← Chapters

စွမ်းအားကြီး ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်

Vol. 21 Ch. 315

စွမ်းအားကြီး ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်

Vol. 21 Ch. 315

ခြံဝင်းထဲတွင် ချီမင်သည် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ရောက်ရှိလာမှုကို သဘာဝအတိုင်း အာရုံခံမိလိုက်သည်။ သူက ခေါင်းအသာမော့ကာ ကြည့်လိုက်တော့ အနက်ရောင်တိမ်တိုက်ထဲမှ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို အတားအဆီးများကျော်ဖြတ်လျက် ရှင်းရှင်းလင်းမြင်လိုက်ရသည်။

ထိုသူက အနက်ရောင်ဝတ်စုံ၊သွေးရောင်ဆံပင်ဖြင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူ့အသွင်အပြင်က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ဆိုသည့်အတိုင်း မဟာနတ်ဆိုးတစ်ကောင်အလားပင်။ သူ့တစ်ကိုယ်လုံးတွင် ကြောက်စရာအရှိန်အဝါများဖြင့်ပြည့်နှက်နေသည်။

အနက်ရောင်မြူခိုးများမှာ အသက်ဝင်နေသည့်အလား ပျံ့နှံ့နေ၏။

"ရွှေအင်မော်တယ်" ချီမင်က ခဏလောက်တွေးမိသွားသည်။

သူက အတော်လေးတည်ငြိမ်နေသည်။

"ဟီးဟီး"

ချက်ချင်းပဲ ကျောချမ်းဖွယ်ရယ်သံမှာ အနက်ရောင်မြူခိုးများထဲမှ ထွက်ပေါ်လာသည်။ ဆွေးမြေ့အဆုံးသတ်ဖွယ်အရှိန်အဝါများမှာ ထွက်ပေါ်နေပြီး အနားမှသက်စောင့်စွမ်းအားများမှာ ဝါးမြိုခံနေရသည့်အလားပင်။

"ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ ကြာစေ့ကိုးစေ့မြောက်ပဲ။"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကုမင်ယွမ်၏လက်ထဲမှကြာစေ့ကို ပစ်မှတ်ထားလိုက်သည်။ သူက ဆန်းကြယ်ငရဲပင်လယ်ဒေသ၏တိုက်ပွဲထဲသို့ ပါဝင်လာသည်။ တိုက်ပွဲထဲတွင်တော့ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က စွမ်းအားကြီးပြီး ရွှေအင်မော်တယ်အဆင့်၏အထွတ်အထိပ်အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ အင်မော်တယ်များစွာက သူ့လက်ထဲတွင်သေဆုံးသွားပြီး သူကကြောက်မက်ဖွယ်စွမ်းအားများဖြင့် လူတိုင်းကို ခြိမ်းခြောက်သတ်ဖြတ်နိုင်ထားသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်း၏ပွင့်ချပ်များကို လုယူထားပြီးဂိုဏ်းလေးခုမှကြာစေ့များတောင်အလွတ်မပေးချေ။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်သာ ကောင်းကင်လူသားကျဆင်းခြင်းကို ဖြေရှင်းချင်ပါက သူက ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့တစ်ချို့လိုအပ်နေပါသေးသည်။ သူက ကိုးလွှာကုသိုလ်ကောင်းချီးရွှေကြာပန်းကိုသန့်စင်ဖို့ ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်း၏ပွင့်ချပ်တစ်ချပ်နှင့် ကြာစေ့ကိုးစေ့ ကိုလိုအပ်သည်။

ယခုသူက ကြာစေ့တစ်စေ့သာလိုတော့၏။

ထို့ကြောင့်လည်းရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကုမင်ယွမ်ကိုပစ်မှတ်ထားလာခြင်းဖြစ်သည်။ ကောင်းကင်လျှို့ဝှက်ချက်၏လမ်းညွှန်မှုကြောင့်ပဲ ရောက်လာရခြင်းဖြစ်၏။

"မြန်မြန်! နောက်ပြန်ဆုတ်တော့။"

"ဒါ...ဒါ...ဒီ.."

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ပဲ။"

"ဟူး"

"မင်း ပေါ်မလာသင့်ဘူး။ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်နဲ့ ကောင်းကင်လူသားကျဆင်းခြင်းငါးပါး ကျဆင်းလာဖို့ နီးနေပြီ။ တိုက်ပွဲသာဖြစ်လာရင် အရှိန်အဝါနည်းနည်းလောက်နဲ့တင် ငါတို့ကို သတ်နိုင်တယ်။"

"လူခွဲတော့"

ပတ်ဝန်းကျင်က သက်ရှိများစွာက ကြောက်လန့်သွားကြသည်။ သူတို့က ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကိုကြောက်ရွံ့ကြပေမယ့် ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကိုပိုပြီးတောင်ကြောက်ရသေးသည်။ ကောင်းကင်လူသားကျဆင်းခြင်းငါးပါးသည် အထက်ကမ္ဘာအင်မော်တယ်များအတွက် ခေါင်းပေါ်တွင် ဓားတစ်လက်ထိုးချိန်ထားသည့် အလားခေါင်းကျိန်းနေရ၏။ ဓားချက်ကကျဆင်းလာပြီး အင်မော်တယ်များကို သတ်ဖြတ်တော့မည့်အလားပင်။

အထက်ကမ္ဘာတွင် အင်မော်တယ်များသည် ကောင်းကင်နှင့်မြေကြီးအလား နေနှင့်လတို့ဖြင့်အပြိုင် အဆုံးမဲ့ဘဝသက်တမ်းကိုပိုင်ဆိုင်ထားကြပေမယ့် သူတို့က ကုသိုလ်နှင့်ကောင်းချီးကြောင့်ကန့်သတ်ခံရသေးသည်။ ကောင်းချီးသာမလုံလောက်ရင် သူတို့ကကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ရင်ဆိုင်ရတာဖြစ်၏။ ထိုအခိုက်တွင် သူတို့မှာဘယ်လောက်စွမ်းအားကြီးတဲ့အံ့ဖွယ်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားထား သူတို့က ကောင်းကင်လူသားကျဆင်းခြင်းငါးပါး၏လက်အောက်တွင် ပြာဖြစ်သွားပေလိမ့်မည်။

"ရှေးဟောင်းနတ်ဆိုး မဟာလက်ချိတ်စည်း"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ဘာမှပြောမနေတော့ဘဲ တိုက်ရိုက်ကို တိုက်ခိုက်လိုက်သည်။ ကုမင်ယွမ်ကို ဦးတည်ကာ သူလက်ကိုဆန့်ထုတ်လိုက်သည်။ အနက်ရောင်မြူခိုးများမှာ ကြီးမားသည့်လက်ဖဝါးအသွင်ပြောင်းသွားပြီး ကောင်းကင်ကိုတောင်ဖုံးအုပ်သွားပေသည်။ ထိုအရာက ခမ်းနားလွန်းပြီး သူက ခြံဝင်းတစ်ခုလုံးကို ရိုက်ချလိုက်သည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကုမင်ယွမ်ကိုဖမ်းချင်သည့်အပြင် ခြံဝင်းကိုပါဖျက်ဆီးချင်တာဖြစ်သည်။

အတော်လေးကို လွှမ်းမိုးပြင်းထန်ပေသည်။

ယုတ္တိကို မရှိပေ။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်အတွက်တော့ ခွန်အားကအရာရာဖြစ်သည်။

သူက သန်မာနေသရွေ့ သူလုပ်ချင်တာအကုန် မကြောက်မလန့် လုပ်နိုင်သည်။ သူက လုပ်ချင်တာမှန်သမျှလုပ်ပြီး တခြားသူများထံမှ လုယက်နေကြပေ။

သန်မာသူများအတွက်တော့ သာမန်ကိစ္စပင်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်သည် မူလက ကောင်းကင်နတ်ဆိုးတိုက်ကြီးထံမှ ပထမအထက်ကမ္ဘာသို့ တက်လှမ်းလာတာဖြစ်သည်။ သူက မရေမတွက်နိုင်လောက်သော ကပ်ဘေးဒုက္ခများကို ကြုံခဲ့ရပြီး မကောင်းမှုပေါင်းစုံကို ကျူးလွန်ခဲ့သူဖြစ်သည်။ သူက နတ်ဆိုးဆန်သည့်ကိစ္စပေါင်းစုံကို ကျူးလွန်ခဲ့သည်။သူ့အတွက် ကံနှင့် က၏အကျိုးပေးသံသရာသည် လုံးဝမကောင်းပေ။

သူက မကောင်းသည့်ကမ္မများဖြင့်စွန်းထင်းနေပြီဖြစ်၏။

ရှေးဟောင်းနတ်ကဆိုးရွှေအင်မော်တယ်သည် ရွှေအင်မော်တယ်အဆင့်၏အထွတ်အထိပ်အဆင့်သို့ရောက်နေပြီဖြစ်သည်။ ရှေးဟောင်းအင်မော်တယ်မြို့တော်တစ်ခုလုံးတွင် ဂိုဏ်းအဖွဲ့အစည်းလေးခု၏ဘိုးဘေးများက လွဲရင် သူကြောက်ရမည့်သူမျိုးမရှိပေ။

သူ့ရဲ့ ကောင်းချီးကုန်ဆုံးပြီးကောင်းကင်လူသားကျဆင်းခြင်းငါးပါးသာရောက်မလာရင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က လွတ်လွတ်လပ်လပ်ဆက်နေနေဦးမှာပေ။

ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကျရောက်လာ၍ ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကပ်ဘေးဒုက္ခထဲတွင်ရွေးချယ်စရာမရှိဘဲ ပါဝင်လာရသည်။ ဆန်းကြယ်ငရဲပင်လယ်ဒေသတိုက်ပွဲတွင် သူက ကြီးမားသည့်အင်အားကိုသုံးကာ သူလိုချင်တာကိုရခဲ့ပေသည်။

"အယုတ်တမာ"

အမှောင်မီးလျှံက ဒေါသတကြီးအော်ဟစ်လိုက်သည်။ လေဟာနယ်စစ်မှန်နဂါးအနားတွင် ဥပဒေသစွမ်းအားများလည်ပတ်မြင့်တက်လာ၏။ သူက လေဟာနယ်နဂါးမီးတောက်ကို မှုတ်ထုတ်လိုက်ပြန်သည်။ စစ်မှန်ဥပဒေသစွမ်းအားများပြည့်နှက်နေသည့် ကြောက်မက်ဖွယ်ရာမီးတောက်တိုင်များထွက်လာသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အတော်လေးစွမ်းအားကြီး၏။ သူကျင့်ကြံခြင်းအဆင့်ကရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်ပြီး အကန့်အသတ်ထိရောက်နေပြီဖြစ်သည်။ သူက ရှေးဟောင်းအင်မော်တယ်မြို့တော်တွင် ပြိုင်ဘက်ကင်းလုနီးပါးပင်။

အသံကျယ်ကြီးတစ်ချက်ထွက်လာသည်။

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏လက်သီးက အမှောင်မီးလျှံ၏လေဟာနယ်နဂါးမီးတောက်ပေါ်သို့ကျဆင်းလာပြီး ဖျက်ဆီးပစ်လိုက်သည်။ ကြီးမားသည့်အင်အားတစ်ခုက အမှောင်မီးလျှံကိုလွင့်ထွက်သွားစေသည်။

အမှောင်မီးလျှံက အော်ဟစ်လျက် သူ၏ကြီးမားသည့်နဂါးခန္ဓာကြီးက လွင့်ထွက်သွားတော့၏။ သူက သွေးအန်ထုတ်လိုက်ရပြီး အဆောက်အဦးများကို ဝင်တိုက်မိသွားသည်။ မြေပြင်ပေါ်ကျလာတော့ သူ့ကိုအပေါ်ကနေ ထိုအပျက်အစီးများက ပိနေသေးသည်။

လက်ဝါးတစ်ချက်တည်းပေ။

လက်ဝါးရိုက်ချက်တစ်ချက်တည်းပေ။

မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်အမှောင်မီးလျှံက ပြင်းထန်စွာဒဏ်ရာရသွားတော့၏။ နှစ်ဖက်ကြားက ကွာခြားမှုက ကြီးမားလွန်းပေသည်။ ထိုသို့ကြည့်လျှင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်သည်ဘယ်လောက်တောင်စွမ်းအားကြီးလဲဆိုတာတွေ့နိုင်ပါ၏။

အမှောင်မီးလျှံက အတော်လေးသန်မာလေသည်။ သူကရွှေအင်မော်တယ်အဆင့်မဟုတ်ပေမယ့် ခုနေလေးတင်မဟာဆန်းကြယ်အင်မော်တယ်ကိုသတ်ထားဖြစ်သည်။ ယခု ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်သည် ဒဏ်ရာပြင်းထန်စွာရသွားပြီဖြစ်သည်။

"...ဒါ..."ကုမင်ယွမ်က ကြောက်လန့်သွားတော့၏။

သူရှေ့က ရန်သူက သေးသေးလေးမဟုတ်ပေ။ သူက ဂိုဏ်း‌လေးခုမှ ရွှေအင်မော်တယ်အဆင့်မဟုတ်ပေမယ့် နှစ်ပေါင်းများစွာရှင်သန်လာသည့်ရွှေအင်မော်တယ်အဆင့်ဖြစ်သည်။ သူက စွမ်းအားကြီးလွန်းပေသည်။

"မင်းက ဒီခြံဝင်းထဲမှာ စီနီယာတစ်ယောက်ရှိနေတယ်လို့ပြောတာလား။"

တိုက်ပွဲအပြင်ဘက်တွင် သူ့ရဲ့နောက်မျိုးဆက်မဟာဆန်းကြယ်အင်မော်တယ်သုံးယောက်ပြောတာကြားတော့ ဘိုးဘေးအစိမ်းရောင်ဝတ်ရုံသည် အနည်းငယ်အံ့ဩသွားသည်။ သူက ခြံဝင်းကိုကြည့်လိုက်သည်။"မင်းတို့ပြောချင်တာက မဟာဆန်းကြယ်အင်မော်တယ်ခြောက်ယောက်ကို အစေခံနောက်လိုက်အဖြစ်မွေးထားတာလား။ဒါဆို ဒီခြံဝင်းသခင်က အနည်းဆုံးရွှေအင်မော်တယ်အဆင့်မှာပဲ။"

"ဒါပေမယ့် သူက ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနဲ့ဖုန်းမျိုးနွယ်က ဆန်းကြယ်အင်မော်တယ်တွေအများကြီးကို သတ်ဖြတ်ပြီးပြီ။မဟာဆန်းကြယ်အင်မော်တယ်နည်းနည်းတောင်ပါတယ်။"

"သူက ပထမတန်းစားဂိုဏ်းသုံးခုကို စော်ကားပြီးသွားပြီ။"

"အခု ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ပါ ရောက်လာပြီ။"

"ဒါက ကမ္မပဲ။ အခု ခြံဝင်းသခင်က ကုမင်ယွမ်ကို ထောက်ပံ့ပေးပြီး ကျင့်ကြံခြင်းနည်းစနစ်တွေကို စုဆောင်းခိုင်းထားတာဖြစ်မယ်။ အခုကိစ္စက ကုမင်ယွမ်ကြောင့်ဖြစ်တာလည်းပါတယ်။"

"ကောင်းကင်လျှို့ဝှက်ချက်က လည်ပတ်နေပြီး ကမ္မက ဆက်နွယ်နေတယ်။"

ထိုအခိုက်တွင် သေမင်း၊ဟော့ချန်ချင်း၊ယင်လေး၊လင်းနို့လေးနှင်းကပ်ဘေးလေးတို့က အမှောင်မီးလျှံသည် လက်ဝါးတစ်ချက်ကြောင့်နဲ့ ဒဏ်ရာပြင်းပြင်းထန်ရသွားတာကိုမြင်တော့ သူတို့အမူအရာက လေးနက်သွားပြီး ဓမ္မစွမ်းအားများကို အစွမ်းကုန်ထုတ်သုံးလိုက်ကြ၏။

"တိုက်ကြ"

"ကပ်ဘေးဒုက္ခအံ့ဖွယ်စွမ်းအား"

"ပြင်းထန်ယင်အံ့ဖွယ်စွမ်းအား"

"ထိုက်ချီအကန့်အသတ်မဲ့သတ်ဖြတ်ခြင်းအစီအရင်။"

"ဓားတာအို ကမ္ဘာအံ့ဖွယ်စွမ်းအား"

ဟော့ချန်ချင်းတို့က အင်အားကုန်ထုတ်ပြကာ တိုက်ခိုက်လိုက်ကြသည်။ သူတို့က အံ့ဖွယ်စွမ်းအားများကို တစ်ခုပြီးတစ်ခုထုတ်သုံးနေကြသည်။

ဘန်း!

ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။

"ဟားဟား"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အရိုင်းဆန်စွာရယ်မောလိုက်သည်။ သူက ဖိအားအနည်းငယ်ကိုခံစားလိုက်ရ၍ အလွန်အမင်းစိတ်လှုပ်ရှားလာကြသည်။ သူ့ရဲတိုက်ခိုက်လိုစိတ်က မြင့်တက်လာသည်။"ငါ ဒီလိုရှေးဟောင်းအင်မော်တယ်မြို့စွန်လေးမှာ ဒီလို ခြံဝင်းသေးသေးလေးမှာ စွမ်းအားကြီးမဟာဆန်းကြယ်အင်မော်တယ်တွေရှိနေမယ်မထင်ထားဘူး။"

"ငါ မထင်ထားဘူး။"

"ငါ တကယ့်ကို မမျှော်လင့်ထားဘူး။"

"ကံမကောင်းတာက မင်းတို့ငါကိုဖိအားအချို့ပေးနိုင်ပေမယ့် အရမ်းအားနည်းနေသေးတယ်။"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အော်ဟစ်လိုက်သည်။ လက်တစ်ချက်ဝေ့ယမ်းလိုက်တာနဲ့ သူက စွမ်းအားကြီးနတ်ဆိုးရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုအရာက အနက်ရောင်ကြေးမုံတစ်ချပ်ဖြစ်သည်။

"အသင်္ချေနတ်ဆိုး ကြေးမုံ"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က အသင်္ချေနတ်ဆိုး ကြေးမုံကို ယူဆောင်လိုက်၏။ ကြေးမုံမျက်နှာပြင်က တောက်ပသည့်အလင်းတန်းများဖြင့်တောက်ပနေပြီး စွမ်းအားကြီးနတ်ဆိုးဥပဒေသစွမ်းအားပါဝင်သည့် အနက်ရောင်အလင်းတန်းများအဖြစ်ပြောင်းလဲသွားသည်။

"ကျိုးပျက်"

ကြေးမုံအလင်းတန်းက အရပ်မျက်နှာအနှံတောက်ပလာ၏။ အတော်လေးကို ခမ်းနားတောက်ပပါသည်။ ဟော့ချန်ချင်းတို့၏လှုပ်ရှားမှုများကို ဖျက်ဆီးနိုင်သည့်ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေသည်။

ကြေးမုံအလင်းတန်း၏နောက်ဆက်တွဲက ဟော့ချန်ချင်းတို့၏ခုခံမှုများကိုဖျက်ဆီးပစ်ကာ လွင့်ထွက်သွားစေတော့သည်။

"အား"

ဟော့ချန်ချင်းက အကြိမ်အနည်းငယ်အော်ဟစ်လိုက်ရပြီး သွေးတစ်ပွက်အန်ထုတ်လိုက်ရ၏။

မျက်စိတမှိတ်အတွင်းမှာ ချီမင်၏အင်မော်တယ်သားရဲခြောက်ကောင်လုံးသည် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ထံတွင် ရှုံနိမ့်သွားသည်။ ဟော့ချန်ချင်းတို့က ဒဏ်ရာပြင်းပြင်းထန်ရပြီးရှုံးနိမ့်သွားတဲ့အထိ သုံးကြိမ်ပြည့်အောင်တောင် မလှုပ်ရှားလိုက်ရပေ။

မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်နဲ့ရွှေအင်မော်တယ်နှောင်းပိုင်းအဆင့်၏ ကွာခြားမှုက ကြီးမားပေသည်။ အင်အားကွာခြားချက်က ကြီးမား၏။ ဟော့ချန်ချင်းနဲ့ကျန်သူများကသူတို့ပူးပေါင်းတိုက်ခိုက်ရင်တောင် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ် ကို ဒဏ်ရာမရစေနိုင်ပေ။

"ဒါ...ဒါ...ဒီ.."

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ဆိုတဲ့အတိုင်းပဲ။ သူ့အင်အားက အတော်လေးပြင်းထန်တယ်။ ခြံဝင်းသခင်ရဲ့နောက်လိုက်ခြောက်ယောက်လုံးက မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ပဲ။ သူတို့ကစွမ်းအားကြီးအံ့ဖွယ်စွမ်းအားတွေကို တတ်ထားပေမယ့် ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ် ရဲ့တိုက်ကွက်သုံးကွက်ကိုတောင် မခံနိုင်ဘူး။"

"သူက တော်တော်လေး သန်မာတာပဲ။"

"ခြံဝင်းသခင်က ဘာဆက်လုပ်မယ်ထင်လဲ။ သူ့ရဲ့အင်မော်တယ်သားရဲခြောက်ကောင်လုံးရှုံးသွားပြီ။သူတို့သေလားရှင်လားမသိရသေးဘူး။ ငါ ထင်တာ သူကိုယ်တိုင်တိုက်ခိုက်တော့မယ်ထင်တယ်။"

တိုက်ပွဲအပြင်ဘက်တွင် ရှေးဟောင်းအင်မော်တယ်မြို့တော်၏သက်ရှိများက လေးစားစွာကြည့်နေကြ၏။ သူတို့က တိုက်ပွဲကိုကိုယ်တိုင်မြင်လိုက်ရပြီး ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်၏ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်တွေ့လိုက်ရသည်။

"စီနီယာ....စီနီယာ"

ကုမင်ယွမ်က ပိုပြီးကြောက်ရွံ့လာကြသည်။ သူက ကိစ္စများက ဒီလောက်ထိကြီးလာမည်ဟု မထင်ထားပေ။ ရှေးဟောင်းနတ်ဆိုရွှေအင်မော်တယ်ရောက်လာရုံနဲ့ စီနီယာရဲ့နောက်လိုက်ခြောက်ယောက်လုံးရှုံးသွားသည်။

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်က ပြောလိုက်သည်။"ဘိုးဘေး ကျွန်တော်တို့ ကူညီပေးသင့်လား။"

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ရက်စက်ကြမ်းကြုတ်ပြီးနှလုံးသားမဲ့တယ်။ သူက နတ်ဆိုးဂိုဏ်းရဲ့မဟာနတ်ဆိုးမဟုတ်သေးတာတောင် သူက ကြီးမားတဲ့အပြစ်ကြွေးတွေထဲမှာ နစ်မြှုပ်နေပြီ။ ပြန်တွေးကြည့်ရင် စွမ်းအားကြီးနတ်ဆိုးရတနာကိုသန့်စင်ဖို့ သူက အင်မော်တယ်မြို့တော်ကိုတောင်ဖျက်ဆီးပြီးသက်ရှိသန်းပေါင်းများစွာကို သတ်ထားတာ။"

"ဟုတ်တယ်။"

"ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ဒီတစ်ကြမ်အောင်မြင်သွားရင် အနာဂတ်မှာ သေချာပေါက် အဲ့သလိုဖြစ်ရပ်မျိုးတွေ ဖြစ်လာလိမ့်မယ်။"

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏တခြားမဟာဆန်းကြယ်အင်မော်တယ်ကလည်း ပြောလိုက်သည်။

"အလျင်မလိုနဲ့ဦး။"

ဘိုးဘေးအစိမ်းရောင်ဝတ်ရုံက ပြောလိုက်၏။" ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်ကို ဒီခြံဝင်းသခင်ရဲ့နောက်ခံအကြောင်း အရင်စမ်းသပ်ခိုင်းလိုက်။ ပြီးတော့ ပထမတန်းစားဂိုဏ်းသုံးခုရဲ့ ရွှေအင်မော်တယ်ဘိုးဘေးသုံးယောက်လည်း ဒီကို ရောက်နေပြီ။ သူတို့က ဝင်စွက်ဖက်ဖို့ ရည်ရွယ်ချက်မရှိဘူး။ မင်းတို့သာ မသိသေးတာ။"

"ဒါ.."

"ဘိုးဘေး ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနဲ့ဖုန်းမျိုးနွယ်ရဲ့ရွှေအင်မော်တယ် ဘိုးဘေးတွေရော ဒီကို ရောက်နေကြတာလား။"

"တကယ်ကြီးလား။"

"ကျွမ်းကျင်သူတွေ အများကြီးတကယ်ကြီးရောက်နေတာလား။"

ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်သုံးပါးက အတော်လေးထိတ်လန့်သွားသည်။

"ဟားဟား"

ရှေးဟောင်းနတ်ဆိုးရွှေအင်မော်တယ်က ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့အရှိန်အဝါက ပိုပြီးတောင် လွှမ်းမိုးရမ်းကားလာသည်။ သူက ပတ်ဝန်းကျင်ကို ကြုံးဝါးလိုက်၏။"ဒီကမ္ဘာကြီးထဲမှာ ဘယ်သူငါ့ကို တားနိုင်မှာလဲ။ ဘယ်သူ ငါ့ကို တားနိုင်မလဲ။"

"ငါက ပြိုင်ဘက်ကင်းပဲ။ပြိုင်ဘက်ကင်းပဲ။"

"ငါသာ ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ ကြာစေ့ကိုးစေ့ကိုသာ ရရင် ကိုးလွှာကုသိုလ်ကောင်းချီးရွှေကြာပန်းကို သန့်စင်လို့ရပြီ။ဒါဆို ကောင်းကင်လူသားကျဆင်းခြင်းငါးပါးကို ခုခံဖို့ ကောင်းချီးလုံလုံလောက်လောက် ရလာနိုင်တယ်။ ငါ နောက်ထပ်ခြေတစ်လှမ်းတက်ပြီး ဆန်းကြယ်ကောင်းကင်ရွှေအင်မော်တယ်အဆင့်ကို ခြေချဖို့ နိုင်လောက်တယ်။"

All Chapters