ရွှေအင်မော်တယ်သက်ဆင်းခြင်း
Vol. 21 Ch. 314
လင်းနို့လေးနှင့်ယင်လေးက ပထမဆုံးမဟာဆန်းကြယ်အင်မော်တယ်ကို သတ်ပြီးတာနဲ့ ကျန်တဲ့ရှစ်ယောက်က အရေးနိမ့်သွားပြီဖြစ်သည်။ သိပ်မကြာခင်မှာပဲ သူတို့က အမှားတစ်ခုလုပ်လိုက်မိ၏။
ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။
အမှောင်မီးလျှံက လေဟာနယ်နဂါးမီးလျှံကို မှုတ်ထုတ်လိုက်၏။ သန့်စင်သည့် ဥပဒေသစွမ်းအားများဖြင့်ဖွဲ့စည်းထားသောကြောင့် လေဟာနယ်နဂါးမီးလျှံမှာ အရာအားလုံးကို လောင်ကျွမ်းပစ်နိုင်ပြီးဖျက်ဆီးပစ်နိုင်သည်။
မဟာဆန်းကြယ်အင်မော်တယ်တစ်ပါးက သူရဲ့ကိုယ်ပိုင်အင်မော်တယ်ရတနာကို ထုတ်ယူလိုက်သည်။ ခြေသုံးချောင်းအင်မော်တယ်ဒယ်စောက်တစ်ခုက ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။ ဥပဒေသစွမ်းအားများပျံ့နှံ့လာပြီး အမှောင်မီးလျှံ၏လေဟာနယ်နဂါးမီးတောက်ကို ပိတ်ဆို့လိုက်သည်။
အသံကျယ်ကြီးတစ်ချက်ထွက်လာသည်။
အမှောင်မီးလျှံကလည်း ကိုယ်ပိုင်အင်မော်တယ်ရတနာကို ထုတ်ယူလိုက်၏။ ထိုအရာသည် သူအချိန်ကြာမြင့်စွာသန့်စင်ထားရသော နဂါးပုလဲပါပေ။ ထိုအရာက အလျင်အမြန်ကြီးမားလာပြီးခြေသုံးချောင်းအင်မော်တယ်ဒယ်စောက်ထံသို့ ပျံသန်းသွားသည်။
တကယ်လည်း…
ခြေသုံးချောင်းအင်မော်တယ်ဒယ်စောက်ပေါ်တွင် အက်ကွဲရာများပေါ်လာတော့၏။
"အား"
မဟာဆန်းကြယ်အင်မော်တယ်၏ကိုယ်ပိုင်အင်မော်တယ်ရတနာက ပျက်စီးသွားပြီး ထိုသူကလည်း တန်ပြန်မှုကို ခံစားလိုက်ရသည်။ သူက သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး အော်ဟစ်လိုက်သည်။ သူက အမှောင်မီးလျှံ၏လေဟာနယ်နဂါးမီးလျှံကို မခုခံနိုင်ပေ။
မျက်စိတမှိတ်အတွင်းမှာ အမှောင်မီးလျှံ၏လေဟာနယ်နဂါးမီးတောက်က မဟာဆန်းကြယ်အင်မော်တယ်ကိုဖုံးအုပ်သွားတော့သည်။ မီးတောက်များက သူ့တစ်ကိုယ်လုံးကိုလောင်ကျွမ်းပစ်နေသောကြောင့် နာကျင်စွာဖြင့်အော်ဟစ်နေရ၏။
သိပ်မကြာခင်မှာပဲ မဟာဆန်းကြယ်အင်မော်တယ်က ပြာဖြစ်သွားတဲ့အထိလောင်ကျွမ်းသွားပြီး အလောင်းရောဝိညာဉ်ပါမကျန်ခဲ့ပေ။
"တိုက်ကြ"
ထိုအခိုက်တွင် ကျန်သည့်မဟာဆန်းကြယ်အင်မော်တယ်ခုနစ်ယောက်မှာမလွတ်မြောက်နိုင်းသည့်အတွက် သူတို့မျက်လုံးများက သတ်ဖြတ်လိုစိတ်များဖြင့် နီရဲလားသည်။ သူတို့က စိတ်လွတ်သွားသည့်သူများအလားပင်။ သူတို့က အင်အားကုန်သုံးကာ တိုက်ခိုက်လာကြ၏။
"အခု!”
ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်က အော်ဟစ်လိုက်သည်။ ထိုအခိုက်တွင် သူက ချီမင်ရှိနေသည့်ခြံဝင်းကိုကြည့်လိုက်ပြီးအခွင့်အရေးကို ဆုပ်ကိုင်လိုက်၏။ သူက ဟော့ချန်ချင်းတို့ကို ကျော်ဖြတ်ဖို့ ပြင်းထန်သည့်အံ့ဖွယ်စွမ်းအားတစ်ခုကိုသုံးကာ သူ့အတောင်ပံကို လှုပ်ခါလျက် ချီမင်၏ခြံဝင်းအတွင်းပိုင်းကို တိုက်ခိုက်လိုက်သည်။
"ကောင်းကင်တောင်ပံလေဟာနယ်ခုတ်ပိုင်းချက်။"
ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်က အကြိမ်ကြိမ်အော်ဟစ်လိုက်သည်။ ဥပဒေသစွမ်းအားများစုစည်းလာပြီး ဓမ္မစွမ်းအားများတိုးပွားလာသည်။ အံ့ဖွယ်စွမ်းအားနည်းစနစ်အဖြစ်ပြောင်းလဲသွားတော့သည်။
မျက်စိတမှိတ်အတွင်းမှာ သူ့နောက်တွင် မရေမတွက်နိုင်လောက်သည့်ငွေရောင်စာလုံးများပေါ်လာသည်။ အတော်လေးကိုနက်နဲပြီးစစ်မှန်မှုများစွာ ပါဝင်နေသည်။ ငွေရောင်စာလုံးများက စုဝေးလာပြီး ကြောက်မက်ဖွယ်တောင်ပံတစ်စုံအဖြစ်ပြောင်းလဲသွားသည်။ အတောင်ပံများမှာ ကောင်းကင်ကိုဖြတ်တောက်တော့မည့်ဓားသွားများသဖွယ် ချီမင်၏ခြံဝန်းလေးထံသို့ ကျရောက်လာသည်။
"ခုတ်ပိုင်း"
သူက ဒေါသတကြီးအော်ဟစ်ပြီး အင်အားကုန်စုစည်းလိုက်သည်။ သိပ်သည်းသည့်ဥပဒေသစွမ်းအားများပါဝင်သည့် ကြီးမားသည့်အတောင်ပံကြီးမှာ ဖြတ်တောက်သွားတော့သည်။ ထိုစွမ်းအားက ချီမင်၏ခြံဝင်းလေးကို ခုတ်ချလာသည်။
"အိုးမဟုတ်ဘူး!”
"သခင်"
“…”
ဟော့ချန်ချင်းတို့က ထိတ်လန့်သွားကြတော့၏။
“!!!”
ကုမင်ယွမ်၏မျက်လုံးများက ပြူးကျယ်သွားတော့သည်။ သူ့ကို အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က ကာကွယ်ပေးထားပေမယ့် ဒီလိုအရှိန်အဝါက ပြင်းထန်လှသည်။ သူက ကိုယ်တိုင်တိုက်ရိုက်ခံစားနေရသလိုဖြစ်နေ၏။
ထိုအခိုက်တွင် ကုမင်ယွမ်သည် သူ့ခန္ဓာကိုယ်က နှစ်ခြမ်းကွဲတော့မည့်အလားခံစားလိုက်ရသည်။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
ကောင်းကင်တောင်ပံက ငွေတောင်ပံဘီလူးမျိုးနွယ်၏အသန်မာဆုံးတိုက်ခိုက်ရေးအံ့ဖွယ်စွမ်းအားဖြစ်သည်။
အတော်လေးစွမ်းအားကြီးပေသည်။
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
ကောင်းကင်တောင်ပံက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို ထိပ်တိုက်ရိုက်ခတ်လာသည်။ အစီအရင်မျက်နှာပြင်တစ်ခုပေါ်လာပြီး ကြယ်တာရာမြင်ကွင်းအဖြစ်ပြောင်းလဲသွားသည်။ ကြယ်တာရာကောင်းကင်ယံကြီးအလား ကြယ်စွမ်းအားများ စုဝေးလာသည်။
နောက်ထပ် ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
"အား"
ကောင်းကင်တောင်ပံကြီးပေါက်ကွဲသွားတော့၏။
အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏စွမ်းအားက အတော်လေးထူးခြားပြီးစွမ်းအားကြီးပါ၏။ ထိုအရာက ကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြုပြင်နိုင်သည့်အပြင် ကြောက်မက်ဖွယ်စွမ်းအားနှင့်ခုခံနိုင်စွမ်းလည်းရှိသည်။
စွမ်းအားပြည့်ရိုက်ချက်က အစီအရင်ပေါ်တွင် လှိုင်းဂယက်များသာဖြစ်ပေါ်လာသည်။ ထိုအရာက အသေးစားကောင်းကင်ကြယ်တာရာအစီအရင်ကို မလှုပ်ခါသွားစေပေ။
အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏တန်ပြန်မှုက ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်ကို ဒဏ်ရာရသွားစေသည်။ သူ့မျက်နှာကဖြူဖျော့သွားပြီး အကြောက်တရားများပြည့်နှက်သွားတော့သည်။
"မဖြစ်နိုင်ဘူး! မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး။"
ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်က မယုံကြည်နိုင်ပေ။ သူက တတွတ်တွတ်ရေရွတ်နေသည်။ သူ့ရှေ့က အမှန်တရားကိုလက်မခံနိုင်ပေ။
"စိတ်မကောင်းစရာပဲ။”
"မင်းနဲ့ထိုက်တန်တယ်။"
"မင်းကိုက သေချင်နေတာ။"
"ဒါက ကပ်ဘေးတစ်ခုရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ရလဒ်ပဲ။"
တိုက်ပွဲအပြင်ဘက်တွင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူတို့က ခြံဝင်းပိုင်ရှင်ကို ကြောက်လန့်သွားကြသည်။ ဒါက သူတို့အတွက်ဒီလောက်ကြီးမားသည့်အစီအရင်ကြီးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပေ။
တကယ်တော့…
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ ကာကွယ်ရေးအစီအရင်ကတောင် ထိုလောက်မထူးဆန်းပေ။
"ကြယ်တာရာဓားချီ"
ချီမင်က ခေါင်းခါလိုက်သည်။ သူက မျက်လုံးဖွင့်ကာ ငွေတောင်ပံဘီလူးမျိုးနွယ်၏ မဟာဆန်းကြယ်အင်မော်တယ်ကို စိုက်ကြည့်လိုက်၏။ သူ့အကြည့်များက အေးစက်နေပြီးဓားလက်ချောင်းကိုသုံးကာ ညွှန်ပြလိုက်သည်။
ဓားသံတစ်ချက်မြည်လာသည်။
အသေးစားကောင်းကင်ကြယ်တာရာအစီအရင်က ပြောင်းလဲသွားကာ မဟာတာအိုစစ်မှန်ရည်ရွှယ်ချက်အဖြစ်သိပ်သည်းသွား၏။ ကြယ်ရောင်တို့က တောက်ပလာပြီး ချွန်ထက်သည့်ကြယ်တာရာဓားအလင်းတန်းအသွင်းပြောင်းကာ လေထုကိုထိုးခွဲသွားတော့သည်။
"မဟုတ်ဘူး"
ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်သည်ကြောက်လန့်သွားတော့၏။ သူက လျင်မြန်စွာထွက်ပြေးချင်ပေမယ့် ကြယ်ရောင်ဓားအလင်းက ပိုမြန်နေသည်။ ထို့ပြင် ထိုအရာကသူ့ကို ပစ်မှတ်ထားနေသည်။
သွေးများဖြာထွက်လာသည်။
ကြယ်အလင်းတန်းက ငွေတောင်ပံဘီလူးမျိုးနွယ် မဟာဆန်းကြယ်အင်မော်တယ်၏ခေါင်းကို ဖြတ်တောက်လိုက်တော့သည်။ ကြည်လင်သည့်အပေါက်တစ်ခုက ထိုသူ၏မျက်ခုံးကြားတွင်ပေါ်လာပြီး အသက်စွမ်းအင်ကို ဖျက်ဆီးလိုက်သည်။ သူ့ဝိညာဉ်နှင့်အသိစိတ်သည် ပျောက်ကွယ်သွားတော့၏။
သူ့အလောင်းက ပြုတ်ကျလာသည်။
"လူယုတ်မာ"
"ငါတို့သခင်ကိုဘယ်လိုတောင်နှောင့်ယှက်ရဲတာလဲ။”
"မင်းတို့ အားလုံးသေလို့ရပြီ။"
“…”
အမှောင်မီးလျှံတို့က ဒေါသထွက်သွားကြသည်။ သူတို့က ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူတို့က အင်အားကုန်သုံးကာ မဟာဆန်းကြယ်အင်မော်တယ်များကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်လာကြသည်။
"အသက်ချမ်းသာပေးပါ။" "ကျေဇူးပြုပြီးအသက်ချမ်းသာပေးပါ။"
ခရမ်းအိမ်တော်ဂိုဏ်း၏ စုဝူရှီက ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။ သူက သနားညှာတာပေးဖို့တောင်းပန်ပေမယ့် အသုံးမဝင်ချေ။ ဟော့ချန်ချင်းတို့က လျစ်လျူရှုထားကြသည်။ စုဝူရှီက ခြိမ်းခြောက်လိုက်ပြန်သည်။"မင်းတို့ငါ့ကို သတ်ရင် ငွေတောင်ပံဘီလူးမျိုးနွယ်က မင်းတို့ကို လုံးဝအလွတ်ပေးမှာမဟုတ်ဘူး။ သူတို့ မင်းတို့ကို အလွတ်ပေးမှာမဟုတ်ဘူး။"
ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရသည်။
စုဝူရှီ၏ခရမ်းအိမ်တော်အံ့ဖွယ်နန်းတော်က ပြင်းထန်စွာပျက်စီးသွားပြီး သူက ထိတ်လန့်တကြားအော်ဟစ်လိုက်သည်။ သူ့အင်မော်တယ်ခန္ဓာတစ်ခုလုံးက များစွာသောဥပဒေသစွမ်းအားများကြောင့်ပျက်စီးသွားပြီး သေဆုံးသွားရတော့၏။
တိုက်ပွဲအစကနေ အဆုံးထိ သိပ်မကြာလိုက်ပေ။
မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးက သေဆုံးသွားတော့သည်။ အလောင်းတောင်မကျန်ခဲ့တော့ပေ။ ပြာအဖြစ်သာကျန်တော့သည်။
"ဟူး"
"အရမ်းအားကောင်းတယ်။"
"ငါတို့ ရှေးဟောင်းအင်မော်တယ်မြို့တော်မှာ ဘယ်တုန်းက ဒီလိုစွမ်းအားကြီးစီနီယာတစ်ပါးပေါ်လာတာလဲ။"
"ကြောက်ဖို့ကောင်းတယ်။"
"မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးလုံး သတ်ခံလိုက်ရတယ်။"
"ဘယ်က စီနီယာများ ဒီမှာ လာပုန်းနေတာလဲ။"
"နားလည်ဖို့ ခက်တယ်။"
“…”
ပတ်ဝန်းကျင်မှာ ရှေးဟောင်းအင်မော်တယ်မြို့တော်၏သက်ရှိများက လေးစားစွာဖြင့်ကြည့်နေကြသည်။ သူတို့က ခြံဝန်းလေးကို ကြောက်လန့်မှုရော လေးစားမှုရော ရောထွေးလျက် ကြည့်နေကြသည်။
ရှေးဟောင်းအင်မော်တယ်မြို့တော်၏သက်ရှိအားလုံးအင်မော်တယ်အားလုံးစုဝေးနေကြသည်။
အရမ်းကို စည်ကားသိုက်မြိုက်နေပါ၏။
ဒီတိုက်ပွဲပြီးတော့ ဟော့ချန်ချင်း၏အင်အားကို မျက်မြင်တွေ့လိုက်ရပြီဖြစ်သည်။ အချိန်တိုလေးအတွင်းမှာ သူတို့က မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးကို တစ်ယောက်ပြီးတစ်ယောက်သတ်ဖြတ်တော့သည်။ သူတို့ဂုဏ်သတင်းက မြင့်တက်သွားပြီဟုပြောနိုင်သည်။
သိပ်မကြာခင်မှာပဲ ဟော့ချန်ချင်းတို့၏ဂုဏ်သတင်းက ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးကို ပျံ့သွားတော့ပေမည်။
တစ်ချိန်တည်းမှာ ရှေးဟောင်းအင်မော်တယ်မြို့တော်၏ဂိုဏ်းအသီးသီးက မြို့စွန်မှခြံဝင်းအသေးလေးအကြောင်းကို သိသွားကြတော့သည်။ သူတို့က ဝင်းပိုင်ရှင်ကို မစဉ်းစားနိုင်ကြပေ။သူတို့က နောက်ခံအထောက်အထားအတိအကျကို မသိနိုင်ပေ။ သို့ပေသော်လည်း သူက မဟာဆန်းကြယ်အင်မော်တယ်နောက်လိုက်ခြောက်ပါးရှိပြီး မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးကို သတ်ဖြတ််နိုင်၏။
ထိုရလဒ်မျိုးက မဆိုးပေ။
“ဂလု...”ကုမင်ယွမ်က တံတွေးကိုမျိုချလိုက်ပြီး ပိုပြီးလေးစားသွားသည်။
ဟော့ချန်ချင်းတို့က ခြံဝန်းဘက်ကိုလေးစားစွာဦးညွှတ်ကာ ပြောလိုက်သည်။"မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးကို သတ်ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ဂရုမစိုက်လိုက်တာကြောင့် ငွေတောင်ပံဘီလူးမျိုးနွယ်ဝင်က သခင့်ကို သတိထားမိသွားတာပါ။ သခင် ကျေးဇူးပြုပြီး အပြစ်ပေးပါ။"
"ရတယ်။" ချီမင်ကဆိုလိုက်သည်။"မလိုအပ်ဘူး။"
တိုက်ပွဲမြေပြင်အပြင်ဘက်တွင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ သူတို့က သတိပြန်ဝင်လာကြသည်။ အသက်ပြင်းပြင်းရှုကာ လျှို့ဝှက်ဆန်းကြယ်စီနီယာကို တိုက်ရိုက်တွေ့ဖို့ ပြင်ဆင်လိုက်၏။
သွားတွေ့မယ့်အချိန်မှာပဲ သူတို့တစ်ကိုယ်လုံးလှုပ်ခါသွားသည်။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု လျင်မြန်စွာချည်းကပ်လာတာကို ခံစားလိုက်မိသည်။
ထိုအရှိန်အဝါက ယိုယွင်းမှောင်မိုက်မှုများ ပြည့်နှက်နေပြီး လမ်းဆုံးရောက်ကာ ပျက်စီးတော့မည့်သူအလားပင်။
"ဒါက..."
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက အလွန်အမင်းထိတ်လန့်သွားကြတော့၏။ သူတို့က လှမ်းကြည့်လိုက်တော့ မှောင်မိုက်နေသည့် တိမ်တစ်စု ချည်းကပ်လာတာကို တွေ့လိုက်ရသည်။
တိမ်တိုက်က ခြံဝန်းအထက်ရောက်မှရပ်တန့်သွားတော့သည်။
"ဟီးဟီး"
မည်းနက်နေသည့် တိမ်တိုက်များထဲမှ ကျောချမ်းဖွယ်ရယ်သံများထွက်ပေါ်လာသည်။
"သူ...သူ..."
"ရှေးဟောင်း နတ်ဆိုးရွှေအင်မော်တယ်။ သူက ရှေးဟောင်းနတ်ဆိုး ရွှေအင်မော်တယ်ပဲ။"
"တကယ်ကြီး သူပဲ။"
"ဒါ...ဒါ...ဒီ.."
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက အနက်ရောင်တိမ်တိုက်ကြီးကို တွေ့တုန်းက ဘယ်သူမှန်းသေချာမသိသေးပေ။သူတို့က ဆွေးမြေ့ပုပ်သိုးနေသည့် အရှိန်အဝါကိုခံစားရမှသာ သိသွားတာဖြစ်၏။
ထိုအခိုက်တွင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးဘေးတွင် နောက်ထပ် ဆံဖြူ အကြီးအကဲတစ်ဦးပေါ်လာသည်။ ဆံဖြူအကြီးအကဲက အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားကာ မြင်းမြီးတောင်ဝှေးကို ကိုင်ဆောင်ထားသည်။
"ဘိုးဘေး အစိမ်းရောင်ဝတ်ရုံ"
"ဘိုးဘေးအစိမ်းရောင်ဝတ်ရုံကို အရိုအသေပြုပါတယ်။"
“…”
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက တုန်လှုပ်သွားကာ သတိပြန်ဝင်လာကြသည်။ သူတို့က ဆံဖြူအကြီးအကဲကို အရိုအသေပြုလိုက်ကြ၏။
ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရွှေအင်မော်တယ်ဖြစ်သည်။
သူက ပြောလိုက်သည်။"ယဉ်ကျေးမနေနဲ့။ ငါ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို လိုက်ဖမ်းနေတာ။ ဒီရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ရဲ့ ကုသိုလ်ကောင်းချီးက ကုန်ခါနီးနေပြီ။ သူရဲ့ ကောင်ကင်လူသားကျဆင်းခြင်းငါးပါးက လာတော့မယ်။ သူသာ မသန်မာနေရင် ဒီဆန်းကြယ်ငရဲပင်လယ်ဒေသမှာပဲ သေသွားရလိမ့်မယ်။"
"ဒါပေမယ့်"
"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ ပွင့်ချပ်တွေနဲ့ ကြာစေ့ရှစ်စေ့ရပြီးပြီ။ ငါ အစက သူပုန်းပြီး အဲဒါတွေကို စုပ်ယူမယ်ထင်ထားတာ။ ဒီကို ရောက်လာမယ်လို့ မထင်ထားဘူး။"
"ဒီ..."
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက ထိတ်လန့်သွားတော့သည်။
"ရွှေ...ရွှေအင်မော်တယ်"
ကုမင်ယွမ်၏မျက်လုံးက မည်းနက်နေသည့်တိမ်တိုက်တွေကို စိုက်ကြည့်ရင်းပြူးကျယ်သွားသည်။ သူက အတော်လေးထိတ်လန့်သွားတောသည်။ လုံးဝကို ကြောင်အသွားတော့၏။