မဟာဆန်းကြယ်အင်မော်တယ်ကို သတ်ဖြတ်ခြင်း
Vol. 21 Ch. 313
ကုမင်ယွမ်က စိတ်ပျက်သွားတော့၏။ ထိုခဏတွင် သူက ကြီးကြီးမားမားတစ်ခုကို ဆုံးရှုံးသွားတော့၏။ ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့လေးကြောင့်သူက ချီမင်၏ကာကွယ်ကိုဆုံးရှုံးသွားပြီဖြစ်၏။
ယခု သူ့ကို ကောင်းကင်ကတောင်မကူညီပေးတော့ပေ။ သူက သာမန်လူသားမျှသာဖြစ်သွားတော့သည်။
ထိုအရာက ကမ္မစက်ဝန်းဖြစ်သည်။
ကုမင်ယွမ်သည် ကုသိုလ်ကောင်းချီးမလုံလောက်တော့ပေ။ သူက ယခုသာမန်လူဖြစ်သွားသည်။ နောက်တစ်ဆင့်တက်ဖို့ မလွယ်တော့ပေ။
"ဟုတ်ကဲ့ပါ စီနီယာ" ကုမင်ယွမ်သည်ခေါင်းငုံကာ နှလုံးသားထဲတွင် သက်ပြင်းချလိုက်သည်။ သူက ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့ကိုပြန်ယူကာ ထဲသို့ပြန်ထည့်လိုက်တော့သည်။ သူက ဘေးတစ်ဖက်မှာ လေးစားစွာရပ်နေတော့သည်။
ထိုအခိုက်တွင် ချီမင်သည် ဟော့ချန်ချင်းတို့ကို ရန်သူအားလုံးကိုသတ်ဖြတ်ဖို့အမိန့်ပေးထားတာဖြစ်သည်။ သူတို့ထဲမှာ အများစုက ဆန်းကြယ်အင်မော်တယ်အဆင့်များဖြစ်ပြီး ပြီးပြည့်စုံခြင်းအင်မော်တယ်များကတော့ ပိုပြီးများလောက်သည်။
အဝေးကနေ ပုံရိပ်ခုနစ်ခုက လေထုကို ဖြတ်သန်းလျက် အလွန်အမင်းမြန်ဆန်စွာ ပျံသန်းလာနေသည်။ ခဏလေးအတွင်းမှာ သူတို့က ခြံဝန်းအနီးသို့ရောက်လာ၏။
"အတင့်ရဲလှချည်လား။"
လေထုထဲတွင် အရပ်မြင့်မြင့်၊ပိန်းပိန်ပါးပါးဖြင့် လူတစ်ယောက်ရောက်လာသည်။ သူက ငွေရောင်ချပ်ဝတ်ကိုဝတ်ဆင်ထားပြီး ငွေရောင်အတောင်ပံတစ်စုံကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်တမန်တော်တို့အလား စွမ်းအားကြီးအရှိန်အဝါများထွက်ပေါ်နေသည်။
သူက ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်အင်မော်တယ်တစ်ပါးဖြစ်သည်။
မျက်စိတမှိတ်အတွင်းမှာ ပုံရိပ်ကိုးခုပေါ်လာပြီး တစ်ယောက်ချင်းစီတိုင်းက ဆန်းကြယ်အင်မော်တယ်များဖြစ်ကြသည်။ သူတို့ထဲက ခုနစ်ယောက်က ငွေတောင်ပံဘီလူးမျိုးနွယ်၊ခရမ်းအိမ်တော်ဂိုဏ်းနှင့်ဖုန်းမျိုးနွယ်စုမှဖြစ်သည်။ ကျန်နှစ်ယောက်ကတော့ တခြားအဖွဲ့အစည်းများကဖြစ်သည်။
"မဟာဆန်းကြယ်.......မဟာဆန်းကြယ်အင်မော်တယ်"
ကုမင်ယွမ်က ထိတ်လန့်သွား၏။"ဒါက ကုသိုလ်ကောင်းချီးရွှေကြာပန်းရဲ့ ကြာစေ့ပဲ။ မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးကိုတောင် ဆွဲဆောင်နိုင်တယ်။"
ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းက ကပ်ဘေးဒုက္ခကနေ မွေးဖွားလာတာဖြစ်သည်။ ၎င်းနှင့်အတူကြာပန်းစေ့ (၉၉)စေ့လည်းပါလာသည်။ ဂိုဏ်းအဖွဲ့အစည်းပေါင်းစုံ စုဝေးလာကြပြီး များစွာသောရွှေအင်မော်တယ်များမှာ ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်းအတွက် ပြိုင်ဆိုင်ဖို့ ပေါ်ပေါက်လာကြ၏။
ဆန်းကြယ်ငရဲပင်လယ်ဒေသတွင် မကြုံစဖူးထူးခြားသည့်တိုက်ပွဲတစ်ခုဖြစ်ပေါ်လာသည်။ ထိုအရာက နတ်ဆိုးဂိုဏ်းများကိုတောင် ဆွဲဆောင်နိုင်သည်။ မရေမတွက်နိုင်လောက်အောင်များပြားသောသေကြေပျက်စီးမှုများနှင့်အတူ တိုက်ပွဲအရှည်ကြီးတစ်ခုဟုပြောနိုင်သည်။
ဆန်းကြယ်ငရဲပင်လယ်ဒေသတစ်ခုလုံးသွေးလွှမ်းလာသည်။
အင်မော်တယ်များစွာသေဆုံးလာကြ၏။
ကုမင်ယွမ်တောင် အကြောင်းအခွင့်တိုက်ဆိုင်စွာဖြင့် ဆယ့်နှစ်လွှာကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့တစ်စေ့ကို ရလာတာဖြစ်သည်။ သို့ပေမယ့် ထိုသတင်းကြောင့်ပဲ သူကို ဂိုဏ်းပေါင်းများစွာက လိုက်ဖမ်းနေကြသည်။
ယခု မဟာဆန်းကြယ်အင်မော်တယ်တောင် ရောက်လာကြပေ၏။
အတော်လေးကြောက်မက်ဖွယ်ကောင်းပါ၏။
ဒါက ကပ်ဘေးဒုက္ခ၏ဆိုးကျိုးဖြစ်ပါ၏။ ကမ္မကပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီး၏ကပ်ဘေးဒုက္ခချီသည် မြင့်တက်လာသောကြောင့် ကပ်ဘေးဒုက္ခမျိုးစုံထွက်ပေါ်လာရသည်။ ကုသိုလ်ကောင်းချီးမလုံလောက်သည့်အင်မော်တယ်များမှာ သက်ရောက်ခံရပြီး သူတို့စိတ်မှာနောက်ကျိကုန်ကာ များစွာသောဆုံးဖြတ်ချက်အမှားများကို ချမှတ်လာစေမိ၏။
ကိုယ့်ကိုယ်ကိုယ် ကုသိုလ်ကောင်းချီးမလုံလောက်မှန်း နားမလည်နေရင် ကပ်ဘေးဒုက္ခအတွင်းမှာ ဘယ်လိုသေလို့သေသွားရမှန်းတောင် နားလည်မသွားနိုင်ပေ။
ဥပမာအနေဖြင့်။
ယခုမဟာဆန်းကြယ်အင်မော်တယ်အင်မော်တယ်ကိုးပါး ရောက်လာခြင်းမျိုးဖြစ်သည်။
သူတို့က ကုမင်ယွမ်၏လက်ထဲမှ ကုသိုလ်ကောင်းချီးရွှေကြာပန်း၏ကြာစေ့ကို ပစ်မှတ်ထားလာကြခြင်းဖြစ်၏။ ခုနလေးတင် ချီမင်က ဟော့ချန်ချင်းတို့ကို သတ်ဖြတ်ခွင့်ပေးထားခြင်းဖြစ်၏။ ထိုအရာက မဟာဆန်းကြယ်အင်မော်တယ်တို့ကိုတော့ ကြောက်လန့်မသွားစေပေ။
တကယ်တော့…
ချီမင်သည် ရှီရှောင်တျန်းနှင့်ယင်ဖေးတို့ကို သတ်ဖြတ်လိုက်ခြင်းကြောင့် မဟာဆန်းကြယ်အင်မော်တယ်ကိုးပါးက ချီမင်ကိုဒေါသထွက်သွားပြီးပြဿနာလာရှာကြခြင်းဖြစ်၏။
ဘာပဲဖြစ်ဖြစ် ယင်ဖေးတို့က ဆန်းကြယ်အင်မော်တယ်များဖြစ်ကြ၏။ အခုချီမင်၏အင်မော်တယ်သားရဲများက သတ်ဖြတ်လိုက်သည့်အတွက် သူတို့သာမဖြေရှင်းလျှင် မျက်နှာပျက်ရမှာဖြစ်၏
"ငါက ခရမ်းအိမ်တော်ဂိုဏ်းရဲ့ အကြီးအကဲ စုဝူရှီပဲ။"
လေးထောင့်မျက်နှာခရမ်းရောင်ဆံပင် အေးစက်သည့်အကြည့်များဖြင့် သူက လေသံနိမ့်နိမ့်ဖြင့်ပြောလာသည်။"မင်းက ဘယ်သူများလဲ။ ဘာနောက်ခံရှိလို့လဲ။ မင်းက ဘယ်လိုအဆင့်အတန်းမျိုးရှိနေလို့လဲ။"
"မင်းက တကယ်ကြီး ခရမ်းအိမ်တော်ဂိုဏ်းရဲ့ဆန်းကြယ်အင်မော်တယ်ကိုတောင် သတ်ရဲတာပဲ။ မင်းက ခရမ်းအိမ်တော်ဂိုဏ်းကို ဂရုမစိုက်တာလား။”
ငွေတောင်ပံဘီလူးမျိုးနွယ်၏မဟာဆန်းကြယ်အင်မော်တယ်ကလည်း အေးစက်စွာကြည့်ကာ သတ်ဖြတ်လိုစိတ်ဖြင့်ပြောလိုက်၏။"ကုမင်ယွမ်နဲ့ယင်ဖေးကိုသတ်တဲ့သူကို ထုတ်ပေး။ ဒီကိစ္စကိုဖြေရှင်းလို့ရသေးတယ်။ မဟုတ်ရင်တော့ သွေးချောင်းစီးရလိမ့်မယ်။"
"ငါတိုပြောတဲ့အတိုင်းလုပ်ရင်ကောင်းမယ်။"
တခြားသော မဟာဆန်းကြယ်အင်မော်တယ်အင်မော်တယ်များကလည်း အေးစက်စွာကြည့်နေကြသည်။ သူတို့က သူတို့ရပ်တည်ချက်ကိုဖော်ပြပြီးချီမင်ကို ရန်သူတော်လို ဆက်ဆံနေကြ၏။ သူတို့က မောက်မာထောင်လွှားနေကြသည်။
"စီနီယာ..."ကုမင်ယွမ်သည် တံတွေးမျိုချလိုက်သည်။
လက်ရှိအခြေအနေက ကုမင်ယွမ်၏မျှော်လင့်ထားမှုအတွက် များစွာကျော်လွန်သွားပြီဖြစ်သည်။ သူသည် ဒီကိစ္စကြောင့် စီနီယာကဂိုဏ်းပေါင်းများစွာ၏ရန်သူဖြစ်လာမည်ဟုမထင်ထားပေ။
ကြည့်ရသလောက် ဒီကိစ္စက လွယ်လွယ်ကူကူပြီးမသွားလောက်ပေ။ တိုက်ပွဲက ရှောင်လွှဲလို့မရတော့ပေ။
တစ်ဖက်တွင် ရှေးဟောင်းအင်မော်တယ်ဂိုဏ်းမှမဟာဆန်းကြယ်အင်မော်တယ်သုံးယောက်လည်းပါသည်။ ထို့ပြင် သူတို့က မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်သည်။ သို့သော်လည်း သူတို့က တိုက်ခိုက်ဖို့ရည်ရွယ်ချက်မရှိပေ။ ထိုအစားတိုက်ပွဲကို အဝေးမှရပ်ပြီးကြည့်နေကြ၏။
"ဒီ..."
မဟာဆန်းကြယ်အင်မော်တယ်အင်မော်တယ်တစ်ပါးက ဓားရှည်တစ်လက်ကို ရင်ဘတ်ထဲတွင်ပိုက်ထည့်ကာကရပ်နေ၏။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ မဟာဆန်းကြယ်အင်မော်တယ် များတွင် မြင့်မားသည်ကောင်းချီးကုသိုလ်ရှိ၏။ သူက စုဝူရှီနှင့်ကျန်သူများဖြင့်ယှဉ်လျှင် လုံးဝကို မတူညီသည့် အဆင့်မှာပင်။
သူက တိုက်ပွဲအခြေအနေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါ၏။ သူ့မျက်လုံးထဲတွင်တော့ ရှေ့က ခြံဝင်းလေးက ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ရှေးဟောင်းမြင့်မြတ်တောင်လိုပင် နားလည်ရခက်ပြီးနက်နဲပေ၏။
ပိုပြီးအရေးကြီးသည်က။
ခြံဝင်းတစ်ခုလုံးကို အစီအရင်ကြီးတစ်ခုလုံးဖြင့် ဖုံးအုပ်ထား၏။ အစီအရင်ထဲတွင် ကြယ်တာရာကောင်းကင်ကြီးအလား များစွာသော အစီအရင်ပုံစံများမှာ ရောယှက်နေသည်။
သူလုံးဝနားမလည်နိုင်ပေ။ နည်းနည်းလောက်ကြည့်လိုက်ရုံနဲ့ သူ့ကိုမူးဝေလာစေ၏။
"ပုန်းကွယ်နေတဲ့စီနီယာလား။
တခြား ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်ကလည်း မနေနိုင်ဘဲ အံအားသင့်နေရ၏။ သူ့မျက်လုံးများက လေးစားမှုများဖြင့်ပြည့်နှက်သွားပြီးသက်ပြင်းချလိုက်ရ၏။"သူက ရှေးဟောင်းအင်မော်တယ်မြို့တော်ရဲ့မြို့စွန်လိုနေရာလေးမှာ လာပြီးတံခါးပိတ်ကျင့်ကြံနေမယ်မထင်ထားဘူး။"
"ကုမင်ယွမ်က နှစ်တစ်ထောင်တောင်မကြာလိုက်ဘဲ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းရဲ့ အဓိကတပည့်ဖြစ်လာတာ မအံ့သြတော့ပါဘူး။ အခု သူက အမွေခံတပည့်ဖြစ်နေပြီ။"
"တကယ်တော့ ကုမင်ယွမ်မှာ စီနီယာလို နောက်ခံရှိနေတာကိုး။"
"ဟုတ်တယ်။"
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏ နောက်ဆုံးမဟာဆန်းကြယ်အင်မော်တယ်က ခေါင်းညိတ်လိုက်၏။"ငါထပ်ပြီးကြားသေးတာရှိတယ်။ကုမင်ယွမ်က ကျင့်ကြံခြင်းနည်းလမ်းမျိုးစုံကိုစုနေတာတဲ့။သူက စျေးကောင်းပေးပြီးကို ဝယ်တာတဲ့။ ဂိုဏ်းတာဝန်ပြီးမြောက်လို့ ဆုလာဘ်အဖြစ်ရတဲ့အမှတ်တွေကို ကျင့်ကြံခြင်းနည်းစနစ်တွေရဖို့လဲတာတဲ့။"
"ကုမင်ယွမ်ကတော့ ကျင့်ကြံခြင်းနည်းစနစ်တွေကို လိုချင်တာမဟုတ်လောက်ဘူး။ သူက စီနီယာအတွက် စုပေးနေတာဖြစ်ရမယ်။"
ရှေးဟောင်းအင်မော်တယ်ဂိုဏ်း၏မဟာဆန်းကြယ်အင်မော်တယ်တို့တွင် မြင့်မားသည်ကောင်းချီးကုသိုလ်ရှိ၏။ ထို့ကြောင့် သူတို့က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏စွမ်းအားနှင့် အနှစ်သာရကိုတွေ့မြင်နိုင်သည်။ သူတို့က ဒီခြံဝင်းပိုင်ရှင်ဆိုသူက သူတို့မစော်ကားနိုင်သည့်သူဆိုတာသိ၍ မျက်နှာထွက်မပြပေ။
စုဝူရှီတို့ကတော့ မတူညီပေ။ သူတို့ကံကောင်းချီးက မလုံလောက်တော့၍ ကမ္မ၏တိုက်စားမှုကို ခံစားနေရသည်။ သူတို့က အသေးစားကောင်းကင်ကြယ်တာရာအစီအရင်၏ကြောက်မက်ဖွယ်ကောင်းမှုကို မသိကြပေ။ သူတို့စိတ်များက ဝေဝါးနေကြပြီး တစောက်ကန်းဆန်လာကြ၏။
"ဒီလိုဆိုမှတော့ အကုန်သတ်ပစ်ရတော့တာပေါ့။"
ချီမင်က ခေါင်းသာခါလိုက်သည်။ သူက သနားမနေပေ။ ထိုမဟာဆန်းကြယ်အင်မော်တယ်များက သူတို့ခြေထောက်နှင့်သူတို့ရောက်လာကြတာပေ။ သူသနားနေစရာမလိုအပ်ပေ။
ထို့ကြောင့် သူသည်အမိန့်ပေးလိုက်တော့၏။
ချီမင်က ကိုယ်တိုင်တိုက်ခိုက်ဖို့တော့ မလိုအပ်သေးပေ။
"ဟုတ်။"
"ဟုတ်။"
"ဟုတ်ကဲ့ပါ။သခင်။"
“…”
ဟော့ချန်ချင်းတို့က ချီမင်၏အမိန့်ကိုလက်ခံရတာနဲ့ ချုပ်တည်းမနေတော့ပေ။ မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်၏အရှိန်အဝါများထွက်ပေါ်လာသည်။
အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာသည်။
အမှောင်မီးလျှံက စစ်မှန်ခန္ဓာကို ဖော်ထုတ်ကာ ကြီးမားသည်စစ်မှန်နဂါးအဖြစ်ပြောင်းလဲသွား၏။ သူက လေထဲတွင် လှည့်ပတ်နေသည်။ ဟင်းလင်းပြင်ဥပဒေသစွမ်းအားက ရောထွေးယှက်နွယ်နေပြီး နေရာလွတ်က တုန်ခါလာ၏။
ကပ်ဘေးလေးက ကပ်ဘေးသားရဲအသွင်ပြောင်းကာ လင်းနို့လေးက ထိုက်ချီအင်မော်တယ်လင်းနို့အသွင်ပြောင်းလိုက်၏။ ယင်လေးတွင်တော့ ပြင်းထန်းယင်ဥပဒေသစွမ်းအားများရောယှက်လာသည်။
ဟော့ချန်ချင်းက အင်မော်တယ်ရတနာကို ကိုင်ဆောင်ထား၏။ ဓားတာအိုဥပဒေသကို ယင်ယန်ဥပဒေသများဖြင့် ဝန်းရံထားသည်။ သေမင်း၏ သေခြင်းဥပဒေသစွမ်းအားများသည်လည်း ထွက်ပေါ်လာသည်။
အင်မော်တယ်သားရဲအားလုံးက မဟာဆန်းကြယ်အင်မော်တယ်နှောင်းပိုင်းအဆင့်ဖြစ်ပါ၏။
"တိုက်ကြ"
ဟော့ချန်ချင်းတို့က စုဝူရှီတို့အုပ်စုကို ဟိန်းဟောက်ကာ တိုက်ခိုက်ကြတော့သည်။
တိုက်ပွဲက စတင်လာသည်။
"အတင့်ရဲလှချည်လား။"
"သေ"
"တိုက်ကြ"
"ခရမ်းအိမ်တော် အံ့ဖွယ်နန်းတော်။ ဖိနှိပ်"
"ကောင်းကင်ချိတ်ပိတ်ခြင်းအံ့ဖွယ်စွမ်းအား။"
"သစ်သားစိမ်း ဆန်းကြယ်ကောင်းကင်ဓား။"
"တိုက်ကြ"
စုဝူရှီနှင့်ကျန်သည့်သူများက အော်ဟစ်လိုက်ကြသည်။ မဟာဆန်းကြယ်အင်မော်တယ်ကိုးယောက်က အင်အားစုပေါင်းကာ အံ့ဖွယ်စွမ်းအားတစ်ခုပြီးတစ်ခုသုံးနေသောကြောင့် ကြောက်မက်ဖွယ်အင်အားများထွက်ပေါ်လာသည်။
သူတို့က အတော်လေးသန်မာပါ၏။ အားမနည်းပါပေ။ နောက်ဆုံးတော့လည်း သူတို့သည် မဟာဆန်းကြယ်အင်မော်တယ်ကိုရောက်နေတာကြာပြီဖြစ်သည်။ သူတို့က အံ့ဖွယ်စွမ်းအားများနှင့် ဥပဒေသစွမ်းအားများစွာကို နားလည်ဆုပ်ကိုင်ထားကြသည်။
သို့ပေမယ့် သူတို့က မဟာအံ့ဖွယ်စွမ်းအားကိုတော့ မကျွမ်းကျင်ထားချေ။
အထက်ကမ္ဘာမှာတောင် မဟာအံ့ဖွယ်စွမ်းအားများသည် ရှားပါးပါ၏။ ဂိုဏ်းတိုင်းတွင် မရှိပေ။ အနည်းဆုံးတော့ အင်မော်တယ်ဘုရင်ရှိသည့် ထိပ်တန်းဂိုဏ်းများတွင်တော့ ရှိပါသေးသည်။
ခြံဝင်းထဲတွင် ဟော့ချန်ချင်းတို့ဖက်ကလည်း ပူးပေါင်းကာ စွမ်းအားကြီးအံ့ဖွယ်စွမ်းအားများကို ထုတ်သုံးလာကြ၏။ ဥပဒေသစွမ်းအားများ ပြိုင်ဆိုင်လာသောကြောင့် ကြီးမားသည့်ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာသည်။ စွမ်းအင်တုန်ခါမှုက ပျံ့နှံ့လာသည်။
"ဒါ...ဒါ...ဒီ.."
ပတ်ဝန်းကျင်မှာ သက်ရှိများက ရှေးဟောင်းအင်မော်တယ်မြို့တော်၏အပြင်ဘက်မှ လှမ်းကြည့်နေကြ၏။ ထိုသူများက ရှေးဟောင်းအင်မော်တယ်မြို့တော်တွင်နေထိုင်ကြသူများဖြစ်ကြသည်။ လူသားရောတခြားမျိုးနွယ်များပါ ပါဝင်ကြသည်။
မဟာယနအဆင့်များအပြင် အင်မော်တယ်အဆင့်များလည်းရှိသည်။ သူတို့ထဲတွင် ပြီးပြည့်စုံခြင်းအင်မော်တယ်အနည်းတော့ရှိ၏။ဆန်းကြယ်အင်မော်တယ်တော့မရှိပေ။ ခြံဝန်းထဲကတိုက်ပွဲကကြီးမားပြီး လှုပ်ခါမှုကလည်းကြီးမားပေသည်။ ထို့ကြောင့်ပဲ လူများစွာက သတိထား မိသွားသည်။
"အား" ထိတ်လန့်ဖွယ်အော်သံတစ်ချက်ထွက်ပေါ်လာ၏။
သွေးများဖြာထွက်လာသည်။
ကပ်ဘေးလေးက ဟိန်းဟောက်လိုက်သည်။ ကပ်ဘေးဥပဒေသများက ကြောက်မက်ဖွယ်အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီးမဟာဆန်းကြယ်အင်မော်တယ်တစ်ပါး၏ရင်ဘက်ကို ကြယ်စုပတ်လမ်းကအမြှောက်ဆံတစ်ခုပမာ ထိုးဖောက်သွားတော့၏။
"မဟုတ်ဘူး" ထိတ်လန့်ဖွယ်အော်သံများထွက်ပေါ်လာ၏။
ဟော့ချန်ချင်းကြောင့် နောက်ထပ်မဟာဆန်းကြယ်အင်မော်တယ်တစ်ပါး၏လက်က ပြတ်တောက်သွားပြန်သည်။
သေမင်းက တံစဉ်းကိုကိုင်ထားကာ သေခြင်းဥပဒေသများမှာ ထွက်ပေါ်နေသည်။ နေရာလွတ်မှာ နှစ်ခြမ်းကွဲထွက်တော့မည့်အလား ကြောက်မက်ဖွယ်ဆေဘာအလင်းတန်းမှာ စုဝူရှီထံသို့ပျံသန်းလာသည်။
ခရက်! ခရက်!
စုဝူရှီ၏ခရမ်းအိမ်တော်အံ့ဖွယ်နန်းတော်တွင် အက်ကွဲရာများပေါ်လားသည်။
"သေ"
တိုက်ပွဲက ပိုပြီးပြင်းထန်လားသည်။
ပေါက်ကွဲသံမျိုးစုံထွက်ပေါ်နေပြီးပတ်ဝန်းကျင်က လှုပ်ခါနေသည်။ အနီးအနားကအဆောက်အအုံတွေပြိုကျလာသည်။ အဆောက်အအုံတွေအားလုံးပျက်စီးသွားပြီးဒီခြံဝန်းလေးသာ လုံလုံခြုံခြုံကျန်ခဲ့သည်။
ယင်လေးက သူမလက်လေးကိုဝေ့ယမ်းကာ ပြင်းထန်ယင်ဥပဒေသများကို ထုတ်ဖော်လျက် မဟာဆန်းကြယ်အင်မော်တယ်ကို ခဲပစ်လိုက်သည်။ လင်းနို့လေးက ထိုက်ချီသတ်ဖြတ်ခြင်း ဖွဲ့စည်းပုံကိုသုံးကာ မဟာဆန်းကြယ်အင်မော်တယ်ကို သတ်ဖြတ်လိုက်၏။