ကုသိုလ်ကောင်းချီးရွှေကြာပန်း
Vol. 21 Ch. 311
ဤကမ္ဘာကြီးထဲတွင် ကမ္မသည် ပရမ်းပတာဖြစ်နေပြီး မကောင်းသည့်ကံကြွေးများပေါက်ကွဲထွက်လာသည်။ ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းသည် ကပ်ဘေးဒုက္ခမှမွေးဖွားလာတာဖြစ်သည်။ ကောင်းကင်နှင့်မြေကြီးဝိညာဉ်အမြစ်ပေါ်ပေါက်လာတာသောကြောင့် ကောင်းကင်နှင့်မြေကြီးထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာသည်။ ထိုဖြစ်စဉ်က အတော်လေးကြီးမားသည်။ ထိုဖြစ်စဉ်က ကောင်းကင်အပြည့် ပြည့်နှက်နေတာဖြစ်ပြီး ရှေးဟောင်းအင်မော်တယ်မြို့တော်မှ အဖွဲ့အစည်းများ၏အာရုံကို ဆွဲဆောင်သွားသည်။
"ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်း"
ရှေးဟောင်းနတ်ဆိုးတောင်။
နှစ်ပေါင်းများစွာတည်ရှိလာသည့် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်တစ်ပါးပြန်လည်နိုးထလာသည်။ သူကလည်း ကုသိုလ်ကောင်းချီးရွှေကြာပန်းကိုအာရုံခံမိလိုက်သည်။ ဆွေးမြေ့နေသည့်အရှိန်အဝါများက သူ့ခန္ဓာကိုယ်ကနေထွက်ပေါ်နေပြီး အရပ်မျက်နှာအနှံ့မှသက်စောင့်စွမ်းအားများကို ခြောက်သွေ့နေသည့်ရေဂယက်တစ်ခု အလားစုပ်ယူနေသည်။
"ဟီးဟီး"
"ကောင်းကင်က ငါ့ကိုအခွင့်အရေးပေးလာပြီ။ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းတစ်ပွင့် ပွင့်လန်းလာပြီ။ငါကောင်းကင်နဲ့မြေကြီးဝိညာဉ်အမြစ်ကို ရမှဖြစ်မယ်။"
"ဆန်းကြယ်အမှောင်ပင်လယ်ဒေသ"
"သွား"
“…”
ထိုအခိုက်တွင် မူလကကုသိုလ်နှင့်ကောင်းချီးကုန်ဆုံးမှုနှုန်းကိုလျော့ချဖို့တံခါးပိတ်ကျင့်ကြံနေကြသည့် ရှေးဟောင်းရွှေအင်မော်တယ်များတစ်ယောက်ပြီးတစ်ယောက်နိုးထလာကြသည်။ သူတို့အားလုံးက ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းကို ပစ်မှတ်ထားလာကြတာဖြစ်သည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းအင်မော်တယ်မြို့၏ပထမတန်းစားဂိုဏ်းလေးခုဖြစ်သည့် ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်း၊ဖုန်းမျိုးနွယ်နှင့်ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတို့သည်လည်းလှုပ်ရှားလာကြသည်။ သူတို့က ရွှေအင်မော်တယ်နှင့်မဟာဆန်းကြယ်အင်မော်တယ်အဆင့်များကို ဆန်းကြယ်ငရဲပင်လယ်ဒေသသို့စေလွှတ်လာကြသည်။
ထိုဂိုဏ်းများအပြင် ဒုတိယတန်းစားဂိုဏ်းများ၊တတိယတန်းစားဂိုဏ်းများနှင့်အဆင့်မဲ့ဂိုဏ်းများတောင် ဆန်းကြယ်ငရဲပင်လယ်ဒေသသို့ဦးတည်လာကြသည်။ သူတို့ကဝိုင်းအုံစုပြုံလာကြသည်။
အတော်လေးစိတ်ဝင်စားနေကြသည်။
မြင်ကွင်းကပြောင်းလဲသွားသည်။
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၊ရှေးဟောင်းအင်မော်တယ်မြင့်မြတ်တောင်။
တောင်ထိပ်တွင် ပုံရိပ်သုံးခုပေါ်လာသည်။ သူတို့က ရှေးဟောင်အင်မော်တယ်ဂိုဏ်း၏ ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေးသုံးပါးဖြစ်ကြသည်။ သူတို့ကိုအင်မော်တယ်မြူခိုးများဝန်းရံနေတော့ ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်၊သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်၊ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်တို့ဖြစ်ကြသည်။
ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ခဏမျှစဉ်းစားလိုက်မိသည်။ သူက မျက်မှောင်ကြုံကာ လက်ချောင်းများဖြင့် တွက်ချက်လိုက်သည်။ သူက လေထုထဲမှသတ်ဖြတ်ခြင်းကပ်ဘေးဒုက္ခအပြောင်းအလဲများ ကိုအာရုံခံမိသွားသည်။"ဒီကပ်ဘေးဒုက္ခပြီးရင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက တိုးတက်ဖို့အခွင့်အရေးတစ်ခုရှိတယ်။"
"နောက်ထပ်တိုးတက်မယ်။"
သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က အမျိုးသမီးတစ်ဦးဖြစ်၏။ သူမက ထူးခြားလှပတဲ့မျက်နှာသွင်ပြင်မျိုးရှိကာ ခမ်းနားသည့်အစိမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။"ကျွန်မတို့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းက ပထမတန်းစားဂိုဏ်းပဲ။ကျွန်မတို့သာ နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင် ကျွန်မတို့ထဲကတစ်ယောက်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်အဆင့်တက်ဖို့လိုတယ်။ဒါပေမယ့် အဲ့ဒီအခွင့်အရေးမရှိတာ သိသာတယ်။"
"သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင် ခင်ဗျားရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ဆိုလိုချင်တာ ကိုနားလည်မှုလွဲနေပြီ။"
ကောင်းကင်ခိုးယူခြင်းဆန်းကြယ်ကောင်းကင်က ပြုံးလိုက်သည်။ "ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်ပြောချင်တာက ဒီကပ်ဘေးဒုက္ခပြီးသွားရင် ငါတို့ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှာ လေးယောက်မြောက်ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်ကို မွေးဖွားလာလိမ့်မယ်။"
"လေးယောက်မြောက် ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်" သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ကြောင်သွားသည်။"ဘယ်သူရှိလို့တုန်း။"
"သေချာမသိဘူး။” ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ခေါင်းခါလိုက်သည်။"ငါတွက်ချက်ကြည့်တာ ဒီကပ်ဘေးဒုက္ခမှာ ပြောင်းလဲမှု(ကိန်းရှင်)တစ်ခုရှိတယ်။ပြီတော့ အဲ့ဒီကိန်းရှင်က ရှေးဟောင်းအင်မော်တယ်မြို့တော်ကပဲ။"
"ဘယ်ကပ်ဘေးဒုက္ခမှာ ကိန်းရှင်ဆိုတာ မရှိလို့လဲ။" သန့်စင်ကြာပန်းဆန်းကြယ်ကောင်းကင်က ခေါင်းခါလိုက်သည်။"အရမ်းကြီးစိုးရိမ်မနေနဲ့။"
"ဟုတ်ပါတယ်လေ။" ရှေးဟောင်းအင်မော်တယ်ဆန်းကြယ်ကောင်းကင်က ခဏလောက်စဉ်းစားကာဆိုသည်။"ဒါပေမယ့် ဒီတစ်ခေါက်ပြောင်းလဲမှုက မတူဘူး။ ငါ့ရဲ့အံ့ဖွယ်စွမ်းအားအကုန်သုံးပြီးတွက်ချက်တာတောင် ပြောင်းလဲမှုရဲ့ရင်းမြစ်ကို တွက်ချက်လို့မရဘူး။ ငါ တန်ပြန်မှုကိုတောင် ခံစားလိုက်ရတယ်။ ဒါက ပုံမှန်မဟုတ်တော့ဘူး။"
သုံးရက်ကြာသွားပြီးတော့ ဆန်းကြယ်အမှောင်ပင်လယ်ဒေသတွင်။
တိုက်ပွဲက ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးကို သက်ရောက်လာသည်။ မရေမတွက်နိုင်တဲ့အင်မော်တယ်၊ပြီးပြည့်စုံခြင်းအင်မော်တယ်၊ဆန်းကြယ်အင်မော်တယ်၊မဟာဆန်းကြယ်အင်မော်တယ်နှင့် ရွှေအင်မော်တယ်များတောင် ကပ်ဘေးဒုက္ခကြောင့်သက်ရောက်ခံရပြီးပါဝင်လာကြသည်။ သူတို့တောင် သတိမထားမိရင် သေသွားနိုင်ပေသည်။
တိုက်ပွဲမျိုးစုံဖြစ်ပွားလာသည်။
ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းနှင့်ကြာစေ့များအတွက် ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲမှ အင်မော်တယ်များသည် တစ်ယောက်နှင့်တိုက်ခိုက်လာကြ၏။
သုံးရက်အတွင်းမှာ အင်မော်တယ်များထောင်ချီသေဆုံးသွားကြပြီး ပြာများသာကြွင်းကျန်ရစ်ခဲ့သည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်ထဲတွင် ချီမင်သည် ထိုကိစ္စကို အာရုံထဲတောင်မထည့်ပေ။ သူက အမြဲတမ်းကျင့်ကြံနေပြီး ပြင်ပကမ္ဘာက ကိစ္စရပ်များကို ဂရုစိုက်မနေပေ။
မျက်စိတမှိတ်အတွင်းမှာ တစ်လကြာသွားသည်။
တစ်လအတွင်းလေးမှာ ပြီးပြည့်စုံခြင်းအင်မော်တယ်သောင်းချီ၊ဆန်းကြယ်အင်မော်တယ်ထောင်ချီနှင့် မဟာဆန်းကြယ်အင်မော်တယ်တစ်ပါးတောင်ကျဆုံးသွားရသည်။ ဒီကပ်ဘေးဒုက္ခသည် ဘယ်လောက်ကြမ်းတမ်းလဲဆိုတာ မြင်နိုင်ပါ၏။
ယနေ့ညနေခင်းမှာတော့ ရှေးဟောင်းအင်မော်တယ်မြို့တော်အပြင်ဘက်တွင်။
ပုံရိပ်တစ်ခုက လေထုကိုဖြတ်သန်းလျက် အလွန်အမင်းမြန်ဆန်စွာဖြင့် လာနေသည်။ သူတစ်ကိုယ်လုံးမှာ အစိမ်းရောင်အလင်းခပ်ဖျော့ဖျော့ဖုံးအုပ်နေသည်။သူက အလျင်အမြန်ပြေးလွှားနေရသည်။
သေချာကြည့်လိုက်တော့ ထိုသူက ကုမင်ယွမ်ဖြစ်နေပါသည်။
"အဟွတ် ဟွတ်"
ကုမင်ယွမ်က သွေးအန်လိုက်သည်။ သူ့ဒဏ်ရာများက အတော်လေးပြင်းထန်နေပြီး မျက်နှာက သွေးရောင်မရှိတော့ဘဲဖြူဖျော့နေသည်။ သူ့လက်ထဲတွင် ရွှေကြာပန်းတစ်စေ့ကို လေးနက်သည့်မျက်နှာထားဖြင့်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
"ဟေ့ကောင်"
ကုမင်ယွမ်က လှည့်ကြည့်လိုက်သည်။ သူ့ကို လူအတော်များများလိုက်ဖမ်းနေကြသည်။ အားအနည်းဆုံးက ပြီးပြည့်စုံခြင်းအင်မော်တယ်နှောင်းပိုင်းအဆင့်မှာဖြစ်ပြီးဆန်းကြယ်အင်မော်တယ်အဆင့်များတောင်ပါဝင်သည်။
ခေါင်းသုံးလုံးရွှေခြင်္သေ့မျိုးနွယ်က ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်က ကျယ်လောင်စွာကြိမ်းမောင်းလိုက်သည်။"မြန်မြန်ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ကြာစေ့ကိုလွှဲပေး။ မဟုတ်ရင်တော့ ငါတို့သေချာပေါက်မင်းကို အလွတ်ပေးမှာမဟုတ်ဘူး။"
"ကုမင်ယွမ် မြန်မြန် လွှဲပေးလိုက်။"
"မြန်မြန်ပေး"
"လွှဲပေးလိုက်စမ်းပါ။"
“…”
အခြားသောအင်မော်တယ်များက အော်ဟစ်လိုက်ကြသည်။
"အိပ်မက်ပဲမက်နေလိုက်"
ကုမင်ယွမ်က အံ့ကြိတ်လိုက်သည်။ သူက ဆန်းကြယ်ငရဲပင်လယ်ဒေသကိုသွားဖို့ အင်အားများစွာစိုက်ထုတ်ခဲ့ရတာဖြစ်ပြီးမှ ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့ ကိုရဖို့အခွင့်အရေးရလာတာဖြစ်သည်။
သူက သတိတစ်ချက်မဲ့သွားတာနဲ့ ဂိုဏ်းတူတပည့်တွေက ရှာတွေ့သွားကြပြီး သတင်းပေါက်ကြားသွားသောကြောင့် ကျွမ်းကျင်သူများစွာက သူ့ကိုလိုက်ဖမ်းနေကြတာဖြစ်သည်။
ကုမင်ယွမ်က သဘာဝအတိုင်း ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ဆောင်ရွက်လိုက်သည်။ သူက ဂိုဏ်းတူတပည့်တွေကိုသတ်ဖြတ်ပြီးကိုယ်ယောင်ဖျောက်လိုက်သည်။ မူလကဂိုဏ်းကိုပြန်တော့မှာဖြစ်ပေမယ့် သူ့ကို ရွှေခြင်္သေမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက သူ့ကိုလမ်းတစ်ဝက်မှာတားဆီးလိုက်ပြီး သူ့နေရာကလည်းဖော်ထုတ်ခံလိုက်ရသည်။ သူက ယခုလိုက်ဖမ်းခံနေရတာဖြစ်သည်။
ယခုကုမင်ယွမ်က ဂိုဏ်းကိုမပြန်နိုင်တော့ပေ။ တကယ်တော့သူပြန်ရင်တောင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှာ ကုသိုလ်နှင့်ကောင်းချီးတို့ကုန်ဆုံးတော့မည့် ရွှေအင်မော်တယ်အဆင့်ဘိုးဘေးများစွာရှိသည်။
ထိုအချိန်ကျရင် ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့များက ရွှေအင်မော်တယ်ဘိုးဘေးများ၏ လက်ထဲသို့သာကျရောက်သွားပေလိမ့်မည်။
ထိုအခြေအနေများကြောင့် ကုမင်ယွမ်က ရှေးဟောင်းအင်မော်တယ်မြို့အစွန်မှစီနီယာကို တွေးမိသွားသည်။
သူက စီနီယာရဲ့အကူအညီကိုလိုအပ်နေပြီဖြစ်သည်။ သူက စော်ကားမိသလိုဖြစ်သွားနိုင်ပေမယ့် ကုမင်ယွမ်က လက်ရှိအချိန်မှာ ဂရုမစိုက်နိုင်တော့ပေ။
တွေးနေရင်းပဲသူက မြို့စွန်ဘက်ကို ဦးတည်လိုက်သည်။ ရွှေခြင်္သေမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးဦးဆောင်သည့်အင်မော်တယ်များက ရှေးဟောင်းအင်မော်တယ်မြို့တော်သို့ တစ်ယောက်ပြီးတစ်ယောက်လိုက်ဝင်လာကြသည်။
ခြံဝင်းထဲတွင်။
"သူရောက်လာပြီပဲ။"
ချီမင်က မျက်စိဖွင့်ကာ ကျင့်ကြံနေခြင်းကို ရပ်တန့်လိုက်သည်။ သူက မတ်တပ်ရပ်လိုက်ကာ တွေးလိုက်မိသည်။"ဒါက ကမ္မပဲ။ စွမ်းအားကြီးအင်မော်တယ်တွေတောင် ကမ္မကြောင့် သက်ရောက်ခံရတယ်။"
"ထားလိုက်တော့။" ချီမင်က ဆိုလိုက်သည်။"ဒါဆိုလည်းဒီကမ္မကို ဒီမှာပဲအဆုံးသတ်ရအောင်။"
ချီမင်က ကုမင်ယွမ်ကို မပျိုးထောင်ပေးခဲ့ရင် သူကလည်း ဆန်းကြယ်အင်မော်တယ်ကျင့်ကြံခြင်းနည်းစနစ်များ ကို အချိန်တိုလေးအတွင်းရလာမည်မဟုတ်ပေ။ ယခုသူကလည်း ဖရိုဖရဲမဟာတာအိုကျမ်း:ဆန်းကြယ်အင်မော်တယ်အပိုင်းကို တွက်ချက်နိုင်မည်မဟုတ်ပေ။
အခုလိုမျိုးကုမင်ယွမ်ကလည်း သူ့ကိုလာရှာမည်မဟုတ်ပေ။
"စီနီယာ"
ကုမင်ယွမ်က ပျံပြေးလာပေမယ့် ခြံဝန်းအဝမှာပဲရပ်တန့်သွားသည်။ သူက အတင့်ရဲပြီးတော့ အထဲကိုတော့ ဝင်မလာချေ။
ကုမင်ယွမ်ကိုလိုက်ဖမ်းနေကြသည့် အင်မော်တယ်များကလည်း ခြံဝန်းနားတွင်ရပ်တန့်လိုက်ကြသည်။ သူတို့က မျက်မှောင်ကြုံ့ပြီးရှေ့က ခြံဝန်းကို ကြည့်လိုက်ကြ၏။
"စီနီယာ"
"ကုမင်ယွမ်ကတောင် စီနီယာလို့ခေါ်ရတယ်ဆိုတော့ တစ်ဖက်က အနည်းဆုံးမဟာဆန်းကြယ်အင်မော်တယ် ဒါမှမဟုတ် ရွှေအင်မော်တယ်အဆင့်ရှိရမယ်။ အဲ့လိုကျွမ်းကျင်သူမျိုးက ဒီလိုခြံဝန်းသေးသေးလေးထဲမှာပုန်းနေနိုင်လို့လား။"
"မဖြစ်နိုင်ဘူး၊ရှေးဟောင်းအင်မော်တယ်မြို့တော်ရဲ့မြို့အစွန့်လေးကို။ မြို့ထဲမှာကျင့်ကြံနေတဲ့စီနီယာဆိုရင်တောင် အနည်းဆုံးအတွင်းစည်းမြို့ထဲမှာပဲရှိသင့်တယ်။"
"ဟဲဟဲ"
"ငါ့အထင်တော့ ကုမင်ယွမ်က ငါတို့ကို တမင်ခြောက်လန့်နေတာပဲဖြစ်ရမယ်။"
ပတ်ဝန်းကျင်က အင်မော်တယ်ကျွမ်းကျင်သူများက ဆွေးနွေးနေကြသည်။
"ကုမင်ယွမ်"
ရွှေခြင်္သေမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက အေးစက်စွာနှာမှုတ်လိုက်ကြသည်။ သူတို့ကကုမင်ယွမ်ကို ကြည့်ကာအော်ဟစ်လိုက်ကြပါ၏။"မင်းထွက်မပြေးနိုင်တော့ဘူး။"
"မင်းက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့အမွေခံတပည့်ဆိုတာကို ထောက်ထားပြီး မင်းသာကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ကြာစေ့ကိုလက်လွှဲပေးသရွှေ့ ငါတို့မင်းကို အသက်ရှင်ခွင့်ပေးနိုင်တယ်။"
"ဟဲဟဲ"
ထိုအခိုက်တွင် တခြားဆန်းကြယ်အင်မော်တယ်အဆင့်ကျွမ်းကျင်သူက နှာခေါင်းရှုံ့လိုက်သည်။ သူတွင်ရှည်လျားသည့်ငွေရောင်ဆံပင်နှင့် ခန့်ညားသည့်မျက်နှာသွင်ပြင်ရှိသည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီးငွေရောင်တောင်ပံတစ်စုံက သူ့နောက်ကျောကထွက်ပေါ်နေသည်။"ရှီရှောင်တျန်း မင်းက ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကိုကြောက်နေတာလား။ ငါ ယင်ဖေး ငွေတောင်ပံဘီလူးမျိုးနွယ်ဝင်ကတော့ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းကို ကြောက်နေမှာမဟုတ်ဘူး။ ကုမင်ယွမ်က ငါတို့ကို အကြိမ်ကြိမ်လှည့်စားပြီးပြီ။ ငါကတော့ သူ့ကို ကျိန်းသေပေါက်သတ်မှာ။"
ခရမ်းအိမ်တော်ဂိုဏ်း၏ဆန်းကြယ်အင်မော်တယ်က ခေါင်းညိတ်ကာ လေသံအုပ်အုပ်ဖြင့်ပြောလိုက်သည်။"ကုမင်ယွမ်က ကျိန်းသေပေါက်သေရမယ်။ ဘယ်သူမှသူ့ကို မကယ်နိုင်ဘူး။"
လေထုကတင်းမာလာသည်။
"တိုက်ကြ"
ရှီရှောင်တျန်းက ဒေါသတကြီးဟိန်းဟောက်ကာ ဓမ္မစွမ်းအားများကိုလည်ပတ်လိုက်သည်။ ကြက်သွေးရွှေရောင်အလင်းတစ်ချက်လင်းလက်လာသည်။ သူက ကြက်သွေးရွှေရောင်အလင်းတိုင်တစ်ခုကိုပစ်လွှတ်ကာ ကုမင်ယွမ်ကို တိုက်ခိုက်လိုက်သည်။
"ဗာဂျရာအံ့ဖွယ်ဓား!”
ဓားသံတစ်ချက်မြည်လာသည်။
ကုမင်ယွမ်က စွမ်းအားကုန်သုံးကာ တိုက်ခိုက်လိုက်သည်။ ဖန်ရောင်ဓားတစ်ချက်တောက်ပသွားသည်။ ဓားအရိပ်အောက်တွင် ဗာဂျရာဗုဒ္ဓပမာ ဓားတာအိုဓမ္မရုပ်တုတစ်ခုပေါ်လာသည်။
ကြက်သွေးရွှေရောင်အလင်းတိုင်နှင့်ဗာဂျရာအံ့ဖွယ်ဓားတို့မှာတိုက်မိသွားသောကြောင့် ပေါက်ကွဲသံလှိုင်းကြီးထွက်ပေါ်လာသည်။ နှစ်ဖက်ကြားကတိုက်ခိုက်မှုက ညီမျှနေသည်။
"တိုက်ကြ"
"ကုမင်ယွမ် မြန်မြန်သေလိုက်တော့"
"သေ"
"ကုသိုလ်ကောင်းချီးရွှေကြာပန်းကို လွှဲပေးလိုက်တော့"
“…”
ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်သွားသည်။
ကုမင်ယွမ်ကို ဆန်းကြယ်အင်မော်တယ်ငါးပါးက ဝိုင်းထားလိုက်ကြသည်။ သူက အားမနည်းပေမယ့် ငါးယောက်တစ်ယောက်ရင်ဆိုင်ရတော့ အရေးနိမ့်လာသည်။
ကုမင်ယွမ်နှင့်ရှီရှောင်တျန်းတို့အုပ်စုကြားမှတိုက်ပွဲက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို သက်ရောက်လာသည်။ တိုက်ပွဲ၏နောက်ဆက်တွဲက အစီအရင်ပေါ်တွင် လှိုင်းဂယက်များဖြစ်လာစေသည်၊
"အစီအရင်ကြီးတစ်ခုရှိနေတာပဲ။"
"ဒီ..."
"ကုမင်ယွမ်က ငါတို့ကို မလိမ်ဘူးပဲ။"
"ဒီခြံဝန်းလေးထဲမှာ စီနီယာတစ်ယောက်ရှိနေတာလား။"
အင်မော်တယ်များက ရှုပ်ထွေးသွားကြသည်။
ကုမင်ယွမ်က အော်ဟစ်ကာ သွေးအန်လိုက်ရသည်။ သူ့ဒဏ်ရာများကအတော်လေးပြင်းထန်ပြီး သူ့ရင်ဘက်မှာယင်ဖေးရဲ့လှံတံက ထိုးစိုက်ခံထားရသည်။ အခြေအနေကအတော်လေးသနားစရာ ကောင်းနေတော့မှ အပေါက်တစ်ခုပေါ်လာသည်။
သူက ခြံဝန်းထဲသို့ပြုတ်ကျသွားသည်။ သူ့ပေါ်တွင်ချီမင်အထူးတလည်ချထားသည့် အမှတ်အသားရှိသည့်အတွက်အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က သူ့ကိုမတားဆီးပေ။ထို့ကြောင့်သူက ခြံဝန်းထဲဝင်လို့ရသွားခြင်းဖြစ်သည်။
"တိုက်ကြ" ရှီရှောင်တျန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက တုန့်ဆိုင်းမနေဘဲ ခြံဝန်းဆီသို့ ပြေးဝင်သွားလိုက်သည်။ သို့ပေမယ့် သူကအသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏ မမြင်နိုင်သည့်မျက်နှာပြင်ကြောင့်လွင့်ထွက်သွားပြီး ဝင်လို့မရပေ။