← Chapters

အလုံးစုံဖျက်ဆီးခြင်း၊ကမ္မကိုဖြေရှင်းခြင်း

Vol. 21 Ch. 312

အလုံးစုံဖျက်ဆီးခြင်း၊ကမ္မကိုဖြေရှင်းခြင်း

Vol. 21 Ch. 312

"ဒါက ဘယ်လိုအစီအရင်လဲ။"

ရှီရှောင်တျန်းသည် အနည်းငယ်ထိတ်လန့်သွားတော့၏။သူက ရှေ့ကခြံဝန်းကိုကြောက်လန့်မှုအနည်းငယ်ဖြင့်ကြည့်လိုက်သည်။ ယင်ဖေးနှင့်ကျန်သည့်သူများက အနည်းငယ်မျက်မှောင်ကြုံ့ကာကုမင်ယွမ်ကိုကြည့်နေကြသည်။

ယင်ဖေးက အစီအရင်သည်အဆင့်မြင့်သည်ဟုမခံစားရဘဲသာမန်လောက်ဟုသာထင်နေ၏။ သူက အေးစက်စွာပြောလိုက်သည်။"အရမ်းတွေ စိုးရိမ်မနေကြနဲ့။ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးမှာ ငွေတောင်ပံဘီလူးမျိုးနွယ်ကြောက်ရတဲ့သူနည်းနည်းပဲရှိတာ။ ဒီဝန်းပိုင်ရှင်ရဲ့နောက်ခံကို ဂရုစိုက်နေစရာမလိုဘူး။ အစီအရင်ကိုဖျက်ဆီးပြီးကုမင်ယွမ်ကိုသတ်ရုံပဲ"

"ပြဿနာမရှိဘူး။" တခြားဆန်းကြယ်အင်မော်တယ်များက ခေါင်းညိတ်လိုက်ကြသည်။

ဆန်းကြယ်အင်မော်တယ်များက ပူးပေါင်းလိုက်ကြသည်။ သူတို့က ကျင့်ကြံခြင်းနည်းစနစ်များကို လှည့်ည်ပတ်လိုက်ကြ၏။ ဓမ္မစွမ်းအားများထွက်ပေါ်လာပြီးဥပဒေသစွမ်းအားများရောယှက်နေကာ ခမ်းနားသည့်အလင်းတန်းတစ်ချက်အဖြစ်စုဖွဲ့သွားသည်။

"မင်းတို့သွားကြတော့။"

ချီမင်သည် ကိုယ်တိုင်တိုက်ခိုက်ရန်စိတ်ကူးမရှိပေ။ ထိုဆန်းကြယ်အင်မော်တယ်တယ်များက ချီမင်ကိုယ်တိုင်တိုက်ခိုက်ရလောက်တဲ့အထိ မသန်မာကြပေ။ထို့ကြောင့် သူက အင်မော်တယ်သားရဲခြောက်ကောင်ကိုသာ ဆင့်ခေါ်လိုက်သည်။

"အရိုင်းအစိုင်းတွေ"

"အတင့်ရဲလှချည်လား။"

"မင်းတို့က သေချင်နေကြတာပဲ။"

“…”

ချက်ချင်းပဲ ပုံရိပ်ခြောက်ခုက လေထဲကနေထွက်ပေါ်လာသည်။

သေမင်း၊အမှောင်မီးလျှံ၊ယင်လေး၊ကပ်ဘေးလေး၊လင်းနို့လေးနှင့်ဟော့ချန်ချင်းတို့က လက်ရွေးစင်အင်မော်တယ်သားရဲများဖြစ်လာကြပြီးပေသည်။ သူတို့အကုန်လုံးက မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေကြပေ၏။

လူတိုင်း၏မြင်ကွင်းထဲသို့ မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ခြောက်ယောက်ထွက်ပေါ်လာသည်။ အားကောင်းသည့်အရှိန်အဝါများထွက်ပေါ်လာပြီး နေရာတစ်ခုလုံးကို ဖိနှိပ်ထားသည်။

ကြောက်မက်ဖွယ်ကောင်းပါ၏။

ပြိုင်ဘက်ကင်းလောက်အောင်စွမ်းအားကြီးပေသည်။

တားဆီးလို့မရနိုင်ပေ။

"မဟာဆန်းကြယ်.......ဆန်းကြယ်အင်မော်တယ်"

ယင်ဖေး၏မျက်လုံးက ပြူးကျယ်သွားပြီးနေရာကနေ မရွှေ့ရဲတော့ပေ။ သူ့မျက်နှာပေါ်တွင်ကြောက်ရွံ့မှုတစ်ခုသာကျန်တော့သည်။"ဒါ....ဒါက...."

"ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။!”

"ဟူး"

"ဒီခြံဝန်းသေးသေးလေးထဲမှာ မဟာဆန်းကြယ်အင်မော်တယ်ခြောက်ပါးရှိနေတာပဲ။"

"ဘုရား‌ရေ။"

ထိတ်လန့်ခြင်း။

သူတို့အတော်လေးထိတ်လန့်သွားကြသည်။

"စီနီယာ....စီနီယာ"

ကုမင်ယွမ်သည်တံတွေးမျိုချလိုက်၏။သူမျက်နှာတွင်ထိတ်လန့်မှုများပြည့်နှက်နေ၏။ သူက မျှော်လင့်ထားပေမယ့် ကိုယ်ပိုင်မျက်လုံးနဲ့မြင်လိုက်ရတော့ မတည်ငြိမ်နိုင်တော့ပေ။

မဟာဆန်းကြယ်အင်မော်တယ်ခြောက်ပါးရှိသည်။ ထို့ပြင် သူတို့ထုတ်လွှတ်နေသည့်အရှိန်အဝါအရ သူတို့အားလုံးက မဟာဆန်းကြယ်အင်မော်တယ်အဆင့်၏အကန့်အသတ်ထိ ရောက်ရှိနေကြတာဖြစ်သည်။ သူတို့က ရွှေအင်မော်တယ်အဆင့်ရောက်ဖို့ခြေတစ်လှမ်းသာလိုတော့သည်။

ယင်းကျင့်ကြံခြင်းအဆင့်နှင့်အင်အားက စီနီယာ၏နောက်လိုက်အဆင့်သာရှိသည်။

မယုံနိုင်စရာကောင်းပေ၏။

စီနီယာ၏အင်အားက ဘယ်လောက်တောင်ကြောက်မက်ဖွယ်ကောင်းလိုက်မလဲ။

"ပုရွက်ဆိတ်လေးတွေ။

ဟော့ချန်ချင်းက ဓားသွားပမာ အေးစက်စူးရှစွာကြည့်လိုက်သည်။ သူက လက်ရွေးစင်အင်မော်တယ်သားရဲ:ဓားတာအိုဆန်းကြယ်အင်မော်တယ်အဖြစ်အဆင့်တိုးမြင့်သွားပြီဖြစ်သည်။"ဘယ်လိုတောင်သခင့်ကို နှောက်ယှက်ရဲတာလဲ။"

"အချိန်းမဖြုန်းနဲ့။" သေမင်း၏သတ်ဖြတ်လိုစိတ်က အတော်လေးပြင်းထန်ပြီး အရှိန်အဝါကကြောက်မက်ဖွယ်ကောင်းသည်။ သူက လက်ရွေးစင်အင်မော်တယ်သားရဲ: သေမင်းမဟာအင်မော်တယ် အဖြစ်တိုးတက်သွားပြီဖြစ်၏။"သူတို့ကို သတ်လိုက်တော့။"

"ဟုတ်ပြီ။" ကပ်ဘေးလေးက ခေါင်းညိတ်လိုက်ပြီး အေးစက်စွာနှာခေါင်းရှုံလိုက်သည်။ သူမကလည်း လက်ရွေးစင်အင်မော်တယ်သားရဲ:ကပ်ဘေးဆန်းကြယ်အင်မော်တယ်အဖြစ်တိုးတက်သွားပြီဖြစ်သည်။"အကုန်လုံးကို သတ်။"

“…”

လင်းနို့လေး၊ယင်လေးနှင့်အမှောင်မီးလျှံက စကားမပြောပေ။

"သေ"

ဟော့ချန်ချင်းက ဦးစွာတိုက်ခိုက်လိုက်သည်။ သူက ညာဘက်လက်သီးကိုဆုပ်လိုက်ကာလေဟာနယ်ထဲသို့ပစ် ထည့်လိုက်တော့ ဓားတစ်လက်ပေါ်လာသည်။ သူက ဓားရိုးကိုတင်းကြပ်စွာဆုပ်ကိုင်ရင်း ဖြတ်ပိုင်းချလိုက်သည်။

ဓားသံတစ်ချက်မြည်လာသည်။

ဥပဒေသစွမ်းအားများထွက်ပေါ်လာပြီးထိုက်ချီယင်ယန်ပုံရိပ်တစ်ခုပေါ်လာသည်။ ခမ်းနားသည့်ဓားအလင်းတန်းက တောက်ပလာ၏။ ဓားချက်ကပတ်ဝန်းကျင်ကိုဖုံးအုပ်သွားပြီးနေရာလွတ်ကိုချိတ်ပိတ်လိုက်သည်။

"မဟုတ်ဘူး။”

ရှီရှောင်တျန်းနှင့်ကျန်သူများက ကြောက်လန့်သွားကြသည်။ သူတို့က အင်အားကုန်သုံးတာတောင် ထိုဟင်းလင်ပြင်ရိုက်ချက်ကမလွတ်မြောက်နိုင်ပေ။ခုခံဖို့ဆိုပိုဆိုးသည်။ ဟော့ချန်ချင်း၏ဓားချက်အောက်တွင် အားလုံကပုရွက်ဆိတ်များအလားပင်။

"အား"

ဓားချက်က ဖြတ်တောက်သွားသည်။

သွေးများဖြာထွက်လာသည်။

ရှီရှောင်တျန်းကအနီးကပ်ဆုံးဖြစ်နေ၍ဟော့ချန်ချင်းကြောင်းတန်းကိုသတ်ဖြတ်ခံလိုက်ရသည်။ သူက ရှီရှောင်တျန်းခေါင်းကိုဖြတ်ဖို့ ဓားတစ်ချက်သာသုံးရသည်။ ကြောက်မက်ဖွယ်ဓားတာအိုဥပဒေသက ရှီရှောင်တျန်း၏အနှစ်သာရဝိညာဉ်၊ဝိညာဉ်နှင့်သူ့အသိစိတ်တောင် ဖျက်ဆီးလိုက်ရသည်။

ရှီရှောင်တျန်းက ခေါင်းသုံးလုံးရွှေခြင်္သေမျိုးနွယ်ကဖြစ်သည်။ ထိုမျိုးနွယ်ဝင်များက ပါရမီကြီးမားကြပေ၏။ အရင်တုန်းက သူတို့ဘိုးဘေးတွေထဲက တစ်ယောက်က အထက်ကမ္ဘာအင်မော်တယ်ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးပြီး ရွှေအင်မော်တယ်ဘုရင်ဟုခေါ်သည်။

ရွှေအင်မော်တယ်ဘုရင်သည် မဟာကပ်ဘေးဒုက္ခအတွင်းမှာ သေဆုံးသွားတည်းက ခေါင်းသုံးလုံးရွေခြင်္သေမျိုးနွယ်က ကျဆင်းလာခဲ့တာဖြစ်သည်။ သို့ပေမယ့် ခေါင်းသုံးလုံးရွှေခြင်္သေမျိုးနွယ်၏ ပါရမီက ကောင်းကင်ကိုတောင်လွန်ဆန်နိုင်လောက်သည်။ သူတို့မှာခေါင်းသုံးလုံးရှိလို့ အသက်သုံးသက်ရှိပေသည်။

ကံမကောင်းစွာဖြင့် ဟော့ချန်ချင်း၏ဓားချက်အောက်တွင်ဥပဒေသစွမ်းအားများက အရာအားလုံးကိုဖျက်ဆီးပစ်လိုက်သည်။ ရှီရှောင်တျန်း၏မျိုးနွယ်စွမ်းအားတောင် မသုံးလိုက်ရပေ။အသက်သုံးသက်လုံးကုန်ဆုံးသွားသည်။

ရှီရှောင်တျန်း၏အလောင်းက ပြုတ်ကျလာပြီးသူ့ရဲ့မူလအသွင်အပြင်ပြန်ပြောင်းသွားတော့သည်။ ဆယ်မီတာမြင့်သည့် ရွှေခြင်္သေတစ်ကောင်ဖြစ်သည်။ တစ်ကိုယ်လုံးက ရွှေရောင်တောက်ပနေသည်။ သေဆုံးသွားပြီဖြစ်ပေမယ့် အရှိန်အဝါက အားမနည်းပေ။ သူ့သွေးတွေတောင် ရွှေရောင်ဖြစ်နေပါ၏။

"ဒါ...ဒါ...ဒီ.."

"မဟာဆန်းကြယ်အင်မော်တယ် ဒါက မဟာဆန်းကြယ်အင်မော်တယ်ရဲ့ဖိအားပဲ။"

"ဟူး"

"အရမ်းအားကောင်းတယ်။"

"တစ်ချက်တည်းပဲ တကယ့်ကို တစ်ချက်တည်း။"

"ဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ရှီရှောင်တျန်းက တန်းသေသွားတယ်။ သူရဲ့မျိုးနွယ်ပါရမီတောင် ထုတ်မသုံးလိုက်ရဘူး။ အသက်သုံးသက်မပြောနဲ့၊ကိုးသက်ရှိနေရင်တောင်မလောက်ဘူး။"

"အရမ်းကြောက်ဖို့ကောင်းသွားပြီ။"

"ဒီမဟာဆန်းကြယ်အင်မော်တယ်ခြောက်ပါးက တကယ်တော့ အစေခံနောက်လိုက်ငယ်သားအဆင့်တွေပဲ။ သူတို့နောက်ကသခင်ဆို ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ။တွေးကြည့်လို့တောင်မရဘူး။ သူက အနည်းဆုံးရွှေအင်မော်တယ်ဖြစ်ရမယ်။ ဒါမှမဟုတ် ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်များလား။"

“…”

သူတို့က ဖြစ်ပျက်နေတာကို ကြက်သေ သေပြီးကြည့်နေကြတော့၏။ သူတို့ခန္ဓာကိုယ်က တောင်းတင်းနေကြပြီးအကြည့်များကတော့ လေးစားမှုများပြည့်နှက်နေကြသည်။

အတော်လေးစွမ်းအားကြီးပါ၏။

"အသက်ချမ်းသာပေးပါ။" "ကျေဇူးပြုပြီးအသက်ချမ်းသာပေးပါ။"

ဒုန်း။

နောက်တစ်ခဏမှာ ယင်ဖေးနှင့်ကျန်သည့်သူများက ဒူးထောက်ကာ အသက်ချမ်းသာပေးရန် တောင်းဆိုလာကြသည်။ ထိုအခြေအနေတွင် သူတို့က ထွက်ပြေးချင်ရင်တောင် ပြေးမရတော့ချေ။ သူတို့က အသက်ရှင်ဖို့ဒူးထောက်တောင်းပန်ရုံသာ တတ်နိုင်တော့သည်။

"မျက်ခွက်ပြောင်နေကြတာလား။"

"တောင်းပန်းတိုင်းအသုံးဝင်မယ်ထင်လား။တောင်းပန်းတိုင်းအသုံးဝင်ရင် ဘာလို့ကျင့်ကြံနေဦးမှာလဲ။" (ရဲတွေကဘာလုပ်နေဦးမှာလဲ။)

"မင်းတို့နဲ့ထိုက်တန်တယ်။"

ဟော့ချန်ချင်းတို့က အေးစက်စွာပြောလိုက်သည်။

ချီမင်က ဟော့ချန်ချင်းတို့ကို အင်မော်တယ်အားလုံးကိုသတ်ဖြတ်ဖို့ အမိန့်ပေးထားတာဖြစ်သည်။ ထို့ကြောင့် ဟော့ချန်ချင်းတို့က အသက်ချမ်းသာပေးဖို့မဖြစ်နိုင်ပေ။

"ငါ...ငါက ငွေတောင်ပံဘီလူးမျိုးနွယ်ရဲ့ဆန်းကြယ်အင်မော်တယ်ပဲ။ တကယ်လို့ မင်းငါ့ကိုသတ်ရင် ငွေတောင်ပံဘီလူးမျိုးနွယ်က သေချာပေါက်ဒီကိစ္စကို လွှတ်ပေးမှာမဟုတ်ဘူး။" ယင်ဖေးက အော်ဟစ်လိုက်သည်။

"ဟုတ်တယ်။" ခရမ်းအိမ်တော်ဂိုဏ်း၏ဆန်းကြယ်အင်မော်တယ်ကလည်း ခြိမ်းခြောက်လိုက်သည်။"ငါက လည်း ခရမ်းအိမ်တော်ဂိုဏ်းရဲ့ဆန်းကြယ်အင်မော်တယ်ပဲ။ ငွေတောင်ပံဘီလူးမျိုးနွယ်နဲ့ ခရမ်းအိမ်တော်ဂိုဏ်းကအတူတူပဲ။ ငါတို့ကလည်း ပထမတန်းစားဂိုဏ်းပဲ။ငါတို့မှာ ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်ဘိုးဘေးတစ်ယောက်ရှိတယ်။ ငါတို့ကိုသတ်ရင် ငွေတောင်ပံဘီလူးမျိုးနွယ်နဲ့ခရမ်းအိမ်တော်ဂိုဏ်းကို ဆန့်ကျင်လိုက်တာပဲ။"

"ငါက မင်းတို့ကို မလုပ်ခင်နှစ်ခါစဉ်းစားဖို့အကြံပေးမယ်။"

“…”

တခြားအဖွဲ့အစည်းဂိုဏ်းလေးခုကလည်း ခြိမ်းခြောက်လာကြသည်။

"တိုက်ကြ"

"ငတုံးကောင်တွေ"

"ကပ်ဘေးဒုက္ခအံ့ဖွယ်စွမ်းအား"

"ပြင်းထန်ယင်အံ့ဖွယ်စွမ်းအား"

"ထိုက်ချီအံ့ဖွယ်စွမ်းအား"

“…”

ဟော့ချန်ချင်းတို့က အေးစက်စွာသာတုန့်ပြန်လိုက်ကြ၏။ သူတို့တိုက်ခိုက်မှုက မြန်လွန်း၍ ဘာမှန်းတောင်မသိလိုက်ရပေ။

ချီမင်သည် ရှေးဟောင်းအင်မော်တယ်မြို့တော်၏ဂိုဏ်းလေးခုကို လုံးဝမကြောက်ရွံ့ပေ။ နောက်ဆုံးတော့ချီမင်က ကောင်းကင်တာအိုရတနာ:အချိန်နေရာလွတ်တံခါး၏ကာကွယ်မှုကို ရထားသည်။ သူက အထွတ်အထိပ်အံ့ဖွယ်စွမ်းအား:အထွတ်အထိပ်ကမ္မနည်းစနစ်ကိုနားလည်ထားတော့ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်နှင့်တိုက်ခိုက်ရရင်တောင် ယုံကြည်မှုရှိပေ၏။

တိုက်ပွဲရလဒ်ကဘာပဲဖြစ်ဖြစ် ချီမင်သည် ဆန်းကြယ်ကောင်းကင် ရွှေအင်မော်တယ် လက်ထံမှ လွတ်အောင်ပြေးဖို့ယုံကြည်မှုရှိပေ၏။

"မဟုတ်ဘူး"

"ငါမင်းနဲ့တိုက်ခိုက်မယ်။ အား! သူဘယ်လိုတောင်အားကောင်ရတာလဲ။ ငါရဲ့အံ့ဖွယ်စွမ်းအားတွေက သူ့အပေါ်အလုပ်မဖြစ်ဘူး။ ငါ မခုခံနိုင်တော့ဘူး။"

"ပြေး!”

အား! အား!

ထိတ်လန့်ဖွယ်အော်ဟစ်သံများ ထွက်ပေါ်လာ၏။

အချိန်တိုအတွင်းမှာ ယင်ဖေးတို့သည်သေဆုံးသွားကြတော့၏။ သူတို့က ဟော့ချန်ချင်းတို့လက်ထဲမှာပဲသေဆုံးသွားကြသည်။ ပြီးပြည့်စုံခြင်းအင်မော်တယ်အဆင့်အနည်းငယ်လောက်က ထွက်ပြေးဖို့ကို အိပ်မက်မက်နေကြသေးသည်။

ထိုသို့ဖြင့် ဟော့ချန်ချင်းတို့က ကုမင်ယွမ်နောက်ကိုလိုက်ဖမ်းနေကြသည့်အင်မော်တယ်များအားလုံးကို သတ်ဖြတ်လိုက်ကြသည်။ ခြံဝန်းထဲမှာ အလောင်းများစုပုံလာသည်။

ပတ်ဝန်းကျင်က ပရမ်းပတာဖြင့် ယောက်ယက်ခက်နေသည်။ အဆောက်အဦးများစွာပြိုကျသွားရသည်။ မြေကြီးပေါ်တွင် ဓားရာများပြည့်နှက်နေပြီးတွင်းပေါက်များဖြစ်ပေါ်နေသည်။

သွေးများစီးဆင်းလာသည်။

သွေးများမှာရေကန်ငယ်လေးတစ်ခုအလား။

ဟော့ချန်ချင်းတို့က ခြံဝန်းထဲသို့ လေးစားစွာဦးညွှတ်လိုက်ကြ၏။"ရန်သူအားလုံးသေသွားပါပြီ။ သခင်ခိုင်းထားတဲ့တာဝန်က ပြီးသွားပါပြီ။"

ချီမင်၏အသံသည်ထွက်ပေါ်လာတော့သည်။"ကောင်းပြီ။"

"ဒါပေမယ့် "ချီမင်ကခဏလောက်စဉ်းစားလိုက်သည်။"ဇာတ်လမ်းက ခုမှစမှာ။ ကမ္မက ရှုပ်ထွေးနေပြီ။ကပ်ဘေးဒုက္ခက စတင်လာပြီ။"

"ဒီကိစ္စက အရမ်းအ‌ရေးကြီးတယ်။"

ပိုအရေးကြီးတာက…

ကုသိုလ်နှင့်ကောင်းချီးကုန်ဆုံးသွားပြီးတဲ့သူများကို ကပ်ဘေးဒုက္ခကပိုပြီးအလွယ်တကူသက်ရောက်သွားနိုင်၏။ သူတို့စိတ်က‌ဝေဝါးကုန်ကြပြီး သေချင်နေသည့်အလား ရူးကြောင်ကြောင်အရာများကို ပြုလုပ်လာကြသည်။

ဥပမာအနေဖြင့်။

ရှီရှောင်တျန်း၊ယင်ဖေးတို့အဖွဲ့က ကုသိုလ်နှင့်ကောင်းချီးမလုံလောက်တော့သည့်အတွက် ကပ်ဘေးဒုက္ခ၏သက်‌ရောက်မှုကို ခံလိုက်ရတာဖြစ်သည်။ သူတို့အားလုံးက ကပ်ဘေးဒုက္ခကြောင့်ရူးသွပ်ကုန်ကြပြီးသေလမ်းရှာကုန်ကြတာဖြစ်သည်။ သူတို့အားလုံးကို ဟော့ချန်ချင်းတို့က သတ်လိုက်တာပေ။

ရှီရှောင်တျန်းတို့သာ အသိတရားရှိသေးပြီး အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏ထူးခြားနက်နဲမှုများ ကို ရှင်းလင်းစွာမြင်နိုင်ခဲ့ရင် သူတို့က ချီမင်ကို သေချာပေါက်စော်ကား ရဲမည်မဟုတ်ပေ။ သူတို့အသက်ကို ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့လေးကြောင့်ဆုံးရှုံးခံမည်မဟုတ်ပေ။

ကုသိုလ်နှင့်ကောင်းချီးမလုံလောက်သည့်အကျိုးဆက်ပင်။

ခုနလေးတင် သူတို့လုပ်လိုက်သည်က သတ်သေတာနဲ့ဘာမှမကွာပေ။

"ကျေးဇူးတင်ပါတယ်။စီနီယာတို့။ ကျေးဇူးတင်ပါတယ်..."

ထိုအခိုက်တွင်ကုမင်ယွမ်သည်ထိတ်လန့်မှုမှပြန်ကောင်းလာနေသည်။ သူက စိတ်တည်ငြိမ်သွားပြီး မြေပြင်ပေါ်တွင်ဒူးထောက်လိုက်တော့သည်။ သူက ခြံဝန်းအတွင်းပိုင်းသို့ ဦးညွှတ်အရိုအသေပြုလိုက်၏။ သူ့စိတ်ကကြည်လင်နေပြီး မျက်လုံးများက တောက်ပနေသည်။ သူက ရင်ဘတ်ထဲကကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့ကို ထုတ်ကာ လေးစားစွာဖြင့် ပေးလိုက်၏။"ဒါက ကျွန်တော်ဆန်းကြယ်ငရဲပင်လယ်ဒေသကနေ ကံကောင်းပြီးရလာတဲ့ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ကြာစေ့ပါ။ ကျွန်တော်ဒါကို စီနီယာကိုပေးဖို့ ဆန္ဒရှိပါတယ်။"

"မလိုပါဘူး။” ချီမင်၏အသံကထွက်ပေါ်လာ၏။"ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ကြာစေ့က မဆိုးပါဘူး။သူက ကောင်းကင်နဲ့မြေကြီးရဲ့ရှားပါးရတနာပဲ။ဒါပေမယ့် ငါ့အတွက်အသုံးမဝင်ဘူး။"

"ကုမင်ယွမ် ငါဒီနေ့မင်းရဲ့အသက်ကို ကယ်ပေးလိုက်ပြီ။ငါတို့ကြားက ကမ္မကပြီးသွားပြီ။ ဒီနေ့ကစပြီး မင်းနဲ့ငါ့ကြားက ကမ္မကပြတ်တောက်သွားပြီ။ အနာဂတ်မှာ သတိနဲ့နေပါ။"

ကုမင်ယွမ်က တုန်လှုပ်သွား၏။"စီနီယာ....။" မသိမသာနဲ့ သူခန္ဓာကိုယ်ထဲက တစ်စုံတစ်ခုထွက်သွားသလိုခံစားလိုက်ရ၏။သူအတိတ်ကလို လုံခြုံသည့်ခံစားချက်ကို မခံစားရတော့ပေ။

အတိတ်မှာကုမင်ယွမ်သည် ကောင်းကင်နှင့်မြေကြီး၏မျက်နှာသာပေးမှုကို ခံစားခဲ့ရသည့်အလား။ သူဘာလုပ်လုပ် အောင်မြင်တတ်သည်။

ယခုထိုခံစားချက်က လုံးဝပျောက်ကွယ်သွားပြီဖြစ်၏။

All Chapters