခုတ်ပိုင်းခံလိုက်ရသည်။
မြင်ကွင်းပြောင်းလဲသွားသည်။
အဋ္ဌမအထက်ကမ္ဘာ ထူးခြားဆန်းကြယ်လောကတွင်။
ယနေ့မှာတော့ စွမ်းအားကြီးထူးဆန်းအုပ်စိုးသူတစ်ယောက်ရောက်ရှိလာသည်။သူက ချီမင်ပြောင်းလဲထားသည့် ထူးဆန်းအမဲလိုက်သူ၏အရိပ်အယောင်ကို ဝေဝေဝါးဝါး အာရုံခံမိလိုက်သည်။
ထူးဆန်းအုပ်စိုးသူက အံ့ဖွယ်စွမ်းအားသုံးကာ စစ်ဆေးချင်ပေမယ့် ဘာမှရှာမတွေ့ပေ။
“ငါပဲ အထင်မှားတာလား။” ထူးဆန်းအုပ်စိုးသူက အတွေးနက်သွားသည်။
မျက်စိတမှိတ်အတွင်းမှာ ဆယ်ရက်ကြာသွားသည်။
တင်း!
“ဂုဏ်ပြုပါတယ် လက်ခံသူ။သင် ပြီးပြည့်စုံခြင်းအင်မော်တယ်အလယ်ပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း ထူးခြားဆန်းကြယ်လောကကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။သင် ထူးခြားဆန်းကြယ်ကျမ်းတစ်စောင်၊ အဆင့်မြှင့် အင်မော်တယ်သလင်းကျောက် တစ်ထရီလီယန် ရရှိပါတယ်။”
အသိပေးချက်တစ်ခုတက်လာသည်။
ပစ္စည်း:ထူးခြားဆန်းကြယ်ကျမ်း
ဖော်ပြချက်: အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထူးခြားဆန်းကြယ်လောကမှရရှိသည့် မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။အမြင့်ဆုံးအဆင့်ထိကျင့်ကြံပြီးသွားပါက ထူးဆန်းအသွင်ပြောင်းနိုင်ပြီး ကောင်းကင်နှင့်မြေကြီးဥပဒေသကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ချီမင်က မျက်ခုံးပင့်လိုက်သည်။”ဒါက မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ပဲ။ အဆုံးထိသာကျင့် ကြံနိုင်ရင် ငါထူးဆန်းတစ်ကောင်အသွင်ပြောင်းနိုင်မှာပဲ။”
“မဆိုးဘူး။”
ချီမင်က ခဏမျှစဉ်းစားကာဆိုသည်။”ဒါပေမယ့်ငါကျင့်ကြံလို့မရဘူး။တွက်ချက်ခြင်းစနစ်ထဲထည့်ပြီးတော့ ဖရိုဖရဲမဟာတာအိုကျမ်းရဲ့အရင်းအမြစ်အနေနဲ့ပဲသုံးရမယ်။”
သူက မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကို တွက်ချက်ရတော့မှာဖြစ်သည်။သူက ဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ကိုမလိုအပ်တော့ပေ။ကုမင်ယွမ်၏ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်အင်မော်တယ်အဆင့်၌ဖြစ်သည်။သူ့အတွက် မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်း နည်းစနစ်များကို ရရှိဖို့ မလွယ်ပေ။
နောက်ပိုင်းအချိန်တွေမှာ ချီမင်က ဆက်ပြီးကျင့်ကြံနေခဲ့သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်။
ကမ္မများညှိတွယ်ရစ်ပတ်လာသည့်အတွက် ပေါက်ကွဲထွက်လာတော့မည့်ပမာပင်။
မသိလိုက်စွာဖြင့် ဂိုဏ်းအဖွဲ့အစည်းများစွာမှာ မကောင်းသည့်ကမ္မများစွန်းထင်းကာ တိုက်ပွဲများတစ်ပွဲပြီးတစ်ပွဲဖြစ်ပေါ်လာစေသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရွှေအင်မော်တယ်၊ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်း၊ဖုန်းးမျိုးနွယ်တို့က ရှေးဟောင်းအင်မော်တယ်မြို့တော်၏ကမ္မကို အာရုံခံမိကြသည်။ကမ္မက အကန့်အသတ်ထိရောက်ရှိနေပြီး ကပ်ဘေးဒုက္ခက နှစ်တစ်ထောင်ကြာရင်ပေါက်ကွဲထွက်လာ တော့မှာဖြစ်သည်။
သူတို့က ကပ်ဘေးဒုက္ခမှာ အဘယ်ကြောင့်ပေါက်ကွဲထွက်လာမှန်းမသိကြပေ။
ရှေးဟောင်းအင်မော်တယ်မြို့တော်တွင် ကမ္မများ အကုသိုလ်များ ဘယ်လောက်ပဲကြောက်မက်ဖွယ်ကောင်းနေပါစေ ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်များကို မသက်ရောက်ပေ။လုန်ဟဲဒေသတွင် ကမ္မများ ရှုပ်ထွေးနေပြီး ကပ်ဘေးဒုက္ခများဖြစ်ပေါ်လာမှသာ ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်များ၏ အကုသိုလ်နှင့် ကုသိုလ်ကို သက်ရောက်မှာဖြစ်သည်။
အချိန်ကုန်ဆုံးသွားသည်။
နှစ်(၅၀၀)ကြာပြီးနောက်။
ချီမင်သည် အမွေအနှစ်သလင်းကျောက်များစွာနှင့် သွေးမျိုးဆက်သလင်းကျောက်များကို ပြီးပြည့်စုံခြင်းအင်မော်တယ် အလယ်ပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း: ထူးခြားဆန်းကြယ်လောကမှရရှိထားသည်။အင်မော်တယ်သားရဲခြောက်ကောင်က ထိုအရာများနှင့်စုပ်ယူပေါင်းစပ်ကာ အရည်အချင်းများတိုးတက်လာကြသည်။ လက်ရွေးစင်အင်မော်တယ်သားရဲများဖြစ်နေကြ သေးပေမယ့် ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်များသို့ရောက်နေကြပြီဖြစ်သည်။
အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် အင်မော်တယ်သားရဲခြောက်ကောင်လုံးအဆင့်ချိုးဖြတ်သွားပြီဖြစ်သည်။ သူတို့အင်အားကကြီးမားစွာတိုးတက်သွားပြီး ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ် နှောင်းပိုင်းအဆင့် ထိရောက်ရှိနေပြီဖြစ်သည်။
ထိုသို့ဖြင့်အင်မော်တယ်သားရဲခြောက်ကောင်သည် ချီမင်ကို ပိုပြီးကူညီလာနိုင်ကြသည်။ ဆန်းကြယ်အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်များကိုစုစည်းသည့်အမြန်နှုန်းက များစွာတိုးတက်သွားပြီဖြစ်သည်။ကုမင်ယွမ်က များစွာ အသုံးမဝင်တော့ပေ။
မျက်စိတမှိတ်အတွင်းမှာ နောက်ထပ်နှစ်(၁၅၀၀)ကုန်သွားသည်။
ယနေ့နေ့လည်ခင်းမှာတော့။
ချီမင် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။
အသိပေးချက်တစ်ခုပေါ်လာသည်။
တင်း!
“ဂုဏ်ပြုပါတယ် လက်ခံသူ။အထွတ်အထိပ်ကမ္မနည်းစနစ်ကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာ ကျင့်ကြံခဲ့ပါတယ်။သင် အထွတ်အထိပ်ကမ္မနည်းစနစ်၏ဆန်းကြယ်မှုများကို ထပ်မံနားလည်ခဲ့ပြီး အဆောင်ကိုသိပ်သည်းနိုင်ကာ သက်ရှိအားလုံး၏ကမ္မတရားကို ကျွမ်းကျင်ခဲ့ပါပြီ။သင် အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားပါပြီ။”
ချီမင်က တင်ပျဉ်ခွေချိတ်ကာ ထိုင်လိုက်သည်။သူက နက်နဲသည့်အခြေနေထဲသို့ ဝင်ရောက်သွားသည်။အထွတ်အထိပ်ကမ္မနည်းစနစ်၏ဆန်းကြယ်မှုများက သူ့စိတ်ထဲသို့ တိုးဝင်လာပြီး သူက အလျှင်အမြန် နားလည်သဘောပေါက်သွားတော့သည်။
ချီမင်၏အနားတွင် ကမ္မထူးခြားဖြစ်စဉ်များပေါ်ပေါက်လာပြန်သည်။
သုံးရက်ကြာပြီးနောက်မှာ ချီမင်၏အနားမှထူးခြားဖြစ်စဉ်များပေါင်းစပ်ကုန်ပြီး မျက်ခုံးကြားထဲသို့ ကမ္မအဆောင်အဖြစ်ပေါင်းစပ်ကာ ပျောက်ကွယ်သွားတော့သည်။
“အဆောင်ကတော့သိပ်သည်းသွားပြီ။အထွတ်အထိပ်ကမ္မနည်းစနစ်လည်း အသေးစားအောင်မြင်မှုအဆင့်ကို ရောက်သွားပြီ။”
ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။
သုံးရက်ကြာပြီးနောက်။
တင်း!
“ဂုဏ်ပြုပါတယ် လက်ခံသူ။ဖရိုဖရဲမဟာတာအိုကျမ်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် နှစ်(၂၀၀၀)ကြာကျင့်ကြံခဲ့ပါတယ်။သင်ကောင်းကင်နှင့်မြေကြီးမဟာတာအိုကို ထပ်မံနားလည်ခဲ့ပါတယ်။သင့်ရဲ့မဟာတာအိုက ပြီးပြည့်စုံသွားပါပြီ။ကျင့်ကြံခြင်းအဆင့်က တိုးတက်သွားပါပြီ။ပြီးပြည့်စုံခြင်းအင်မော်တယ်အလယ်ပိုင်းအဆင့်မှ နှောင်းပိုင်းအဆင့်သို့ရောက်ရှိသွားပါပြီ။”
အသိပေးချက်တစ်ခုပေါ်လာသည်။
ချီမင်၏ခန္ဓာကိုယ်က လှုပ်ခါသွားသည်။သူ့အသိစိတ်က ကောင်းကင်နှင့်မြေကြီးမဟာတာအိုပင်လယ်ထဲတွင် လှည့်ပတ်နေသည်။သူက အဆက်မပြတ် ဆင်ခြင်သဘောပေါက်နေသည်။
မဟာတာအိုပန်းပွင့်များပေါ်ပေါက်လာသည်။မဟာတာအိုပန်းသုံးပွင့်ကထိပ်မှာစုစည်းလာပြီး အရာအားလုံးကို ဖိနှိပ် ပစ်လိုက်သည်။သူ့အနားကမဟာတာအိုချီငါးမျိုးက ဓမ္မစွမ်းအားများကို စုပ်ယူပြီး ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်နှင့်ပေါင်းစပ်ကာ လျင်မြန်စွာသိပ်သည်းလိုက်သည်။
ချီမင်က တွင်းနက်ကြီးပမာပြောင်းသွားပြီး အထက်ကမ္ဘာအင်မော်တယ်ချီများကို ရူးသွပ်စွာစုပ်ယူတော့သည်။အဆင့်ချိုးဖြတ်ဖို့အတွက် အနားက အင်မော်တယ်ချီများဖြင့်တော့ မလုံလောက်တာသိသာပါသည်။
ချီမင်က အတွေးတစ်ချက်ဖြင့် အဆင့်မြင့်အင်မော်တယ်သလင်းကျောက်များစွာကို ထုတ်ယူကာ ယခင်ကအတိုင်းစုပ်ယူလိုက်သည်။သို့မှသာ သူက အဆင့်ချိုးဖြတ်နိုင်မှာဖြစ်သည်။