← Chapters

မသူတော်ကျူးကျော်ခြင်း။အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအား

Vol. 21 Ch. 310

မသူတော်ကျူးကျော်ခြင်း။အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအား

Vol. 21 Ch. 310

ချီမင်က အင်မော်တယ်သလင်းကျောက်များကိုသူအဆင့်ချိုးဖြတ်ဖို့လုံလောက်သည်အထိစုပ်ယူလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ကအရှိန်အဝါကပိုပြီးသန်မာလာပြီး မဟာတာအိုချီငါးမျိုးသည် အလျှင်အမြန်သိပ်သည်းသွားတော့သည်။

ပုံရိပ်ယောင်အခြေအနေကနေ လျင်မြန်စွာဖြင့်သိပ်သည်းသွားတော့သည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။

မျက်စိတမှိတ်အတွင်းမှာ သုံးရက်ကြာသွားသည်။

ချီမင်၏အရှိန်အဝါသည် ကြီးမားစွာတိုးတက်သွားပြီး ကျင့်ကြံခြင်းအဆင့်လည်းအောင်မြင်စွာဖြင့် ချိုးဖြတ်သွားတော့သည်။ သူက အင်မော်တယ်သလင်းကျောက်များကိုလုံလောက်စွာစုပ်ယူပြီးသည်နှင့် ကောင်းကင်နှင့်မြေကြီးမဟာတာအိုစစ်မှန်ရည်ရွယ်ချက်ဖြင့် ပေါင်းစပ်လိုက်သည်။ မဟာတာအိုချီငါးမျိုးက ပြီးပြည့်စုံခြင်းအကန့်အသတ်ရောက်သည့်အထိ သိပ်သည်းသွားတော့သည်။

ထိုသို့ဖြင့် ချီမင်၏ကျင့်ကြံခြင်းအဆင့်က သဘာဝအတိုင်း ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ထိ ရောက်သွားတော့သည်။

"ပန်းသုံးပွင့်ကထိပ်မှာစုစည်း ချီငါးပါးမူလအစပြန်သွားခြင်း"

ချီမင်က သူ့ခန္ဓာကိုယ်ထဲကပြောင်းလဲမှုကို သိသိသာသာ ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီးမဟာတာအို၏စွမ်းအားထွက်ပေါ်လာသည်။ သူကဆန်းကြယ်မှုအမျိုးမျိုးကိုနားလည်နေတုန်းမဟာတာအိုပန်းသုံးပွင့်နှင့်မဟာတာအိုချီငါးပါးက မြင့်တက်လာသည်။ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာခြင်းက အင်အားကိုတိုးတက်သွားစေသည်။

ပိုပြီး အရေးကြီးသည်က။

ချီမင်က မဟာတာအိုချီငါးပါးနှင့်နက်နဲမှုများကို ဆင်ခြင်နေလိုက်သည်။ သူက ဖရိုဖရဲမဟာတာအိုကျမ်းပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကိုတောင်နားလည်သွားသည်။

…

ချီမင်က တခြားအံ့ဖွယ်စွမ်းအားများကိုလည်း နားလည်ဆုပ်ကိုင်နိုင်သွားသည်။

ချီမင်က ပြီးပြည့်စုံခြင်းအင်မော်တယ်အစောပိုင်းအဆင့်ကိုရောက်သွားတုန်းက တာအိုသတ်ဖြတ်ခြင်းနည်းစနစ်ကဲ့သို့သော အံ့ဖွယ်စွမ်းအားမျိုးကို မကျွမ်းကျင်နိုင်ခဲ့ပေ။ သို့ပေမယ့် ချီမင် မဟာတာအိုကျမ်းပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကိုနားလည်သွားတော့ သူက ထိုကဲသို့သော အံ့ဖွယ်စွမ်းအားမျိုးကို နားလည်သွားတော့းသည်။

ထိုအံ့ဖွယ်စွမ်းအားမျိုးကို အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားဟုခေါ်သည်။

ထိုအံ့ဖွယ်စွမ်းအားမျိုးကို ကျင့်ကြံပြီးသွားရင် သူက မဟာတာအိုဓာတ်စင်ငါးပါးကို တတ်ကျွမ်းသွားပြီး လောကကြီးကိုဖိနှိပ်နိုင်မည့်မဟာတာအိုအင်ပါယာငါးပါးကိုထုတ်ဖော်နိုင်လာလိမ့်မည်။ သူကတိုက်ခိုက်မှုများကိုခုခံနိုင်မည့် မဟာတာအိုအင်ပါယာငါးပါးအမိုးခုံးကိုဆင့်ခေါ်နိုင်လာပေမည်။

မဟာတာအိုသစ်သားပညာ၏စွမ်းအားက အစိမ်းရောင်အင်ပါယာအဖြစ်ပြောင်းလဲသွားပြီး သစ်သားစိမ်းအင်ပါယာနည်းစနစ်အဖြစ်တိုးတက်ပြောင်းလဲနိုင်သည်။ ထိုအံ့ဖွယ်စွမ်းအားကိုသုံးလိုက်ရင် သူကကောင်းကင်ဂူတစ်ခုကိုဖန်တီးနိုင်ပြီးခန္ဓာကိုယ်ကိုအားဖြည့်ကာ သက်စောင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည်။ ဒဏ်ရာဘယ်လောက်ပြင်းပြင်း ချက်ချင်းနီးပါးကုသပေးနိုင်သည်။

မဟာတာအိုမီးပညာ၏စွမ်းအားက အနီရောင်အင်ပါယာအဖြစ်ပြောင်းလဲသွားသည်။ ယင်းက အနီရောင်အင်ပါယာမီးလျှံချီအဖြစ်ပြောင်းလဲနိုင်ပြီး ကောင်းကင်ကိုတောင်လောင်ကျွမ်းပစ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်နိုင်သည်။

မဟာတာအိုသတ္တုပညာက အဖြူရောင်အင်ပါယာအဖြစ်ပြောင်းလဲနိုင်ပြီး ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းအားဖြစ်သည့် အဖြူရောင်အင်ပါယာရွှေခုတ်ပိုင်းချက်ကိုအသုံးပြုနိုင်သည်။ ယင်းမှာလည်း ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားမျိုးရှိပြီး ကောင်းကင်ကိုတောင် ဖြတ်ပိုင်းနိုင်သည်။

မဟာတာအိုရေပညာက အနက်ရောင်အင်ပါယာအဖြစ်ပြောင်းလဲနိုင်ပြီး ကြောက်မက်ဖွယ်တိုက်ခိုက်ရေးစွမ်းအားဖြစ်သည့် အနက်ရောင်အင်ပါယာရေလက်သီးကိုထုတ်သုံးနိုင်သည်။ ထိုတိုက်ကွက်နှစ်မျိုးသည် ပြန်လည်မွေးဖွားခြင်းနှင့်အချိန်နေရာလွတ်ကိုဖိနှိပ်နိုင်သောကြောင့် ပြိုင်ဘက်ထက်တစ်ပန်းပိုသာစေသည်။

မဟာတာအိုမြေပညာ၏စွမ်းအားက အဝါရောင်အင်ပါယာအဖြစ်ပြောင်းလဲသွားသည်။ ယင်းက တိုက်ခိုက်ရေးစွမ်းအား အဝါရောင်မြေအင်ပါယာတာအိုအဖြစ် ထပ်မံဆင့်ကဲပြောင်းလဲနိုင်သည်။ ထူထဲသည့်မြေကြီးထုထည်က သူတော်ကောင်းတရားကိုဖြစ်တည်စေပြီး မြင့်မြတ်မှုကိုဆောင်ကျဉ်းပေးသည်။

ထိုအရာတို့က အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားဖြစ်သည်။

တင်း!

"လက်ခံသူရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ထိတိုးတက်သွားပါပြီ။ အလယ်အလတ်အဆင့် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း ထူးခြားဆန်းကြယ်လောကကို ရှင်းလင်းရာမှရရှိမည့်ဆုလာဘ်များ လျော့ကျသွားပါပြီ။သင် အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းကို သုံးပြီး အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းအသစ်ကို ဖွင့်လှစ်နိုင်ပါပြီ။"

တိုးတက်မှုက ကြီးမားသည်။

"ငါ အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းတစ်သိန်းထည့်မယ်။"

ချီမင်ကပြောလိုက်သည်။"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အသက်သွင်းမယ်။"

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို အောင်မြင်စွာအသက်သွင်းလိုက်နိုင်ပါတယ်။"

"သင်ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း မသူတော်ကျူးကျော်ခြင်းကို ဝင်ရောက်နိုင်ပါပြီ။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ဝင်မယ်။"

ဂိမ်းမြင်ကွင်းပေါ်လာသည်။

ချီမင်၏ရှေ့တွင် ဂိမ်းမျက်နှာပြင်တစ်ခုပေါ်လာသည်။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်း မသူတော်ကျူးကျော်ခြင်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များပေါ်လာသည်။

ချီမင်၏မျက်လုံးထဲတွင် ပုံပျက်ပန်းပျက်အကွေ့အကောက်မျဉ်းကြောင်းများထင်ဟပ်နေပြီး ယိုယွင်းပျက်စီးနေသည့်မြင်ကွင်းများပြသနေသည်။

ရစ်ပတ်ရှုပ်ထွေးနေသည့်မကောင်းဆိုးဝါးများ ပြည့်နှက်နေသည်။

ဖော်ပြဖို့တောင် ခက်ခဲနေသည်။

နာမတော်မဲ့ မသူတော်။

ချီမင်က မသူတော်ကျူးကျော်ခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရလိုက်သည်။

မူလကတော့ ပြီးပြည့်စုံခြင်းအင်မော်တယ်ကမ္ဘာဟုခေါ်သည့် အင်မော်တယ်ကျင့်ကြံခြင်းကမ္ဘာတစ်ခုသာဖြစ်သည်။ ထိုကမ္ဘာကြီးထဲတွင် ဝိညာဉ်ချီများအင်မော်တယ်ချီများပေါကြွယ်ဝပြီး ကောင်းကင်ဂူများကောင်းချီမြေများရှိသည်။ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့် သို့မဟုတ် ထိုထက်မြင့်သည့်အဆင့်များထိတောင် ကျင့်ကြံနိုင်သည်။

လွန်ခဲ့တဲ့နှစ်တစ်ထောင်က နာမတော်မဲ့မသူတော်တစ်ပါးက ပြီးပြည့်စုံခြင်းအင်မော်တယ်ကမ္ဘာကို ကျူးကျော်ခဲ့သည်။ ကမ္ဘာကြီးထဲတွင် ယိုယွင်းညစ်ညမ်းနေသည့် နတ်ဆိုးဝိညာဉ်များရှိပြီး မသူတော်ကို ကိုးကွယ်သည့် ရူးသွပ်နေသည့်ယုံကြည့်သူများလည်းရှိသည်။

ကမ္ဘာပေါ်ကအရာရာတိုင်း လမ်းဘေးကမြက်တစ်ပင်ကျောက်တုံးတစ်တုံးကစ မယုံနိုင်လောက်အောင် ပြောင်းလဲသွားသည်။

ကောင်းကင်နှင့်မြေကြီးဝိညာဉ်ချီနှင့် အင်မော်တယ်ချီများသည် မသူတော်ကြောင့် ညစ်ညမ်းသွားခဲ့သည်။ ထို့ကြောင့် ထိုကမ္ဘာကြီးတွင် ဆက်လက်ကျင့်ကြံလို့မရတော့ပေ။

ယခု ချီမင်က အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို ဝင်ရောက်လာပြီဖြစ်သည်။ သူက မတူညီတဲ့ဂိမ်းဇာတ်ကောင်နှစ်ယောက်အဖြစ်ပြောင်းလဲနိုင်သည်။ကယ်တင်ရှင်နှင့် မသူတော်ရဲ့လက်အောက်ခံတို့ထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။

တစ်နည်းပြောရရင်။

ချီမင်က ကယ်တင်ရှင်အဖြစ်ရွေးချယ်လိုက်ပါက သူက အင်မော်တယ်ကမ္ဘာကို ကူညီပြီး မသူတော်ကို သတ်ဖြတ်ခြင်းသို့မဟုတ်ဖမ်းဆီးရမည်ဖြစ်သည်။

သူက မသူတော်ရဲ့လက်အောက်ခံအဖြစ်ရွေးချယ်လိုက်ပါက မသူတော်ရဲ့ကျူးကျော်ခြင်းကို ပြီးမြောက်အောင်ကူညီပေးရမည်ဖြစ်သည်။ပြီးပြည့်စုံခြင်းအင်မော်တယ်ကမ္ဘာကို ညစ်ညမ်းစေရမည်ဖြစ်သည်။

အထောက်အထားနှစ်ခုရှိပေသည်။

လုံးဝကို မတူညီသည့် ရွေးချယ်မှုနှစ်ခုဖြစ်သည်။

"မသူတော်ရဲ့လက်အောက်ခံအဖြစ် ဝင်မယ်။"

ဂိမ်းမြင်ကွင်း ပြောင်းလဲသွားသည်။

ချီမင်က မသူတော်ရဲ့လက်အောက်ခံဂိမ်းဇာတ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။ သူက စွမ်းအားကြီးပေသည်။ သူမှာလူသားပုံစံရှိပေမယ့် ထိုပုံစံက ရှုပ်ထွေးနေသည့်မျဉ်းကြောင်းများဖြင့် ရစ်ပတ်စည်းနှောင်ထားပြီး လူသားသဏ္ဍာန်ကို အကြမ်းဖျင်းဖွဲစည်းထားရဟန်ဖြစ်သည်။

ကြည့်ရတာ အရမ်းကိုကြောက်မက်ဖွယ်ကောင်းနေသည်။

မီးခိုးရောင်မြူခိုးများဝန်းရံနေသေးသည်။

ချီမင်ပြောင်းလဲထားသည့်မသူတော်ရဲ့လက်အောက်ခံက ကျူးကျော်ခြင်းပြီးမြောက်ရန် ပြီးပြည့်စုံခြင်းအင်မော်တယ်များကိုရှာဖွေပြီးသတ်ဖြတ်ရန်ဖြစ်သည်။

"ကောင်းကင်လျှို့ဝှက်ချက်အံ့ဖွယ်စွမ်းအား"

ချီမင်က သက်ဆိုင်ရာအံ့ဖွယ်စွမ်းအားများသုံးကာတွက်ချက်ရင်း ပြီးပြည့်စုံခြင်းအင်မော်တယ်ကိုးပါး၏တည်နေရာကို သိလိုက်သည်။

နေရာကို အတည်ပြုပြီးတာနဲ့ သူက ပျံသန်းသွားလိုက်တော့သည်။ သူက မျက်စိတမှိတ်အတွင်းမှာ နေရာရွှေ့ပြောင်းလိုက်ပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်တစ်ပါးပုန်းနေသည့်နေရာကို ရှာတွေ့သွားသည်။

"သေလိုက်တော့"

ချီမင်က ညာဘက်လက်ကိုမြှောက်ကာ ရိုက်ချလိုက်သည်။ သူကတုန့်ဆိုင်းမနေဘဲ ပြတ်သားစွာဆောင်ရွက်လိုက်သည်။ သူ့လက်ဖဝါးက အရာအားလုံးကိုဖျက်ဆီးပစ်နိုင်သည့် ကပ်ဘေးဒုက္ခချီအဖြစ်ပြောင်းလဲသွားသည်။

ချက်ချင်းသတ်ဖြတ်နိုင်သည့်တိုက်ကွက်ပင်။

မသူတော်၏ဖိနှိပ်မှုကြောင့်အားနည်းနေပြီဖြစ်တဲ့ပြီးပြည့်စုံခြင်းအင်မော်တယ်က ချီမင်၏တိုက်ကွက်ကို မခုခံနိုင်ပေ။ ထိုသူက လက်ဖဝါးတစ်ချက်နှင့်ရိုက်သတ်ခံလိုက်ရသည်။

ပြီးတာနဲ့ ချီမင်က တခြားပြီးပြည့်စုံခြင်းအင်မော်တယ်ကို ဆက်ပြီးရှာလိုက်သည်။

ချီမင်က ဂိမ်းမျက်နှာပြင်ကို ပိတ်ကာ အာရုံမထားတော့ပေ။ အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းထဲမှာ ဘာပဲဖြစ်နေဖြစ်နေ သူက ဆယ်ရက်အတွင်းရှင်းလင်းနိုင်ပြီးဆုလာဘ်များကို ရရှိမှာဖြစ်သည်။

မျက်စိတမှိတ်အတွင်းမှာ ဆယ်ရက်ကြာသွားသည်။

နေ့လည်ခင်းမှာ။

တင်း!

"ဂုဏ်ပြုပါတယ်လက်ခံသူ။ သင် ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့် ဂိမ်းမြေအောက်စခန်း မသူတော်ကျူးကျော်ခြင်းကို ဆယ်ရက်ကြာ ရှင်းလင်းခဲ့ပါတယ်။ သင် အင်မော်တယ်နယ်ပယ်ဂိမ်းမြေအောက်စခန်းကို တစ်ကြိမ်ရှင်းလင်းခဲ့ပါတယ်။ သင် မသူတော်ကျမ်းတစ်စောင်နှင့်အဆင့်မြင့် အင်မော်တယ်သလင်းကျောက်တစ်ဆယ်ထရီလီယန်ရရှိပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ပစ္စည်း:မသူတော်ကျမ်း

ဖော်ပြချက်:ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်ဂိမ်းမြေအောက်စခန်း:မသူတော်ကျူးကျော်ခြင်းမှရရှိသည့် မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။ နောက်ဆုံးအဆင့်ထိကျင့်ကြံပြီးပါက မသူတော်အဖြစ်ပြောင်းလဲနိုင်ပြီး ကောင်းကင်နှင့်မြေကြီးဥပဒေသကို ကျွမ်းကျင်နိုင်ပါသည်။

ချီမင်ကို သက်ဆိုင်ရာသတင်းအချက်အလက်များကို စစ်ဆေးလိုက်သည်။

"မဟာဆန်းကြယ်အင်မော်တယ်အဆင့်ကျင့်ကြံခြင်းနည်းစနစ်"

ချီမင် ကခဏလောက်တွေးမိသွားသည်။ သူ့အမူအရာက ဘာမှမပြောင်းလဲဘဲညင်သာစွာပြောလိုက်သည်။"ကြည့်ရတာ ထူးခြားဆန်းကြယ်ကျမ်းနဲ့အတူတူပဲဖြစ်ရမယ်။ ဖရိုဖရဲမဟာတာအိုကျမ်းရဲ့အရင်းအမြစ်အနေနဲ့ပဲသုံးရမယ်။"

"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထည့်ပြီး အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားကို ကျင့်ကြံမယ်။"

တင်း!

"အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင်ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

"ငါ အလယ်အလတ်အဆင့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာထည့်ပြီး ဖရိုဖရဲမဟာ တာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို ကျင့်ကြံနေပါတယ်။"

ချီမင်က ဆက်ပြောသည်။

တင်း!

"ဖြည့်သွင်းခြင်းအောင်မြင်ပါတယ်။"

"ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် ကျင့်ကြံနေပါတယ်။"

အသိပေးချက်တစ်ခုပေါ်လာသည်။

ချီမင်က ခေါင်းအသာညိတ်လိုက်သည်။

မျက်စိတမှိတ်အတွင်းမှာ တစ်လကြာသွားသည်။

ပထမဆုံး အလိုအလျောက်ကျင့်ကြံခြင်းစနစ်၏အကူအညီဖြင့် ချီမင်က အဆတစ်ဆယ်ထရီလီယန်မြှင့်တင်မှုအောက်တွင် တစ်လကြာကျင့်ကြံလိုက်သည်။ သူက အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားကို အပြည့်အဝနားလည်သွားသည်။

ဘာပဲဖြစ်ဖြစ် အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားက ဖရိုဖရဲမဟာတာအိုကျမ်း:ပြီးပြည့်စုံခြင်းအင်မော်တယ်အပိုင်းကနေ တွက်ချက်ထားတာဖြစ်သည်။ ချီမင်က မဟာတာအိုကျင့်ကြံခြင်းနည်းစနစ်ကိုနားလည်သွားတော့ သူက သဘာဝအတိုင်း အင်ပါယာငါးပါးမဟာတာအိုအံ့ဖွယ်စွမ်းအားကို အလွယ်တကူကျွမ်းကျင်သွားသည်။

"မဆိုးဘူး" ချီမင်က စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။

အချိန်ကုန်ဆုံးသွားသည်။

နှစ်တစ်ရာကြာသွားသည်။

ယနေ့မှာတော့ ချီမင်ခေါင်းအနည်းငယ်မော့လိုက်သည်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်ထဲတွင် ကမ္မများပေါက်ကွဲထွက်တော့မည်ကို အာရုံခံမိသွားသည်။ မကောင်းသည့်ကမ္မ၊ကောင်းကင်နှင့်မြေကြီးကပ်ဘေးချီနှင့် ကောင်းကင်တာအိုကမ္မတို့မှာ ရှေးဟောင်းအင်မော်တယ်မြို့တော်ကို ဖုံးအုပ်သွားသည်။

"ကပ်ဘေးဒုက္ခက ရောက်လာတော့မယ်။” ချီမင်က စဉ်းစားလိုက်သည်။

သုံးရက်ကြာသွားပြီး နေ့လည်ခင်းတွင်။

ရှေးဟောင်းအင်မော်တယ်မြို့တော်နယ်နိမိတ်ထဲမှဆန်းကြယ်ငရဲပင်လယ်ဒေသတွင် နေရာလွတ်ကပြိုကွဲသွားပြီး တာအိုသံစဉ်များမှာ မိုးမြေတခွင် ထွက်ပေါ်လာသည်။ အင်မော်တယ်ချီများဝန်းရံလာသောကြောင့် ထူးခြားဖြစ်စဉ်လှုပ်ခတ်မှုများဖြစ်ပေါ်လာသည်။

ကုသိုလ်နှင့်ကောင်းချီးများက ပတ်ဝန်းကျင်ကို ဝန်းရံလာသည်။

ထိုအခိုက်တွင် အင်မော်တယ်ချီများမှာ မီးရောင်စုံတို့ဖြင့် လင်းလက်လာသည်။ ဥပဒေသများရောထွေးလာပြီး စည်းမျဉ်းများစုစည်းလာသည်။ ကုသိုလ်များနှင့်ကောင်းချီးများသည် ပေါင်းစပ်ပြီးကောင်းကင်တာအိုစွမ်းအားက ထိုအထဲသို့ပေါင်းစပ်သွားသည်။

ဆန်းကြယ်ငရဲပင်လယ်ဒေသတွင် ကောင်းကင်နှင့်မြေကြီးဝိညာဉ်အမြစ်တစ်ခု မွေးဖွားလာသည်။ ထိုအရာကို ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းဟုခေါ်သည်။ အထက်ကမ္ဘာမှမွေးဖွားလာသည့်ကောင်းကင်နှင့်မြေကြီးဝိညာဉ်အမြစ်ဖြစ်သည်။ ထိုပန်းတွင် ကောင်းကင်တာအိုကုသိုလ်နှင့် ကောင်းကင်တာအိုကောင်းချီးများပါဝင်သည်။

ထိုဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းတွင် ကြာစေ့ပေါင်း(၉၉)စေ့ပါဝင်သည်။ ရှားပါးတဲ့ရတနာများလည်းဖြစ်သည်။

"ငါသိပြီ။"

ချီမင်က ရှေးဟောင်းအင်မော်တယ်မြို့တော်တွင်ရှိပေမယ့် ဆန်းကြယ်ငရဲပင်လယ်ဒေသနှင့်ဝေးသည်။သူက ထိုသတင်းကိုအထွတ်အထိပ်ကမ္မနည်းစနစ်ကနေတစ်ဆင့်တွက်ချက်နိုင်ထားတာဖြစ်သည်။"ကမ္မက ရှုပ်ထွေးနေပြီ။ကပ်ဘေးချီတွေက မြင့်တက်နေတယ်။ဒါကို ကောင်းကင်နဲ့မြေကြီးက အာရုံခံမိသွားပြီ။ အဲ့ဒါကြောင့် ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းက မွေးဖွားလာတာဖြစ်မယ်။ ဒါမှ ကပ်ဘေးဒုက္ခရဲ့ဗဟိုချက်ဖြစ်လာမှာ။"

အထက်ကမ္ဘာမှာ အင်မော်တယ်ဖြစ်လာသရွေ့ ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်ဖြစ်ဖြစ် အင်မော်တယ်ဘုရင်ဖြစ်ဖြစ် သူတို့က ကောင်းကင်တာအိုကုသိုလ်နှင့်ကောင်းကင်တာအိုကောင်းချီးကြောင့်သက်ရောက်ခံရမှာဖြစ်သည်။

ကုသိုလ်နှင့်ကောင်းချီးသာပျောက်ကွယ်သွားရင် မကောင်းသည့်ကမ္မကသူတို့ကိုဝန်းရံလာပြီး သေချာပေါက် ကျဆင်းခြင်းငါးပါးကိုရင်ဆိုင်ရမှာဖြစ်သည်။

ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းက ကောင်းကင်နှင့်မြေကြီးဝိညာဉ်အမြစ်ဖြစ်သည်။ ထိုအရာကိုသာ သန့်စင်နိုင်လိုက်ပါက ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို အလွယ်တကူရှောင်ရှားနိုင်မှာဖြစ်သည်။

အထက်ကမ္ဘာအင်မော်တယ်များက ထို ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းအတွက် သေချာပေါက်တိုက်ခိုက်ကြမှာဖြစ်သည်။ အဲ့ဒီအချိန်ကျရင် အခြေအနေတစ်ခုလုံးက ရှေးဟောင်းအင်မော်တယ်မြို့တော်၏စွမ်းအားမျှချေကို သက်ရောက်လာပေမည်။

All Chapters